Dhammapāla - ဓမ္မပါလ

ဆရာတော်ကြီးများဟောကြားတော်မူသော တရားတော်များကိုနေ့စဉ် ဓမ္မဒါန မျှဝေတင်ဆက်ပေးနေသော Channel လေးဖြစ်ပါသည်။တရားတော်များကို နာယူလိုပါက Channel လေးကို Subscribe လုပ်ပြီး စောင့်မျှော် နာယူနိုင်ပါသည်။တရားတော်အသစ်များတင်သည်ကို သိရှိလိုပါက Notification ခေါင်းလောင်းလေးကိုနှိပ်ထားနိုင်ပါသည်။မိမိ၏မိတ်ဆွေများလဲ နာယူနိုင်ရန် တရားတော်များကို Like and Share လုပ်ပေးပြီး ကုသိုလ် ပါဝင်နိုင်ပါသည်။




If you want to listen to the sermons, you can subscribe to this channel and click on the notification bell. You can also Like and Share the sermons for your friends to listen to.


Dhammapāla - ဓမ်မပါလ

လောက၌အကောင်းဆုံးသောအရာ
လောကမှာ အကောင်းဆုံးသောအရာဟာ ဘာလဲ၊ ဘယ် အရာဟာ လောကမှာ အကောင်းဆုံးလဲလို့ မေးလိုက်ရင် အဖြေအမျိုး မျိုးထွက်လာမှာ သေချာပါတယ်။ ဟိုလူက ဟိုဟာကို အကောင်းဆုံးလို့ ပြောမယ်၊ ဒီလူက ဒီဟာကို အကောင်းဆုံးလို့ပြောမယ်။ လူတစ်ယောက် နဲ့တစ်ယောက် အကောင်းဆုံးအရာ သတ်မှတ်ချက်ချင်း တူညီကြမှာ မဟုတ်ပါဘူး။
လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း လူအမျိုးမျိုးမှာ အကြိုက်အမျိုးမျိုး ရှိကြမှာပါ။ ကိုယ်အကြိုက်ဆုံးအရာကိုပဲ အကောင်း ဆုံးအရာလို့လဲ သတ်မှတ်ကြမှာပါ။ ဒါက ပုဂ္ဂလဓိဋ္ဌာန်အနေနဲ့ ပြော တာပေါ့။ ဒါပေမဲ့ ပုဂ္ဂလဓိဋ္ဌာန်အနေနဲ့မဟုတ်ဘဲ ဓမ္မဓိဋ္ဌာန်အနေနဲ့ အကောင်းဆုံးအရာ သတ်မှတ်တဲ့နေရာမှာတော့ ကိုယ်ကြိုက်တာ၊ မကြိုက်တာကို ပဓာနပြုလို့ မဖြစ်ပါဘူး။ ပင်ကိုသဘာဝအရ ကောင်း တာ၊ မကောင်းတာကိုပဲ ပဓာနပြုရပါမယ်။ သူ့ပင်ကိုသဘာဝကိုက အကောင်းဆုံးအရာ ဖြစ်နေဖို့ပဲ လိုအပ်ပါတယ်။
တရားနာပရိသတ်များ ……။ လောက၌ အကောင်းဆုံးသော အရာ ဘာဖြစ်မယ်လို့ ထင်ပါသလဲ၊ လောကမှာ ဘယ်အရာအကောင်း ဆုံးလို့ ယူဆပါသလဲ၊ ကိုယ့်အတွေးနဲ့ကိုယ် ဖြေကြည့်ပါဦး၊ ကိုယ့်အ ထင်နဲ့ကိုယ် ပြောကြည့်ပါဦး။
“တရားအကောင်းဆုံးပါ ဘုရား
* ဝိပဿနာအကောင်းဆုံးပါဘုရား
* နိဗ္ဗာန်အကောင်းဆုံးပါဘုရား
အကောင်းဆုံးပါ ဘုရား တစ်ယောက်တစ်မျိုးစီပါလားနော်။
ကဲ-ဘယ်အဖြေမှန်သလဲဆိုတာ အဖြေညှိကြည့်ဖို့အတွက် ဇာတ်တော်လေးတစ်ခုရဲ့ နိဒါန်းပိုင်းလေးကို နည်းနည်းလေး ပြော ပြပါမယ်။
တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်စိုး စဉ်တုန်းက ဦးဇင်းတို့ရဲ့ မြတ်စွာဘုရားအလောင်းဟာ အဲဒီ ဗြဟ္မဒတ် မင်းကြီးရဲ့ ပုရောဟိတ်ပုဏ္ဏား ဖြစ်ခဲ့ဖူးတယ်။
အဲဒီ ပုရောဟိတ်ပုဏ္ဏားကို ဗြဟ္မဒတ်မင်းကြီးက အင်မတန် ချစ်တယ်။ အင်မတန်မြတ်နိုးတယ်။ ပေးစရာရှိ သူများထက် ပိုပြီးတော့ ပေးတယ်။ ချီးမြောက်စရာရှိ သူများထက်ပိုပြီးတော့ ချီးမြှောက်တယ်။
ကူညီစောင့်ရှောက်စရာရှိ သူများထက်ပိုပြီးတော့ ကူညီစောင့်ရှောက် တယ်။ အတိုချုပ်ပြောရမယ်ဆိုရင်တော့ ပုရောဟိတ်ပုဏ္ဏားကို ဗြဟ္မဒတ် မင်းကြီးက သူများထက်ပိုပြီးတော့ ချစ်မြတ်နိုးတယ်။
အားလုံးထက် သိသိသာသာကို ချစ်မြတ်နိုးတော့ တစ်နေ့ မှာ ဘုရားလောင်းပုရောဟိတ်ပုဏ္ဏားက စဉ်းစားတယ်။
“ ရှင်ဘုရင်ကြီးက ငါ့ကို သူများထက်ပိုပြီးတော့ ချစ်မြတ်နိုး တယ်။ ဒီလိုချစ်မြတ်နိုးတာဟာ ငါ့ရဲ့အမျိုးမြတ်ခြင်းကြောင့်ပဲလား။ ဒါမှမဟုတ် ငါပညာတတ်ခြင်းကြောင့်ပဲလား။ ဒါမှမဟုတ် ငါ့ရဲ့ ကိုယ်ကျင့်သီလ ကောင်းခြင်းကြောင့်ပဲလား။ စမ်းသပ်ကြည့်ဦးမှပဲ ဆိုပြီးတော့ တစ်နေ့မှာ မင်းနန်းတော်ကနေ အခစားပြန် လာတဲ့အချိန် ရှင်ဘုရင်ရဲ့ ရွှေပန်းထိမ်ဖိုကနေပြီးတော့ ရွှေအသပြာ တစ်ခု အသိမပေးဘဲနဲ့ ယူလာခဲ့တယ်။ ဒုတိယနေ့မှာ ရွှေအသပြာနှစ်ခု အသိမပေးဘဲနဲ့ ယူလာခဲ့တယ်။ တတိယနေ့မှာ ရွှေအသပြာတစ်ဆုပ် အသိမပေးဘဲနဲ့ ယူလာခဲ့တယ်။
ရွှေပန်းထိမ်သည်ကလည်းပဲ ပုရောဟိတ်ပုဏ္ဏားကို ရိုသေလေး စားတဲ့အတွက်ကြောင့် ပထမနေ့မှာ ဘာမှမပြောဘူး။ ကြည့်နေလိုက် တယ်။ ဒုတိယနေ့မှာလဲ ဘာမှမပြောပါဘူး။ ဘာမှမပြောပါဘူး။ ကြည့်နေလိုက်တယ်။ တတိယနေ့ ရွှေတစ်ဆုပ်လည်းယူရော ချက်ချင်း ဖမ်းယူပြီးတော့ .... “သင်ဟာ ဒီလောက်အချိန်ကာလကြာအောင် ကိုယ့်ကိုယ်ကို ကိုယ်ကျင့်သီလရှိသလိုလိုနဲ့ လှည့်လည်ခဲ့တာပဲ။ သင်ဟာ နှစ်ပေါင်း များစွာ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်သီလရှိသလိုလို အယောင်ဆောင်
လောက၌အကောင်းဆုံးသောအရာ ခဲ့တာပဲ။ ဒီနေ့တော့ သင့်ရဲ့အမှန်တရား ပေါ်ပြီ။ သင်ဟာ ကိုယ်ကျင့် သီလ လုံးဝမရှိတဲ့လူတစ်ယောက်ပဲ။ သင့်ကို ကျွန်ုပ်ဖမ်းတယ်
