VPN လေး ဖွင့်ပြီးမှကြည့်ပေးဖို့ တောင်းဆိုရပါစေဗျာ
Series4u
ငါ လုံး မ မန်ယူ မနက်စောစောစီးစီး ကျက်သရေ တုံးတယ်။ ညက မကြည့်ဘဲ အိပ်လိုက်တာ မှန်သွားတယ်။ ဘယ်နှယ့်ကွာ ဘရိုက်တန်လို အသင်းကို ၂ ဂိုး သွင်းထားပြီးမှ ရှုံးရတယ်လို့ တသက်နဲ့ တကိုယ် မကြားဖူးဘူး
2 weeks ago | [YT] | 130
View 22 replies
ပါဆင်နယ် ကိစ္စ အပြင် ရောက်နေလို့ ယနေ့ ဗီဒီယို မတင်ဖြစ်ပါ။ မနက်ဖြန်မှ တင်ပါမည်
2 weeks ago | [YT] | 125
View 4 replies
Silo S03 အတွက် Breakdown and review စတိုင်ကို မကြိုက်ကြဘူးဆိုလို့ ဆက်မတင်သေးပါဘူး။ အရင်လို movie timeline recap စတိုင်ဘဲ ပြန်တင်ပေးဖို့ လုပ်နေပါတယ်။
2 weeks ago | [YT] | 132
View 10 replies
ချစ်ရပါသော ပရိတ်သတ်တွေရဲ့ အားပေးမှုနဲ့အတူ 2M view ရှိတဲ့ ဗီဒီယို ၁ ပုဒ်ထွက်လာခဲ့ပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ အားပေးမှုကြောင့်သာ မဟုတ်ရင် ဇီးသီးဖေါ်ယူဆိုတာလည်း ဒီနေ့အထိ ရှိလာမှာမဟုတ်ပါဘူး။ခင်မင်ရင်းနှီးစွာဖြင့်ကိုရခိုင်ကြီး ( ဇီးသီးဖေါ်ယူ ပြောရေးဆိုခွင့်ရှိသူ)
2 months ago | [YT] | 1,051
View 93 replies
ချစ်ခင်လေးစားရတဲ့ ရုပ်ရှင်ချစ်သူ ပရိတ်သတ်အပေါင်းတို့ရဲ့ အားပေးမှုနဲ့ အတူ ဇီးသီးဖေါ်ယူ လည်း ၂ နှစ် တိတိ ပြည့်ခဲ့ ပါပြီ။ နှစ်သစ်မှာလည်း မိတ်ဆွေများအတွက် အကောင်းဆုံး ဆိုတဲ့ ဇတ်ကားလေးတွေကို တင်ဆက်နိုင်အောင် ကြိုးစား ပါဦးမယ်။ လူ ဆိုတာ အမှားအယွင်း ရှိစမြဲ မို့ တင်ဆင်ပုံနဲ့ စကားလုံးလေး ၊ ရုပ်သံ တည်းဖြတ်တဲ့ အပိုင်းတွေမှာ အမှားအယွင်း ရှိခဲ့ရင်လည်း သည်းခံ ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ရင်း နဲ့ နှစ်သစ်မှာ ပျော်ရွှင် ကြပါစေဗျာ .... ကိုရခိုင်ကြီး ( ဇီးသီးဖေါ်ယူ ပြောရေးဆိုခွင့်ရှိသူ )
9 months ago | [YT] | 449
လောင်းကစားကြော်ငြာတွေ လက်ခံ ဖြစ်ခဲ့ရင် ကော်ရီး ရဲ့ တလ ဝင်ငွေက သိန်း ၅၀ ဆိုလည်း ဟုတ်တယ်။ သိန်း ၁၀၀ ဆိုလည်း ဟုတ်တယ်။ ဒါပေမယ့် အပူစာ မစားဘူး ၊ ငါးပိရည်နဲ့ ၂ ရက်လောက် စားလိုက် ၊ အရွက်ကြော်နဲ့ ၃ ရက်လောက် စားလိုက် တပတ်မှာ အသား ၂ ရက်ဘဲ စားနေရလည်း အေးဆေး .... ကိုရခိုင်ကြီး ( ဇီးသီးဖေါ်ယူ )
