မင်္ဂလာပါ... ဆရာဖူးကျော်ဇင်ရဲ့ You Tube Channel လေးကနေ ကြိုဆိုလိုက်ပါတယ်...။

တိုးတက်အောင်မြင်မှုကို လိုလားကြသူတိုင်းနဲ့ ဘဝမှာအကောင်းဆုံးပြောင်းလဲမှုတွေကို ဖန်တီးကြလိုသူတိုင်းအတွက် အောင်မြင်ရေး၊ စိတ်ဓာတ်ခွန်အားနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Video ကောင်းများကို နေ့စဉ်တင်ဆက်ပေးနေတဲ့ Channel ဖြစ်ပါတယ်...။

Subscribe လုပ်ထားပြီး အောင်မြင်တိုးတက်မှု ပန်းတိုင်ကို အတူတူလျှောက်လှမ်းကြရအောင်ပါ...။

I am Phoo Kyaw Zin, Best Selling Author, Corporate Trainer, Motivational Speaker, Life & Success Coach and Entrepreneur in Myanmar. Founder of FUTURE WAVE Success and Motivation Training (Since 2012)

This is my Facebook Page : Phoo Kyaw Zin

Thank you all,
Phoo Kyaw Zin - Future Wave


Phoo Kyaw Zin

ပိုက်ဆံဘယ်လောက်ရှာရှာ၊
ဝင်ငွေ ဘယ်လောက်ကောင်းကောင်း
ဘာကြောင့် ငွေကြေးပြဿနာတွေနဲ့
အမြဲလုံးပန်းနေရတာပါလဲ ⁉️

ဒီနေ့လိုခေတ်မျိုးမှာ ပုံမှန် အလုပ်လေးရှိပြီး
ငွေရှာနေရုံ၊ စုဆောင်းနေရုံနဲ့တော့
ဘ၀အတွက်, မိသားစုအတွက်
တကယ်ကို မလုံလောက်တော့ပါဘူး။

ကျောင်းမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ်
ကျွန်တော်တို့ကို "ငွေရှာနည်း" ပဲ သင်ပေးခဲ့ပြီး၊
ရလာတဲ့ငွေကို "ဘယ်လို စီမံခန့်ခွဲရမလဲ၊
ဘယ်လို ရင်းနှီးမြှုပ်နှံရမလဲ" ဆိုတဲ့
Financial IQ ကို ဘယ်မှာမှ သေချာ မသင်ခဲ့ရပါဘူး။

ငွေကြေးစီးဆင်းမှု (Cashflow) သဘောတရား၊
ရင်းနှီးမြှုပ်နှံမှု သဘောတရား (Investment) နဲ့
Passive Income ငွေဝင်လမ်း တည်ဆောက်နည်းတွေကို
သေချာနားမလည်သေးသရွေ့
တစ်သက်လုံး ငွေနောက်ကို လိုက်နေရဦးမှာပါ။

မိတ်ဆွေဟာ ရုန်းကန်နေရတဲ့ဘဝကနေ
ငွေကြေးလွတ်မြောက်မှု (Financial Freedom) ဆိုတဲ့
ရည်မှန်းချက်ကို ချမှတ်ထားတယ်ဆိုရင်..,

ဒါမှမဟုတ် မိသားစုအတွက် ငွေရှာရင်း
လုံးလည်ချာလည်လိုက်နေတဲ့ "ကြွက်ပြေးလမ်း"
(Rat Race) သံသရာထဲကနေ ရုန်းထွက်ဖို့
နည်းလမ်းတွေ ရှာဖွေကြိုးစားနေတယ်ဆိုရင်...,

ကမ္ဘာကျော် Rich Dad Poor Dad စာအုပ်ကိုရေးတဲ့
စာရေးဆရာကြီး Robert T. Kiyosaki ရဲ့
ငွေကြေးအသိပညာလျှို့ဝှက်ချက်တွေကို
လက်တွေ့ကျကျ လေ့လာဖို့ အချိန်တန်ပါပြီ။

------------------------------------
CashFlow Game ကစားနည်းကို အသုံးပြုပြီး သင်ကြားတဲ့
CASHFLOW 101 သင်တန်းဟာ -

ငွေကြေးအသိပညာ (Financial IQ) နဲ့
အခြေခံရင်းနှီးမြှုပ်နှံမှုပညာတွေကို
"အထိရောက်ဆုံး၊ အလျင်မြန်ဆုံးနဲ့
ရိုးရှင်းလွယ်ကူဆုံး" လေ့လာနိုင်မယ့်
တစ်ခုတည်းသော Program ဖြစ်ပါတယ်။

Future Wave Training အနေနဲ့
အပြင်သင်တန်းပေါင်းများစွာကို ဖွင့်လှစ်ပေးခဲ့ပြီး
အခုဆိုရင် Online ကနေတဆင့် လေ့လာချင်သူတွေအတွက်
Zoom Class အနေနဲ့ ဖွင့်လှစ်ပေးထားတာ
အခုဆိုရင် Batch-14 ကို ရောက်လာခဲ့ပါပြီ။

လက်ရှိထိ သင်တန်းသားပေါင်း (၄၀၀) ကျော်
တက်ရောက်ပြီးခဲ့တဲ့ Future Wave Training ရဲ့
အအောင်မြင်ဆုံး သင်တန်းတစ်ခုလည်း ဖြစ်ပါတယ်။

------------------------------------
ဒီသင်တန်းမှာ ဘာတွေသင်ယူရရှိမှာလဲ ⁉️

Financial IQ ၊ Investment သင်ခန်းစာတွေအပြင်
Cashflow 101 Game ကိုပါ လေ့လာသင်ယူရတာမို့

💲 ငွေကြေးအသိပညာတွေ၊
💲 ငွေလည်ပတ်စီးဆင်းပုံတွေ၊
💲 ငွေရှာဖွေရေးနည်းလမ်းတွေ၊
💲 ငွေကြေးဆိုင်ရာအတွေးအခေါ်တွေ၊
💲 ရင်းနှီးမြှုပ်နှံမှုသဘောတရား​တွေ၊
💲 ကိုယ်ပိုင်ဘဏ္ဍာရေးရှင်းတမ်းတွေ၊
💲 Passive Income တည်ဆောက်နည်းတွေ၊
💲 ကြွယ်ဝမှုကို စနစ်တကျတည်ဆောက်ခြင်းတွေ၊
💲 စီးပွါးရေးနဲ့ ပိုင်ဆိုင်မှုအခွင့်အလမ်းတွေ၊
💲 ကြွက်ပြေးလမ်းနဲ့အမြန်လမ်းသဘောတရားတွေ၊
💲 စုငွေ၊ ဘတ်ဂျက်၊ အကြွေး၊ အငြိမ်းစားစီမံကိန်းတွေ၊
💲 လုပ်ငန်း၊ စတော့စျေးကွက်၊ အိမ်ခြံမြေ ရင်းနှီးမှုတွေ၊
စတဲ့ စတဲ့ တန်ဖိုးရှိသင်ခန်းစာတွေကို နားလည်လာစေပါတယ်။

