Knowledge Channel ၏ မူရင်း Youtube Channel ဖြစ်ပါသည်။ကြည့်ရှုသူများအတွက် ကျန်းမာရေးအသိ၊ စာပေအသိ ပညာများ ရရှိစေနိုင်ရန် ရည်ရွယ်ပြီး တင်ဆက်ပေးနေပါသည်။
Knowledge Channel
ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ ဆောင်းရာသီ လို ကာလမျိုးက ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ပိုအဖြစ်များတဲ့ ရာသီကာလမျိုးပါ။ အကြောင်းရင်းကို ပြောရမယ်ဆိုရင် - ရာသီဥတုအေးလာတဲ့အတွက် လူတွေက လှုပ်လှုပ်ရှားရှားနေထိုင်ရမှာ ပိုပျင်းလာတာ၊ - အိမ်ထဲမှာပဲ အောင်းပြီး အပြင်သိပ်မထွက်တော့တာ၊ - အဆစ်အမြစ်တွေဟာ အအေးဒဏ်ကြောင့် ပိုကိုက်ခဲလာတာ၊ - ကိုယ်ခံအားစနစ် ကျဆင်းတာ၊ - အစာစားချင်စိတ် နည်းသွားတာ၊ - ရောဂါပိုးမွှားတွေဟာ အအေးဓာတ်ကို ပိုကြိုက်တဲ့အပြင် အေးတဲ့ရာသီမှာ ပိုးကောင်ရေပွားများနိုင်ခြေ ပိုများတာ စတဲ့အချက်တွေကြောင့်ပါပဲ။ ဒီတော့ ကျန်တဲ့အချိန်တွေနဲ့ မတူအောင် ဆောင်းတွင်းကာလမျိုးမှာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ရာသီဥတု၊ အချိန်အခါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနေထိုင်သင့်ပါတယ်။ ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ ဆိုလို့ စိတ်ရှုပ်မသွားပါနဲ့။ တကယ်ကတော့ ထွေထွေထူးထူးရယ်လို့ ပြောင်းစရာတော့ မလိုပါဘူး။ ကိုယ့်ရဲ့ မိသားစု သို့မဟုတ် ကိုယ့်မှာ ဘယ်လိုကျန်းမာရေးပြဿနာရှိလဲဆိုတာ သိထားရင် ပြောင်းရတာ ပိုလွယ်ကူသွားနိုင်ပါတယ်။ ၁။ သက်ကြီးရွယ်အိုများကို ပိုဂရုစိုက်ပေးပါ။ အသက်ကြီးတဲ့သူတွေ မကြိုက်ဆုံး ရာသီဥတုကတော့ ဆောင်းရာသီပါပဲ။ အသက်ကြီးလာတဲ့အခါ အရိုးအဆစ်တွေ ပါးပြီး အားနည်းလာသလို ငယ်စဉ်ကလောက် ကိုယ်ခံအားလည်း မကောင်းတော့တဲ့အတွက် ဖျားပြီဆိုရင် တခြားရောဂါတွေပါ ဝင်လာနိုင်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းကာလမှာ အသက်ကြီးပိုင်း လူကြီးတွေ၊ ဘိုးဘွားတွေကို အဝတ်အစား သေချာဆင်ပေးပါ။ လည်ပင်းရင်ဟိုက်၊ အကျီလက်တိုတွေ မဝတ်ပါစေနဲ့။ လည်ပင်းမှာ မာဖလာပတ်ထားတာ၊ သို့မဟုတ် အနွေးထည်ဝတ်ထားပေးလို့ ရပါတယ်။ ရေချိုးတဲ့အခါ ရေနွေးနဲ့သာ ချိုးစေပြီး ၁၀ မိနစ်ထက်ပိုကြာအောင် ရေချိုးတာမျိုး မလုပ်သင့်ပါဘူး။ အဆစ်အမြစ်ကိုက်တတ်တယ်ဆိုရင် ခြေထောက်၊ လက်အရိုးအဆစ်တွေကို အမြဲဆေးလိမ်းပြီး နှိပ်ပေးတာမျိုး၊ စောင်ခြုံပေးထားတာမျိုး လုပ်ပေးလို့ ရပါတယ်။ ၂။ ကာကွယ်ဆေး မထိုးထားရင် ထိုးထားပါ။ အကယ်လို့ ကိုယ်က နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး မထိုးထားဘူးဆိုရင် ဒီလိုအချိန်မျိုးမှာ ထိုးထားသင့်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းက