Myanmar Revolution Channel (MRC)

🌹မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပါတ်သက်‌သော သတင်းများကို တရားမျှတစွာဖော်ပြပါမည်။
🌹Like & Subscribe လုပ်ထားခြင်းဖြင့် တော်လှန်ရေးအား‌ ထောက်ပို့ပါဝင်နိုင်ပါသည်။


Myanmar Revolution Channel (MRC)

နေပြည်တော်ရှိ သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင်တို့၏ နေအိမ်များ အပါအဝင် ၆ လုံးတန်းနေအိမ်များ၊ စစ်ရုံးနှင့် သမ္မတအိမ်တော်တို့ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးမှုရှိပြီး စစ်အင်ဂျင်နီယာအဖွဲ့က ချက်ချင်းပြင်နေ

ရန်ကုန်၊ မတ် ၃၀

နေပြည်တော်ရှိ စစ်အာဏာရှင်ဟောင်း သန်းရွှေ၊ သမ္မတဟောင်း သိန်းစိန်၊ လက်ရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့၏ နေအိမ်များ အပါအဝင် ၆ လုံးတန်းနေအိမ်များ၊ စစ်ရုံးနှင့် သမ္မတအိမ်တော်တို့ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးမှုရှိပြီး စစ်အင်ဂျင်နီယာအဖွဲ့က ချက်ချင်းပြင်နေကြောင်း နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်ရှိ စစ်ခေါင်းဆောင်နှင့် ခေါင်းဆောင်ဟောင်းများ၏ ၆ လုံးတန်းနေအိမ်များ ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း၊ ထို့အတူ နေပြည်တော်စစ်ရုံးနှင့် သမ္မတအိမ်တော်တို့မှာလည်း ဆိုးရွားစွာ ပျက်စီးသွားကြောင်း၊ မင်းအောင်လှိုင်နှင့် စိုးဝင်း အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင်များမှာ အခြားသော နေရာများသို့ ပြောင်းရွှေ့ ရုံးထိုင်ခြင်း၊ အစည်းအဝေး ကျင်းပခြင်းများ လုပ်ဆောင်ကြ ကြောင်း သိရှိရသည်။

အဆိုပါ ပျက်စီးသွားသော ခြောက်လုံးတန်းမှ နေအိမ်များ၊ နေပြည်တော်စစ်ရုံး၊ သမ္မတအိမ်တော်တို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တိုက်ရိုက် စီမံခန့်ခွဲမှုဖြင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့က အထူးအဖွဲ့များ ဖွဲ့စည်းကာ ချက်ချင်း ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော် ဝန်ထမ်းအိမ်ရာပျက်စီးမှုကို စစ်ဆေးနေသော မင်းအောင်လှိုင်နှင့် သမ္မတအိမ်တော် အပျက်အစီးများ။

10 months ago | [YT] | 450

Myanmar Revolution Channel (MRC)

မင်းတို့ တောင်းတလွန်းတော့လည်း တင်ပေးရတာပေါ့
ဘောလခဲမှာ ဘာတွေဖြစ်နေလဲဆိုတာ
၅၁၅ တို့ လ၁ တို့ ဘာတွေဖြစ်နေလဲဆိုတာ
မင်းတို့ရဲ့ ဗျူဟာမှူးကို မေးကြည့်ပေါ့
ကိုယ့်ဟာကိုယ် Aာ Tာ ဖြေတာတော့ SAC လော်ဘီလောက်တော်တာမရှိ
ဗကမျိုးမင်းသူရဲ့ အမျိုးအဆွေများလည်း သိပြီလား မသိသေးဘူးလားတော့ မပြောတတ် မသိသေးရင်လည်း ဘုန်းကြီးပင့်လိုက်အုံးလို့ပဲ လှမ်းပြောပါရစေ

10 months ago | [YT] | 995

Myanmar Revolution Channel (MRC)

ဟုတ်လည်း ဟုတ်တာပဲ 😁

10 months ago | [YT] | 211

Myanmar Revolution Channel (MRC)

အသက် ၁၇ နှစ်အရွယ် ကိုရင် သောဘိတ (ခေါ်) မောင်သက်ပိုင်ရဲကို စစ်မှုထမ်းရန် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