ဆိုပြီးတော့ သူခိုးဗျို့ သူခိုး သူခိုးနဲ့ တစ်ခါတည်း အော် တော့တာပဲ။ အဲဒီလိုအော်တော့ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ လူတွေလည်း ပြေးလာကြပြီးတော့ ဟိုလူက နှစ်ချက်သုံးချက်လောက် ရိုက်လိုက်၊ ဒီလူကနှစ်ချက်သုံးချက်လောက်ရိုက်လိုက်နဲ့ ဝိုင်းပိုင်းပြီးတော့ ရိုက်ကြတယ်။
*သင့်ကိုကျွန်ုပ်တို့က ပညာရှိသူတော်ကောင်းကြီး၊ ကိုယ်ကျင့် သီလကောင်းတဲ့ ပုဂ္ဂိုလ်ကြီးလို့ ထင်လာခဲ့တာ။ ထင်ပြီးတော့ ရိုသေ လေးစားလာခဲ့တာ။ ခုတော့ သင်ဟာ ကိုယ်ကျင့်သီလမရှိတဲ့သူတစ် ယောက်ပဲ " ဆိုပြီးတော့ ကြိုးနဲ့ လက်ပြန်ကြိုးတုပ်ပြီးတော့ ရှင်ဘုရင် ဆီ ခေါ်လာခဲ့တယ်။ ရှင်ဘုရင်ဆီရောက်တော့ ရှင်ဘုရင်က …
“ ဘာကိစ္စလဲ
ဒီလိုပါပဲ၊ ရှင်ဘုရင်ရဲ့ ရွှေပန်းထိမ်ဖိုကနေ ရွှေအသပြာ တွေ သုံးရက်တိုင်တိုင် ခိုးယူတဲ့အတွက်ကြောင့် ရှေ့တော်မှောက် ခေါ်လာခဲ့ခြင်းပါ
“ကဲ-ဒီလိုခိုးယူတယ်ဆိုလို့ရှိရင်လည်း သူ့အပေါ်မှာ ပေးသင့် ပေးထိုက်တဲ့ မင်းပြစ်မင်းဒဏ် ပေးလိုက်တော့ပေါ့။ တရားဥပဒေအတိုင်း စီရင်လိုက်ပါ ” လို့ ရှင်ဘုရင်က မိန့်တော်မူတဲ့အခါမှာ ပုရောဟိတ်ပုဏ္ဏား ကြီးက ... အရှင်မင်းကြီး အကျွန်ုပ် သူခိုးမဟုတ်ပါဘူး
“သူခိုးမဟုတ်ဘူးဆိုရင်ရွှေပန်းထိမ်ဖိုက ရွှေတွေ အသိမပေးဘဲ ဘာဖြစ်လို့ ယူရတာလဲ
“မှန်လှပါ အရှင်မင်းမြတ်၊ အရှင်မင်းမြတ်ဟာ ကျွန်ုပ်ကို သူများ ထက်ပိုပြီးတော့ ချစ်မြတ်နိုးတယ်။ သူများထက် ပိုပြီးတော့ ချီးမြောက် တယ်။ သူများထက် ပိုပြီးတော့ စောင့်ရှောက်တယ်။ သူများထက် ပိုပြီး တော့ အရေးပေးတယ်။
*အားလုံးထက်ပိုပြီးတော့ ချစ်မြတ်နိုးခြင်း၊ အရေးပေးခြင်းဟာ ကျွန်တော်မျိုး အမျိုးမြတ်လို့ပဲလား၊ ပညာတွေတတ်လို့ပဲလား၊ ကိုယ် ကျင့်သီလကောင်းလို့ပဲလားဆိုတာ စမ်းသပ်ကြည့်ချင်လို့ ကျွန်ုပ် ယခု ကဲ့သို့ယူရခြင်း ဖြစ်ပါတယ်။
* ခုတော့ ကျွန်ုပ်သိပါပြီ။ အမျိုးမြတ်တာလည်း ဘာမှ သုံးမရ ပါဘူး။ ပညာတတ်တာလည်း ဘာမှ သုံးမရပါဘူး။ ကိုယ်ကျင့်သီလ ကောင်းခြင်းကသာ သုံးရပါတယ်။ လောကမှာ အကောင်းဆုံးအရာ ဟာ ကိုယ်ကျင့်သီလ၊ လောကမှာ အမြတ်ဆုံးအရာဟာ ကိုယ်ကျင့်သီလ ဆိုတာ ကျွန်ုပ် သဘောပေါက်ပါပြီ။ လောကမှာ သီလထက် ကောင်း မြတ်တဲ့အရာ မရှိဘူးဆိုတာ ကျွန်ုပ် သဘောပေါက်ပါပြီ။
