မင်္ဂလာပါ... ဆရာဖူးကျော်ဇင်ရဲ့ You Tube Channel လေးကနေ ကြိုဆိုလိုက်ပါတယ်...။

တိုးတက်အောင်မြင်မှုကို လိုလားကြသူတိုင်းနဲ့ ဘဝမှာအကောင်းဆုံးပြောင်းလဲမှုတွေကို ဖန်တီးကြလိုသူတိုင်းအတွက် အောင်မြင်ရေး၊ စိတ်ဓာတ်ခွန်အားနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Video ကောင်းများကို နေ့စဉ်တင်ဆက်ပေးနေတဲ့ Channel ဖြစ်ပါတယ်...။

Subscribe လုပ်ထားပြီး အောင်မြင်တိုးတက်မှု ပန်းတိုင်ကို အတူတူလျှောက်လှမ်းကြရအောင်ပါ...။

I am Phoo Kyaw Zin, Best Selling Author, Corporate Trainer, Motivational Speaker, Life & Success Coach and Entrepreneur in Myanmar. Founder of FUTURE WAVE Success and Motivation Training (Since 2012)

This is my Facebook Page : Phoo Kyaw Zin

Thank you all,
Phoo Kyaw Zin - Future Wave


Phoo Kyaw Zin

ဘဝဆိုတာ ဒီလိုပါပဲ…
ကိုယ် ကြိုးစားသည်ဖြစ်စေ၊ မကြိုးစားသည်ဖြစ်စေ...
အချိန်တွေကတော့ သူ့သဘာဝအတိုင်း ကုန်ဆုံးနေမှာပါပဲ။
ကိုယ့်အသက်တွေ တစ်နှစ် တစ်နှစ် ကြီးလာမှာပါပဲ။
တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံး ဖြတ်သန်းသွားနေမှာပါပဲ။

အချိန်တွေ ၊ နှစ်တွေ ကုန်ဆုံးသွားကြတာခြင်းအတူတူ တစ်နှစ်တစ်နှစ်ကို ဘယ်လို ကုန်ဆုံးသွားကြသလဲဆိုတဲ့ အချက်တွေ ကွဲပြားသွားတာနဲ့အမျှ လူ့ဘဝ တန်ဖိုးတွေ ကွာခြားသွားကြတာပါပဲ။

• တန်ဖိုးရှိစွာ ကုန်ဆုံးမလား၊
• အဓိပ္ပါယ်မဲ့စွာ ကုန်ဆုံးမလား၊
• ရည်မှန်းချက်တွေနဲ့ ကုန်ဆုံးမလား၊
• စိတ်ပျက်စရာတွေနဲ့ ကုန်ဆုံးမလား၊
• ပျော်ရွှင်စရာတွေနဲ့ ကုန်ဆုံးမလား ဆိုတာတွေကတော့
ကိုယ့်ရွေးချယ်မှုတွေပဲလေ။

အချိန်တွေက ရပ်တန့်မနေဘူး။
ကိုယ့်ဘဝတိုးတက်မှုတွေကတော့ ရပ်တန့်နေမယ်ဆိုရင်တော့ အသက်ရှင်သန်နေမှုက အဓိပ္ပါယ်မရှိပါဘူး ။

တစ်နှစ်ပြီး တစ်နှစ် လျှင်မြန်စွာ ကုန်ဆုံးနေတဲ့ တိုတောင်းလှတဲ့ ဘဝလေးမှာ တန်ဖိုးရှိရှိနေထိုင်ပြီး အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းကြရအောင် ...

လာမယ့် ၂၀၂၆ နှစ်သစ်မှာ စိတ်သစ် လူသစ် ခွန်အားသစ်တွေမွေးပြီး ပန်းတိုင်သစ်တွေ ချမှတ်လို့ အောင်မြင်တိုးတက်မှုတွေကို အရယူချင်တယ်ဆိုရင်တော့ …

👇🏻 ဒီမှာ ဝင်ဖတ်ကြည့်လိုက်ပါ ‼️
www.facebook.com/share/p/1KL2KomJQ7/
နှစ်သစ်ကို အတူတူရှေ့ဆက်ဖို့ စီစဉ်ထားပါတယ်။

▪️
PHOO KYAW ZIN - FUTURE WAVE ®
LIFE & SUCCESS 100 COACHING PROGRAM ®

#တွေးမိတက်ရေး
#LifeAndSuccess100 #PhooKyawZin #PKZCoaching #SuccessIn2026 #LifeCoaching #FutureWaveTraining
#HappyNewYear #happynewyear2026

2 days ago | [YT] | 784

Phoo Kyaw Zin

L&S Program ဆိုတာ သင့်ရဲ့ "ဒီနေ့" အခက်အခဲတွေကို ကျော်ဖြတ်ပြီး "တစ်နှစ်အကြာ" မှာ ထိုက်တန်တဲ့ ဘဝနဲ့ အောင်မြင်မှုကို ရယူနိုင်ဖို့ ဒီဇိုင်းဆွဲထားတဲ့ ရေရှည် မဟာဗျူဟာ တစ်ခုပါ။

✔︎ တစ်နှစ်ပတ်လုံး လက်တွဲခေါ်ယူမှု
၂၀၂၆ ခုနှစ် တစ်နှစ်ပတ်လုံး သင့်ဘေးနားမှာ ရှိနေပြီး လမ်းပြပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

