Hello! Welcome to my YouTube channel.
I am a Content Strategist. I am a freelance SMM.I help busy women coaches to have time freedom in their content management by sharing content creation, social media and business tips& tricks every week through my social media platforms.
မင်္ဂလာပါရှင်။ သက်မွန်ရဲ့ YouTube Channel မှ အားလုံးကို ကြိုဆိုပါတယ်ရှင်။ သက်မွန်က Content Strategist တစ်ဦးပါ။
အလုပ်များတဲ့၊ Time freedom ရချင်တဲ့ အမျိုးသမီး Coaches,Consultants, Course Creators နဲ့ Business Owners တွေအတွက် Content Management နဲ့ပတ်သက်တဲ့ tips & tricks တွေကို
သက်မွန်ရဲ့ social media platforms တွေဖြစ်တဲ့ YouTube,Facebook နဲ့ Instagram မှာ နေ့စဉ် အပတ်စဉ် မျှဝေပေးပါတယ်။
စိတ်ဝင်စားသူများအားလုံး သက်မွန်ရဲ့ channel ကို subscribe လုပ်ပြီး အကျိုးရှိစေတဲ့ videos တွေကို ကြည့်ဖို့ လွတ်မသွားရအောင် notification buttonကို ON ထားပေးဖို့ မမေ့နဲ့နော်။
Thank you so much.
Thet Mon
New Year Resolutions တွေ ချတိုင်း
ပျက်ဖူးတဲ့သူတွေရှိလား?
It’s me!
ဟုတ်ကဲ့၊ သက်မွန်လဲ ဇန်နဝါရီလ မကုန်ခင်ထဲက
❌ချထားခဲ့တဲ့ goals တွေ၊
❌ဖြစ်ချင်တာတွေ ချရေးတဲ့အခါ ကိုယ်လုပ်မယ်ဆိုတာတွေ အကုန်လုံးနဲ့ အံဝင်ခွင်ကျ မဖြစ်တာ၊
❌ စိတ်ထဲက တစ်ခုခုမှားနေတာမျိုး ခံစားရပြီး
အလုပ်မဖြစ်တော့တာတွေ နှစ်နဲ့ချီပြီး ကြုံခဲ့ဖူးပါတယ်။
အထူးသဖြင့် solo digital creators တွေနဲ့ women coaches တွေအတွက်ဆိုရင် ဒီလိုခံစားရတာက
ပိုပြီးတော့ များနိုင်တယ်ဆိုတာ သက်မွန်နားလည်ပါတယ်။
ဒီနှစ်မှာတော့ self-reflection ကို ပိုပြီး deep dive သေချာ
လုပ်ဖြစ်တယ်။ ကိုယ့်ရဲ့ well-being နဲ့ ကိုယ့်ရဲ့ business growth က ဘယ်လိုမှ ခွဲခြားလို့မရဘူးဆိုတာ
ပိုပြီးတော့ နားလည်လာခဲ့တယ်။
2026 က Fire Horse မြင်းနှစ်ဆိုတဲ့အတိုင်း အရာအားလုံးက လျင်လျင်မြန်မြန်နဲ့ ပြီးဆုံးသွားနိုင်မယ့်နှစ်ဖြစ်တယ်လို့ ကြားရတော့ …..
ပထမဆုံးအနေနဲ့ reflect လုပ်မိတာက
“ငါ့အတွက် negative pattern လိုဖြစ်နေတာတွေလဲ အမြန်ဆုံးပြီးဆုံးဖို့အတွက် ပြင်သင့်တာပြင်ဖို့ အချိန်ရောက်
ပြီ” လို့ပဲ ခံယူထားလိုက်တယ်။
ဒါက ကိုယ့်ရဲ့ content creation workflow တွေ၊
backend systems တွေမှာရော၊ ကိုယ့်ရဲ့ personal boundaries တွေမှာပါ သက်ဆိုင်ပါတယ်။
အရင်တုန်းကဆို ဒီအဆင့်မှာတင် ဟိုမရောက်ဒီမရောက် comfort zone မှာနေခဲ့ပေမယ့် အခုတော့ shift ဖြစ်လာတာ ကိုယ့်ဘာသာ သတိပြုမိတယ်။ Overwhelm ကနေ flow ကို ရောက်ဖို့ဆိုရင် ဒီလို shift တွေက အရေးကြီးပါတယ်။
Ok, ဒီမြင်းနှစ်ရဲ့ theme နဲ့ ကိုယ့်ကိုယ်ကိုယ်
ချိန်ထိုးစဉ်းစားကြည့်ပြီး……
“ငါက ဘယ်လိုမြင်းဖြစ်ချင်တာလဲ?”
ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာ ပြန်မေးခဲ့တယ်။
လွတ်လပ်ချင်တယ်ဆိုပြီး freedom ဆိုတဲ့ နာမည်လှလှလေးတပ်ပြီး ဦးတည်ချက်မရှိ၊ ရောက်ချင်တာရောက်ဆိုပြီး ပျော်ပျော်ကြီးလွှတ်ပြေး၊ break မရှိ၊ ပန်းတိုင်မရှိ၊ သက်တောင့်သက်သာဖြစ်တဲ့ နေသားကျနေတဲ့
Comfort zone ဆိုတဲ့ ကွင်းထဲ ပတ်ပြေးပြီး
မောရင်ရပ်လိုက်၊ သွားလိုက် လုပ်နေမယ့်
မြင်းတစ်ကောင် မဖြစ်ချင်တော့ပါဘူး။
ဒါဟာ sustainable မဖြစ်ဘူးဆိုတာ သက်မွန်သိခဲ့ပါတယ်။
ဒါဆို ဘာဖြစ်ချင်လဲ?
သက်မွန်အတွက်တော့ 2026 က
✅Action တွေများများလုပ်ပြီး
✅တည်ငြိမ်မှုရှိရှိနဲ့ လုပ်ရမယ့်၊ လုပ်သင့်တဲ့၊
တာဝန်ယူရမယ့် အလုပ်တွေကိုပဲ
✅ဉာဏ်ရှိရှိ၊ ပြတ်ပြတ်သားသား ရွေးချယ်ပြီး
✅ပြီးဆုံးတဲ့အထိ လုပ်ကိုင်ဖို့ကိုပဲ
focus ထားတဲ့ နှစ်တစ်နှစ်ပါ။
ဒါဟာ ‘simplify to amplify’ ရဲ့ အနှစ်သာရပါပဲ။
ကိုယ့်ရဲ့ well-being ကို မထိခိုက်စေဘဲ
impact ရှိတဲ့ content တွေ ဖန်တီးဖို့ပါ။
သက်မွန်သဘောကျတာက Buckingham နန်းတော်က King’s Guard တွေစီးတဲ့ မြင်းတွေလိုပါပဲ။
* ကိုယ်လုပ်ရမယ့် အလုပ်က ဘာလဲ
ကွဲကွဲပြားပြားသိတယ်။ (Clarity နဲ့ Strategy)
* ကိုယ့်ကိုယ်ကိုယ်လဲ ယုံကြည်မှု အပြည့်ရှိတယ်။
(Self-belief နဲ့ Empowerment)
* အနှောင့်အယှက် distraction တွေထဲ မျောမပါသွားဘူး။ (Boundaries နဲ့ Robust Systems
သူတို့ကို ကြည့်လိုက်ရင် လူတွေက
Value တစ်ခုထားပြီး ဆက်ဆံကြတယ်။
ဒီမြင်းကြီးတွေလိုပဲ 2026 ကိုလဲ ဖြတ်သန်းဖို့
intention ချထားပါတယ်။
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကိုယ့် Value ကိုယ်သိတဲ့သူ၊ သွားချင်တဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းသိသူတွေကို လူတွေက Respect တစ်ခုထားပြီး စည်းမကျော်ဘဲ ဆက်ဆံတတ်ကြတာ အသေအချာပဲ မဟုတ်လား။
ဒါဟာ community building ရဲ့
အခြေခံအုတ်မြစ်တစ်ခုလဲ ဖြစ်ပါတယ်။
သင့်ရဲ့ content ၊သင့်ရဲ့ calmness
သင့်ရဲ့ well-being က သင့်ရဲ့ greatest asset ပါ။
သင်ရော 2026 မှာ ဘယ်လိုဖြတ်သန်းဖို့
ဆုံးဖြတ်ထားပါသလဲ?
သင့်ရဲ့ intention တွေကို comment မှာ
မျှဝေပေးခဲ့ပါဦးနော်။
Your Content Strategist,
Thet Mon 🤎
#thetmoncontentstrategist
#ThetMon #HolisticContentStrategy #CreatorWellbeing #SimplifyToAmplify #SustainableGrowth #WellbeingIsNonNegotiable
#SystemsCreateFreedom #IntentionalLiving
#WorkLifeIntegration #ContentStrategy
2 weeks ago | [YT] | 0
View 0 replies
Thet Mon
Hi everyone, welcome to my new YouTube Community. Now you can post on my channel too. To get started, tell me in a post what you'd like to see next on my channel.