10 months ago | [YT] | 2,135
View 129 replies
ဇီးသီးဖေါ်ယူ အနေနဲ့ ဘာလို့ စလော့တေ လက်မခံလဲ ဆိုရင် ပုံထဲမှာ မြင်ရတာက သက်သေပါဘဲ။ အဲဒီကောင်လေးဆို ကော်မန့်ထဲက ပြောပုံအရ သိန်း ၅၀၀ ကျော် ပါသွားတာပါ။ လူတွေရဲ့ ဘ၀ ကို စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးနိုင်လိုက်တဲ့ ကိစ္စပါ။ ကျနော်တို့လည်း ငယ်ငယ်တုန်းက ဘောလုံးပွဲ လောင်းဖူးတယ်။ တပတ်တခါပါဘဲ။ အဲဒီ တပတ် တခါ ၅၀/၅၀ နိုင်ချေ ရှိတဲ့ ဘောလုံးပွဲတောင် ခွက်ခွက်လန်အောင် ရှုံးပါတယ်။ တခါတလေကျရင် လက်ခံချင်စိတ်ပေါက်မိတယ်။ ကိုယ်ပြောနေလည်း ဘာမှမထူးဘူးပေ့ါ။ 1 x bet လောက်တော့ လက်ခံဦးမယ် ဘာညာ။ အဲလို စိတ်ပေါ်တိုင်း ကိုယ့်ကိုကိုယ် ပြန်ဆုံးမရတယ်။ အပူစာတွေ မစားချင်စမ်းနဲ့ ။ ဒါကြောင့် လောင်း ကစား ဆိုရင် ဘာတခုမှ လက်မခံပါဘူး။ အားလုံးဘဲ တယောက်တတ်နိုင်နိုင် ဘေးနားမှာ ရှိနေရင် အမုန်းခံပြီး ပြောရင်း ကြယ်ငါး ကောက်ကြပါဦး။ အဲဇောက်ထိုးဆင်းမယ့် ကယ်လို့ မရမယ့်ကောင်တွေကတော့ တခါတည်း ကန်ချပေးလိုက် သေလည်း အေးတာဘဲပေ့ါ။ ဆန်ကုန်မြေလေး တွေ ...
11 months ago | [YT] | 647
View 40 replies
အသိပေး ကြေငြာချက် လေးစားရပါသော အားပေးသူ မိတ်ဆွေများ ခင်ဗျာ. ၂၀၂၅ မှာ ယူတု ရဲ့ ပြောင်းလဲလာတဲ့ စည်းမျဉ်းစည်းကမ်းကြောင့် အရင်တုန်းက တင်ခဲ့တဲ့ ဗီဒီယိုတွေဟာ ကော်ပီရိုက်များ ထိခြင်း ကြော်ငြာပြသခွင့်မရခြင်း စတဲ့ ပြသနာများ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် အရင်တုန်းက တင်ခဲ့တဲ့ ဗီဒီယိုတွေမှာ ရုပ်ရှင်ဇတ်ကားနာမည် နဲ့ လိုဂိုတွေဟာ အဆမတန် ကြီးမားပြီး ကြည့်ရှုသူတွေကို အနှောက်အယှက် ဖြစ်စေတယ်လို့ ပြန်လည်ခံစားလာရပါတယ်။ ဒါကြောင့် ကျနော်တို့ ဇီးသီးဖေါ်ယူ ဖက်က ယခင်တုန်းက တင်ခဲ့တဲ့ ဗီဒီယို အဟောင်းများကို အပြီးတိုင် ဖျက်ချပြီးတော့ တပတ် တခါ ၁ ပုဒ် ဖြစ်စေ ၂ ပုဒ်ဖြစ် လိုအပ်ချက်များကို ပြန်လည် ပြင်ဆင်ပြီး