✔︎ စဉ်ဆက်မပြတ် တွန်းအား
တိုက်ရိုက်ဆွေးနွေးမှု Coaching Session ပေါင်း (၁၀၀) တိတိ ပါဝင်တဲ့အတွက် သင် အားလျော့သွားတဲ့ အချိန်တိုင်းမှာ ပြန်လည် တွန်းအားပေးပြီး လမ်းကြောင်းမှန်ပေါ် ရောက်အောင် ကူညီပေးသွားမှာပါ။

✔︎ စနစ်တကျ လမ်းပြမှု
စီးပွားရေး၊ ငွေကြေး၊ စီမံခန့်ခွဲမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုများ။

✔︎ သီးသန့် အခွင့်အရေး
ဒီ Program ဟာ "တစ်နှစ်မှ တစ်ကြိမ်သာ ပါဝင်ခွင့်ရမယ့်" အထူး အခွင့်အရေး ဖြစ်ပါတယ်။

L&S 2026 (Life & Success) One Year 100 Coaching Program ကတော့ သင့်ကို ပိုမိုမြန်ဆန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် ပုံဖော်ပေးဖို့ အသင့်ရှိနေပါပြီ။

လာမယ့်နှစ်သစ်မှာ "လေးထောင့်တုံး" ကြီးကိုပဲ ပင်ပင်ပန်းပန်း တွန်းသွားမလား?

ဒါမှမဟုတ်

L&S မှာ ပါဝင် အချိန်ပေးပြီး သင့်ဘဝကို "လုံးဝန်းချောမွေ့တဲ့ အောင်မြင်မှု" အဖြစ် ထွင်းထုမလား?

အခုပဲ သင့်ရဲ့ လေးထောင့်တုံးကြီးကို အဝိုင်းဖြစ်အောင် စတင်ပုံဖော်လိုက်ပါ။

၂၀၂၆ မှာ သူများထက် အဝေးကြီးကို ပိုမြန်မြန် ရောက်ချင်တယ်ဆိုရင် L&S မိသားစုထဲကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

"အခုပင်ပန်းတာဟာ နောင်တစ်သက်လုံး သက်သာဖို့အတွက် ဖြစ်ပါစေ။"

ဒီနေ့ စတင်ဖို့ မတွန့်ဆုတ်ပါနဲ့။ L&S နဲ့အတူ သင့်ရဲ့ ပင်ပန်းမှုတွေကို တန်ဖိုးရှိတဲ့ အောင်မြင်မှုအဖြစ် ပြောင်းလဲလိုက်ပါ။

December မကုန်ခင် အစောဆုံး ပထမဆုံး အဖွဲ့ဝင်သစ် (၁၀၀) ဦး အတွက် အထူး Early Birds Promotion များကို ပေးထားပါတယ်။ ဒီအခွင့်အရေးဟာ အချိန်နဲ့အမျှ ကုန်ဆုံးသွားမှာဖြစ်လို့ အမြန်ဆုံး စာရင်းသွင်းထားဖို့ တိုက်တွန်းပါရစေခင်ဗျာ။

အသေးစိတ် အစီအစဉ်များနဲ့ စာရင်းသွင်းရန်အတွက် အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်ခင်ဗျာ။
www.facebook.com/share/p/1KL2KomJQ7/

▪️
PHOO KYAW ZIN - FUTURE WAVE ®
LIFE & SUCCESS 100 COACHING PROGRAM ®

#LifeAndSuccess100 #PhooKyawZin #PKZCoaching #SuccessIn2026 #LifeCoaching #FutureWaveTraining

3 days ago | [YT] | 115

Phoo Kyaw Zin

"ငွေက အရေးမပါဘူး" ဆိုတာ သေချာလား?

"ငွေဟာ ဘဝမှာ အရေးမပါ ပါဘူးကွာ" …လို့
ပြောတဲ့သူတွေ တွေ့ဖူးလား?

ဒီလိုပြောနေပေမယ့်
တကယ်တမ်းကျ သူ့ဘဝအတွက်
ငွေကအရေးပါနေတယ်ဆိုတာ
သူကိုယ်တိုင်သိလိမ့်မယ်…။

• စားဝတ်နေရေးအတွက် ငွေလိုတယ်မလား?
• ကျန်းမာရေးအတွက်လည်း ငွေလိုတယ်မလား?
• ပညာရေးအတွက်ရော ငွေလိုတယ်မလား?

• ကိုယ့်မိဘ၊ ကိုယ့်သားသမီးတွေ မျက်နှာမငယ်ရဖို့အတွက်ရော ငွေလိုတယ်မလား?

• ဘဝရှင်သန်ရပ်တည်နိုင်ဖို့အတွက်ရော
ငွေက အဓိကနေရာမှာ ပါဝင်နေတာပဲမလား?