ကိုယ့်ကို မလိုလားအပ်တဲ့ ဖျားနာကိုက်ခဲခြင်းတွေ မဖြစ်ရလေအောင် ကောင်းစွာ ကာကွယ်ပေးနိုင်မှာပါ။ ၃။ လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးပါ။ ဆောင်းတွင်း အေးလို့ဆိုပြီး အားကစား၊ လေ့ကျင့်ခန်းမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်နေတာ၊ လှဲနေတာမျိုးက ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ကောင်းကျိုးမရှိစေပါဘူးနော်။ ဒါကြောင့် ဆောင်းတွင်းလိုကာလမျိုးမှာ တက်ကြွလန်းဆန်းပြီး သွေးပူနေစေဖို့ မနက်ခင်း လမ်းလျှောက်တာ၊ ပြေးတာမျိုး လုပ်လို့ရသလို ကိုယ့်ရဲ့အိမ်မှာပဲ အလေးမတာ၊ ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ အသက်ကြီးပိုင်းတွေအနေနဲ့ အသက်ရှူလေ့ကျင့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းများ၊ ယောဂလေ့ကျင့်ခန်းများ လုပ်ပေးလို့ရပါတယ်။ ညနေပိုင်းထက် မနက်ခင်းနေထွက်ချိန်မှာ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ၄။ အစာအာဟာရ လုံလောက်စွာ စားသုံးပါ။ ဆောင်းရာသီမှ မဟုတ်ပါဘူး။ ဘယ်လိုရာသီမဆို အစာအာဟာရကို လုံလုံလောက်လောက် ရနေမှသာ လူက ကျန်းမာပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ ထမ်းရွက်နိုင်မှာပါ။ ဒါကြောင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ ဥ၊ နို့၊ အစေ့အဆန်၊ ဂျုံ၊ ပြောင်းတွေကို စုံလင်စွာ စားပေးပါ။ တစ်ထိုင်တည်းနဲ့ ပမာဏအများကြီး စားတာထက် ပမာဏနည်းနည်းနဲ့ အာဟာရ အစုံအလင်ပါအောင် ချက်ပြုတ်စားသုံးပါ။ အမြဲတမ်း ထမင်းပူပူ၊ ဟင်းပူပူလေးတွေကိုပဲ စားပေးပါ။ ၅။ အရည်များများသောက်ဖို့ မမေ့ပါနဲ့။ ဆောင်းရာသီမှာ အပြင်ဘက်က အအေးဒဏ်ကြောင့်သာမက ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေဟာ အလုပ်လုပ်နေရတာဖြစ်လို့ ရေဓာတ်ခမ်းခြောက်တတ်တာ သဘာဝပါပဲ။ ဒါကြောင့် ဆောင်းတွင်းအေးလို့ဆိုပြီး ရေသောက်ဖို့ မမေ့ပါနဲ့။ ရေကို တစ်နေ့ ၂လီတာ အနည်းဆုံးရအောင် သောက်ပေးပါ။ ချွေးထွက်တဲ့နေ့တွေဆို ပိုသောက်ပေးပါ။ ထပ်ဆောင်းအနေနဲ့ ရေနွေးကြမ်း၊ ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည်၊ သစ်သီးဖျော်ရည် စတာတွေကို သောက်ပေးလို့ ရပါတယ်။ ၆။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားသုံးပေးပါ။ အဆီများတဲ့ ငါးတွေ၊ အရိုးပါ ဝါးစားလို့ရတဲ့ ငါးတွေ၊ ထောပတ်သီးအဆီအနှစ်၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီတွေမှာပါတဲ့ Omega-3 ဓာတ်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့အတွက် ဆောင်းရာသီမှာ ပြင်ပကနေ ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို ကောင်းစွာတိုက်ထုတ်ပေးနိုင်မှာပါ။ အေးမြတဲ့ ဆောင်းဥတုမှာ ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
