Connecting Myanmar and the World through Martial Arts and Language.

Instagram: www.instagram.com/bruce_aung33/
Facebook: web.facebook.com/BruceAungMP

For business inquiries: bruceaung.pm@gmail.com
For collaboration, shoot me a text on IG.


Bruce Aung

Van နှင့် Pantoja 2 ယောက်လုံး ဝိတ်ရပါပြီ💪🏻🇲🇲 vs. 🇧🇷

20 hours ago | [YT] | 807

Bruce Aung

Tom Aspinall ကတော့ ခါးပါတ်ကြီးကို စွန့်လွှတ်လိုက်ပါပြီ။ သူ့မျက်စိက အခုထိပြည့်ပြည့်ဝဝပြန်မကောင်းသေးတာပါ။ ခွဲစိတ်မှုတွေလုပ်များစွာလုပ်ခဲ့ပြီး ဆရာဝန်က ပွဲထိုးဖို့ခွင့်မပြုသေးတာပါ။

ဘယ်ချိန်ပြန်ထိုးနိုင်မလဲ ဆိုတာလည်း မသိရသေးပါ။ အဲတော့ သူ့ဒဏ်ရာကြောင့် ဝိတ်တန်းရပ်တန့်နေတာမျိုးမဖြစ်စေချင်ုလို့ ကျန်တဲ့သူတွေ ခါးပါတ်လုလို့ရအောင် စွန့်လွှတ်လိုက်တာပါ လို့ ပြောပါတယ်။

လောလောဆယ် (ကျတော်စစ်ဆေးကြည့်သလောက်တော့) UFC က Interim Champion, Cyril Gane ကို ချန်ပီယံအဖြစ် သတ်မှတ်လိုက်ပြီ (ထင်ပါတယ)။ သူ့ရဲ့ Wikipedia page မှာတော့ UFC Heavyweight Champion လို့ ပြောင်းလဲရေးထားပါတယ် (Interim Champion လို့မရေးတော့ပါဘူး)။

UFC က မကြာခင် တရားဝင်ထုတ်ပြန်ချက်ကြေငြာမယ်ထင်ပါတယ်။ အခုတော့ Tom Aspinall ကိုယ်တိုင်က အရင်တင်လာတာပါ။

5 days ago | [YT] | 351

Bruce Aung

We have hit 20k!!!🎉🎉 Thank you each and everyone of you! Subscriber အယောက်တိုင်းကို ကျေးဇူးတင်ပါတယ်ဗျာ်။ နောက်ထပ် မြန်မာအောင်ပွဲများစွာသို့...💪😅

It's only the beginning - literally. 😅

6 days ago | [YT] | 263

Bruce Aung

သန်ဘက်ခါ, ၁၃ ရက်မှာ Ryan Garcia vs. Conor Benn တို့ရဲ့ Boxing ပွဲကြီးရှိပါတယ်။ WBC Welterweight (147 lbs.) ခါးပါတ်လုပွဲဖြစ်ပါတယ်။ ဒီပွဲက အတော်လေးကြီးကျယ်တဲ့ပွဲပါ။ Opetaia vs. Norair Mikaeljan ဒုခေါင်ပွဲလည်း မိုက်တယ်။ ပြီးတော့ Philippines သား Mark Magsayo vs. Andres Cortes ပွဲလည်းပါပါတယ်။

တစ်ချိန်တည်းမှာပဲ UFC Noche မှာ Brandon Moreno vs. Joseph Morales ပွဲ နှင့် Tim Elliot vs. Edgar Chairez ပွဲလည်း ရှိပါတယ်။

Garcia vs. Benn ပွဲကို Live Commentary အော်ပေးဖို့အစီအစဉ်ရှိပါတယ်။ နက်ဖြန်မှ ပွဲကြိုသုံးသပ်ချက်လုပ်ဖို့အစီအစဉ်ရှိပါတယ်။

1 week ago | [YT] | 280

Bruce Aung

💸💸အခု UFC ကပေးတဲ့ ပမာဏက ONE ကပေးတဲ့ ပမာဏရဲ့ အနီးအနားတောင်မကပ်ပါဘူး တဲ့ဗျာ်။ ဒါပေမယ့် အဓိက ကမ္ဘာ့အမြင့်ဆုံးစင်မြင့်မှာ ယှဉ်ပြိုင်ချင်လို့ပါတဲ့... Roberto Soldic က ပြောပါတယ်။

UFC ကတော့ Entry level ကြေးလောက်ပဲ ပေးတယ်ထင်ပါတယ်။ ဒါပေမယ့် Performance ကောင်းရင် Bonus ကြီးမယ်။ အနာဂတ်ကတော့ အများကြီးပိုကောင်းပါတယ်။

1 week ago | [YT] | 260

Bruce Aung

Van vs. Pantoja 2 က ၂ ပတ်တောင်မလိုတော့ဘူးဗျာ်၊ 💪💪 ဒီရက်ရောက်လာဖို့ နေ့တိုင်းလက်ချိုးရေစောင့်တာ ကျတော်တစ်ယောက်တည်းမဟုတ်လောက်ဘူး 😂😂

