Learn, Teach, and Lead – with Ramona
Welcome to my channel! I’m Ramona – founder of Prospect English Academy, English teacher, leadership trainer, and ukulele lover. I share videos for English learners, beginner English teachers, and participants of my Leadership Synergy course. Whether you're learning English, starting your teaching journey, or growing as a leader, this space is for you. And yes, sometimes we unwind with a ukulele tune! 🎶
Subscribe and join me as we Learn, Teach, and Lead together.


Ramona Shares

အုန်းခနဲ့ .. အုန်းခနဲ့… နောက်ဖေးအိမ်က ကလေးအရိုက်ခံရတာ .. ကလေးမလေးက အသားကုန်အော်တော့ ကြားရတဲ့ကျမက ဘာလုပ်လို့ဘာကိုင်ရမလဲမသိ .. 💔

ဪ ကလေးရယ် .. အသားနာပြီး အပြစ်ပေးခံရတဲ့ထိ ဘာများလုပ်ထားသလဲ ? 😥

အမေတွေ အဖေကလည်း .. ကလေးကိုရိုက်တာ ကလေးအတွက်လား အမေ၊ အမေရဲ့ ဒေါသကြောင့်လား ? 😟

“ ထိန်းလို့မှမရတာ ရိုက်တာတောင် မမှတ်ဘူး” လို့ပြောတာတွေလည်းကြားဖူးတယ် ..ရိုက်လို့မှ မမှတ်တာ .. တခြားနည်းလမ်းရှာကြည့်ပါလား 🫩

ငယ်ရွယ်တဲ့အချိန် အသားနာတဲ့ထိ အပြစ်ပေးခံရတာကို ဖေဖေမေမေတွေကရော ကိုယ့်အလှည့်တုန်းက အဆင်ပြေခဲ့လား ? 🙂

လူငယ်တွေရဲ့ စိတ်ဒဏ်ရာအကြောင်း စပြောရင်လည်း.. အဲ့လောက်နူးညံ့နေရင် လောကကြီးမှာဘယ်လိုရပ်တည်မလဲ လို့ကပြန်မေးအုံးမယ် 🫩

နွေးနွေးထွေးထွေးကြီးပြင်းလာတဲ့သူတွေက အရွယ်သုံးပါး စိတ်ပြည့်ဝပြီး စိတ်ကျန်းမာရေးပိုကောင်းကြပါတယ်၊ ပေါင်းသင်းဆက်ဆံရေးပိုကောင်းကြပါတယ်နော် 😍

တစ်ခါတုန်းက ပညာပေး ဗီဒီယိုကလစ်တစ်ခုမှာကြားဖူးလိုက်တယ် “ရိုက်တယ်ဆိုတာက.. ⛳️ ဂေါက်ရိုက်သလိုဘဲ” တဲ့ ဂေါက်သီးကို ပြင်းပြင်းရိုက်တော့ .. အဲ့ဂေါက်သီးက ဟိုးးးဝေးကြီးကိုလွှင့်ထွက်သွားသလို ၊ သားသမီးကိုရိုက်ရင်လည်း သားသမီးတွေက ကိုယ်နဲ့စိတ်ချင်းအဝေးဆုံးကို ရောက်သွားတတ်ပါတယ်” တဲ့ .. ဒါကတော့ သေချာစဉ်းစားစရာကောင်းတဲ့အချက်ထဲမှာပါမယ်ထင်တယ် 😭

ဖေဖေ မေမေ အုပ်ထိန်းသူ များကိုပြောချင်တာကတော့ .. ကလေးငယ်၊ လူငယ်အရွယ်တွေ … ကိုယ်ဦးဆောင်အုပ်ချုပ်နေရတဲ့ လူအရွယ်လေးတွေရဲ့ စိတ်ပညာကိုလေ့လာကြည့်ကြပါနော် 😌

အရမ်းစကားမများနဲ့ မကျေနပ်ရင် နင်ထိန်းကြည့်ပါလား ဆိုလည်း .. 🫩 ကျမက ကိုယ်ဟာကိုယ်တောင် မနည်းတာဝန်ယူထားရတာ .. 🫩

🤨 ဟေ့ ! စကားမများနဲ့ နင့်သား သမီးကို နင်ထိန်းလေ .. အဲ့တော့မှ Parenting ဆိုတာ ဘယ်လောက်ခက်မှန်း နင်သိမယ် လို့ပြောရင် ..

ဪ အမတို့ အကိုတို့ရယ် .. ကျမရှင်တို့ကို နားလည်ပါတယ်နော် .. ဒါမယ့်.. လော်ကင်မရသေးဘူးဟ 😆

ပုံကတော့ သူများပုံပါ (မူရင်းပိုင်ရှင်ကို ခရတ်ဒစ်အပြည့်ပေးပါတယ်နော်)

နွေးထွေးတဲ့အိမ် .. အေးချမ်းတဲ့အိမ်မျိုး လိုချင်လို့ ဒီပုံလေးထည့်လိုက်တယ် 😍🤍

မေတ္တာဖြင့်
Ramona

1 year ago | [YT] | 13

Ramona Shares

Who can say “no” to Hot Chocolate Latte? ☕️

1 year ago | [YT] | 16

Ramona Shares

🌺 Embracing the soul of our heritage —
🎭 Yoke Thé puppetry, 🎶 Pattala rhythms, and 🎼 Saung melodies reborn.
🌿 Let tradition sing, dance, and live on through us.

1 year ago | [YT] | 5