အသစ် ပြန်လည် တင်သွား ပါမယ်။ ဒီလိုမျိုး ဗီဒီယို အဟောင်းတွေ ပြန်တင်တာမျိုး တွေ့မိခဲ့ရင် နားလည်ပေးဖို့ ကြိုတင် အသိပေးလိုက်ရပါတယ်ခင်ဗျာ။ ဇတ်ကားကောင်းများနဲ့ စီးရီးတွဲတွေလည်း နေ့စဉ် တင်ဆက်နိုင်ဖို့ ကြိုးစားလျက် ရှိပါတယ်။ လေးစားစွာဖြင့် ကိုရခိုင်ကြီး (ဇီးသီးဖေါ်ယူ ပြောရေးဆိုခွင့်ရှိသူ )
1 year ago (edited) | [YT] | 479
View 31 replies
အခု ဆိုရင်တော့ Prison Break ဇတ်လမ်းတွဲဟာ ထွက်ရှိခဲ့တာ နှစ် 20 တိတိ ရှိခဲ့ပါပြီ။ ကိုရခိုင်ကြီး ဒီဇတ်လမ်းတွဲကို စကြည့်ဖူးတာက ၂၀၀၉ ခုနှစ် တောင်ငူ မှာ အလုပ်လုပ်ခဲ့တုန်းကပေ့ါ။ ရန်ကုန်က လာတဲ့ ဘော်ဒါ ၁ ယောက်က ဒီဗီဒီ အခွေလေး ဝယ်လာခဲ့တာ။ အဲတုန်းကတော့ အင်္ဂလိပ်စာ ဆိုတာလည်း ဟုတ်တိပတ်တိ ဖတ်လို့ နားမလည်သေး ၊ hello how are you i hope you are will , as for me i'm fine အဆင့်ပေါ့လေ။ ဒါနဲ့ အလုပ်ထဲက ဘော်ဒါ တအုပ် ညဖက် အလုပ်သိမ်းပြီဆိုရင် အတူတူ ကြည့်ခဲ့တာပေ့ါ။ အဲဒီခေတ်တုန်းက ဒီဗီဒီ ခွေ တွေ ဆိုတာကလည်း ဆယ်ကြောင်းလောက် ပြောမှ စာတန်းထိုး ၁ ကြောင်း ထွက်တာမျိုးကိုး မိုက်ကယ် ဘယ်လို သေ သွားလဲ ၊ ဆာရာ ဘာဖြစ်သွားလဲ ဆန့်တငင်ငင် ခံစားခဲ့ရတာပေ့ါ။ ဒါနဲ့ အခု ၂၀၂၄ နှစ်စတုန်းက ဇီးသီးဖေါ်ယူ ချန်နယ် စလုပ်မယ်ဆုံးဖြတ်တော့ ကိုယ့်အကြိုက်ဆုံး ဇတ်လမ်းကို လုပ်မယ်လို့ ဆုံးဖြတ်ရင်း တရက်ကို တပိုင်း စပြီး တင်ဆက်ခဲ့တာပေ့ါ။ ပြီးခဲ့တဲ့ ၆ လ လောက် ကျနော် အနေနဲ့ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ချန်နယ်ကို ပစ်ထားသလို ဖြစ်နေခဲ့တယ်။ အပြင်ဘ၀က ရုံးအလုပ်တွေ စားဝတ်နေရေးတွေ ရုန်းကန်ရင်း ချန်နယ်အတွက် ကိုယ်တိုင်ရေးဇတ်လမ်း အတော်များများ မတင်ပေးနိုင်ခဲ့ဘူး။ တခြားလူတွေ ရေးထားတဲ့ ဇတ်လမ်း အတော်များများကိုဘဲ တင်ဆက်ပေးနေခဲ့တာ။ အခု ဒီလကနေ စပြီးတော့ ချန်နယ်ကို ပြန်ပြီး အာရုံ စိုက်ပါတော့မယ်။ အနည်းဆုံး တလကို ၁၀ ကား လောက်က ကိုရခိုင်ကြီး ရဲ့ လက်ရာ စစ်စစ်တွေ ပြန်ပြီးတော့ မြင်ရပါလိမ့်မယ်။ လတ်တလော စီးရီး အသစ် ရေးနေတာ ၃ ခု ရှိပါတယ်။ စပွိုင်လာလေး