အချစ်ရေး၊ အိမ်ထောင်ရေးမှာတောင် ချစ်နေရုံနဲ့ မပြီးဘူး။
တကယ်ချစ်ကြောင်း ပြချင်ရင် ငွေကောင်းကောင်းရှာ။
မိသားစုကို မျက်နှာမငယ်ရအောင် ကြိုးစား…။
တင့်တောင့်တင့်တယ်ထား။
ပါးစပ်နဲ့ပဲ ချစ်ပြနေရင် တာဝန်မကျေဘူးလေ။
ဒါ့ကြောင့် အချစ်ရေးမှာလဲ ငွေက အဓိကနေရာမှာ ပါဝင်တယ်။

"အချစ်ရှိရင် အရာအားလုံး ပြည့်စုံတယ်" ဆိုတဲ့ စကားဟာ
ရုပ်ရှင်ထဲမှာတော့ လှပကောင်း လှပနိုင်ပေမဲ့၊
လက်တွေ့ လောကီလူသားတွေရဲ့ ဘဝမှာတော့
"ငွေ" မရှိဘဲနဲ့ ဘာမေတ္တာကိုမှ ခိုင်မာအောင်
တည်ဆောက်လို့ မရပါဘူး။

ငွေဟာ အရာအားလုံးမဟုတ်ပေမယ့်
အရာအားလုံးအတွက် ငွေဟာ အဓိက ကျတယ်...။

ငွေရှိရုံနဲ့ ပြဿနာတွေအားလုံးကို ရှင်းလို့မရပေမယ့်
ပြဿနာတွေရှင်းနိုင်ဖို့အတွက်က ငွေလိုတယ်...။

မိသားစုအပေါ် တာဝန်ကျေကြောင်း ပြသနိုင်ဖို့အတွက်
ကျွန်တော်တို့မှာ ငွေရှိဖို့လိုတယ်။

မိတ်ဆွေတွေအပေါ် စေတနာရှိကြောင်း ပြသနိုင်ဖို့အတွက်
ကျွန်တော်တို့မှာ ငွေရှိဖို့လိုတယ်။

ဆွေမျိုး ညီအစ်ကို မောင်နှမတွေအပေါ် သိတတ်ကြောင်း
ပြသနိုင်ဖို့အတွက် ကျွန်တော်တို့မှာ ငွေရှိဖို့လိုတယ်။

ကိုယ်ချစ်တဲ့သူတွေကို ချစ်ခင်ကြင်နာ မေတ္တာရှိကြောင်း ပြသနိုင်ဖို့အတွက် ကျွန်တော်တို့မှာ ငွေရှိဖို့လိုတယ်။

ကျေးဇူးရှင်တွေအပေါ် ကျေးဇူးပြန်ဆပ်ဖို့နဲ့
ကျေးဇူးသိတတ်ကြောင်း ပြသနိုင်ဖို့အတွက်
ကျွန်တော်တို့မှာ ငွေရှိဖို့လိုတယ်။

ပျော်ရွှင်မှုကို ငွေနဲ့ဝယ်မရဘူးပြောကြပေမယ့်
ငွေမရှိရင်လည်း ပျော်ရွှင်မှုမရနိုင်ဘူးဆိုတာ
ငွေမရှိတဲ့အချိန်မှာ လက်ခံရလိမ့်မယ်…။

ငွေထက် အရေးကြီးတာတွေဆိုတာ ရှိပေမယ့်
အဲ့အရေးကြီးတာတွေအတွက်က
ငွေရှိမှဖြစ်မယ်ဆိုတာ တကယ့် အမှန်တရားပဲ။

ဒါ့ကြောင့် "ငွေမရှိရင် အပြစ်များစွာ ရှိနေလိမ့်မယ်" ဆိုတဲ့ စကားက သိပ်မှန်တယ်။

ဘယ်လိုအခြေအနေမျိုးမှာမဆို ငွေက
အရေးပါတဲ့နေရာမှာရှိနေတယ် ...။

အောင်မြင်မှုတိုင်းကို ငွေနဲ့ မတိုင်းတာနိုင်ပေမယ့်
အောင်မြင်မှုအတွက် ငွေဟာ အရေးပါတဲ့နေရာမှာရှိနေတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပဲ…။

ဒါကြောင့် ကျွန်တော်တို့ ငွေပိုရှာကြရမယ်...။
ငွေတွေပိုဝင်အောင် ကြိုးစားကြရမယ်။

လောကီ လူသားတွေအတွက်
ငွေဆိုတဲ့ Money ဟာ
တွန်းအားပြင်းတဲ့ Motivation တစ်ခုပါပဲ …။

▪️
Phoo Kyaw Zin - Future Wave
PHOO KYAW ZIN - FUTURE WAVE ®

#တွေးမိတက်ရေး #ဖူးကျော်ဇင် #Money
#PhooKyawZin #PhooKyawZinQuotes

3 days ago | [YT] | 290

Phoo Kyaw Zin

"ဟာသဉာဏ်" ရှိတယ်ဆိုတာ
ကိုယ်ကချည်း ဟာသတွေ ဖန်တီးတတ်၊ ပြောတတ်၊ ရေးတတ်၊ အရွှန်းဖောက်တတ်တာကိုချည်းပြောတာ မဟုတ်ဘူးလို့ ထင်တယ်…။

ကျွန်တော့်အမြင်ကတော့ -
ဟာသ ဟာ ဉာဏ်ပညာတစ်ခုပဲ..။

ဟာသဉာဏ်ရှိတယ်ဆိုတာ
ဟာသကိုနားလည်တတ်တဲ့ဉာဏ်” ၊
“ဟာသ ကို ဟာသလို့ပဲ သိမြင်တတ်တဲ့ ဉာဏ်” လည်း ပါဝင်တယ်။
“ဟာသရဲ့ ရသကို ခံစားတတ်တဲ့ ဉာဏ်ရည်ဉာဏ်သွေး” လေးလည်းပါဝင်လိမ့်မယ်။

