𝔸𝕝𝕚 𝕊𝕡𝕠𝕣𝕥𝕤 𝕠𝕗𝕗𝕚𝕔𝕚𝕒𝕝

Myanmar football


𝔸𝕝𝕚 𝕊𝕡𝕠𝕣𝕥𝕤 𝕠𝕗𝕗𝕚𝕔𝕚𝕒𝕝

ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်အားဖြည့်မှုအဖြစ် လိုင်ဘေရီးယန်းနိုင်ငံသား ဘလာမိုဝီး ကို ရာသီကုန်ထိစာချုပ်ချုပ်ဆို

………………………..

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များအတွက် တိုက်စစ်အားဖြည့်မှုအဖြစ် လိုင်ဘေးရီးယန်းနိုင်ငံသား တိုက်စစ်မှူး ဘလာမိုဝီး ကို ယခုနှစ်ရာသီကုန်ထိခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဘလာမိုဝီး သည် River Gee County အသင်းနှင့်အတူ ကစားသမားဘဝကိုစတင်ခဲ့ပြီး Golden Boot ဆုကိုပါဆွတ်ခူးနိုင်ခဲ့သည့် တိုက်စစ်မှုးတစ်ဦးဖြစ်သည်။ ထို့နောက် ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် Wintown United, Paynesville FC အသင်းတို့တွင်ခြေစွမ်းပြကစားခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းက ကမ်းလှမ်းခဲ့သည့်အတွက် ပျော်ရွှင်ရကြောင်းကို ဘလာမိုဝီး က ယခုလိုပြောကြားခဲ့ပါသည်။

“ရန်ကုန်ယူနိုက်တက်အသင်းက ခေါ်တဲ့အတွက် တကယ်ကိုပျော်ရွှင်မိပါတယ်။ ပရိသတ်တွေလိုချင်တဲ့ ရလဒ်တွေကို ယူဆောင်ပေးဖို့လည်းအဆင်သင့်ဖြစ်နေပါပြီ။ ပရိသတ်တွေဂုဏ်ယူနေရတဲ့အသင်းဖြစ်ဖို့ အတွက် အကောင်းဆုံးကြိုးစားသွားပါမယ်။ အသင်းကိုလည်းဆက်လက်ပြီး အားပေးကြဖို့ပြောချင် ပါတယ်။ ကျွန်တော်တို့အကောင်းဆုံးပုံစံနဲ့ အသင်းရဲ့ရည်မှန်းချက်တွေကိုပြည့်မြောက်အောင် ယှဉ်ပြိုင်သွားပါမယ်။”

တိုက်စစ်မှုး ဘလာမိုဝီးသည် လာမည့် မြန်မာနေရှင်နယ်လိဂ် (ဒုတိယအကျော့) ပွဲစဉ်များမှစတင်ပါဝင် ကစားသွားမည်ဖြစ်ပြီး ကျောနံပါတ်-၁၂ ကိုဝတ်ဆင်သွားမည်ဖြစ်သည်။

Yangon United FC Strengthen Attack with Signing of Liberian Forward Blamo Weah
…………………..

Yangon United FC are pleased to announce the signing of Liberian forward Blamo Weah as an attacking reinforcement ahead of the upcoming second round of the Myanmar National League, with the contract running until the end of the current season.

The 24-year-old striker, Blamo Weah began his football career with River Gee County, where he made an immediate impact by winning the Golden Boot award. He went on to feature professionally for Wintown United and Paynesville FC, delivering consistent performances before completing his move to Yangon United.

Expressing his delight at joining the club, Blamo Weah said:
“I am truly happy to join Yangon United. I am ready to give my best and deliver the results that our fans are looking for. I will work hard to help make this a club the supporters can be proud of. I also ask the fans to continue supporting the team as we fight together to achieve our goals.”

Blamo Weah will start to feature in matches from the second round of the Myanmar National League and will wear shirt number 12.

