DhammaDana(ဓမ္မဒါန)

❤️Welcome to DhammaDana Channel❤️
DhammaDana မှာ မြတ်ဗုဒ္ဓ၏ တရားဓမ္မများကိုသာ ပြန်လည်မျှဝေခြင်းဖြင့် ဓမ္မဒါန ကုသိုလ်ပြုသည့် Channel ဖြစ်ပါသည်။

မြတ်ဗုဒ္ဓတရားတော်များကို ဓမ္မချစ်ခင်(၇)ရက် သားသမီးများ လက်မလွတ်စတမ်း နာယူပူဇော် ကြည်ညိုနိုင်စေရန် Channel အား Like & Subscribe လုပ်ထားပေးခြင်းဖြင့် ဓမ္မဒါန ကုသိုလ်ပြုနိုင်ကြပါတယ်🙏🙏🙏


အောက်ပါ Facebook page မှာလည်း တရားတော်များသွားရောက်နာယူနိုင်ပါကြောင်း နှိုးဆော်အပ်ပါတယ်🙏🙏🙏
Facebook Page
www.facebook.com/mgayeminofficial?mibextid=kFxxJD

🙏💖🙏ဓမ္မဒါန မျှဝေ ပူဇော်ပါသည် 🙏🙏🙏

🧘‍♂️ Join us on this spiritual journey. Subscribe now!


DhammaDana(ဓမ္မဒါန)

🙏🙏🙏 လူ့ ဘဝတန်ဖိုး 🙏🙏🙏

နှစ်တစ်ရာမှ ပေါ်လာတဲ့ လိပ်ရဲ့ခေါင်းနဲ့
မျောချင်ရာ မျောသွားနေတဲ့ ထမ်းပိုးရဲ့ အပေါက်ဟာ မိချင်ကောင်း မိနိုင်တယ်
ဒါပေမယ့် အပယ်ကျ သွားတဲ့ လူတစ်ယောက်က
လူ့ဘဝကို ပြန်ရောက်ဖို့က မဖြစ်နိုင်ဘူး
အရမ်းခဲယဉ်းတယ်

ဘာဖြစ်လို့လဲဆိုတော့တဲ့ တိရစ္ဆာန်ဘဝမှာ ငရဲသားဘဝမှာ ကုသိုလ်လုပ်ခွင့် မရှိဘူး
အကုသိုလ် လုပ်ခွင့်ပဲ ရှိတယ်
အဲ့တော့ အကုသိုလ်ပြီးရင်း အကုသိုလ်ဆိုတော့
သူ့အတွက် မျော်လင့်ချက် တော်တော်နည်းသွားတယ်

အဘိဓမ္မာထဲမှာ အာသန္နကံ ဆိုတာရှိတယ်
အာစိဏ္ဏကံဆိုတာ ရှိတယ်
အဲ့တော့ တိရစ္ဆာန်ဘဝမှာ သူ့အတွက်က
အာစိဏ္ဏကံ အကုသိုလ်ပဲ/ သူ့အတွက် အာသန္နကံ အကုသိုလ်ပဲ သူ့အတွက် လူ့ဖြစ်ဖို့
Chance. က အရမ်းနည်းသွားတယ်
ဘာကံကြောင့် လူဖြစ်နိုင်သလဲဆိုတော့
သူ့မှာ
ဒီတိရစ္ဆာန်ဘဝကို မရောက်ခင် -ပြိတ္တာဘဝကိုမရောက်ခင် -ငရဲကိုမကျခင်မှာ လုပ်ခဲ့ဘူးတဲ့
ကုသိုလ်တစ်ခုခုက ဝင်ပြီး အကျိုးပေးမှ သာ
သူ လူ့ဘဝကို ပြန်ရောက်နိုင်တယ်

တိရစ္ဆာန်ဘဝမှာ ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်မယ် စားသောက်မယ် အဲ့ဒီအကုသိုလ်ကြောင့်
သေရင် ငရဲပြန်ကျမယ် ငရဲသားဘဝမှာလည်း
အကုသိုလ်ထပ်ဖြစ် /တိရစ္ဆာန်ဘဝမှာလည်း
အကုသိုလ် ထပ်လုပ် ပြန်ကျတယ်ဆိုတော့
ဒီဘဝနဲ့ ရုန်းကန်ထွက်မြောက်ဖို့ မလွယ်တော့ဘူး