နည်းနည်းပေးရရင် အပိုင်း ဆယ်ပိုင်း ရှိပြီး S နဲ့ စတဲ့ ဇတ်လမ်းတွဲ တခု နောက်လ အစမှာ တင်ဆက်ပါမယ်။ ဒီလ ထဲမှာတော့ MCU ကိုဘဲ ပြီးပြတ်အောင် ဖြတ်ပါမယ်ဗျို့ .... အားလုံးဘဲ ပျက်စီးယိုးယွင်းနေတဲ့ တိုင်းပြည် ကြီးထဲမှာ အဆင်ပြေအောင် နေကြပါ။ အားမလျော့ကြပါနဲ့ အခွင့်အလမ်းများ ရှိခဲ့ရင် ပြည်ပ ကို ထွက်ပြီး ဘ၀ကို အသစ်က စဖို့ကြိုးစားပါဗျာ။ ခင်ဗျားတို့ ကျုပ်တို့က အသက် ၃၀ ကျော် ၄၀ နား ကပ်နေပြီ။ ဆိုပေမယ့် နောက်ထပ် မွေးလာမယ့် သားသား မီးမီး တွေ အတွက် လူကို လူလို ဆက်ဆံတဲ့ တိုင်းပြည် တခုမှာ ထားခဲ့ချင်ကြတာဘဲ မလား .... စျေးအသက်သာဆုံးနဲ့ နေစရာနေရာလေးက ထိုင်းနိုင်ငံပါ။ သတင်းကောင်းတခုက လာမယ့် ၂၀၂၅ ခုနှစ် ဆယ်လပိုင်း လောက်မှာ ပန်းရောင်ကဒ် အသစ် ဖွင့်ပေးဖို့ သေချာပါတယ်။ မိတ်ဆွေများအနေနဲ့ ထိုင်းနိုင်ငံကို လာပြီး long turn Visa ကို စျေးအသက်သာဆုံး ရနိုင်တာ ဒီနည်းလမ်းဘဲ ရှိတာမို့ အသိပေးလိုက်ရပါတယ်။ တကယ်လို့ သိချင်တာများ ရှိရင် t.me/pinkcardXbyS4U တယ်လီဂရုမှာ လာရောက် မေးမြန်းနိုင်ပါတယ် ခင်ဗျာ. တော်သေးပြီ။ ခင်မင်ရင်းနှီးစွာဖြင့် ကိုရခိုင်ကြီး
1 year ago | [YT] | 978
View 66 replies
လောင်းကစား ဘာလို့ မကြော်ငြာလဲ ဆိုရင် ရခိုင်ကြီး ရဲ့ ဘော်ဒါတွေ အားလုံး နီးပါးက ကွန်ပျူတာ ဖုန်း အတွက် ပရိုဂရမ် ရေးနေကြတဲ့ လူတွေပါ။ ကိုယ်တိုင်လည်း ပရိုဂရမ် ရေးတာနဲ့ ပတ်သက်ပြီး အတော်အသင့် နားလည်ပါတယ်။ လမ်းကြောင်း မတူခဲ့လို့သာ ပရိုဂရမ်မာ မဖြစ်ခဲ့တာ အဲတော့ ပြောရရင် ခင်ဗျားတို့ ဘယ်လိုဆော့ဆော့ မနိုင်အောင် အထဲမှာ ပရိုဂရမ် တွေ ရေးထားတာကို သိနေတဲ့ ကျုပ်က ဘယ်လိုလုပ် လက်ခံမှာတုန်း .. အကြိမ်ရေ များများဆော့လေ ခင်ဗျားကို မနိုင်အောင် လုပ်လေဘဲ။ ဘယ်အချိန် ခင်ဗျားကို ဆုကြီး ချပေးရမလဲ ဘယ်အချိန်မှာ အပြောင် သိမ်းရမလဲ ဆိုတာကို စနစ်တကျ ရေးထားတာ ... ဇဘ ... တော်သေးဘီ
1 year ago | [YT] | 986
View 50 replies
Load more
Series4u