Visit my Community: youtube.com/@iamthetmon/community
3 weeks ago | [YT] | 0
View 0 replies
Thet Mon
Creator ဘဝမှာ Content တွေ၊ Clients တွေကြား
ပျောက်ဆုံးနေသလို ခံစားရဖူးလား?
ဒီမေးခွန်းကို တကယ်လို့ သင်က Digital Creator တစ်ယောက်၊ ဒါမှမဟုတ် Online Business လုပ်နေတဲ့ အမျိုးသမီး Coach တစ်ယောက်ဆိုရင် တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ကြုံဖူးမယ်လို့ ယုံကြည်ပါတယ်။
Creator အများစုဟာ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ရတဲ့အခါ ကိုယ့်ရဲ့ Target audience တွေကို ကူညီပေးနိုင်တဲ့အတွက် အရမ်းကို စိတ်အားထက်သန်စွာနဲ့ စတင်ကြပါတယ်။
အစပိုင်းမှာတော့ ပျော်စရာကောင်းပြီး ဖန်တီးမှုတွေနဲ့
ပြည့်နှက်နေတတ်ပါတယ်။ ကိုယ်ပေးတဲ့ Free value တွေကနေ လူတွေကို အကျိုးပြုရတာကိုလဲ ပီတိဖြစ်ကြရတယ်။
ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ …
တစ်ဖက်က Content အသစ်တွေ အမြဲဖန်တီးရမယ့်ဖိအား၊ Platform တွေရဲ့ Algorithm ကို လိုက်မီဖို့ ရုန်းကန်ရမှုတွေ၊ နောက်တစ်ဖက်ကလည်း Clients တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှုတွေကြားမှာ ကိုယ်ပိုင်အချိန်တွေ၊
ကိုယ်ပိုင်ပျော်ရွှင်မှုတွေ တဖြည်းဖြည်း
ပျောက်ကွယ်လာတတ်ပါတယ်။
Creator လောကထဲမှာ မပြောဖြစ်ကြတဲ့ အမှန်တရားတစ်ခုကတော့ ဒီလို ပင်ပန်းမှုတွေကြောင့်
Creator တွေရဲ့ ကျန်းမာရေး (ရုပ်ပိုင်းဆိုင်ရာရော၊
စိတ်ပိုင်းဆိုင်ရာပါ) တဖြည်းဖြည်း ထိခိုက်လာတာပါပဲ။
အိပ်ရေးပျက်တာတွေ၊ အစားအသောက် ပုံမှန်မစားဖြစ်တာတွေ၊ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုတွေ လျော့ကျလာတာတွေ၊ စိတ်ဖိစီးမှုတွေကြောင့် Burnout ဖြစ်လာတာတွေဟာ အပြင်ပန်းက ကြည့်ရင် အောင်မြင်နေတဲ့ Creator တွေတောင် လျှို့ဝှက်ခံစားနေရတဲ့ ပြဿနာတွေပါ။
အထူးသဖြင့် ကလေးအမေ၊ အိမ်ထောင်ရှင်မ Creator တွေအတွက်ဆို ပိုဆိုးပါတယ်။ Business ဘက်က အလုပ်တွေအပြင် အိမ်မှုကိစ္စတွေ၊ ကလေးထိန်းတာတွေပါ
ပေါင်းစပ်လိုက်တဲ့အခါ စိတ်ရောကိုယ်ပါ ပင်ပန်းပြီး
ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားတွေ တဖြည်းဖြည်း ကုန်ခမ်းလာတတ်ပါတယ်။ ကိုယ့်ရဲ့ Brand ကို တည်ဆောက်ရင်း ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးသွားဖို့က
တကယ့်ကို စိန်ခေါ်မှုကြီးတစ်ခုပါပဲ။
သက်မွန်ကတော့ ဒီလိုအခြေအနေမျိုးတွေကို ကိုယ်တိုင်ဖြတ်သန်းခဲ့ဖူးတဲ့အတွက် ကောင်းကောင်းနားလည်ပါတယ်။
Content Creation ဟာ ကိုယ်ချစ်တဲ့အလုပ်ဖြစ်ပေမယ့်၊
ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ဘဝရဲ့ တခြားကဏ္ဍတွေကိုပါ ထိခိုက်လာပြီဆိုရင် ရေရှည်မှာ ဘယ်လိုမှ ရပ်တည်နိုင်မှာ
မဟုတ်ပါဘူး။
ဒီပြဿနာကို သေချာမဖြေရှင်းရင် …..
