Subscribers အားလုံးကို အထူးပင် ကျေးဇူးတင်ပါသည်။🙏🙏🙏
ကာယသုခ၊ စိတ္တသုခ ပြည့်စုံကြပါစေ။
လောကီ၊ လောကုတ္တရာ - ပညာဉာဏ်ထွန်းလင်းတောက်ပကြပါစေ။
🙏🙏🙏


@Ei Thwe Et YouTube Channel

#Education

#Knowledge

#FACEBOOK a/c and page -
EI EI THWE Et

#Live

#Economics #LifeSkills

#Dhamma #Buddha'dhamma

#Grade12

#Teachers-educator

#အ‌ထွေထွေဗဟုသုတ


Daw Ei Ei Thwe

✨✨✨ဗောဇ္ဈင်္ဂသုတ် ရွတ်ဖတ်ရခြင်းအကျိုး✨✨✨

ဗောဇ္ဈင်္ဂသုတ်ကို ရွတ်ဖတ်ခြင်းဖြင့် "လူမမာများကို ရောဂါသက်သာစေသည်၊ ပျောက်ကင်းစေနိုင်သည်ဟူ၍ ယုံကြည်ကြသည်။ မူရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကိုတွဲ၍ ရွတ်လျှင် ပို၍ ကောင်းသည်"ဟု ဗုဒ္ဓဘာသာကောင်းတယောက်[၇] စာအုပ်ထဲတွင် ဆိုထားသည်။ ပရိတ် အနက်အဓိပ္ပာယ်တွင်လည်း အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်မဟာကဿပတို့ နေမကောင်း ဖြစ်သည့်အခါ၌ မြတ်စွာဘုရားက ဗောဇ္ဈင်ခုနစ်ပါးတရားကို ဟောပေးပြီး သက်သာရာ ရရှိကြောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင် နေမကောင်းဖြစ်သည့် အခါ၌လည်း စုန္ဒရဟန်းတော်အား ဗောဇ္ဈင်္ဂသုတ်ကို ဟောကြားစေပြီး သက်သာရာ ရရှိခဲ့ကြောင်းများကို ဖွဲ့ဆိုထားသည်။ ထိုကြောင့် သရဏဂုံ သုံးပါးနှင့် ငါးပါးသီလကို ဆောက်တည်၍ အကုသိုလ်ကင်းစင်နေချိန်တွင် ဗောဇ္ဈင်သုတ်ကို ယုံယုံကြည်ကြည်ရွတ်ဖတ်ပါက ဝေဒနာခံစားနေရသူများ ရောဂါ သက်သာပျောက်ကင်းနိုင်သည်ဟု မြန်မာဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ကြသည်။

ဗောဇ္ဈင်္ဂသုတ် ပါဠိတော်✅✅✅

၁။ သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ ဝိနာသနေ။ သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရသေနာပမဒ္ဒနေ။
၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။ အဇာတိ မဇရာဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။
၃။ ဧဝမာဒိ ဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။ ဩသဓဉ္စ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။
၄။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ဝိစယော တထာ။ ဝီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ' ပရေ။
၅။ သမာဓုပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ' တေ သဗ္ဗဒဿိနာ။ မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။
၆။ သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။
၇။ ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။ ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။
၈။ တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံသု တင်္ခဏေ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။
၉။ ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာ' ဘိပီဠိတော။ စုန္ဒတ္ထေရေန တံယေဝ၊ ဘဏာပေတွာန သာဒရံ။
၁၀။ သမ္မောဒိတွာန အာဗာဓာ၊ တမှာ ဝုဋ္ဌာသိ ဌာနသော။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။
၁၁။ ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။ မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ' နုပ္ပတ္တိဓမ္မတံ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗဒါ။
ဗောဇ္ဈင်္ဂသုတ္တံ နိဋ္ဌိတံ။

**************************

🍀ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗောဇ္ဈင်ခုနစ်ပါးသည် အသင်္ခတဂါမိမဂ္ဂဖြစ်ပုံ၊ သာဝကတို့အား အစီးအပွားဖြင့် ချီးမြှောက်မှုဖြင့် မြတ်စွာဘုရားသည် ချီးမြှောက်တော်မူခြင်းကို အကြောင်းပြု၍ ငါဘုရားသည် သင်တို့အား (ဟောကြားသမှုပြုအပ်ပေပြီ၊ ရဟန်းတို့ ရုက္ခမူလ၊ သုညာဂါရတို့၌ (ကိလေသာတို့ကို) ရှို့မြိုက်ကုန်လော့၊ မေ့မေ့လျော့လျော့မနေကြကုန်လင့်၊ နောင်တတစ်ဖန် ပူပန်မှုကို မဖြစ်စေကြကုန်လင့်။ ဤသည်ကား သင်တို့အား အဖန်ဖန် အထပ်ထပ် ဆုံးမတော်မူခြင်းပေတည်းဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

