Karen Song&History

#karens #myanmarpeople #knla #knu #ကရင်


Karen Song&History

ကန်ဒေါင့်တိုက်ပွဲမှ သူရဲကောင်းလေသူရဲ ဗိုလ်မှူး သူရကိုလတ်
......................................................................................
သူ့နာမည် ကိုလတ်။
စစ်တက္ကသိုလ်အပတ်စဉ် ၆၉ ဆင်း။

သင်တန်းတက်နေဆဲကာလ တရက်မှာ အိမ်သာတက်ရင်း အိမ်သာအထွက်မှာ အိမ်သာသုံးစက္ကူကို ခေါက်ပြီး Did 69 လေယာဉ်ဒီဇိုင်းငယ်လုပ်ပြီး လေထဲ ပစ်လွှတ်ခဲ့တယ်။

သူ့ရဲ့ စက္ကူလေယာဉ်ငယ်က အဲ့ဒီတုန်းက DSA ကို ရွေးချယ်ရေးလာတဲ့ လေချုပ်ကြီး ဗိုလ်ချုပ်မြတ်ဟိန်း ရဲ့ ရှေ့တည့်တည့်ကျသွားတယ်။

သူ့ရဲ့ အရည်အသွေးကို အကဲခတ်မှု၊ လေတပ်အပေါ်ရူးသွပ်မှုကို ရိပ်စားမိတဲ့ ဗိုလ်ချုပ်မြတ်ဟိန်းဟာ ပထမနှစ်မှာတင်ပဲ သူ့ကို သူရဘွဲ့ပေးပြီး အထူးပိုင်းလော့အဖြစ် ရွေးချယ်ခေါ်ယူခဲ့တယ်။

အရှေ့အလယ်ပိုင်းမှာရှိတဲ့ အယ်ကိုင်းဒါး လေယာဉ်ဝင်တိုက်ရေးအထူးလေသူရဲသင်တန်းအပတ်စဉ် 9/11 ကို တက်ရောက်ခွင့်ရခဲ့ပြီး တပ်မတော်လေမှ တိတ်တဆိတ် လျှို့ဝှက်ထားသည့် ဝှက်ဖဲတချပ်။

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းတိုက်ပွဲမှာတော့ ဗိုလ်မှူးသူရကိုလတ် ဟာအထူးအော်ပရေးရှင်းတခု ကို ကိုင်တွယ်ဖို့ဖြစ်လာတယ်။

အဲ့ဒီမနက်မှာ ဗိုလ်မှူးကိုလတ်ဟာ FTC 2000G (တရုတ်ထုတ်fly the coffin jet ) တိုက်လေယာဉ်ကို ကန်ဒေါင့်ရွာပေါ်က PDF စခန်းလို့ ယူဆတဲ့နေရာပေါ် ကျွမ်းကျင်စွာဝဲပျံနေပါတယ်။

သူဟာ ရန်သူရဲ့ ဗဟိုချက်နေရာကို ပစ်မှတ်အဖြစ် ဖြိုခွင်းဖို့ သူ့ရဲ စူးရဲလှတဲ့ သိမ်းငှက်တဖက်၊ စာကလေးတဖက် မျက်လုံးတွေကို ဘယ်ညာခွဲပြီး တပြိုင်တည်းရှာဖွေပါတယ်။

မျက်လုံးနဲ့ ဦးနှောက် တချိန်တည်းအလုပ်လုပ်နေရင်း PDF တချို့ အရေးတကြီးပုံစံနဲ့ ဝင်သွားလိုက်၊ ပြန်ထွက်လာလိုက် လုပ်နေတဲ့ အဆောက်အဦ တခုကို တွေ့တဲ့အခါ ဗိုလ်မှူးကိုလတ် ပြုံးလိုက်တယ်။

ဒါ ခဲယမ်းတိုက်ပဲ။

ဗိုလ်မှူးကိုလတ်ဟာ ဒုတိယကမ္ဘာစစ်ကာလ ကာမီကာဇေလို့ခေါ်တဲ့ အသေခံဂျပန်လေသူရဲတွေကို လေးစားအားကျခဲ့သလို..အယ်ခိုင်းဒါးလေယာဉ်ကျောင်းရဲ့ အစဉ်အလာအတိုင်း အစွမ်းပြဖို့ရာ မြင့်မြတ်သောဆုံးဖြတ်ချက်တခုကို ချခဲ့တယ်။

