Yebaw Zaw Htin

ဒီညတော့ သတင်းမပြောနိုင်သေးဘူး မနက်ဖြန်ကျမှ ပြန်တွေ့ကျရအောင်ပါ အားပေးကြတဲ့ အမျိုးတွေအားလုံး ကျေးဇူးတင်ပါတယ် ခဗျာ။

၃၁.၅.၂၀၂၆
Yebaw Zaw Htin

3 months ago | [YT] | 184

Yebaw Zaw Htin

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အစိုးရသစ်လူစာရင်း

ဧရာဝတီ၊ မတ် ၁၇၊ ၂၀၂၆

နိုင်ငံတော်အာဏာကို သိမ်းယူပြီး ၅ နှစ်အကြာ သမ္မတလုပ်ရန် ကြံစည်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစိုးရအဖွဲ့သစ် အမည်စာရင်းများ မကြာမီရက်ပိုင်းက ထွက်ပေါ်လာသည်။

အဓိကသော့ချက်ကျသည့် တပ်ချုပ်နေရာကို ၎င်း၏အနီးကပ်လူယုံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ပေးလိမ့်မည်ဟု ခန့်မှန်း ရေးသား ပြောဆိုမှုများရှိသော်လည်း ယခုထွက်ပေါ်လာသည့် စာရင်းအရ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား လျာထားသည်ကို တွေ့ရသည်။

မတ် ၁၃ ရက် နေပြည်တော်တွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၁၅ နှစ်တာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘ၀ ဆောင်ရွက်ချက်များ ပြန်လည်သုံးသပ်ခြင်းနှင့် ဩဝါဒခံယူပွဲ၌လည်း ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပတ်သက်၍ ၎င်းနှင့် လက်တွဲညီညီ ဆောင်ရွက်ခဲ့သူအဖြစ် ကျေးဇူးတင်ချီးကျူးဂုဏ်ပြုခဲ့သေးသည်။

ယခု ထွက်ပေါ်လာသည့် အစိုးရနှင့် လွှတ်တော်တာဝန်ယူမည့်သူများ စာရင်းအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုဥက္ကဋ္ဌ ဦးမောင်မောင်အုန်းတို့ကို ခန့်အပ်ခဲ့ခြင်းက မှန်ကန်ကြောင်း သက်သေပြခဲ့သည်။

စစ်ခေါင်းဆောင် သမ္မတလုပ်မည့် အစိုးရအဖွဲ့တွင် ဒုသမ္မတ (၁)မှာ ကိုကိုးကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လက်ရှိ စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစောဟု ဖော်ပြထားပြီး တိုင်းရင်းသားတဦးကို နေရာပေးလေ့ရှိသည့် အစဉ်အလာအရ ဒုသမ္မတ(၂) နေရာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ကချင်အမျိုးသမီး ဒေါ်ဒွဲဘူ ဖြစ်လာမည်ဟု ဆိုထားသည်။

ရှေ့နေတဦးဖြစ်သည့် ဒေါ်ဒွဲဘူသည် ၂၀၁၀ ရွေးကောက်ပွဲကတည်းက စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)မှ အင်ဂျန်းယန်မြို့နယ်ကို အခြေပြုကာ လွှတ်တော်တွင်း ရောက်လာသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီကို ကိုယ်စားပြုသော်လည်း ရှုံးနိမ့်ခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့်အခါ ၂၀၂၃ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၌ အဖွဲ့ဝင် ဖြစ်သည်။

ထို့နောက် ၂၀၂၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)သို့ ကူးကာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅) ၌ အနိုင်ရခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာကို လက်ရှိ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးဟု ဆိုထားပြီး ဒုဥက္ကဋ္ဌအဖြစ် စစ်ကော်မရှင်၏ အားကစားနှင့် လူငယ်ရေးရာ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နှစ်ခုကို ကိုင်ထားသည့် ကချင်လူမျိုး Jeng Phang နော်တောင်အား တင်မြှောက်မည်ဟု သိရသည်။

၎င်းတို့အား အမှန်တကယ် တင်မြှောက်ခြင်းရှိမရှိ မနက်ဖြန် ကျင်းပမည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ အဖြေ ထွက်ပေါ်လာမည် ဖြစ်သည်။

အခြားသော အစိုးရအဖွဲ့ဝင်များအနေဖြင့် သမ္မတရုံးဝန်ကြီးအဖြစ် ဦးစိုးသိန်း၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ပြန်ကြားရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ဒုဝန်ကြီး ဦးသက်ဆွေတို့အား ခန့်အပ်မည်ဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းသည်လည်း အစိုးရအဖွဲ့ဝင်အတွင်း ပါဝင်လာမည်ဟု ဆိုသည်။