------------------------------------
ဒါကြောင့် မိတ်ဆွေအနေနဲ့ -

✔️ ငွေကြေးအသိဉာဏ်တွေ မြှင့်တင်လိုရင်
✔️ ငွေနဲ့ပတ်သက်လို့ စီမံခန့်ခွဲမှုတွေလုပ်ချင်ရင်
✔️ ဝင်ငွေတွေတိုးပွါးများစွာရှာဖွေလိုရင်
✔️ ငွေကြေး စုဆောင်းမှုနဲ့ ဘတ်ဂျက်တွေချချင်ရင်
✔️ ပေးစရာအကြွေးနွံထဲက ရုန်းထွက်ချင်နေရင်
✔️ ရင်းနှီးမြှုပ်နှံမှုဆိုတာ ဘာမှန်းသေချာမသိသေးရင်
✔️ ငွေနဲ့ပတ်သက်လို့ စီမံကိန်းတွေ ချမှတ်ထားချင်ရင်
✔️ ငွေကြေးပြဿနာတွေ ဖြေရှင်းနိုင်လိုရင်
✔️ ငွေကြေးလွတ်မြောက်ဖို့ကို စတင်လိုရင်
✔️ ငွေအတွက် တသက်လုံး အလုပ်မလုပ်ချင်ရင်

✅ ငွေကြေးအသိပညာသင်တန်း Cashflow-101 ကို
တက်ရောက်လေ့လာလိုက်ပါလို့ အကြံလေးပြုပါရစေ…

------------------------------------
ဘယ်လိုသင်ယူရမလဲ ⁉️

ဒီသင်တန်းကို Zoom Meeting နဲ့ Face to face
အနီးကပ် ဆွေးနွေးသင်ကြားပေးမှာဖြစ်ပါတယ်။

စာတွေ့ချည်းပဲ ပျင်းစရာကောင်းအောင် သင်ရမှာ မဟုတ်ပါဘူး။

Cashflow E-Game နဲ့ Website ကတစ်ဆင့်
Cashflow Classic Board Game တွေကိုပါ
"ကိုယ်တိုင် ဝင်ရောက်ကစားရင်း"
ပျော်ပျော်ရွှင်ရွှင် သင်ယူရမှာမို့
တကယ်ကို စိတ်ဝင်စားဖို့ကောင်းသလို
ငွေကြေးပညာတွေလည်း အများကြီးရရှိစေမှာပါ။

Zoom တိုက်ရိုက်တက်ဖို့ အချိန်မမီလိုက်ပါကလည်း
Telegram နှင့် Facebook Private Group များတွင်
Recorded Video များကို ပြန်တင်ပေးတာမို့
အချိန်မရွေး ပြန်လည်လေ့လာနိုင်ပါတယ်။

Telegram Group Chat လည်း လုပ်ပေးထားတာမို့လို့
သင်တန်းသားတွေနဲ့ ခင်မင်ရင်းနီးစွာမိတ်ဆက်နိုင်သလို
သင်ခန်းစာများကိုလည်းဝင်ရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

အရင် Batch တွေက Video တွေကိုပါ ပြန်ကြည့်ခွင့်ရမယ့်အပြင်၊
အထူးခြားဆုံး အချက်ကတော့ တစ်ခါအပ်ထားပြီးလျှင်
နောက်ဖွင့်သမျှ တန်းခွဲ (Batches) များတွင်ပါ
အခမဲ့ ထပ်မံဝင်ရောက်လေ့လာခွင့် ရရှိမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီသင်တန်းဟာ သင့်အတွက် တကယ့်ကို တန်တဲ့၊
တန်ဖိုးရှိတဲ့ ရေရှည်သင်တန်းတစ်ခုဖြစ်ပါတယ်။

------------------------------------
သင်တန်းနည်းပြ Trainer ကတော့ -

သင်ကြားရေးအတွေ့အကြုံ (၁၅) နှစ်ကျော်ရှိပြီး
"Master Your Money Game" အပါအဝင်
Best-selling စာအုပ်များစွာကို ရေးသားခဲ့သူ၊
ကုမ္ပဏီ၊ အဖွဲ့အစည်းပေါင်း (၁၂၀) ကျော်ကို
Corporate Training သင်ကြားပေးနေသော
Future Wave Training ၏ Founder & MD
ဆရာ Phoo Kyaw Zin - Future Wave မှ
တိုက်ရိုက် သင်ကြားပေးမည်ဖြစ်ပါသည်။

သင်တန်းအချိန်ကာလ ⁉️

▪️ သင်တန်းစရက် - Sep 28, 2026 (Monday)
▪️ သင်တန်းကာလ - ၂ ပတ် (Mon to Fri) - (10 Days)
▪️ သင်တန်းအချိန် - 7:00 pm မှ 9:00 pm နာရီအထိ
▪️ သင်ကြားရေးပုံစံ - Zoom Meeting Class

(သင်တန်းအပ်ပြီးပါက သင်တန်း Private Group နဲ့
Telegram Group ထဲ Join ထားရမှာဖြစ်ပါတယ်။)

------------------------------------
သင်တန်းတက်ရောက်ဖို့ အထူးအခွင့်အရေး ⁉️

နိုင်ငံတကာတွင် သိန်းရာချီကုန်ကျနိုင်တဲ့
RichDad’s CashFlow 101 သင်တန်းကို -

ပုံမှန်သင်တန်းကြေး မြန်မာငွေ (၄၅၀,၀၀၀ ကျပ်) တည်းဖြင့်
တက်ရောက်နိုင်မှာဖြစ်ပါတယ်။

“ပထမဆုံးအပ်နှံသူ ၃၀ ဦး” အတွက်
Early birds အထူးနှုန်းထားဖြင့်
20% Discount လျော့ပေးမှာဖြစ်လို့ -

အခုအပ်မယ်ဆိုရင် …
▪️သင်တန်းကြေး - (၃၆၀,၀၀၀ ကျပ်) တည်းဖြင့်သာ
လက်ခံပေးသွားမှာ ဖြစ်လို့ လူမပြည့်ခင် အမြန်ဆုံးကြိုတင်
စာရင်းသွင်းဖို့ အကြံပြုပါရစေ။ ✨

🎁 အထူးလက်ဆောင် BONUS များအနေနဲ့ … 🎉

✅ ငွေကြေးကစားပွဲ E-book စာအုပ် ရယူခွင့်၊
✅ Cashflow E-Game ကို တစ်သက်တာ (အခမဲ့) ပိုင်ဆိုင်ခွင့်၊
✅ စဉ်ဆက်မပြတ်လေ့ကျင့်နိုင်ဖို့ Cashflow Club အဖွဲ့ဝင်ဖြစ်ခွင့်၊
✅ နောက်တန်းခွဲများအားလုံးကို (အခမဲ့) ပြန်လည် တက်ရောက်ခွင့်…
တို့ ရရှိပါမယ်။

တက်ရောက်လေ့လာချင်တယ်ဆိုရင်တော့
သတ်မှတ်လူဦးရေ မပြည့်ခင်လေး
အမြန်ဆုံး စာရင်းပေးအပ်နှံပြီး
နေရာဦးထားဖို့ တိုက်တွန်းပါရစေ။
👇