သူတော်ကောင်း တိရစ္ဆာန်ဆိုတာ အလွန်ရှားပါတယ် သတ်ကြမယ် ဖြတ်ကြမယ်ဆိုတဲ့ တိရစ္ဆာန်ကပိုများတယ်

ဒါကြောင့် မြတ်စွာဘုရားက အပါယ်ဘဝကို
ရောက်ပြီဆိုလို့ရှိရင် လူ့ဘဝကို ပြန်ထွက်ဖို့ မလွယ်ဘူးလို့ အာစိဏ္ဏကံ/ အာသန္နကံနဲ့
ဆိုင်တယ်

သူတို့ လုပ်နေကြတစ်နေ့တာကံ
တစ်ဘဝလုံး လုပ်နေတဲ့ကံက
အကုသိုလ်တွေကြီးပဲ
ဒီအကုသိုလ်တွေက သူတို့အကျိုးပေးမယ်ဆိုရင် ငရဲကျပြီးရင်းကျ/တိရစ္ဆာန်ဖြစ်ပြီးရင်းဖြစ် /ပြိတ္တာဖြစ်ပြီးရင်းဖြစ် ဒီ (၃)ခုလည်ထွက်နေတာပဲ

ဒါကြောင့် မြတ်စွာဘုရားက လူ့ဘဝရဖို့ အလွန်ခဲယဉ်းတယ်ဆိုတာ* လူ့ဘဝမှာ တစ်မိနစ်ပဲ အသက်ရှင်ရ -ရှင်ရ -အကျိုးရှိရှိနဲ့ နေသင့်တယ်*
လုပ်သင့်တယ် ဆိုတာ ပြောပြတယ်
လူတွေက လူ့ဘဝကို လွယ်လွယ်ရတယ် ထင်ပြီးတော့ အလွယ်တကူ အသက်ကို သေချင်နေကြတာ

မဟုတ်ဘူး ဘယ်လောက်ပဲ ဒုက္ခတွေ ရောက်ရောက် ဒုက္ခတွေက အချိန်အတိုင်းအတာ
တစ်ခု ပဲ ပြီးရင် ကျော်သွားမှာပဲ
ဒါကို သည်းခံပြီးတော့ လူ့ဘဝကို တန်ဖိုးရှိအောင်
အသုံးချရမှာနော် လူ့ဘဝတန်ဖိုး ကြုံတုန်းပြောပြတာ

လှည်းကူးဆရာတော် ဘုရား၏ ဩဝဒမှ ကူးယူပူဇော်သည်🙏🙏🙏🙏🙏🙏
✍️✍️✍️✍️✍️✍️
Pa Pa

1 day ago | [YT] | 51

DhammaDana(ဓမ္မဒါန)

“ပဋိစ္စသမုပ္ပါဒ်သင်တန်းအပိုင်း(၃)”တရားတော်
‎(၂၄- ၁၁- ၂၀၂၅)ညနေပိုင်း
‎အရှင်အာလောကသိရီ(အောင်စကြာ)


‎၂၄.၁၁.၂၀၂၅ -ညနေပိုင်း(သစ္စာတရားတော် အပိုင်း ၃)
‎အရှင်အာလောကသီရိ(အောင်စကြာ)ဆရာတော်
‎ရန်ကုန်တိုင်းဒေသကြီး ၊ အလုံမြို့နယ် သာသနာ့အလင်းရောင် ဓမ္မာရုံတွင် အကျိုး‌တော်ဆောင် အဖွဲ့ က ဦးစီးကျင်းပသည့် (၁၅၀)ကြိမ်မြောက် (၇)ရက် အချိန်ပိုင်းနေ့တရားစခန်းပွဲ

1 day ago | [YT] | 0

DhammaDana(ဓမ္မဒါန)

“ပဋိစ္စသမုပ္ပါဒ်သင်တန်းအပိုင်း(၃)”တရားတော်
‎(၂၄- ၁၁- ၂၀၂၅)နေ့လည်ပိုင်း
‎အရှင်အာလောကသိရီ(အောင်စကြာ)