“ဒါ့ကြောင့် လောကမှာ အကောင်းဆုံးအရာဖြစ်တဲ့ ဒီကိုယ် ကျင့်သီလနဲ့ ထိုက်တန်တဲ့အလုပ်ကို လုပ်နိုင်ဖို့အတွက် အိမ်ရာတည် ထောင်လူ့ဘောင်ကို စွန့်ပြီးတော့ ရဟန်းပြု တောထွက်ခွင့်ပေးပါတော့”
ရှင်ဘုရင်ကလည်း အကြောင်းအကျိုး သိသွားတော့ တော မထွက်ဖို့ တားပါတယ်။ ပုရောဟိတ်ပုဏ္ဏားကြီးရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေ တွေကလည်း တားကြတယ်။ ငိုကြတယ်။ ဘယ်လိုပင် ငိုယိုပြီး တောင်း ပန်ကြပေမဲ့လည်း ပုရောဟိတ်ပုဏ္ဏားကတော့ …
“လောကမှာ အကောင်းဆုံးအရာဖြစ်တဲ့ ဒီကိုယ်ကျင့်သီလနဲ့ ထိုက်တန်တဲ့ ကျင့်စဉ်တွေ၊ လုပ်ငန်းတွေဆိုတာ အိမ်ရာတည်ထောင် လူ့ဘောင်ထဲမှာနေပြီး လုပ်ခြင်းအားဖြင့် မပြည့်စုံနိုင်ပါဘူး။ လူ့ဘောင် ကိုစွန့် တောထွက် ရဟန်းပြုပြီးတော့ ကျင့်သုံးမှသာလျှင် ဒီသီလနဲ့ ထိုက်တန်တဲ့အလုပ်ကို လုပ်လို့ရမယ်။ သီလနဲ့ထိုက်တန်တဲ့အလုပ် အ ထွတ်အထိပ်ရောက် ပြီးပြည့်စုံမယ်။ ဒါ့ကြောင့် မတားကြပါနဲ့တော့ "
လို့ဆိုပြီးတော့ မေတ္တာရပ်ခံပါတယ်။ နောက်ဆုံးတော့ ရှင်ဘုရင် ကလည်း ခွင့်ပြုလိုက်ရပါတယ်။ အဲဒီလို ရှင်ဘုရင်က ခွင့်ပြုလိုက်ပြီဆို တာနဲ့ တစ်ပြိုင်နက်တည်း ဘုရားလောင်းပုရောဟိတ်ပုဏ္ဏားက ရှင်ဘုရင် နဲ့တကွ နန်းတော်မှာ ရောက်လာကြတဲ့ပရိသတ်အားလုံးကို ဂါထာလေး တစ်ပုဒ်နဲ့ တရားဟောပါတယ်။
သီလံ ကိရေဝ ကလျာဏံ၊ သီလံ လောကေ အနုတ္တရံ။ ပဿ ဃောရဝိသော နာဂေါ၊ သီလဝါတိ န ဟညတိ။
* လောကမှာ ကိုယ်ကျင့်သီလဆိုတာအကောင်းဆုံးပဲ။ ကိုယ် ကျင့်သီလထက်ကောင်းတာ ဘာမှမရှိတော့ဘူး။ ကြည့်လိုက်ကြစမ်း ပါဦး။ ကြမ်းတမ်းတဲ့ အဆိပ်ရှိတဲ့၊ အဆိပ်ပြင်းထန်တဲ့ မြွေကိုတောင်မှ မကိုက်ခဲ၊ မညှဉ်းဆဲတဲ့အတွက် သီလရှိသူလို့ ချီးမွမ်းကြတယ်။ ဘယ်သူ ကမှ သူ့ကို မညှဉ်းဆဲကြဘူး။ ”
ကြည့်လိုက်ကြစမ်းပါဦးလို့ဆိုတာက ပုရောဟိတ်ပုဏ္ဏားကို လက်ပြန်ကြိုးတုပ်ပြီးတော့ နန်းတော် ကိုခေါ်လာတဲ့အချိန် လမ်းခရီးမှာ ဘာတွေ့ရသလဲလို့ဆိုတော့ မြွေအလ မ္လယ်ဆရာတွေ မြွေအလမ္ပယ်ပြနေတာ တွေ့ရတယ်။
တစ်ခါ တစ်ရံ မြွေရဲ့လည်ပင်းကိုကိုင်၊ တစ်ခါတစ်ရံ မြွေရဲ့ အမြီးကိုကိုင်၊ တစ်ခါတစ်ရံ လူရဲ့လည်ပင်းမှာ မြွေကိုပတ်ပြီးတော့ မြွေ လေမ္ပယ်ကစားပြတယ်။ အဲဒါတွေကိုမြင်ရတော့ ပုရောဟိတ်ပုဏ္ဏားက မြွေအလမ္ပယ်သမားတွေကို ပြောတယ်။