အဲ့ဒီ ဉာဏ်မရှိတဲ့ သူဟာ “ဟာသရသ” ကို
မြင်နိုင်စွမ်းမရှိတဲ့အပြင် ခံစားနိုင်စွမ်းလည်း ချို့တဲ့တယ်။

ဒါလည်း ဉာဏ်ရည် ချို့တဲ့ခြင်း တစ်မျိုးပဲလို့ ထင်တာပဲ။
“ဟာသဉာဏ် ချို့တဲ့ခြင်း” ပေါ့။

အဲ့လိုလူတွေဟာ
ဟာသကြောင့် ပျော်ရွှင် ရယ်မောရမယ့်အစား …
ဒေါသကြောင့် ပူလောင် ရင်မောနေရတတ်တယ်။

▪︎

"ဟာသဉာဏ်" ချို့တဲ့, တဲ့အခါ ဘဝဟာ
စိုပြေလန်းဆန်းမှုတွေ ကင်းမဲ့နေတတ်ပါတယ်။

အမှားတစ်ခု လုပ်မိတဲ့အခါ
ဟာသဉာဏ်ရှိတဲ့သူဟာ ပေါ့ပေါ့ပါးပါးနဲ့
သင်ခန်းစာအဖြစ် လက်ခံနိုင်ပေမယ့်...

ဟာသဉာဏ် မရှိသူတွေကတော့
အဲဒီအမှားကို အပြစ်တစ်ခုလိုပဲ မြင်ပြီး
စိတ်မချမ်းသာမှုတွေနဲ့ပဲ အချိန်ကုန်နေတတ်ပါတယ်။

လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာလည်း
ဟာသဉာဏ်ဟာ အဆင်ပြေချောမွေ့စေပါတယ်။
ဟာသလေးတစ်ခု နှောပြောလိုက်ခြင်းက
ခင်မင်မှုတွေပိုတိုးစေတယ်၊
တင်းမာမှုတွေကို လျော့ကျစေပါတယ်။

ဟာသဉာဏ် ချို့တဲ့တဲ့အခါမှာတော့
အခြားသူတွေနဲ့ ရင်းနှီးဖို့ ခက်ခဲသွားပြီး
ဆက်ဆံရေးတွေဟာ အေးစက်စက် ဖြစ်သွားတတ်ပါတယ်။

ဒါပေမယ့် -
တဖက်သား အတည်ပြောနေတာကို
ဟာသလို့ မြင်ပြီး လိုက်ဖောက်နေလည်း
အဆင်မပြေဘူး။ မကောင်းဘူးနော်။

ဒီလိုပဲ - ဟာသဖောက်တာကို
အတည်လို့ထင်နေရင်လည်း ပျော်စရာမကောင်းတော့ဘူး။
ပြောဆို ဆက်ဆံရေးမှာ သတိထားစရာလေးတစ်ခုပေါ့။

ဘာပဲဖြစ်ဖြစ် ဟာသ ဟာ လူတွေရဲ့ ဘဝအမောကို ပြေစေပါတယ်။ တခဏတာ စိတ်ချမ်းသာမှုလေးကို ဖြစ်စေပါတယ်။

✘ ဟာသ လေး ရေးပေး၊ ပြောပေး၊ တင်ပေး၊ မျှဝေပေးခြင်းဟာ သက်သက်မဲ့ အားယားလို့ လူပေါကြီး လုပ်နေကြတာ မဟုတ်ပါဘူး။ ✘

✦ စိတ်ပင်ပန်းမှုတွေ၊ အပူသောကတွေပေါင်းများစွာ ဝိုင်းနေရတဲ့ အချိန်မှာ အပျော်လေးတစ်ခု၊ အပြုံးလေး တစ်ချက်နဲ့ စိတ်သက်သာရာလေး ရရှိပါစေဆိုတဲ့ စေတနာတွေ ပါဝင်နေပါတယ်။ ✦

မြင်တတ်ရင် ၊ ကြည့်တတ်ရင် ဟာသဆိုတာ လူတွေရဲ့ စိတ်ကို ပျော်ရွှင်စေတဲ့ ပရဟိတလေးတစ်ခုပါပဲ။

ခင်ဗျားမှာ ဟာသဉာဏ်ရှိနေတယ်ဆိုရင်
ဒါဟာ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုလို့ မှတ်ယူပြီး
ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွင် ဖြတ်သန်းကြည့်ပါ။

မပြုံးနိုင်၊ မပျော်နိုင်၊ မရယ်မောနိုင် နဲ့
"ဟာသဉာဏ်" ချို့တဲ့ နေတဲ့ ဉာဏ်ရည်မမီသူမဖြစ်ပါစေနဲ့။

▪️
Phoo Kyaw Zin - Future Wave
PHOO KYAW ZIN - FUTURE WAVE ®

▪️
⦿ You Tube : youtube.com/@PhooKyawZin

⦿ TikTok : www.tiktok.com/@phookyawzin_futurewave

⦿ Instagram : www.instagram.com/phoo.kyaw.zin

⦿ Telegram : t.me/phookyawzin

#တွေးမိတက်ရေး #ဖူးကျော်ဇင် #ဟာသဉာဏ်
#PhooKyawZin #PhooKyawZinQuotes

4 days ago | [YT] | 355

Phoo Kyaw Zin

CASHFLOW 101 (Batch-10) သင်တန်းကြီး စတင်ဖို့ နာရီပိုင်းသာ လိုပါတော့တယ်။ သင်တန်းအပ်ထားသူတွေအားလုံးကတော့ သင်ခန်းစာတွေလေ့လာဖို့နဲ့ Zoom တက်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။

သင်ကော... အသင့်ဖြစ်ပြီလား?
ဒါမှမဟုတ် အခွင့်အရေးကို လက်လွှတ်ပြီး ကျန်ခဲ့တော့မှာလား?