‎၂၄.၁၁.၂၀၂၅ -နေ့လည်ပိုင်း(ပဋိစ္စသမုပါဒ် သင်တန်း တရားတော် အပိုင်း ၃
‎)
‎အရှင်အာလောကသီရိ(အောင်စကြာ)ဆရာတော်
‎ရန်ကုန်တိုင်းဒေသကြီး ၊ အလုံမြို့နယ် သာသနာ့အလင်းရောင် ဓမ္မာရုံတွင် အကျိုး‌တော်ဆောင် အဖွဲ့ က ဦးစီးကျင်းပသည့် (၁၅၀)ကြိမ်မြောက် (၇)ရက် အချိန်ပိုင်းနေ့တရားစခန်းပွဲ

1 day ago | [YT] | 0

DhammaDana(ဓမ္မဒါန)

“ပဋိစ္စသမုပ္ပါဒ်သင်တန်းအပိုင်း(၂)”တရားတော်
‎(၂၃- ၁၁- ၂၀၂၅)ညနေပိုင်း
‎အရှင်အာလောကသိရီ(အောင်စကြာ)


‎၂၃.၁၁.၂၀၂၅ -ည‌နေ ပိုင်း(ပဋိစ္စသမုပါဒ် သင်တန်း တရားတော် အပိုင်း ၂)
‎အရှင်အာလောကသီရိ(အောင်စကြာ)ဆရာတော်
‎ရန်ကုန်တိုင်းဒေသကြီး ၊ အလုံမြို့နယ် သာသနာ့အလင်းရောင် ဓမ္မာရုံတွင် အကျိုး‌တော်ဆောင် အဖွဲ့ က ဦးစီးကျင်းပသည့် (၁၅၀)ကြိမ်မြောက် (၇)ရက် အချိန်ပိုင်းနေ့တရားစခန်းပွဲ

1 day ago | [YT] | 0

DhammaDana(ဓမ္မဒါန)

“ပဋိစ္စသမုပ္ပါဒ်သင်တန်းအပိုင်း(၂)”တရားတော်
‎(၂၃- ၁၁- ၂၀၂၅)နေ့လည်ပိုင်း
‎အရှင်အာလောကသိရီ(အောင်စကြာ)


‎၂၃.၁၁.၂၀၂၅ -နေ့လည်ပိုင်း(ပဋိစ္စသမုပါဒ် သင်တန်း တရားတော် အပိုင်း ၂)
‎အရှင်အာလောကသီရိ(အောင်စကြာ)ဆရာတော်
‎ရန်ကုန်တိုင်းဒေသကြီး ၊ အလုံမြို့နယ် သာသနာ့အလင်းရောင် ဓမ္မာရုံတွင် အကျိုး‌တော်ဆောင် အဖွဲ့ က ဦးစီးကျင်းပသည့် (၁၅၀)ကြိမ်မြောက် (၇)ရက် အချိန်ပိုင်းနေ့တရားစခန်းပွဲ

1 day ago | [YT] | 1

DhammaDana(ဓမ္မဒါန)

“ပဋိစ္စသမုပ္ပါဒ်သင်တန်းအပိုင်း(၁)”တရားတော်
‎(၂၂- ၁၁- ၂၀၂၅)ညနေပိုင်း
‎အရှင်အာလောကသိရီ(အောင်စကြာ)


‎ရန်ကုန်တိုင်းဒေသကြီး ၊ အလုံမြို့နယ် သာသနာ့အလင်းရောင် ဓမ္မာရုံတွင် အကျိုး‌တော်ဆောင် အဖွဲ့ က ဦးစီးကျင်းပသည့် (၁၅၀)ကြိမ်မြောက် (၇)ရက် အချိန်ပိုင်းနေ့တရားစခန်းပွဲ

1 day ago | [YT] | 0

DhammaDana(ဓမ္မဒါန)

“ပဋိစ္စသမုပ္ပါဒ်သင်တန်းအပိုင်း(၁)”တရားတော်
‎(၂၂- ၁၁- ၂၀၂၅)နေ့လည်ပိုင်း
‎အရှင်အာလောကသိရီ(အောင်စကြာ)


‎ရန်ကုန်တိုင်းဒေသကြီး ၊ အလုံမြို့နယ် သာသနာ့အလင်းရောင် ဓမ္မာရုံတွင် အကျိုး‌တော်ဆောင် အဖွဲ့ က ဦးစီးကျင်းပသည့် (၁၅၀)ကြိမ်မြောက် (၇)ရက် အချိန်ပိုင်းနေ့တရားစခန်းပွဲ