------------------------------------
သင်တန်းအပ်နှံရန် -

သင်တန်းအပ်ဖို့အတွက် FB Page Messenger မှာ
"CF101" ဟု ရိုက်ထည့်ပြီး စာပို့ပေးပါ။

ယခု Post ရဲ့ Comment မှာလည်း
CF101 လို့ မှတ်ချက်ချန်ထားခဲ့နိုင်ပါတယ်။

Admin Team က ဆက်သွယ်ပြီး
သင်တန်းအပ်ဖို့ အသေးစိတ် ရှင်းပြပါလိမ့်မယ်။

ချက်ချင်း အသေးစိတ် သိရှိလိုပါက
ဖုန်း - 09453891188 ကို ယခုပဲ တိုက်ရိုက်
ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေထဲ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကတော့
ဦးနှောက်မှာရင်းနှီးမြှုပ်နှံခြင်းသာ ဖြစ်ပါတယ်။
ဒါဟာ လုံးဝ အရှုံးမရှိတဲ့ရင်းနှီးမြှုပ်နှံမှုပါပဲ။

ဒါ့ကြောင့် ဒီသင်တန်းအတွက် သုံးလိုက်တဲ့
သင်တန်းကြေးက သင့်အတွက် အကောင်းဆုံး
ရေရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါလိမ့်မယ်။ ‼️

Cashflow 101 သင်တန်း (Batch 14) မှာ
ငွေပညာတွေလေ့လာဖို့ Sep 28 ရက်နေ့မှာ အတူဆုံကြပါမယ်။

🔰 ကြွက်ပြေးလမ်း ကလွတ်ပြီး
“Financial Freedom ဘဝကို
အမြန်ဆုံး တည်ဆောက်လိုက်ပါ” ‼️

CASHFLOW 101 – (Batch 14)
Financial Education & Investing Strategy Game
Online Training Program 2026

#FutureWaveTraining #CashFlow101 #MoneyMindset
#PhooKyawZin #FinancialFreedom #Investing

4 days ago | [YT] | 159

Phoo Kyaw Zin

Hinthar Education ရဲ့ ဖိတ်ကြားချက်အရ ကျောင်းရှိ Manager များနှင့် ရုံးဝန်ထမ်းများအတွက် လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး Corporate Training ကို စက်တင်ဘာလ (၅) ရက်နေ့က အောင်မြင်စွာ သွားရောက်ပို့ချပေးခဲ့ပါတယ်။

ဒီသင်တန်းလေးမှာ လုပ်ငန်းခွင်အတွင်း ရင်ဆိုင်ရလေ့ရှိတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ "Growth Mindset & Effective Workplace Communication Skills" ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ လေ့ကျင့်ခန်းတွေ၊ Group Activities တွေနဲ့အတူ တက်တက်ကြွကြွ ဆွေးနွေးသင်ယူခဲ့ကြပါတယ်။

သင်တန်းတစ်လျှောက်လုံး စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး လက်တွေ့အသုံးချဖို့ ကတိကဝတ်ပြုခဲ့ကြတဲ့ Hinthar Education က တက်ရောက်သူ တစ်ဦးချင်းစီတိုင်းရဲ့ တက်ကြွမှုတွေကြောင့် အားရပီတိဖြစ်ရပါတယ်။

ယုံကြည်စွာ ဖိတ်ခေါ်ပေးခဲ့တဲ့ Hinthar Education မှ Founder - Dr. Kaung နှင့် HR Team ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

🏢 သင့်ကုမ္ပဏီနှင့် အဖွဲ့အစည်းအတွက်ရော ထိရောက်တဲ့ Corporate Training တွေ လိုအပ်နေပြီဆိုရင်...

ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး လုပ်ငန်းခွင် ပိုမိုတိုးတက်အောင်မြင်စေဖို့အတွက် Future Wave Training မှ သင့်ကုမ္ပဏီ၏ အဓိက လိုအပ်ချက် (Pain points) များနှင့် အတိအကျ ကိုက်ညီမည့် စိတ်ကြိုက် သင်ရိုးညွှန်းတမ်း (Customized Courses) များဖြင့် Corporate Training များကို တာဝန်ယူ ပို့ချပေးနေပါတယ်။

ပြုလုပ်ဆောင်ရွက်လိုသော သင်တန်းများအတွက်
ဆွေးနွေးတိုင်ပင်လိုပါက Future Wave Training Page သို့
- Chat Box မှတစ်ဆင့် ဖြစ်စေ
- ဖုန်းနံပါတ် 09 453891188 သို့ဖြစ်စေ အချိန်မရွေး ဆက်သွယ် စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Future Wave Training
Customized Corporate Training Solutions
Empower Your People, Elevate Your Business

Email : futurewave.training@gmail.com, info.futurewavetraining@gmail.com

#FutureWaveTraining #CorporateTraining #GrowthMindset #EffectiveCommunication #Teamwork #PhooKyawZin

1 week ago | [YT] | 145

Phoo Kyaw Zin

🟥 ကျွန်တော်တို့ရဲ့ တစ်နှစ်တာ Coaching Program ဖြစ်တဲ့ Life & Success Group က မန်ဘာတွေနဲ့အတူ ပူးပေါင်းပြီး စတင်ပြုလုပ်မယ့် "TEA Talks" စီးရီးရဲ့ ပထမဆုံး အထူး Webinar လေးကို လာမယ့် ဗုဒ္ဓဟူးနေ့ ည မှာ စတင်ပါတော့မယ်။

🟥 အခုလာမယ့် Webinar မှာတော့ "3H for Life & Success" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်ပိုင် ဘ၀တိုးတက်ရေး နဲ့ အလုပ်ခွင် အောင်မြင်ရေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ 3H သဘောတရားကို အသေးစိတ် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

🟥 ဒီ Webinar မှာ ဘာတွေ လေ့လာရမလဲ?

🧠 HEAD - အတွေးအခေါ် နဲ့ အသိဉာဏ်တိုးတက်မှုအကြောင်းတွေ
❤️ HEART - စိတ်ဓာတ်နဲ့ခံစားမှုပိုင်းဆိုင်ရာတိုးတက်စေမှုတွေ
✋ HANDS - လက်တွေ့ စွမ်းဆောင်ရည် တိုးတက်မှုနည်းလမ်းတွေ

- စတာတွေကို အချိန်တိုတွင်း သိမြင်လေ့လာခွင့်ရရှိမှာပါ။

🟥 ဒီပွဲမှာ ဆရာဖူးကျော်ဇင် Phoo Kyaw Zin - Future Wave နဲ့အတူ L&S Member တွေထဲက ထူးချွန်တဲ့ Co-Speaker (၃) ဦးကလည်း 3H တစ်ခုချင်းစီကို သူတို့ရဲ့ ဘဝနဲ့ အလုပ်ခွင် လက်တွေ့အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး မျှဝေသွားမှာဖြစ်လို့ အင်မတန်မှ တန်ဖိုးရှိတဲ့ အချိန်လေးတစ်ခု ဖြစ်လာမှာပါ။

📅 နေ့ရက်: ဗုဒ္ဓဟူးနေ့ (August 26, 2026)
⏰ အချိန်: ည ၈:၀၀ နာရီ မှ ၉:၃၀ နာရီ အထိ
📍 နေရာ: Online Webinar (Zoom)