ငါ လုံး မ မန်ယူ မနက်စောစောစီးစီး ကျက်သရေ တုံးတယ်။ ညက မကြည့်ဘဲ အိပ်လိုက်တာ မှန်သွားတယ်။ ဘယ်နှယ့်ကွာ ဘရိုက်တန်လို အသင်းကို ၂ ဂိုး သွင်းထားပြီးမှ ရှုံးရတယ်လို့ တသက်နဲ့ တကိုယ် မကြားဖူးဘူး
2 weeks ago | [YT] | 130
View 22 replies
Series4u
ပါဆင်နယ် ကိစ္စ အပြင် ရောက်နေလို့ ယနေ့ ဗီဒီယို မတင်ဖြစ်ပါ။ မနက်ဖြန်မှ တင်ပါမည်
2 weeks ago | [YT] | 125
View 4 replies
Series4u
Silo S03 အတွက် Breakdown and review စတိုင်ကို မကြိုက်ကြဘူးဆိုလို့ ဆက်မတင်သေးပါဘူး။ အရင်လို movie timeline recap စတိုင်ဘဲ ပြန်တင်ပေးဖို့ လုပ်နေပါတယ်။
2 weeks ago | [YT] | 132
View 10 replies
Series4u
ချစ်ရပါသော ပရိတ်သတ်တွေရဲ့ အားပေးမှုနဲ့အတူ
2M view ရှိတဲ့ ဗီဒီယို ၁ ပုဒ်ထွက်လာခဲ့ပါပြီ။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့
အားပေးမှုကြောင့်သာ မဟုတ်ရင် ဇီးသီးဖေါ်ယူ
ဆိုတာလည်း ဒီနေ့အထိ ရှိလာမှာမဟုတ်ပါဘူး။
ခင်မင်ရင်းနှီးစွာဖြင့်
ကိုရခိုင်ကြီး ( ဇီးသီးဖေါ်ယူ ပြောရေးဆိုခွင့်ရှိသူ)
2 months ago | [YT] | 1,051
View 93 replies
Series4u
ချစ်ခင်လေးစားရတဲ့ ရုပ်ရှင်ချစ်သူ ပရိတ်သတ်အပေါင်းတို့ရဲ့
အားပေးမှုနဲ့ အတူ ဇီးသီးဖေါ်ယူ လည်း ၂ နှစ် တိတိ ပြည့်ခဲ့
ပါပြီ။ နှစ်သစ်မှာလည်း မိတ်ဆွေများအတွက် အကောင်းဆုံး
ဆိုတဲ့ ဇတ်ကားလေးတွေကို တင်ဆက်နိုင်အောင် ကြိုးစား
ပါဦးမယ်။ လူ ဆိုတာ အမှားအယွင်း ရှိစမြဲ မို့ တင်ဆင်ပုံနဲ့
စကားလုံးလေး ၊ ရုပ်သံ တည်းဖြတ်တဲ့ အပိုင်းတွေမှာ
အမှားအယွင်း ရှိခဲ့ရင်လည်း သည်းခံ ခွင့်လွှတ်ပေးကြပါလို့
တောင်းပန်ရင်း နဲ့ နှစ်သစ်မှာ ပျော်ရွှင် ကြပါစေဗျာ ....
ကိုရခိုင်ကြီး ( ဇီးသီးဖေါ်ယူ ပြောရေးဆိုခွင့်ရှိသူ )
9 months ago | [YT] | 449
View 22 replies
Series4u
လောင်းကစားကြော်ငြာတွေ လက်ခံ ဖြစ်ခဲ့ရင်
ကော်ရီး ရဲ့ တလ ဝင်ငွေက သိန်း ၅၀ ဆိုလည်း
ဟုတ်တယ်။ သိန်း ၁၀၀ ဆိုလည်း ဟုတ်တယ်။
ဒါပေမယ့် အပူစာ မစားဘူး ၊ ငါးပိရည်နဲ့ ၂ ရက်လောက်
စားလိုက် ၊ အရွက်ကြော်နဲ့ ၃ ရက်လောက် စားလိုက်
တပတ်မှာ အသား ၂ ရက်ဘဲ စားနေရလည်း
အေးဆေး ....
