မင်္ဂလာပါ... ဆရာဖူးကျော်ဇင်ရဲ့ You Tube Channel လေးကနေ ကြိုဆိုလိုက်ပါတယ်...။
တိုးတက်အောင်မြင်မှုကို လိုလားကြသူတိုင်းနဲ့ ဘဝမှာအကောင်းဆုံးပြောင်းလဲမှုတွေကို ဖန်တီးကြလိုသူတိုင်းအတွက် အောင်မြင်ရေး၊ စိတ်ဓာတ်ခွန်အားနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Video ကောင်းများကို နေ့စဉ်တင်ဆက်ပေးနေတဲ့ Channel ဖြစ်ပါတယ်...။
Subscribe လုပ်ထားပြီး အောင်မြင်တိုးတက်မှု ပန်းတိုင်ကို အတူတူလျှောက်လှမ်းကြရအောင်ပါ...။
I am Phoo Kyaw Zin, Best Selling Author, Corporate Trainer, Motivational Speaker, Life & Success Coach and Entrepreneur in Myanmar. Founder of FUTURE WAVE Success and Motivation Training (Since 2012)
This is my Facebook Page : Phoo Kyaw Zin
Thank you all,
Phoo Kyaw Zin - Future Wave
Phoo Kyaw Zin
"ကျွန်တော် စီးပွားရေးလုပ်ချင်တယ်၊
ဒါပေမဲ့ အရင်းအနှီးမရှိဘူး၊ ပညာမစုံသေးဘူး၊
အဆက်သွယ်မရှိဘူး၊ ဘာမှမတတ်နိုင်သေးလို့
အခုထိ စ မလုပ်ဖြစ်သေးဘူး။
အဲ့ဒါဘယ်လို စ ရမလဲဆရာ" တဲ့...
လူငယ်တော်တော်များများ
ကျွန်တော့်ကို လာမေးလေ့ရှိကြတယ်...
ကျွန်တော်တို့ဟာ တစ်ခုခုကို စတင်တော့မယ်ဆိုရင်
ကိုယ် "မစွမ်းနိုင်တာ" (မတတ်နိုင်တာ) တွေကိုပဲ
အရင်တွေးပြီး အားလျော့တတ်ကြပါတယ်။
"စွမ်းနိုင်ရာက စ ရင်...
အစွမ်းအစ ထွက်လာမယ်"
တကယ်တော့ "အစွမ်းအစ" ဆိုတာ
"စွမ်းနိုင်ရာကနေ စ" လိုက်လို့ ထွက်လာတာပါ။
တစ်ခုခုလုပ်တော့မယ်ဆိုရင်
ကိုယ်မစွမ်းနိုင်တာတွေချည်းပဲ
ထိုင်တွေးနေသရွေ့တော့
ဘယ်တော့မှ စဖြစ်မှာမဟုတ်ပါဘူး။
ကိုယ်ဘာမတတ်နိုင်ဘူးလဲလို့ တွေးနေမယ့်အစား
"ငါ ဒီကိစ္စအတွက် ဘာကိုတော့ စွမ်းနိုင်မလဲ" လို့
ပြောင်းတွေးကြည့်ပါ။
"ငါ ဘာလို့ မတတ်နိုင်တာလဲ?" ဆိုတဲ့ မေးခွန်းက
သင့်ကို လမ်းပိတ်စေပါတယ်။
"ငါ ဘာကိုတော့ စွမ်းနိုင်မလဲ?" ဆိုတဲ့ မေးခွန်းကတော့
သင့်ကို လမ်းပွင့်စေပါတယ်။
ကိုယ်စွမ်းနိုင်တဲ့ အသေးအမွှားလေးကနေ
စလိုက်တဲ့အခါ အရှိန်ရလာပြီး၊
အဲ့ဒီအရှိန်ကနေတစ်ဆင့်
သင်မထင်မှတ်ထားတဲ့ "အစွမ်းအစ" တွေ
တဖွဲဖွဲ ထွက်လာပါလိမ့်မယ်။
အဲ့ဒီအခါမှာ သင်ဖြစ်ချင်တဲ့ ပန်းတိုင်ကို
ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်တဲ့
အစွမ်းအစ - စွမ်းအားတွေ ရလာမှာပါ။
ဒါ့ကြောင့် ကိုယ်မစွမ်းနိုင်တာက စမယ့်အစား၊
ကိုယ်တတ်နိုင်တာလေးကနေ စတင်လိုက်တဲ့အခါ
အလုပ်တစ်ခုဟာ ဖြစ်မြောက်သွားတတ်ပါတယ်။
လူငယ်တွေကို မှာချင်တာက
ကိုယ့်မှာ ဘာတွေမရှိဘူးလဲဆိုတာကို
စာရင်းလုပ်မနေပါနဲ့။
ကိုယ့်မှာ ရှိနေတဲ့ အရာလေးတွေနဲ့
ဘာစလုပ်လို့ရမလဲဆိုတာကိုပဲ အာရုံစိုက်ပါ။
ကိုယ်စွမ်းနိုင်တာလေးကနေ အခုပဲ စတင်လိုက်ပါ။
အစွမ်းအစဆိုတာ ထိုင်စောင့်နေရမှာမဟုတ်ဘဲ
လက်တွေ့လုပ်ဆောင်ရင်းနဲ့ ထွက်ပေါ်လာရမယ့်အရာပါ။
ဒါ့ကြောင့် ခုပဲ စဉ်းစားကြည့်ပါ။
ကိုယ်မစွမ်းနိုင်တာတွေကိုပဲ တွေးပြီး
လမ်းခုလတ်မှာ ရပ်တန့်နေမိတာမျိုး ရှိလား?