ထို့ပြင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များထဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးအောင်နိုင်သူ၊ ကရင်နီပြည် (ကယားပြည်နယ်) ဝန်ကြီးချုပ်အဖြစ် ဦးအံ့မော်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးအေးကျော်၊ မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် ဦးတင်ကိုကိုတို့ အား ခန့်အပ်ရန်လျာထားကြောင်း အဆိုပါ ထွက်ပေါ်လာသည့်စာရင်းက ဆိုသည်။

အဆိုပါစာရင်းအရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဦးခင်ရီ၊ ဦးညိုစော၊ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး အပါအဝင် အစိုးရအဖွဲ့သစ်၏ ထိပ်ပိုင်းခေါင်းဆောင်အများစုသည် နိုင်ငံတကာ၏ စီးပွားရေးနှင့် ခရီးသွားလာမှုကန့်သတ်ချက် (Sanctions) ထိထားသူများဖြစ်ပြီး ဒေါ်ဒွဲဘူကဲ့သို့သော တိုင်းရင်းသား ကိုယ်စားလှယ်အချို့သာ ဆန်ရှင်စာရင်း၌ မပါဝင်သေးသည်ကို တွေ့ရသည်။

စစ်ကော်မရှင် ကြေညာချက်အရ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်လွှတ်တော် အစည်းအဝေးများကို မတ်လ ၂၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး သမ္မတများ ရွေးချယ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုလည်း ယခု မတ်လကုန်ပိုင်း တွင် ခေါ်ယူကာ အစိုးရအဖွဲ့သစ်အား အတည်ပြုဖွဲ့စည်းသွားမည် ဖြစ်သည်။

အာဏာသိမ်းစစ်ကော်မရှင်က ဦးစီးကျင်းပခဲ့သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က မဲအများဆုံး အနိုင်ရရှိခဲ့ရာ လွှတ်တော်နှစ်ရပ်လုံး၌ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး အမည်ခံအစိုးရသစ်ကို စစ်ဘက်နှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းလာခြင်း ဖြစ်သည်။

ပုံစာ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အမည်ခံအစိုးရသစ်အဖွဲ့

6 months ago | [YT] | 81

Yebaw Zaw Htin

စစ်ကောင်စီရဲ့ CEIR website ဆိုက်ဘာတိုက်ခိုက်ခံရ

မတ် ၇၊ ၂၀၂၆ ခုနှစ်
ကိုဇေယျာ / Think Media

စစ်ကောင်စီက လက်တလော ပြုလုပ်နေတဲ့ မိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် CEIR website ဆိုက်ဘာ ထိုးဖောက်ခံလိုက်ရပါတယ်။

ဆိုက်ဘာကျွမ်းကျင်သူတွေက CEIR website ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အချက်အလက်တွေ ပြင်ဆင်ရေးသားသွားတာကို ဒီနေ့ မတ်လ ၇ ရက်နေ့၊ မနက်ပိုင်းမှာ တွေ့ရပါတယ်။

Check IMEI Status ဆိုတဲ့ စာသားကို "ဟန်နီနွေဦး ပြည်ထောင်စု" လို့ ပြင်ဆင်ရေးသား သွားပါတယ်။ ဒါ့အပြင် အခွန်ပေးချေမှု စစ်ဆေးတဲ့နေရာမှာလည်း "ခဏ ခဏ စစ်နေလို့၊ အမြင်ကတ်လို့ တမင်ပြတာကွာ ဂေါင်းကြီးရေ၊ နည်းနည်းစိတ်ဆင်းရဲ နည်းလား" ဆိုပြီး ရေးသား သွားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဆိုက်ဘာတိုက်ခိုက်ခံရတာကို သိပြီး နာရီပိုင်းအတွင်းမှာဘဲ website ကို ဖြုတ်ချလိုက်ပါတယ်။ အဲဒါကြောင့် လက်တလောမှာတော့ စစ်ကောင်စီက မိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်တာကို ယာယီရပ်ဆိုင်းလိုက်ရပါတယ်။

6 months ago | [YT] | 292

Yebaw Zaw Htin

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ယူထားတာ ၁၅ နှစ်ရှိလာပြီဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ တပ်ချုပ်ရာထူးကနေ အနားယူမယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်တို့ တွေ့ဆုံချိန်မှာ မြန်မာမှာ အစိုးရသစ်ဖွဲ့ပြီး သမ္မတအပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ခန့်အပ်ဖို့နဲ့တချိန်တည်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ်သစ် ခန့်အပ်မယ်ဆိုအကြောင်း ပြောထားတာလည်းရှိနေပါတယ်။

စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထိုင်းဝန်ကြီးချုပ်ပြောတဲ့အထဲမှာပါဝင်တဲ့ ဝန်ကြီးချုပ်ဆိုတာက တိုင်းနဲ့ပြည်နယ် ဝန်ကြီး ချုပ်တွေကို ခန့်အပ်မယ်ဆိုတာမျိုးသာဖြစ်ကြောင်း ဘီဘီစီကို ဖြေကြားပါတယ်။