ကိုရခိုင်ကြီး ( ဇီးသီးဖေါ်ယူ )
10 months ago | [YT] | 2,135
View 129 replies
Series4u
ဇီးသီးဖေါ်ယူ အနေနဲ့ ဘာလို့ စလော့တေ လက်မခံလဲ ဆိုရင်
ပုံထဲမှာ မြင်ရတာက သက်သေပါဘဲ။ အဲဒီကောင်လေးဆို ကော်မန့်ထဲက ပြောပုံအရ သိန်း ၅၀၀ ကျော် ပါသွားတာပါ။ လူတွေရဲ့ ဘ၀ ကို စက္ကန့်ပိုင်းအတွင်း
ဖျက်ဆီးနိုင်လိုက်တဲ့ ကိစ္စပါ။ ကျနော်တို့လည်း ငယ်ငယ်တုန်းက ဘောလုံးပွဲ
လောင်းဖူးတယ်။ တပတ်တခါပါဘဲ။ အဲဒီ တပတ် တခါ ၅၀/၅၀ နိုင်ချေ ရှိတဲ့
ဘောလုံးပွဲတောင် ခွက်ခွက်လန်အောင် ရှုံးပါတယ်။
တခါတလေကျရင် လက်ခံချင်စိတ်ပေါက်မိတယ်။ ကိုယ်ပြောနေလည်း ဘာမှမထူးဘူးပေ့ါ။
1 x bet လောက်တော့ လက်ခံဦးမယ် ဘာညာ။ အဲလို စိတ်ပေါ်တိုင်း ကိုယ့်ကိုကိုယ် ပြန်ဆုံးမရတယ်။
အပူစာတွေ မစားချင်စမ်းနဲ့ ။ ဒါကြောင့် လောင်း ကစား ဆိုရင် ဘာတခုမှ လက်မခံပါဘူး။
အားလုံးဘဲ တယောက်တတ်နိုင်နိုင် ဘေးနားမှာ ရှိနေရင် အမုန်းခံပြီး ပြောရင်း
ကြယ်ငါး ကောက်ကြပါဦး။
အဲဇောက်ထိုးဆင်းမယ့် ကယ်လို့ မရမယ့်ကောင်တွေကတော့ တခါတည်း ကန်ချပေးလိုက်
သေလည်း အေးတာဘဲပေ့ါ။ ဆန်ကုန်မြေလေး တွေ ...
11 months ago | [YT] | 647
View 40 replies
Series4u
အသိပေး ကြေငြာချက်
လေးစားရပါသော အားပေးသူ မိတ်ဆွေများ ခင်ဗျာ.
၂၀၂၅ မှာ ယူတု ရဲ့ ပြောင်းလဲလာတဲ့ စည်းမျဉ်းစည်းကမ်းကြောင့်
အရင်တုန်းက တင်ခဲ့တဲ့ ဗီဒီယိုတွေဟာ ကော်ပီရိုက်များ ထိခြင်း
ကြော်ငြာပြသခွင့်မရခြင်း စတဲ့ ပြသနာများ ဖြစ်ပေါ်နေပါတယ်။
ဒါ့အပြင် အရင်တုန်းက တင်ခဲ့တဲ့ ဗီဒီယိုတွေမှာ ရုပ်ရှင်ဇတ်ကားနာမည်
နဲ့ လိုဂိုတွေဟာ အဆမတန် ကြီးမားပြီး ကြည့်ရှုသူတွေကို အနှောက်အယှက်
ဖြစ်စေတယ်လို့ ပြန်လည်ခံစားလာရပါတယ်။
ဒါကြောင့် ကျနော်တို့ ဇီးသီးဖေါ်ယူ ဖက်က ယခင်တုန်းက တင်ခဲ့တဲ့ ဗီဒီယို
အဟောင်းများကို အပြီးတိုင် ဖျက်ချပြီးတော့ တပတ် တခါ ၁ ပုဒ် ဖြစ်စေ
၂ ပုဒ်ဖြစ် လိုအပ်ချက်များကို ပြန်လည် ပြင်ဆင်ပြီး အသစ် ပြန်လည် တင်သွား
ပါမယ်။
ဒီလိုမျိုး ဗီဒီယို အဟောင်းတွေ ပြန်တင်တာမျိုး တွေ့မိခဲ့ရင် နားလည်ပေးဖို့
ကြိုတင် အသိပေးလိုက်ရပါတယ်ခင်ဗျာ။
