kconnect channel mainly provides photo, video editing services and video editing training.
The instructor has (25) years of editing experience and is currently uploading tutorials and video files to the channel. Please subscribe to watch new videos and click on all from noti bell.
With much love,
kconnect


kconnect

♦ကင်မရာမန်းများ အကယ်ဒမီ ရတာ Editor ကောင်းလို့ပါ။♦

♦Editor တစ်ယောက်ရဲ့ လက်တစ်စုံက ရုပ်ကဒ်ထည့်ပေးခြင်း ဖြုတ်ပေးလိုက်ခြင်းက အကယ်ဒမီ ရလောက်တဲ့အထိ တန်ဖိုးရှိပါတယ်။

♦ကင်မရာဆရာများရိုက်ခဲ့သမျှ ရိုက်ကဒ်အားလုံးထဲမှ အကောင်းဆုံးရိုက်ချက်ကို ရွေးထုတ်ပြီး တည်းဖြတ်ပေးနိုင်ဖို့ အရည်အချင်းက တည်းဖြတ်သူတစ်ယောက်မှာ ရှိကိုရှိရမယ့် အရည်အချင်း ဖြစ်ပါတယ်။

♦ရိုက်ချက်ကောင်းဆိုတာ အလင်းအမှောင် (exposure ၊ အရုပ်ပြတ်သားမှု(focus) ကင်မရာလှုပ်ရှားမှု (shots) ၊ရုပ်ကဒ် အထားအသို (composition)၊အလင်းအမှောင် (Lighting )၊အသံ (audio)၊သရုပ်ဆောင်တွေ အိုက်တင်အပိုင်း(acting) ဒါတွေ အားလုံးပါဝင်ထားတဲ့ Shots ရိုက်ချက်ကို ရွေးထုတ် တည်းဖြတ်ပေးရမှာ ဖြစ်ပါတယ်။

♦ကင်မရာဆရာက အကြောင်းအရာပေါ်မူတည်ပြီးတည်းဖြတ်သူအတွက် လိုအပ်တာထက်ပိုပြီး
ရိုက်ကဒ်တွေ အများကြီး ရိုက်ပေးလာတဲ့ အချိန်တိုင်းမှာ ကျေးဇူးတင်စရာ ကောင်းပေမယ့် တည်းဖြတ်သူအနေနဲ့ အဲချိန်ကျရင် ရိုက်ချက်ကောင်းတာတွေ့တိုင်း ပယ်လိုက်ရမှာကို နှမြောတသသ ဖြစ်ရပါတယ်။

♦အဲဒီချိန်ကျ ဘယ်လိုစိတ်ထားရလဲဆိုတော့ အကြောင်းအရာတစ်ခုအတွက် အကျိုးအကြောင်းဆီလျော်မှုရှိတဲ့ အကောင်းဆုံးရိုက်ချက်ကို ထည့်ပြီးရင် လုံလောက်ပြီဆိုရင် ကျန်သောရိုက်ချက်တွေ မေ့ထားလိုက်ပါ၊သံယောဇဉ် ဖြတ်လိုက်ရမှာ ဖြစ်ပါတယ်။

♦တည်းဖြတ်သူစိတ်ထဲမှာ ကင်မရာမန်းတွေရိုက်ချက်ကောင်းတွေထည့်ပေးနိုင်ခဲ့လို့ အကယ်ဒမီရသလို ရိုက်ချက်ကောင်းတွေ ကျန်ခဲ့လို့ အကယ်ဒမီနဲ့လွဲတာတွေလည်း ရှိနိုင်ပါတယ်။

♦တည်းဖြတ်လက်တစ်စုံဟာ လိုသလို အသွင်ပြောင်းနိုင်လို့ ခံယူထားတဲ့ စိတ်ပိုင်းဆိုင်ရာ
အရမ်းအရေးကြီးပါတယ်။

