အဘိဓမ္မာကို အခြေခံမှစ၍ လေ့လာလိုသူများအတွက်
လွယ်လင့်တကူ လေ့လာသင်ယူနိုင်ရန် အသေးစိတ်
ရှင်းလင်းသင်ကြားပေးထားပါသည်။
အခြေခံအဘိဓမ္မာသင်တန်းမှာ တက်ရောက်ကြသည့်
သင်တန်းသားများကို အစဉ်အလိုက် တစ်ဆင့်ချင်း
ရှင်းလင်းသင်ပြပေးထားသည်များဖြစ်သောကြောင့်
ကြားဖြတ်နားထောင်သူများအနေဖြင့် ဗွီဒီယိုတစ်ဖိုင်လောက်
ကြည့်ရုံဖြင့် နားလည်ရန် ခက်ခဲပါလိမ့်မည်။
အဘိဓမ္မာကို အခြေခံမှစ၍ အသေးစိတ် လေ့လာလိုလျှင်တော့
ပို့ချစဉ် (၁)မှ စတင်ကာ အစဉ်အတိုင်း လေ့လာသွားမှသာ
နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။
ဤဗွီဒီယိုဖိုင်များတွင် သင်ခန်းစာများသာမက
အဘိဓမ္မာဆိုင်ရာ ဗဟုသုတရစရာ အကြောင်းအရာများကိုလည်း
မေးမြန်း+ဆွေးနွေး+အဖြေရှာပေးထားသည်များ ပါဝင်ပါသည်။
"အဘိဓမ္မာ သင်ရခြင်းအကျိုး"
၁။ ရုပ်နာမ်တရားတွေကို ပိုင်းခြားသိနိုင်သော
နာမရူပ ပရိစ္ဆေဒဉာဏ် ရနိုင်ခြင်း။
၂။ ရုပ်နာမ်ခန္ဓာတွေမှာ ပညာမျက်စိကန်းသော
အန္ဓပုထုဇဉ်ဘဝမှ လွတ်မြောက်ရ၍၊
ကလျာဏပုထုဇဉ်ဘဝသို့ ရောက်ရှိနိုင်ခြင်း။
၃။ ပဋိသမ္ဘိဒါဉာဏ်များကို ရရှိနိုင်ခြင်း။
၄။ ဘာသာရေးစာပေးများ၊ တရားဒေသနာတော်များ၊
ဖတ်ရှုလေ့လာ နာကြားသည့်အခါ ပိုမိုသဘောပေါက် နားလည်ခြင်း။
Ven. Kusalalankara
#သီတင်းကျွတ်လပြည့်မှာ ဖြစ်ပေါ်လာသည့်
#ဒိဝါ_တပတိ_ဂါထာတော်
https://youtu.be/lF8hNsGU6WM
2 months ago | [YT] | 8
View 1 reply
Ven. Kusalalankara
#ကြီးပွား_တိုးတက်_အောင်မြင်ကြောင်း ၄ ချက်
၁။ ဆန္ဒ၀တော ကိံ နာမ ကမ္မံ န သိဇ္ဈတိ။
ဆန္ဒကဲမို့ ငါသို့သသူ ပြုမူဆောင်ရာ အဖြာဖြာသည် ဘယ်မှာမပြီး ရှိအံ့နည်း။
၂။ ဝီရိယ၀တော ကိံ နာမ ကမ္မံ န သိဇ္ဈတိ။
ဝီရိယကဲမို့ ငါသို့သသူ ပြုမူဆောင်ရာ အဖြာဖြာသည် ဘယ်မှာမပြီး ရှိအံ့နည်း။
၃။ စိတ္တ၀တော ကိံ နာမ ကမ္မံ န သိဇ္ဈတိ။
စိတ္တကဲမို့ ငါသို့သသူ ပြုမူဆောင်ရာ အဖြာဖြာသည် ဘယ်မှာမပြီး ရှိအံ့နည်း။
၄။ ပညာ၀တော ကိံ နာမ ကမ္မံ န သိဇ္ဈတိ။
ပညာကဲမို့ ငါသို့သသူ ပြုမူဆောင်ရာ အဖြာဖြာသည် ဘယ်မှာမပြီး ရှိအံ့နည်း။
3 months ago | [YT] | 95
View 6 replies
Ven. Kusalalankara
#ဝိသုဒ္ဓိမဂ် #ဒုတိယဆင့်သင်တန်း
ဝိသုဒ္ဓိမဂ်က ပထမဆင့်ကို ပြန်မသင်ပေးပါ။
ဒုတိယဆင့်ကို သင်ပေးမှာဖြစ်ပါတယ်။
ပထမဆင့် သင်ခန်းစာများကို လေ့လာလိုပါက မနှစ်ကသင်ပေးခဲ့တဲ့ ဖိုင်တွေနဲ့ တွဲလေ့လာနိုင်ပါတယ်။
youtube.com/playlist/PLBT1aiMa87WnM4vG9PNoGxwIrblR…
youtube.com/live/ywKjjF1Jmbk
5 months ago | [YT] | 107
View 4 replies
Ven. Kusalalankara
ကဆုန်လပြည့် ဗုဒ္ဓနေ့