အခုရော...
ကိုယ်စွမ်းနိုင်တာလေးကနေ စတင်ဖို့
အဆင်သင့်ဖြစ်ပြီလား?
Comment မှာ မျှဝေပေးခဲ့ပါဦး။
26.4.2026
Phoo Kyaw Zin - Future Wave
Future Wave Training
Future Wave စာပေ
2 days ago | [YT] | 691
View 6 replies
Phoo Kyaw Zin
ဒီနေ့ - ကျင်းလုံမြန်မာ (Machinery Trading Co.,) ကြီးအတွက် * တတိယအကြိမ် (Batch-3)* အဖြစ် နောက်ထပ် ဝန်ထမ်းပေါင်း ၆၀ ဦး အား ….
Positive Attitude, Growth Mindset & Personal Development Program (၁) ရက်တာ Corporate Training သင်တန်းကို ပြုလုပ်ပို့ချပေးခဲ့ပါတယ်။
တတိယအကြိမ် သင်တန်းမှာလည်း ကျင်းလုံမြန်မာ ဝန်ထမ်းတွေရဲ့ တက်ကြွမှု၊ အချင်းချင်း ပွင့်ပွင့်လင်းလင်း မျှဝေဆွေးနွေးမှုတွေနဲ့ မေးမြန်းမှုတွေက အားရစရာကောင်းလှပါတယ်။
အခုဆိုရင် သင်တန်း ၃ ကြိမ် - ကျင်းလုံမြန်မာရဲ့ ဝန်ထမ်းပေါင်း (၁၈၀) အထိ ကို သင်တန်းပို့ချပေးပြီးဖြစ်ပါတယ်။
နောက်ထပ် ကျင်းလုံမြန်မာရဲ့ ဝန်ထမ်းငယ်များအားလုံးအတွက် Mindset ပြောင်းလဲခြင်း ခရီးစဉ်အတွက် နောက်ထပ်သင်တန်းအစီအစဉ်တွေလည်း ဆက်တိုက်ဆိုသလို ရှိနေပါသေးတယ်။
ဒီအစီအစဉ်ဖြစ်မြောက်အောင် ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့ ကျင်းလုံမြန်မာ မှ BOD လူကြီးမင်းများနှင့် HOD များအားလုံးကို Future Wave Training က အထူးပင် ကျေးဇူးတင်ရှိပါတယ်။
BOD , HOD လူကြီးများအတွက်ကတော့ Zoom Meeting မှ တဆင့် ၃ လ ကြာ Executive Coaching Program ကို လည်း ပြုလုပ်ပေးနေပါတယ်။
ရှေ့ဆက်ပြီး ကျင်းလုံမြန်မာ ကုမ္ပဏီ (ရန်ကုန်) ရဲ့ ခေါင်းဆောင်ကြီးများ နဲ့ ဝန်ထမ်းများအားလုံး အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေနဲ့ အောင်မြင်မှုအသစ်တွေ ဆွတ်ခူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
23.4.2026
ချစ်ခင်လေးစားစွာဖြင့်...
Future Wave Training
Phoo Kyaw Zin - Future Wave
Corporate Training Service 2026
#ကျင်းလုံမြန်မာ #Mindset #CorporateTraining
#PhooKyawZin #FutureWaveTraining
5 days ago | [YT] | 351
View 1 reply
Phoo Kyaw Zin
"အကြံဉာဏ်သစ်တွေ သွားမယ့်လမ်းမှာ
အကြံဉာဏ်ဟောင်းတွေ ဝင်ရှုပ်နေတတ်တယ်"
ဘဝကို တိုးတက်အောင် တည်ဆောက်တဲ့အခါ
အတားအဆီးအကြီးဆုံးက ပြင်ပကလာတာမဟုတ်ဘဲ
ကိုယ့်ဦးနှောက်ထဲမှာ စွဲကပ်နေတဲ့ "အကြံဉာဏ်ဟောင်း" တွေ ဖြစ်နေတတ်ပါတယ်။
ခေတ်က ပြောင်းသွားပြီ... အတွေးအခေါ်ကရော?
ပြောင်းနေပြီလား .. ဟောင်းနေပြီလား...?