1 month ago (edited) | [YT] | 93
View 8 replies
ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့ ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် စောင်တွေ ၂ ထပ် ၃ ထပ်ခြုံတာထက် ထိရောက်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မနက်ခင်းမှာ လုံလောက်တဲ့ အလင်းရောင် ထိတွေ့ပါ ဆောင်းရာသီမှာ နေရောင်နဲ့ ထိတွေ့နိုင်ခြေ နည်းတာကြောင့် ခန္ဓာကိုယ်က မယ်လ်လာတိုနင်တွေကို ပိုမို ထုတ်လုပ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အိပ်ငိုက်နေပြီး အိပ်ရေးမဝသလို ခံစားရတာပါ။ ဆောင်းရာသီမှာ ညဘက်ကို ကောင်းကောင်း အိပ်ပျော်စေပြီး နေ့ခင်းဘက်တွေမှာ အိပ်ငိုက်တာမျိုး ဖြစ်နိုင်ခြေ နည်းစေဖို့ဆိုရင် နေ့စဉ်မှာ လုံလောက်တဲ့ နေရောင်ခြည် ရရှိအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလို လုပ်ဆောင်ခြင်းက ကိုယ်တွင်းက မယ်လ်လာတိုနင် ထွက်ရှိမှုကို ထိန်းညှိရာရောက်သလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေပြီး နေ့ခင်းဘက်တွေမှာ အိပ်ငိုက်မှု ကင်းစေမှာပါ။ ခန္ဓာကိုယ်က အေးမြနေပါစေ ခန္ဓာကိုယ် အပူချိန်များနေတာက အိပ်ပျော်ဖို့ ခက်စေပါတယ်။ ဒါကြောင့် အိပ်ချိန် နီးလာတဲ့အခါ ခန္ဓာကိုယ်မှာ အပူချိန် မြင့်တက်တာမျိုး မဖြစ်စေဘဲ ခန္ဓာကိုယ်ကို အေးမြနေအောင် ဂရုစိုက်ပါ။ အေးမြနေအောင်ဆိုရာမှာ ချမ်းတုန်နေတာမျိုး မဖြစ်ဖို့ လိုပါမယ်။ အိပ်ခန်း အပူချိန်က ၆၂ ကနေ ၆၈ ဒီဂရီဖာရင်ဟိုက်အကြား ရှိနေတာက ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေသလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ လေ့ကျင့်ခန်း လုပ်ပေးတာက နှလုံး ကျန်းမာစေနိုင်သလို ညဘက်တွေမှာလည်း အိပ်ရေးဝဝ အိပ်ပျော်စေမှာပါ။ ညစာကို အများကြီး မစားပါနဲ့ ဆောင်းရာသီမှာ ညစာ အများကြီး စားတာက ရင်ပြည့်တာ အစာမကြေတာတွေကို ဖြစ်စေနိုင်သလို ညဘက် အိပ်ပျော်ဖို့ ခက်စေနိုင်ပါတယ်။ ဒါကြောင့် ညစာကို ဗိုက်ပြည့်ရုံပဲ စားပေးပါ။ အများကြီး စားတာမျိုး၊ အဆီများတာ၊ အစာကြေခဲတာတွေ စားတာမျိုး မလုပ်ပါနဲ့။ နေ့လယ်စာနောက်ပိုင်းမှာ ကော်ဖီသောက်တာမျိုး မလုပ်ပါနဲ့ နေ့လယ်စာ စားပြီးချိန်မှာ ကော်ဖီသောက်တာ၊ ညစာ စားပြီးချိန်တွေမှာ ကော်ဖီ၊ လက်ဖက်ရည် စတာတွေ သောက်သုံးတာက ညဘက် အိပ်ပျော်ဖို့ ခက်စေပြီး အိပ်ရေးပျက်စေမှာ အသေအချာပါ။ ဒါကြောင့် ဆောင်းအေးအေးလေးက ကော်ဖီလေး သောက်လို့ ကောင်းတယ်ဆိုပေမယ့် ညနေမစောင်းခင် နောက်ဆုံးထားပြီး သောက်ပေးပါ။ အိပ်ရာဝင်ခါနီး အယ်လ်ကိုဟော မသောက်ပါနဲ့ အိပ်ရာဝင်ခါနီးမှာ အချမ်းပြေဆိုပြီး အရက်ဘီယာ သောက်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်စေနိုင်ပါတယ်။ စသောက်ချိန်မှာသာ မူးပြီး အိပ်ချင်သလိုလို ဖြစ်ပေမယ့် ၄−၅နာရီလောက်နေရင် လူက လန်းပြီး မျက်စိကြောင်လာပါတယ်။အိပ်ရာကို သက်သောင့်သက်သာ ရှိအောင် ထားပါ ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေမယ့် နည်းလမ်း တစ်ခုကတော့ အိပ်ရာကို သက်သောင့်သက်သာ ရှိအောင် ထားတာပါ။ အိပ်ရာလေးက အကြောတွေကို ပြေလျော့စေလောက်အောင်အထိ သက်သောင့်သက်သာ ရှိတာက အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းမှာ အစိုဓာတ် ရှိအောင် ဂရုစိုက်ပါ ဆောင်းရာသီမှာ အဖြစ်များတဲ့ နှာစေး နှာပိတ်တာတွေက ညဘက်တွေမှာ အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒါကြောင့် ရေများများ သောက်တာ၊ အိပ်ခန်းထဲမှာ အစိုဓာတ်ထိန်းစက် ဖွင့်တာမျိုး လုပ်ဆောင်ပြီး နှာစေး နှာပိတ်မှု ကင်အောင် ဂရုစိုက်ပေးပါ။ ဆောင်းအေးအေးမှာ အိပ်ရေးပျက် မခံဘဲ အခုလို နည်းလမ်းလေးတွေ လိုက်နာ လုပ်ဆောင်ရင်း အိပ်ပျက်ညတွေကို တာတာ့ ပြလိုက်စို့နော်။
1 month ago (edited) | [YT] | 104
View 5 replies
Knowledge Channel
ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ
ဆောင်းရာသီ လို ကာလမျိုးက ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ပိုအဖြစ်များတဲ့ ရာသီကာလမျိုးပါ။ အကြောင်းရင်းကို ပြောရမယ်ဆိုရင်
- ရာသီဥတုအေးလာတဲ့အတွက် လူတွေက လှုပ်လှုပ်ရှားရှားနေထိုင်ရမှာ ပိုပျင်းလာတာ၊
- အိမ်ထဲမှာပဲ အောင်းပြီး အပြင်သိပ်မထွက်တော့တာ၊
- အဆစ်အမြစ်တွေဟာ အအေးဒဏ်ကြောင့် ပိုကိုက်ခဲလာတာ၊
- ကိုယ်ခံအားစနစ် ကျဆင်းတာ၊
- အစာစားချင်စိတ် နည်းသွားတာ၊
- ရောဂါပိုးမွှားတွေဟာ အအေးဓာတ်ကို ပိုကြိုက်တဲ့အပြင် အေးတဲ့ရာသီမှာ ပိုးကောင်ရေပွားများနိုင်ခြေ ပိုများတာ စတဲ့အချက်တွေကြောင့်ပါပဲ။
ဒီတော့ ကျန်တဲ့အချိန်တွေနဲ့ မတူအောင် ဆောင်းတွင်းကာလမျိုးမှာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ရာသီဥတု၊ အချိန်အခါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနေထိုင်သင့်ပါတယ်။
ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ
ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ ဆိုလို့ စိတ်ရှုပ်မသွားပါနဲ့။ တကယ်ကတော့ ထွေထွေထူးထူးရယ်လို့ ပြောင်းစရာတော့ မလိုပါဘူး။ ကိုယ့်ရဲ့ မိသားစု သို့မဟုတ် ကိုယ့်မှာ ဘယ်လိုကျန်းမာရေးပြဿနာရှိလဲဆိုတာ သိထားရင် ပြောင်းရတာ ပိုလွယ်ကူသွားနိုင်ပါတယ်။