#YUFC #Yangon #ThislsYangon #HomeOfYUFC #DreamBigPlayHard #MNL2025/26 #Signing #BlamoWeah #Striker

2 weeks ago | [YT] | 18

𝔸𝕝𝕚 𝕊𝕡𝕠𝕣𝕥𝕤 𝕠𝕗𝕗𝕚𝕔𝕚𝕒𝕝

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ်ဟောင်းဖြစ်သူ တက်ဆူရိုယူကီ အားရန်ကုန်ယူနိုက်တက်အသင်းမှ နည်းစနစ်ဒါရိုက်တာအဖြစ် ၂၀၂၅-၂၆ ရာသီကုန်အထိခန့်အပ်
…………

ရန်ကုန်ယူနိုက်တက်အသင်းသည် နည်းစနစ်ပိုင်းပိုမိုကောင်းမွန်စေရန်ရည်ရွယ်၍ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြဟောင်း တက်ဆူရိုယူကီ အားနည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။

မြန်မာ့ဘောလုံးလောကနှင့် အတွေ့ကြုံကောင်းများစွာပိုင်ဆိုင်ထားသူ တက်ဆူရိုယူကီသည် JFA Pro license ကိုင်ဆောင်ထားသောနည်းပြဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့်အတူ ၂၀၂၅ နီပေါဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ပထမဆု ၊ ၂၀၂၅ Asean Women’s MSIG Serenity Cup တွင် ဒုတိယဆု ၊၂၀၂၃ ဆီဂိမ်းပြိုင်ပွဲတွေ ဒုတိယဆု တို့ရရှိအောင်စွမ်းဆောင်ပေးခဲ့သူဖြစ်ပါသည်။

ရန်ကုန်ယူနိုက်တက်အသင်းကိုရောက်ရှိလာပြီးနောက် တက်ဆူရိုယူကီမှ “ဒီလိုအံ့ဩဖွယ် ရန်ကုန်ယူနိုက်တက်အသင်းကြီးကိုရောက်ရှိလာခဲ့တာ ကျွန်တော်အရမ်းဝမ်းမြောက်မိပါတယ်။ အသင်းကစားသမားတွေ ၊ ဝန်ထမ်းတွေ ၊ ပရိသတ်တွေနဲ့အတူ အသင်းရဲ့ပန်းတိုင်တွေကိုရောက်ဖို့ ကျွန်တော်အကောင်းဆုံးကြိုးစားသွားပါမယ်” ဟုပြောကြားခဲ့ပါသည်။

Yangon United Appoint Tetsuro Yuki as Technical Director Until 2025–26 Season
..................

Yangon United are delighted to announce the appointment of former Myanmar Women’s National Team head coach Tetsuro Yuki as the club’s Technical Director, with his contract running until the end of the 2025–26 season.

The appointment is part of Yangon United’s commitment to strengthening the club’s technical structure Tetsuro Yuki is a JFA Pro License holder and brings significant experience in Myanmar football.

During his time with the Myanmar Women’s National Team, he guided the side to several achievements, including winning the 2025 Nepal Invitational Tournament, finishing runners-up at the 2025 ASEAN Women’s MSIG Serenity Cup, and securing second place at the 2023 SEA Games.

Commenting on his appointment, Tetsuro Yuki said:

“I am honoured to join Yangon United Football Club. I look forward to working closely with the players, staff, and supporters to contribute to the club’s objectives and future success.”

#YUFC #Yangon #ThislsYangon #HomeOfYUFC #DreamBigPlayHard #MNL2025/26 #TechnicalDirector #appointment #TetsuroYuki#Alisportsoffical

2 weeks ago | [YT] | 32

𝔸𝕝𝕚 𝕊𝕡𝕠𝕣𝕥𝕤 𝕠𝕗𝕗𝕚𝕔𝕚𝕒𝕝

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ဦးဇော်လင်းထွန်း အားခန့်အပ်
…………………
ရန်ကုန်ယူနိုက်တက်အသင်းသည် လစ်လပ်နေသည့် နည်းပြချုပ်နေရာအား ဦးဇော်လင်းထွန်း အား ယခုနှစ်ရာသီကုန်ထိ ခန့်အပ်လိုက်ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် ၁၀ နှစ်ကြာကစားခဲ့ပြီး မြန်မာ့နေရှင်နယ်လိဂ်အသင်းများ ဖြစ်ကြသည့် ဇေယျာရွှေမြေအသင်းနှင့် ရတနာပုံအသင်းတို့တွက် ပွဲထွက်ယှဉ်ပြိုင်ကစားခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် နည်းပြအဖြစ်သို့ပြောင်းလဲခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်-၂ အသင်း မဟာယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့သည်။ ပြိုင်ပွဲ အတွေ့အကြုံ ကောင်းများစွာပိုင်ဆိုင်ထားသည့် ဦးဇော်လင်းထွန်း သည် မဟာယူနိုက်တက်အသင်းကို မြန်မာနေရှင်နယ်လိဂ်-၁ သို့ရောက်ရှိအောင် ကိုင်တွယ်ခဲ့ပြီး ၁၀ နှစ်ကြာတာဝန်ယူခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာခြင်းဖြစ်သည်။

