Stars entertainment

The perfect programs and knowledge content can now be enjoyed in one place


Stars entertainment

​"ဘဝဆိုတာ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတဲ့ ဇာတ်ခုံတစ်ခု မဟုတ်လား..." 📖🌸
​သင်္ကြန်ရဲ့ ပျော်ရွှင်စရာ ရေစက်တွေကြားမှာ ခွဲခွာခြင်းဆိုတဲ့ နိဒါန်းတစ်ခု ရှိနေခဲ့မယ်ဆိုရင်...။ 'လင်းအိမ်' ရဲ့ နက်ရှိုင်းတဲ့ စောင့်ဆိုင်းခြင်းတွေနဲ့ 'မြတ်နိုး' ရဲ့ အိမ်ပြန်လမ်း အမှတ်တရတွေကို ပုံဖော်ထားတဲ့ "ပိတောက်ရိပ်က နွေအိပ်မက်"။
​ဒီဇာတ်လမ်းလေးဟာ အချစ်တစ်ခုတည်းအကြောင်းတင်မကဘဲ လူငယ်ဘဝရဲ့ ဝါသနာ၊ အိပ်မက်နဲ့ လက်တွေ့ဘဝကြားက ရုန်းကန်မှုတွေကို ပိတောက်ရနံ့တွေနဲ့ ယှက်နွယ်ပြီး ဒဿနဆန်ဆန် တင်ဆက်ထားတာဖြစ်ပါတယ်။
​နှင်းတွေကြားက အလွမ်းနဲ့ ပိတောက်ရနံ့ကြားက သံယောဇဉ် ဘယ်သူက ပိုခိုင်မြဲမလဲ?
​လင်းအိမ်ရဲ့ အေးစက်တဲ့ တိတ်ဆိတ်မှုတွေက မြတ်နိုးကို ဘယ်လိုနာကျင်စေခဲ့သလဲ?
​နှစ်စဉ်ပွင့်တဲ့ ပိတောက်တွေက ကတိတွေကို တကယ်ပဲ သက်သေထူနိုင်ပါ့မလား?
​သူငယ်ချင်းတစ်စုရဲ့ ရယ်မောသံတွေ၊ ဘဝရဲ့ အနိမ့်အမြင့်တွေနဲ့အတူ ရင်ထဲမှာ တစ်ချိန်က နွေဦးကို ပြန်လည်သတိရစေမယ့် ဒီဇာတ်လမ်းလေးကို မနက်ဖြန်မှာ အတူတူ ခံစားကြည့်ကြရအောင်။ 🎬✨
#ပိတောက်ရိပ်ကနွေအိပ်မက် #ComingSoon #DramaReview #NewStory

1 month ago | [YT] | 1

Stars entertainment

အားလုံးပဲ မင်္ဂလာပါခင်ဗျာ ဒီနေ့ အကြောင်းအမျိုးမျိုးကြောင့် Fortune For You Program လေးမှ စနေသားသမီးများအတွက် ဟော စာတမ်း မတင်ပေးနိုင်သည့်အတွက် တောင်းပန်ပါတယ်ခင်ဗျာ။ နောက်နေ့များမှ ပြန်တင်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

2 months ago | [YT] | 3

Stars entertainment

အိမ်ပြန်ချိန်တွေက အမြဲတမ်း မလှပနိုင်ပါဘူး။
အထူးသဖြင့် ပြန်ပြင်လို့မရတော့တဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာပေါ့။
အဖေနဲ့အမေကိုပစ်ထားခဲ့ပြီးမှ ရှာဖွေခဲ့တဲ့ချမ်းသာကြွယ်ဝမှုတွေက အခုတော့ အထီးကျန်မှုတွေနဲ့ နောင်တတရားပဲ ပြန်ပေးနေပြီ။ "
"ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့... ဖေဖေ၊ မေမေ... ကျွန်တော် နောက်ကျသွားခဲ့ပြီ"။ "
ပရိသတ်တို့ရေ တစ်သက်စာအတွက် သင်ခန်းစာတစ်ခုဖြစ်စေမယ့် ရင်နင့်ဖွယ်ဇာတ်လမ်းလေးဖြစ်တဲ့ နောင်တဆိုတဲ့ဇာတ်လမ်းကို Stars Entertainment မှာမနက်ဖြန်မှာ စောင့်မျှော်နားဆင်အားပေးကြပါခင်ဗျာ။

