Okkar Min Maung

🚀 2026 ဟာ မင်းရဲ့နှစ် ဖြစ်မလား၊ ဒါမှမဟုတ် သူများနောက်ကပဲ လိုက်နေရမယ့်နှစ် ဖြစ်မလား?

Cybersecurity လောကကို ခြေလှမ်းစချင်ပေမယ့် ဘယ်ကစရမှန်းမသိ ဖြစ်နေတာလား? ဒါမှမဟုတ် Linux Command တွေကိုမြင်ရင် ကြောက်ပြီး ရှောင်နေတုန်းလား?

ဒီ ၂၀၂၆ မှာတော့ မင်းရဲ့ "ကြောက်စိတ်" ကို "ကျွမ်းကျင်မှု" အဖြစ် ပြောင်းလဲပစ်လိုက်ပါ။

🔥 The Ultimate Cybersecurity Trio Bundle (2026 Edition) 🔥

မင်းကို Zero ကနေ Hero ဖြစ်စေမယ့် လက်နက် (၃) မျိုးကို တစ်နေရာတည်းမှာ စုစည်းပေးထားပါတယ်။

၁။ Linux For Hackers (The Foundation) 🐧
Hacker တွေ ဘာလို့ Windows မသုံးကြတာလဲ? Command Line တစ်ကြောင်းတည်းနဲ့ Network တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားက Linux မှာရှိလို့ပါ။ ဒီသင်တန်းမှာ Linux ကို ကျွမ်းကျင်စွာ မောင်းနှင်တတ်လာပါလိမ့်မယ်။

၂။ Nmap Secrets (The Eyes) 👁️
ရန်သူဘယ်နားမှာရှိလဲ မမြင်ရဘဲ တိုက်ပွဲဝင်မလား? Network တစ်ခုရဲ့ တံခါးပေါက်တွေ၊ အားနည်းချက်တွေကို Scan ဖတ်ပြီး ဖော်ထုတ်နိုင်ဖို့ Nmap က မရှိမဖြစ်ပါ။ Port တွေ၊ Service တွေနောက်ကွယ်က လှို့ဝှက်ချက်တွေကို ရှာဖွေတတ်လာမယ်။

၃။ Cybersecurity Fundamentals (The Shield) 🛡️
တိုက်စစ်ဖွင့်တတ်ရုံနဲ့မရဘူး၊ ခံစစ်လည်း ပိုင်နိုင်ရမယ်။ Cyber World ရဲ့ သဘောတရားတွေ၊ Attack Vector တွေနဲ့ ကာကွယ်နည်းတွေကို စနစ်တကျ လေ့လာရမယ်။

🎯 Why Now? (ဘာလို့ အခုယူသင့်လဲ)
လူအများစုက ၂၀၂၆ ရောက်မှ New Year Resolution ဆွဲကြလိမ့်မယ်။ မင်းက သူတို့ထက် ခြေလှမ်းတစ်ရာလောက် ကြိုသာနေဖို့ အခုကတည်းက ပြင်ဆင်ပါ။

💡 2026 Promotion Offer 💡
2026 Welcome Promotion အနေနဲ့ [99000] ကျပ်တည်းနဲ့ သင်တန်း (၃) ခုစလုံးကို Lifetime Access ရယူနိုင်ပါပြီ။

⚠️ သတိပြုရန်: ဒီဈေးနှုန်းက [1.1.2026] အထိပဲ သတ်မှတ်ထားတာမို့ အချိန်မဆွဲပါနဲ့။ Knowledge ဆိုတာ စောင့်ဆိုင်းနေတတ်တဲ့အရာ မဟုတ်ပါဘူး။

👉 စာရင်းသွင်းရန်: Page Messenger မှာ
"Cyber2026" လို့ပို့ပေးပြီးအသေးစိတ်စုံစမ်းနိုင်ပါတယ်။