1 day ago | [YT] | 0

DhammaDana(ဓမ္မဒါန)

ကိုရင်လေး ရှင်ဥတ္တမသာရ ဆရာတော်ပို့စ်ပါ
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

ကိုရင်လေး ရှင်ဥတ္တမသာရ
နှင့်ပတ်သက်၍
(23/11/2025)
****************************
အခုတလော ဖေ့စ်ဘုတ်ပေါ်မှာ
ကိုရင်လေး ရှင်ဥတ္တမသာရ နှင့်
ပတ်သက်၍ ဝေဖန်သံ/အကြံပြုသံ
အပြစ်တင်သံတွေ ပွက်လောညံနေပါသည်။

တချို့က မနာလိုသံ/တချို့က အပြုသဘော အကြံပေးသံ
တချို့က ကိုရင်လေးအကြောင်း
သေသေချာချာရေရေရာရာမသိဘဲ
သူတို့အထင်တွေ အမြင်တွေနှင့်
ရေးနေကြပါသည်။

မိမိ လဲ လိုင်းပေါ်မှာ မြင်နေ တွေ့နေပေမဲ့ စကားတွေအကျယ် အကျယ်မဖြစ်ချင်၍ မသိဟန်ပဲဆောင်နေပါသည်။

သို့သော်
လိုင်းပေါ်မှာ ရေးလာတာတွေများ
လာတာကတကြောင်း တချို့တချို့သော သူငယ်ချင်းများနှင့် လေးစာရတဲ့ဆရာသမားများက မသိတဲ့သူတွေ
ကိုရင်လေးအကြောင်း သိအောင်ပြောပြသင့်တယ်လို့ အကြံပေးလာသည့်အတွက်ကြောင့် ဆရာတစ်ယောက်အနေနဲ့ ကိုရင်လေးရှင်ဥတ္တမသာရရဲ့
အကြောင်းကို ပြောပြလိုက်ရပါတယ်။

တကယ်တော့ ကိုရင်လေးရှင်ဥတ္တမသာရဟာ စာတွေမသင်ပဲ တရားတွေ
လိုက်ဟောနေရခြင်းမဟုတ်ပါ။

လာမယ့်နှစ် သာမဏေကျော်ပထမဆင့် ၀င်ရောက်ဖြေဆိုနိုင်ဖို့ရန်အတွက်
ယခုနှစ်သာမဏေကျော်အခြေခံ
ဥပစာတန်းကို ရန်ကုန်တိုင်းဒေသကြီး
ထန်းတပင်မြို့နယ်
အတွင်းသဲဖြူကျေးရွာ
အောင်မြေဘုံစံပရိယတ္တိစာသင်တိုက်
မှာ လေ့လာသင်ယူဆည်းပူးနေတာဖြစ်ပါတယ်။

တရားပွဲများကတော့
ကိုရင်လေးက နိုင်ငံကျော်နေတာကတစ်ကြောင်း တချို့တချို့တရားပွဲ
ပင့်လျောက်သူများဟာ လေးစားရတဲ့
ဆရာတော်ကြီးများ သံဃာတော်များ
ဖြစ်နေတာကတစ်ကြောင်း
တချို့ကျတော့ ကျောင်းတိုက်အပေါ်နှင့် မိမိတို့အပေါ်မှာ ကျေးဇူးများတဲ့ ဒကာ ဒကာမများမှတစ်ဆင့်ပင့်လျောက်သည့်အတွက် မလွှဲသာ
မရှောင်သာ ဟောကြားခဲ့ရပါသည်။

ဟောတဲ့အခါမှာလဲ
တစ်လမှာ ၄/၅ ရက်ခန့်ပဲဟောပါသည်။ဟောတဲ့ရက်အများစုမှာ
စာ၀ါတွေနားတဲ့ အဖိတ်/ဥပုသ်နေ့များ
သာ အများဆုံးဟောဖြစ်ပါသည်။

ကိုရင်လေးယခု သီတင်းသုံးနေထိုင်သော အောင်မြေဘုံစံပရိယတ္တိစာသင်တိုက်သည် ထန်းတပင်မြို့နယ်တွင်
ပရိယတ္တိစာသင်တိုက်တွေထဲမှာ
သံဃာအများဆုံး သီတင်းသုံးနေထိုင်သောကျောင်းတိုက်ဖြစ်ပါသည်။