ခေတ်အသစ်မှာ အကြံဟောင်း ဉာဏ်ဟောင်းတွေကိုပဲ
လက်မလွှတ်တမ်း စွဲကိုင်ထားတဲ့သူတွေဟာ
ခေတ်ရဲ့ တိုးတက်ပြောင်းလဲမှုဒဏ်ကို မလွဲမသွေ ခံကြရမှာပါပဲ။
အခုဆိုရင် AI နည်းပညာတွေနဲ့
အရာရာ မြန်ဆန်နေတဲ့ ခေတ်ကို ရောက်နေပါပြီ။
ခေတ်ကြီးက ဒုန်းစိုင်းပြေးနေချိန်မှာ
ကိုယ်က အတွေးအခေါ်ဟောင်းကြီးနဲ့ပဲ ကျန်ခဲ့မယ်ဆိုရင်
လူတောမတိုးသလို၊ "ခေတ်တောမတိုးတဲ့"
ခေတ်နောက်ကျသူအဖြစ် ပြတ်ကျန်ရစ်ခဲ့မှာ သေချာပါတယ်။
မိုးရွာတုန်းမှာ သူများတွေက ခွက်နဲ့မဟုတ်ဘဲ
စည်ပိုင်းတွေနဲ့ ရေခံနေကြပြီ။
မိတ်ဆွေရော... ဘာလို့ မိုးရွာတုန်း ရေမခံဘဲ ထိုင်ကြည့်နေမှာလဲ? ခေတ်သစ်မှာ အကြံဉာဏ်သစ်တွေနဲ့ ရှင်သန်နေနိုင်ဖို့ ကြိုးစားပါ။
အရင်က တတ်ထားတဲ့၊ သိထားတဲ့ အရာတွေဟာ
ဒီနေ့ခေတ်မှာ အလုပ်မဖြစ်တော့ဘူးဆိုရင်
အဲ့ဒါတွေကို ရဲရဲဝံ့ဝံ့ စွန့်လွှတ်လိုက်ပါ။
အဟောင်းကို မစွန့်နိုင်ရင် အသစ်ကို လက်ခံဖို့
နေရာလွတ် ရှိမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် Unlearn ဖြစ်ဖို့ ကြိုးစားပါ။
နည်းပညာနဲ့ မရင်းနှီးသေးဘူးဆိုရင်
အခုကပြီး ရင်းနှီးအောင် မိတ်ဆွေဖွဲ့ပါ။
AI ဆိုတာ ကိုယ့်ကို အစားထိုးဖို့ ပေါ်လာတာမဟုတ်ဘဲ
ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ ပေါ်လာတာပါ။
AI ကို အသုံးချတတ်အောင် လေ့လာခြင်းဟာ
အကြံဉာဏ်သစ်တွေ ရဖို့ အတိုဆုံးလမ်းကြောင်းပါပဲ။
"ငါသိပြီးသားပဲ" ဆိုတဲ့ မာန်မာနက
အကြံဉာဏ်သစ်တွေကို ပိတ်ဆို့ထားတဲ့ တံတိုင်းပါပဲ။
ကလေးတစ်ယောက်လို စူးစမ်းလိုစိတ်နဲ့
အသစ်သစ်တွေကို နေ့စဉ် သင်ယူပါ။
အမြဲတမ်း သင်ယူနေသူဖြစ်ဖို့လိုပါတယ်။
ပြောင်းလဲမှုဆိုတာ နာကျင်ရပေမဲ့၊
မပြောင်းလဲဘဲ နေခြင်းက ပိုပြီး ကြောက်စရာကောင်းပါတယ်။
ခေတ်နဲ့အညီ အသိဉာဏ်သစ်တွေ ဖြည့်တင်းပြီး
အောင်မြင်တဲ့ ဘဝခရီးကို လျှောက်လှမ်းစေချင်ပါတယ်။
အကြံဉာဏ်ဟောင်းတွေကို ဘေးဖယ်ပြီး
အကြံဉာဏ်သစ်တွေနဲ့ ခေတ်ဦးမှာ နေရာယူနိုင်ကြပါစေ။
မိတ်ဆွေတို့ရော...
ကိုယ့်ရဲ့ အကြံဉာဏ်ဟောင်းတွေကို စွန့်လွှတ်ပြီး
ခေတ်သစ်ကို ရင်ဆိုင်ဖို့ဘယ်လို ပြင်ဆင်နေကြပြီလဲဆိုတာ
မျှဝေပေးခဲ့ပါဦး။
22.4.2026
Phoo Kyaw Zin - Future Wave
#PhooKyawZin #AI #တွေးမိတက်ရေး
6 days ago | [YT] | 593
View 6 replies
Phoo Kyaw Zin
“ကျွဲပါးစောင်းတီး” တယ်ဆိုတာ
တကယ် အကျိုးမရှိတဲ့အလုပ်ပဲ…။
ဘယ်လောက်ပဲ တီးခတ်မှု သံစဉ် ကောင်းကောင်း …
ကျွဲကတော့ ဘာမှ ခံစားနားလည် သိမြင်မှာမဟုတ်ဘူး။
နားမလည်တဲ့ ကျွဲကို သွားအပြစ်တင်မနေနဲ့ …။
ဘာလို့ဆို သူက ကျွဲဖြစ်နေလို့ပဲ…။
အဲ့ ကျွဲ ကို သွားမဖျော်ဖြေမိဖို့ပဲ အရေးကြီးတယ်။
လူဆိုရင်တော့ လူလို နားလည်မှာပေါ့…။
ဒီတော့ ကျွဲ လိုသူတွေကို လွှတ်ထားလိုက်ပါ…။
သူတို့ နားမလည်တာတွေအတွက်
အပင်ပန်းခံ ရှင်းပြမနေပါနဲ့…။
ပြောဆို ဆုံးမ ရှင်းပြလို့ ဘယ်လိုမှ
လက်မခံနိုင်၊ နားမလည်နိုင် ၊
သဘောမပေါက်နိုင်၊ အသိတရား မဝင်နိုင်ရင်တော့ …
အာပေါက်မတတ် အမောခံ ရှင်းပြမနေနဲ့တော့…။
“အော်… သူက ကျွဲ ပဲလေ…
ငါက ဘာလို့ လက်ညောင်းခံပြီး
စောင်းဆက်တီးပြနေရမှာလဲ” ဆိုပြီး
သူ့အနားက ထွက်ခွါ လာခဲ့လိုက်ပါ…။
သူတို့ဘာသာ အေးအေးဆေးဆေး …
“ရွှံ့လူးနေပါစေ” …။
သွား မနှောက်ယှက်နဲ့ …။
သူတို့ ရွှံ့လူးပျက်တယ် …။
ကိုယ့်ရဲ့ စောင်းလက်သံ သာယာ ငြိမ့်ညောင်းမှုကို
သူတို့ လူးနေတဲ့ ရွှံ့လောက်တောင် တန်ဖိုးထားမခံရတာ…
ကိုယ်က ဘာကိစ္စ သူ့နားမှာနေပြီး
စောင်းတီးပြနေတော့မလဲ။
ကိုယ့်စောင်းသံကို လက်ခံ နှစ်သက်
တန်ဖိုးထား နားလည် သိမြင်တဲ့
သူတွေမှ အများကြီး ….