🟥 ဒီ Webinar တက်ရောက်ဖို့အတွက် Zoom Link နဲ့ ID များကို ကျွန်တော်တို့ရဲ့ TEA Talks - Official Telegram Group ထဲမှာသာ (သီးသန့်) တင်ပေးထားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပါဝင်တက်ရောက်ချင်သူများအနေနဲ့ အောက်ပါ Telegram Link ကို နှိပ်ပြီး Group ထဲသို့ အခုပဲ Join ထားပေးပါခင်ဗျာ -

🔗 Telegram Group Link : t.me/+oQU1qmsPl581Nzll

🟥 မိမိကိုယ်ကို အစဉ်မပြတ် တိုးတက်ချင်သူများ၊ အလုပ်ခွင်မှာ ပိုမိုအောင်မြင်ချင်သူလူငယ်များ အားလုံး ဒီ Telegram ကနေ လစဉ် Webinar တွေကို ပုံမှန် ပြုလုပ်သွားနေမှာမို့ အခုပဲ Join ထားလိုက်ပါ။

Future Wave Training
TEA Talks - Webinar Series
Life & Success Coaching Group

3 weeks ago | [YT] | 292

Phoo Kyaw Zin

ခေါင်းဆောင်မှုမှာ ရာထူးတက်ဖို့တက် - အရည်အချင်းတွေ၊ စွမ်းရည်တွေ တက်ဖို့က ပိုအရေးကြီးပါတယ်။ ခေါင်းဆောင်မှုဆိုတာ ရာထူးမဟုတ်ပါဘူး။ အရည်အချင်းပါ။

အဖွဲ့သားတွေနဲ့ အဖွဲ့အစည်းကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်တဲ့ "ဦးဆောင်မှုအရည်အချင်း" တစ်ခုဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးမှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ဘဝကို ဦးဆောင်ချင်တာဖြစ်ဖြစ် စွမ်းရည်မြင့်တဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် ရပ်တည်ချင်တယ်ဆိုရင်တော့ -

အခုဖွင့်လှစ်တော့မယ့် Future Wave Training ရဲ့ နာမည်ကျော်သင်တန်းတစ်ခုဖြစ်တဲ့ Level Up Your Leadership (Batch -11) သင်တန်းဟာ ခေါင်းဆောင်မှုကိုလေ့လာဖို့အတွက် အကောင်းဆုံးအခွင့်အလမ်းတစ်ခုပါပဲ။

________

ဒီသင်တန်းကို ခေါင်းဆောင်မှုဆိုင်ရာ သင်ကြားရေးအတွေ့အကြုံ (၁၄) နှစ်ကျော်ရှိပြီး - "ခေါင်းဆောင်မှုဒိုင်ယာရီ (၁၂အုပ်တွဲ) စာအုပ်" ကို ရေးသားထုတ်ဝေထားသူ -

ကုမ္ပဏီ၊ လုပ်ငန်းတွေနဲ့ အဖွဲ့အစည်းပေါင်း (၁၂၀) ကျော်တို့ကို Leadership Corporate Training သင်တန်းတွေ ပြုလုပ်ပေးနေသူ -

Future Wave Training ရဲ့ ဦးဆောင်သူ Founder -
ဆရာဖူးကျော်ဇင် Phoo Kyaw Zin - Future Wave က Zoom Meeting ဖြင့် အနီးကပ်တိုက်ရိုက်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

________

🎯 ဒီသင်တန်းကနေ ဘာတွေရရှိမလဲ?

ဒီသင်တန်းမှာ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး အောက်ပါ အဓိက အပိုင်း (၃) ပိုင်းကို သေချာ လေ့ကျင့်သင်ကြားပေးသွားမှာပါ -

🚩 ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်စေဖို့ (Leading Self)

Growth Mindset မွေးမြူတာတွေ၊ EQ ကို အသုံးချပြီး ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်တာတွေ အပါအဝင် Self-Leadership Model နဲ့ ဩဇာတိက္ကမ (Power of Influence) တည်ဆောက်ပုံတွေကို လက်တွေ့ကျကျ သင်ယူရမှာပါ။

🚩 ကိုယ့်လူတွေကို ဦးဆောင်နိုင်စေဖို့ (Leading Team)

The 5 Levels of Leadership ကစလို့ အဖွဲ့အစည်းကို ဘယ်လိုတည်ဆောက်မလဲ (Team Building)၊ အခြေအနေပေါ်မူတည်ပြီး ဘယ်လိုခေါင်းဆောင်မှုပုံစံတွေကို သုံးမလဲ (Situational Leadership) စတာတွေကို လေ့လာရပါမယ်။

🚩 ကိုယ့်လုပ်ငန်းကို ဦးဆောင်နိုင်စေဖို့ (Leading Business)

ပြဿနာဖြေရှင်းနည်း (Problem Solving) နဲ့ ဆုံးဖြတ်ချက်ချတဲ့ Tools တွေ၊ ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုစွမ်းရည် (Effective Communication) နဲ့ အနာဂတ် ခေါင်းဆောင်သစ်တွေကို ဘယ်လိုမွေးထုတ်မလဲ?

- စတာတွေအပြင်… အခြားသော မရှိမဖြစ် ခေါင်းဆောင်မှု အရည်အချင်းတွေကို စနစ်တကျ လေ့လာရပါမယ်။

________

📅 သင်တန်းအချက်အလက်များ

🗓️ သင်တန်းစတင်မည့်ရက် - August 29, 2026 (စနေနေ့)
⏰ သင်တန်းအချိန် - ည 7:00 pm to 9:00 pm
⏳ သင်တန်းကာလ - (၅) ပတ် (စနေ၊ တနင်္ဂနွေ - တစ်ပတ် ၂ ရက်)
💻 သင်ကြားမည့်ပုံစံ - ZOOM MEETING Online Class

Zoom မှတစ်ဆင့် တိုက်ရိုက်သင်ကြားပေးမှာဖြစ်ပြီး၊ ပြန်လည်လေ့လာနိုင်ရန် Telegram Group တွင် Zoom Video Record များ တင်ပေးထားမည် ဖြစ်ပါတယ်။

(သင်တန်းကို ပြီးဆုံးသည်အထိတက်ရောက်ရမည်ဖြစ်ပြီး
သင်တန်းဆင်းလက်မှတ် E- Certificate ကိုရရှိမှာဖြစ်ပါတယ်)

________

💡 ဘယ်သူတွေ တက်ရောက်သင့်သလဲ?

🔺 အဖွဲ့အစည်းအတွင်း ရာထူးတိုးမြှင့်ခံရပြီး ခေါင်းဆောင်မှုစွမ်းရည် လိုအပ်နေသူများ။
🔺 ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စနစ်တကျ ဦးဆောင်လိုသော လုပ်ငန်းရှင်များ။
🔺 အနာဂတ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ အခုကတည်းက ပြင်ဆင်လိုသူ လူငယ်များ။

________

ဒီသင်တန်းအတွက် သင်တန်းကြေးကတော့ -

💵 ပုံမှန် သင်တန်းကြေး - ၂၅၀,၀၀၀ ကျပ် ဖြစ်ပြီး
🥇 (ပထမဆုံးအပ်နှံသူ ၃၀ ဦးအတွက် Early Birds Promotion 20% Discount သက်သာခွင့်ရမှာဖြစ်လို့ ...)