ဘီဘီစီရဲ့ သတင်းရင်းမြစ်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တပ်ချုပ်ရာထူးကနေ အနားယူမယ်ဆိုတာဟုတ်မှန်တယ်လို့သိထားရကြောင်းနဲ့ သမ္မတရာထူး ယူ၊ မယူဆိုတာကိုတော့အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

စစ်တပ်ကိုင်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေအရ တပ်ချုပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဆိုပြုထောက်ခံချက်နဲ့ နိုင်ငံတော် သမ္မတက ခန့်အပ်တာဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့ သက်တမ်းကို ၂၀၁၄ ခုနှစ်မှာ အသက် ၆၅ နှစ်အထိကာကွယ်ရေးဌာနကောင်စီက ပြင်ဆင်ခဲ့ပါတယ်။ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှာတော့ အဲဒီ အသက်ကန့်သတ်ချက်ကို ပယ်ဖျက်ထားတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ နေပြည်တော်က ကြံ့ခိုင်ရေးပါတီရုံးချုပ်မှာလည်း ဒီကနေ့မှာ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာသမ္မတကို မဲပေးရွေး ချယ်တဲ့အခါ ဆန္ဒမဲပေးတဲ့လုပ်ငန်းစဥ်အပါအဝင် လွှတ်တော်မှာ အဆိုနဲ့မေးခွန်းတွေ တင်သွင်းတာ တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ နိုင်ထားတာကြောင့် ဒုသမ္မတလောင်း နှစ်ဦးတင်ခွင့်ရရှိထားတာပါ။

ရွေးကောက်ပွဲအပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး နိုင်ငံရေးဘက်ကို ကူးမလား (သမ္မတလုပ်မလား) ဆိုတဲ့ ခန့်မှန်းချက်တွေက အစောပိုင်းကာလတွေကတည်းကရှိနေပါတယ်။

သူ့မှာ စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံများစွာရှိကြောင်းနဲ့ ပြည်သူ့ဆန္ဒပေါ်မူတည်ပြီး နိုင်ငံရေးကို ဆက်လုပ်သွားမယ်လို့ ၂၀၂၀ ခုနှစ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားအခြေစိုက်သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောကြားဖူးပါတယ်။

#ဘီဘီစီမြန်မာပိုင်း #စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

7 months ago | [YT] | 66

Yebaw Zaw Htin

တကယ်ကြီးပါ

7 months ago | [YT] | 168

Yebaw Zaw Htin

တကယ်ကြီးလာ🙄 ဗိုလ်နဂါး😎

7 months ago | [YT] | 54

Yebaw Zaw Htin

မြစ်ကြီးနား လေဆိပ်နှင့် အဆောက်အဦးတချို့ အသေခံဒရုန်း ထိမှန်ပြီး လေယာဉ်ခရီးစဉ် အားလုံး ရပ်နားထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနား လေဆိပ်နှင့် အဆောက်အဦးတချို့ကို အသေခံဒရုန်း ထိမှန်ပြီး လေယာဉ်ခရီးစဉ် အားလုံးရပ်နားထားရကြောင်း ဒေသ စစ်ရေးသတင်းရင်းမြစ်နှင့် ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် မြစ်ကြီးနာမြို့ လေဆိပ်ကွင်းနှင့် အဆောက်အဦး တချို့ကို အသေခံဒရုန်းများ ကျရောက်ပေါက်ကွဲခဲ့ပြီး လေယာဉ် ခရီးစဉ်အားလုံးကို ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို အသေခံဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် လေယာဉ် ပြေးလမ်းများလည်း ထိမှန်ခဲ့ပြီး အဆောက်အဦး တချို့လည်း ထိမှန်ခဲ့ကြောင်း၊ ထို့ပြင် jammer ထိမှန်၍ လေယာဉ် ပြေးလမ်းတွင် ပြတ်ကျနေသော ဒရုန်း ၁ စီးကိုလည်း တွေ့မြင်ခဲ့ရကြောင်း ခရီးသွားပြည်သူများက ပြောဆိုသည်။

"အသေခံဒရုန်း ၁ စီးက jammer မိပြီး လေဆိပ် ပြေးလမ်းပေါ်ပြုတ်ကျတာ မနက်တည်းက လက်နက် ကျနေတာ ညနေမှာ အသေခံဒရုန်း ပြေးလမ်းပေါ်ကျနေတာကို တွေ့ကြတာ jammer မိသွားပုံရတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်တာ ဖြစ်ဖို့များတယ်။ လေဆိပ်ကိုကျော်ရင် တိုင်းရုံးပဲ" ဟု ဒေသ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ထိုသို့ အသေခံဒရုန်းများ ကျရောက် ပေါက်ကွဲပြီးနောက် ညပိုင် ပျံသန်းမည့် ခရီးစဉ် အားလုံးကို ရပ်နားလိုက်ပြီး မည်သည့်ရက်မှ ပြန်လည် ဖွင့်လှစ်မည်ကို မသိရသေးကြောင်း ခရီးသွားပြည်သူများက ဆက်လက် ပြောဆိုသည်။