2 months ago | [YT] | 2

Stars entertainment

ပရိသတ်များခမျာ။
ကျွန်တော်တို့ stars entertainment ရဲ့ ကြယ်လေးတစ်ပွင့်ကတော့ ကြွေလွင့်ဆုံးရှုံးခဲ့ရပါပြီ။
ကြယ်ကြွေရင် ဆုတောင်းလို့ရတယ်...:တဲ့။
အခုလိုကြယ်တစ်ပွင့်ကို ပြန်ပေးပါလို့ ဆုတောင်းလို့ ရမှာလား?
၂၈-၁၁-၂၀၂၅
အချိန် နေ့လည်၁၂:၅၃ မှာ ကျွန်တော်တို့ stars entertainment မှာ အစီအစဉ်တင်ဆက်သူ၊ editing လုပ်ပေးသူ၊ team ကို အဆင်ပြေခြောမွေ့အောင် လမ်းညွှန်ပေးသူ ကိုရှိုင်းမြတ်အောင် ကွယ်လွန်သွားခဲ့ပါပြီ။ ကျွန်တော်တို့၊ သူ့မိသားစုနဲ့ သူချစ်ခင်ရတဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေကို ထာဝရ နှုတ်ဆက် အနားယူသွားခဲ့ပါပြီ။မိသားစုနဲ့ထက်တူ ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။

ဒါပေမဲ့ သူ့ရဲ့ မှတ်တိုင်အတွက် ဝမ်းသာရပါတယ်။
သု့ရဲ့အသံနဲ့ လူတစ်ချို့ကို စိတ်အပန်းတွေ ပြေစေခဲ့တယ်၊ ဗဟုသုတတွေ ဝေမျှခဲ့တယ်။
ဒီအနှတ်တရတွေ အစီအစဉ်တွေကို သူ့ရဲ့ပရိသတ်တွေနဲ့အတူ ကျွန်တော်တို့အဖွဲ့သူအဖွဲ့သားအားလုံးက အမှတ်တရအနေနဲ့ ရင်ထဲမှာ အမြဲရှိနေမှာပါ။
ကိုရှိုင်းမြတ်အောင်ရေ ကောင်းသောဘုံဌာနသို့ ရောက်ရှိပါစေနော်

5 months ago | [YT] | 6

Stars entertainment

ပရိသတ်များခမျာ။
ကျွန်တော်နဲ့ မတွေ့ရတာ အတော်ကြာနေပြီနော်?
ဒီကနေ့မှာတော့ ပရိသတ်တို့ဆီကို ပြန်လည်ရောက်လာခဲ့ပါပြီခင်ဗျ။
အကြာကြီးပြောက်သွားတဲ့အတွက်လည်း တောင်းပန်ပါတယ်ဗျ။
အခုတော့ အရင်လိုမဟုတ်တောင် တတ်နိုင်သလောက် အစီအစဉ်တွေကို ကျွန်တော်တို့ Stars Entertainment ကနေ တင်ဆက်ပေးပါမယ်ခင်ဗျ။စောင့်မြှော်အားပေးပေးကြပါဦးနော။
ဒီနေ့ တင်ဆက်ထားတဲ့ အသံစာအုပ်လေးကိုလည်း အားပေးကြပါါဦးနော်။
ဒီစာအုပ်လေးက တမျိုးလေးတော့ဖြစ်တယ်ဗျ။
ကျွန်တော်လည်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးထားပါတယ်။
နားဆင်အားပေးကြပါဗျ။
https://youtu.be/2zhF5pOeBeU