✦ သင်တန်းကို ဒီနေ့ည ၇ နာရီ အချိန်တိကျစွာ စတင်ပါမယ်။
✦ ဆရာ Phoo Kyaw Zin - Future Wave နဲ့အတူ ငွေကြေးကစားပွဲကို စတင်ဖို့ အားလုံး စောင့်ဆိုင်းနေကြပါပြီ။
✦ ညနေ ၅ နာရီ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရပါမယ်။
✦ အချိန်ကျော်လွန်ပါက လုံးဝ (လုံးဝ) လက်ခံတော့မည် မဟုတ်ပါ။
✦ ဒါဟာ ဒီနှစ်ရဲ့ နောက်ဆုံးတန်းခွဲဖြစ်ပါတယ်။
⚠️ အခြားသူတွေ အဆင်သင့်ဖြစ်နေချိန်မှာ သင် နောက်ကျမကျန်ခဲ့ပါစေနဲ့!

✦ သင်တန်းသားတွေဟာ Private Group ထဲမှာ မိတ်ဆက်ပြီး Zoom Meeting အတွက် ပြင်ဆင်နေကြပါပြီ။ ✦

✔︎ သင်လည်းပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အလုပ်က အခုချက်ချင်း စာရင်းပေးသွင်းဖို့ပဲ ဖြစ်ပါတယ်။

✘ အချိန်မရှိတော့ပါဘူး!

📩 စာရင်းသွင်းရန် (ညနေ ၅ နာရီ မတိုင်မီ) Page Messenger မှာ "CF101" လို့ အမြန်ဆုံး ပို့လိုက်ပါ!
m.me/FutureWaveTrainingMyanmar

🕒 Countdown စတင်နေပါပြီ...
ညနေ ၅ နာရီမှာ စာရင်းပိတ်ပါမယ်။

✔︎ ည ၇ နာရီမှာ အတူ ဆုံကြပါစို့!

1 week ago | [YT] | 139

Phoo Kyaw Zin

🚨"သင်တန်းစတင်ဖို့ နာရီပိုင်းသာ လိုပါတော့တယ်။ 🚨
CASHFLOW 101 သင်တန်းကို အမှန်တကယ်စိတ်ဝင်စားတယ်ဆိုရင် တွေဝေနေဖို့ အချိန်သိပ်မရှိတော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ ...

⏰ မနက်ဖြန် ည ၇ နာရီမှာ ဆရာ Phoo Kyaw Zin - Future Wave ကိုယ်တိုင် Zoom ကနေ တိုက်ရိုက်သင်ကြားမှုကို စတင်တော့မှာပါ။

ပြီးတော့ ...

💰 သင်တန်းကြေး - ၂၅၀,၀၀၀ ကျပ် ကို ...
✦ Early Bird အထူးနှုန်း ၁၉၉,၀၀၀ ကျပ်တည်းနဲ့
အပ်ခွင့်ရမယ်သူ (၇) ဦးသာကျန် ရှိပါတော့တယ်။ ✦

(အခုစာဖတ်နေတဲ့ အချိန်မှာတောင် Early Bird လက်ကျန် (၇) ဦးက ပြည့်သွားနိုင်တာမို့ Messenger မှာ အမြန်လာရောက် စုံစမ်း အပ်နှံနိုင်ပါတယ်။)

✦ ဒီအခွင့်အရေးကိုသာ အခုလက်လွှတ်လိုက်ရင်
CASHFLOW 101 နောက်တန်းခွဲအသစ်အတွက်
နောက်ထပ် လပေါင်းများစွာ ကြာအောင် စောင့်ရပါလိမ့်မယ်။ ✦

ဒါ့ကြောင့် ...

🔥 အခုပဲ "၂၀၂၅ ရဲ့ နောက်ဆုံးသင်တန်း" ကို တက်ရောက်ပြီး
✅ ၂၀၂၆ နှစ်သစ်ကို ငွေကြေးလွတ်မြောက်မှုလမ်းစနဲ့ စတင်လိုက်ပါ။

သင်တန်းအကြောင်း အသေးစိတ်သိချင်ရင်
ဒီ link မှာ ဖတ်လိုက်ပါ...
www.facebook.com/share/p/1ErNnpZLN5/

နောက်ကျမကျန်ခဲ့ပါစေနဲ့‼️

📩 စာရင်းသွင်းရန်
Page Messenger မှာ "CF101" လို့ အမြန်ဆုံး ပို့လိုက်ပါ!
m.me/FutureWaveTrainingMyanmar

⚠️ မနက်ဖြန် ညမှာ ကြွက်ပြေးလမ်းကနေ အတူတူ ရုန်းထွက်ကြစို့‼️

1 week ago | [YT] | 212

Phoo Kyaw Zin

❌ အဆင်မပြေမှုကို အဆုံးသတ်အဖြစ် မမြင်ပါနဲ့ ❌

ဘဝမှာ အဆင်မပြေမှုတွေ၊ အမှားတွေ လုပ်မိတဲ့အခါ၊
အများစုက ပုံရဲ့ အပေါ်ပိုင်း (❌) လိုပဲ စဉ်းစားတတ်ကြပါတယ်။

တစ်နှစ်ပတ်လုံး အဆင်မပြေမှုတွေချည်းပဲကွာ...
အခုဆို နှစ်ကုန်တော့မယ်.. ဒီဇင်ဘာတောင်ရောက်နေပြီ...။

❌ "ငါ့မှာ အချိန်မရှိတော့ဘူး - တစ်နှစ်တာအချိန်ကုန်တော့မယ်..."