ကိုယ့်ရဲ့ Future Career အတွက် ဒီနေ့ပဲ ရင်းနှီးမြှုပ်နှံလိုက်ပါ။

သင်တန်းအပ်ရန် ✅
www.facebook.com/share/1DHnQctPT7/?mibextid=wwXIfr

#Cybersecurity #Linux #Nmap #EthicalHacking #CareerUpgrade #2026Goals

4 weeks ago | [YT] | 56

Okkar Min Maung

ဒီသီတင်းကျွတ်မှာ အွန်လိုင်းလုံခြုံရေးနဲ့ နည်းပညာနယ်ပယ်ကို တကယ်တမ်း စတင်ချင်သူတွေအတွက် အရေးကြီးဆုံး Skill ၃ မျိုးကို တစ်နေရာတည်းမှာ ရယူနိုင်မယ့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးလိုက်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ရဲ့ Linux, Cybersecurity Foundation နဲ့ Nmap ဆိုတဲ့ သင်တန်း ၃ ခုဟာ နည်းပညာနဲ့ လုံခြုံရေး ပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Tool တွေနဲ့ အခြေခံဗဟုသုတ တွေကို လက်တွေ့ကျကျ သင်ကြားပေးမှာပါ။

ဘာကြောင့် ဒီသင်တန်း ၃ ခုကို ရွေးချယ်သင့်လဲ?

1. 🐧 Linux - IT ရဲ့ ဦးနှောက်
နည်းပညာနယ်ပယ်မှာ ဘယ်လိုအလုပ်ပဲလုပ်လုပ် Linux ကို နားလည်ထားဖို့လိုပါတယ်။ Cybersecurity အတွက်ဆိုရင်တော့ Command-line Interface (CLI) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

2. 🛡️ Cybersecurity Foundation
Phishing Attack တွေ၊ Malware တွေလို နေ့စဉ်ကြုံတွေ့နေရတဲ့ အန္တရာယ်တွေကို ဘယ်လိုကာကွယ်မလဲ၊ Hacker တွေ ဘယ်လိုတွေးလဲဆိုတာကို နားလည်ပြီး ကိုယ်ပိုင်လုံခြုံရေးကို မြှင့်တင်နိုင်ဖို့ပါ။

3. 🌐 Nmap - (Scanning Tool): Hacker တွေ၊ Security Specialist တွေ အမြဲသုံးနေတဲ့ Network Scanning Tool တစ်ခုပါ။ Network ထဲက Device တွေ၊ Port တွေနဲ့ အားနည်းချက်တွေကို ရှာဖွေဖို့ ဒီ Nmap ကို ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်ပါတယ်။

သီတင်းကျွတ်အထူးဈေးနှုန်း (၄ ရက်သာ)
ဒီအရေးပါတဲ့ သင်တန်း ၃ ခုကို ပေါင်းပြီး ပုံမှန်စျေးနှုန်းထက် အများကြီးလျှော့ချထားတဲ့ အထူးဈေးနှုန်း ၁၁၉,၀၀၀ ကျပ် နဲ့သာ ရယူနိုင်မှာ ဖြစ်ပါတယ်။

🗓️အောက်တိုဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ (၄ ရက်သာ)

ဒီအခွင့်အရေးဟာ မိမိရဲ့ Career အတွက် ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် အကောင်းဆုံးလက်ဆောင်တစ်ခု ဖြစ်ပါလိမ့်မယ်။

ပညာက ရင်းနှီးမြှုပ်နှံမှုပါပဲ။ ဒီလိုအခွင့်အရေးမျိုး မကြာခဏမလာပါဘူး။ ဒီ ၄ ရက်အတွင်းမှာ သေချာစဉ်းစားဆုံးဖြတ်ပြီး သင့်ရဲ့ နည်းပညာအနာဂတ်ကို တည်ဆောက်လိုက်ပါခင်ဗျာ။

သင်တန်းစိတ်ဝင်စားပါက Page Messenger ကို “TO25” လို့ပို့ပေးပါဗျ။ အသေးစိတ် Details နဲ့ Sample Video တွေပြန်ပို့ပေးပါမယ်ခင်ဗျာ 🙏

#သီတင်းကျွတ် #Cybersecurity #Linux #Nmap #ITCareer #နည်းပညာ #အထူးအစီအစဉ် #OkkarMinMaung

3 months ago | [YT] | 17

Okkar Min Maung

Cybersecurity ဆိုတာ သင်ထင်ထားတာထက် ပိုနီးစပ်ပါတယ် 💢 သင့်ရဲ့ အွန်လိုင်းလုံခြုံရေးကို ကိုယ်တိုင်ကာကွယ်ဖို့အတွက် Cybersecurity ရဲ့ အခြေခံအုတ်မြစ်တွေကို တည်ဆောက်လိုက်ပါ!
ဒီနေ့ခေတ်မှာ ဘယ်နေရာကိုပဲကြည့်ကြည့် နည်းပညာနဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ အသားကျနေပါပြီ။ ဒါပေမဲ့ အဲဒီလုံခြုံမှုက ဘယ်လောက်ထိ စိတ်ချရလဲဆိုတာ သင်တွေးဖူးလား?