ထို့အပြင် မြန်မာ့လက်ရွေးစင်အသင်းလက်ထောက်နည်းပြအဖြစ် ၁ နှစ်၊ ၂၀၁၉ မြန်မာ့လက်ရွေးစင် အသင်း၏ ခြေစမ်းပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့သည့် ဟောင်ကောင်နှင့် အင်ဒိုနီရှားတို့ပွဲစဉ်အတွက်လည်း လက်ထောက်နည်းပြ တာဝန်ယူခဲ့သည့်အပြင် ပြီးခဲ့သည့် SEA Games ပြိုင်ပွဲဝင် ပဏာမ ယူ-၂၂ (ခ) အသင်းတွင်လည်း လက်ထောက်နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းကိုရောက်ရှိလာသည့်အတွက် ဝမ်းသာပီတိစကားကို ဦးဇော်လင်းထွန်း က ယခုလိုပဲပြောကြားခဲ့သည်။

“ရန်ကုန်ယူနိုက်တက်အသင်းကကျွန်တော်ကို အရင်ကလည်းကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်ကမ်းလှမ်းတဲ့အချိန်မှာ ကျွန်တော်ဝမ်းပမ်းတသာနဲ့လက်ခံခဲ့တာဖြစ်တဲ့အပြင် ကျွန်တော်ကိုယ်တိုင်လည်း အသင်းကိုလာချင်တာဖြစ်တဲ့အတွက် ရောက်လာခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုကြီးမားတဲ့ရန်ကုန်အသင်းရဲ့ လိုဂိုကိုလည်း ဝတ်ချင်တာ ဖြစ်တဲ့အတွက် ချက်ချင်းဆုံးဖြတ်ပြီးလာခဲ့တာဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

U Zaw Lin Tun Appointed as Head Coach of Yangon United
…………………
Yangon United Football Club has appointed U Zaw Lin Tun to the vacant head coach position until the end of the current season.

U Zaw Lin Tun enjoyed a 10-year career as a Myanmar national team player and featured in the Myanmar National League for Zeyar Shwe Myay FC and Yadanarbon FC. He transitioned into coaching in 2015, taking charge of Mahar United FC in the Myanmar National League-2. A coach with extensive competition experience, he led Mahar United to promotion to the Myanmar National League-1 and served the club for 10 years before joining Yangon United.

In addition, he has served for one year as an assistant coach of the Myanmar national team. He was also an assistant coach for the national team’s international friendly matches against Hong Kong and Indonesia in 2019, and was part of the coaching staff for the preliminary Myanmar U-22 team (B) that competed in the most recent SEA Games.

Expressing his happiness at joining Yangon United, U Zaw Lin Tun said:

“Yangon United had approached me before as well. This time, I personally want to come, and I truly wanted to join the club, which is why I came. I have always wanted to wear the badge of such a successful club as Yangon United, so I made the decision immediately.”

#YUFC #Yangon #ThisIsYangon #HomeOfYUFC #DreamBigPlayHard #MNL2025/26 #Appointment #ZawLinTun #HeadCoach

3 weeks ago | [YT] | 24

𝔸𝕝𝕚 𝕊𝕡𝕠𝕣𝕥𝕤 𝕠𝕗𝕗𝕚𝕔𝕚𝕒𝕝

ရှမ်းယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းဟိန်ဖြိုးဝင်ကThaileague1#Alisportsoffical

1 month ago | [YT] | 11

𝔸𝕝𝕚 𝕊𝕡𝕠𝕣𝕥𝕤 𝕠𝕗𝕗𝕚𝕔𝕚𝕒𝕝

ယနေ့မှာမြန်မာယူ17အသင်းနှင့်ဆီးရီးယားယူ17အသင်း
4:00PM
သုဝဏဘောလုံးကွင်း
Pyone Play Sports channel တွင်ကြည်ရှုနိုင်ပါသည်

1 month ago | [YT] | 16

𝔸𝕝𝕚 𝕊𝕡𝕠𝕣𝕥𝕤 𝕠𝕗𝕗𝕚𝕔𝕚𝕒𝕝

Kyawswarwinရဲ့ဒီနေ့ပွဲ့လေပါဗျာ

1 month ago | [YT] | 120