Art from WarZone

တော်လှန် + အနုပညာ ✨


Art from WarZone

အမေ
-----

အမေနဲ့ ဖုန်းရတယ်။
ဒီတစ်ခါလည်း “ အမေ” လို့
အရင်မခေါ်နိုင်ခင်
“သား” တဲ့ ။

“ သား၊ နေကောင်းလား” တဲ့
ကျွန်တော်လေ
ဆွံ့အ၊ ကြေကွဲ ၊ မျက်ရည်ဝဲ
ဒီ တစ်ခါလည်း ခရီးလွန်နေဆဲ ။ ။

◾ စိုင်းဝင်းမြင့် (နှစ်သစ်ကူး ပင်လယ်ကဗျာစာအုပ်မှ)

1 year ago | [YT] | 12

Art from WarZone

ပျောက်ဆုံးသွားတဲ့နေ့များ
-----------------------


ပေးတဲ့ဖိနပ်နဲ့တော်အောင်

ခြေထောက်ကိုလှီးရတာထက်

ပေးတဲ့ကမ္ဘာနဲ့တော်အောင်

နှလုံးသားကိုလှီးရတာ

ပိုမဆိုးဘူးလား။


◾ သုခမိန်လှိုင်

1 year ago | [YT] | 7

Art from WarZone

ပလိန်းကိတ်ရဲ့ အရသာ

ကိုယ်နှင့်ဝေးသော နေရောင်ခြည်ကို
ပူတယ်အေးတယ်မပြောလိုတော့။

ကိုယ့်နှလုံးသားက
ကမ္ဘာနှင့်အမျှပွင့်သော ပန်းရနံ့တို့စွဲတယ်
ဘယ်လောက်တန်ဖိုးရှိမလဲ။

ဒီနေ့ တနင်္ဂနွေ
ရေနွေးအိုးတလုံးတည်မယ်
ကဗျာတပုဒ်တွေးမယ်
ထမင်းလည်းတခါပဲစားမယ်
ဒီ့ထက်ချွေတာလို့လည်းမရ
ဒီ့ထက်အကျယ်ချဲ့လို့လည်းမရ။

အလုပ်မရှိ အလုပ်ရှာ
ကိုယ့် သိမ်ငယ်မှု
ကိုယ် ကြုံရသောမျက်လုံးများနဲ့
ကိုယ့်ဘဝဓာတ်

ရေချိုးခါနီး
ကိုယ့်တကိုယ်လုံးကိုယ် အနုစိတ်ပြန်ကြည့်
ဘာဆေးမင်ကြောင်မှ မရှိ။ ။

◾ခင်ဇော်မြင့်

အေးချမ်းစွာ အနားယူပါ ဆရာခင်ဇော်မြင့် 💔

#ပလိန်းကိတ်ရဲ့အရသာ
#ခင်ဇော်မြင့်
#artfromwarzone

1 year ago | [YT] | 14