Subscribe and Share News


VRK news

ဒေါ်နယ်ထရမ့်ရဲ့ သမ္မတရာထူးလက်ခံရယူမယ့် အခမ်းအနားတွေ စပြီ

အမေရိကန်သမ္မတအဖြစ်ရွေးကောက် တင်မြှောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတရာထူးတရားဝင်လက်ခံပွဲ အခမ်းအနားတွေကို ဝါရှင်တန်ဒီစီမှာ ပြုလုပ်နေပါတယ်။

မနက်အစောပိုင်းမှာတော့ အစဥ်အလာအတိုင်း စီန့်ဂျွန်းဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲကျင်းပရာကို မစ္စတာထရမ့်နဲ့ ဇနီးသည် မယ်လယ်နီယာ၊ ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဂျေဒီဗန့်စ်နဲ့ ဇနီးသည် အူရှား၊ ထရမ့်ရဲ့ သားသမီးတွေနဲ့ မိသားစုတွေ ရောက်ရှိလာကြတာကို တွေ့ရပါတယ်။

#ဒေါ်နယ်ထရမ့်

7 months ago | [YT] | 0

VRK news

Kokang MNDAA hte Myen Hpyen Dap gap hkat jahkring myit hkrum lam lu ai lam Miwa Asuya tsun
==========
January 20 2025/ Kachinnews

Miwa Mungdan Hkwi Min mare hta Myen Hpyen dap hte Kokang MNDAA hkrum jahta bawngban ai lam hta lahkawng maga du ai shara kaw na gap hkat jahkring na ngu ai myit hkrum lam hpe lu wa ai lam chye lu ai.

January 16-17 n htoi lahkawng ya bawng ban ai dai hpawng lamang hta lahkawng maga gap hkat jahkring mat wa na ngu ai lam hpe myit hkrum lam lu wa ai nga, Miwa gumsan mungdan, Maigan hkringmang rung daju a shi sang lang hpawng hta dai ni January 18 ya shani tsun sanglang mat wa ai hpe mu lu ai re.

Ya na zawn lahkawng maga gap hkat jahkring myit hkrum lam lu wa hkra shakut shang lawm garum ai Miwa Gumsan Mungdan Asuya hpe mung chyeju dum ai lam lahkawng maga dap na tsun ai lam matut chye lu ai re.

Gap hkat jahkring lam hte seng na myit hkrum lam lu ai rai tim, ginra shara masat ai lam hte seng na gara hku myit hkrum masat ai ngu hpe gaw a tsawm tup hkrak n chye lu ai re.

Ya na zawn lahkawng maga gap hkat jahkring myit hkrum lam lu ai hte rau, Miwa hte Kokang jarit lam Wa hte Kokang Jarit lam ni yawng bai hpaw nna, gunrai hpaga lam ni yawng mi moi na zawn pru shang lam ni galaw taw sai nga, dai ginra na shiga lawk ni hta tsun da ai re.

Miwa Gumsan Mungdan Asuya a matsun hte dai hpawt kaw na Kokang ginra na jarit chyinghka ni yawng bai hpaw sai nga dai ginra hta du nga ai mung shawa ni tsun ai re.

‪@VRKnews25‬

7 months ago | [YT] | 0

VRK news

KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) သင်တန်းဆင်းပွဲ...

ဇန်နဝါရီ ၁၈ ၊ ၂၀၂၅

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် - KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ရက် မနက်ပိုင်းမှာ ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီသင်တန်းမှာတော့ KNDF အမှတ်(၈)ဗျူဟာ လက်အောက်ခံ တပ်ရင်းအသီးသီးရှိ စုစုပေါင်း သင်တန်းသားဦးရေ (၁၀၀)ကျော် တက်ရောက်ပြီး အမျိုးသမီး သင်တန်းသူ ၃၀ ရာခိုင်နှုန်း ပါဝင်ကာ သင်တန်းတက်ရောက် အောင်မြင်ခဲ့ပြီဖြစ်သလို သင်တန်းသားတွေဟာ မိမိတို့၏ စစ်ရေးအခြေစိုက်ဒေသက ကဏ္ဍအသီးသီးမှာ ပါဝင်ထမ်းဆောင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုကော်မတီဝင်တွေ၊ ဒုစစ်ရေးချုပ် ဆရာမင်းသား၊ အမှတ်(၁)ဗျူဟာနဲ့ အမှတ် (၈)ဗျူဟာက ဗျူဟာမှူးများ၊ ရှမ်းတောင် စစ်ဦးချုပ်၊တပ်ရင်းအသီးသီးရှိ တပ်ဗိုလ်၊ တပ်မှူးများနဲ့ ရပ်မိရပ်ဖများ စတဲ့ဧည့်သည်တော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ သင်တန်းသားတွေ စစ်ရေးချီတက်ခြင်း၊အလံတော်တင်ခြင်းနဲ့ ကျဆုံးရဲဘော်များ အလေးပြုခြင်း၊ တာဝန်ရှိပုဂ္ဂိုလ်တွေက အားပေးအမှာစကားတွေ ပြောကြားခြင်းနဲ့ စစ်ကြောင်းပြန်လာထွက်ခွါခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

‪@VRKnews25‬

7 months ago | [YT] | 0

VRK news

ဇန်နဝါရီလ ၁၇ ရက်နေ့ စကစ၏ ပြည်ထောင်စုပုံမှန်အစည်းအဝေးအတွင်း ကစကဗိုလ်ချုပ်မူးကြီးပြောကြား

‪@VRKnews25‬

7 months ago | [YT] | 0