မတ်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ခန့် အချိန်က ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်၊ စံရွေးတန်းလမ်း ဘောလုံးကွင်းကျောင်းတိုက်မှ အသက် ၁၇ နှစ်အရွယ် ကိုရင် သောဘိတ (ခေါ်) မောင်သက်ပိုင်ရဲ ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရပါတယ်။

ကိုရင် သောဘိတ (ခေါ်) မောင်သက်ပိုင်ရဲဟာ ကိုရင်ဝတ်တာ ၂ လခန့်သာ ရှိသေးပြီး ဘောလုံးကွင်းကျောင်းတိုက်အနီး အကြမ်းဖက် စစ်သားတွေနဲ့ ငပျူတွေက ကားဖြင့် ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

စစ်ရှုံးကောင်စီ လက်ပါးစေ မဟန ဆရာတော်တွေ အနေနဲ့ သံဃာတော်တွေကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ဖို့ ​မိန့်ဆိုကြဦးမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

10 months ago | [YT] | 185

Myanmar Revolution Channel (MRC)

အာဏာရှင်ဟောင်းမိသားစုများကို အကြမ်းဖက်အဖွဲ့ ထောက်ခံသူများအဖြစ် AA သတ်မှတ်
--------------------------------------------

ငပလီကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA) က ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးတို့၏ မိသားစုပိုင် ကမ်းခြေဟိုတယ်နှစ်လုံးကို သိမ်းယူ၊ ချိပ်ပိတ် လိုက်သည်။

ထိုလုပ်ရပ်ကြောင့် AA သည် မြန်မာ့သမိုင်းတလျှောက် စစ်အာဏာရှင်မိသားစုများ၏ ပိုင်ဆိုင်မှုကို ချိပ်ပိတ်သိမ်းဆည်းနိုင်သည့် ပထမဆုံးသောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်လာသည်။

စစ်တပ်သိမ်းဆည်းထားသည့် ရခိုင်ပြည်နယ်ထဲမှ လယ်မြေများကို AA မူလပိုင်ရှင်များထံ ပြန်လည်လွှဲပေးနေသည်ဟုလည်း AA နှင့်နီးစပ်သည့် ရခိုင်နိုင်ငံရေးသမားနှင့် လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ဆိုသည်။

10 months ago | [YT] | 733

Myanmar Revolution Channel (MRC)

စစ်ကိုင်းနဲ့ မကွေးတိုင်းအစပ်မှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ကိုးဦးထက်မနည်း သေဆုံး၊ စစ်သုံ့ပန်း ၉ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရ



စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ကိုးဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပန်း ၉ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂၆ ရက် နံနက် ၈နာရီခန့်က
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသနဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲပြင်းထန်ခဲ့လို့ စစ်ကောင်စီက Jet-Fighter နဲ့တစ်ကြိမ်၊Mi-35နဲ့ တစ်ကြိမ် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အ​ပြင် ရေစကြိုမြို့ပေါ်ကနေ ဟောင်ဝစ်ဇာအမြောက်တွေနဲ့ ပစ်ကူပေးခဲ့တဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ရုပ်အလောင်း ကိုးလောင်းနဲ့ စစ်သုံ့ပန်း ကိုးဦး ဖမ်းဆီးရမိတယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

"သေဆုံးတဲ့အထဲမှာ (၃)ပွင့်ဗိုလ်ကြီးတစ် ယောက်ပါတယ်။ အဓိကကတော့ စိတ်ဓါတ်ပါပဲ။ သူတို့က ကျွန်တော်တို့ထက် ခဲယမ်းသာတယ်။ လက်နက်ကောင်းတယ်။ ကျွန်တော်တို့မှာ လက်လုပ်နဲ့ပဲ အဓိကတိုက်ခဲ့ရတာ။ မောင်းပြန်ဆိုလို့ သိပ်မပါဘူး။ အဓိကက စိတ်ဓါတ်ကစကားပြောသွားတာ။ ခံယူချက်တွေကောပေါ့။"လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူ ၂၀ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

MBTတပ်ဖွဲ့က ရဲဘော်နှစ်ဦးနဲ့ မဟာမိတ်တပ်တွေဘက်က ရဲဘော်တချို့ထိခိုက်မှုရှိခဲ့ကြောင်းလည်း သိရပါတယ်။