မြန်မာ့တပ်မတော် လေ ရဲ့ လေယာဉ်မှူးတစ်ယောက်ဆိုတာ တောသားတွေ လိုက်မမှီနိုင်တဲ့ စွန့်လွှတ်မှုမျိုးကို ပြသဖို့ အချိန်တန်ပြီဆိုပြီး...အဲ့ဒီအဆောက်အဦးထဲကို အသေခံအနိမ့်ပျံပြီး လေယာဉ်ခေါင်းကို ထိုးဆင်းခဲ့ပါတယ်။

ဝိုင်းပစ်ကြတဲ့ သေနတ်သံတွေကို ဂရုမထား၊ မီးလောင်နေတဲ့ လေယာဉ်နဲ့အတူ ဦးတည်ရာကို မမှိတ်မသုန် ဖျက်စီးပစ်ဖို့ ဗိုလ်မှူးကိုလတ် စိတ်ပိုင်းဖြတ်နိုင်ခဲ့တယ်။

ဒါပေမယ့်...အနီးအနားရောက်တဲ့အခါ... အဲ့ဒီအဆောက်အဦဟာ ဘာလက်နက်တိုက်မှမဟုတ်ပဲ..PDF တွေက စခန်းသိမ်းနေရင်း ရွာကပို့ပေးတဲ့ ဝက်သားဟင်း၊ မန်းကျည်းရွက်သုပ်ရိက္ခာနဲ့တွယ်ကြတော့ ဝမ်းကလေးနူးပြီး ချီးခဏခဏ ဝင်ပါနေတဲ့ ဘုန်းကြီးကျောင်း ကုဋီကြီး ဖြစ်နေတော့တယ်။

ဗိုလ်မှူးကိုလတ်ဟာ တပ်မတော်သားပီပီ တိုင်းပြည်နဲ့လူမျိုးအတွက် ချီးတွင်းထဲ လေယာဉ်ထိုးဆင်းပြီး ခန္ဓာကိုယ်အစအနများပါမကျန် ချီးအဖြစ်ခံရင်း ပေးဆပ်ခဲ့ရပါပြီ။

ဗိုလ်မှူးသူရကိုလတ် အလေးစိမ်းပြုပါတယ်...ဘွတ်။😂

ပေးပို့သူ

အဖြည့်ခံလူသားဇော်ဘုန်းဟိန်း(ခေတ္တ စစ်ကြောရေး)

