ကျနော်က စာကြမ်းပိုး လေး ဖြစ်ချင်ခဲ့သည်။
တွေ့ရာ စာပေ အကုန်ဖတ်သည်။ မြကေတု ကနေ မောင်လှမျိုး(ချင်းချောင်းခြံ)အဆုံး၊ ပျာဂလောင် ပျာလချောင် အထိ ဆိုပါတော့။
မိတ္တဗလ ဋီကာ ဖတ်ပြီးတော့လည်း အခုထိ ခံဘက်က ဖြစ်နေတုန်း ဆိုတဲ့ အဖွဲ့ထဲလည်း ပါခဲ့သူ ဖြစ်သည်။ဘေဘီလုံကနေ စိန်မြေဧကပေါင်းများစွာဖြင့် ကိုယ်ပိုင်လုပ်ငန်းနှင့်ကြီးပွါးဖို့လည်း စိတ်ကူးယဉ်ခဲ့သူဖြစ်ပါသည်။
မည်သို့ပင် ဖြစ်စေကာမူ စာကတော့ ဖတ်ချင်နေတုန်း ပင်။
ထိုသို့ ဖတ်နေရင်း ကျနော်ကဲ့သို့ စာကြမ်းပိုး (Bookworm)ဖြစ်ချင်သူ၊ စာပေချစ်မြတ်နိုးသူ(Bibliophile)၊ အားလုံးလည်း နားထောင်လို့ရစေရန်အတွက် RadiTube လေးလုပ်ဖို့ စဉ်းစားဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။
ရင်ဘတ်တူသူများ ကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
စာဂျပိုး(the bookworm)
"နိုင်ငံရေး အသိအမြင်မရှိတဲ့ စစ်သားတစ်ယောက်ဟာ အလားအလာရှိတဲ့ ရာဇဝတ်ကောင် တစ်ယောက်ပဲ"
(A soldier without any political or ideological training is a potential criminal)
(Thomas Sankara)
သူဟာ သူရဲကောင်းတစ်ယောက်အနေနဲ့ နာမည်ကြီးလာပါတယ်။ ဒါပေမယ့် ဆန်ကာရာကိုယ်တိုင်ကတော့ ဒီစစ်ပွဲဟာ "အသုံးမကျဘဲ မတရားတဲ့ စစ်ပွဲ (Useless and unjust war)" လို့ နောက်ပိုင်းမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။ ပြည်သူတွေ ဆင်းရဲနေချိန်မှာ အာဏာရှင်တွေက နယ်မြေလုဖို့ စစ်တိုက်နေတာကို ရှက်စရာ ရွံရှာစရာ လို့သူပြောခဲ့ပါတယ်။
တော်လှန်ရေး အမျိုးသားကောင်စီ (National Revolutionary Council) ဌာနချုပ်မှာ အစိုးရအဖွဲ့ဝင်တွေနဲ့ အစည်းအဝေး လုပ်နေပါတယ်
အဲဒီအချိန်မှာ လက်နက်ကိုင် စစ်သားတစ်စုဟာ အစည်းအဝေးခန်းထဲကို အကြမ်းဖက် ဝင်ရောက်လာပါတယ်။ ဆန်ကာရာ က "သူတို့ လိုချင်တာ ငါ့ကိုပါ။ မင်းတို့ နေခဲ့ကြ" ဆိုပြီး အခန်းအပြင်ကို လက်မြှောက် ထွက်သွားချိန်မှာပဲ စစ်သားတွေက သူ့ကို ရက်ရက်စက်စက် ပစ်ခတ် လုပ်ကြံခဲ့ပါတယ်။ ဆန်ကာရာနဲ့အတူ သူ့ရဲ့ သစ္စာခံ လုပ်ဖော်ကိုင်ဖက် (၁၂) ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဘာလီစတစ် (Ballistics) ကျည်ဆန်ကျွမ်းကျင်သူတွေရဲ့ ၂၀၂၂ စစ်ဆေးချက်အရ ဆန်ကာရာရဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာ အနည်းဆုံး (၇) ချက်ထိမှန်ခဲ့တယ် လို့ဆိုတယ်။
သူပြောခဲ့တဲ့ စကားကတော့ "ပြည်သူလူထုရဲ့ ပါးစပ်ကို ပိတ်တဲ့သူတွေ ကျဆုံးပါစေ"တဲ့ ။
နိုင်ငံတော် သမ္မတ တစ်ယောက်ဖြစ်ပေမယ့် ဆန်ကာရာရဲ့ လစာဟာ တစ်လကို အမေရိကန်ဒေါ်လာ $၄၅၀ (ဒေါ်လာ လေးရာ့ငါးဆယ်) သာ ရှိပါတယ်။ သူကွယ်လွန်ချိန်မှာ သူ့ရဲ့ ပိုင်ဆိုင်မှုအဖြစ် ကားတစ်စီး၊ စက်ဘီးလေးစီး၊ ဂစ်တာသုံးလက်၊ ပျက်နေတဲ့ ရေခဲသေတ္တာ(Freezer) တစ်လုံးသာ ရှိခဲ့ပါတယ်။