"အမောင်တို့ ၊ ဒီမြွေကို လည်ပင်းကနေ ဘာလို့ ကိုင်ကြတာ လဲ။ အမြီးကနေဘာလို့ ကိုင်ကြတာလဲ၊ ဘာလို့ လည်ပင်းမှာ ရစ် ပတ်ပြီးတော့ ကစားကြတာလဲ၊ ဒီမြှေက သင်တို့ကို ကိုက်လိုက်လို့ရှိရင် သင်တို့ အသက်ဆုံးရှုံးရလိမ့်မယ်။ ဒါကြောင့် မကိုင်ကြပါနဲ့။"
အဲဒီလိုပြောတော့ မြေအလမ္ပယ်ဆရာတွေ၊ ပတ်ဝန်းကျင် မှာရှိတဲ့ လူတွေက …
*ပုဏ္ဏားကြီး၊ ဒီမြွေဟာသီလရှိတယ်။ အကျင့်ကောင်းတယ်။ သင်သာလျှင် သီလမရှိတဲ့သူဖြစ်တယ်။ အကျင့်ယုတ်မာတဲ့သူ ဖြစ် တယ်။ သင်သာလျှင် သီလမရှိ၊ အကျင့်ယုတ်မာတဲ့အတွက်ကြောင့် ရှင်ဘုရင့် ရွှေပန်းထိမ်ဖိုက ရွှေတွေကို ခိုးယူတာမဟုတ်လား။
* ဒီမြွေဟာ ငါတို့ကို မကိုက်ဘူး။ မညှဉ်းဆဲဘူး။ သီလရှိတဲ့ သူဖြစ်တယ်။ ဒါကြောင့် တို့ သူတို့နဲ့ကစားတယ်။ သင်သာလျှင် သီလမရှိတဲ့သူ ” ဆိုပြီးတော့ နောက်ထပ်တစ်ချက်လောက် ထပ်ရိုက် လိုက်ပြန်တယ်နော်။
ဘုရားလောင်းပုဏ္ဏားက အဲဒါကို ပြန်ပြီး ပြောပြတာပါ။ “ကြည့်လိုက်ကြစမ်းပါ။ အင်မတန်အဆိပ်ပြင်းထန်တဲ့ မြွေ တောင်မှ၊ လူတွေအားလုံးက ရွံ့မုန်းကြ စက်ဆုပ်ကြ ကြောက်ရွံ့ကြ တဲ့ မြွေတောင်မှ မကိုက်ဘူး၊ မညှဉ်းဆဲဘူးဆိုရင် ဒီမြွေဟာ သီလရှိတဲ့သူ၊ အကျင့်ကောင်းတဲ့သူ ဆိုတဲ့နာမည်လေးကို ရပါတယ်။ အကျင့်ကောင်း တဲ့သူ၊ သီလရှိတဲ့သူဆိုပြီးတော့ ချီးမွမ်းခြင်းကို ခံလိုက်ရပါတယ်။
“ ဒါ့ကြောင့်လောကမှာ သီလသည်သာလျှင် အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒီအကောင်းဆုံးဖြစ်တဲ့သီလနဲ့ ထိုက်တန်တဲအလုပ်ကို လုပ်ဖို့အတွက် ကျွန်ုပ်ကို တောထွက်ခွင့်ပြုပါတော့ ” လို့ အဲဒီတရား အဆုံးအမပေးပြီးတော့ တောထွက်သွားပါတယ်။
အဲဒီတော့ ဇာတ်တော်ကို ဒီနေရာမှာပဲ ခေတ္တခဏရပ်နားထား ပေါ့။ ဇာတ်တော်ဆုံးပြီဆိုတာနဲ့ တရားကလဲ ဆုံးမှာပါ။
အဲဒီတော့ ဒါဆိုရင် တရားနာပရိသတ်များ အဖြေရပြီပေါ့။ လောက၌ အကောင်းဆုံးသောအရာဟာ ဘာတဲ့လဲ။
“ သီလပါဘုရား
သီလ…တဲ့။ ဒါ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောထား တဲ့ တရားနော်။ ဘုရားအလောင်းတော်ဘဝက ဟောခဲ့တဲ့ ဂါထာကို ခုဘုရားဖြစ်တဲ့အခါမှာ တစ်ဆင့်ပြန်ပြီးတော့ဟောတယ်။ မှားပါတယ် လို့မကန့်ကွက်ဘဲ မှန်ပါတယ်လို့ပဲ အတည်ပြုထားတဲ့အတွက်ကြောင့် ဒါသည်ပင်လျှင်၊ အလောင်းတော်ဘ၀က ဟောခဲ့တဲ့ ဒီဂါထာသည်ပင် လျှင် ဘုရားဟောဂါထာစစ်စစ်ပါပဲ။


အရှင် ဆန္ဒာဓိက

2 months ago | [YT] | 1