၁။ သက်ကြီးရွယ်အိုများကို ပိုဂရုစိုက်ပေးပါ။
အသက်ကြီးတဲ့သူတွေ မကြိုက်ဆုံး ရာသီဥတုကတော့ ဆောင်းရာသီပါပဲ။ အသက်ကြီးလာတဲ့အခါ အရိုးအဆစ်တွေ ပါးပြီး အားနည်းလာသလို ငယ်စဉ်ကလောက် ကိုယ်ခံအားလည်း မကောင်းတော့တဲ့အတွက် ဖျားပြီဆိုရင် တခြားရောဂါတွေပါ ဝင်လာနိုင်ပါတယ်။
ဒါကြောင့် ဆောင်းတွင်းကာလမှာ အသက်ကြီးပိုင်း လူကြီးတွေ၊ ဘိုးဘွားတွေကို အဝတ်အစား သေချာဆင်ပေးပါ။ လည်ပင်းရင်ဟိုက်၊ အကျီလက်တိုတွေ မဝတ်ပါစေနဲ့။ လည်ပင်းမှာ မာဖလာပတ်ထားတာ၊ သို့မဟုတ် အနွေးထည်ဝတ်ထားပေးလို့ ရပါတယ်။
ရေချိုးတဲ့အခါ ရေနွေးနဲ့သာ ချိုးစေပြီး ၁၀ မိနစ်ထက်ပိုကြာအောင် ရေချိုးတာမျိုး မလုပ်သင့်ပါဘူး။ အဆစ်အမြစ်ကိုက်တတ်တယ်ဆိုရင် ခြေထောက်၊ လက်အရိုးအဆစ်တွေကို အမြဲဆေးလိမ်းပြီး နှိပ်ပေးတာမျိုး၊ စောင်ခြုံပေးထားတာမျိုး လုပ်ပေးလို့ ရပါတယ်။
၂။ ကာကွယ်ဆေး မထိုးထားရင် ထိုးထားပါ။
အကယ်လို့ ကိုယ်က နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး မထိုးထားဘူးဆိုရင် ဒီလိုအချိန်မျိုးမှာ ထိုးထားသင့်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းက ကိုယ့်ကို မလိုလားအပ်တဲ့ ဖျားနာကိုက်ခဲခြင်းတွေ မဖြစ်ရလေအောင် ကောင်းစွာ ကာကွယ်ပေးနိုင်မှာပါ။
၃။ လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးပါ။
ဆောင်းတွင်း အေးလို့ဆိုပြီး အားကစား၊ လေ့ကျင့်ခန်းမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်နေတာ၊ လှဲနေတာမျိုးက ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ကောင်းကျိုးမရှိစေပါဘူးနော်။ ဒါကြောင့် ဆောင်းတွင်းလိုကာလမျိုးမှာ တက်ကြွလန်းဆန်းပြီး သွေးပူနေစေဖို့ မနက်ခင်း လမ်းလျှောက်တာ၊ ပြေးတာမျိုး လုပ်လို့ရသလို ကိုယ့်ရဲ့အိမ်မှာပဲ အလေးမတာ၊ ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။
အသက်ကြီးပိုင်းတွေအနေနဲ့ အသက်ရှူလေ့ကျင့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းများ၊ ယောဂလေ့ကျင့်ခန်းများ လုပ်ပေးလို့ရပါတယ်။ ညနေပိုင်းထက် မနက်ခင်းနေထွက်ချိန်မှာ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
၄။ အစာအာဟာရ လုံလောက်စွာ စားသုံးပါ။
ဆောင်းရာသီမှ မဟုတ်ပါဘူး။ ဘယ်လိုရာသီမဆို အစာအာဟာရကို လုံလုံလောက်လောက် ရနေမှသာ လူက ကျန်းမာပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ ထမ်းရွက်နိုင်မှာပါ။ ဒါကြောင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ ဥ၊ နို့၊ အစေ့အဆန်၊ ဂျုံ၊ ပြောင်းတွေကို စုံလင်စွာ စားပေးပါ။ တစ်ထိုင်တည်းနဲ့ ပမာဏအများကြီး စားတာထက် ပမာဏနည်းနည်းနဲ့ အာဟာရ အစုံအလင်ပါအောင် ချက်ပြုတ်စားသုံးပါ။ အမြဲတမ်း ထမင်းပူပူ၊ ဟင်းပူပူလေးတွေကိုပဲ စားပေးပါ။