ယခုနှစ် ၀ါဆိုသံဃာ ၈၅-ပါး
ရှိပါသည်။ကျောင်းတိုက်၏
ပစ္စည်းလေးပါးအတွက် ကိုရင်လေး
မှ တဖက်တလမ်း ကူညီပါ၀င်အား
ဖြည့်ပေးပါသည်။

ကိုရင်လေးသည်
သူ၏ ဘုန်းကံများဖြင့် စာသင်တိုက်ကြီးကိုလဲ တဖက်တလမ်းမှ
တတ်နိုင်သလောက်ပါ၀င်ကူညီအားဖြ ည့်သည့်အတွက် ကျောင်းတိုက်အတွက်လဲ ကျေးဇူးများပါသည်။

ထိုင်းနိုင်ငံသို့ကြွရောက်သည့်အခါမှာလဲ ထိုင်းနိုင်ငံမှ ဆရာ တော်ကြီးများ
က ထိုင်းရောက်မြန်မာအလုပ်သမားများကျင်းပသော ကိုရင်လေး၏တရားပွဲကိုမြင်တွေ့ရပြီး
မြန်မာလူမျိုးများ၏ သဒ္ဓါတရားနှင့်
ကိုရင်လေး၏ စွမ်းပကားကို
အထင်ကြီးလေးစားကြပါသည်။

ကိုရင်လေးကို အကြောင်းပြုပြီး
တိုင်းတစ်ပါးသားတို့ မြန်မာနိုင်ငံကို
အထင်ကြီးလေးစားကြသည်ကို
မိမိကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

ထိုင်းနိုင်ငံမှာ လူအများကြီးဖြင့်
တရားပွဲကျင်းပသည်မှာ
မရှိပါ။

ဗီယက်နမ်နိုင်ငံသို့
ကြွရောက်သည့်အခါမှာလဲ
ထေရ၀ါဒဗုဒ္ဓဘာသာ၀င်
ဗီယက်နမ်များ အားတက်ကြပါသည်။
ဗီယက်နမ်နိုင်ငံတွင် ကွန်မြူနစ်၀ါဒနှင့်
မဟာယနတွေက အားကောင်းကြပါသည်။

ကိုရင်လေးဗီယက်နမ်နိုင်ငံကြွရောက်တော့ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ
ခွန်းအားဖြစ်ရပါသည်။ထေရဝါဒကို
ပို၍ စိတ်ပါဝင်စားလာသူများပြား
လာသည်ဟုဆိုပါသည်။

ဗီယက်နမ်နိုင်ငံနိုင်ငံမှ
သံဃနာယက အကြီးအကဲ
ဆရာတော်ကြီးများကပင်
မြန်မာနိုင်ငံမိမိတို့ကျောင်းတိုက်အထိ
လာရောက်၍ ကိုရင်လေးကို ပင့်ပါသည်။မြန်မာနိုင်ငံအတွက်ဂုဏ်ယူစရာပင်ဖြစ်ပါသည်။

သူတို့နိုင်ငံတွင် ကိုရင်လေးရှင်ဥတ္တမသာရကဲ့သို့ ကြည်ညိုစရာအလွန်ကောင်းပြီး တရားဟောစွမ်းရည်ကောင်းသော ကိုရင်လေးမရှိဟုဆိုပါသည်။

ဒီအကြောင်းတွေကို ပြောပြနေရခြင်းသည် ကိုရင်လေးအကြောင်းကြွားဝါနေခြင်းမဟုတ်ပါ။

ကိုရင်လေးကို အကြောင်းပြုပြီး
ကိုယ့်မြန်မာနိုင်ငံကို တစ်ခြားနိုင်ငံတွေက အထင်ကြီးလေးစားရသည်ကို
သိမြင်ပြီး ကိုရင်လေးကို အပြစ်မမြင်
ချစ်ခင်စေဖို့ဖြစ်ပါသည်။

ကိုရင်လေးသည် ယခု
လောလောဆယ်ဆယ် ပညာသင်ခါစ
ဖြစ်သောကြောင့် အခြေပြုမူလတန်း
အောင်ရုံလောက်ပဲရှိပါသေးသည်။
အများကြီး ပရိယတ္တိဘက်မှာ ကြိုးစားရပါဦးမည်။ယခုအစလေးမှာ
အများကြီး မျော်လင့်လို့မရသေးပါ။