တိုက်ပွဲအတွင်းကနေ ၆၀မမ တစ်လက်၊ RPG- 7 တစ်လက်အပါအဝင် လက်နက်ငယ်တချို့နဲ့ အခြား ခဲယမ်းဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ MBT တပ်ဖွဲ့က ပြောပါတယ်။

အဲဒီစစ်ကြောင်းကို Myingyan Black Tiger (MBT)တပ်ဖွဲ့အပါအဝင် မြောင်တပ်ပေါင်းစု၊Royal Brother Defence Force (RBDF)၊သွေးသောက်တပ်ဖွဲ့၊​ရေစကြိုမြို့နယ် (ပလဖ)၊MSPDFနဲ့ အခြားညီနောင်မဟာမိတ်တွေက တဖက်နဲ့ တခြားတဖက်မှာလည်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (MCRF)၊ စစ်ကိုင်းခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ (စစ်ကိုင်း ပလဖ)၊ ဆင်ရိုင်းစစ်ကြောင်း(မြောင်)၊ ကျေးရွာတပ်ပေါင်းစု၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၄)၊ မြောင်တိုက်နယ်(၆) ပ.က.ဖ၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မြောင် ပလဖ)၊ Wolf Brother - ကျောက်ဆည်နဂါးနီ၊ Liberation Army of Central Region၊ 8 Stars၊ Taloke PDF၊ ဒေါင်းစစ်သည်၊ Myaung Union Army၊ ဝရဇိန်ထုတ်လုပ်ရေး၊ ဒေါင်းညီနောင်၊ မြင်းခြံမြို့နယ် ပ.က.ဖ စတဲ့အဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီကနေ့အထိ ရေစကြိုမြို့၊ ငြိမ်းဇာနည်တပ်စခန်းအနီးက သဲသောင်ပြင်မှာ ရှိနေဆဲပဲလို့ ဒေသခံတွေဆီက သတင်းရရှိပါတယ်။

(စစ်ကောင်စီတပ်ဘက်က အလောင်းအချို့နှင့် ဖမ်းဆီးရမိသော စစ်သုံ့ပန်းအချို့အား တွေ့ရစဥ်)

11 months ago | [YT] | 1,170

Myanmar Revolution Channel (MRC)

ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ်ချခြင်းနှင့် စီရင်သည့် ကြိုးတိုက်ကို တိုက်ရိုက် ကွပ်ကဲစီမံခဲ့သော စစ်ခုံရုံးတရား သူ ကြီး ဒုဗိုလ်မှူးကြီး လင်းထွန်း
By ရန်ကုန်ခေတ်သစ်
အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာရှင် တော် လှန်ရေး တက်ကြွလှုပ်ရှား ဦးဆောင်သူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးကို သေဒဏ်ချမှတ်ရာတွင်လည်း ကောင်း၊ သေဒဏ် ကြိုးပေးရာတွင်လည်းကောင်း စစ်ခုံရုံး တရားသူကြီး ဒုတိယဗိုလ်မှူးကြီးများ နှင့် အရာရှိများ ပါဝင်သော စစ်ခုံရုံးအဖွဲ့၊ သေဒဏ်စီရင်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့တွင် တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ရာ ရန်ကုန်ခေတ်သစ်အနေဖြင့် ရဲဘော် ၄ ဦးကို သေဒဏ်စီရင်ခဲ့သူများ၊ သေ ဒဏ်အမိန့်ချမှုများတွင် ပါဝင်နေသော စစ်အရာရှိများကို စုံစမ်းဖော်ထုတ်တင်ပြလျက်ရှိနေသည်။
ပထမဦးဆုံးသော တရားခံအဖြစ် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် (ယခု ရန်ကုန်တိုင်းစီးပွားရေး ဝန်ကြီး မျိုးမြင့်အောင်) ကို ဖော်ထုတ်နိုင်ခဲ့ပြီး ယခု ဒုတိယမြောက်အဖြစ် တရားခံအဖြစ် စစ်ခုံရုံးတရားသူကြီး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းကို ထပ်မံ ဖော်ထုတ်နိုင်ခဲ့သည်။
ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းသည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ကြိုးပေးစီရင်သတ်ဖြတ်ခဲ့သည့် အဓိက စစ်ခုံရုံးတရားသူကြီးတစ်ဦးဖြစ်ပြီး သေဒဏ်စီရင်သည့် ဇူလိုင် ၂၃ ရက်နေ့ မတိုင်မီ ဇူလိုင်လ ၂၂ ရက်နေ့တွင် အင်းစိန်ထောင်၊ ကြိုးတိုက်ကို ညပိုင်းအချိန်အထိ နောက်ဆုံးသွား ရောက် စစ်ဆေးရာတွင်ပါဝင်ခြင်း၊ သေဒဏ်စီရင် ကြိုးပေးနေချိန်တွင် မျက်မြင်ကိုယ် တိုင်ကိုယ်ကျ သေဒဏ်စီရင်မှုကို ကြည့်ရှု ပါဝင်ခြင်း၊ အမိန့်ချမှတ်ခြင်းများ လုပ် ဆောင်ခဲ့သူလည်းဖြစ်သည်။
ဒုတိယဗိုလ်မှူးကြီး လင်းထွန်း ဆိုတာ ဘယ်သူလဲ
============================
ဒုတိယဗိုလ်မှူးကြီး လင်းထွန်းသည် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင် အမှတ် (၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် တပ်ရင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
DSAစစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်းဖြစ်သည်။ လင်းထွန်းသည် ၎င်း တပ်ရင်းမှူးဖြစ်နေသော စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် အရာရှိနှင့် အခြားအဆင့် များအပေါ် လွန်စွာ မောက် မာ ရိုင်းစိုင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကို ဖုံးကွယ်ပေးခြင်း၊ တပ်ရင်းတပ်ဖွဲ့ငွေများကို အလွဲ သုံးစားပြုခြင်း ၊ လက်အောက်ငယ်သားများအပေါ် အာဏာပါဝါပြ ဖိနှိပ်ခြင်းများဖြင့် နာမည်ဆိုးကျော် ကြားသူ လည်းဖြစ်သည်။
"တပ်ထဲမှာ မောက်မာ ရိုင်းစိုင်းစွာနဲ့ ပြောဆိုဆက်ဆံတယ်။ "ဘယ်သူမှလည်း စောက်ဂရုမစိုက်ဘူး။ တိုင်ချင်တဲ့နေ ရာ တိုင်ဆိုပြီး ကြွေးကြော်နေသူပါ" ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၏ တပ်ရေးဗိုလ်ကြီးတာဝန်ကို ၎င်း၏ တပည့်အရင်း ဗိုလ်ကြီး ဇေယျာလင်းကို ပေးအပ်ခဲ့စဉ်က ရုံးခန်းထဲတွင် စစ်သည်အမျိုးသမီး စာရေးမကို နံနက်အစောပိုင်း အလုပ်ရှိသည်ဟု ခေါ်ယူပြီး အနောက်မှ သိုင်းဖက်၍ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင်ခဲ့သည်။