🍀ဘုရားရှင် ကောသလနိုင်ငံ သီတင်းသုံးတော်မူနေစဉ် “အာနာပါနဿတိ နှင့် ဗောဇ္ဈင်ခုနစ်ပါးကို ဘာဝိတ၊ ဗဟုလီကတဖြစ်အောင် ပွားများလျှင် မဟပ္ဖလ၊ မဟာ နိသံသဖြစ်၏”ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

🍀ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ကဏှ၊ ကဏှဝိပါက၊ သုက္က၊ သုက္ကဝိပါက၊ ကဏှသုက္က၊ ကဏှသုက္ကဝိပါက၊ အကဏှအသုက္က၊ အကဏှ အသုက္ကဝိပါက ကမ္မက္ခယ-ဟူသော ကံလေးပါး၊ ဗောဇ္ဈင်ခုနှစ်ပါးသည် အကဏှ၊ အသုက္က၊ အကဏှ အသုက္ကဝိပါက ကမ္မက္ခယအကျိုးငှာဖြစ်သော ကံပေတည်းဟု တစ်ခုစီ တစ်ခုစီဝေဖန်၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

🍀ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အပရိဟာနိက ဖြစ်သော ဗောဇ္ဈင်ခုနစ်ပါးကို ပွားများနေသော ရဟန်းတို့အား တိုးတက်ကြီးပွားမည် သာဖြစ်ပုံ ဆုတ်ယုတ်ခြင်း မဖြစ်နိုင်ပုံကို တစ်ပါးစီ တစ်ပါးစီ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

🍀 ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် ဝိဇ္ဇာသုံးပါး ပြီးပြည့်စုံပုံကို အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
share.google/wEsh466opWhXxOwOS

ကိုးကား

web.archive.org/web/20200812184350/http://drnandam…

မန္တလေးမြို့ မစိုးရိမ် နာယကစာချအဖွဲ့ (၁၉၈၂)။ တိပိဋက ပါဠိ-မြန်မာအဘိဓာန်၊ ပ-ဝဂ်၊ အတွဲ-၁၅။ စာ ၃၂၀။

ဒေါက်တာ နန္ဒမာလာဘိဝံသ (ဧပြီ၊ ၂၀၁၁)။ ‪ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ်‬။ ရန်ကုန်: ဦးဝင်းနိုင် (သာသနာရေးဦးစီးဌာန ညွှန်မှူး)။ p. စာ ၃၇၊၃၈။ 12 August 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 17 May 2020 တွင် ပြန်စစ်ပြီး။

သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန (၂၀၁၅)။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်။ စာ ၃၀၀-၃၀၂။
-သံ၊၂၊၅၃၆။ သံ၊မြန်၊၂၊၅၂၉။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၉-အသင်္ခတသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ ဒသမသုတ်။
-သံ၊၃၊၂၇၂။ သံ၊မြန်၊၃၊၂၇၄။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၀-အာနာပါနသံယုတ္တ၊ ၁-ဧကဓမ္မဝဂ္ဂ၊ ဒုတိယသုတ်။
-အံ၊၁၊၅၅၉။ အံ၊မြန်၊၁၊၅၇၄။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ (၂၄) ၄-ကမ္မဝဂ္ဂ၊ သတ္တမသုတ်။
-အံ၊၂၊၄၁၄။ အံ၊မြန်၊၂၊၅၂၄။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၃-ဝဇ္ဇိသတ္တကဝဂ္ဂ၊ ဆဋ္ဌသုတ်။
-အံ၊၃၊၄၂၇။ အံ၊မြန်၊၃၊၄၁၉။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၁) ၁-သမဏသညာဝဂ္ဂ၊ ဒုတိယသုတ်။
ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ

#EiEiThwe (copytext)
ပြန်လည်ကူးယူမျှဝေ၍ ကုသိုလ်ပြုပါသည်။

22 hours ago | [YT] | 5

Daw Ei Ei Thwe

ဗောဇ္ဈင်္ဂသုတ်
ဗောဇ္ဈင်္ဂသုတ်(၅)သုတ် ရှိပါသည်။

ဗောဇ္ဈင်္ဂသုတ်သည် သံယုတ်ပါဠိတော်၌ပါရှိသော သုတ္တံတစ်ခုဖြစ်၍ မြတ်ဗုဒ္ဓကိုယ်တိုင် ဟောကြားတော်မူခဲ့သည်။ ပရိတ်ကြီး (၁၁)သုတ်ဟု လူသိများသော ပရိတ်ကြီးပါဠိတော်တွင် ဤသုတ္တံကို အခြေခံ၍ ဂါထာများနှင့် သစ္စာပြုပုံကိုသာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ ပရိတ်ကြီးလာ ဗောဇ္ဈင်္ဂသုတ်သည် မူရင်းမဟုတ်ဘဲ နေ့စဉ်ရွတ်ဖတ်ပူဇော်သောအခါ အဆင်ပြေစေရန် စီရင်ရေးသားထားသော သုတ်ဖြစ်သည်။ [၁]‬