သို့သော်လဲ
ကိုရင်လေးသည်
ယခု အသက်အရွယ်နှင့်
မြန်မာနိုင်ငံတွင်သာမက
ပြည်ပနိုင်ငံများအထိပါ ကျော်ကြားပြီး မြန်မာနိုင်ငံဂုဏ်ကို ဆောင်ပေး
နေတာကို ရွေးချယ် ကြည်ညိုတတ်ဖို့
လိုပါသည်။အရာရာကို အပြစ်မျက်လုံးနဲ့ မကြည့်စေလိုပါ။အကောင်းမြင်မျက်လုံးများနဲ့
ကြည့်စေလိုပါသည်။

လိုင်းပေါ်မှ ဆရာတော်သံဃာတော်
များ ကိုရင်လေး ရှေ့ရေးအတွက်
စိုးရိမ်ပူပန်နေသလို အတူနေဆရာ
ဖြစ်တဲ့ တပည့်တော်လဲ ကိုရင်လေးအတွက် အမြဲတမ်းစိုးရိမ်ကြောင့်ကြ
ပူပန်နေပါသည်ဘုရား။

ကိုရင်လေး ရှေ့ရေးအတွက်လဲ
မိဘ/ဆရာသမားများနှင့်
တိုင်ပင်ပြီး အကောင်းဆုံး
ဖြစ်အောင်ကြိုးစားသွားပါမည်ဘုရား။

တပည့်တော်ကိုယ်တိုင်လဲ
စာသင်တိုက်မှာ စာချပေးနေတဲ့
ပဓါနနာယကစာချဆရာတော်တစ်ပါး
ဖြစ်ပါသည်ဘုရား။

နိုင်ငံကျော်နေတဲ့ တပည့်တစ်ပါးကို
ကိုင်တွယ်ထိန်းကျောင်းနေရတာ
တပည့်တော် အခက်အခဲများစွာရှိပါသည် ဘုရား။ အဲဒါကို
အရှင်ဘုရားများ
နားလည်စေချင်ပါသည် ဘုရား။

မြန်မာနိုင်ငံမှ ရဟန်းရှင်လူ
ပြည်သူများအားလုံး
ကိုရင်လေးကို
ယောနိသော မနသီကာရ
စိတ်ထားဖြင့် အပြစ်မမြင်
ချစ်ခင်နိုင်ကြပါစေ။

ဦးဉာဏောဘာသ
အောင်မြေဘုံစံကရိယတ္တိစာသင်တိုက်
ထန်းတပင်မြို့နယ်

2 days ago | [YT] | 35

DhammaDana(ဓမ္မဒါန)

(8) မိနစ်ကြား၊ ငလျင် (2) ကြိမ်လှုပ်
******************
(23.11.2025) ရက်နေ့

ရန်ကုန်မြို့ရဲ့တောင်ဘက် (232) မိုင်

ထားဝယ်မြို့ရဲ့ အနောက်ဘက် (165) မိုင်

ကပ္ပလီပင်လယ်ပြင်ထဲ
ရေအောက်အနက် (6.2) မိုင်အကွာကို ဗဟိုပြုပြီး

နံနက် (11:01) နာရီအချိန်တွင်
ပြင်းအား (3.9) magnitude

နံနက် (11:09) နာရီအချိန်တွင်
ပြင်းအား (5.1) magnitude

(8) မိနစ်ကြား၊ ငလျင် (2) ခုလှုတ်ခတ်သွားပါသည်

2 days ago | [YT] | 4

DhammaDana(ဓမ္မဒါန)

‎ခုဒ္ဒသိက္ခာ ဝိနည်း (အပိုင်း-၈၆)
‎(၂၀- ၁၁- ၂၀၂၅)ညနေ ပိုင်း
‎အရှင်အဘယာလင်္ကာရ
‎(မဟာဝိဟာရကျောင်းတိုက်)

‎“သာဓုကံ သုဏေဟိမနသိကရော”။ သာဓုကံ -တကယ့်လေးလေးစားစား၊သုဏေဟိ=နားစိုက်ပြီး ထောင်ပါ။

‎“ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးမြတ် သိညဏ်ထက်၏”
‎💖ဓမ္မဒါနမျှဝေပူဇော်ပါသည် 🙏🙏🙏

3 days ago | [YT] | 2