စစ်သည်အမျိုးသမီးစာရေးမက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းကို တိုင်ကြားသောအခါ တပ်တွင် အမှုအခင်း များပြားသည်ဟုဆိုပြီး အမှုကို အရေးယူမှုမရှိဘဲ လျစ်လျူရှုခဲ့သည်။ ၎င်းတွင် သမီး ၂ ဦးရှိသော်လည်း အခြားသော အမျိုးသမီးများကို စာနာမှု မပေးဘဲ သူ၏တပည့် ဗိုလ်ကြီးဇေယျာလင်းဘက်မှ ရပ်တည်ပြခဲ့သည်။
တပ်အတွင်းတွင် အမျိုးသမီး စစ်မှုထမ်းများအပေါ် လိင်ပိုင်းဆိုင်ရာ စကားဖြင့်လည်းကောင်း၊ ကိုယ်ဟန်အမူအရာဖြင့်လည်းကောင်း၊ ကိုယ်ထိလက်ရောက်စော်ကားမှုများကိုလည်းကောင်း အစော်ကားခံနေရမှုများကို တပ်ရင်းမှူး လင်းထွန်းက မည်သည့်အခါမှ အရေးမယူခဲ့ပေ။
လာဘ်ပေးလာဘ်ယူမှုနှင့် ငွေကြေးအလွဲသုံးစားမှုများ
==============================
လင်းထွန်းသည် တပ်တွင်းတွင် ငွေရသည့် တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်သည်။ ကိုဗစ်ကာလ အတွက် ချပေးထားသည့် ဆေးဝါးနှင့် အသုံး အဆောင်များကို လူနာများကို မပေးဘဲ ရောင်းစားခဲ့ပြီး သူ၏ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့သည်။
တည်းခိုရေးတပ်ဖြစ်သည့်အတွက် လာရောက်တည်းခိုသည့် စစ်သည်များကို ချက်ပြုတ်ကျွေးရန်အတွက် ရိက္ခာစိုငွေနှင့် ရိက္ခာများကိုလည်း အပြည့်အဝ ထုတ်ပေးခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် စိတ်ကြိုက်သုံးသည်။
သတင်းသမားများနှင့် နိုင်ငံရေးသမားများကို ဒိုင်ခံ တရားစွဲသူ
====================================
ဒုဗိုလ်မှူးကြီးလင်းထွန်းသည် မီဒီယာများနှင့် မစိမ်းလှဘဲ သတင်းသမားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တရားစွဲခဲ့သူအဖြစ် မီဒီယာသတင်းများတွင် မကြာခဏ ပါခဲ့သူလည်းဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် NLD ပါတီမှ ဦးမျိုးရန်နောင်သိမ်းကို မင်းအောင်လှိုင်အပေါ် ဝေဖန်သည့် ရေးသားချက်များ ဆိုရှယ် မီဒီယာ တွင် တင်သည်ဟု ဆိုကာ ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုအဖြစ် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ဖြင့် အဖှုဖွင့်ခဲ့သည်။
၂၀၁၇ ခုနှစ်တွင် The Voice ဂျာနယ်ပါ ကျည်ထောင်စုသစ္စာ သရော်ဆောင်းပါးနှင့်ပတ်သက်၍ စစ်တပ်ကို အကြည် ညိုပျက်စေသည်ဟုဆိုကာ အယ်ဒီတာချုပ် ဦးကျော်မင်း ဆွေနှင့် ဗြိတိသျှ ကိုကိုမောင်ကို လင်းထွန်းက တရားစွဲခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားချက်များသည် စစ် တပ် ဂုဏ်သိက္ခာ ကို ထိပါးစေသည်ဟုဆိုပြီး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)များဖြင့် အမှုဖွင့်တရားစွဲခဲ့သည်။
စင်စစ် လင်းထွန်းသည် မင်းအောင်လှိုင်၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင်ရှိနေသော စစ်အရာရှိတစ်ဦးဖြစ်ပြီး မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထိပါးသော စာရေးသားမှုများနှင့် ပြောဆိုချက်များကို မှတ်သား တရားလိုလုပ် တရားစွဲခဲ့သော မင်းအောင်လှိုင် လက်ကိုင်တုတ်စစ်စစ်ဖြစ်သည်။
သုံးသပ်ချက်
=======
လင်းထွန်းသည် ပင်ကိုယ်ဗီဇအရသော်လည်းကောင်း ရိုင်းစိုင်းပြီး လူလည်ပတ်ကား ၊ ဂျင်ပေါ်ကထုံး ဆိုသကဲ့သို့ ကိုယ့်အတွက် မကျန်လျှင် ဘာမှ မလုပ်သော လူစားမျိုးဖြစ်သည်။ လင်းထွန်းသည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေး ရဲဘော် ၄ ဦးကို သေဒဏ်ချမှတ်ရာတွင်လည်းကောင်း၊ စီရင်ရာတွင် တက်ကြွ အားစိုက် ခွန်စိုက် ပါဝင်ခဲ့သော သမိုင်းတရားခံတစ်ဦးဖြစ်သည်။
လင်းထွန်းကျူးလွန်ခဲ့မှုများသည် ခွင့်မလွှတ်ထိုက်သော ပြစ်မှုများ ဖြစ်နေပြီး မကြာမီ လူထု၏တရား စီရင်မှုအောက်တွင် သူကျူးလွန်ခဲ့သော စစ်ရာဇဝတ် မှုနှင့် သတ်ဖြတ်မှုများအတွက် စီရင်ခံရမည်မှာ အသေအချာပင်ဖြစ်သည်။