#crd #စစ်ကောင်စီ #မြန်မာ #myanmar #pdf #လေကြောင်းတိုက်ခိုက် #လေယာဥ်ပစ်

3 months ago | [YT] | 253

Karen Song&History

စကစ,လေတပ်က ကြည်းတပ်စစ်သား
တွေအပေါ် ဗုံးချ မိတာကို ညံ့လှ
ပြီမထင်နဲ့၊တမင်ကိုချတာမျိုး
ဖြစ်နိုင်တယ်။
အောက်က ကြည်းတပ်စစ်သားကလဲ
မြေပုံညွှန်း(ခြောက်လုံး)ကိုမှားပေးတယ်
မထင်နဲ့၊တမင်ကိုပေးတာမျိုးဖြစ်နိုင်တယ်။
နောက်တမျိုးက ​လေယဥ်ပေါ်က
ကြောက်ကြောက်နဲ့ အကုန်သွန်ချတာ
မျိုးရှိသေးတယ်။
လေတပ်မှာ ထုံးစံရှိတယ်။၁၉၈၈ ပတ်ဝန်းကျင်
ကာလ မဲသဝေါတိုက်ပွဲ ဖြစ်စဥ်တွေမှာ လေယဥ်
ပစ်ကူခေါ်တယ်။PC 7 လေယဥ် နဲ့ပစ်ကူပေးတယ်။
ပိုင်လော့ တစ်ယောက်က အရမ်းကြောက်တတ်တယ်။အောက်က လေယဥ်ကို ပွိုင့်ဖိုက်အပါအဝင်
လေယဥ်ပစ် စက်သေနတ်ကြီးတွေနဲ့ တန်ပြန်ပစ်
ခတ်တာတွေလဲရှိနေတာကိုး။လေယဥ်ရဲ့အမြန်နှုန်း
က အသံထက်နှေးတယ်၊ဂျက်အင်ဂျင်အမျိုးအစား
မဟုတ်ပဲ သာမန် ပန်ကာတပ်လေယဥ်ဆိုတော့
ထိခိုက်တာတွေရှိတာကိုး။
အဲဒိတော့ လေယဥ်ကို မြင့်နိုင်သမျှ မြင့်မြင့်ပျံပြီး
ပါသမျှ ဗုံးတွေဖြုတ်ချ၊ရော့ကတ်တွေပစ် ။
ရမ်းဖြုတ်ချတာနော်၊တောင်ကျောပေါ် မှာမြူတွေ
တိမ်တိုက်တွေ ကြားထဲကနေရမ်းချတာ။
ချပြီး သူ့တာဝန်ကုန်ပြီလေ။ကွင်းပြန်ဆင်း
လေယဥ် ရပ်၊ကနိုပီ(လေယဥ်ပေါင်းမိုး)ဖွင့်တော့
သေးနံ့တွေတထောင်းထောင်းနဲ့၊ပိုင်လော့ ဆီက
ထွက်ကျတာ။ကြည်းတပ်ကလဲ ဆဲတာမိုးမွှန်ရော။
သူ့တပ်အပေါ်ချည်းကျတာ။ဗုံး၊ရော့ကတ်တွေက။
ပစ်မှတ်ကိုအနီးကပ်ချဥ်းကပ်တာမျိုးမဟုတ်ပဲ
အမြင့်ဆုံးကိုတက်ပြီး တိမ်ကြားထဲက ဖြုတ်
ချတာဆိုတော့.....
အဲဒိပိုင်လော့ကို အမည်ပေးတယ်။
"တိမ်ကြားမင်းခေါင်"တဲ့။
တကယ်ဖြစ်စဥ်ပါ။လေတပ်က PC7 အုပ်က
ပင်စင်စား ဆရာကြီးတွေကိုမေးကြည့်။
အိမ်း တိမ်ကြားမင်းခေါင် မျိုးဆက်ဆိုတာရှိတယ်။
လေယဥ်မောင်းတဲ့ကောင်ကပိုကြောက်တတ်တယ်။
ကြောက်အောင် လဲရှေ့ကဖြစ်စဥ်တွေရှိတာကိုး။
#crd #မဲသဝေါး #karenarmy #စစ်ကောင်စီ #myanmar #post #knla #လေကြောင်းတိုက်ခိုက်

3 months ago | [YT] | 248

Karen Song&History

မေခ + မလိခ flood ဖြစ်ရင် ..
အဲသည်နေ့ကို ၁၃ ရက် ထပ်ပေါင်းပါ

ဟင်္သာတ ကို ရေရောက်မယ့်နေ့ပါပဲ

- မေခ မလိခ မြစ်ဆုံ မှာ ရေကြီးရင်
- ဟုမ္မလင်းဘက်က ချင်းတွင်းရေ တပြိုင်တည်း ကြီးရင်
- လပြည့်ကျော် ၃ ရက်
သို့မဟုတ် လဆန်း ၃ ရက် မှာ ဟင်္သာတ ရောက်မယ်ဆိုရင်
ပင်လယ်ဒီရေနဲ့ ကချင်ကရေ ဆုံပါမယ်

- ချင်းတောင် ဘက် မိုးကောင်းရင် မုန်း မန်း စလင်း ချောင်းတွေက ဧရာဝတီထဲ တိုးဝင်လာပါမယ်

- ရှမ်းမြောက်နဲ့ ဆက်စပ်တဲ့
ဒုဌဝတီ ရေက မန်းလေး အောက်နားကနေ ဧရာဝတီထဲ ထပ်ဝင်ပါမယ်

- ပဲခူးရိုးမ အနောက်ခြမ်း မှာ မိုးများလို့ ဘော်ဘင် ၊ ဂမုန်း ၊ ဝဲကြီး ၊ နဝင်းချောင်း ၊ မင်းလှချောင်း ၊ သုံးဆယ်ချောင်း ရေကြီးရင် ၂-၃ ရက်အတွင်း
မြန်အောင် အောက်ဖက် ဧရာဝတီ ရေတိုးပါမယ်

- အောက်ဘက်မှာ ရခိုင်ရိုးမ အရှေ့ခြမ်း
မိုးကောင်းရင်

အပေါ်ကလို
မြစ်ကြီးနားရေ + ဟုမ္မလင်းရေ + ပဲခူးရိုးမ အနောက်ခြမ်းရေ+
ရခိုင်ရိုးမ အရှေ့ခြမ်းရေ +
ပင်လယ်ဒီရေ ဆုံရင်

