တိကျမှန်ကန် စုစုစံကို ချစ်တဲ့ မိဘပြည်သူများအတွက် တိကျမှန်ကန်တဲ့ မိုးလေဝသ သတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးသွားပါမည်ဟု အာမခံပါတယ်


Su Su San

လင့်ကိုနှိပ် >>>> www.facebook.com/profile.php?id=61551489908644

7 months ago | [YT] | 198

Su Su San

IQ Air ထုတ်ပြန်ချက်အရ ရန်ကုန်မြို့မှာ လေထုအညစ်ညမ်းဆုံး ကမ္ဘာ့မြို့များအနက် အဆင့် ၁၂ သို့ ရောက်ရှိနေ
ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ထုတ်ပြန်ချက်အရ ရန်ကုန်မြို့မှာ AQI အညွှန်းကိန်း ၁၆၀ ဖြင့် အဆင့် ၁၂ တွင် ရောက်ရှိနေခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှာ အဆင့် ၂ နေရာတွင် ရှိခဲ့ရာမှ မွန်းလွဲပိုင်းတွင် အဆင့် ၁၀ ကျော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် IQ Air ၏ ထုတ်ပြန်ချက်အရ လေထုအညစ်ညမ်းဆုံး ၁၀ နိုင်ငံအနက် ထိပ်ဆုံးတွင် ရပ်တည်နေသည့် နိုင်ငံမှာ ကာဇက်စတန်နိုင်ငံ Bishkek မြို့ဖြစ်ပြီး AQI အညွှန်းကိန်း ၂၆၁ ဖြစ်သည်။

9 months ago | [YT] | 24

Su Su San

မိုးလေဝသမြန်မာ၊ စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီမှ သတ်မှတ်ထားသော မုန်တိုင်း အဆင့်သတ်မှတ်ပုံများအား သိရှိနိုင်ပါရန် အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။

11 months ago | [YT] | 119

Su Su San

ငရုတ်သီးအရွက်များပိုးကြနေသော ငရုတ်သီးများ!!! 🌶 အရွက်များ အဝါရောင် ဖြည်းညှင်းစွာ ပေါက်သည်။ အသီးမပွင့်သော သီးနှံများတွင် ပုရွက်ဆိတ်များ၊ ပိုးမွှားများနှင့် အင်းဆက်များကြယောက်နေပါက🌶🤩💡👍👍 လိုက်နာကြည့်ပါ။
💡 ပြင်ဆင်ရမည့်အရာများ
1. ပါတာစီတစ်မော့ဆေး ၄-၅ ပြား
2. မီးသွေးပြာမှုန့် 3 ဇွန်း
3. အချိုမုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
4. မြေသားဥခွံ 10 လုံး သို့မဟုတ် ထို့ထက်ပို၍ဥပါ။
5. ရေ 2-3 လီတာ။
.
ပြုလုပ်နည်း 💡
- Paracetamol ကို ပါးပါးလှီး၍ ရေ 2-3 လီတာနှင့် ရောမွှေကာ မှိုရောဂါများ ကာကွယ်ရန် မြေဆီလွှာကို လောင်းချကာ အမြစ်စနစ်ကို သန်မာပြီး လျင်မြန်စွာ ကြီးထွားစေရန် လှုံ့ဆော်ပေးပါသည်။ ရောဂါခုခံနိုင်စွမ်းရှိသည်။ ပန်းပွင့်ခြင်းနှင့် အသီးအနှံများကို လှုံ့ဆော်ပေးခြင်း၊ အင်းဆက်ပိုးမွှားများကို ကာကွယ်ပေးသည်။ ကောက်ကျနေသော အရွက်များကို ပြုပြင်ပေးပြီး ဟောင်းနွမ်းနေသော သစ်ပင်များကို လှပစိမ်းလန်းစေပါသည်။ အပင်ကြီးထွားမှုနှေးကွေးခြင်း၊ အရွက်မထုတ်ခြင်း၊ ပန်းနှင့်အသီးမသီးခြင်းပြဿနာကိုဖြေရှင်းရန် ကွန်တိန်နာတစ်လုံးကို ပြင်ဆင်ပါ။ ထို့နောက် ပြာမှုန့် ၃ ဇွန်း၊ MSG စားပွဲတင်ဇွန်း ၁ ဇွန်း၊ ထောင်းထားသော ကြက်ဥ ၁၀ လုံးကို ရောမွှေကာ ပေါင်းအိုးဖြင့် ရောမွှေပြီး အပင်ခြေရင်းတစ်ဝိုက်တွင် ဇွန်း ၁ ဇွန်း၊ ပန်းပွင့်စေရန် လှုံ့ဆော်ပေးပါသည်။ လိုက်လုပ်ကြည့်ရအောင်။
P.S. ဤပုံသေနည်းသည် ရိုးရာပညာသာဖြစ်သည်။ စမ်းသပ်မှု၏ရလဒ်များသည် ကျေနပ်စရာဖြစ်သည်။ ပညာသင်လွန်းရင် အောင်နိုင်တယ်။ ဓာတုပစ္စည်းတွေသုံးရင် ပိုထိရောက်တယ်။

