People Media Myanmar
သံဖြူဇရပ်-ရေးကားလမ်း၌ မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ထိုးကျမှုဖြစ်ပွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ………………………………………နေပြည်တော်၊ စက်တင်ဘာ ၁၄မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ရွာ၊ သံဖြူဇရပ်-ရေးကားလမ်း၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ထိုးကျမှုဖြစ်ပွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ သိရသည်။သတင်းအပြည့်အစုံဖတ်ရန် … shorturl.at/E6zHO
2 days ago | [YT] | 83
View 1 reply
မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး နိုင်ငံတော်သမ္မတ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်ထွက်ခွာနေပြည်တော်၊ ဩဂုတ် ၁၇မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ယနေ့ ဩဂုတ် ၁၇ ရက်တွင် တရားဝင်ခရီးစဉ် စတင်ထွက်ခွာခဲ့ပြီ ဖြစ်ပါသည်။အဆိုပါခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့ခြင်းဖြစ်ပါသည်။ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေးအပြင် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး စသည့် ကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်နိုင်ရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ် သို့ တက်ရောက်မည်ဖြစ်ရာ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက်လည်းဆောင်ရွက်သွားမည် ဖြစ်ပါသည်နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားပါသည်။
4 weeks ago | [YT] | 656
View 7 replies
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံသို့ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က လာရောက်ဂါရဝပြုတွေ့ဆုံ နိုင်ငံတော်သမ္မတထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယနေ့ သြဂုတ် ၁၀ ရက်မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ရုံးတော် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။တွေ့ဆုံစဥ် မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့်ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။ထို့ပြင် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန်အတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
1 month ago | [YT] | 771
View 10 replies
စက္ကူထုတ်လုပ်ရန် အခြေခံလိုအပ်ချက်ဖြစ်သည့် ပျော့ဖတ်ရရှိရေးသည် အရေးကြီးပြီး အရည်အသွေးကောင်းမွန်သည့် စက္ကူများထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း တပ်ချုပ်ပြောကြား ………………………………………နေပြည်တော်၊ ဒီဇင်ဘာ ၁၀စက္ကူထုတ်လုပ်ရန် အခြေခံလိုအပ်ချက်ဖြစ်သည့် ပျော့ဖတ်ရရှိရေးသည် အရေးကြီးပြီး အရည်အသွေးကောင်းမွန်သည့် စက္ကူများထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။သတင်းအပြည့်အစုံဖတ်ရန် …
8 months ago | [YT] | 89
View 4 replies
People Media Myanmar
သံဖြူဇရပ်-ရေးကားလမ်း၌ မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ထိုးကျမှုဖြစ်ပွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
………………………………………
နေပြည်တော်၊ စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ရွာ၊ သံဖြူဇရပ်-ရေးကားလမ်း၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ထိုးကျမှုဖြစ်ပွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် … shorturl.at/E6zHO
2 days ago | [YT] | 83
View 1 reply
People Media Myanmar
မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး နိုင်ငံတော်သမ္မတ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်ထွက်ခွာ
နေပြည်တော်၊ ဩဂုတ် ၁၇
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ယနေ့ ဩဂုတ် ၁၇ ရက်တွင် တရားဝင်ခရီးစဉ် စတင်ထွက်ခွာခဲ့ပြီ ဖြစ်ပါသည်။
အဆိုပါခရီးစဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာခဲ့ခြင်းဖြစ်ပါသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေးအပြင် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး စသည့် ကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်နိုင်ရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ် သို့ တက်ရောက်မည်ဖြစ်ရာ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက်လည်းဆောင်ရွက်သွားမည် ဖြစ်ပါသည်
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားပါသည်။
4 weeks ago | [YT] | 656
View 7 replies
People Media Myanmar
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံသို့ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က လာရောက်ဂါရဝပြုတွေ့ဆုံ
နိုင်ငံတော်သမ္မတထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယနေ့ သြဂုတ် ၁၀ ရက်မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ရုံးတော် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့်ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်အထောက်အကူဖြစ်စေရေးအတွက် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန်အတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
1 month ago | [YT] | 771
View 10 replies
People Media Myanmar
စက္ကူထုတ်လုပ်ရန် အခြေခံလိုအပ်ချက်ဖြစ်သည့် ပျော့ဖတ်ရရှိရေးသည် အရေးကြီးပြီး အရည်အသွေးကောင်းမွန်သည့် စက္ကူများထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း တပ်ချုပ်ပြောကြား
………………………………………
နေပြည်တော်၊ ဒီဇင်ဘာ ၁၀
စက္ကူထုတ်လုပ်ရန် အခြေခံလိုအပ်ချက်ဖြစ်သည့် ပျော့ဖတ်ရရှိရေးသည် အရေးကြီးပြီး အရည်အသွေးကောင်းမွန်သည့် စက္ကူများထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
သတင်းအပြည့်အစုံဖတ်ရန် …
8 months ago | [YT] | 89
View 4 replies