ကိုယ့်နိုင်ငံရဲ့ စားနပ်ရိက္ခာကို သူများလာကျွေးနေသရွေ့၊ ကိုယ်ဟာ ဘယ်တော့မှ လွတ်လပ်တဲ့ နိုင်ငံဖြစ်လာမှာ မဟုတ်ဘူး" လို့ ပြတ်ပြတ်သားသား ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဘူကီနာဖာဆိုဟာ ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေတွေကို ငြင်းပယ်ပြီး "ကိုယ့်အားကိုယ်ကိုး စနစ် (Self-reliance)" ကို စတင်ခဲ့ပါတယ်။ ဒါကို လက်တွေ့ဘယ်လို လုပ်ခဲ့သလဲဆိုတာ ဆက်ကြည့်ရအောင်ပါ။
စာဂျပိုး ချန်နယ်မှာ မနက်ဖြန် တွေ့ကြရအောင် 😚😚😘
See you tomorrow ❤️❤️❤️💕
3 weeks ago | [YT] | 220
View 22 replies
စာဂျပိုး(the bookworm)
ဟိုက်
ခုခေတ် လူငယ်တွေ မနိုင်ဘူး
ငါ့အသက်အမှန်တွေ သိကုန်ပြီ
ဘေဘီရည်ရည်လေး မသိပါစေနဲ့ နော် နော် ကွယ်ရို့😂😂🤣
1 month ago | [YT] | 204
View 21 replies
စာဂျပိုး(the bookworm)
ညီအကို မောင်နှမ မိသားစုများကို တခု မေတ္တာရပ်ခံ ချင်ပါတယ် ခဗျာ
#အမေစုမွေးနေ့ အမှတ်တရ အဖြစ် ဓါတ်ပုံ ၈၁ ပုံကို ကင်အဲရစ် ခေါ် ကိုထိန်လင်းထံ မေတ္တာသဘော ပို့ချင်ပါတယ်
ဒါ့ကြောင့်
မိမိတို့ ဓါတ်ပုံကို ပန်း နှင့်တကွ
မျက်နှာ ပေါ်သည် ဖြစ်စေ
မျက်နှာကို ပန်းဖြင့် ဖုံးကွယ်၍ ဖြစ်စေ
မိမိအလှဓါတ်ပုံ (ပန်းပါသော)ကိုဖြစ်စေ
ကျနော့ ကို ပို့ပေး ကူညီ ကြပါဦး ခဗျ
#ကျေးဇူးအထူးတင်ပါသည်
3 months ago | [YT] | 407
View 33 replies
စာဂျပိုး(the bookworm)
သူငယ်ချင်းတယောက် ကူညီနေရလို့
ဒီနေ့
နောက်ကျသွားတာ
တောင်းပန်ပါတယ်
3 months ago | [YT] | 257
View 25 replies
စာဂျပိုး(the bookworm)
4 months ago | [YT] | 107
View 10 replies
စာဂျပိုး(the bookworm)
4 months ago | [YT] | 292
View 33 replies
စာဂျပိုး(the bookworm)
အားမနာတမ်း ဆန်းစစ်ရရင် ကျနော်တို့ ဗမာတွေက မိမိဦးနှောက်ကို ပူအောင်သုံးရမှာ အင်မတန် ကြောက်ကြတာဗျ
(ဦးနှောက်တွေက လတ်ဆတ် နေဆဲ ကောင်းနေဆဲ )
ဒါ့ကြောင့် သူများကို အားကိုး
သူများစကားယုံ
သူများခိုင်းတာလုပ်ကြလေတော့
ဦးနှောက်နွေးအောင်သုံးထားတဲ့ လူလိမ် လူယုတ်မာတွေရဲ့ အသုံးချ ခံကြရတာပါဘဲ
ပုံကတော့
လူယုတ်မာ ဆိုတာ မြင်ဖူးအောင် တင်ပေးလိုက်တာပါ
ဘယ်သူဘယ်ဝါ သိရင်လည်း ပြောခဲ့ကြပါဦး
ဒီလိုလူတွေ နေရာရရင် ဗိုလ်ချုပ်နေဝင်း ဖြစ်လာတာဘဲ
4 months ago | [YT] | 236
View 23 replies
စာဂျပိုး(the bookworm)
တတိယ ပါတီလောက်နဲ့ တက်မလာနဲ့
တို့က သုံးထပ်ကွမ်း သုံးခါ🤪🤪🤪🤣
5 months ago | [YT] | 383
View 55 replies
စာဂျပိုး(the bookworm)
5 months ago | [YT] | 143
View 11 replies
စာဂျပိုး(the bookworm)
သတင်းက မထူးပါဘူး
လူတိုင်းသိပြီးသားပါ
ဒါပေမယ့် ကျနော့တို့ ချစ်တဲ့ နိုင်ငံတော်ကြီးအတွက်
ကျနော်တို့ ဘာတွေလုပ်ရမလဲ
ဘာတွေလုပ်နိုင်မလဲ
ကျနော့ဦးနှောက်ကလေးနဲ့ တွေးနိုင်သမျှ
ပြောပြထားတာပါ
6 months ago | [YT] | 349
View 66 replies
Load more