ဗောဇ္ဈင်္ဂသုတ်တွင် ဗောဇ္ဈင်ခုနစ်ပါး မြတ်တရား၏ အကျိုးကျေးဇူးတို့ကို ဟောပြထားသည်။ "သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်"ဟူ၍ မြတ်စွာဘုရားက ထုတ်ဖော်ပြောကြားပေ၏။ "ဗောဇ္ဈင်ခုနစ်ပါးသည် ကျင့်သုံး၊ ပွားများရမည့်တရားဖြစ်၍ သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။"ဟု ဤသုတ်တွင် ပြဆိုထားသည်။

တိပိဋက ပါဠိ-မြန်မာအဘိဓာန်၌ ဤသို့ဖွင့်ဆိုသည်။ “ဗောဓိ+အင်္ဂ။ သတိ၊ ပညာ စသော ၇ ပါး အပေါင်းအစုသည် သစ္စာ ၄-ပါး သိရာ၌လည်းကောင်း၊ ကိလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ
နိုးရာ၌လည်းကောင်း၊ နိဗ္ဗာန်ကို
မျက်မှောက်ပြုရာ၌လည်းကောင်း အကြောင်းတရားများ ဖြစ်သည်။ ထိုကြောင့် ဗောဓိ မည်၏၊ ထို အပေါင်းအစုဖြစ်သော ဗောဓိ၏အစိတ်အပိုင်း
(အင်္ဂ)သည် ဗောဇ္ဈင်္ဂမည်၏။ တစ်နည်းအားဖြင့် သစ္စာ ၄-ပါး သိတတ်သော၊ ကိလေသာအစဉ်ဟူသော အိပ်ပျော်ရာမှ နိုးတတ်သော၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုတတ်သော အရိယာသာဝကသည် ဆိုအပ်ပြီးသော ဂုဏ်သတ္တိ ကြောင့် ဗောဓိမည်၏၊ ထိုအရိယာသာဝကဟူသော ဗောဓိ၏ဖြစ်ကြောင်း တရားတို့ သည် (ဤအရာ၌ အင်္ဂသဒ္ဒါအကြောင်းဟော ဖြစ်၏) ဗောဇ္ဈင်္ဂမည်၏။”

✅ဗောဇ္ဈင်္ဂသုတ်ပါဠိတော် (မြန်မာပြန်)
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်၏။ ထကြွ သောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။

၂။ သတ္တဝါတို့သည် ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌသိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေနေရသည့်ဘေး၊ အိုရသည့်ဘေး၊ နာရသည့်ဘေး၊ သေရသည့်ဘေးတို့ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။
၃။ ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့်သာမက အခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဈင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
၄။ ၅။ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဗောဇ္ဈင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ပြောကြားပေ၏၊ ထိုဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွားများအပ်ကုန်၏၊ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။
၆။ ဤဗောဇ္ဈင်ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည်ရှိသော် တရားထူး တရားမြတ်တို့ကိုလည်း တိုးတက်သိစေနိုင်သည့် အကျိုးရှိ၏၊ ကိလေသာ ငြိမ်းအေးခြင်း အကျိုးလည်း ရှိ၏၊ အရဟတ္တမဂ်ကို ရရှိခြင်းအကျိုးလည်း ရှိ၏။ ဤသို့မှန်သောစကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။
၇။ အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပမထေရ် နှစ်ပါးအား ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။
၈။ ထိုမထေရ် နှစ်ပါးသည် ဗောဇ္ဈင်တရားတော်ကို လွန်စွာ နှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။
၉။ အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏၊ ထိုအခါ စုန္ဒမထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဈင်တရား ဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။
၁၀။ ဗောဇ္ဈင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေသည်။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။
၁၁။ မဟာကဿပထေရ်၊ မဟာမောဂ္ဂလာန်ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ်မဖြစ်နိုင်ကြတော့ပေ။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။
ဗောဇ္ဈင်္ဂသုတ် ပြီးစီးပါပြီ။✅

✨လက်သည်းကွင်းအတွင်းရှိ စကားလုံးများသည် မူရင်းစာအုပ်တွင် မပါရှိသော်လည်း ဖခင်အတွက် ပီတ၊ မိခင်အတွက် မာတာ၊ မိမိကိုယ်တိုင်အတွက် မေ စသဖြင့်ထည့်သွင်း ရွတ်ဆိုနိုင်သည်။✨
share.google/7PytHladyCQty71cO

22 hours ago | [YT] | 4

Daw Ei Ei Thwe

မောရသုတ် ပါဠိတော် 🍀🍀🍀
(ဘေးရန်ကင်း ဂါထာ)

၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊
မဟာသတ္တံ ဝနေစရာ။
၂။ စိရဿံ ဝါယမန္တာပိ၊
နေဝ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တ န္တိ အက္ခာတံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ
ပထဝိပ္ပဘာသံ၊
တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ၊
၄။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော စရတိ ဧသနာ။
၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ
ပထဝိပ္ပဘာသံ၊
တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ဝါသ မကပ္ပယိ။
မောရသုတ္တံ နိဋ္ဌိတံ။


မောရသုတ်တော်မှာ ဇာတကပါဠိတော်၊ ဒုကနိပါတ်၊ မောရဇာတက မှလာသော ဘုရားအလောင်းတော် ရွှေဥဒေါင်းမင်းဘဝက ရွတ်ဆိုပူဇော်ခဲ့သည့် ဘုရားဂုဏ်တော်၊ သစ္စာလေးပါးဂုဏ်တော်နှင့် ရဟန္တာဂုဏ်တော်တို့ကို ချီးကျူးကော်ရော်ပူဇော်သော ဂါထာဖြစ်သည်။ ဘုရားအလောင်းရွှေဥဒေါင်းမင်းသည် ဤဂါထာကို နေထွက်နေဝင် နေ့စဉ်ရွတ်ဖတ်ပူဇော်ခဲ့ရာ လာရောက်ဖမ်းယူရန် ကြိုးစားခဲ့သော မုဆိုးများ မျိုးဆက် (၇) ဆက်တိုင်တိုင် ရွှေဥဒေါင်းမင်းကို ဖမ်းယူနိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့ ဘုရားအလောင်းတော်ရွှေဥဒေါင်းမင်း ဤဂါထာတော်ကို ရွတ်ဖတ်ပူဇော်သဖြင့် အဖမ်းအဆီးအနှောင်အဖွဲ့ မှ လွတ်မြောက်ခဲ့ခြင်းကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များက မိမိတို့သည်လည်း အဖမ်းအဆီး အနှောင်အဖွဲ့ ဘေးရန်အမျိုးမျိုးမှ လွတ်မြောက်ပါစေခြင်း အကျိုးငှါ ဤ မောရသုတ်ဂါထာတော်ကို ပရိတ်တော်အဖြစ်ရွတ်ဖတ် ပူဇော်ကြသည်။ ဤ ပရိတ်တော်သည် ဗုဒ္ဓဘာသာဝင်များ ရွတ်ဖတ်ပူဇော်လေ့ရှိကြသည့် ပရိတ်ကြီး (၁၁) သုတ်တွင် (၅) သုတ်မြောက် ပရိတ်တော်ဖြစ်သည်။

မောရသုတ် (ပါဠိ)

#EiEiThwe (copytext)
ပြန်လည်ကူးယူမျှဝေ၍ ကုသိုလ်ပြုပါသည်။🙏🙏🙏

share.google/zMv9FrvYAfxyuCUez

1 day ago | [YT] | 2

Daw Ei Ei Thwe

🍀မောရသုတ် ပရိတ်တော် (မြန်မာပြန်)🍀

၁။ သဗ္ဗညုတ ဉာဏ်တော်၏ အခြေခံ အဆောက်အဦးဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ ဖြစ်တော်မူခိုက် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းအောင် စီစဉ်ထားလေသည်။
၂။ မုဆိုးတို့သည် ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာကြိုးစားခဲ့ကြသော်လည်း ဖမ်း၍မရနိုင်ကြကုန်။ ဤမောရပရိတ်ကို မြတ်သောမန္တရား ဟူ၍ပင် မြတ်စွာဘုရား ဟောကြားခဲ့၏။ ယခုအခါ ဤမောရ ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။
၃။ နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်း ဖြစ်၏။ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏။ ရွှေ အဆင်းနှင့်တူသော အဆင်းလည်းရှိ၏။ မြေပြင်တခုလုံးကိုထွန်းပသော အလင်းရောင်လည်းရှိ၏။ ယခု ဤနေမင်းသည် တက်လတ်ပေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏။ ရိုသေပါ၏။ ယနေ့တနေ့လုံး အသင်နေမင်း၏အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။
၄။ မြတ်စွာဘုရားတို့ မည်သည်မှာ မကောင်းမှု ဟူသမျှကို အပပြုကုန်ပြီဖြစ်၏။ တရားအားလုံးကိုသိမြင်တော်မူကြပြီး ဖြစ်၏။ ထိုဘုရားရှင်တို့အား ကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့ကလည်း ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏။ ကိလေသာမှ ကင်းလွတ်ကုန်ပြီသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင်ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြုပြီးမှ အစာရှာထွက်လေ၏။
၅။ နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏။ မြတ်သောမင်းလည်းဖြစ်၏။ ရွှေ အဆင်းအရောင်လည်း ရှိ၏။ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏။ ဤနေမင်းသည် ယခုဝင်လေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ တောက်ပသော အရောင်ရှိသော ရှင်နေမင်းကို ဦးညွှတ်ရှိခိုးပါ၏။ ယခု တညဉ့်ပတ်လုံး အရှင်နေမင်း၏ အစောင့်အရှောက်ခံယူ၍ ကျွန်ုပ် နေပါအံ့။
၆။ မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား ဦးညွှတ်ရှိခိုးပါ၏ ။ ထိုဘုရားရှင်တို့သည် ကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့၏ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်းကောင်း၊ ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ အရဟတ္တဖိုလ် တရားအားလည်းကောင်း ကျွန်ုပ် ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင် ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြု၍ ညဉ့်အခါ၌ နေလေ၏။