ဧရာဝတီ အကြေအရပ်မှာ high flood ကြုံရပါမယ်

ဧရာဝတီ အထက်ပိုင်း ရေ ကို ၁၃ ရက် ကြိုသိနိုင်ပါတယ်

☝️မြန်မာပြည် မြေပုံရဲ့ ၃ပုံ မှာ ၂ ပုံ ရဲ့ ရေနုတ်မြောင်းကြီး ဧရာဝတီ ဟာ
လာသမျှရေ ကို မသယ်နိုင်တာ ကြာခဲ့ပါပြီ

သူ့ အထဲ ဝင်လာသမျှ ပင်လယ်ဆီ ယူဆောင်ပေးရတဲ့အခါ
သူ့ ဝန်ကို ကူထမ်းပေးတာ ( ဧရာဝတီရဲ့ ရေကြီးမှုကို လျှော့ချပေးနိုင်တဲ့ အကူမြစ် ) မြစ် ၂ ခု ပဲ ရှိပါတယ်

အနောက်ဘက် မှာ ငဝန်
အရှေ့ဘက်မှာ မြစ်မခ ( အောက်ဘက်ရောက်တဲ့အခါ လှိုင်မြစ် လို့ ခေါ် )

“အကြောင်းတွေ အားလုံးဆုံရင် “
ဧရာဝတီ တိုင်း + ပဲခူးအနောက် မုချ ရေကြီးပါမယ်

မြစ်ကြီးနား အခြေအနေ ကို တွက်ဆ ပြီး ဟင်္သာတ က ၁၃ ရက် ကြို ပြင်ချိန် ရပါတယ်
#Credit #Tha Htoon Oo #myanmar #post #မြန်မာ #ရေကြီး #သဘာဝ

4 months ago | [YT] | 174

Karen Song&History

KNU တပ်မဟာ၊ခရိုင်၊ မြို့နယ်များ
————————————————
Maps- The Asia Foundation

Doo Tha Htu District - ဒူးသထူခရိုင်
Thaton - သထုံ ခရိုင် ( Brigade 1/ တပ်မဟာ ၁)
1. ဘီလင်းမြို့နယ်
2. ဘားအံမြို့နယ်
3. သထုံမြို့နယ်
4. ကျိုက်ထိုမြို့နယ်

Taw Oo District တော်ဦးခရိုင်
Taungoo တောင်ငူ (Brigade 2/တပ်မဟာ ၂ )

1. Daw Hpa Hko / Leiktho လိပ်သို
2. Htaw Ta Htoo/ Baw Ga Li ဘောဂလိ

KNU Brigade (2)Taw Oo District
KNUတပ်မဟာ(၂) တောင်ငူခရိုင်/ တောအူးခရိုင်

1. လိပ်သိုမြို့၊ သံတောင်ကြီးမြို့နယ် / ဒေါဖခို/ဒေါဘားခို မြို့နယ်
2. ဘောဂလိမြို့၊သံတောင်ကြီးမြို့နယ်/ထော်တထူးမြို့နယ်

Kler Lwee Htu District - ခလယ်လွီထူခရိုင်
Nyaunglebin - ညောင်လေးပင်ခရိုင် (Brigade 3 / တပ်မဟာ ၃ )

1. Hsaw Hti - ဆောထိမြို့နယ် / Shwegyin - ရွှေကျင်မြို့နယ်
2. Ler Doh - လယ်ဒိုမြို့နယ် / Kyaukkyi - ကျောက်ကြီးမြို့နယ်
3. Moo - မူးမြို့နယ် / Mone - မုန်းမြို့နယ်

Mergui Tavoy District
Myeik-Dawei - မြိတ်ထားဝယ်ခရိုင်(Brigade 4/ တပ်မဟာ ၄)
1. Ler Doh Soh
2. Htee Mon Pga
3. Kser Doh
4. Ler Muh Lah
5. Ta Naw Th’Ree

KNU Brigade (4) Mergui Tavoy District
KNUတပ်မဟာ(၄) မြိတ်၊ထားဝယ်ခရိုင်

1. တနသ်ာရီ / တနောသရီ
2. လယ်မူလားမြို့နယ်
3. ကစယ်ဒိုမြို့နယ်
4. လယ်ဒိုစိုးမြို့နယ်