7 months ago | [YT] | 210

Yebaw Zaw Htin

PDF၊ပကဖ AAနဲ့ပူးပေါင်းပြီး ကန့်ဘလူခရိုင်က စစ်တပ်စခန်း ၄ခုနဲ့ စစ်ကြောင်းကို တိုက်ခိုက်သိမ်းပိုက်

▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးသေဆုံး၊ စစ်သုံ့ပန်း၁၀၀ကျော် ဖမ်းမိဟု အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

ဖေဖော်ဝါရီ-၁၁၊၂၀၂၆။အိမ်သွင်/People's Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပကဖနဲ့ အာရက္ခတပ်တော်(AA)တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ စစ်တပ်ရဲ့ စခန်းလေးခုနဲ့ စစ်ကြောင်းတစ်ကြောင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ် ၁၀၀ နီးပါးသေဆုံးကာ သုံ့ပန်း ၁၀၀ကျော် ဖမ်းမိတယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ပါတယ်။

၂၀၂၅ ဒီဇင်ဘာကနေ လက်ရှိ ဖေဖော်ဝါရီလဆန်းအတွင်းဖော်ဆောင်ခဲ့ကြတဲ့ စစ်ဆင်ရေးကို ဒီနေ့ ဖေဖော်ဝါရီ ၁၁ရက်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

PDF၊ ပကဖနဲ့ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေဟာ ကန့်ဘလူမြို့နယ်က ကိုးတောင်ဘို့(ပျူစောထီး)ရွာစခန်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်က ပေကြီး(ပျူစောထီး)ရွာစခန်း၊ ငှက်ပျောတိုင်း(ပျူစောထီး)စခန်း၊ ကျွန်းလှမြို့နယ်က အင်တိုင်း(ပျူစောထီး)ရွာစခန်းနဲ့ကောလင်းမြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၆ဦး သေဆုံးပြီး ၃၈ဦးဒဏ်ရာရသလို ၁၀၁ဦး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။လက်နက်မျိုးစုံ (၁၈၇)လက်၊ ကျည်မျိုးစုံ (၂၄၆၅၂) တောင့်၊ ဗုံးသီးမျိုးစုံ (၅၃၀) လုံးအပြင် စစ်သုံးပစ္စည်းတွေလည်း သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ဆင်ရေးတွေမှာ AAနဲ့အတူ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊အထူးလှုပ်ရှားတပ်မ၊ ကန့်ဘလူခရိုင် ဒရုန်းအဖွဲ့၊ ကန့်ဘလူခရိုင် ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ကျွန်းလှမြို့နယ်၊တန့်ဆည်မြို့နယ် ပကဖ၊ ကန့်ဘလူခရိုင်အမှတ် (၁) စစ်ဒေသ ဒရုန်းတပ်ဖွဲ့၊ ခရိုင်လက်နက်ကြီးတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါ။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီက Jet Fighter၊ Y-12 နဲ့ (၃၇)ကြိမ် ဗုံးကြဲခဲ့ပြီး Gyrocopter နဲ့(၄) ကြိမ်၊ ကာမီကာဇီ ဒရုန်းနဲ့(၄) ကြိမ် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ပေကြီးရွာစခန်းနဲ့ ငှက်ပျောတိုင်းရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ပြီး အင်တိုင်းရွာစခန်းနဲ့ ကိုးတောင်ဘို့ရွာစခန်းကို ဆက်လက် ထိမ်းသိမ်းထားတယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

(ကန့်ဘလူခရိုင်က စစ်တပ်စခန်း ၄ခုနဲ့ စစ်ကြောင်း တိုက်ခိုက်သိမ်းပိုက်အပြီး သိမ်းရသော လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - အမှတ် (၁) စစ်ဒေသ)

7 months ago | [YT] | 530

Yebaw Zaw Htin

ပုလဲနယ်က NUG အခွန်ဂိတ်ကို ဗိုလ်နဂါးတပ် ပစ်ခတ်စီးနင်းပြီး ပလဖတာဝန်ခံဖမ်းဆီး

■BNRAလုပ်ရပ် တာဝန်ခံရမယ်လို့ NUG ပြည်ထဲရေး ဒုဝန်ကြီးပြော

ဇန်နဝါရီ-၁၇၊၂၀၂၆။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပန်းရွာက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အခွန်ဂိတ်ကို ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်(BNRA)က သေနတ်ပစ်ခတ်စီးနင်းပြီး ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံ တစ်ဦး ဖမ်းဆီးကာ လက်နက်တွေနဲ့ အခွန်ငွေတွေ သိမ်းယူသွားတာတွေဟာ ဆိုးရွာတဲ့လုပ်ရပ်ဖြစ်ကြောင်း NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