ကိုယ့်ရဲ့ Creativity တွေ ကျဆင်းလာမယ်၊
Content အရည်အသွေးတွေ ထိခိုက်လာမယ်၊
နောက်ဆုံးမှာ ကိုယ့်ရဲ့ Brand Image ပါ
ထိခိုက်လာနိုင်ပါတယ်။
ဒါ့အပြင် ကိုယ့်ရဲ့ Clients တွေကိုလည်း အကောင်းဆုံး Service မပေးနိုင်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် Creator တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ Content strategy နဲ့ Business system တွေကို တည်ဆောက်တဲ့နေရာမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် well-being နဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားကိုပါ ထည့်သွင်းစဉ်းစားဖို့က အရေးကြီးပါတယ်။
Sustainable ဖြစ်တဲ့ လုပ်ငန်းခွင်တစ်ခုကို
တည်ဆောက်နိုင်ဖို့အတွက် ကိုယ့်ရဲ့ Boundaries တွေ
သတ်မှတ်တာ၊ အလုပ်ချိန်ကို စနစ်တကျ စီမံခန့်ခွဲတာ၊
ကိုယ်ပိုင်အချိန်လေးတွေ ဖန်တီးတာ၊
စိတ်ရောကိုယ်ပါ ပြန်လည်အားဖြည့်တဲ့
အလေ့အကျင့်တွေကို မဖြစ်မနေ လုပ်ဆောင်ဖို့ လိုပါတယ်။
Creator ဘဝဟာ ရေတိုအပြေးပြိုင်ပွဲ မဟုတ်ပါဘူး။
ဒါဟာ ခရီးရှည်တစ်ခုပါ။
ဒီခရီးရှည်မှာ ကိုယ့်ရဲ့ Brand ကို တည်ဆောက်ရင်း
ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးသွားဖို့၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ဆက်လျှောက်လှမ်းနိုင်ဖို့က
အဓိက အကျဆုံးပါပဲ။
သင်ရော ဒီလိုမျိုး ခံစားချက်မျိုး ကြုံဖူးလား?
ဘယ်လိုမျိုး ပြန်လည် ရုန်းထွက်ခဲ့လဲ ဒါမှမဟုတ်
ရုန်းထွက်ဖို့ ကြိုးစားနေလဲဆိုတာ
Comment မှာ မျှဝေပေးခဲ့ပါဦးနော်။
သင့်ရဲ့ အတွေ့အကြုံတွေက
တခြား Creator တွေအတွက်လည်း
အားအင်ဖြစ်စေနိုင်ပါတယ်။
Your Content Strategist,
Thet Mon
#thetmoncontentstrategist
3 weeks ago | [YT] | 0
View 0 replies
Thet Mon
Hello from KL 🤎
Good morning.
Have a beautiful Tuesday Creators.
Your Content Strategist,
Thet Mon
1 year ago | [YT] | 0
View 0 replies
Thet Mon
ခံစားရခက်တဲ့ ခံစားချက်ရှိဖူးလား?
1 year ago | [YT] | 0
View 0 replies
Thet Mon
ပျင်းရိခြင်းရဲ့ ကောင်းကျိုး
ပျင်းတာ မကောင်းဘူးလို့ပဲ သိကြတယ်။
ပျင်းရိခြင်းရဲ့ ကောင်းတာတွေရှိတယ်။
“ဟင်… ဟုတ်လို့လား? “
အခုသင်ဒီလိုတွေးနေပြီ မဟုတ်လား?
သက်မွန်အတွက် ပျင်းခြင်းရဲ့ ကောင်းတာ တစ်ခုရှိတယ်။
အလုပ်တစ်ခုကို လုပ်နေရင်း Level တစ်ခုကို
ရောက်သွားချိန်၊ တနည်းအားဖြင့် …..