အခုလိုခေတ်မှာ Cybersecurity ဆိုတာ IT ပညာရှင်တွေအတွက် သီးသန့်မဟုတ်တော့ပါဘူး။ သင်ဘယ်အသက်အရွယ်၊ ဘယ်အလုပ်အကိုင်ပဲ ရှိရှိ၊ သင့်ရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ ငွေကြေးတွေကို အွန်လိုင်းအန္တရာယ်တွေကနေ ကာကွယ်ဖို့အတွက် Cybersecurity အခြေခံဗဟုသုတ မရှိမဖြစ်လိုအပ်လာပါပြီ။

ကျွန်တော်တို့ရဲ့ Cybersecurity Foundation Training ဟာ သင့်ကို ဒီအခြေခံအုတ်မြစ်တွေကို စနစ်တကျ တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။

ဒီသင်တန်းမှာဆိုရင်-
Hacker တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို နားလည်စေဖို့ လက်တွေ့ဆန်ဆန် ဥပမာတွေနဲ့ ရှင်းပြပေးသွားမှာပါ။

Phishing Attack, Malware, Password Cracking စတဲ့ အွန်လိုင်းခြိမ်းခြောက်မှုတွေကို ဘယ်လိုခွဲခြားပြီး ကာကွယ်ရမယ်ဆိုတာကို သင်ကြားပေးမှာပါ။
သင်တန်းပြီးဆုံးတဲ့အခါ သင့်ရဲ့ စီးပွားရေးလုပ်ငန်း၊ သင့်ရဲ့ ကိုယ်ပိုင်ဒေတာတွေကို ပိုမိုလုံခြုံအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို သိရှိသွားပါလိမ့်မယ်။
ဒီသင်တန်းက Cybersecurity နယ်ပယ်ကို စတင်ခြေလှမ်းချမယ့်သူတွေ၊ ကိုယ့်ရဲ့ အွန်လိုင်းလုံခြုံရေးကို မြှင့်တင်ချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။
စိတ်ဝင်စားလို့ သင်တန်းအပ်ချင်ပါက Page Messenger မှာ အသေးစိတ် စုံစမ်းလို့ရပါတယ်ဗျ။

Viber 09698895200


#CybersecurityFoundation #Cybersecurity #InformationSecurity #OnlineSafety #ITTraining #CybersecurityTraining #OkkarMinMaung #MyanmarTech #ProtectYourself #DigitalSafety

4 months ago | [YT] | 68

Okkar Min Maung

မိုးမိုးက ရန်ကုန်က နာမည်ကြီး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်။ တစ်ရက်မှာ ညဘက် ရုံးဆင်းတော့၊ လူတစ်ယောက်က ကုမ္ပဏီရဲ့ အမှိုက်ပုံးထဲ ဝင်ရှာပြီး စွန့်ပစ်ထားတဲ့ စာရွက်တွေကို လိုက်ကောက်နေတာတွေ့လိုက်တယ်။

အဲဒီထဲမှာ ဝန်ထမ်းတွေရဲ့ လစာ စာရင်း၊ သုံးပြီးသား sticky note တွေပေါ်က မှတ်စုတွေ၊ နဲ့ ကုမ္ပဏီရဲ့ VPN login အချက်အလက်တွေ ရေးထားတဲ့ စာရွက်တစ်ချို့ ပါတယ်။ ဒီလူက ဒီအချက်အလက်တွေကို သုံးပြီး ကုမ္ပဏီရဲ့ Network ထဲ ဝင်ဖို့ ကြိုးစားတယ်။

ဒါက ဘယ်လို တိုက်ခိုက်မှုအမျိုးအစားလဲ?

a) Phishing Attack
b) Dumpster Diving
c) Brute Force Attack
d) Social Engineering
e) SQL Injection

#CyberSecurity #InfoSec #EthicalHacking #CompTIASecurityPlus #PenTesting #SecurityAwareness #CyberEducation #DumpsterDiving