11 months ago | [YT] | 885

Myanmar Revolution Channel (MRC)

◼️မုံရွာ နမခ တိုင်းစစ်ဌာနချုပ်နဲ့ အမြောက်တပ် ၅၀၈ သို့ Rocket အလုံး ၁၀၀ နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စကစ ၇ ဦးသေဆုံး

၂၅ ဖေဖော်ဝါရီ

စစ်ကိုင်းဒေသ၊ မုံရွာမြို့၊ အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ နဲ့ အမတ ၅၀၈ တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၃ ရက်၊ နေ့လယ် ၃ နာရီခန့်မှာ Rocket အလုံး ၁၀၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

နမခ သို့ Rocket အလုံး ၇၀ နဲ့ အမှတ် ၅၀၈ အမြောက်တပ်ရင်း အမတ ၅၀၈ သို့ Rocket အလုံး ၃၀ စုစုပေါင်း Rocket အလုံး ၁၀၀ နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ခဲ့တဲ့အပြင် အမတ ၅၀၈ အတွင်း အဆောက်အဦ ၁ လုံးမီးလောင်ပျက်စီးပြီး ည ၁၀ နာရီခန့်မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရတယ်လို့ ဆိုပါတယ်။

ကျောင်းသားလက်ရုံးတပ်တော် SAF ၊ PACMPT ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၇၊ ရွှေဘိုခရိုင် တပ်ရင်း ၉၊ NAADF (Khin U) ၊ ဘုတလင် Mobile Team ၊ Budalin Guerrilla Force ၊ မုံရွာမြို့နယ် ပလဖ တာဝန်ခံ (ပစ်တိုင်းထောင်အဖွဲ့)၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ် ၅) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ SAF က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

11 months ago | [YT] | 936

Myanmar Revolution Channel (MRC)

တော်လှန်ရေး ပါရာဇိက ကျကြခြင်း
(သို့မဟုတ်)
နိုင်ငံရေးပါရာဇိက ကျကြခြင်း
********************************

ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူ အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးကနေ မွေးထုတ်ပေးခဲ့တဲ့ စစ်တပ်တခုဖြစ်ပါတယ် ။

လွတ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအားပြိုင်မှုတွေဟာ ပြည်တွင်းစစ်ကို ဦးတည်ဖြစ်ပွါးလာစေတဲ့အခါမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်းနဲ့ အရေးပါလာခဲ့တယ်။
အရေးပါလာတဲ့ စစ်တပ်ကို ကိုယ့်ရဲ့ ခါးပိုက်ဆောင်တပ်အသွင် စည်းရုံးသိမ်းသွင်းဖို့ အပြိုင်အဆိုင် ချော့မြူကြတဲ့ နိုင်ငံရေးသမားတွေရဲ့ ကြားမှာ စစ်တပ်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။

လွတ်လပ်ရေးတိုက်ပွဲမှာ `ငါတို့က အသက်စွန့်ပြီး ပေးဆပ်ရတယ် ‘ ဆိုတဲ့ Doctrine နဲ့ နဂိုကတည်းက Brainwash လုပ်ခံထားရတဲ့ စစ်တပ်ဟာ နိုင်ငံရေးသမားတွေရဲ့ ချော့မြူ ပလူးပလဲ လုပ်မှုအောက်မှာ
` ငါတို့စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတယ် ၊ မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးကို ငါတို့ တပ်မတော်က ထိန်းသိမ်းစောင့်ရှောက်ရမယ် ‘ ဆိုတဲ့ ကယ်တင်ရှင် ဝါဒဟာ စစ်တပ်အတွင်းက အရာရှိ ၊ အရာခံက စလို့ အကြပ် တပ်သား အဆုံး တဖြည်းဖြည်းနဲ့ စိမ့်ဝင်ပျံ့နှံ့လာခဲ့တယ် ။