သူတို့ အတွက်ပဲ အချိန်ပေးတော့မှာပေါ့။
ဘယ်တော့မှ ကျွဲတစ်ကောင်အတွက်နဲ့
ကိုယ့်ရဲ့ အဖိုးတန် အချိန်တွေ၊
အဖိုးတန် စကားလုံးတွေ၊
အဖိုးတန်ပညာတွေကို
အလဟဿ မကုန်ဆုံးပါစေနဲ့။
အချိန်ဖြုန်းရာကျတယ် ။ ။
(16.4.2023 ကရေးခဲ့သည်)
ဖူးကျော်ဇင် (Future Wave)
Phoo Kyaw Zin - Author
Future Wave Training
Future Wave စာပေ
#PhooKyawZin
#တွေးမိတက်ရေး
#ကျွဲပါးစောင်းတီး
1 week ago | [YT] | 803
View 12 replies
Phoo Kyaw Zin
ကျွန်တော်တို့လည်း လူသားတွေမို့လို့ တစ်ခါတလေမှာ စိတ်ညစ်စရာ၊ Negative အတွေးတွေ ဝင်တတ်တာပါပဲ။
ဒါပေမဲ့ အမြဲတမ်း စိတ်ကြည်နေအောင် ကြိုးစားတဲ့နေရာမှာ ကျွန်တော် ကြိုးစားပြီး 'ကျင့်ကြံနေထိုင်တာလေး'ကို မျှဝေပေးချင်ပါတယ်။
အရေးအကြီးဆုံး ကျင့်ကြံနေထိုင်မှုကတော့ တရားဓမ္မနဲ့ အမြဲမပြတ် ကြိုးစားနေထိုင်ကြည့်ခြင်းဖြစ်ပါတယ်။
အချိန်ရရင် ရသလို တရားစခန်းဝင်တယ်၊ တရားအားထုတ်တယ်၊ နေ့စဉ်လည်း တရားနာဖြစ်ပါတယ်။ တရားရဲ့ အကျိုးကျေးဇူးက ဘာလဲဆိုရင် 'ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်တတ်လာတာ' ပါပဲ။
အဓိကကတော့ 'လက်ခံခြင်း' နဲ့ 'သိနေခြင်း' ပါ။
စိတ်ထဲမှာ Negative အတွေးတွေ ဝင်လာတဲ့အခါ
'ငါ ဘာလို့ ဒါတွေ တွေးနေမိတာလဲ' ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အပြစ်မတင်ပါနဲ့။ အဲ့ဒီလို အလိုမကျတာက စိတ်ကို ပိုပင်ပန်းစေပါတယ်။
'ဪ... ငါ့စိတ်ထဲမှာ Negative ဖြစ်နေပါလား' လို့ သတိလေးနဲ့ သိလိုက်ရုံပါပဲ။ အမှောင်က အလင်းကို မယှဉ်နိုင်သလို၊ 'သိတယ်' ဆိုတဲ့ အသိလေးက Negative အတွေးတွေကို အလိုလို အားပျော့သွားစေပါတယ်။
တရားအားထုတ်တယ်ဆိုတာ အေးအေးဆေးဆေး ထိုင်နေမှမဟုတ်ပါဘူး။ နေ့စဉ် ရုန်းကန်နေရတဲ့ အလုပ်တွေကြားမှာ သတိလေးကပ်ထားတာဟာလည်း တရားအားထုတ်တာပါပဲ။
တရားနာတာ၊ အားထုတ်တာတွေက စိတ်ကို တည်ငြိမ်စေပြီး ဘယ်လိုလောကဓံမျိုးကိုမဆို ရင်ဆိုင်နိုင်တဲ့ 'စိတ်ဓာတ်ခွန်အား' ကို ပေးပါတယ်။
နောက်တစ်ခုက 'စေတနာ' ကို အလုပ်ထဲမှာ ထည့်တာပါ။ လူတွေပေါ်မှာ "စိတ်ကောင်း" နဲ့ ဆက်ဆံတာ၊ မေတ္တာထားတာ၊ ကောင်းကျိုးကို လိုလားပေးတာဖြစ်ပါတယ်။
နေ့စဉ် ရုန်းကန်နေရတဲ့ အလုပ်တွေမှာ 'ငါ့အလုပ်ကြောင့် ဘယ်သူတွေ အဆင်ပြေသွားမလဲ' ဆိုတဲ့ စိတ်ကောင်း၊ စေတနာလေးကိုပါ ထည့်ပြီး မေတ္တာရှေ့ထား လုပ်ကြည့်ပါ။
အဲ့ဒီအခါ အလုပ်က တာဝန်တစ်ခုမဟုတ်တော့ဘဲ ပေါ့ပါးတဲ့ ကုသိုလ်တစ်ခု ဖြစ်သွားပါလိမ့်မယ်။ အေးချမ်းတဲ့ ဘ၀ဖြတ်သန်းမှုဖြစ်လာပါလိမ့်မယ်။
စာလေးတွေတွေ့လို့ သတိပြန်ဝင်လာတယ်ဆိုရင်ပဲ ဒါဟာ ညီမလေးအတွက် အောင်မြင်မှုတစ်ခုပါပဲ။
စိတ်ညစ်စရာတွေ ဝင်လာတိုင်း ကျွန်တော့် Page မှာ တင်ထားတဲ့ စာလေးနဲ့ YouTube မှာ တင်ထားတဲ့ Video လေးတွေကို သတိရပေးပါ။ စာတွေ Video တွေ အသစ်တက်လာတိုင်း တိုက်ရိုက်သိနေချင်ရင်တော့ Telegram Channel လေးကို Join ထားနိုင်ပါတယ်။
ဖြည်းဖြည်းချင်း လေ့ကျင့်ယူပါ။ အမြဲတမ်း စိတ်အေးချမ်းပြီး ပျော်ရွှင်တဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။
14.4.2026
Phoo Kyaw Zin - Future Wave
Future Wave Training
Future Wave စာပေ
2 weeks ago (edited) | [YT] | 851
View 15 replies
Phoo Kyaw Zin
ခေါင်းဆောင်မှုစွမ်းရည်ကို နောက်တစ်ဆင့်မြှင့်တင်ဖို့ အသင့်ဖြစ်ပြီလား?