💸 Early Birds သင်တန်းကြေး - ၁၉၉,၀၀၀ ကျပ်သာ ဖြစ်ပါတယ်။

(ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ မိမိဝန်ထမ်းများအား အဖွဲ့လိုက်တက်ရောက်စေလိုပါက - အထူးနှုန်း သင်တန်းကြေးသက်သာခွင့် အစီအစဉ်များ ထပ်မံစီစဉ်ပေးထားပါတယ်။)

________

မိမိကိုယ်ကိုရော၊ မိမိရဲ့အဖွဲ့အစည်းကိုပါ အကောင်းဆုံး ဦးဆောင်နိုင်ဖို့ အခုပဲ Future Wave Page Messenger ကနေတစ်ဆင့် "Leadership" လို့ ရေးပြီး စာရင်းပေးသွင်း အပ်နှံနိုင်ပါပြီ။

📩 သင်တန်းအသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်
📋 အသေးစိတ်သိရှိလိုပါက -
📲 09 4538 91188 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဒီ Post အောက်မှာလည်း "Leadership" လို့ Comment ပေးထားနိုင်ပါတယ်ခင်ဗျာ။

💻 Leadership ကို Batch-11 မှာ အတူတူ Level Up လုပ်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ လူဦးရေ ကန့်သတ်ထားတာမို့ မြန်မြန်လေးတော့ လိုမယ်နော်!

💢 Join Now ‼️
Level Up Your Leadership ‼️
🚩 ခေါင်းဆောင်မှုစွမ်းရည်ကိုမြှင့်တင်လိုက်ပါ

©️ LEVEL UP YOUR LEADERSHIP (BATCH-11)
FUTURE WAVE TRAINING

#PhooKyawZin
#FutureWaveTraining #CorporateTraining
#LevelUpYourLeadership #Leadership
#ခေါင်းဆောင်မှုစွမ်းရည်ကိုမြှင့်တင်လိုက်ပါ

4 weeks ago | [YT] | 149

Phoo Kyaw Zin

ခွေးတစ်ကောင်က စပြီး ဟောင်လိုက်ပြီဆိုရင်
ကျန်တဲ့ ခွေးအုပ်ကြီးကလည်း အကြောင်းအရင်းမရှိ
လိုက်ဟောင်ကြတော့တာပဲ။

တကယ်တော့ အဲ့ဒီခွေးတွေဟာ
ကိုယ့်ကို ဘာလို့ ဟောင်နေမှန်း၊
ဘာလို့ ကိုက်ချင်နေမှန်း
သူတို့ကိုယ်တိုင်တောင် မသိကြပါဘူး။

ပိုဆိုးတာက... အဲ့ဒီခွေးအုပ်ထဲမှာ
ကိုယ် အရင်က ကျွေးမွေးခဲ့ဖူးတဲ့၊
စောင့်ရှောက်ခဲ့ဖူးတဲ့ ခွေးတွေတောင်
ပါနေတတ်သေးတယ်။

သူတို့စိတ်ထဲမှာ ကိုယ့်ကို မဟောင်သင့်ဘူးဆိုတာ
သိနေရင်တောင်မှ အုပ်စုလိုက်ကြီးဖြစ်နေတော့
တခြားသူတွေနဲ့ ရောပြီး လိုက်ဟောင်နေကြဦးမှာပါပဲ။

ဒါက ဒီနေ့ TikTok မှာ တွေ့လိုက်ရတဲ့
ဗီဒီယိုလေးတိုလေးတစ်ခုပါ။

အခုကြုံနေရတဲ့ လူတွေရဲ့
ပတ်ဝန်းကျင်နဲ့ တကယ့်ကိုတူပါတယ်...

လူအများစုဟာ အကြောင်းခြင်းရာကို သေချာမသိဘဲ
သူများယောင်လို့ လိုက်ယောင်၊
သူများဝေဖန်လို့ လိုက်ဝေဖန်တတ်ကြတယ်။

အဆိုးဆုံးကတော့
ကိုယ် စေတနာထားခဲ့ဖူးတဲ့သူတွေ၊
ကူညီခဲ့ဖူးတဲ့သူတွေပါ အဲ့ဒီ အုပ်စုလိုက်
ဝေဖန်တိုက်ခိုက်မှုတွေထဲမှာ ရောပြီး
ပါသွားတတ်ကြတာပါပဲ။

သူများယောင်လို့ လိုက်ယောင်နေတာဟာ
သူများဟောင်လို့ လိုက်ဟောင်နေတဲ့
ခွေးလေးတွေလိုဖြစ်နေမှာပေါ့။

ဒါကြောင့်...
ကိုယ့်လက်ထဲမှာ "ခွေးရိုက်တုတ်" တစ်ချောင်းတော့
အမြဲအသင့်ကိုင်ထားပါ။

ကိုယ်က တုတ်ကို ကောက် ကိုင်လိုက်တာနဲ့
ဝိုင်းဟောင်နေကြတဲ့ ခွေးတွေဟာ
တွန့်ဆုတ်သွားတတ်ပြီး
အဟောင် ရပ်သွားလေ့ ရှိကြပါတယ်။​

"ခွေးရိုက်တုတ်" ဆိုတာ
သူတစ်ပါးကို သွား ရန်စဖို့၊
ဒုက္ခပေးဖို့ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ စည်း၊ ကိုယ့်ရဲ့မူ၊
ကိုယ့် ခံယူချက်၊ ကိုယ့်တန်ဖိုး နဲ့
ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း
တို့ကို ဆိုလိုတာပါ။

လူတချို့က ကိုယ့်ရဲ့ စိတ်ထားကောင်းခြင်း၊
သဘောကောင်းခြင်း၊ သည်းခံခွင့်လွှတ်နိုင်ခြင်းတွေကို

"အနိုင်ကျင့်လို့ရတဲ့ ပျော့ကွက်" လို့ ထင်ပြီး
အနိုင်ကျင့်လေ့ရှိတတ်ကြပါတယ်။

သဘောကောင်းတဲ့သူဖြစ်ရတာ၊
လူကောင်းတစ်ယောက်ဖြစ်ရတာ ကောင်းပါတယ်။

ဒါပေမဲ့ ကိုယ်ဟာ...
"အနိုင်ကျင့်လို့မရတဲ့ လူကောင်းတစ်ယောက်"
ဖြစ်ဖို့တော့ လိုပါတယ်။

သူများတွေ အကြောင်းမရှိ
လိုက်ဟောင်နေကြတိုင်းလည်း
စိတ်တိုပြီး လိုက်တုံ့ပြန်နေစရာ မလိုပါဘူး။

ဒါပေမဲ့ ကိုယ့်ရဲ့ စည်း၊ ကိုယ့်ရဲ့နယ်နိမိတ်ကို
ကျူးကျော်လာရင်တော့
ကိုယ့်မှာရှိတဲ့ ပြတ်သားမှုနဲ့ စည်းကမ်းဆိုတဲ့
"တုတ်" ကို သုံးပြီး အသိပေးတတ်ရပါမယ်။

မေတ္တာတရားမှာ အတိုင်းအတာမရှိသင့်ပေမဲ့၊
သည်းခံခြင်းမှာတော့ အတိုင်းအတာတစ်ခု ရှိရပါမယ်။

မိတ်ဆွေတို့ရော...
ဒီလိုအခြေအနေမျိုးတွေ ကိုယ့်တွေ့ရှိဖူးလား?
ကိုယ့်ကိုယ်ကိုယ် ဘယ်လို
ပြတ်ပြတ်သားသား ကာကွယ် စောင့်ရှောက်နေကြသလဲ?