တကယ့်တကယ်တမ်းတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ လက်ရှိ ကျွန်တော်တို့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးလိုဘဲ ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ရတာပါ။
ခေတ်အဆက်ဆက် လူထုလှုပ်ရှားမှုတွေကို ဖြတ်သန်းကျော်ဖြတ်ပြီးခါမှ လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ အဆင့်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးဆိုတာလည်း လက်နက်ကိုင်ကြတဲ့လူတွေချည်း လုပ်လို့ရတာမဟုတ်ဘဲ ပြည်သူရဲ့ ပါဝင်မှု ထည့်ဝင်မှုက အဓိကပါ ။
ပြည်သူဟာ ရေ ဖြစ်ပြီး
လက်နက်ကိုင်တော်လှန်ရေးသမားတွေဟာ ငါး ဖြစ်ပါတယ် ။

ရေမရှိဘဲ ငါးတွေ အသက်မရှင်နိုင်သလို
ပြည်သူ မရှိဘဲ လက်နက်ကိုင်တော်လှန်ရေးသမားတွေလည်း ရပ်တည်လို့ မရပါဘူး ။

ဒါပေမယ့် ကိုယ့်ကိုယ်ကို သွေးနားထင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကတော့ သူတို့ကို သူတို့
မြန်မာနိုင်ငံကြီးကို လွတ်မြောက်စေခဲ့တဲ့ `ကျေးဇူးရှင်’ တွေအဖြစ် ရှုမြင်သုံးသပ်လာတဲ့ အခါမှာ ပြည်သူလူထုက `ကျေးဇူးခံ ‘ ဆိုတဲ့ အဆင့်ကို နှိမ့်ချပြီး ရှုမြင်လာခဲ့တယ်။

`ပြည်သူရဲ့ အစေခံအဖြစ်ကနေ
ပြည်သူရဲ့ ကယ်တင်ရှင်အဖြစ် ‘ အယူဝါဒပိုင်းဆိုင်ရာမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တဲ့ စစ်တပ်ဟာ ရုပ်ပိုင်းဆိုင်ရာမှာလည်း ပြည်တွင်းစစ်ကို အကြောင်းပြပြီး အင်အား ကြီးသထက် ကြီးလာခဲ့တယ် ။

နောက်ပိုင်းမှာ မြန်မာ့စီးပွါးရေးဦးပိုင်လိမိတက်ကို တည်ထောင်ပြီး ကိုယ့်စီးပွါး ကိုယ်ရှာစားလာတဲ့ လက်နက်ကိုင် စစ်တပ်အဖို့ ကျားကို အတောင်ပံတပ်ပေးလိုက်သလိုဖြစ်ပြီး တတိုင်းပြည်လုံး ငါးပါးမှောက်ခဲ့တာ ယနေ့ မျက်မှောက်ထိပါ။

သမိုင်းဖြစ်ရပ်များဟာ တပတ်လည်တတ်ပါတယ်။

လွတ်မြောက်နယ်မြေ ၊ ထိန်းချုပ်နယ်မြေ တွေ ကျယ်ပြန့် များပြားလာတာနဲ့ အမျှ ကိုယ့်တပ်ဖွဲ့အခြေစိုက်ရာ နယ်မြေအတွင်းမှာ နယ်စား ပယ်စားကဲ့သို့ ၊ စစ်ဘုရင်တပါးကဲ့သို့ ပြုမူ နေထိုင် သွားလာ စားသောက်နေကြတာတွေ များသထက် များလာကြတာလည်း အားလုံး မျက်မြင်ဖြစ်ခဲ့ပြီ ။

အခြေအနေအရ NUG အစိုးရက အလုံးစုံ မထောက်ပံ့နိုင်တဲ့အခါမှာ ကိုယ့်တပ်အတွက် ကိုယ့်စီးပွါး ကိုယ့်ဘာသာ ရှာစားရတဲ့ အခြေအနေဟာလည်း PDF လောကမှာ ဆန်းကြယ်တဲ့ ကိစ္စတော့လည်း မဟုတ်ပြန်သလိုလို ။

အခုလို ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းလဲမှုတွေ ဖြစ်လာတာနဲ့အမျှ
`ငါတို့ရဲဘော်တွေ အသက်ပေးထားရတယ်ဆိုတဲ့ စကားကို နင်းလို့ ကိုယ့်ကိုကိုယ် ကယ်တင်ရှင်ကြီးများအဖြစ် မြင်နေပြီလား ‘ ဆိုတဲ့ အယူဝါဒပိုင်းဆိုင်ရာ အခြေခံ မေးခွန်းကိုလည်း ကိုယ့်ကိုကိုယ် ဖြေကြည့်ကြဖို့လိုပါတယ် ။