5 months ago | [YT] | 31

Okkar Min Maung

Breaking News ‼️

Tech Support Scam လို့ခေါ်တဲ့ နည်းပညာအကူအညီပေးသလိုဟန်ဆောင်ပြီး လိမ်လည်တဲ့ လုပ်ငန်းတွေဟာတည်ရှိနေပါတယ်။ မကြာသေးခင်ကမှ အိန္ဒိယရဲတပ်ဖွဲ့ ဟာ နိုင်ငံတကာ အေဂျင်စီတွေနဲ့ ပူးပေါင်းပြီး ဒီလို လိမ်လည်မှုတွေ လုပ်ဆောင်နေတဲ့ Tech Support Scam Call Center ကြီးတစ်ခုကို အောင်မြင်စွာ ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ပါတယ်။

Tech Support Scam ဆိုတာ Hacker တွေ ဒါမှမဟုတ် လိမ်လည်သူတွေက နာမည်ကြီး Software ကုမ္ပဏီ (ဥပမာ- Microsoft, Apple)၊ ဒါမှမဟုတ် Antivirus ကုမ္ပဏီ (ဥပမာ- Norton, McAfee) တွေရဲ့ နည်းပညာအကူအညီပေးဌာန (Tech Support) အယောင်ဆောင်ပြီး လိမ်လည်မှုပုံစံတစ်မျိုးပါ။

ဖမ်းဆီးရမိခဲ့တဲ့ ဒီ Call Center ဟာ အိန္ဒိယနိုင်ငံ၊ Gurugram မြို့ မှာ တည်ရှိပြီး နိုင်ငံတကာကနေ တိုင်ကြားမှုတွေ အများအပြား ရှိခဲ့တာကြောင့် စုံစမ်းစစ်ဆေးရေး အေဂျင်စီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Call Center ဟာ (UK)၊ (US) နဲ့ (Australia) နိုင်ငံတွေက သုံးစွဲသူတွေကို အဓိက ပစ်မှတ်ထား လိမ်လည်ခဲ့တာပါ။
ဒီဖမ်းဆီးမှုဟာ Cybercrime တွေကို နှိမ်နင်းရာမှာ အောင်မြင်မှုတစ်ခု ဖြစ်ပြီး၊ ဒီလို လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ Global Network တွေကိုပါ ထပ်မံ ဖော်ထုတ်နိုင်ဖို့ မျှော်လင့်ရပါတယ်။

Ads

လက်ရှိတက်ရောက်နိုင်သောသင်တန်းများ

1. Cybersecurity (ComTiasec+)

2. Linux Foundation

3. Ethical Hacking With Nmap Class

4.Social Media Service Class

5.Video Editing With Premier Pro

6.Make Income On Social Media


အသေးစိတ်သိချင်ပါက Page မှာဆက်သွယ်ပေးပါ 💢

www.facebook.com/share/1Bzprw773h/?mibextid=wwXIfr




#TechSupportScam #Cybersecurity #ScamAlert #FraudPrevention #OnlineSafety #CyberCrime #HackerNews #CallCenterScam #DigitalSecurity #OkkarMinMaung #MyanmarTech #StaySafeOnline #AntiScam

6 months ago | [YT] | 42

Okkar Min Maung

Cybersecurity လောကထဲ ခြေချမလား 💢✅

ဒါမှမဟုတ် ကိုယ်ပိုင် Network ကို ကာကွယ်ချင်လား

Nmap ကို မသုံးတတ်ရင် ဘယ်လိုလုပ်မလဲ

ဒီနေ့ခေတ်မှာ Network Security က အရမ်အရေးကြီး
လာပါပြီ။ ကိုယ့်ရဲ့ စနစ်တွေ ဘယ်လောက်လုံခြုံလဲ၊ အားနည်းချက်တွေ ဘယ်မှာရှိလဲဆိုတာ စစ်ဆေးဖို့အတွက် Nmap ဟာ မရှိမဖြစ် Tool တစ်ခုပါပဲ။

Nmap ဆိုတာ ဘာလဲ💢

Nmap (Network Mapper) ဆိုတာ Command Line ကနေ အသုံးပြုရတဲ့ Open-source Tool တစ်ခုဖြစ်ပြီး၊ Network Discovery နဲ့ Security Testing အတွက် အဓိက အသုံးပြုကြပါတယ်။