အတွေ့အကြုံရှိရင် မျှဝေပေးခဲ့ပါဦး။

20.8.2026
©️
Phoo Kyaw Zin - Future Wave
Future Wave Training
Future Wave စာပေ

#PhooKyawZin #ThinkToday #MindsetShift
#PersonalBoundaries #SelfRespect #တွေးမိတက်ရေး

4 weeks ago | [YT] | 1,072

Phoo Kyaw Zin

"စိတ် = ဘ၀" .. ပဲ
တအားကို ရိုးရှင်းတယ်။

စိတ်ရှုပ်ရင်, ဘ၀ရှုပ်တယ်
စိတ်ရှင်းရင်, ဘ၀ရှင်းတယ်

စိတ်ဆိုးရင်, ဘ၀ဆိုးမယ်
စိတ်ကောင်းရင်, ဘ၀ကောင်းမယ်

စိတ်ကောက်ရင်, ဘ၀ကောက်မယ်
စိတ်ဖြောင့်ရင်, ဘ၀ဖြောင့်မယ်

စိတ်ဆင်းရဲရင်, ဘ၀ဆင်းရဲမယ်
စိတ်ချမ်းသာရင်, ဘ၀ချမ်းသာမယ်

စိတ်ညစ်ရင်, ဘ၀ညစ်မယ်
စိတ်သန့်ရင်, ဘ၀သန့်မယ်

စိတ်ပျက်ရင်, ဘ၀ပျက်မယ်
စိတ်ပျော်ရွှင်ရင်, ဘ၀ပျော်ရွှင်မယ်

စိတ်ဒုက္ခဖြစ်ရင်, ဘ၀ဒုက္ခဖြစ်မယ်
စိတ်အဆင်ပြေရင်, ဘ၀အဆင်ပြေမယ်

စိတ်ပူလောင်ရင်, ဘ၀ပူလောင်မယ်
စိတ်အေးချမ်းရင်, ဘ၀အေးချမ်းမယ်

စိတ်နောက်ရင်, ဘ၀နောက်မယ်
စိတ်ကြည်လင်ရင်, ဘ၀ကြည်လင်မယ်

စိတ်မထိန်းနိုင်ရင်, ဘ၀မထိန်းနိုင်ဘူး
စိတ်ထိန်းနိုင်ရင်, ဘ၀ထိန်းနိုင်မယ်

စိတ်မငြိမ်ရင်, ဘ၀မငြိမ်ဘူး
စိတ်တည်ငြိမ်ရင်, ဘ၀တည်ငြိမ်မယ်

စိတ်ကျရင်, ဘ၀ကျတယ်
စိတ်မြင့်မားရင်, ဘ၀မြင့်မားတယ်

စိတ်ယိမ်းယိုင်ရင်, ဘဝယိမ်းယိုင်မယ်
စိတ်ခိုင်မာရင်, ဘဝခိုင်မာမယ်

စိတ်အားနည်းရင်, ဘ၀အားနည်းမယ်
စိတ်ကြံ့ခိုင်ရင်, ဘ၀ကြံ့ခိုင်မယ်

စိတ်ပျော့ရင်, ဘ၀ပျော့မယ်
စိတ်သန်မာရင်, ဘ၀သန်မာမယ်

စိတ်ကျဉ်းကျပ်ရင်, ဘဝကျဉ်းကျပ်မယ်
စိတ်ကျပ်တည်းရင်, ဘ၀ကျပ်တည်းမယ်

စိတ်လွတ်လပ်ရင်, ဘ၀လွတ်လပ်မယ်
စိတ်ကျယ်ပြန့်ရင်, ဘဝကျယ်ပြန့်မယ်

စိတ်သေးသိမ်ရင်, ဘ၀သေးသိမ်မယ်
စိတ်သိမ်ငယ်ရင်, ဘ၀သိမ်ငယ်မယ်
စိတ်ကြီးမားရင်, ဘ၀ကြီးမားမယ်

စိတ်အနှောက်ယှက်ဖြစ်ရင်, ဘ၀အနှောက်ယှက်ဖြစ်မယ်
စိတ်ရှင်းလင်းရင်, ဘ၀ရှင်းလင်းမယ်
စိတ်ပြေလည်ရင်, ဘ၀ပြေလည်မယ်

စိတ်ရောဂါဖြစ်ရင်, ဘ၀ရောဂါဖြစ်မယ်
စိတ်ကျန်းမာရင်, ဘ၀ကျန်းမာမယ်

စိတ်မလှရင်, ဘ၀မလှဘူး
စိတ်အကျဉ်းတန်ရင်, ဘ၀အကျဉ်းတန်မယ်
စိတ်လှပရင်, ဘ၀လှပမယ်

စိတ်ငြီးငွေ့ရင်, ဘ၀ကိုငြီးငွေ့မယ်
စိတ်ထိုင်းမှိုင်းရင်, ဘ၀ထိုင်းမှိုင်းမယ်

စိတ်ထက်သန်ရင်, ဘ၀ထက်သန်မယ်
စိတ်တက်ကြွရင်, ဘ၀တက်ကြွမယ်

စိတ်ဒဏ်ရာရရင်, ဘ၀ဒဏ်ရာရတယ်
စိတ်မသက်သာရင်, ဘ၀မသက်သာဘူး
စိတ်သက်သာရင်, ဘဝသက်သာတယ်

စိတ်ဖိစီးရင်, ဘ၀ဖိစီးတယ်
စိတ်ပေါ့ပါးရင်, ဘ၀ပေ့ါပါးတယ်

စိတ်လွတ်ရင်, ဘ၀လွတ်တယ်
စိတ်ငြိမ်ရင်, ဘ၀ငြိမ်တယ်

စိတ်ရှင်သန်ရင်, ဘ၀ရှင်သန်တယ်
စိတ်သေရင်, ဘ၀သေတာပဲ

စိတ်ပြောင်းရင်, ဘ၀ပြောင်းတယ်
စိတ်ကိုပြုပြင်တာ, ဘ၀ကိုပြုပြင်တာပါပဲ

ဘ၀ဟာ မရှုပ်ဘူး။
သင့်စိတ်ပဲ​ ရှုပ်နေတာ။

"စိတ် = ဘ၀" .. ပဲ
တအားကို ရိုးရှင်းတယ်။
ဒီထက်ရှင်းတာတောင် ဒီလောက်မရှင်းဘူး။

အပြင်က လောကကမ္ဘာကြီးဟာ
အတွင်းက စိတ်ရဲ့ ရောင်ပြန်ဟပ်မှု ပုံရိပ်ပါပဲ။

အပြင်က ဘဝကြီးကို ပြောင်းလဲချင်ရင်...
အရင်ဆုံး မိမိရဲ့ အတွင်း 'စိတ်' ကို ပြောင်းလဲပြင်ဆင်လိုက်ပါ။