ဇန်နဝါရီ ၉ရက်က ပုလဲမြို့နယ် ပုပ္ပါးရွာနဲ့ ချင်ပစ်ကျေးရွာက BNRAဂိတ် ၂ ခုကို ပြည်သူ့ကာကွယ်
ရေးတပ်မတော်(PDF)က ဝင်ရောက်စီးနင်းပြီး ဂိတ်ပိတ်သိမ်းလိုက်ပြီး တပတ်ကျော်အကြာ ဒီကနေ့ ဇန်န၀ါရီ ၁၇ရက်မှာ BNRA တပ်ဖွဲ့ဝင်တွေက NUG ဂိတ်ကို အခုလိုစီးနင်းခဲ့တာပါ။

“သေနတ်အချက် ၂၀လောက် ပစ်တာပြောတယ်။ ရဲဘော် တစ်ယောက် ခြေထောက်ထိတယ်လို့ ကြားရတယ်။ သေချာတော့ စစ်ဆေးနေတုန်း မေးနေတုန်းပါ။ပလဖ တစ်ယောက်လည်း ဖမ်းသွားတယ်လို့ ကြားတယ်”လို့ ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။ ဖမ်းဆီးခံရတာဟာ ဂိတ်က ပလဖ တာဝန်ခံဖြစ်ပြီး ပစ္စတို ၁လက်နဲ့ အရှည် ၃လက်အပြင် အခွန်ငွေတွေကိုလည်း BNRAကယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ဗိုလ်နဂါးတပ်က သေနတ်နဲ့ပစ်ခတ်စီးနင်းမှုအတွင်း ပလဖ ရဲဘော်တစ်ဦး ဒဏ်ရာရကာ ဖမ်းဆီးခံရတဲ့သူ ပြန်လွတ်မြောက်ရေး လုပ်ဆောင်ရမယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

“နောက်တခုက သူ့လုပ်ရပ်အတွက် တာဝန်ယူရမှာပေါ့။” လို့ ဒုဝန်ကြီးက ပြောကြားပြီး BNRA ဖမ်းသွားတာဟာ ပြည်သူ့ ဝန်ထမ်းဖြစ်နေတာမို့ ကျူး
လွန်သူတွေ တာဝန်ယူရမယ်လို့ အသိပေးပါတယ်။

အခု NUG ဂိတ်ကိုစီးနင်းခံရတာနဲ့ပတ်သက်ပြီး ဗိုလ်နဂါးကို People's Spring ကဆက်သွယ်​မေးမြန်းထား​ပေမယ့် ပြန်လည်​​ဖြေကြားခြင်းမရှိ​သေးပါဘူး။ဒါ​ပေမယ့် ဗိုလ်နဂါးက ဖမ်းဆီးထားသူကိုပြန်လွှတ်​ပေးလိုက်ပြီလို့ မီဒီယာအချို့ကို​ဖြေကြားထားတာ​တွေ့ရပါတယ် ။

ဗိုလ်နဂါးရဲ့​ဖေစ်ဘွခ်မှာ ဇန်နဝါရီ ၁၇ ရက်ည​နေမှာ
"မြေပြင်မှာက ရဲဘော်လေးဦးလောက်နဲ့ ဖြစ်တဲ့ကိစ္စပါ။သက်ဆိုင်ရာတာဝန်ရှိသူတွေ ဖြေရှင်းနေပါတယ်။BNRA ဟာပြဿနာတိုင်းအတွက် တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့သွားတာဖြစ်လိူ့ ပြည်သူအများစိတ်မပူကြဖို့ ပြောလိုပါတယ်။"လို့​ရေးသားခဲ့ပါတယ် ။

ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာ PDFတွေက ပုလဲမြို့နယ် ပုပ္ပါးရွာနဲ့ ချင်ပစ်ရွာမှာဂိတ် ဖွင့်လှစ်ထားတဲ့ BNRA ရဲ့ဂိတ် ၂ ခုကို ဝင်ရောက်စီးနင်းပြီး ပိတ်သိမ်းခဲ့ပါတယ်။ BNRA ကတရားမဝင် ဂိတ်တွေဖွင့်ပြီး ခရီးသွားပြည်သူတွေဆီက ငွေတောင်းနေတာကို တိုင်ကြားလို့ ဖမ်းဆီးခဲ့တာလို့တာဝန်ရှိသူ​တွေက​ပြောခဲ့ပါတယ် ။