ဇတ်ကားကောင်းများနဲ့ စီးရီးတွဲတွေလည်း နေ့စဉ် တင်ဆက်နိုင်ဖို့ ကြိုးစားလျက်
ရှိပါတယ်။
လေးစားစွာဖြင့်
ကိုရခိုင်ကြီး (ဇီးသီးဖေါ်ယူ ပြောရေးဆိုခွင့်ရှိသူ )
1 year ago (edited) | [YT] | 479
View 31 replies
Series4u
အခု ဆိုရင်တော့ Prison Break ဇတ်လမ်းတွဲဟာ ထွက်ရှိခဲ့တာ နှစ် 20 တိတိ ရှိခဲ့ပါပြီ။
ကိုရခိုင်ကြီး ဒီဇတ်လမ်းတွဲကို စကြည့်ဖူးတာက ၂၀၀၉ ခုနှစ် တောင်ငူ မှာ အလုပ်လုပ်ခဲ့တုန်းကပေ့ါ။
ရန်ကုန်က လာတဲ့ ဘော်ဒါ ၁ ယောက်က ဒီဗီဒီ အခွေလေး ဝယ်လာခဲ့တာ။ အဲတုန်းကတော့
အင်္ဂလိပ်စာ ဆိုတာလည်း ဟုတ်တိပတ်တိ ဖတ်လို့ နားမလည်သေး ၊ hello how are you
i hope you are will , as for me i'm fine အဆင့်ပေါ့လေ။ ဒါနဲ့ အလုပ်ထဲက ဘော်ဒါ တအုပ်
ညဖက် အလုပ်သိမ်းပြီဆိုရင် အတူတူ ကြည့်ခဲ့တာပေ့ါ။ အဲဒီခေတ်တုန်းက ဒီဗီဒီ ခွေ တွေ
ဆိုတာကလည်း ဆယ်ကြောင်းလောက် ပြောမှ စာတန်းထိုး ၁ ကြောင်း ထွက်တာမျိုးကိုး
မိုက်ကယ် ဘယ်လို သေ သွားလဲ ၊ ဆာရာ ဘာဖြစ်သွားလဲ ဆန့်တငင်ငင် ခံစားခဲ့ရတာပေ့ါ။
ဒါနဲ့ အခု ၂၀၂၄ နှစ်စတုန်းက ဇီးသီးဖေါ်ယူ ချန်နယ် စလုပ်မယ်ဆုံးဖြတ်တော့ ကိုယ့်အကြိုက်ဆုံး
ဇတ်လမ်းကို လုပ်မယ်လို့ ဆုံးဖြတ်ရင်း တရက်ကို တပိုင်း စပြီး တင်ဆက်ခဲ့တာပေ့ါ။
ပြီးခဲ့တဲ့ ၆ လ လောက် ကျနော် အနေနဲ့ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ချန်နယ်ကို ပစ်ထားသလို
ဖြစ်နေခဲ့တယ်။ အပြင်ဘ၀က ရုံးအလုပ်တွေ စားဝတ်နေရေးတွေ ရုန်းကန်ရင်း ချန်နယ်အတွက်
ကိုယ်တိုင်ရေးဇတ်လမ်း အတော်များများ မတင်ပေးနိုင်ခဲ့ဘူး။ တခြားလူတွေ ရေးထားတဲ့ ဇတ်လမ်း
အတော်များများကိုဘဲ တင်ဆက်ပေးနေခဲ့တာ။
အခု ဒီလကနေ စပြီးတော့ ချန်နယ်ကို ပြန်ပြီး အာရုံ စိုက်ပါတော့မယ်။ အနည်းဆုံး တလကို
၁၀ ကား လောက်က ကိုရခိုင်ကြီး ရဲ့ လက်ရာ စစ်စစ်တွေ ပြန်ပြီးတော့ မြင်ရပါလိမ့်မယ်။
လတ်တလော စီးရီး အသစ် ရေးနေတာ ၃ ခု ရှိပါတယ်။ စပွိုင်လာလေး နည်းနည်းပေးရရင်
အပိုင်း ဆယ်ပိုင်း ရှိပြီး S နဲ့ စတဲ့ ဇတ်လမ်းတွဲ တခု နောက်လ အစမှာ တင်ဆက်ပါမယ်။
ဒီလ ထဲမှာတော့ MCU ကိုဘဲ ပြီးပြတ်အောင် ဖြတ်ပါမယ်ဗျို့ ....