ပရိတ်တော် ရွတ်ဖတ်ရခြင်း၏အကျိုးတရား ✅✅✅
ဘေးရန်အပေါင်း ကင်းစင်စေသည်။ သူတပါးတို့ မကောင်းကြံခြင်းမှ ကာကွယ်သည်။ အန္တရာယ်ပြုရန် တစုံတယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ ဖမ်းဆီးမှု၊ အကောက်ကြံမှု၊ လုပ်ကြံသတ်ဖြတ်မှုတို့ မခံရအောင်လည်း
စွမ်းပေသည်။

ကိုးကား
၁။ အရှင်ဝါသေဋ္ဌာဘိဝံသ၊ ပရိတ်ကြီးနိဿယသစ် (ရန်ကုန်၊ မိခင်ဧရာဝတီ၊ ၁၉၉၉)၊ ၄၂၂-၃၂။

#EiEiThwe (copytext)
ပြန်လည်ကူးယူမျှဝေ၍ ကုသိုလ်ပြုပါသည်။ 🙏🙏🙏

1 day ago | [YT] | 6

Daw Ei Ei Thwe

ပညာရခြင်း၊ ပညာတိုးပွားခြင်း အကြောင်းတရား✅✅✅

ပညာတိုးပွားခြင်းအကြောင်းတို့ကို အမျိုးမျိုး မိန့်ဆိုကြသည်။
✨နေက္ခမ္မ သင်္ကပ္ပ
✨အဗျာပါဒသင်္ကပ္ပ
✨အဝိဟိံသာသင်္ကပ္ပ ဟု ၃-ပါး။

၁။ ကောင်းသော တရားတို့၌
မမှိတ် မသုန် - ယုံကြည်ခြင်း သဒ္ဓါ၊
၂။ ပညာရှိတို့ထံ ဆည်းကပ်နာကြားခြင်း - သုဿုသာ
၃။ မမေ့မလျော့ခြင်း - အပ္ပမာဒ၊
၄။ စူးစမ်း ဆင်ခြင်ခြင်း - ဝိစက္ခဏာဟု (၄)ပါး။


၁။ သူတော်ကောင်းကို မှီဝဲခြင်း,
၂။ သူတော်ကောင်း တရားကို နာခြင်း,
၃။ အသင့်အတင့် နှလုံးသွင်းခြင်း,
၄။ လောကုတ္တရာ တရားအားလျော်စွာကျင့်ခြင်း ဟု ၄-ပါး။


၁။ အလေး ပြုအပ်သော ဆရာသမားတို့ အပေါ်၌ ရှက်ကြောက် ရိုသေမြတ်နိုးမှု အားကြီးခြင်း,
၂။ အခါအခွင့်သင့်တိုင်း ဆရာသမားတို့ထံ ချဉ်းကပ် မေးမြန်းခြင်း,
၃။ ကိုယ်စိတ် ၂-ပါး ဆိတ်ငြိမ်စွာနေခြင်း,
၄။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း,
၅။ အစ, အလယ်, အဆုံး ကောင်းခြင်း ၃-ပါးရှိသော တရား(ကျမ်းဂန်)ကို
သင်မှတ်သားခြင်း,
၆။ အကုသိုလ်ကို ပယ်၍ ကုသိုလ် တရား ပွားများရန် ကြိုးပမ်းအားထုတ်ခြင်း,
၇။ အကျိုးမရှိသော စကားကို မပြောဆိုဘဲ အကျိုးရှိသောစကားကို ပြောဆိုခြင်း,
၈။ ခန္ဓာ စသော တရားတို့၌ အဖြစ်အပျက်ကို အဖန်ဖန် ရှုမှတ်ခြင်းဟု ၈-ပါး။ ☘️☘️☘️

ပညာရကြောင်း တရားတို့ကို ဉာဏ-ပုဒ်, ပညာပဋိလာဘကာရဏ-ပုဒ်တို့၌ ကြည့်။

2 days ago | [YT] | 7

Daw Ei Ei Thwe

💐ပညာ💐

ပညာသည် အသိဉာဏ် ပညာဟူသော အနက်သာမညကို ဟောသော်လည်း ထိုပုဒ်၏အရ ဒေသနာဉာဏ်၊ ဝိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ၊ အရဟတ္တမဂ်ပညာ၊ အရဟတ္တဖိုလ်ပညာ၊ လောကီလောကုတ္တရာပညာ စသည်တို့ကို အရာအားလျော်စွာ ကောက်ယူရသည်။