10.8.2026
စိတ် = ဘ၀

©️
Phoo Kyaw Zin - Future Wave
Future Wave Training
Future Wave စာပေ

#တွေးမိတက်ရေး #PhooKyawZin
#စိတ် #ဘ၀ #စိတ်သစ်လူသစ်ခွန်အားသစ်

1 month ago | [YT] | 295

Phoo Kyaw Zin

“ဆက်ဆံပုံဟာ အဆင့်အတန်းပဲ -
တုံ့ပြန်ပုံဟာ ဉာဏ်ရည်ပါပဲ”

လောကမှာ လူတိုင်းဟာ
စိတ်ဓာတ်နဲ့ အသိပညာ
အဆင့်အတန်းချင်း မတူကြပါဘူး။

မတူတဲ့သူတွေကို မတူတဲ့ ဆက်ဆံပုံတွေနဲ့
တွေ့ရမှာ သဘာဝပါပဲ။

သူတို့ ကိုယ့်အပေါ်
ဘယ်လို ဆက်ဆံသလဲဆိုတာက
သူတို့ရဲ့ "အဆင့်အတန်း" ကို ပြသတာပါ။

ကိုယ်က သူတို့အပေါ်
ဘယ်လို ပြန်ဆက်ဆံသလဲဆိုတာကတော့
ကိုယ့်ရဲ့ "အဆင့်အတန်း" ပဲ ဖြစ်ပါတယ်။

အဆင့်အတန်းချင်း မတူရင်
ဆက်ဆံပုံချင်း မတူပါဘူး။

မတူရင် မတူသလိုပဲ ထားလိုက်ပါ။

သူတို့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသလို
ကိုယ်ကလည်း လိုက်ပြီး
ရိုင်းရိုင်းစိုင်းစိုင်း ပြန်ဆက်ဆံရင်
ကိုယ့်အဆင့်အတန်းကလည်း
သူတို့လိုအဆင့်အတန်းမျိုးပဲ ဖြစ်နေမှာပေါ့။

တချို့လူတွေရဲ့ ဆိုးရွားတဲ့ ဆက်ဆံပုံကို
ဉာဏ်ရည်ရှိရှိ တုံ့ပြန်တတ်ဖို့ လိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း၊
သည်းခံနိုင်ခြင်းနဲ့ မှန်ကန်စွာ တုံ့ပြန်နိုင်ခြင်းကသာ
ကိုယ့်ရဲ့ ဉာဏ်ရည်အဆင့်အတန်းကို ဖော်ပြတာပါ။

ကိုယ့်အဆင့်အတန်းကို ကိုယ်တိုင် တန်ဖိုးထားပြီး
ဘယ်လိုလူမျိုးနဲ့မဆို ကိုယ့်အဆင့်အတန်းအတိုင်း
ကောင်းမွန်ယဉ်ကျေးစွာ ဆက်ဆံတတ်ဖို့ လိုအပ်ပါတယ်။

သူတပါးရဲ့ မကောင်းတဲ့ ဆက်ဆံပုံကို
ကိုယ့်ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံပုံနဲ့ တုံ့ပြန်လိုက်ခြင်းဖြင့်
ကိုယ့်ရဲ့ အဆင့်အတန်းကို တည်ငြိမ်စွာနဲ့ ဖော်ပြလိုက်ပါ။

ဘဝကို အဆင့်အတန်းရှိရှိနဲ့ ဖြတ်သန်းကြည့်ကြရအောင်ပါ။

▪️
31.7.2026
©️Phoo Kyaw Zin - Future Wave

#တွေးမိတက်ရေး #PhooKyawZin

1 month ago | [YT] | 1,434

Phoo Kyaw Zin

ကဲ့ရဲ့တာ- လှောင်ပြောင်တာ - ပြစ်တင်ရှုံ့ချတာ
ခံရရင် ဘယ်လို တုံ့ပြန်လေ့ရှိသလဲ …⁉️

လောကမှာ ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး။

မြတ်စွာဘုရားရှင်လို ပုဂ္ဂိုလ်မျိုးတောင်
ကဲ့ရဲ့ခံရခြင်းက မလွတ်ကင်းပါဘူး။

ချီးမွမ်းခြင်း - ကဲ့ရဲ့ခြင်းဆိုတာ လောကဓံတရားတွေပါပဲ။

တချို့လူတွေဟာ မကောင်းတာ မဟုတ်တာလုပ်မှ
ကဲ့ရဲ့တတ်ကြတာမဟုတ်ပါဘူး။
ကောင်းတာ ဟုတ်တာ အကျိုးရှိတာတွေ
လုပ်ရင်တောင် ကဲ့ရဲ့တတ်ကြပါတယ်။

စိတ်အား သေးနုပ်တဲ့သူတွေဆိုတာ ကဲ့ရဲ့တတ်စမြဲပါပဲ။
ဒီလိုလူတွေ ကဲ့ရဲ့တာကို တုန်လှုပ်နေစရာမလိုပါဘူး။

“အများကောင်းကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း၊
မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနဲ့ယှဉ် ၊ ရှေးရှုနှင်လော့ “… ဆိုတဲ့ အတိုင်း…

ကိုယ့်လုပ်ရပ်သာမှန်ကန်နေပါစေ
ကိုယ်လျှောက်တဲ့ လမ်းသာမှန်ကန်နေပါစေ
ကဲ့ရဲ့ခြင်းတွေကို မှုနေစရာမလိုပါဘူး။

“လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်လည်း
လူကောင်းတစ်ယောက် ချီးမွမ်းပျောက်၏။” တဲ့ …

လူမိုက်တွေ (ဦးနှောက်ဉာဏ်နည်း မိုက်မဲသူတွေ)
ကဲ့ရဲ့တာ မှုစရာမလိုပါ၊ ဂရုစိုက်စရာမလိုပါဘူး။

ပညာရှိ၊ သူတော်ကောင်းတွေ ကဲ့ရဲ့မှာကိုပဲ
ကြောက်ပါ၊ ဂရုစိုက်ပါ၊ သတိထား ဆင်ခြင်ပါ။

ကိုယ့်လုပ်ရပ်သာမှန်ကန်ပါစေ…
ကိုယ်သာ အသိတရားနဲ့ ပြည့်ဝတဲ့သူဖြစ်ပါစေ…
ကိုယ်သာ ပညာဉာဏ်နဲ့ပြည့်စုံတဲ့သူဖြစ်ပါစေ…

ပုံလေးထဲကအတိုင်း -

ကျပ်မပြည့်တဲ့ ဦးနှောက်တွေ၊
ဘေးချော်တဲ့အတွေးအခေါ်တွေ၊
တလွဲ အသိတရားတွေ၊ အယူအဆတွေ
လက်ကိုင်ထားသူတွေရဲ့ လက်ညိုးထိုး ကဲ့ရဲ့လှောင်ပြောင်တာလောက်ကတော့ …

လက်ပိုက်ပြီး အေးဆေး ပြုံးနေရုံပဲပေါ့… ✔️

25.7.2024 က ရေးခဲ့သည်
Phoo Kyaw Zin - FutureWave

#တွေးမိတက်ရေး
#ဖူးကျော်ဇင် #PhooKyawZin

1 month ago | [YT] | 669

Phoo Kyaw Zin

အလုပ်လုပ်လိုက် 〰️ လစာထုတ်လိုက် 〰️ သုံးလိုက် 〰️ ကုန်သွားလိုက် … နဲ့
ဘယ်တော့ ဒီသံသရာ ♾️ က ပြီးဆုံးမလဲ ❓