၅။ အရည်များများသောက်ဖို့ မမေ့ပါနဲ့။
ဆောင်းရာသီမှာ အပြင်ဘက်က အအေးဒဏ်ကြောင့်သာမက ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေဟာ အလုပ်လုပ်နေရတာဖြစ်လို့ ရေဓာတ်ခမ်းခြောက်တတ်တာ သဘာဝပါပဲ။ ဒါကြောင့် ဆောင်းတွင်းအေးလို့ဆိုပြီး ရေသောက်ဖို့ မမေ့ပါနဲ့။
ရေကို တစ်နေ့ ၂လီတာ အနည်းဆုံးရအောင် သောက်ပေးပါ။ ချွေးထွက်တဲ့နေ့တွေဆို ပိုသောက်ပေးပါ။ ထပ်ဆောင်းအနေနဲ့ ရေနွေးကြမ်း၊ ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည်၊ သစ်သီးဖျော်ရည် စတာတွေကို သောက်ပေးလို့ ရပါတယ်။
၆။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားသုံးပေးပါ။
အဆီများတဲ့ ငါးတွေ၊ အရိုးပါ ဝါးစားလို့ရတဲ့ ငါးတွေ၊ ထောပတ်သီးအဆီအနှစ်၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီတွေမှာပါတဲ့ Omega-3 ဓာတ်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့အတွက် ဆောင်းရာသီမှာ ပြင်ပကနေ ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို ကောင်းစွာတိုက်ထုတ်ပေးနိုင်မှာပါ။
အေးမြတဲ့ ဆောင်းဥတုမှာ ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
1 month ago (edited) | [YT] | 93
View 8 replies
Knowledge Channel
ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့
ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် စောင်တွေ ၂ ထပ် ၃ ထပ်ခြုံတာထက် ထိရောက်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
မနက်ခင်းမှာ လုံလောက်တဲ့ အလင်းရောင် ထိတွေ့ပါ
ဆောင်းရာသီမှာ နေရောင်နဲ့ ထိတွေ့နိုင်ခြေ နည်းတာကြောင့် ခန္ဓာကိုယ်က မယ်လ်လာတိုနင်တွေကို ပိုမို ထုတ်လုပ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အိပ်ငိုက်နေပြီး အိပ်ရေးမဝသလို ခံစားရတာပါ။ ဆောင်းရာသီမှာ ညဘက်ကို ကောင်းကောင်း အိပ်ပျော်စေပြီး နေ့ခင်းဘက်တွေမှာ အိပ်ငိုက်တာမျိုး ဖြစ်နိုင်ခြေ နည်းစေဖို့ဆိုရင် နေ့စဉ်မှာ လုံလောက်တဲ့ နေရောင်ခြည် ရရှိအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလို လုပ်ဆောင်ခြင်းက ကိုယ်တွင်းက မယ်လ်လာတိုနင် ထွက်ရှိမှုကို ထိန်းညှိရာရောက်သလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေပြီး နေ့ခင်းဘက်တွေမှာ အိပ်ငိုက်မှု ကင်းစေမှာပါ။
ခန္ဓာကိုယ်က အေးမြနေပါစေ
