ဗုဒ္ဓဘာသာဝင်များအားလုံးကိုGold Tayartaw Channelမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်

တရားတော်များနေ့စဥ် နာယူနိုင်ရန် Subscribe လုပ်ထားပြီး လာရောက်နာယူနိုင်ပါတယ်

သတိတရား လက်ကိုင်ထားပြီး သွားလာလုပ်ကိုင်နိုင်ကြပါစေ.....

စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ....

ဘေးဘယာ ကင်းရှင်းကြပါစေ....


Gold Tayartaw

ဘဝရဲ့မုချပျက်စီးရမယ့်
သဘာဝကိုဆင်ခြင်ပြီးနေမယ်..
ငါ၏ရှင်သန်ခြင်းသည်မမြဲ
သေဆုံးခြင်းသည်မြဲ၏ လို့
ဆင်ခြင်ပြီးနေမယ်..
နေရမယ်အချိန်တွေ
ဘယ်လောက်ကျန်သေးတယ်ဆိုတာ
အသေအချာမသိနိုင်ပေမဲ့
တဖြည်းဖြည်းနည်းလာပြီဆိုတာ
သေချာတယ် လို့ ဆင်ခြင်ပြီး နေမယ်..
ငါသည်သာ သေရမည်မဟုတ်
သတ္တဝါမှန်သမျှသေကြရမည်ဖြစ်၍
အသေလောကကြီးပါတကား လို့
ဆင်ခြင်ပြီးနေမယ်..
ဘဝရဲ့တန်ဖိုးမဲ့ပုံကို
သေခြင်းကိုကြည့်ပြီးထင်ရှားစေမယ်..။
ငါသည် ငါ၏ဘဝခရီးကို
သေခြင်းကိုဆင်ခြင်လို့
ဖြစ်ပေါ်လာတဲ့အသိဉာဏ်ရဲ့
လမ်းညွန်ချက်အတိုင်း
လျှောက်လှမ်းမယ်။
#credit

2 weeks ago | [YT] | 34

Gold Tayartaw

သတ္တဝါတို့အတွက် သေခြင်းရဲ့အရှိန်အဝါကဘယ်လောက်ကြီးလဲ

ဘဝက စိုးရိမ်ရတဲ့
အနေအထားဆီ သွားနေတာ
ငိုကြွေးရမယ့်
အနေအထားဆီကို သွားနေတာ
မကျန်းမာဘူးဆိုတာ
စိုးရိမ်ရမယ့် အနေအထားပဲ
မကျန်းမာဘူးဆိုတာနဲ့
စိုးရိမ်ကြတော့တာပဲ
ပြန်ကောင်းဖို့မလွယ်တဲ့
ရောဂါမျိုးများဖြစ်မယ်ဆို
တစ်ချို့ ငိုတောင်ငိုကြတာနော်

သေတယ်ဆိုတာ
စိုးရိမ်ရမယ့်အနေအထားပဲ
ထိတ်လန့်ကြတယ်
သေခြင်းရဲ့အရိပ်အယောင်
မြင်တာနဲ့တောင် စိုးရိမ်ကြတယ်
ငိုကြွေးကြတယ်

စိုးရိမ်ကြလို့ ငိုကြွေးကြလို့
နာမယ့်ဟာက မနာပဲ
နေမှာမဟုတ်ဘူး နာမှာပဲ
သေမယ့်ဟာကလည်း
မ​သေဘဲ နေမှာမဟုတ်ဘူး
သေမှာပဲ စိုးရိမ်နေလို့
ငိုကြွေးနေလို့လည်း
အကြောင်းမထူးဘူး
အကြောင်းမထူးလည်း
စိုးရိမ်နေကြတာပဲ
ငိုကြွေးနေကြတာပဲ

ဘဝရယ်လို့ရလာရင်
မနာအောင် မသေအောင်တော့
လုပ်လို့မရဘူးဒါပေမယ့်
မစိုးရိမ်ရအောင်
မငိုကြွေးရအောင်တော့
လုပ်လို့ရတယ်
ဘယ်လိုလုပ်ရမှာလဲ
ဘဝအကြောင်းကို
အမှန်အတိုင်းသိအောင်လုပ်
ဘဝအကြောင်း ခန္ဓာအကြောင်းကို
အမှန်အတိုင်းသိတာဟာ
ပညာဉာဏ်အစစ်ပဲ
ဘဝအကြောင်း ခန္ဓာအကြောင်းကို
အမှန်တိုင်း သိလေလေ
စိုးရိမ်စရာတွေနှင့်တွေ့တဲ့အခါ
မစိုးရိမ်ရလေပဲ
ငိုကြွေးစရာတွေနှင့်တွေ့တဲ့အခါ
မငိုကြွေးရလေပဲ
အဲဒီပညာဉာဏ်တိုးတက်လေလေ
စိုးရိမ်ခြင်းကင်းလေလေပဲ

အဲဒီပညာဉာဏ်မရှိလို့ကတော့
တခြားဘာတွေ ဘယ်လောက်ရှိရှိ
စိုးရိမ်စရာနှင့်တွေ့တာနဲ့ စိုးရိမ်ရမှာပဲ
ငိုစရာနှင့်တွေ့တာနဲ့ ငိုရမှာပဲ
ရုပ်ဝတ္ထုတွေ ဘယ်လောက်
တိုးတက် တိုးတက် အဲဒီ
စိုးရိမ်ခြင်း ငိုကြွေးခြင်းဆိုတဲ့ ရောဂါကို
ကုစားဖို့ဆေးမရှိသေးဘူး ဉာဏ်ပညာ
ကိုသာ တိုးတက်အောင်လုပ်ထားရမှာ
ဉာဏ်ပညာဟာ စိုးရိမ်ခြင်းငိုကြွေးခြင်းတို့
ပျောက်ဖို့အတွက် အတုမဲ့ဆေးပဲ။

အရှင်ရဋ္ဌပါလ မိန့်ခဲ့တဲ့
စကားတစ်ခွန်းရှိတယ်
လူမိုက်တွေလည်းသေမှာပဲ
ပညာရှိတွေလည်းသေမှာပဲ
ဘာမှ မထူးဘူး ဒါပေမယ့်

လူမိုက်တွေက သေခြင်းကို
တုန်လှုပ်ခြောက်ချားမှုနှင့်ရင်ဆိုင်ကြတယ်
ပညာရှိတွေကတော့ တည်ငြိမ်မှုနှင့်
ဖြတ်သန်းသွားတယ် ဒါကြောင့်
ပညာသည်သာလျှင်
ဥစ္စာထက်မြတ်တယ်တဲ့
ဥစ္စာမရှာရဘူး
တိုးတက်အောင်မလုပ်ရဘူလို့
ပြောတာမဟုတ်ဘူး ပညာရဲ့တန်ဖိုးက
ဘယ်လောက်ဆိုတာကို
နားလည်ထားဖို့ပြောတာ

#credit

3 weeks ago | [YT] | 20