လောကမှာ ငွေရှာရုံပဲသိပြီး ကြွက်ပြေးလမ်း (Rat Race) ထဲမှာ တစ်သက်လုံး ရုန်းလေမြုပ်လေ ဖြစ်နေကြတဲ့သူတွေအများကြီးပါ။

ဝင်ငွေ ဘယ်လောက်များများ ငွေကို စီမံခန့်ခွဲပြီး ပွားများအောင် မလုပ်တတ်ရင် Rat Race ထဲကနေ ဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။

ဒီလိုငွေကြေးသံသရာကနေ အမြန်ဆုံးရုန်းထွက်နိုင်မယ့် လျှို့ဝှက်ချက်တွေကို သင်ကြားပေးမယ့် CASHFLOW 101 သင်တန်းကို Future Wave Training မှာ ထပ်မံ စတင်ပါတော့မယ်…။

ဒီသင်တန်းဟာ
ငွေကြေးအသိပညာနဲ့ အခြေခံရင်းနှီးမြှုပ်နှံမှုပညာတွေကို
RichDad PoorDad စာအုပ်ရေးသူ ငွေပညာရှင် Robert T. Kiyosaki ရဲ့ CashFlow 101 ကစားနည်းနဲ့အတူ
✔️ “အထိရောက်ဆုံး”
✔️ “အလျှင်မြန်ဆုံး” နဲ့
✔️ “ရိုးရှင်းလွယ်ကူဆုံး”
- လေ့လာနိုင်မယ့် တစ်ခုတည်းသော Program ပါပဲ။

ကျွန်တော်တို့ အားလုံးလိုချင်တဲ့ Financial Freedom ဆိုတဲ့
ငွေကြေးလွတ်မြောက်မှုဖြစ်စဉ်ကို ကစားနည်းနဲ့ပုံဖော်ထားပြီး ရင်းနှီးမြှုပ်နှံမှုပညာ (Investment) နဲ့ ငွေကြေးစီမံခန့်ခွဲခြင်းပညာတို့ကို အချိန်တိုအတွင်း လေ့လာသင်ယူနိုင်တဲ့ သင်တန်းတစ်ခုပါ။

သင်တန်းအသေးစိတ်ကို ဒီမှာ ဖတ်နိုင်ပါတယ်... 👇👇👇
www.facebook.com/share/p/1BukLKthRL/

ဒီသင်တန်းကို တက်ရောက်လေ့လာချင်တယ်ဆိုရင်တော့ Page Messenger m.me/FutureWaveTrainingMyanmar (သို့) Comment မှာ CF101 လို့ ရေးပြီး သင်တန်းအပ်နိုင်ပါတယ်။

CASHFLOW 101
FUTURE WAVE TRAINING

2 months ago | [YT] | 629

Phoo Kyaw Zin

တစ်ခုခု အဆင်မပြေတိုင်း အပြင်ကလူတွေကို ရန်မလုပ်ပါနဲ့ 💢

ကိုယ့်ကို ဘဝမှာ အဆင်မပြေဖြစ်အောင် အများဆုံး ဒုက္ခပေးနေတာက အပြင်ကလူတွေ မဟုတ်ပါဘူး... အတွင်းက ကိုယ့်စိတ်ပဲ ဖြစ်ပါတယ်။

လူတွေရဲ့ သဘာဝက အဆင်မပြေတာနဲ့ ဘေးလူကို ရန်လုပ်ဖို့၊ အပြစ်ပုံချဖို့ အရင်ဆုံး ကြိုးစားတတ်ကြတယ်။ ပြီးတော့ အပြင်က လူတွေကို လိုက်ပြောင်းလဲဖို့ အတင်းလုပ်ကြတယ်။

အဲ့ဒီအစား "အတွင်းက ကိုယ့်စိတ်ကိုသာ ကိုယ်ပြောင်းလဲဖို့ ကြိုးစားပါ"။

တွေ့ဖူး ကြုံဖူးတဲ့ လူအတော်များများ တိုးတက်မလာဘဲ၊ မပြောင်းလဲဘဲ တန့်နေကြတာဟာ အပြင်က အခက်အခဲတွေကြောင့် မဟုတ်ပါဘူး။ သူတို့ရဲ့ အတွင်းစိတ်က အဟောင်းကြီးအတိုင်း ဖြစ်နေလို့၊ အတွင်းစိတ်ကြောင့်ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ စိတ်နေစိတ်ထား (Mindset) ပြောင်းသွားရင် အရာအားလုံးဟာ လိုက်ပြောင်းလာမှာ ဖြစ်ပြီး၊ ကိုယ့်စိတ်ကလေး ကောင်းမွန်ကြည်လင်နေရင် ဘဝရဲ့ အရာအားလုံးက လိုက်ပြီး ကောင်းမွန်လာပါလိမ့်မယ်။

မယုံဘူးဆိုပြီး ပါးစပ်နဲ့ ငြင်းနေမယ့်အစား - ကိုယ်တိုင်လက်တွေ့ စမ်းသပ်ကြည့်ပါ။ အမှန်တရားဆိုတာ ဝေဖန်ငြင်းခုံနေရမှာ မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ "စမ်းသပ်" ကြည့်ရမယ့်အရာပါ။

ကိုယ့်စိတ်ကလေးကို တစ်ပတ်လောက်ပဲဖြစ်ဖြစ် အဆင်ပြေအောင် အရင်ဆုံး ထားကြည့်ပြီးမှ တကယ် ဟုတ်၊ မဟုတ် လက်ခံယုံကြည်ပါ။

ကမ္ဘာကြီးကို လိုက်ပြောင်းလဲဖို့ထက် ကိုယ့်စိတ်ကလေးကို အေးချမ်းအောင်၊ မှန်ကန်အောင် အရင်ဆုံး ပြောင်းလဲလိုက်တာက ပိုပြီးလွယ်ကူသလို၊ ပိုပြီးတော့လည်း ထိရောက်ပါတယ်။

စိတ်ပြောင်းရင် ဘဝပြောင်းပါတယ်။ ကိုယ့်စိတ်ကလေးကို ကောင်းအောင် အရင်ဆုံး ပြောင်းလဲကြည့်ကြရအောင်ပါ။

မိတ်ဆွေတို့ရော...
တစ်ခုခု အဆင်မပြေဖြစ်တိုင်း အပြင်ပန်းက လူတွေကိုပဲ အပြစ်တင်ဖို့ ကြိုးစားမိနေတုန်းပဲလား?

ကိုယ့်စိတ်ကို ပြောင်းလဲဖို့ကော လက်တွေ့စမ်းသပ်ကြည့်ဖို့ အဆင်သင့် ဖြစ်ပြီလား?

မျှဝေပေးခဲ့ပါဦး။

26.6.2026

Phoo Kyaw Zin - Future Wave
Future Wave Training

#PhooKyawZin #MindsetShift #SelfReflection
#ChangeYourMind #LifeLessons #တွေးမိတက်ရေး

2 months ago | [YT] | 413