BNRA ရဲ့ဂိတ်ကို PDF ​တွေစီးနင်းပြီး ၈ ရက်အကြာမှာ BNRA က NUG အခွန်ဂိတ်ကိုစီးနင်းပစ်ခတ်တာဖြစ်ပါတယ် ။ဒါ​ပေမယ့် PDF ​တွေက BNRA ဂိတ်ကိုစီးနင်းစဥ် ပစ်ခတ်တာမရှိပဲ ထိခိုက်သူလည်းမရှိခဲ့ဘူးလို့သိရပါတယ် ။ သိမ်းဆည်းခံရတဲ့လက်နက်​တွေထဲက စက်လက် ၁ လက်ပြန်မရ​သေးပဲ ကျန်လက်နက်​တွေပြန်ရပြီလို့ ဗိုလ်နဂါးက ​ပြောခဲ့ပါတယ်။

ဒါ့အပြင် စီးနင်းခံရပြီး ရက်ပိုင်းအကြာမှာ ဂိတ် ၂ ခုကိုBNRA ကပြန်ဖွင့်ခဲ့တယ်လို့​ဒေသခံ​အချို့က​ပြောပါတယ် ။BNRA ကအဲဒီ နှစ်ဂိတ်ကို ၂၀၂၅ ဒီဇင်ဘာလမှာ စဖွင့်လာတာလို့​ဒေသခံအချို့က​​ပြောပါတယ်။ဂိတ်ဖွင့်ပြီးရက်ပိုင်းအတွင်းပြသာနာစတက်ခဲ့တာဖြစ်ပါတယ်။

ယင်းမာပင်ခရိုင်အတွင်းမှာ တရားမဝင်ဖွင့်ထားတဲ့ တော်လှန်ရေးတပ်အမည်ခံ စစ်ဆေးရေးဂိတ်တွေကို ၂၀၂၄ကစပြီး PDFခရိုင်တပ်ရင်းတွေက ဖမ်း
ဆီးပိတ်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။

BNRA ခေါင်းဆောင် ဗိုလ်နဂါးကတော့ အမျိုး
သားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတချို့က တိုက်ခိုက်ဖို့ပြင်နေပြီး တိုက်ခိုက်လာပါက အဆုံးစွန်ထိတုံ့ပြန်မယ်လို့ ဂိတ် ၂ ခုစီးနင်းခံရမီမတိုင်ခင်တစ်ရက်ဖြစ်တဲ့ဇန်နဝါရီ ၈ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

NUG ရဲ့ PDF တပ်ရင်း​တွေ ၊ပကဖ ၊ပလဖ ၊အထူးလှုပ်ရှားတပ်ရင်း​တွေဟာ ၂၀၂၅ နှစ်ကုန်မှစ၍ ယခုအချိန်အထိ စစ်တပ်စခန်းများ ၊စစ်တပ်စစ်​ကြောင်းများ ၊ရဲစခန်းများ ၊တပ်ရင်းများကို အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ် ။နိုင်ငံတစ်
ဝန်းမှာ ရန်ကုန်တိုင်းမှအပ ကျန်တိုင်းအားလုံးနီးပါးမှာစစ်ဆင်​ရေး​တွေပြုလုပ်ခဲ့ပြီး ခန့်မှန်​ခြေ မြို့နယ်​ပေါင်း ၅၀ ​ကျော်တွင်စစ်တပ်စခန်း​တွေ၊စစ်​ကြောင်း​တွေကိုတိုက်ခိုက်​ခဲ့ ၊တိုက်ခိုက်​နေတယ်လို့
NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး
ဌာန ဒုတိယဝန်ကြီးက​ပြောပါတယ် ။ နိုင်ငံတစ်ဝန်​ဒေသအများစုမှာ စစ်ဆင်​ရေး​တွေပြုလုပ်​နေ​ပေ
မယ့် ပုလဲမြို့နယ်မှာ ဗိုလ်နဂါးရဲ့ BNRA နဲ့အခုလိုပွတ်တိုက်မှု​တွေဖြစ်​နေတာလည်းဖြစ်ပါတယ်။

(BNRA တပ်ဖွဲ့ဝင်​တွေ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲတစ်ခုကို​တွေ့ရစဥ်။
ဓါတ်ပုံ-BNRA)

8 months ago | [YT] | 59

Yebaw Zaw Htin

စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ်သော ဧရာ၀တီ မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ဟု မြန်မာဘူမိသိပ္ပံပညာရှင်များ သတိပေး

🟥တရုတ်တွင် ဘန်ချောင်-Banqiao ဆည်ကျိုးကျမှုကြောင့် လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ် သော ဧရာ ၀တီ မြစ်ဆုံစီမံကိန်းတွင် တည်ဆောက်မည့် ဆည်များ ပျက်စီးခဲ့လျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ကြောင်း မြန်မာ ဘူမိသိပ္ပံပညာရှင်များက သတိပေးချက်ထုတ်ပြန်လိုက်သည်။