ခေါင်းဆောင်မှုဆိုတာ ရာထူးတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ အဖွဲ့သားတွေနဲ့ အဖွဲ့အစည်းကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်တဲ့ "ဦးဆောင်မှုအရည်အချင်း" တစ်ခုဖြစ်ပါတယ်။
"ခေါင်းဆောင်မှုဆိုတာ မွေးရာပါပါလာတာထက် လေ့ကျင့်ယူလို့ရတဲ့ အတတ်ပညာတစ်ခု ဖြစ်ပါတယ်။"
သင်ဟာ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးမှာပဲဖြစ်ဖြစ် အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် ရပ်တည်ချင်တယ်ဆိုရင်တော့ -
အခုဖွင့်လှစ်တော့မယ့် Future Wave Training ရဲ့ နာမည်ကျော်သင်တန်းတစ်ခုဖြစ်တဲ့ Level Up Your Leadership (Batch 9) သင်တန်းဟာ သင့်အတွက် အကောင်းဆုံးအခွင့်အလမ်းတစ်ခုပါပဲ။
________
ဒီသင်တန်းမှာ ခေါင်းဆောင်မှုဆိုင်ရာ ဟောပြောမှုနှင့် သင်ကြားရေးအတွေ့အကြုံ (၁၃) နှစ်ကျော်ရှိပြီး -
ကုမ္ပဏီ၊ လုပ်ငန်းတွေနဲ့ အဖွဲ့အစည်းပေါင်း (၁၂၀) ကျော်တို့ကို Leadership Corporate Training သင်တန်းတွေ ပြုလုပ်ပေးနေတဲ့ Future Wave Training ရဲ့ ဦးဆောင်သူ Founder -
ဆရာဖူးကျော်ဇင် Phoo Kyaw Zin - Future Wave က Zoom Meeting ဖြင့် အနီးကပ်တိုက်ရိုက်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
________
🎯 ဒီသင်တန်းကနေ ဘာတွေရရှိမလဲ?
🚩 Growth Mindset for Leaders
ခေါင်းဆောင်ကောင်းတိုင်းတွင် ရှိရမည့် တိုးတက်မှုကို ရှေးရှုသော စိတ်နေစိတ်ထား။
🚩 Problem Solving & Decision Making
ရှုပ်ထွေးသော ပြဿနာများကို စနစ်တကျ ဖြေရှင်းပြီး မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှု။
🚩 Team Building & Motivation
အဖွဲ့သားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး စည်းလုံးသော Team တစ်ခု တည်ဆောက်နည်း။
🚩 Self-Awareness & Self-Leadership
မိမိကိုယ်ကို သိမြင်နားလည်ပြီး ဖိအားများကို ကြံ့ကြံ့ခံနိုင်သော ခေါင်းဆောင်မှုစွမ်းရည်။
🚩 The 5 Levels of Leadership
ခေါင်းဆောင်မှု၏ အဆင့်များကို နားလည်စေပြီး တစ်ဆင့်စီ တက်လှမ်းနည်း။
- စတာတွေအပြင်… အခြားသော မရှိမဖြစ် ခေါင်းဆောင်မှု အရည်အချင်းတွေကို စနစ်တကျ လေ့လာရပါမယ်။
________
💻 သင်တန်းအသေးစိတ်
🗓️ သင်တန်းစတင်မည့်ရက် - May 2, 2026 (စနေနေ့)
⏰ သင်တန်းအချိန် - ည 7:00 pm to 9:00 pm
⏳ သင်တန်းကာလ - (၅) ပတ် (စနေ၊ တနင်္ဂနွေ - တစ်ပတ် ၂ ရက်)
💻 သင်ကြားမည့်ပုံစံ - ZOOM MEETING Online Class
(Zoom Record Video တွေကို သင်တန်း Group ထဲမှာ
ပြန်တင်ပေးထားမှာဖြစ်လို့ အချိန်မရွေး ပြန်ကြည့်နိုင်ပါတယ်)
(သင်တန်းကို ပြီးဆုံးသည်အထိတက်ရောက်ရမည်ဖြစ်ပြီး
သင်တန်းဆင်းလက်မှတ် E- Certificate ကိုရရှိမှာဖြစ်ပါတယ်)
________
💡 ဘယ်သူတွေ တက်ရောက်သင့်သလဲ?