Nmap Class က ဘယ်သူတွေအတွက်လဲ ✅

* Cybersecurity နယ်ပယ်ကို စတင်လေ့လာသူများ
* Ethical Hacking ကို စိတ်ဝင်စားသူများ
* Network Administrator များ
* System Administrator များ
* IT ကျောင်းသား/ကျောင်းသူများ

Nmap Class တက်ရောက်ဖို့ ဘာတွေလိုအပ်မလဲ ✅

* Computer တစ်လုံးတော့ ရှိရမယ်။
* Linux အခြေခံလေးတွေ နည်းနည်း သိထားရမယ်။
* Network အကြောင်းကို ကောင်းကောင်းနားလည်ထားရမယ်။
* Hacking နဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး တီးမိခေါက်မိ ရှိထားရင်တော့ အကောင်းဆုံးပဲ။

ဒီအချက်တွေ ပြည့်စုံပြီဆိုရင်တော့ ကျွန်တော့်နဲ့အတူ Nmap လေ့လာဖို့အသင့်ဖြစ်နေပါပြီ။

သင်တန်းကြေး = 28,000 Ks ✅

Sample Video ကြည့်ရန် 💢

www.facebook.com/share/v/15SHQwVEcr/?mibextid=wwXI…

သင်တန်းအကြောင်း အသေးစိတ်ထပ်သိချင်ရင် ဒါမှမဟုတ် စာရင်းပေးသွင်းချင်တယ်ဆိုရင် Page Messenger မှတစ်ဆင့် အခုပဲ ဆက်သွယ်လိုက်ပါ။

#okkarminmaung #nmapclass #EthicalHacking #Cybersecurity #NetworkScanning #OnlineCourse #TechMyanmar #HackingTips

7 months ago | [YT] | 40

Okkar Min Maung

ဒီနေ့ထုတ် Gartner ရဲ့ အစီရင်ခံစာတွေအရ Generative AI (GenAI) ဟာ ၂၀၂၅ ခုနှစ်မှာ လုပ်ငန်းသုံး Application တွေရဲ့ User Interaction တွေကို ပြောင်းလဲပစ်မှာဖြစ်ပြီး၊ ၂၀၂၉ ခုနှစ်ရောက်ရင် ၅၀% ကျော်အထိ LLM (Large Language Models) တွေကို အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် AI ကို အသုံးပြုပြီး လုပ်ဆောင်တဲ့ Cyberattack တွေဟာလည်း ပိုပြီး ဆန်းပြားလာနေပါတယ်။

Disinformation Security

AI နဲ့ Machine Learning ကိုသုံးပြီး Deepfake Detection, Impersonation Prevention နဲ့ Reputation Protection တွေဟာ လုပ်ငန်းတွေအတွက် အရေးပါလာပါတယ်။ ဒါပေမဲ့ ဟက်ကာတွေကလည်း AI ကိုသုံးပြီး သတင်းမှားဖြန့်တာ၊ Phishing Email တွေ ပိုပြီး ယုံကြည်လာအောင် ဖန်တီးတာတွေ လုပ်ဆောင်နေပါတယ်။

AI ဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ စိတ်ဝင်စားမှုတွေ၊ အလုပ်အကိုင်တွေကို အင်တာနက်ကနေ စုဆောင်းပြီး လေ့လာနိုင်ပါတယ်။ ပြီးရင် အဲဒီလူတစ်ဦးချင်းစီနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့၊ သူတို့ ယုံကြည်သွားအောင် ဖန်တီးထားတဲ့ Phishing Email တွေ၊ Message တွေကို အလိုအလျောက် ရေးသား ပေးပို့နိုင်ပါတယ်။ဥပမာ - Fake Bank Email၊ ကုမ္ပဏီ CEO ဟန်ဆောင်တဲ့ Email စသည်ဖြင့်။

ဘာသာစကားမျိုးစုံဖြင့် လိမ်လည်ခြင်း

LLMs တွေက မည်သည့်ဘာသာစကားနဲ့မဆို သဘာဝကျကျနဲ့ အမှားအယွင်းမရှိ ရေးသားနိုင်တာကြောင့် ကမ္ဘာတစ်ဝန်းက လူတွေကို လိမ်လည်ဖို့ ပိုမိုလွယ်ကူလာပါတယ်။