ဧရာ၀တီမြစ်ဆုံ ခေါ် မြစ်ဆုံ ရေကာတာ ပြန်လည် စတင်ရန် ကြိုးပမ်းမှုအပေါ် မြန်မာ ဘူမိသိပ္ပံပညာရှင်များအနေဖြင့် ပညာရပ်ဆိုင်ရာ အခြေခံသော အချက် အလက်များအရ မြစ်ဆုံဆည် ဆောက်လုပ်ရန် လုံး၀ မသင့်တော်သည်ကို အကြံ ပြုလိုကြောင်း၊ မြစ်ဆုံဒေသသည် ငလျင်ဇုန်တိုင်းတာမှုဇယားအရ အန္တရာယ်ကြီးမားသည့် ပြင်းထန်ငလျင်ဇုန်တွင်ရှိနေကြောင်း၊ ဘူမိဗေဒဆိုင်ရာ အနေအထားအရ မကြာသေးသော ကာလ ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ရှားခဲ့သည့် အင်အားပြင်း ငလျင်ကို ဖြစ်ပေါ်စေသည့် စစ်ကိုင်းပြတ်ရွေ့ကြီးနှင့် အ လွန် နီးကပ်နေကြောင်း၊ မြစ်ဆုံကဲ့သို့သော နေရာတွင် ကြီးမားသော ဆည်နှင့်ရေကာတာများ တည်ဆောက်ပါက ရေကာတာကြီးကြောင့် ဖိအားပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး အင်အားကြီး ငလျင်များ ဖြစ်ပေါ်လာနိုင်ကြောင်း ထောက်ပြထားသည်။

ယင်းအပြင် သိရှိပြီးသော ဘူမိဗေဒဆိုင်ရာ အချက်အလက်များအရ အဆိုပါ မြစ်ဆုံဒေသ၏ မေခနှင့် မလိခမြစ်ဝှမ်းတစ်လျှောက် တန်ဖိုးကြီးပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ရွှေနှင့်မြေရှားသတ္တုသိုက်ကြီးများ အပါအဝင် အဖိုးတန်သယံဇာတများ တွေ့ရှိနိုင်မည့် ဒေသဖြစ်ကြောင်း၊ မြစ်ဆုံဒေသတွင် မိုး သည်း ထန်ခြင်း၊ မတ်စောက်သော တောင်တန်းများ ရှိခြင်းနှင့် မတည်ငြိမ်သော ဘူမိ ဗေဒအနေအထားများကြောင့် မြေပြိုမှုများဖြစ်ပေါ်လာနိုင် ကြောင်း မြန်မာဘူမိသိပ္ပံပညာရှင်များက ဆက်လက် ထောက်ပြထားသည်။

ဧရာ၀တီမြစ်တစ်လျှောက် ရေစီးနှုန်းကို ထိန်းချုပ်ခြင်းသည် သဘာ၀အတိုင်းဖြစ်ပေါ်နေသည့် အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနုအပေါ် မှီခိုနေရသည့် မြစ်ဝှမ်းတလျှောက် ကိုင်းကျွန်းလုပ်ငန်းများနှင့် ဧရာ၀တီမြစ်၀ကျွန်းပေါ်၏ စိုက်ပျိုးရေးကို ထိခိုက်နိုင်ကြောင်း သိရှိရသည်။

အရေးကြီးသော သတိပြုရမည့် အချက်အနေဖြင့် နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသတွင် ဆည် ၇ ခု ဆောက်လုပ်ပြီး အခြေအနေအကြောင်းကြောင်းကြောင့် တစ်ပြိုင် နက် ပျက်စီးမည်ဆိုပါက မြစ်ဆုံဒေသအပြင် ကချင်ပြည်နယ်နှင့် မြန်မာပြည်တစ်ပြည်လုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်များ ကျရောက်နိုင်ကြောင်း ထပ်မံ သတိပေးထားသည်။

မြစ်ဆုံကဲ့သို့​ ကြီးမားသော ဆည်ကြီးများ ဆောက်လုပ်လျှင် အထက်ဖော်ပြပါ ဘူမိဗေဒ အချက်အလက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များအရ ဖွံ့ဖြိုး ပြီး နိုင်ငံများ အပါ အဝင် မမျှော်လင့်သော ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဆက်လက် သတိပေးထားသည်။

ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် ၁၉၅၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဆည်နှင့်ရေ ကာတာပေါင်း ၃၆၀၀ ကျိုးကျပျကစီးခဲ့ပြီး ထိုအထဲတွင် ဘန်ချောင် (Banqiao) ဆည်ကျိုးကျမှုကြောင့် လူပေါင်း ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ကြောင်း ဥပမာပေး ထောက်ပြထားသည်။