လုပ်နေတဲ့ အလုပ်ကို သက်သက်သာသာ၊လွယ်လွယ်ကူကူ
လုပ်န်ိုင်တဲ့ အဆင့်ကို ရောက်သွားတဲ့ အချိန်တိုင်း
အဲ့အလုပ်မှာ အလုပ်လုပ်ရတာ မပျော်တော့ဘူး။
ခုခေတ် Trend ဖြစ်တဲ့ စကားသုံးရရင်
“Comfort Zone” ရောက်သွားတယ်ပေါ့။
လုပ်နေတဲ့ အလုပ်မှာ အရင်လောက်
စိတ်အားထက်သက်မှုမရှိတော့ပဲ
ငြီးငွေ့လာတယ်။
ကိုယ့်ဖာသာ
အားမလိုမအားမရဖြစ်လာပြီး
Upgrade လုပ်ဖို့ ရအောင်ကြိုးစားပြီး
လမ်းစရှာတော့တာပဲ။
လုပ်ခဲ့တဲ့ Freelancer ဘဝမှာလဲ
အရမ်းကို ပျင်းရိလာတဲ့အတွက်
အရင်လို Creative ဖြစ်တဲ့ idea အသစ်အဆန်းတွေ
ထွက်မလာတော့တာ၊ စိတ်ပင်ပန်းလာတာတွေ ဖြစ်ခဲ့လို့
Long break ယူခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။
အခုတော့ အလုပ်တခုကို လုပ်လို့ ပျင်းရိလာတဲ့
အဆင့်နား နီးလာရင် အတွေ့အကြုံအရ ခံစားတတ်လာပြီ။
အဲ့တော့ ပိုကြိုးစားပြီး next level ရောက်ဖို့
Upgrade လုပ်ဖို့ အချိန်တော့ ရောက်နေပြီ
ဆိုတဲ့ စိတ်နဲ့ အသစ်အသစ်တွေ ထပ်မံ သင်ယူတာအပြင်
မိမိကိုယ်ကိုယ် ပိုပြီး သေချာမှုရှိအောင်
Reflect လုပ်တာ၊ Self Analysis လုပ်တဲ့ အကျင့်လေးပါ
ပူးတွဲပြီး စလုပ်ကြည့်ပါတယ်။
ဒီတော့ ပျင်းရိလာခြင်းက သင့်အတွက်
လမ်းသစ်တွေဖောက်ပြီး
Level up ဖို့အတွက် သတိပေးတဲ့
အကောင်းဆုံး signal တစ်ခုဆိုတာ မမေ့နဲ့နော်။
Your Content Strategist,
Thet Mon
#thetmoncontentstrategist
1 year ago | [YT] | 0
View 0 replies
Thet Mon
My Sabbitical Year (Part 3)
Long break ယူလို့ရလိုက်တဲ့ အမြတ်တစ်ခုက ကိုယ်တိုင်ထပ်တလဲလဲ လုပ်မိနေတဲ့
looping ဖြစ်နေတဲ့
pattern တချို့ကို
Self aware ဖြစ်လာစေတာပါ။
#thetmoncontentstrategist #contentmarketing #contentcreationtips #contentstrategy
1 year ago | [YT] | 1
View 0 replies
Thet Mon
Happy Saturday Creators,
Start your day with positive vibe. 🤎
#thetmoncontentstrategist #contentmarketing #contentcreationtips #october2024 #contentstrategy
1 year ago | [YT] | 0
View 0 replies
Thet Mon
Dear Creators,
ဒီနေ့ သင်ဘာလုပ်မလဲ?
ဒီမေးခွန်းကို လွယ်လွယ်ပေါ့ပေါ့လေး မတွေးဘဲနဲ့ သေချာအချိန်ပေးစဉ်းစားပြီးမှ
ဖြေကြည့်ပါလား?
Your Content Strategist,
Thet Mon #thetmoncontentstrategist #contentmarketing #contentcreationtips #contentstrategy #october2024
1 year ago | [YT] | 0
View 0 replies
Thet Mon
My Sabbatical Journey (Part 2)
Dear Creators,
ဒီတနှစ်အတွင်း အကျေနပ်ဆုံး တစ်ခုက ကိုယ့်အကြောင်းကိုယ်
ပိုသိလာရတယ်။
ရှောင်ပြေးနေတဲ့အရာတွေက ဘာလဲဆိုတာ သိလာတာနဲ့အမျှ block ဖြစ်နေပါတယ်ဆိုတဲ့ ဆင်ခြေပေးနေတာကိုပါ မြင်လာတယ်လို့ ပြောရင် ပိုမှန်တယ်။
သင်ရော သင့်အကြောင်းသင်ဘယ်လောက်ထိသိပြီလဲ?
အချိန်လေးပေးပြီး reflect လုပ်ကြည့်နော်။
#thetmoncontentstrategist #contentmarketing #contentcreationtips #contentstrategy #october2024
1 year ago | [YT] | 0
View 0 replies
Load more