အထူးထူးအပြားပြားအားဖြင့်-ဝေဘန်-ပိုင်းခြား—စဉ်းစား ဆင်ခြင်-သိမြင်တတ်သော သဘောတရား၊ အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာ၊ ပညိန္ဒြေ စေတသိက်။ 

ပညာသည် အကောင်းအဆိုး အကြောင်းအကျိုးအမျိုးမျိုးသော သဘောတရားတို့ကို အထူးထူး အပြားပြားအားဖြင့် ထိုးထွင်း သိမြင်ခြင်း လက္ခဏာရှိသည်။

ဆီးမီးကဲ့သို့ အာရုံ၏ သဘောမှန်ကို ထွန်းပြခြင်းကိစ္စရှိသည်။

ယင်းပညာသည် အသေးစားဖြစ်သော လူမှုကိစ္စမှစ၍ သစ္စာ ၄-ပါး တရားတိုင်အောင် မိမိအစွမ်းသတ္တိအားလျော်စွာ အမျိုးမျိုး သိစွမ်းနိုင်သည်။ အဋ္ဌကထာတို့၌ ပညာ၏ ဗျုပ္ပတ်ကို ဖွင့်ပြရာဝယ် သစ္စာ ၄-ပါးတို့ကို အပြားအားဖြင့် သိတတ်သောကြောင့် ပညာမည်၏ဟု မိန့်ဆိုခြင်းကား မဟာဝေဒလ္လသုတ်စသည်နှင့်အညီ ဥက္ကဋ္ဌနည်းအားဖြင့် ဆိုခြင်းသာဖြစ်သည်။ ထို့ကြောင့် ဝိဘင်းပါဠိတော်၌ အသက်မွေးကြောင်းဖြစ်သည့် လယ်လုပ်မှု ကုန်သွယ်မှု စသော ကမ္မာယတန၊ ယက်ကန်းအတတ် အိုးထိန်းသည်အတတ် စသော သိပ္ပါယတန၊ မြွေဆိပ်ချမန္တန် စသော ဝိဇ္ဇာဌာနတို့၌ တတ်သိနားလည်မှုကိုလည်း ပညာ ဟု ဟောတော်မူသည်။


ကျမ်းဂန်တို့၌ ပညာ၏ ဂုဏ်ကျေးဇူးကို အမျိုးမျိုး ချီးကျူးမိန့်ဆိုကြသည်။ သတ္တဝါတို့တွင် ဘုရားရှင်သည် အမြတ်ဆုံး ဖြစ်သကဲ့သို့ ရုပ်နာမ်သင်္ခါရတို့တွင် ပညာသည် အမြတ်ဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပညာပြီးမြောက်လျှင် အပြစ်မရှိသော တရားအားလုံး ပြီးမြောက်သောကြောင့်တည်း။

အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်သောတရားတို့တွင် ပညာသည် အမြတ်ဆုံးဖြစ်၍ ကြွင်းတရားတို့သည် ပညာ၏အခြံအရံများဖြစ်သည်။

အသက်ရှင်နေသူ သတ္တဝါအပေါင်းတွင် ပညာဖြင့် အသက်ရှင်သူသည် အမြတ်ဆုံးဖြစ်သည်။

ပညာရှိသော သူသည် ဥစ္စာပစ္စည်း ကုန်ခန်းသွားသော်လည်း အပြစ်ကင်းသော အသက်မွေးမှုဖြင့် ကြာမြင့်စွာ အသက်မွေးနိုင်သည်၊ ပညာမရှိသော သူကား ဥစ္စာပစ္စည်း ရှိငြားသော်လည်း ပညာမရသဖြင့် အသက် မမွေးနိုင်။

အမျိုးမြတ်သော မင်းသားပင်ဖြစ်သော်လည်း မင်း အဖြစ်ကို ရပြီးနောက် ပညာမရှိလျှင် မင်းစည်းစိမ်ဖြင့် ကြာမြင့်စွာ အသက်မရှည်နိုင်။

ပညာကို ရခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်သည်။

ပညာရှိသောသူသည် မျက်စိအမြင်နှင့် ပြည့်စုံသူမည်၏။ ပညာမျက်စိမရှိသူကား အကန်း သာတည်း။

များစွာသော လူအပေါင်းသည် ပညာမျက်စိ မရှိသောကြောင့် အကန်းသာတည်း၊ ထိုလူအပေါင်းတွင် အနည်းငယ်သော လူသည်သာ ပညာမျက်စိရှိပေသည်။