Mutraw District -မူတြော်ခရိုင်
Hpapun - ဖာပွန်ခရိုင် (Brigade 5/ တပ်မဟာ ၅ )
1. Dwe Lo - ဒွယ်လိုးမြို့နယ် / Kamar maung ကမမောင်း
2. Lu Thaw - လူသော မြို့နယ် /
3. Bu Tho - ဘူးသိုမြို့နယ် /

KNU Brigade (5) Mutraw District
KNUတပ်မဟာ(၅) မူတြော်ခရိုင်

1. ကမမောင်းမြို့၊ဖာပွန်မြို့နယ်/ ဒွေးလို/ ဒွယ်လိုးမြို့နယ်
2. လူသော မြို့နယ်
3. ဘူးသိုမြို့နယ် ( ဘုသိၣ် ကီၤဆၣ် )

Dooplaya District- ဒူးပလာယာခရိုင်
Dooplaya ဒူးပလာ (Brigade 6)
1. Kaw T’Ree - ကော်တရီမြို့နယ် / ကြာအင်းဆိပ်ကြီး - ကျိုက်ဒုံ
2. Noh T’Kaw- နို့တကောမြိုံနယ် / ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူ
3. Win Ray - ဝင်းရေးမြို့နယ်
4. Kruh Tu - / ကျုံဒိုးမြို့နယ်

KNU Brigade (6) Dooplaya District
KNUတပ်မဟာ(၆) ဒူးပလာယာခရိုင်

1. ကျိုက်ဒုံး၊ကြာအင်းဆိပ်ကြီးမြို့နယ်+ ဝေါလေမြိုင်မြဝတီမြို့နယ်+ စူကလိ၊မြဝတီမြို့နယ်/ ကော်တရီမြို့နယ်
2. ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးမြို့နယ်/နို့တကောမြိုံနယ်
3. Win Ray - ဝင်းရေးမြို့နယ်/ သံဖြူဇရပ်မြို့နယ်
4. Kruh Tu - / ကျုံဒိုးမြို့နယ်

Hpa-An District (Brigade 7)
ဘားအံ ခရိုင်
1. Hti Lon ထီလုံ(Hti Lon)
2. Don Yin ဒုံရင်း (Don YIn)
3. Lu Pleh လှိုင်းဘွဲ့ - ရှမ်းရွာသစ်
4. Ta Kreh လှိုင်းဘွဲ့ - ပိုင်ကျုံ
5. T Nay Hsah နဘူး( T Nay Hsah)

KNU Brigade (7) Paan District
KNUတပ်မဟာ(၇) ဘားအံခရိုင်

1. ရှမ်းရွာသစ်၊လှိုင်းဘွဲ့မြို့နယ်/ လုဖလဲမြို့နယ်
2. ပိုင်ကျုံ၊လှိုင်းဘွဲ့မြို့နယ်/ တာကရဲမြို့နယ်
3. ထီလုံမြို့နယ်
4. T’Nay Hsah / နဘူးမြို့နယ်
5. Doo Yaw / ဒုံရင်းမြို့နယ်

နောက်ထပ်တပ်မဟာများကိုဧရာဝတီမြစ်ဝကျွန်းပေါ်နှင့်ရန်ကုန်များတွင်ဆက်လက်ဖွဲ့စည်းမည်။နေပြည်တော်ကိုသိမ်းပြီးဖွဲ့စည်းမည်😁😂
#ကရင် #knu #knla #တပ်မဟာ #kawthookei #karen #kayin #crd #post

4 months ago | [YT] | 183

Karen Song&History

အနာဂတ်ဟာပန်းလေးလို့မလှပတော့ဘူး။ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကိုလည်းနောင်တမရဘူး။ကျဆုံးသွားတဲ့ရဲးဘော်သူငယ်ချင်းတွေလည်း ရည်မှန်းချက်ကိုယ်စီနဲ့ သူတို့ကအနာဂတ်ဆိုတာမလိုတော့ဘူးဘာကြောင့်လဲးဆိုတော့အနာဂတ်အတွက်အသက်ပေးသွားပြီးမို့လို့ဘဲး🥺
#karen #kayin #pdf #knla #knu #myanmar #ကရင် #ပြည်သူ #ရဲးဘော် #nature #post

4 months ago | [YT] | 89

Karen Song&History

KNUပညာရေးကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကရင်၊ ကော့ကရိတ်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ တပ်မဟာ ၆ နယ်မြေထဲ ရှိ ကွီးလယ်ဆူး ရွာက KECD ပညာရေးကျောင်းကို စစ်ကောင်စီတပ်ကမေ ၂၉ ရက် ညပိုင်း ၇ နာရီခန့်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်စစ်ရေးရင်းမြစ်ကပြောပါတယ်။