8 months ago | [YT] | 0

Stars entertainment

ပရိသတ်တို့ရေ ဒီနေ့အတွက် psycho စာအုပ်ကို upload မလုပ်နိုင် ဖြစ်နေပါတယ်ခင်ဗျ။
ကျွန်တော့ရဲ့ computer မှာ ပြဿနာ အနည်းငယ် တက်နေလို့ပါ။
အားနာစွာနဲ့ ပြတ်ခွင့်ပြုပါနော😁😁
အဆင်ပြေလာရင် အမြန်ဆုံး တင်ဆက်ပေးပါမယ်ခမျာ

1 year ago | [YT] | 2

Stars entertainment

ပရိသတ်များခမျာ။
ဒီရပ်ပိုင်း ကျွန်တော် program လေးတွေ ခဏ နားထားပါဦးမယ်ခင်ဗျ😥😥
ကျွန်တော့ရဲ ဘယ်ဖတ်လက်က computer keyboard ခလုတ်တွေကို နှိပ်မရ ဖြစ်နေလို့ပါခင်ဗျ။
နားလည်စွာနဲ့ စောင့်ပေးကြပါဦးဗျ🥲🥲
သက်သာလာတာနဲ့ အမြန်ဆုံး ပြန်တင်ဆက်ပေးပါမယ်နော်။
ပရိသတ်များအားလုံးနဲ့ မကြာခင် ပြန်ဆုံပါမယ်ခမျာ
#starsentertainment

1 year ago | [YT] | 3

Stars entertainment

ပရိသတ်များခမျာ ဒီနေ့အတွက် audiobook series အစီအစဉ်ကို မနက်ဖြန်မှ တင်ဆက်ပေးပါမယ်ခင်ဗျ။
internet connection က poor ဖြစ်နေလို့ပါဗျ။
See you tomorrow!

1 year ago | [YT] | 2

Stars entertainment

Stars entertainment ပရိသတ်များခမျာ။
အနူးအညွတ်မေတ္တာရပ်ခံစရာလေးရှိပါတယ်ခင်ဗျ☺️☺️
ကျွန်တော်တို့ youtube channel ကို အားပေးကြတာကိုလည်း တကယ် ဝမ်းမြောက်ရပါတယ်ဗျ😂😂
တစ်ခုလောက်တော့ ပရိသတ်များက ကူညီကြပါခင်ဗျ။
ကျွန်တော်တို့ရဲ့ youtube channel ကနေ တင်ဆက်ထားတဲ့ contents တွေ လင့်ခ်မှလွဲပြီးတော့လေ တစ်ခြားဘယ်လိုနေရာကိုမှ မ share ပါနဲ့လားဗျ။
ဘာလို့လဲဆိုတော့လေ ကျွန်တော်တို့က ပရိသတ်တို့ရဲ့ viu နဲ့ အသက်ရှင်ရတာပါခင်ဗျ။
အခုလို music file တွေ / video file တွေ download လုပ်ပြီး share လိုက်ရင် ကျွန်တော်တို့တစ်တွေက လူ့သဘာဝအတိုင်း အလွယ်ကိုနှစ်ခြိုက်လို့ youtube မှာ တကူးတက သွားမကြည့်ကြတော့တာတွေ ဖြစ်လာနိုင်ပါတယ်ခင်ဗျ။
ဒါဆိုရင် ကျွန်တော်တို့လည်း viu မရ ဖြစ်သွားမှာပါ။
viu နည်းရင် ကျွန်တော်တို့ monetization ရှောက်တဲ့အခါမှာ ရှောက်မရဘူးခင်ဗျ။
အဲ့ဒါဆိုရင် ဝင်ငွေလည်း မရပါဘူးဗျ။
အဲ့ဒါကြောင့် ဒါလေးတော့ ကူညီပြီး လုပ်ဆောင်ပေးပါခင်ဗျ။
ကူညီကြမှာပါ ဟုတ်တယ်ဟုတ်?😊😊
လုံးဝ မ share နဲ့လို့ ပြောတာ မဟုတ်ပါဘူးနော။
share လို့ ရပါတယ်။
ဒါပေမဲ့ ရည်းစားဆီက အဖြေရအောင် စောင့်သလိုမျိုး အလယ် တင်ပြီးလို့ ရက်ပေါင်း ဘယ်လောက်ထားရမလဲ?😀😀😀
ရက်ပေါင်း ၃၀ လောက်တော့ စောင့်ကြပါ ရတယ်ဟုတ်?😁😁😁
တကယ်ကူညီပေးပါဗျာ
အထူးသဖြင့် colorful life story အစီအစဉ်ကို ပိုပြီး ကူညီပေးပါဗျာ။
အားပေးကြတာလည်း ကျေးဇူးတင်ပါတယ်ဗျ။
ပရိသတ်တို့ရှိနေလို့ပဲ ကျွန်တော်တို့ stars entertainment ဆိုတာ ရှိနေတာပါ။
ဒါကြောင့် ရေရှည်ရပ်တည်နိုင်အောင်လို့ အခုလို request လုပ်တာပါခင်ဗျာ။
နားလည်းလည် ဆက်လည်းအားပေး လင့်ခ်တွေကိုလည်း subscribe များများရအောင် share ပေးကြပါနော👌👌👌
ဒါပေမဲ့ ကိုယ်တိုင်လည်း watch hour များအောင် ဝင်ကြည့်တဲ့အခါ vpn လေးကို ဖွင့်ပြီး ကြည့်ပေးပါနော😅😅
အားလုံးပဲ ကျွန်တော်တို့ရဲ့ တင်ဆက်မှုတွေကို ကြည့်ရှုနားဆင်ပြီး ခဏတာ ဘဝအမောတွေ ပြေပြောက်လို့ ဗဟုသုတများ တိုးပွားရရှိကြပါစေခမျာ❤️❤️❤️