ဥစ္စာဖြင့် အသက်ရှည်မှုကို မရနိုင်၊
အိုခြင်းတရားကို မလွန်မြောက်နိုင်၊
ဥစ္စာရှိသူ ဥစ္စာမဲ့သူ၊ ပညာရှိသူ ပညာမဲ့သူအားလုံး သေကြေ ပျက်စီးရသည်သာ ဖြစ်သည်။
ပညာမဲ့သူ လူမိုက်သည်
နှလုံးမသာယာမှုဖြင့် တုန်လှုပ်
တွေဝေသည်။
ပညာရှိသူကား မတုန်လှုပ် မတွေဝေ။ ထို့ကြောင့်
လောက၌ ပညာသည်
ဥစ္စာထက် မြတ်သည်။

share.google/evTZVpOXpBGE2eiAQ

#EET copytext
#ပြန်လည်ကူးယူမျှဝေပါသည်

2 days ago | [YT] | 3

Daw Ei Ei Thwe

Peace for all.
Peace for everyone.
Peace for the world.
Peace for the Universe.
Love, kindness and compassion for peace.
Days with pure love make us peaceful.
Peace depends on yourself with 100%responsibility.


May all of you be happier, healthier and more peaceful in life.
Keep your body and mind pure.

#EET
#2026
#Yangon
#February

1 week ago (edited) | [YT] | 3

Daw Ei Ei Thwe

ယုံကြည်မှုသဒ္ဓါရှိမှ
ကောင်းတဲ့အလုပ်တွေကို
ကောင်းတဲ့စိတ်‌စေတနာနဲ့
ကောင်းစွာ အားထုတ်
လုပ်‌ဆောင်ဖြစ်နေမယ်။
ကံ၊ ကံ၏အကျိုးတရားကို
ယုံကြည်ကြရမယ်။
ကောင်းတဲ့အကြောင်းတရားကို
ဖန်တီးပြုလုပ်သူရဲ့စေတနာကံကြောင့်
အကျိုးတရားကောင်းတွေကို
ရရှိလာစေတယ်။
ပစ္စည်း (အကြောင်းတရား) နှင့်
ပစ္စယုပ္ပန်တရား (အကျိုးတရား)တို့သည်
ဆက်စပ်လျက်ရှိကြသည်။
အတိတ်ဘဝမှာ ဘာတွေလုပ်ခဲ့သလဲ
မသိမြင်နိုင်ပေမယ့်
အတိတ်ဘဝအကြောင်းရဲ့
အကျိုးတရားကိုလည်း
ရရှိခံစားနေကြရတယ်။
ပစ္စုပ္ပန်မှာ
ကိုယ် ဘာတွေ လုပ်သလဲဆိုတာကို
ကိုယ်တိုင် ကောင်းစွာ သိရှိကြလေတယ်။
ကိုယ်လုပ်တဲ့ စေတနာကံအကြောင်းတရားအတိုင်း
အနာဂတ်မှာ
မလွဲဧကန် ရရှိခံစားကြရပါလိမ့်မယ်။
ဒါကြောင့်
ကိုယ့်ပစ္စုပ္ပန်မှာသာ
ကောင်းအောင် တည်ဆောက်နေထိုင်ပါက
အနာဂတ်ဘဝမှာလည်း
အရာရာ လှပစွာ နေနိုင်ပါလိမ့်မယ်။

ဖြစ်-တည်-ပျက် သဘောကိုတော့
ဘယ်သူမှ မလွန်ဆန်နိုင်တာမို့
အချိန်တန်ရင် ပျက်ဆီးကြရမယ့်
တစ်ဘဝ တစ်ခဏတာ
လူ့ဘဝ ပိုင်ဆိုင်မှုလေးရယ်ပါ။

လောကဓံကို ကြံ့ကြံ့ခံနိုင်ကြရပါမယ်။
ပြုံးပြုံးလေးနဲ့ ရင်ဆိုင်နိုင်ကြရပါမယ်။
အတ္တမာန်မာနတွေကို
ဖြေလျှော့ချထားကြရပါမယ်။

အစစအရာရာ အဆင်ပြေကြပါစေ။
🙏🙏🙏
✨✨✨✨✨✨✨✨✨✨✨
#EET
#2026
#February
#Yangon
#Myanmar

1 week ago (edited) | [YT] | 20

Daw Ei Ei Thwe

လောဘကြီးလွန်းရင်
ဘယ်သူ့မှ မထောက်ထား
မညှာတာတော့ဘူး။
ဒေါသကြီးလွန်းရင်
ဘယ်သူ့ကိုမဆို အချိန်အခါမရွေး
အန္တရာယ်ပြုနိုင်တယ်။
မောဟကြီးလွန်းရင်
ဘယ်သူ့ ဆိုဆုံးမစကားမှ
နားမဝင်တော့ဘူး။
အခြားသူက ဘယ်လိုပြောပြော
လက်မခံတတ်တော့ဘူး။
ထင်ရာစိုင်းတတ်တယ်။
မောဟကြီးသူဟာ
လောဘရော ဒေါသရော
အချိန်မရွေး အားကြီးအောင်
ပြုနိုင်တယ်။ ဆင်ခြင်တုံတရား
မရှိတော့ဘူး။
မောဟကြီးသူရဲ့
ဆက်ဆံရေးကိုလည်း
သတိကြီးစွာ ရှိထားသင့်တယ်။
မောဟ၊ လောဘ၊ ဒေါသအဆိပ်အတောက်နဲ့သူ
ရှောင်ကြဉ်သင့်သူကို
ရှောင်ရှားရမယ်။