ခန္ဓာကိုယ် အပူချိန်များနေတာက အိပ်ပျော်ဖို့ ခက်စေပါတယ်။ ဒါကြောင့် အိပ်ချိန် နီးလာတဲ့အခါ ခန္ဓာကိုယ်မှာ အပူချိန် မြင့်တက်တာမျိုး မဖြစ်စေဘဲ ခန္ဓာကိုယ်ကို အေးမြနေအောင် ဂရုစိုက်ပါ။ အေးမြနေအောင်ဆိုရာမှာ ချမ်းတုန်နေတာမျိုး မဖြစ်ဖို့ လိုပါမယ်။ အိပ်ခန်း အပူချိန်က ၆၂ ကနေ ၆၈ ဒီဂရီဖာရင်ဟိုက်အကြား ရှိနေတာက ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ
နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေသလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ လေ့ကျင့်ခန်း လုပ်ပေးတာက နှလုံး ကျန်းမာစေနိုင်သလို ညဘက်တွေမှာလည်း အိပ်ရေးဝဝ အိပ်ပျော်စေမှာပါ။
ညစာကို အများကြီး မစားပါနဲ့
ဆောင်းရာသီမှာ ညစာ အများကြီး စားတာက ရင်ပြည့်တာ အစာမကြေတာတွေကို ဖြစ်စေနိုင်သလို ညဘက် အိပ်ပျော်ဖို့ ခက်စေနိုင်ပါတယ်။ ဒါကြောင့် ညစာကို ဗိုက်ပြည့်ရုံပဲ စားပေးပါ။ အများကြီး စားတာမျိုး၊ အဆီများတာ၊ အစာကြေခဲတာတွေ စားတာမျိုး မလုပ်ပါနဲ့။
နေ့လယ်စာနောက်ပိုင်းမှာ ကော်ဖီသောက်တာမျိုး မလုပ်ပါနဲ့
နေ့လယ်စာ စားပြီးချိန်မှာ ကော်ဖီသောက်တာ၊ ညစာ စားပြီးချိန်တွေမှာ ကော်ဖီ၊ လက်ဖက်ရည် စတာတွေ သောက်သုံးတာက ညဘက် အိပ်ပျော်ဖို့ ခက်စေပြီး အိပ်ရေးပျက်စေမှာ အသေအချာပါ။ ဒါကြောင့် ဆောင်းအေးအေးလေးက ကော်ဖီလေး သောက်လို့ ကောင်းတယ်ဆိုပေမယ့် ညနေမစောင်းခင် နောက်ဆုံးထားပြီး သောက်ပေးပါ။
အိပ်ရာဝင်ခါနီး အယ်လ်ကိုဟော မသောက်ပါနဲ့
အိပ်ရာဝင်ခါနီးမှာ အချမ်းပြေဆိုပြီး အရက်ဘီယာ သောက်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်စေနိုင်ပါတယ်။ စသောက်ချိန်မှာသာ မူးပြီး အိပ်ချင်သလိုလို ဖြစ်ပေမယ့် ၄−၅နာရီလောက်နေရင် လူက လန်းပြီး မျက်စိကြောင်လာပါတယ်။
အိပ်ရာကို သက်သောင့်သက်သာ ရှိအောင် ထားပါ
ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေမယ့် နည်းလမ်း တစ်ခုကတော့ အိပ်ရာကို သက်သောင့်သက်သာ ရှိအောင် ထားတာပါ။ အိပ်ရာလေးက အကြောတွေကို ပြေလျော့စေလောက်အောင်အထိ သက်သောင့်သက်သာ ရှိတာက အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းမှာ အစိုဓာတ် ရှိအောင် ဂရုစိုက်ပါ
ဆောင်းရာသီမှာ အဖြစ်များတဲ့ နှာစေး နှာပိတ်တာတွေက ညဘက်တွေမှာ အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒါကြောင့် ရေများများ သောက်တာ၊ အိပ်ခန်းထဲမှာ အစိုဓာတ်ထိန်းစက် ဖွင့်တာမျိုး လုပ်ဆောင်ပြီး နှာစေး နှာပိတ်မှု ကင်အောင် ဂရုစိုက်ပေးပါ။
ဆောင်းအေးအေးမှာ အိပ်ရေးပျက် မခံဘဲ အခုလို နည်းလမ်းလေးတွေ လိုက်နာ လုပ်ဆောင်ရင်း အိပ်ပျက်ညတွေကို တာတာ့ ပြလိုက်စို့နော်။
1 month ago (edited) | [YT] | 104
View 5 replies