11 months ago | [YT] | 76

Su Su San

N.P.K. အကြောင်း သိကောင်းစရာ
-မြန်မာစိုက်ပျိုးရေးမှာ ဘယ်ဒေသမှာမဆို မိရိုးဖလာ
စိုက်ပျိုးသူက များပါတယ် ။လိုအပ်ရင် မြေသြဇာ အလွယ်တကူ ဝယ်ပြီးသုံးတာကများပါတယ်။
မြေသြဇာကျွေးတော့ကျွေးတယ် ဘယ်အချိန် ဘယ်လိုမြေသြဇာ သုံးရမယ်ဆိုတာ သေချာမသိကြတာက ပြသနာပါ အဲဒီပြသနာ ဖြေရှင်းနိုင်ရင် စိုက်ပျိုးရေးမှာ ၅၀%အောင်မြင်ဖြစ်ထွန်းနိုင်မယ်လို့. ယုံကြည်ပါတယ်။
NPK အကြောင်း ပြောကြရအောင်ပါ ...
NPK ဆိုတာ
၁၊နိုက်ထရိုဂျင်၂၊ ဖော့စဖရက် ၃၊ ပိုတတ်ဆီယမ်
ဆိုပြီး ၃ မျိုးရှိပါတယ်
.N. ဆိုတာက နိုက်ထရိုဂျင်ပါ
နိုက်ထိုဂျင်က ပင်စည် ၊ အကိုင်းအခက်၊
အရွက်နဲ့ အညွန့် တို့ကို အားပေးတဲ့ ပရိုတိန်းဓာတ်ကို
ဖြစ်စေပါတယ်၊ အင်ဇိုင်းဓာတ်ကိုလည်းဖြစ်ပေါ် စေပါတယ်၊ အပင်အရွက်တွေက နေရောင်ရရှိမှုကို ပိုမိုချက်လုပ်နိုင်အောင် ဖြည့်စည်းပေးပါတယ်။
၂။ P. ဆိုတာကတော့ ဖော့စဖရက်ပါ
ဖော့စဖရက် ကတော့ အပွင့် ၊ အသီးနဲ့ အစေ့ကို အားပေးပါတယ်၊ ကဇီဓာတ်ကို အချိုဓာတ် ဖြစ်အောင် ပြောင်းလဲပေးနိုင်ပါတယ်၊ မျိုးရိုးဗီဇကိုလည်း ပိုမိုကောင်းမွန်စေပါတယ်၊ အရောင်းအစင်းကိုလှစေတယ်၊ အပင်အစိတ်အပိုင်း မှာလိုအပ်တဲ့ ဓာတ်တွေကိုပို့ဆောင်ပေးတယ်။
၃။ K.ကတော့ ပိုတက်ဆီယမ်ပါ
ပိုတတ်ဆီယမ်က အမြစ်ကိုအားပေးတယ် ၊ အချိုဓာတ်ကိုဖြစ်ပေါ်စေတယ်၊ အသီးကိုအချိုဓာတ်ရအောင်ပို့ဆောင်ပေးတယ်၊ အလေးချိန်ကိုစီးစေတယ်၊ အရွပ်တွေကို နိုက်ထရိုဂျင်ဓာတ်ပိုပြီးစုပ်နိုင်အောင် လုပ်ဆောင်ပေးတယ်။
သီးပင်စားပင်နှင့်နှစ်ရှည်သီးနှံစိုက်ပျိုးရာမှာ ဘယ်လို အပင် ဘယ်လိုအချိန် ဘယ်လိုအရွယ်အစားမှာ ဘာမြေသြဇာ သုံးရမယ်ဆိုတာကို ကွဲကွဲပြာပြား သိနိုင်အောင်တင်ပေးလိုက်ပါတယ်ခင်ဗျ။
#Crd