အားလုံးဘဲ ပျက်စီးယိုးယွင်းနေတဲ့ တိုင်းပြည် ကြီးထဲမှာ အဆင်ပြေအောင် နေကြပါ။
အားမလျော့ကြပါနဲ့ အခွင့်အလမ်းများ ရှိခဲ့ရင် ပြည်ပ ကို ထွက်ပြီး ဘ၀ကို အသစ်က
စဖို့ကြိုးစားပါဗျာ။ ခင်ဗျားတို့ ကျုပ်တို့က အသက် ၃၀ ကျော် ၄၀ နား ကပ်နေပြီ။
ဆိုပေမယ့် နောက်ထပ် မွေးလာမယ့် သားသား မီးမီး တွေ အတွက် လူကို လူလို
ဆက်ဆံတဲ့ တိုင်းပြည် တခုမှာ ထားခဲ့ချင်ကြတာဘဲ မလား ....
စျေးအသက်သာဆုံးနဲ့ နေစရာနေရာလေးက ထိုင်းနိုင်ငံပါ။ သတင်းကောင်းတခုက
လာမယ့် ၂၀၂၅ ခုနှစ် ဆယ်လပိုင်း လောက်မှာ ပန်းရောင်ကဒ် အသစ် ဖွင့်ပေးဖို့
သေချာပါတယ်။ မိတ်ဆွေများအနေနဲ့ ထိုင်းနိုင်ငံကို လာပြီး long turn Visa ကို
စျေးအသက်သာဆုံး ရနိုင်တာ ဒီနည်းလမ်းဘဲ ရှိတာမို့ အသိပေးလိုက်ရပါတယ်။
တကယ်လို့ သိချင်တာများ ရှိရင် t.me/pinkcardXbyS4U တယ်လီဂရုမှာ
လာရောက် မေးမြန်းနိုင်ပါတယ် ခင်ဗျာ.
တော်သေးပြီ။
ခင်မင်ရင်းနှီးစွာဖြင့်
ကိုရခိုင်ကြီး
1 year ago | [YT] | 978
View 66 replies
Series4u
လောင်းကစား ဘာလို့ မကြော်ငြာလဲ ဆိုရင်
ရခိုင်ကြီး ရဲ့ ဘော်ဒါတွေ အားလုံး နီးပါးက
ကွန်ပျူတာ ဖုန်း အတွက် ပရိုဂရမ် ရေးနေကြတဲ့
လူတွေပါ။ ကိုယ်တိုင်လည်း ပရိုဂရမ် ရေးတာနဲ့
ပတ်သက်ပြီး အတော်အသင့် နားလည်ပါတယ်။
လမ်းကြောင်း မတူခဲ့လို့သာ ပရိုဂရမ်မာ မဖြစ်ခဲ့တာ
အဲတော့ ပြောရရင် ခင်ဗျားတို့ ဘယ်လိုဆော့ဆော့
မနိုင်အောင် အထဲမှာ ပရိုဂရမ် တွေ ရေးထားတာကို
သိနေတဲ့ ကျုပ်က ဘယ်လိုလုပ် လက်ခံမှာတုန်း ..
အကြိမ်ရေ များများဆော့လေ ခင်ဗျားကို မနိုင်အောင်
လုပ်လေဘဲ။ ဘယ်အချိန် ခင်ဗျားကို ဆုကြီး ချပေးရမလဲ
ဘယ်အချိန်မှာ အပြောင် သိမ်းရမလဲ ဆိုတာကို စနစ်တကျ
ရေးထားတာ ... ဇဘ ...
တော်သေးဘီ
1 year ago | [YT] | 986
View 50 replies
Load more