🔺 အဖွဲ့အစည်းအတွင်း ရာထူးတိုးမြှင့်ခံရပြီး ခေါင်းဆောင်မှုစွမ်းရည် လိုအပ်နေသူများ။
🔺 ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စနစ်တကျ ဦးဆောင်လိုသော လုပ်ငန်းရှင်များ။
🔺 အနာဂတ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ အခုကတည်းက ပြင်ဆင်လိုသူ လူငယ်များ။
________
ဒီသင်တန်းအတွက် သင်တန်းကြေးကတော့ -
💵 ပုံမှန် သင်တန်းကြေး - ၂၅၀,၀၀၀ ကျပ် ဖြစ်ပြီး
🥇 (ပထမဆုံးအပ်နှံသူ ၃၀ ဦးအတွက် Early Birds Promotion 20% Discount သက်သာခွင့်ရမှာဖြစ်လို့ ...)
💸 Early Birds သင်တန်းကြေး - ၁၉၉,၀၀၀ ကျပ်သာ ဖြစ်ပါတယ်။
(ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ မိမိဝန်ထမ်းများအား အဖွဲ့လိုက်တက်ရောက်စေလိုပါက - အထူးနှုန်း သင်တန်းကြေးသက်သာခွင့် အစီအစဉ်များ ထပ်မံစီစဉ်ပေးထားပါတယ်။)
________
📩 သင်တန်းအသေးစိတ်စုံစမ်းရန်နှင့် စာရင်းပေးသွင်းရန်
📋 အသေးစိတ်သိရှိလိုပါက -
📲 09 4538 91188 သို့ ဆက်သွယ်မေးမြန်းနိုင်သလို
📧 Future Wave Page Messenger ကတဆင့်လည်း ဆက်သွယ်နိုင်သလို
ဒီ Post အောက်မှာလည်း "Leadership" လို့ Comment ပေးထားနိုင်ပါတယ်ခင်ဗျာ။
💻 Batch-9 မှာ အတူတူ Level Up လုပ်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ လူဦးရေ ကန့်သတ်ထားတာမို့ မြန်မြန်လေးတော့ လိုမယ်နော်!
💢 Join Now ‼️
Level Up Your Leadership ‼️
🚩 ခေါင်းဆောင်မှုစွမ်းရည်ကိုမြှင့်တင်လိုက်ပါ
©️ LEVEL UP YOUR LEADERSHIP (BATCH-9)
FUTURE WAVE TRAINING CO., LTD
#PhooKyawZin
#FutureWaveTraining
#LevelUpYourLeadership
#ခေါင်းဆောင်မှုစွမ်းရည်ကိုမြှင့်တင်လိုက်ပါ
2 weeks ago | [YT] | 122
View 0 replies
Phoo Kyaw Zin
သင်္ကြန်ဆိုတာ ရေပက်ရုံတင်မဟုတ်ဘဲ "မင်္ဂလာရှိစွာ စိတ်ကို ဆေးကြောခြင်း" ပါ...
ဒီနေ့ဟာ မြန်မာတို့ရဲ့ ရိုးရာအတာသင်္ကြန် အကြိုနေ့ဖြစ်ပါတယ်။ လမ်းမှာ ရေပက်နေကြတာတွေ၊ သင်္ကြန်သီချင်းသံတွေနဲ့အတူ ပျော်စရာကောင်းနေသလို တစ်ဖက်မှာလည်း ကျွန်တော် တွေးမိတာလေး တစ်ခုရှိတယ်...
"သင်္ကြန်" ဆိုတာ အဟောင်းကနေ အသစ်ကို ကူးပြောင်းခြင်းပါ။
ကျွန်တော်တို့ တစ်နှစ်ပတ်လုံး အလုပ်တွေလုပ်ရင်း၊ လူမှုရေးတွေ နယ်ပယ်ပေါင်းစုံမှာ ကျင်လည်ရင်းနဲ့ စိတ်ထဲမှာ အညစ်အကြေးတွေ စွန်းထင်ခဲ့ကြပါလိမ့်မယ်။
အမုန်းတရားတွေ၊ အာဃာတတွေ၊ နောင်တတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ် (Mindset) ကို လေးလံစေပါတယ်။
ဒါကြောင့် ဒီသင်္ကြန်မှာ...
စိတ်ကို အထူးဆေးကြောပါ။
ခန္ဓာကိုယ်ကို ရေနဲ့ဆေးသလိုပဲ၊ စိတ်ထဲက မကောင်းတဲ့ အညစ်အကြေးတွေကိုလည်း "ခွင့်လွှတ်ခြင်း" ဆိုတဲ့ ရေအေးနဲ့ ဆေးကြောပစ်လိုက်ပါ။
နှစ်သစ်ကို စိတ်သစ် လူသစ် ခွန်အားသစ်နဲ့ စတင်ပါ။
အဟောင်းတွေမှာပဲ နစ်မနေဘဲ နှစ်သစ်မှာ ဘယ်လိုမျိုးနဲ့ ရှေ့ဆက်မလဲ၊ ဘယ်လို စေတနာမျိုးနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုမလဲဆိုတဲ့ "စိတ်သစ် လူသစ် ခွန်အားသစ်" တွေကို မွေးမြူပါ။
နောက်ပြီး မင်္ဂလာရှိစွာ အနားယူပါ။
ပျော်တာထက် "မင်္ဂလာရှိဖို့" က ပိုအရေးကြီးပါတယ်။ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ စိတ်အေးချမ်းရတဲ့ အချိန်လေးတွေကို တန်ဖိုးထားဖြတ်သန်းပါ။
မြန်မာပြည်သူပြည်သားအားလုံးနဲ့ ကျွန်တော့်ရဲ့ စာဖတ်သူ ဓမ္မမိတ်ဆွေများအားလုံး... ဒီအတာရေနဲ့အတူ စိတ်နှလုံးများ အေးချမ်းကြပါစေ။
နှစ်ဟောင်းက အညစ်အကြေးတွေ အားလုံး လွင့်စင်ပြီး၊ နှစ်သစ်မှာ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အောင်မြင်ခြင်းတွေနဲ့အတူ "စိတ်သစ်၊ လူသစ်၊ ဘဝသစ်" ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
အားလုံးပဲ မင်္ဂလာရှိသော သင်္ကြန်ကာလ ဖြစ်ပါစေခင်ဗျာ။
၁၃.၄.၂၀၂၆
Phoo Kyaw Zin - Author
Future Wave Training
Future Wave စာပေ
#PhooKyawZin #တွေးမိတက်ရေး
#MyanmarThingyan #သင်္ကြန်အကြိုနေ့
2 weeks ago | [YT] | 641
View 12 replies
Phoo Kyaw Zin
တချို့က ရူးသလို ပေါသလိုသာ လုပ်နေတာ...