♦ကိုယ်တိုင် လက်တွေ့ သိသလောက်ကို မျှဝေပေးတာဖြစ်ပါတယ်ရှင်။

(Selection of Shots)
Video editing advisor
Kkhine

#kconnect #RGB #selectionofshots #videoediting #advisor

1 year ago | [YT] | 0

kconnect

☑ကျမက လိမ်ညာတတ်သူဖြစ်ပါတယ်။



♦Video Editor တစ်ယောက်ဟာ ကြည့်လိုက်တဲ့ခဏလေးမှာ ကြည့်ကောင်းအောင်၊

မသိသာအောင် ချောမွေ့အောင် လိမ်ညာပြီးတော့ အမှားကို ပရိသတ် မသိလိုက်အောင်

တည်းဖြတ်ပေးနိုင်ရပါတယ်။



♦ကျမမှာလည်း အဲလိုလိမ်ညာပြီး တည်းဖြတ်ပေးရတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။

ဒီပညာကို သင်ပေးခဲ့သော ဆရာ ဒါရိုက်တာ ပေါက်ပန်းသာသက်တင်(ဦးပေါက်) နှင့် ဒါရိုက်တာ ထူး (ကွယ်လွန်)တို့အား ရှိခိုးဂါရ၀ပြုပါတယ်ရှင်။



♦ကျမတို့ တည်းဖြတ်တဲ့နေရာမှာ အဆက်အစပ်မိအောင် တည်းဖြတ်ခြင်းဆိုတာ ရှိပါတယ်။

Continuity (အဆက်အစပ်မိခြင်း) ငါးမျိုးရှိပါတယ်။ အဲဒီ (၅)မျိုးထဲမှ Action Continuity အပိုင်းကို မျှဝေပေးချင်ပါတယ်။



🍀များသောအားဖြင့် ဇာတ်ကားတစ်ခုမှာ သရုပ်ဆောင်တွေ သရုပ်ဆောင်တိုင်း ကင်မရာတစ်လုံးကနေ ရိုက်လို့ နောက်တစ်ကဒ်ရိုက်မယ်ဆိုရင် Overlap Action တွေ ထပ်သရုပ်ဆောင်မှ တည်းဖြတ်တဲ့အချိန်မှာ အဆင်ပြေတာ ဖြစ်ပါတယ်။



🍀overlap Action မပါတဲ့အခါ Continuity တွေ မကိုက်တဲ့အခါ ကျမတို့ တည်းဖြတ်သူတွေ ညာပြီး တည်းဖြတ်ပေးရပါတော့တယ်။



🍀အဲလိုတည်းဖြတ်တဲ့အခါ ကြည့်တဲ့သူမသိအောင် အလှုပ်ကိုအလှုပ်ထဲမှာပဲ ရုပ်ကဒ်တစ်ခုကို မှန်ကန်အောင် တည်းဖြတ်ပေးရပါတယ်။



🍀လူနှစ်ဦးလက်နှုတ်ဆက်တဲ့အချိန် ဘယ်လက်နဲ့ညာလက် Continuity ကိုက် မရတော့ရင်

အလှုပ်ထဲမှာပဲ တည်းဖြတ်ပေးမှ သက်သာမှာပါ။



🍀အလှုပ်မှာ မဖြတ်မိပဲ အလှုပ်နဲ့အငြိမ်တွဲပြီး တည်းဖြတ်မိရင် ညာထားတာ ပရိသတ် သိသွားပါပြီ။



🍀တည်းဖြတ်သူတွေဟာ ညာတတ်ရတယ် ၊ ဖာထေးတတ်ရတယ် ၊ နားပါးရတယ် ၊ မျက်စိလျင်ရပါတယ်။



🍀ဇာတ်ကားတစ်ကား ၊ မှတ်တမ်းတစ်ခု စတဲ့ အရုပ်အသံအားလုံးမှာ အပြစ်ဆိုတာ ရှာမရအောင် ချောမွေ့နေတာ တည်းဖြတ်သူတွေ တော်လို့ ဖြစ်ပါတယ်။


Video Editing Advisor
K KHINE

#KConnect #RGB #video2024 #editingtraining #continuityediting

1 year ago (edited) | [YT] | 0