AI-Enhanced Malware

၂၀၂၅ မှာ AI-enhanced Malware တိုက်ခိုက်မှုတွေဟာ အဓိက စိုးရိမ်စရာဖြစ်လာပြီး၊ နိုင်ငံတကာ IT ကျွမ်းကျင်သူ ၆၀% က AI-generated threat တွေထဲမှာ ဒါကို အစိုးရိမ်ဆုံးလို့ သတ်မှတ်ထားပါတယ်။AI Malware တွေဟာ (Antivirus) တွေကို ပိုမိုတိကျစွာ ရှောင်ရှားနိုင်ပါတယ်။

၂၀၂၅ ခုနှစ်နဲ့ နောက်ပိုင်းနှစ်တွေမှာ AI-powered cyberattacks တွေဟာ ပိုမိုကျယ်ပြန့်လာပြီး နည်းပညာလောကသားတွေနဲ့ အစိုးရတွေအတွက် အဓိက ဦးစားပေး ကာကွယ်ရမယ့် အရာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး ဒီအကြောင်းအရာတွေကို နားလည်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။

#AI #ArtificialIntelligence #Cybersecurity #AISafety #Cyberattack #Hacking #DigitalThreats #FutureOfTech #MachineLearning #GenAI #LLM #InfoSec #Cybercrime #TechTrends #Myanmar #TikTokMyanmar #OkkarMinMaung

7 months ago | [YT] | 34

Okkar Min Maung

Cybersecurity ကိုဘယ်ကစရမှန်းမသိသူများ ☠❗

အတွက် ComTia Sec+ သင်တန်းအပ်နိုင်ပြီ။

ComTia Sec+ ဆိုတာ Security Field ထဲကိုစဝင်မဲ့

သူတိုင်းလေ့လာထားသင့်တဲ့ Certification တစ်ခု

ဖြစ်ပါတယ်။

ဒီ Class မှာဆိုရင် Security နဲ့ပက်သက်တဲ့ Keyword

တွေ Terms တွေအပြင် Hacking လေ့လာမဲ့သူတွေ

အတွက်လည်း လေ့လာစရာတွေအများရီးပါတာမို့လို့

တက်ရောက်သင့်တဲ့အတန်းတစ်ခုဖြစ်ပါတယ်။

သင်တန်းတက်ပြီးရင်

ဘာအကျိုးကျေးဇူးတွေရမလဲ..🤔

✅ Security နဲ့ Security Device တွေရဲ့ လုပ်ဆောင်ပုံ

ကို သိရှိသွားမယ်။

✅ Cyber Attack အကြောင်းတွေကို

နားလည်သွားမယ်။

✅ Hacker တွေ ဘယ်လိုတိုက်ခိုက်သလဲ

နားလည်သွားမယ်။

✅ Phone,Computer,Laptop စတာတွေကို

Hackerတွေတိုက်ခိုက်မခံရအောင် ကာကွယ်နိုင်သွားမယ်။

✅ Malware တွေ ကို ကာကွယ်နိုင်သွားမယ်။

✅ Malware တွေ ဘယ်လိုအလုပ်လုပ်လဲ

နားလည်သွားမယ်။

✅ Endpoint Security အကြောင်းတွေသိရှိသွားမယ်

✅ Cyber Attack တစ်ခုရဲ့ Risk တွေကို

တွက်ထုတ်နိုင်သွားမယ်။

✅ Wireless Security ကိုနားလည်သွားမယ်။

✅ Bluetooth Attack အကြောင်းတွေကို

နားလည်သွားမယ်။

✅ ကိုယ့်အိမ်က Wifi ကို Hacker တွေရန်မှ

ကာကွယ်နိုင်သွားမယ်။

✅ Organization တစ်ခုမှာ Cybersecurity က

ဘယ်လောက်ထိအရေးပါလဲ၊Business နဲ့ဆိုင်တဲ့

အကြောင်းအရာပေါင်းများစွာကိုသိရှိနားလည်သွားမှာ

ဖြစ်ပါတယ်။

💢💪 ဘယ်လိုလူတွေတက်ရောက်သင့်လဲ

✅ Cybersecurity ကိုလေ့လာချင်ပြီး

ဘယ်ကစရမှန်းမသိသူများ

✅ Hacker တွေရန်မှ ကို့ယ်ရဲ့ Digital Products

တွေကို ကာကွယ်ချင်သူများ

✅ Hacking ကိုလေ့လာချင်ပြီး ဘာအ​ခြေခံမှမရှိလို့

ဘယ််ကစရမှန်းမသိ ဖြစ်နေသူများ

✅ Security ဘက်ကိုစပြီး ခြေလှမ်းစချင်သူများ

တက်ရောက်နိုင်သောသင်တန်းဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ သင်က Digital Products