တကယ်တော့ အဲ့ဒါ သူတို့ရဲ့ "မဟာဗျူဟာ" ဖြစ်နေတတ်တယ်။
လောကမှာ ကိုယ်က တော်ကြောင်း၊
တတ်ကြောင်းကို အမြဲထုတ်ပြနေတဲ့ သူတွေရှိသလို၊
တစ်ဖက်မှာတော့ ဘာမှမသိသလို၊
အေးအေးဆေးဆေးနဲ့ ဘာမှမသိလို၊
ရူးသလို ပေါသလို နေပြတတ်တဲ့သူတွေလည်း ရှိပါတယ်။
တကယ်တမ်းမှာတော့
အဲ့ဒီလို "ရူးချင်ယောင်ဆောင်" နေတာဟာ
သူတို့ရဲ့ မဟာဗျူဟာ တစ်ခု ဖြစ်နေတတ်ပါတယ်။
▪️ ရန်သူကို လျှော့တွက်စေတယ်
ကိုယ့်ကို ငပေါလို့ ထင်နေတဲ့သူဟာ
ကိုယ့်အပေါ်မှာ သတိလက်လွတ် ဖြစ်သွားတတ်ပါတယ်။
ကိုယ်က အကာအကွယ်မဲ့နေသလို ဟန်ဆောင်ပြီး
ကိုယ့်ရဲ့ အားသာချက်ကို တည်ဆောက်တာမျိုးပါ။
သူတစ်ပါးက ကိုယ့်ကို လျှော့တွက်ထားတာ၊
အထင်သေးနေတာဟာ ကိုယ့်အတွက်တော့ အေးအေးဆေးဆေးနဲ့ ပန်းတိုင်ဆီ လျှောက်လှမ်းဖို့
"အခွင့်အရေး" တစ်ခုပါပဲ။
▪️ မလိုအပ်တဲ့ ပဋိပက္ခတွေကို ရှောင်ရှားနိုင်တယ်
"ငါသိတယ်၊ ငါတော်တယ်" လို့ အော်နေတဲ့သူဟာ
မနာလိုသူတွေရဲ့ ပစ်မှတ် ဖြစ်သွားတတ်ပါတယ်။
ဘာမှ မသိသလို၊ ရူးသလို ပေါသလို နေပြခြင်းက
မလိုအပ်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့
စိတ်ပင်ပန်းစရာ ပဋိပက္ခတွေထဲကနေ ၊ အရှုပ်တွေထဲကနေ၊
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးသား ဖြစ်သွားစေပါတယ်။
▪️ အကဲခတ်ခြင်း အနုပညာတစ်ခုပဲ
ကိုယ့်ကို အရူးအပေါလို့ ထင်တဲ့အခါ
လူတွေဟာ ကိုယ့်ရှေ့မှာ
သူတို့ရဲ့ အစစ်အမှန် စရိုက်တွေကို
ဖုံးကွယ်မထားဘဲ ထုတ်ပြတတ်ကြပါတယ်။
အဲ့ဒီအခါမှာ ဘယ်သူက စေတနာအစစ်နဲ့ ဆက်ဆံသလဲ၊
ဘယ်သူက ကိုယ့်အပေါ် အမြတ်ထုတ်ချင်သလဲဆိုတာကို
ဘေးကနေ အသာလေး အကဲခတ်နိုင်တာပေါ့။
▪️
တချို့သူတွေ အဲ့သလို
ရူးသလို ပေါသလို နေတယ်ဆိုတာ
ပညာမဲ့လို့ မဟုတ်ပါဘူး။
လိုအပ်တဲ့အချိန်မှာမှ
ဓားကို ဓားအိမ်ထဲက ထုတ်ပြတတ်တဲ့သူမျိုးပါ။
တကယ်တော်တဲ့သူဟာ
နေရာတိုင်းမှာ "ငါသိတယ်" လို့ ထုတ်မပြောပါဘူး။
ကိုယ့်ရဲ့ ခွန်အားနဲ့ အသိဉာဏ်ကို အချိန်အခါမဟုတ်
ဖြုန်းတီးမပစ်ချင်လို့သာ ဖြစ်ပါတယ်။
အသံအကျယ်ဆုံး စည်ဟာ
အတွင်းမှာ ဗလာဖြစ်နေတတ်ပြီး၊
အနက်ဆုံး ရေကန်ဟာ ငြိမ်သက်နေတတ်ပါတယ်။
ဒါကြောင့် တစ်ခါတလေမှာ
ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို အပေါ်ယံကြည့်ပြီး
ဒီကောင်က ပေါတောတောပါကွာလို့ အထင်မသေးလိုက်ပါနဲ့။
သူတို့က ရူးချင်ယောင်ဆောင်ပြီး
သင့်ကို ပြန် "ကစား" နေတဲ့ ပညာရှိတွေလည်း
ဖြစ်နေနိုင်လို့ပါပဲ။
မိတ်ဆွေတို့ရော….