1 year ago | [YT] | 6

Stars entertainment

stars entertainment ရဲ့ ချစ်ရပါသော ပရိသတ်များခမျာ။😁
ပရိသတ်များ စောင့်မျှော်နေကြတဲ့ အစီအစဉ်တစ်ခုက မကြာတော့တဲ့ကာလမှာ ရောက်ရှိလာပါတော့မယ်ခမျာ😀😀
ဘာအစီအစဉ်လေးလဲ သိကြတယ်ဟုတ်?😁😁
အမြည်းလေးကိုလည်း channel မှာ တင်ထားပါတယ်ဗျ😁
သွားရောက် ကြည့်ရှု ခန့်မှန်းပေးကြပါဦးဗျ
ဇာတ်လမ်းလေးကို february 14 (valentine day) နေ့လေးမှာ ပရိသတ်တို့ဆီကို ပြန့်လွင့်လာမှာ ဖြစ်ပါတယ်နော😁😁
အချစ်ဇာတ်လမ်းဖြစ်သလို လောင်မြိုက်ရမဲ့ ဒီဇာတ်လမ်းလေးကို ချစ်သူများနေ့မှာ အတူတကွ နားဆင်ခံစားကြပါဗျ😶😶
အချစ်ကြီးပြီး လိုချင်တာကို ရအောင်ယူတက်တဲ့ကောင်မလေးတစ်ယောက် သူမရဲ့အချစ်ကြောင့် မလိုလားအပ်တဲ့ ဘယ်လိုအရာတွေ ဖြစ်စေဦးမလဲ?
ချစ်ရသူရဲ့ မကောင်းမွန်တဲ့ အချက်တစ်ချို့ကို သိခဲ့ပေမဲ့ ရူးရူးမိုက်မိုက် ဆက်ချစ်နိုင်ခဲ့တဲ့ ကောင်မလေး။ သူမရဲ့ ချစ်သူနဲ့ကရော အဆုံးအထိ လက်တွဲသွားနိုင်မလား?
အချစ်ဆိုတာကို သူတို့တွေ ဘယ်ပုံ ပုံဖော်ကြမလဲ?
#Staytune with stars entertainment!
https://youtu.be/4h4F7O4Zm0I

1 year ago | [YT] | 2