အရာရာ ကံတရားကိုချည်း
မဖွဲ့ဆိုသင့်ဘူး။

#ကိုယ်ကိုယ်တိုင်လည်းကောင်းပါစေ
#ဝန်းကျင်ကောင်းမှာလည်းရှိပါစေ

#EET
#2026
#January

3 weeks ago | [YT] | 40

Daw Ei Ei Thwe

ဘုံဘဝတစ်ခုမှာ
လောကဓံကို ကြံ့ကြံ့ခံပြီး
လှလှပပ ရှင်သန်
ပွင့်လန်းနေနိုင်ဖို့ဆိုတာ
တော်တော်ကို မလွယ်ကူလှဘူး။
ပင်ကိုယ်ဓာတ်ခံဗီဇ
မျိုးစေ့ကလည်း ကောင်းရမယ်။
နေပူပူ၊ မိုးရွာရွာ၊ လေတိုက်တိုက်၊
ရေ ရရ မရရ၊
မြေဆီလွှာကောင်းကောင်း၊
မကောင်းကောင်း
သဘာဝရဲ့လောကဓံကို
အပြုံးမပျက် မတုန်မလှုပ်
ရင်ဆိုင်နိုင်ရမယ်။
အခြားသူတွေ (လူ၊ တိရစ္ဆာန်စသည်) ရဲ့‌
နှောင့်ယှက်မှုအန္တရာယ်မှလည်း
ကင်း‌ဝေးရမယ်။
သဲကန္တာရမှာ ဖြစ်နေရဦးတော့
ရှင်သန်နေရမယ်။
လှလှပပ ရှင်သန်ပွင့်လန်းချင်တဲ့
စိတ်လည်း ရှိရမယ်။
ဘဝကို အရှုံးမပေးတဲ့သတ္တိလည်း
ရှိနေရမယ်။
အကြောင်းအကျိုးညီညွတ်ပြီး
အလျဉ်းသင့်သလို
ရေလေး ရတဲ့အခါ အားယူကာ
လန်းဆန်းလာလိုက်။
သဘာဝ နေရောင်ခြည်နဲ့ လေပြည်လေညင်းရရှိလာတဲ့အခါ
အားတက်သရော ကြီးထွားလာလိုက်။
မိုး လာတဲ့အခါလည်း
ဝမ်းသာရွှင်မြူးလိုက်နဲ့ပေါ့။
ဂရုတစိုက် ရေလောင်းပေါင်းသင်
ပြုစုပျိုးထောင်ပေးသူ မရှိလည်း
ကံတရားရဲ့ မျက်နှာ‌သာပေးမှုနဲ့
ရှင်သန်နေတယ်။
ကံတရား၏မျက်နှာ‌ပေးမှုဆိုတာ အမြဲတမ်း မဟုတ်လေဘူး။
အားငယ်လည်း ခဏ။
အားတက်လည်း ခဏ။
တဒင်္ဂပါပဲ။
လောကဓံ၏ရိုက်ခတ်မှုကို
အဆုံးစွန်ထိ တောင့်ခံနိုင်ရမယ်။
ဒါမှ အချိန်အတိုင်းအတာတစ်ခုအထိ
လှလှပပ ပွင့်လန်းနေနိုင်မှာ ဖြစ်တယ်။


အရာရာဟာ ခဏတာပါပဲ။
ဖြစ်-တည်-ပျက်သဘော
လက်ခံထားကြရမှာပါ။
ဘယ်အရာမှ ဘယ်ဘုံဘဝမှာမှ
ဖြစ်ရတာ မလွယ်ကူပါဘူး။
တည်တံ့အောင် ကြိုးစားရတာလည်း
လွယ်လင့်တကူ ဖြစ်မနေပါဘူး။
ပျက်ဆီးဖို့ကတော့
လက်ဖျစ်တတွက်
အချိန်ခဏလေးရယ်ပါ။
မမြဲခြင်းသဘောကို လက်ခံနိုင်ဖို့
ကြိုးစားကြည့်ပါ။
ဘယ်အရာကိုမှ မတွယ်တာမိဖို့
ကြိုးစားကြည့်ပါ။

#EET
#2026January

4 weeks ago | [YT] | 36