ကနဦးသတင်းတွေအရ ကျောင်းမှာဘော်ဒါနေတဲ့ ကလေးငယ်တွေ ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။

ထိုင်း- မြန်မာနယ်စပ် ကရင်ဘက်ခြမ်းက စစ်ကောင်စီတပ်အခြေစိုက် တပ်စခန်းတွေဆက်တိုက် သိမ်းပိုက်ခံနေရတဲ့နောက် လေကြောင်းတိုက်ခိုက် မှုတွေရှိလာတာလို့ မြေပြင်စစ်ရေးရင်းမြစ်ကပြောပါတယ်။

#ကော့ကရိတ် #karen #KNU#ပညာရေး
#knla #ကရင် #post #crd

4 months ago | [YT] | 438

Karen Song&History

AA နှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး အပေါ် စစ်ကောင်စီက ကန့်ကွက်မှုကြောင့် ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနှင့် စစ်သံမှူး တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ရုပ်သိမ်းလိုက်ပြီး နှစ်နိုင်ငံသံတမန်ရေး အတင်းမာဆုံးရောက်ရှိ


ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Md. Monowar Hossain နှင့် စစ်သံမှူး ဗိုလ်မှူးချုပ်Aftab Hossain တို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်သည်ဟု ဘင်္ဂလားဒေ့ရှ်သတင်းများတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Md. Monowar Hossain ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာသို့ ချက်ချင်းပြန်လည် ခေါ်ယူလိုက်ကြောင်း ၊ သံအမတ်ကြီး Md. Monowar Hossainသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလော နှစ်နိုင်ငံအကြား သံတမန်အရေး တင်းမာမှုများကြောင့် ပြန်လည် ခေါ်ယူခြင်းဖြစ် ကြောင်း သိရှိရသည်။

သံတမန်သတင်းရင်းမြစ်များ၏ အဆိုအရ ရခိုင်ပြည်နယ်တွင် နယ်မြေစိုးမိုးမှု ချုပ်ကိုင်ထားသော AA အာရက္ခတပ်တော် နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူများအကြား ဆက်ဆံရေး ရှိနေသည်ဟု စစ်ကောင်စီက ကန့်ကွက်ခဲ့ပြီးနောက် ယခုကဲ့သို့ သံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက သံတမန်ရေးအရ ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယခုမေလအစောပိုင်း ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ စစ်သံမှူး ဗိုလ် မှူးချုပ် Aftab Hossain ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ခေါ်ယူထားပြီဖြစ်ကြောင်း သိရှိရသည်။
#ရခိုင် #myanmar #မြန်မာ #ဘင်္ဂလားဒေ့ရှ် #pdf #post #crd #စစ်တပ် #

4 months ago | [YT] | 92

Karen Song&History

DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်သို့ စစ်ကောင်စီတပ်ဝင်ရောက် ၊ တပ်စွဲမည်ဆိုပါက လုံးဝ လက်မခံဟု DKBA ဒုစစ်ဦးစီးချုပ်ပြော

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်အနီး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ဒေသသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာကြောင်း DKBA ဒုတိယ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးစောရွှေဝက အတည်ပြုသည်။

ထိုင်း-မြန်မာနယ်စပ် ၊ မြဝတီ-ဝေါလေကားလမ်းမဘေးရှိ ဆုံဆည်းမြိုင်သို့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ပါ တပ်ဖွဲ့သည် ထိုင်းနိုင်ငံ၊ မော်ကထိုင်းကျေးရွာမှတဆင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

၎င်းစစ်ကောင်စီသည် DKBAဌာနချုပ်ရှိရာတွင် တပ်စွဲမည်ဆိုပါက လုံးဝလက်ခံမည်မဟုတ်ကြောင်း DKBA ဒုတိယစစ်ဦးစီးချုပ်က ဆိုသည်။

“ဌာနချုပ်ကို ဝင်နေပြီး လက်နက်ကြီးကျမယ်ဆိုရင် ကျနော်တို့ လက်မခံဘူး။ မရဘူး မရဘူး ဝင်နေလို့မရဘူးနော်။ ကျွန်တော်တို့ နေရာကို ဝင်နေလို့မရဘူးနော်။ သူ့နေရာသူပြန်ရမှာ ကျနော်တို့ လက်မခံဘူး”ဟု ၎င်းက ဆိုသည်။

ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို DKBAတပ်က ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စောရွှေဝကလည်း ထိုစစ်ကောင်စီတပ်သည် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှု ခံနေရသည်ဟုဆိုသော်လည်း မည်သည့်အဖွဲ့က ဒရုန်းသုံးတိုက်ခိုက်သည်ဆိုသည်ကိုမှု အတည်မပြုပေ။

“ဝင်ခွင့်ပေးတာ ဘယ်ဟုတ်မလဲ ။ သူတို့ယိုးဒယား(ထိုင်း)ဘက်က လာပြီးတော့ ဖြတ်ကျော်တယ်လေ သတိမထားမိတော့ ဘယ်သိမလဲ။ သူတို့ လူကြီးခိုင်းလို့ ကြောက်ပြီးတော့ လာတာနေမယ်။ ထိုင်းဘက်က ချောင်းကနေကူးပြီးတော့ ကျနော်တို့ ဌာနချုပ်အရှေ့ဘက်က ဖြတ်ကူးပြီးတော့ ကျော်သွားတယ် ။ ဟို ကျနော်တို့ မင်္ဂလာတံတားက ဘောလုံးကွင်းမှာရောက်နေတယ် အခု သူတို့ ပစ်ခံနေရတယ်”ဟု DKBAဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောရွှေဝကပြောသည်။

လက်ရှိတွင် ဆုံဆည်းမြိုင်ကျေးရွာ နှင့် တောင်နီကျေးရွာမှ ဒေသခံများ ထိုင်းနိုင်ငံဘက်ခြမ်းသို့ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

“ရွာထဲမှာ ရွာသားတွေမရှိတော့ဘူး ။ DKBAအဖွဲ့က အချို့ရှိတယ် စစ်သားတွေဝင်လာတော့ ဌာနချုပ်က ကားတွေနဲ့ လက်နက်အပြည့်အစုံနဲ့ အမြန်ထွက်သွားတာတွေ့တယ်”ဟု ဒေသခံက ဆိုသည်။

မေလ ၂၃ ရက်တွင် မြဝတီ-ဝေါလေ ကားလမ်းမဘေးရှိ ဘလယ်ဒို စစ်ကောင်စီစခန်းကို KNU, PDFနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ကျော် သေဆုံးကာ အများအပြား လက်နက်ချအညံ့ခံခဲ့ပြီး ၆၂ဦးသည် သောင်းရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သည်။
#karen #dkba #knla #pdf #myanmar #thailand #ကရင် #karenarmy #post #crd

4 months ago | [YT] | 182

Karen Song&History

သေဘောဘိုး စခန်း သိမ်းတိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ် ၊ မြဝတီတောင်ဘက် ၊ဒေါနတောင်အရှေ့ခြမ်း ထိုင်း - မြန်မာ နယ်စပ်နားက စစ်ကောင်စီတပ်ရဲ့ သေဘောဘိုး တပ်စခန်း ကို KNU နဲ့ ပူးပေါင်း တပ်က ထိုးစစ်ဆင်ရာမှာ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ဆီ အရပ်သား ၃၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ထိုင်းနယ်စပ်ရင်းမြစ်တွေက ဖော်ပြပါတယ်။

ဒီနေ့ (မေလ ၂၇ ရက်)မှာ မြဝတီ - ဝေါ်လေလမ်းပိုင်းက သေဘောဘိုး တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က ဒရုန်းတွေ​၊ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်တာလို့သိရပါတယ်။

တစ်နေ့လုံးနီးပါး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေပြီး မြန်မာဘက်က အရပ်သား ပြည်သူ ၂၉၀ ဦး ထိုင်းဘက်ကို ထွက်ပြေးလာကြတယ်လို့ ထိုင်းနယ်စပ်ရင်းမြစ်က အသိပေးထားပါတယ်။

တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး KNU ရဲ့ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေး ပိုင်း ဥက္ကဋ္ဌ ပဒိုစောဖားတရာက "ပစ်နေကြတုန်းပဲလို့ကြားတယ်" လို့ ပြောပါတယ်။

KNU ရဲ့ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရ ဘလက်ဒို တပ်စခန်းတည်ရှိတဲ့ ဝေါ်လေမြို့ဟာ ဒူပလာယာခရိုင် ၊ ကော့ကရိတ်မြို့နယ်ထဲမှာ ပါဝင်တယ်လို့သိရပါတယ်။