❌ "ငါဘာမှလည်း မဖြစ်မြောက်ခဲ့ဘူး ... "

❌ "ငါ့ရဲ့ ရည်မှန်းချက်တွေ မပြီးမြောက်သေးဘူး..."

❌ "နောက်နှစ်အတွက် ဘာမှ ပြင်ဆင်ချိန်မရတော့ဘူး..."

ဒီလို အမြင်မျိုးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့နဲ့၊
အဆင်မပြေမှုကို အဆုံးသတ်အဖြစ် မှတ်ယူဖို့ပဲ ဦးတည်ပါတယ်။
ဒါဆိုရင် ဘယ်တော့မှ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။

▪️▪️▪️
✅ အဆင်မပြေမှုကို သင်ခန်းစာနဲ့ စမှတ်အဖြစ် မြင်ပါ ✅

ဘဝရဲ့ တကယ့် အောင်မြင်သူတွေ၊
တိုးတက်ပြောင်းလဲသူတွေရဲ့ အတွေးအခေါ်ကတော့
အောက်က ပုံစံ (✅) လိုပဲ ဖြစ်ပါတယ်။

တစ်နှစ်ပတ်လုံး ကြုံခဲ့တဲ့ အမှားတွေကို "သင်ခန်းစာများ (Lessons Learned)" အဖြစ် ပြောင်းလဲလိုက်လို့ရပါတယ်။

ဒီသင်ခန်းစာတွေဟာ ကျွန်တော်တို့ကို
✅ "အခုမှ စတင်ရုံပဲရှိသေးတယ်"

✅ "သင်တန်းစာတွေအများကြီးရခဲ့တယ်"

✅ "စတင်ဖို့အတွက် အချိန်ကောင်းရောက်ပြီ" ဆိုတဲ့
အတွေးမျိုးကို ရစေပါတယ်။

အမှားလုပ်ခြင်း ဟာ ကျရှုံးခြင်း မဟုတ်ဘဲ၊
နောက်တစ်ကြိမ် ပိုကောင်းအောင် လုပ်ဖို့အတွက်
သင်ခန်းစာပညာတွေ ရရှိခြင်း ဖြစ်ပါတယ်။

ဒီလို သင်ခန်းစာတွေ၊ ပညာတွေ ရပြီဆိုရင်
လာမယ့်နှစ်သစ်ဟာ အမှားဟောင်းတွေ ထပ်မလုပ်တော့ဘဲ
ပိုပြီး တိုးတက်ဖြစ်ထွန်းအောင် လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

★ 2025 က သင်ပေးတဲ့ သင်ခန်းစာတွေကို ယူတတ်ရင် ဒီဇင်ဘာလဟာ အဆုံးသတ်မဟုတ်ဘဲ၊ နောက်နှစ် 2026 အတွက် စိန်ခေါ်မှုအသစ်တစ်ခုကို စတင်ဖို့ အကောင်းဆုံး ပြင်ဆင်ချိန်ပဲ ဖြစ်ပါတယ်! ★

▪️▪️▪️
🚀 Life & Success နဲ့အတူ သင့်ရဲ့ သင်ခန်းစာတွေကို အကောင်အထည်ဖော်ပါ‼️

သင့်ရဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံးကနေ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို လာမယ့် ၂၀၂၆ ခုနှစ်မှာ အမှန်တကယ် အောင်မြင်မှုအဖြစ် ပြောင်းလဲပစ်ချင်ပါသလား?

Future Wave Training ရဲ့ Life & Success One Year 100 Coaching Program ဟာ သင့်ရဲ့ အတွေးအခေါ်ကို ပုံရဲ့ အောက်ပိုင်း (✅) လိုမျိုး အမှားကနေ သင်ခန်းစာယူပြီး ချက်ချင်း အကောင်အထည်ဖော်နိုင်တဲ့ အဆင့်ကို ရောက်ရှိအောင် တစ်နှစ်တာလုံး စဉ်ဆက်မပြတ် လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။

✨ အမှားဟောင်းတွေ ပြန်မလုပ်မိဖို့ ဘယ်လို ဗျူဟာချမလဲ?

✨ သင်ခန်းစာတွေကို ပန်းတိုင်ဆီ ဦးတည်အောင် ဘယ်လို အသုံးချမလဲ?

Life & Success မှာ ပါဝင်ပြီး သင့်ရဲ့ အတိတ်က အမှားတွေကို အနာဂတ်ရဲ့ အောင်မြင်မှု ဗျူဟာများအဖြစ် ပြောင်းလဲပစ်လိုက်ပါ!