တွေကို သုံးစွဲသူဖြစ်တာနဲ့ ဒီအတန်းက တက်ကိုတက်ရ

မဲ့အတန်းဖြစ်ပါတယ်။

🔶 လေ့လာဖို့ဘာတွေလိုအပ်မလဲ

✅ Cybersecurity ရဲ့ Theory တွေရီးပဲ သင်မဲ့ Class

ဖြစ်တာကြောင့် Phone တစ်လုံးရှိရုံတည်းနဲ့လေ့လာ

နိုင်ပါတယ်။

✅ ဒီအတန်းကို တက်ဖို့ ဘာအခြေခံမှမလိုဘာမှသိ

ထားစရာမလို မည်သူမဆို နားလည်နိုင်တဲ့ ပုံစံမျိုးဖြင့်

သင်ကြားပေးထားသည်။

သင်ကြားမှုပုံစံ...✍

✅ Google Class မှာ ကြိုတင်ပြီး Record လုပ်ထား

တဲ့ Video File တွေနဲ့လေ့လာရမယ်။

✅ Download လုပ်ခွင့်ရှိမယ်။

✅ Life Time Access လည်းပေးထားမည်။

✅ သင်တန်းသားအချင်းချင်း စာဆွေးနွေးဖို့ စာမေးဖို့

Messenger Group လည်းထားပေးထားမယ်။

🔴✅ အသေးစိတ်စုံစမ်းလိုပါက

Page Chatbox မှာစုံစမ်းမေးမြန်းနိုင်ပါသည်။

Page Link

www.facebook.com/share/16fE81DFEo/?mibextid=wwXIfr


#okkarminmaung
#cybersecurity
#comptiasecurityplus

7 months ago | [YT] | 56

Okkar Min Maung

ဒီဇွန်လ 2025 အတွင်းမှာ cybersecurity researcher ဟာ သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံးဖြစ်တဲ့ Credential Breach ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီပေါက်ကြားမှုမှာ 16 ဘီလီယံကျော် (16 billion) သော အသုံးပြု usernames နဲ့ passwords တွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။



Apple, Google, Facebook, GitHub ကဲ့သို့သော နာမည်ကြီး ပလက်ဖောင်းများစွာမှ အချက်အလက်များ ပါဝင်ခဲ့သည်ဟု ဆိုသည်။ပေါက်ကြားခဲ့သည့် အချက်အလက်များ၏ 90% ကျော်သည် အရင်က တစ်ခါမှ မဖော်ထုတ်ရသေးသည့် အချက်အလက်အသစ်များ ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဒီအချက်အလက်တွေကို infostealer malware တွေကနေတစ်ဆင့် သန်းနဲ့ချီတဲ့ ကွန်ပျူတာတွေကနေ လပေါင်းများစွာ ခိုးယူစုဆောင်းထားတာ ဖြစ်ပါတယ်။ Infostealer malware ဆိုတာဟာ ကွန်ပျူတာထဲက အရေးကြီးတဲ့ အချက်အလက်တွေ၊ လျှို့ဝှက်နံပါတ်တွေ၊ Browser History တွေ စတာတွေကို ခိုးယူဖို့ ဒီဇိုင်းထုတ်ထားတဲ့ software အမျိုးအစား ဖြစ်ပါတယ်။



ပါဝင်သည့် အချက်အလက်အမျိုးအစားများ
- Usernames
- Passwords
- (Access Tokens
- Authentication Cookies
- Specific Target URL

Access Token တွေနဲ့ Authentication Cookie တွေ ပါဝင်တဲ့အတွက် password ကို မသိရင်တောင် အကောင့်ထဲကို တိုက်ရိုက်ဝင်ရောက်နိုင်ခြေတွေ ရှိပါတယ်။



ဤကြီးမားသော ပေါက်ကြားမှုဟာ သုံးစွဲသူများစွာရဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး၊ unauthorized access၊ data theft နှင့် ငွေကြေးဆုံးရှုံးမှုများ (financial losses) အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

#Cybersecurity #PasswordSecurity #OnlineSafety #DataProtection #Infosec #TechTips #DigitalSecurity #CyberAwareness #2FA #PasswordManager #OkkarMinMaung

7 months ago | [YT] | 58