ဝေါ်လေဒေသတွင်း သတင်းရင်းမြစ်တစ်ဦးကတော့ သေဘောဘိုးရွာနဲ့ တောင်နီရွာကြားမှာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ အသိပေးပါတယ်။

လက်ရှိတိုက်ခိုက်နေတဲ့ သေဘောဘိုး တပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလမှာ KNU နဲ့ ပူးပေါင်းတပ်က တိုက်ယူဖူးပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်က နယ်စပ်ခြေကုပ်စခန်းကိုလက်လွှတ်မခံလိုတာကြောင့်အလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်ရာမှာ KNU က ပြန်လည်လက်လွှတ်ပေးခဲ့ရတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း မေလ ၂၃ ရက်ကတော့ သေဘောဘိုး တပ်စခန်း နားက ဘလက်ဒို တပ်စခန်းကို KNU က တိုက်ယူထားပါတယ်။

ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိုင်းဘက်ကိုထွက်ပြေးရသလို လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU ဟာ ထိုင်း - မြန်မာ နယ်စပ်တလျှာက်မှာရှိတဲ့ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကိုတိုက် ခိုက် သိမ်းယူပြီးနောက် တပ်မဟာ ( ၆) ဘက်က နယ်စပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။

ဘလက်ဒို စခန်း ကျသွားပေမယ့် KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ မြဝတီမြို့ တောင်ဘက်ခြမ်း ၊ဝေါ်လေဒေသမှာ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေအနေနဲ့ ဝေါ်လေဗျုဟာ ၊သေဘောဘိုး ၊ ဝါးမီထ ၊ ဥကရစ်ထ၊ ကနဲလေး၊ မော်ခီး တပ်စခန်းတွေ ကျန်ရှိနေပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ထိုင်းနယ်စပ်တလျှောက်မှာ တပ်စွဲထားတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိပါဘူး။

မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်းနယ်စပ်တလျောက် တပ်ဖြန့်ထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။
#karen #knla #knu #pdf #thailand #myanmar #post #crd #ကရင် #စစ်ရေးသတင်း

4 months ago | [YT] | 178

Karen Song&History

ကော်သူးလေ သူးမွဲခီး (ဆုံဆည်းမြိုင်)DKBA ဌာနချုပ်အနီး အကြမ်းဖက်စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားပြီး ဒေသခံပြည်သူများ နီးစပ်ရာ ထိုင်းဘက်ကကမ်းသို့ ထွက်ပြေးတိမ်ရှောင်

(ကော်သူးလေ သူးမွဲခီး)

ယနေ့ မနက်ပိုင်း(၅:၃၀)တွင်းအချိန် ဝေါလေဘက်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးလာပြီး နယ်စပ်မျဉ်းတစ်လျှောက် ဖြတ်သန်းသွားကြောင်း သူးမွဲခီး (ဆုံဆည်းမြိုင်) ဒေသခံများပြောကြားချက်အရသိရသည်။ တဖက်ထိုင်းနိုင်ငံနှင့် သူးမွဲခီး DKBA ဌာနချုပ် များတွင် အရေးပေါ်စစ်သတိပေးချက်များ ထွက်လာပြီးနောက် (၉:၃၅)မိနစ်အချိန် တွင် ပစ်ခတ်မှု ကြားရကြောင်း စစ်ပြေးရှောင်ပြည်သူတစ်ဦး တင်ပြထားသည်။ မြေပြင်အခြေအနေအရ အကြမ်းဖက်စစ်ကောင်စီနှင့် KNLA ပူးပေါင်းအဖွဲ့နှင့် ထိတွေ့မှုဖြစ်ကြောင်းသိရှိရသည်။ လေယာဉ်စစ်ကူသံများမကြားရသေးပေမဲ့ ဒေသခံများက လေယာဉ်ဗုံးဒဏ်ကြောက်သောကြောင့် ဗုံးခိုကျဉ်းများနှင့် အခြား ဘေးလွတ်ဝေါလေ နှင့် တစ်ဖက်ကမ်းထိုင်းဘက်ခြမ်းသို့ စစ်ဘေးရှောင်လျက်ရှိကြောင်း သိရှိရသည်။

#Kawthooleitoday #karen #karenarmy #knla #knu #dkba #crd #post #ကရင် #စစ်ရေးသတင်း

4 months ago | [YT] | 74