★ အချိန်ကုန်ဆုံးနေပြီလို့ မခံစားပါနဲ့—
ကျွန်တော်တို့ အခုမှ စတင်ရုံပဲ ရှိပါသေးတယ်။ ★

L&S Program အစီအစဉ်များနဲ့ စာရင်းသွင်းရန်အတွက်
www.facebook.com/share/p/1KL2KomJQ7/
မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုပါက Messenger မှတစ်ဆင့် L&S 2026 လို့ စာပို့ပြီး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
m.me/FutureWaveTrainingMyanmar

▪️

PHOO KYAW ZIN - FUTURE WAVE ®
LIFE & SUCCESS 100 COACHING PROGRAM ®

1 week ago | [YT] | 352

Phoo Kyaw Zin

🚨 သတိပေးချက် ‼️
📢 CASHFLOW 101 သင်တန်း စတင်ဖို့ ရက်နီးကပ်လာပြီ...‼️

2025 ရဲ့ နောက်ဆုံးသင်တန်းအဖြစ် CASHFLOW 101 – Batch 10 သင်တန်းကြီးကို လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ မှာ စတင်တော့မှာဖြစ်လို့ ရက်ပိုင်းသာ လိုတော့တာ ဖြစ်ပါတယ်။

ကြွက်ပြေးလမ်း (Rat Race) က လွတ်အောင်ထွက်ပြီး - Financial Freedom ဆိုတဲ့ ပန်းတိုင်ဆီကို ဦးတည်မယ့် ဘဝပြောင်းလဲမှု ခရီးစဉ်ကို နောက် နှစ်မကူးခင်လေးမှာ အချိန်မီ စတင်လိုက်ပါ။

◆◆◆◆◆◆◆
🛑 Early Bird အခွင့်အရေးနဲ့ နေရာဦးထားလိုက်ပါ ‼️

ပညာရပ်ဆိုင်ရာအရ တန်ဖိုးကြီးမားတဲ့ ဒီသင်တန်းရဲ့ ပုံမှန်သင်တန်းကြေးဟာ ၂၅၀,၀၀၀ ကျပ် ဖြစ်ပေမယ့်၊

🔥🔥 အထူးသတင်း
ပထမဆုံး စာရင်းသွင်းသူ ၃၀ ဦး အတွက် ပေးအပ်ထားတဲ့ Early Birds အထူးနှုန်း (20% Discount) ကို ယခုထိ ရယူနိုင်ပါသေးတယ်။

သင်တန်းကြေး = ၁၉၉,၀၀၀ ကျပ် တည်းနဲ့ တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး၊ ဒီအခွင့်အရေးဟာ လူဦးရေ (၃၀) ပြည့်တာနဲ့ ချက်ချင်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ တက်ရောက်ဖို့ စာရင်းပေးသွင်းသူ အရေအတွက် များပြားနေပြီဖြစ်လို့ Early Bird နေရာများ အချိန်မရွေး ပြည့်သွားနိုင်ပါတယ်!

◆◆◆◆◆◆◆
🚨 ကြွက်ပြေးလမ်းက လွတ်မြောက်ဖို့ အမြန်ဆုံး အပ်နှံလိုက်ပါ‼️

ဒီသင်တန်းမှာ ဘာတွေသင်ယူရမှာလဲ?

🔑 CashFlow Game ဖြင့် ငွေလည်ပတ်စီးဆင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဗျူဟာများကို လက်တွေ့ကျကျ နားလည်ခြင်း။

🔑 Passive Income တည်ဆောက်ပြီး ငွေကြေးလွတ်မြောက်ရေးနည်းလမ်းများ။

🔑 Master Your Money Game စာအုပ်ရေးသားသူ Phoo Kyaw Zin - Future Wave ဆရာဖူးကျော်ဇင်မှ တိုက်ရိုက် သင်ကြားပေးခြင်း။

ဒီထက် အသေးစိတ်ကျကျ သိချင်ရင်
ဒီ link မှာ ဖတ်လိုက်ပါ...
www.facebook.com/share/p/1ErNnpZLN5/

◆◆◆◆◆◆◆
သင်တန်းအချိန်ကာလ ⁉️

▪️ သင်တန်းရက်များ - Dec 22, 23,24, နဲ့ Dec 26,27,28,29
▪️ သင်တန်းကာလ - (၇) ရက်တာ
▪️ သင်တန်းအချိန် - ညစဉ် 7pm မှ 9pm++ အထိ
▪️ သင်ကြားရေးပုံစံ - Zoom Meeting

(သင်တန်းအပ်ပြီးပါက သင်တန်း Private Group နဲ့ Telegram Group ထဲ Join ရမှာဖြစ်ပြီး Zoom ID - Link များ တင်ပေးသွားမှာဖြစ်ပါတယ်။)

◆◆◆◆◆◆◆
သင့်ရဲ့ ငွေကြေးအသိပညာ တိုးတက်မှုကို အခုပဲ ရင်းနှီးမြှုပ်နှံလိုက်ပါ။

လူပြည့်မသွားခင် အမြန်ဆုံး စာရင်းသွင်းရန်
Page Messenger သို့ CF101 လို့ ရေးပြီး ပို့လိုက်ပါခင်ဗျာ။
m.me/FutureWaveTrainingMyanmar

Comment မှာလည်း CF101 လို့ စာချန်ထားခဲ့နိုင်ပါတယ်။
Admin က ဆက်သွယ်ပြီး သင်တန်းအပ်ဖို့ အသေးစိတ် ရှင်းပြပါလိမ့်မယ်။

🔰 Cashflow 101 သင်တန်းကို တက်ပြီး
“ကြွက်ပြေးလမ်းကလွတ်အောင်ရုန်းထွက်လိုက်ပါ” ‼️

CASHFLOW 101 – Batch 10
Financial Education & Investment Game
Online Training Program 2025