ဗျာဒိတ်တော်ခံ၊ ဖွား,ပွင့်,စံ၊ မှတ်ရန်ကဆုန် လပြည့်ကြုံ။
ကဆုန်လပြည့်နေ့သည် ဂေါတမဘုရားရှင်
၁။ ဗျာဒိတ်တော်ခံယူတော်မူသောနေ့၊
၂။ ဖွားမြင််တော်မူသောနေ့၊
၃။ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့၊
၄။ ပရိနိဗ္ဗာန်စံတော်မူသောနေ့ ဖြစ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ဟု ခေါ်တွင်သတ်မှတ်ကြလေသည်။
ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူလေရာ မြတ်စွာဘုရားရှင်၏ ၄၅-ဝါကာလတာ၏ နောက်ဆုံးနေ့အကြောင်းအရာများကို မဟာပရိနိဗ္ဗာနသုတ်တော်လာသည့်အတိုင်း ပါဠိ+မြန်မာ နှစ်ဘာသာဖြင့် ရွတ်ဖတ်ပူဇော်ထားပါသည်။
နောက်ဆုံးနေ့ည မြတ်ဗုဒ္ဓ (အပိုင်း-၁)
https://youtu.be/V76CjR8k8KU
နောက်ဆုံးနေ့ည မြတ်ဗုဒ္ဓ (အပိုင်း-၂)
https://youtu.be/yMwV0zYx_30
နောက်ဆုံးနေ့ည မြတ်ဗုဒ္ဓ (အပိုင်း-၃)
https://youtu.be/36bQueFFqUs
နောက်ဆုံးနေ့ည မြတ်ဗုဒ္ဓ (အပိုင်း-၄)
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခန်း
https://youtu.be/-KYvWpLpO6M
https://youtu.be/V76CjR8k8KU
7 months ago | [YT] | 5
View 2 replies
Ven. Kusalalankara
21-4-2025 တနင်္လာနေ့မှ စ၍ အဘိဓမ္မာသင်တန်းများကို ပုံမှန်အတိုင်း ပြန်လည်သင်ကြားပို့ချသွားပါမည်။
7 months ago | [YT] | 178
View 6 replies
Ven. Kusalalankara
၂၀၂၄-ခုနှစ်၊ သာသနာရေးဦးစီးဌာန
အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲတွင်
"#အခြေခံအဘိဓမ္မာသင်တန်း"
သင်တန်းသူသင်တန်းသားတို့၏
#အောင်မြင်မှုမှတ်တမ်း
9 months ago | [YT] | 129
View 9 replies
Ven. Kusalalankara
၂၀၂၄-ခုနှစ်၊ အဘိဓမ္မာ
(ဂုဏ်ထူးဆောင်)စာမေးပွဲ
#ကရင်ပြည်နယ်တွင်
*(ပထမဆင့်) ဒုတိယ ရရှိသော
#အခြေခံအဘိဓမ္မာသင်တန်းမှ
#ဒေါ်နန်းနှင်းနှင်းခိုင်
9 months ago | [YT] | 56
View 4 replies
Ven. Kusalalankara
၂၀၂၄-ခုနှစ်၊ အဘိဓမ္မာ
(ဂုဏ်ထူးဆောင်)စာမေးပွဲ
#ကရင်ပြည်နယ်တွင်
(တတိယဆင့်) ပထမ ရရှိသော
အခြေခံအဘိဓမ္မာသင်တန်းမှ
#ဒေါ်နန်းဝါဝါတင်
9 months ago | [YT] | 56
View 3 replies
Ven. Kusalalankara
၂၀၂၄-ခုနှစ်၊ အဘိဓမ္မာ
(ဂုဏ်ထူးဆောင်)စာမေးပွဲ
#နေပြည်တော်တွင်
တတိယ(ထူးချွန်ဆု)ရ
#အခြေခံအဘိဓမ္မာသင်တန်းမှ
#ဒေါ်ယဉ်ငြိမ်းလဲ့
9 months ago | [YT] | 64
View 4 replies
Ven. Kusalalankara
၂၀၂၄-ခုနှစ်၊ အဘိဓမ္မာ
(ဂုဏ်ထူးဆောင်)စာမေးပွဲ
#ရှမ်းပြည်နယ်တွင်
တတိယ(ထူးချွန်ဆု)ရ
#အခြေခံအဘိဓမ္မာသင်တန်းမှ
#ဦးအောင်ကျော်မင်း
9 months ago | [YT] | 41
View 3 replies
Load more