၁၉၇၅ ခုနှစ် တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ် (Henan Province)တွင် ဘန်ချောင် (Banqiao) ဆည်ပြိုကျမှုသည် လူသားသမိုင်းတွင် အသေအပျောက် အများဆုံးနှင့် အဆိုးရွားဆုံး ဆည်ပြိုကျမှုကြီးဖြစ်ခဲ့သည်။

၁၉၇၅ ခုနှစ် ဩဂုတ်လအတွင်း တိုင်ဖွန်းမုန်တိုင်း နီနာက တရုတ်နိုင်ငံ ဟီနန်ပြည်နယ်အပေါ်တွင် ရပ်တန့်သွားပြီး မကြုံစဖူး ပြင်းထန်သည့် မိုးရွာသွန်းမှုကို ဖြစ်စေခဲ့ကြောင်း၊ ၂၄ နာရီအတွင်း ၁၀၆ စင်တီမီတာ (တစ်နှစ်စာ မိုးရေချိန်နီးပါး) ရွာသွန်းခဲ့ကြောင်း၊ ဘန်ချောင်ဆည်ကို "နှစ်ပေါင်း ၁၀၀၀ တွင် တစ်ကြိမ်" ဖြစ်နိုင်သည့် ရေကြီးမှုကို ခံနိုင်ရည်ရှိအောင် တည် ဆောက်ခဲ့သော် လည်း တကယ့်လက်တွေ့တွင် ရွာသွန်းသည့် မိုးက ဆည်တည်ဆောက်ခဲ့သည့် ဒီဇိုင်းထက် အဆပေါင်းများစွာ ပိုများနေခဲ့သဖြင့် နောက်ဆုံးတွင် ဆည်ကျိုးကျခဲ့ကြောင်း သိရှိရသည်။

ဘန်ချောင်ဆည်ကျိုးကျချိန်တွင် မုန်တိုင်းကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး တရုတ်ပြည်သူများကို သတိပေးရန် အချိန်မရလိုက်ကြောင်း၊ ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ နံနက် ၁ နာရီဝန်းကျင်တွင် ဘန်ချောင်ဆည် စတင်ပြိုကျခဲ့ပြီး ရေလှိုင်းအမြင့်မှာ ၁၀ မီတာ (၃၃ ပေ) ကျော်ရှိပြီး အကျယ် ၁၁ ကီလိုမီတာ (၇ မိုင်) ခန့် ရှိကြောင်း၊ ဆည်မှ ကျိုး ပေါက်လာသော ရေလှိုင်းမှာ တစ်နာရီကို ၅၀ ကီလိုမီတာ (၃၁ မိုင်) နှုန်းဖြင့် ဆည်အောက်ဘက်ရှိ ကျေးရွာများကို အကြီးအကျယ်တိုက်စား ရေလွှမ်းမိုးသွားခဲ့ကြောင်း သိရှိရသည်။

ဘန်ချောင်ဆည် ပြိုကျမှုကြောင့် ဆည်အောက်ဘက်ရှိ ဆည်ငယ်ပေါင်း ၆၁ ခု ပါ ဆင့်ကဲဆင့်ကဲ (Domino effect) ပြိုကျသွားခဲ့ပြီး ယင်းအချိန် တရုတ် အစိုး ရ၏ တရားဝင်ထုတ်ပြန်ချက်အရ လူပေါင်း ၂၆,၀၀၀ သေဆုံးခဲ့ကြောင်း၊ သို့ရာ တွင် သုတေသီများ၏ ထုတ် ဖော်ချက်များအရ ပြည်သူ စုစုပေါင်း ၁၇၁,၀၀၀ မှ ၂၃၀,၀၀၀ အကြား အထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဘန်ချောင်ဆည်ပြိုကျမှုကြောင့် လူပေါင်း ၁၁ သန်း ခန့် ထိခိုက်ခဲ့ပြီး အိမ်ခြေ ၆ သန်း နီးပါး ပျက်စီးခဲ့ကြောင်း၊ ဆည်ကျိုးပြီးနောက် သန့်ရှင်းသည့် ရေမရရှိမှုကြောင့် ကာလဝမ်းရောဂါနှင့် တခြား ကူးစက်ရောဂါတွေကြောင့် လူအများအပြား ထပ်မံသေဆုံးခဲ့ရကြောင်း သိရှိရသည်။

တရုတ်အစိုးရက ဘန်ချောင်ဆည်ပြိုကျသည့် သတင်းကို နှစ်ပေါင်း ၃၀ ကြာ လျှို့ဝှက်ထားခဲ့ပြီး ၂၀၀၅ ခုနှစ်ကျမှသာ သတင်းအချက်အလက် စာရွက် စာ တမ်းများဖြင့် တရားဝင် လူသိရှင်ကြား သတင်း ထုတ်ပြန်ခဲ့သည်။

8 months ago | [YT] | 83