#FutureWaveTraining #CashFlow101
#PhooKyawZin #FinancialFreedom

1 week ago | [YT] | 40

Phoo Kyaw Zin

ပိုက်ဆံကို မစုဆောင်းဘဲ
သုံးဖြုန်းဖို့ မစဉ်းစားပါနဲ့ ❌

ရှာလို့ရလာတဲ့ ပိုက်ဆံတွေကို
သေချာစုဆောင်းပါ။

ပြီးမှ ဖြုန်းပေါ့ ✔️

🤭
😅

#justforfun
PHOO KYAW ZIN - FUTURE WAVE ®
▪️
⦿ You Tube : youtube.com/@PhooKyawZin

⦿ TikTok : www.tiktok.com/@phookyawzin_futurewave

⦿ Instagram : www.instagram.com/phoo.kyaw.zin

⦿ Telegram : t.me/phookyawzin

#တွေးမိတက်ရေး #ဖူးကျော်ဇင်
#PhooKyawZin #PhooKyawZinQuotes

1 week ago | [YT] | 475

Phoo Kyaw Zin

☕ ဘဝက ခါးပါတယ်ဆိုမှ သကြားက ဖြတ်ခိုင်းနေတယ်... အံ့ရော 😒

ကျွန်တော်က အချိုကြိုက်တဲ့ သူပါ။

✔︎ အစားဆိုလည်း ချိုမှကြိုက်၊
✔︎ သကြားဆိုလည်း ချိုမှကြိုက်၊
✔︎ စကားဆိုလည်း ချိုမှကြိုက်၊

သူငယ်ချင်းတွေကတောင်
"ဒီကောင် အချိုကြိုက်တဲ့ကောင်"
လို့ စနောက်လေ့ရှိပါတယ်။

အချိုကြိုက်တာလည်းမပြောနဲ့လေ...
ဘ၀က ခါးသီးခဲ့တာကိုး ...။​

အလုပ်မှာ စိတ်ညစ်လာရင်
"လက်ဖက်ရည်ချိုစိမ့်လေး တစ်ခွက်လောက်"၊

ပင်ပန်းလာရင်
"အချိုရည်အေးအေးလေး တစ်ဘူးလောက်" နဲ့

ဘဝရဲ့ ခါးသက်မှုတွေကို အချိုဓာတ်လေးနဲ့ပဲ
ဖြေသိမ့် ချော့မြှူခဲ့ရတာ မဟုတ်လား...။

အခုတော့ -

အဲဒီ "ချော့မြှူဖော်" (သကြား)(အချို) ကိုပါ
စွန့်လွှတ်ခိုင်းတာဟာ တကယ့်ကို
ရက်စက်လွန်းတဲ့ စိန်ခေါ်မှုကြီးပါ။

တကယ်တော့ ဒါက "ပိုကောင်းတဲ့ အချို" ကို
ရဖို့အတွက် "ယာယီအချို" ကို စွန့်လွှတ်ခိုင်းတာပါ။

သကြားကပေးတဲ့ ခဏတာ
စိတ်ကျေနပ်မှုကတော့ "ယာယီအချို" ဖြစ်ပြီး... ၊
ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကြောင့် ရရှိမယ့်
ဘဝရဲ့ ပျော်ရွှင်မှုကတော့ "ထာဝရအချို" ပါပဲ။

"သကြားဖြတ်တယ်" ဆိုတာ
သာမန်အားဖြင့်တော့ အချိုရှောင်တာပါပဲ။

ဒါပေမဲ့ ပိုနက်နက်ရှိုင်းရှိုင်း တွေးကြည့်ရင်တော့
ဒါဟာ "Discipline (စည်းကမ်း)" ပါပဲ။ ✔︎

ဘဝက ခါးနေတယ်ဆိုတာ အပြင်ပန်း အခြေအနေတွေကြောင့်ပါ။

ဒါပေမဲ့ ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ ခန္ဓာကိုယ်ကသာ ကျန်းမာကြံ့ခိုင်နေမယ်ဆိုရင် အဲဒီ "ခါးသက်မှု" တွေကို ကျော်ဖြတ်ဖို့က မခက်ခဲတော့ပါဘူး။

★ "ဘဝက ခါးနေချိန်မှာ သကြားကိုပါ ဖြတ်နိုင်တယ်ဆိုရင်... သင်ဟာ ဘယ်လို ခါးသီးတဲ့ အခက်အခဲကိုမဆို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက် ဖြစ်သွားပါပြီ။" ★

ဒါကြောင့်... ဘဝက ခါးနေလို့ သကြားပါ ဖြတ်ခိုင်းနေတယ်ဆိုရင် "ငါ့ဘဝက ဆိုးလိုက်တာ" လို့ မတွေးဘဲ "ခါးသီးတဲ့ လောကကြီးကို အချိုဓာတ်မပါဘဲ ရင်ဆိုင်နိုင်လောက်အောင် ငါ ရင့်ကျက်သန်မာလာပြီ" လို့သာ ပြောင်းတွေးကြည့်လိုက်ပါ။

▪️
Phoo Kyaw Zin - Future Wave
PHOO KYAW ZIN - FUTURE WAVE ®

#တွေးမိတက်ရေး #ဖူးကျော်ဇင်
#PhooKyawZin #PhooKyawZinQuotes

1 week ago | [YT] | 490