1 year ago | [YT] | 135

Su Su San

"ကြက်ဟင်းခါး စိုက်ပျိုးနည်း"
====================
၁။ စိုက်ပျိုးသည့်ဒေသ
ကြက်ဟင်းခါးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ တောင်ပေါ်အေးသော အရပ်များတွင်မူ နွေရာသီတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။
၂။ ရေ မြေ ရာသီဥတု
ကြက်ဟင်းခါးပင်သည် ရေစီးရေလာကောင်းပြီး မြေသြဇာဓာတ် အသင့်အတင့်ရှိသော နေရာများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ နုန်းမြေများတွင်လည်း များစွာ ဖြစ်ထွန်းပါသည်။
၃။ မြေပြုပြင်နည်း
ကြက်ဟင်းခါးကို စီးပွားဖြစ်စိုက်ရန်အတွက် ထယ်တစ်စပ်ထိုးပြီး ထွန် (၆) စပ်မှ (၈) စပ်အထိ ထယ်ရေး ကောင်းရသည့်တိုင် ထွန်ယက်ပေးပြီးနောက် ကြမ်းတုံးရိုက်ရမည်။ ထို့နောက် လေးကွက်ကြား စိုက်နိုင်ရန် တစ်တန်းနှင့်တစ်တန်း (၅) ပေ၊ တစ်ပင်နှင့်တစ်ပင် (၃) ပေရစေရန် ထွန်ဖြင့်ကြောင်းဆွဲပေးရပေမည်။
စင်တင်စိုက်ရန် စိုက်ဘောင်များ ပြုလုပ်ပေးရပေမည်။ အလျားပေ (၂၀) ပေ၊ အနံ (၃) ပေရှိသော မြေ ကွက်ကို ပေါက်တူးဖြင့် တူးဆ၍ မြေဆွေးဖြင့် ဆတူရောစပ်ပြီး အမြင့် (၁) ပေ၊ (၁၁/၂) ပေခန့်ရှိ စိုက်ဘောင်ပြု လုပ်ပေးရပေမည်။ သို့မဟုတ် စိုက်ကျင်းပြုလုပ်၍လည်း စိုက်နိုင်ပါသည်။
၄။ မြေသြဇာကျွေးနည်း
နွားချေးမြေသြဇာကို တစ်ဧကလျှင် (၁၀) တန်မှ (၁၅) ထိ ထည့်ပေးရန် လိုအပ်ပြီး ယူရီးယား ဓာတ်မြေသြဇာ (၂၂၄) ပေါင်နှုန်း ထည့်ပေးရန် လိုအပ်သည်။ ဓာတ်မြေသြဇာကို ထည့်ရာတွင် မြေကြီးနှင့် သမသည့်တိုင် ရောမွှေ ထွန်ယက်ပေးရန် အရေးကြီးပါသည်။ တီစူပါ ဓာတ်မြေသြဇာ တစ်ဧကလျှင် (၁၁၂) ပေါင် ထည့်ပေးရန် လိုအပ်ပါသည်။
၅။ ပျိုးထောင်နည်း
ကြက်ဟင်းခါးကို အစေ့မှ တိုက်ရိုက် စိုက်သောနည်းကို သုံးနိုင်သည်။ ပျိုးထောင်မစိုက်ကြပါ။
၆။ စိုက်ပျိုးနည်း
မိုးရာသီစိုက်မှာ မေလနှင့် ဇွန်လများတွင် စိုက်ပျိုးပြီး ဆောင်းရာသီစိုက်မှာ အောက်တိုဘာနှင့် နို၀င်ဘာလများတွင် စိုက်ပျိုးပါသည်။
စင်တင်စိုက်ပျိုးနည်းတွင် စိုက်ဘောင် (သို့မဟုတ်) စိုက်ကျင်းတွင် တစ်ပင်နှင့်တစ်ပင် (၂) ပေခွာပြီး မျိုးစေ့တစ်ကျင်းလျှင် (၃) စေ့ချ စိုက်ရပါမည်။ အသန်စွမ်းဆုံး အပင်တစ်ပင်ကိုသာ ချန်ပြီး အပင် ကလေးများ စင်ပေါ်တွယ်တက်နိုင်ရန် ဝါးခြမ်းကို ထောင်ပေးရပါမည်။ အညွန့်များ စင်ပေါ်ရောက်လျှင် အညွန့်ကို လက်ဖြင့်ဆိတ်ပေးရပါမည်။ သို့မှသာ အညွန့်များဖြာထွက်ပြီး စင်ပေါ်တက်ပေမည်။
