📀📀ACCဖွင့်ရန် Telegram acc -✅ @KOKsport22

✅ယူနစ် အသွင်းအထုတ်လိုအပ်ပါက 2️⃣4️⃣နာရီ🕓 ပိတ်ရက်မရှိ ဝန်ဆောင်မှု👀💪

Telegram channel 👇👇

t.me/koksport007


Kickoff Kingdom

ငလျင်ဘေးသင့် ပြည်သူတွေအကြား ကိုယ်တိုင်ဝင်ရောက် လုပ်အားကူနေတဲ့ ကျော်ကိုကို
------
ရှမ်းယူနိုက်တက်အသင်းရဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ကျော်ကိုကိုဟာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်းက ဘိုးအိုးကျေးရွာအတွင်းမှာ အလှူရှင်တွေနဲ့ ပူးပေါင်းပြီး လှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်။

ကျော်ကိုကိုနဲ့ အလှူရှင်တွေ စုပေါင်းပြီး ဘိုးအိုးကျေးရွာအတွင်းက အိမ်ခြေတစ်ထောင်ကျော်ကို လိုအပ်တဲ့ ရေသန့်နဲ့ စားသောက်ကုန်တွေလှူဒန်းခဲ့သလို ဆက်လက်လှူဒါန်းမှုတွေလည်း ပြုလုပ်သွားဦးမယ်လို့ ကျော်ကိုကိုက လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဘိုးအိုးကျေးရွာဟာ ကျော်ကိုကိုရဲ့ မွေးရပ်မြေဖြစ်ပြီး အလှူရန်ပုံငွေအတွက် သူပိုင်ဆိုင်တဲ့ အမှတ်တရပစ္စည်းတချို့ကိုလည်း လေလံတင်ရောင်းချခဲ့ပါတယ်။

Photo: Zinmè United

#isports #staystrong

1 year ago | [YT] | 6