1 week ago | [YT] | 1,426

Bruce Aung

UFC ရောက်ရောက်ချင်းပဲ Roberto Soldic ကတော့ပွဲရသွားပါပြီဗျာ် 💪 ONE မှာ (August 2022 - August 2026) ၄ နှစ်နေခဲ့ပြီး ၃ ပွဲပဲထိုးရခဲ့တာပါ။ De Ridder လည်း ထိုးနည်း၎င်းပါပဲ၊ ပထမ ခါးပါတ်ရှုံးပြီးနောက်ပိုင်း ONE မှာ ပွဲရဖို့ခက်ခဲလာခဲ့တာပါ။ UFC ရောက်တော့ ၁၀ လတိတိအတွင်းမှာ ၄ ပွဲတောင်ထိုးခဲ့ရပါတယ်။

အခြေအနေတွေက ဒီလောက်ကိုကွာတာပါဗျာ်။ Fighter Roster ဘယ်လောက်ခိုင်မာသလဲဆိုတာ မြင်ရပါတယ်။ (MMA မှာ ကွာခြားတာကိုပြောတာပါ။ ONE က MMA, Kickboxing, Muay Thai, BJJ အစုံသုပ်ဆိုတော့ MMA ကစားနည်းတစ်ခုတည်းရှိတဲ့ UFC အဖွဲ့အစည်းနဲ့နှိုင်းပြောရတာ သိပ်တော့မတရားဘူးပေါ့ကွာ)။😂

October 3, UFC 332 မှာထိုးမှာပါ။ ဝိတ်တန်းကတော့ 170 (Welterweight) ပါ။ ONE မှာတော့ 185 (ONE's Welterweight) မှာထိုးခဲ့တာပါ။

1 week ago | [YT] | 216

Bruce Aung

ဒီပတ်သောကြာညတွဲဆိုင်းအပြည့်အစုံပါ၊ Rambolek vs. Yod-IQ (ခါးပါတ်လုပွဲ)၊ Thway Lin Htet ပွဲကတော့ နည်းနည်းနောက်ကျမယ်

မြန်မာပရိတ်သတ်နဲ့မစိမ်းတဲ့သူတွေအတော်လေးများပါတယ်။

- Har Ling Om ရဲ့ ပြိုင်ဘက်ဟောင်း Jurai Ishi;
- Thway Lin Htet ရဲ့ ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ Ganchai နှင့် Kongchai;
- Soe Naung Oo ရဲပြိုင်ဘက်ဟောင်း Maisangngern;
- Saw Min Min ပြိုင်ဘက်ဟောင်း Yodlekpet;
- Nat Khat Min ပြိုင်ဘက်ဟောင်း Pompet;
- Soe Lin Oo ပြိုင်ဘက်ဟောင်း Seksan;
- Super Yay Chan ပြိုင်ဘက်ဟောင်း Sangarthit တို့ပွဲစဉ်တွေပါလာပါတယ်။ (ဒီတစ်ခါတော့ Sangarthit, Muay Thai ကစားမှာပါ)။

1 week ago | [YT] | 263

Bruce Aung

Roberto Soldic ကတော့ UFC ရောက်သွားပါပြီ ONE မှာ 3 နှစ်ခွဲလောက် နေခဲ့ပြီး 3 ပွဲပဲထိုးခဲ့ရတာပါ။ 1 ပွဲနိုင်၊ 1 ပွဲ No Conest နှင့် 1 ပွဲရှုံးပါ (Aung La ရဲ့ပြိုင်ဘက်ဟောင်း Kadestam ကိုပဲ ရှုံးခဲ့တာပါ)။ ဝမ်းနည်းဖို့ကောင်းတာကတော့ သူ့ရဲ့အကောင်းဆုံး 2 နှစ်လောက်ကို ONE မှာ ဘာပွဲမှ မည်မည်ရရ မထိုးရဘဲ ဆုံးရှုံးခဲ့ရတာပါ။

မကြာသေးချင်ကမှ ONE ကနေထွက်နိုင်ခဲ့တာပါ။ အခုတော့ UFC ရောက်သွားပြီလို့သိရပါတယ်။ အသက် 31 နှစ်ပါ၊ အကောင်းဆုံးအရွယ်မှာ ရှိနေဆဲပါပဲ။ 🙏🏻

2 weeks ago | [YT] | 661

Bruce Aung

ကယ်... Har Ling Om ကတော့ ခေါင်ပွဲပါဗျာ်၊ ဒါကကြီးမားတဲ့အခွင့်အရေးပါပဲ (ONE ရဲ့ အစီအစဉ်ကိုတော့ အားလုံးကသိပြီးသားဖြစ်ပါတယ်။ ဘယ်လိုမှ မဖြစ်သင့်တဲ့တွဲဆိုင်းကြီးပါ)။

ဘယ်လိုပဲဖြစ်ဖြစ် ညီလေး Har Ling Om အကောင်းဆုံးကြိုးစားပြီး၊ သူများထင်တာထက်အများကြီးလုပ်ပြနိုင်မယ်လို့ ယုံကြည်တယ်။ ONE Samurai လိုပွဲကြီးမှာ ခေါင်ပွဲရတယ်ဆိုတာ နည်းတဲ့ အခြေအနေမဟုတ်ပါဘူး။ သမိုင်းဝင်တောင် ပြောလို့ရပါတယ်။ ဒီလိုမျိုး တစ်ကမ္ဘာလုံးက စိတ်ဝင်တအားစောင့်ကြည့်နေတဲ့ပွဲကြီးမှာ ခေါင်ပွဲရတဲ့ မြန်မာကစားသမား အများကြီးမရှိသေးပါဘူး။

All the best, Om!!!

2 weeks ago | [YT] | 756