စီးပွားဖြစ် စိုက်မည်ဆိုပါက တစ်တန်းနှင့်တစ်တန်း (၅) ပေခွာပြီး တစ်ပင်နှင့်တစ်ပင် (၃) ပေခွာ၍ စိုက်ပျိုးရန် လိုအပ်ပါသည်။
အချို့တောင်သူများသည် မိမိခြံစည်းရိုးဘေးတွင် အစေ့များ ကြဲပက်ထားပြီး အပင်များကို ခြံစည်းရိုးပေါ်တွင် သီးစေ၏။
၇။ တစ်ဧကမျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့ (၂-၃) ကီလိုဂရမ် လိုအပ်၏။ ကြက်ဟင်းခါးစေ့ (၁၀၀) ဂရမ်လျှင် အစေ့ပေါင်း (၇၀၀) ပါ၏။
၈။ ရေသွင်းနည်း
မြန်မာပြည်အလယ်ပိုင်းတွင် မိုးရာသီစိုက် ကြက်ဟင်းခါးကို အထူးရေသွင်းပေးရန် မလိုပါ။ ဆောင်းရာသီစိုက် ကြက်ဟင်းခါးတွင်မူ မြေအနေအထားအရ (၁၀) ရက်မှ (၁၅) ရက်ကြား ရေပေးရန် လိုအပ်၏။
၉။ အပင်ပြုစုနည်း
စီးပွားဖြစ်စိုက်သော အကွက်များတွင် အပင်ကလေးများ ငယ်စဉ်ကြားထွန်လိုက်ပေးရန် လို၏။ အပင် များ မြေတွင် ဖြာလာလျှင် ကြားထွန်မလိုက်သင့်တော့ပေ။ အမြစ်နှင့် အညွန့်များ ထိခိုက်ပါက အထွက်ထိခိုက် နိုင်၏။ အပင်ခြေရင်းပေါင်းများကိုမူ လက်ပေါင်းလိုက်ပေးသင့်သည်။ ကြက်ဟင်းခါးပင်များ ပန်းစပွင့်လျှင် အညွန့်များဖြတ်ပေးသင့်၏။ သို့မှသာ အညွန့်ပိုမိုိဝေဆာပြီး အသီး ပိုမိုသီးမည်ဖြစ်၏။
၁၀။ သတိပြုရန်အချက်များ
ကြက်ဟင်းခါးစိုက်ရာတွင် အောက်ပါအချက်များကို အထူးဂရုစိုက်သင့်သည်။
(၁) ကြက်ဟင်းခါး၊ ဘူး၊ ဖရုံ အမျိုးအနွယ်ဖြစ်သဖြင့် ဆေးဖျန်းရာတွင် ဒီဒီတီ၊ ဘီအိပ်ခ်ျစီ၊ အင်ဒရင်းဆေးများ မပက်ဖျန်းရပါ။
(၂) ကြက်ဟင်းခါးပင်ကလေးများ ကြီးလာပြီး အညွန့်စင်ပေးတက်လျှင် အညွန့်ကို ဖြတ်တောက်ပေးပါ။ သို့မှသာ အညွန့်ခွပြီး ပိုမိုသီးပါသည်။
(၃) ကြက်ဟင်းခါးပင်ကို ရေလောင်းရာတွင် ရေပေးမလွန်ခင် အရေးကြီးပါသည်။ ရေပေးလွန်က အမြစ်ပုပ်ပြီး အပင်သေနိုင်ပါသည်။
ယိုးဒယားကြက်ဟင်းခါး(BITTER QOURD)မျိုးစေ့ထုပ်များကို 2200ကျပ်ဖြင့်မှာယူနိင်ပါပြီ 09798839514 /viber telegram=09423744490ကိုဆက်သွယ်မှာယူနိင်ပါပြီ

1 year ago | [YT] | 105

Su Su San

ဇူလှိုင် ၃၀ရက် ချင်းပြည်နယ် ပလက်ဝ မိုးအလွန်ကြီးနိုင်ပါတယ်

1 year ago | [YT] | 133

Su Su San

ဇူလှိုင် ၃ရက်နေ့ ချင်းပြည်နယ် ဖလမ်းမြို့ မိုးကြီးမည်

1 year ago | [YT] | 184

Su Su San

ဇူလှိုင် ၃ရက်နေ့ ကချင်ပြည်နယ် ဖားကန့်မြို့ မိုးကြီးမည် ( စနေနေ့အထိမိုးကြီးနိုင်ပြီး သောကြာနေ့မှာ မိုးအလွန်ကြီးနိုင်သည်)

1 year ago | [YT] | 143

Su Su San

ဇူလှိုင် ၃ရက်နေ့ မြစ်ကြီးနား မိုးကြီးမည် ( စနေနေ့အထိမိုးကြီးနိုင်ပြီး သောကြာနေ့မှာ မိုးအလွန်ကြီးနိုင်သည်)

1 year ago | [YT] | 137