ကိုယ့်ကို အထင်သေးနေတဲ့သူတွေရှေ့မှာ
ကိုယ့်ရဲ့ အရည်အချင်းကို တိတ်တိတ်လေးပဲ
တည်ဆောက်ခဲ့ဖူးတဲ့ အတွေ့အကြုံမျိုး ရှိလား?
▪️
Phoo Kyaw Zin - Author
Future Wave Training
Future Wave စာပေ
#PhooKyawZin #တွေးမိတက်ရေး
#StrategyOfSilence #WisdomInSilence
2 weeks ago | [YT] | 814
View 17 replies
Phoo Kyaw Zin
ဒီနေ့ - ကျင်းလုံမြန်မာ (Machinery Trading Co.,) ကြီးအတွက် * ဒုတိယအကြိမ် (Batch-2)* အဖြစ် နောက်ထပ် ဝန်ထမ်းပေါင်း ၆၀ ဦး အား ….
Positive Attitude, Growth Mindset & Personal Development Program (၁) ရက်တာ Corporate Training သင်တန်းကို ပြုလုပ်ပို့ချပေးခဲ့ပါတယ်။
ဒုတိယအကြိမ် သင်တန်းမှာလည်း ကျင်းလုံမြန်မာ ဝန်ထမ်းတွေရဲ့ တက်ကြွမှု၊ အချင်းချင်း ပွင့်ပွင့်လင်းလင်း မျှဝေဆွေးနွေးမှုတွေနဲ့ မေးမြန်းမှုတွေက အားရစရာကောင်းလှပါတယ်။
အခုဆိုရင် ကျင်းလုံမြန်မာရဲ့ ဝန်ထမ်းပေါင်း ၁၂၀ အထိ ကို သင်တန်းပို့ချပေးပြီးဖြစ်ပါတယ်။
နောက်ထပ် ကျင်းလုံမြန်မာရဲ့ ဝန်ထမ်းငယ်များအားလုံးအတွက် Mindset ပြောင်းလဲခြင်း ခရီးစဉ်အတွက် နောက်ထပ်သင်တန်းအစီအစဉ်တွေလည်း ဆက်တိုက်ဆိုသလို ရှိနေပါသေးတယ်။
ဒီအစီအစဉ်ဖြစ်မြောက်အောင် ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့ ကျင်းလုံမြန်မာ မှ BOD လူကြီးမင်းများနှင့် HOD များအားလုံးကို Future Wave Training က အထူးပင် ကျေးဇူးတင်ရှိပါတယ်။
BOD , HOD လူကြီးများအတွက်ကတော့ Zoom Meeting မှ တဆင့် ၃ လ ကြာ Executive Coaching Program ကို လည်း ပြုလုပ်ပေးနေပါတယ်။
ရှေ့ဆက်ပြီး ကျင်းလုံမြန်မာ ကုမ္ပဏီ (ရန်ကုန်) ရဲ့ ခေါင်းဆောင်ကြီးများ နဲ့ ဝန်ထမ်းများအားလုံး အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေနဲ့ အောင်မြင်မှုအသစ်တွေ ဆွတ်ခူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
31.3.2026
ချစ်ခင်လေးစားစွာဖြင့်...
Phoo Kyaw Zin - Future Wave
Future Wave Training
Corporate Training Service 2026
#ကျင်းလုံမြန်မာ #Mindset #CorporateTraining
#PhooKyawZin #FutureWaveTraining
4 weeks ago | [YT] | 437
View 4 replies
Phoo Kyaw Zin
Mindset မကောင်းရင်
Money ရှာရခက်တတ်တယ်။
Money များများဝင်ချင်ရင်
Mindset ကောင်းကောင်းထားပါ။
ငွေဆိုတာ စွမ်းအင်တစ်ခုလိုပါပဲ။
စိတ်ချမ်းသာစွာနေမှ၊ စိတ်နေစိတ်ထားက
ကြွယ်ဝအေးချမ်းပြီး အပြုသဘောဆောင်မှသာ
အဲ့ဒီစွမ်းအင်တွေက သင့်ဆီကို စီးဆင်းလာမှာပါ။
စိတ်ဓာတ်ကိုက ဆင်းရဲနေရင်
အတွေးခေါ်က အမြဲတမ်း အဆိုးမြင်နေရင်၊
ငွေဝင်မယ့် လမ်းကြောင်းတွေ ပိတ်နေတတ်ပါတယ်။
ဒါ့ကြောင့် -
အိတ်ဖောင်းချင်ရင် စိတ်ပြောင်းပါ။
စိတ်ပြောင်းရင် အိတ်ဖောင်းလိမ့်မယ်။
ဒါက အင်မတန် ရိုးရှင်းတဲ့ အမှန်တရားပါ။
ကိုယ့်ရဲ့ အိတ် ပိုဖောင်းဖို့ထက်
ကိုယ့်ရဲ့ စိတ် ပိုကောင်းအောင်
အရင်ဆုံး ပြောင်းလဲကြည့်လိုက်ပါ။
သင့်ရဲ့ စိတ်ပြောင်းလဲမှုနောက်မှာ
သင့်ရဲ့ အိတ်ကလည်း လိုက်ဖောင်းလာပါလိမ့်မယ်။
💰
Phoo Kyaw Zin - Future Wave
Future Wave Training
Future Wave စာပေ
#MoneyMindset
#PhooKyawZin
#တွေးမိတက်ရေး
1 month ago | [YT] | 858
View 13 replies
Load more