လူဆိုတာ ဒုက္ခကို အံကြိတ်ပြီး ခံနိုင်ပေမယ့် သုခကိုတော့ ခံနိုင်စွမ်း မရှိကြပါ။

လူဆိုတာ အခါးဒဏ်ကို ခံနိုင်ပေမယ့် အချိုဆိုရင်တော့ ထန်းလျက်ခဲတခဲရဲ့ အရသာကိုတောင် ခံနိုင်ရည် မရှိကြဘူး ။

တော်လှန်ရေးစစ်သည်တဦး မှန်ပါက မဖြစ်မနေ စောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့ စည်းကမ်းတွေ ရှိပါတယ်။
စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို မျက်ကွယ်ပြုပြီး ငွေကြေး၊ အာဏာ ၊ လုပ်ပိုင်ခွင့်စတာတွေကို ဦးစားပေးလွန်းလာပြီဆိုရင်တော့
ရဲဘော်သုံးကျိပ်က အစပြုခဲ့တဲ့ တပ်မတော်ကြီးလိုဘဲ သမိုင်းတပတ်လည်ကာ ပြည်သူက ပြန်လည် တော်လှန်ခြင်းခံရပါလိမ့်မယ်။

ရဟန်းတပါး မကျူးလွန်သင့် မကျူးလွန်အပ်တာကို ကျူးလွန်မိရင် ရဟန်းအသွင်ဘယ်လောက်ဘဲ ယူထား ယူထား ရဟန်းမဖြစ်တော့သလိုဘဲ
ပြည်သူကို အခြေမပြုတော့ဘဲ မကျူးလွန်သင့် မကျူးလွန်အပ်တာကို ကျူးလွန်မိတဲ့ PDF များဟာလည်း တော်လှန်ရေးသမားလို့
ကိုယ့်ကိုကိုယ် ဘယ်လောက်ဘဲ
ကင်ပွန်းတပ်တပ်
တော်လှန်ရေးသမားများအဖြစ် မဖြစ်တည်နိုင်တော့ပေ။

11 months ago | [YT] | 1,029

Myanmar Revolution Channel (MRC)

မြန်မာနိုင်ငံတွင် စစ်ကို ဆက်လက် ဆင်နွှဲသွားကြရမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတွင် စစ်ကို ဆက်လက် ဆင်နွှဲသွားကြရမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာလိုက်သည်။

ယမန်နေ့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ် ၁၂၈ သူရတပ်ခွဲ သင်တန်းဆင်းပွဲတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က NUG ၊ CRPH ၊ PDF တို့နှင့်ပူးပေါင်းပြီး ထိန်း ချုပ်နယ်မြေများ ချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံရေးကိစ္စကို အကြောင်းပြ၍ လက်နက်ကိုင် နည်းလမ်းကို တရားလက်လွတ် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

စစ်တပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်များ ထမ်းဆောင်လျက်ရှိပြီး နိုင်ငံတော်ကို ကာကွယ်ရန်၊ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပြီး ဆင်နွှဲနေသော စစ်မှာလည်း တရားသော စစ်ဖြစ်ကြောင်း၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲများ ဖော်ဆောင်လာမှုများကို ပြည်သူများနှင့်ပူးပေါင်း၍ စစ်ကို ဆက်လက်ဆင်နွှဲသွားကြရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြည် သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး ယမန်နှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ကာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို အတင်း အကျပ် စစ်ထဲဆွဲသွင်းလျက်ရှိသည်။ လတ်တလော လစဉ် ဖွင့်လှစ်လျက်ရှိသော စစ်မှု ထမ်း အပတ်စဉ်မှာ အပတ်စဉ် ၁၀ အထိ ရောက်ရှိနေပြီဖြစ်သည်။

စစ်ကောင်စီက စစ်မှုထမ်းခိုင်းရန် လစဉ် လူငယ် ၅၀၀၀ ကို ခေါ်ယူမည်ဟုကြေ ညာခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းတွင် လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အကြီးအကျယ် လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတစ် ဝန်း ပြည်သူများထံမှ သိရှိရသည်။

11 months ago | [YT] | 95