Sharing By Mo Kin

🙏🙏 မဂ်လာပါ 🙏🙏

Sharing By Mo Kin Channel မှာ
👉 ငွေကြေး နှင့် စီးပွားရေး ဆိုင်ရာ စာအုပ်များ
👉 ဘဝတိုးတက်ရေး နှင့် အောင်မြင်ရေး စာအုပ်များ
👉 စိတ်ခွန်အားပေး စာအုပ်များ ကို
Review Video များ လုပ်ခြင်း နှင့် Audio Book များ အဖြစ်မျှဝေခြင်းတို့ကို အပတ်စဥ် ပုံမှန်
တင်ဆက်ပေးမှာ ဖြစ်လို့ Channel ကို subscribe လုပ်ထားနိုင်ပါတယ်။

🙏🙏 အားလုံးပဲ အဆင်ပြေကြပါ​စေ 🙏🙏 ဆုတောင်းလျှက်
စေတနာ များစွာဖြင့်....
မိုကင်း

#moneymindset #subscribe #knowledgesharing #bookreview #audiobooks


Sharing By Mo Kin

◽◽ နှစ်သစ်အတွက် ဆုတောင်းအမှာ◽◽

ပြက္ခဒိန်တွေကတော့ ကျန်ခဲ့ပြီ။
အဆိုးအကောင်း ပြောင်းလဲခြင်းတရားတွေကတော့ ဆက်ရင်ဆိုင်နေရအုံးမယ်။

နှစ်သစ်ပြောင်းချိန်တင် မဟုတ်

"မနက်ဖြန်တိုင်းဟာ နေ့သစ်ပဲ"

✴✴ အားလုံးအတွက် ဆုတောင်းအမှာကတော့✴✴

👉 မတည်မြဲခြင်း တရားတွေကို မမေ့နဲ့။

👉 အကောင်းတွေ ကိုမျှော်လင့်ရင်း
အဆိုးတွေကြားထဲ ရှင်သန်နိုင်အောင် ကြိုးစား။

👉 ကိုယ့်ဆုံးဖြတ်ချက်တွေ အတွက် နောင်တမရနဲ့။
သင်ခန်းစာ တော့ ယူ။

👉 ချစ်ခြင်းမေတ္တာတွေ မျှဝေဖို့ အချိန်မဆွဲနဲ့။

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ.....

လူသားအားလုံး စစ်မှန်သောလွတ်လပ်မှု့ တွေနဲ့ ရှင်သန်နိုင်ကြပါစေ....

ဝေးသူတွေ နီး၍ ၊ နီးသူတွေ လည်း ပိုချစ်နိုင်ကြပါစေဗျာ....

မိုကင်း
#MokinDailynote
#Happynewyear
#2025
@subscriber

9 months ago | [YT] | 1

Sharing By Mo Kin

....အားလုံးပဲ မဂ်လာပါ...
နှစ်သစ်မှာ
☑ စိတ်လှုပ်ရှား စရာလည်းကောင်းပြီး
☑ ကိုယ့်အတွက်လည်း အကျိုးရှိစေမဲ့ အစီအစဥ်လေး တစ်ခု စတင်လုပ်ဖို့ စိတ်ကူးရှိတယ်။

Change For Life (ဘဝအတွက်ပြောင်းလဲခြင်း) လို့ အမည်ပေးထါးပါတယ်။

လူတိုင်း က နှစ်သစ်မှာ ဘာတွေလုပ်မယ်။
ဘာတွေပြင်ဆင်မယ် ဆိုပြီးရည်ရွယ်ချက် ပန်းတိုင်ကိုယ်စီ ချထားကြတယ်။
ဒါပေမဲ့ ခရီးတစ်ဝက်မှာတင် ရပ်တန့်သွားတတ်ကြတာများတယ်။
ကျွန်တော်လည်း အတူတူပဲ☺

အဲဒီတော့....
"လုပ်ပါများရင် အရှိန်ရပြီး အကျင့်ဖြစ်သွားတယ်"
ဆိုတဲ့အတိုင်း အသေးစား အကျင့်လေးတွေကစပြီး အတူတူ ပြောင်းလဲကြမယ်။

အချိန်အားဖြင့် တစ်ပတ်ချင်း စကြမယ်။
ဆိုလိုတာက " ဘယ်အရာကို တစ်ပတ်တိတိ မပျက်မကွက် လုပ်ဆောင်မယ်
ဘယ်အရာ ကိုတော့ ရှောင်မယ်"
ဆိုပြီး သတ်မှတ်တာမျိုးပေါ့။

ဒီ အစီအစဥ်လေးရဲ့ ရည်ရွယ်ချက်ကတော့...
(1) ကျွန်တော်အပါအဝင် Channel ထဲမှာ ရှိတဲ့သူအချင်းချင်း ပိုရင်းနှီးစေဖို့
(2) အမူအကျင့်ကောင်းတွေ တည်ဆောက်တဲ့အခါ
အများနဲ့ ဆိုတော့ ပိုအားဖြစ်စေဖို့
(3) အနည်းဆုံး တစ်ယောက်ပဲ ဖြစ်ဖြစ် ကောင်းတဲ့ပြောင်းလဲမှု့တွေ ဖြစ်သွားစေဖို့ ရည်ရွယ်ပါတယ်။

Channel မှာ ယခုချိန်ထိ လူ (913)ယောက်ရှိပါတယ်။
ဒီ အစီအစဥ်လေးကို ဘယ်နှစ်ယောက်ထိ စိတ်ဝင်စားမှု့ရှိလဲ သိချင်မိတယ်။
အနည်းဆုံး တစ်ယောက်ပဲ ရှိရင်လည်း ရှိတဲ့သူနဲ့ပဲ
စတင်ပါမယ်။
များရင်တော့ ပိုရင်ခုန်ရတာပေါ့ဗျာ။
Challenge (စိန်ခေါ်မှု့)လေးကို
1.12.2025 မှာ စတင်ပါ့မယ်။

အဲဒီတော့..
အောက်မှာ Vote လေးတွေ ပေးခဲ့ကြပါ။
မိတ်ဆွေတို့ ပြောင်းလဲချင်တဲ့ အချက်လေးတွေရှိရင်လည်း Comment မှာ ရေးခဲ့ကြပါ။

Welcome to All......
👉👉👉 CHANGE FOR LIFE 👈👈👈




#Dailynote#Mokin
#Happynewyear
#2025

9 months ago | [YT] | 2

Sharing By Mo Kin

ကိုယ်ဝါသနာပါတဲ့ အလုပ်လည်းဖြစ်ရမယ်..
အဲဒီအလုပ်က လူတွေကိုလည်း တစ်ဖက်တစ်လမ်းက အကျိုးပြုရမယ်

ဆိုတဲ့ စိတ်ခံနဲ့ ဒီ Channel ကို လုပ်ဖြစ်သွားတယ်။
အခက်အခဲများစွာ ရှိပေမဲ့ ဆက်လုပ်သွားဖို့ ရည်ရွယ် ဆုံးဖြတ်ထားတယ်။

လူတိုင်းမှာ ဝါသနာပါတာ တခုခု​ (သို့မဟုတ်)
တစ်ခုထက် ပိုပြီးရှိကြတတ်ကြတယ်။

မိတ်ဆွေတို့ရော ဘယ်လို အရာကို ဝါသနာပါလဲ ဆိုတာ
Comment မှာ ရေးပေးခဲ့ကြပါအုံးနော်...

11 months ago | [YT] | 4