သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ🙏🙏🙏MinGaLarPar. Dhamma Channel အား Like &Subscribe လုပ်ပေးခြင်ဖြင့် ကူညီပေးပါ🙏🙏🙏
MinGaLarPar - မင်္ဂလာပါ Dhamma Channel
ဘဝပုံပြင် (၁) (ဘ၀ဆိုတာ) အမှောင်တောမှာ မျက်စိလယ်၊ကျားဆိုးကြီးနဲ့ တိုးနေတယ်။သူ့ဝမ်းစာရယ် ဖြည့်ဖို့များ၊ကိုယ့်ကို ဖမ်းမယ်တအား။ကြောက်အားပိုလို့ ပြေးထွက်တယ်၊လမ်းက မမြင်တယ်။လွတ်နိုင်မယ် ထင်ရာပြေး၊ရောက်တော့ ချောက်ကမ်းဘေး။မထိန်းနိုင်တဲ့ အရှိန်ရယ်၊ကျပေါ့ ချောက်ထဲဝယ်။ကယ်တင်ရှင် နွယ်ပင်လေး၊လက်နဲ့ဖမ်းမိသေး။ကျားလက်လွတ်လို့ မသက်သာ၊နွယ်က မ.ခိုင်ပါ။ကြွက်အမွှာ နွယ်ကိုဖြတ်၊ကျတော့မယ် နရက်။အောက်ကို ကြည့်တော့ ကြောက်စဖွယ်၊မြွေနဂါးတို့ စောင့်နေတယ်။နွယ်ပင်ငယ် မပြတ်ရေး၊ကြွက်ကို ခြောက်ရသေး။ နွယ်ပင်ကပ်တဲ့ ပျားအုံမယ်၊ပျားရည် အနည်းငယ်။ နွယ်ပင်ရယ် လှုပ်လေတော့၊ပျားစက် ကျလေရော့။ဒုက္ခပင်လယ် အန္တရာယ်၊လွတ်ဖို့ ဘယ်မလွယ်။ပျားစက်ငယ်ကို ငံ့မြော်သေး၊ဘဝပုံပြင်လေး။ (အပျင်းပြေ ရစနာ ကဗျာ) (၂)(ဧဝံ မေ သုတံ ဆရာနန္ဒာသိန်းဇံ)နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မှာမဟာဓမ္မာစရိယတန်း ကျောင်းသားဘဝ ပညာသင်ယူဆဲကာလကဆရာနန္ဒာသိန်းဇံရဲ့ စာသင်ခန်းထဲမှာ ဒီပုံဝတ္ထုကို စတင်ကြားဖူးခဲ့ပါတယ်။လူ့ဘဝဆိုတာ ဒုက္ခတွေ များပြားလှတာကိုပုံပမာပြုရရင် ဒီလိုပုံစံ ဖြစ်နေတာတဲ့။ဘဝဆိုတာရလာတဲ့အချိန်ကစပြီးကျားဆိုးကဲ့သို့ ဖမ်းစားတတ်တဲ့ အန္တရာယ်မျိုးစုံက ထပ်ကြပ်မကွာ လိုက်ခြင်းကို ခံနေရတယ်။ကျားလက်က လွတ်အောင်ပြေးနိုင်သေးပေမယ့်ချောက်ထဲကျနေလို့ နွယ်ပင်ကို ဖက်တွယ်ထားရတဲ့ လက်ရှိဘဝအခြေအနေ။လက်ရှိအားကိုးရာ နွယ်ပင်ကိုလည်း နေ့နဲ့ည ကြွက်နှစ်ကောင်က အချိန်နဲ့အမျှ ကိုက်ဖြတ်နေကြတယ်။ဒီနွယ်ကြိုးပြတ်ရင်တော့ ပင်လယ်ထဲကျပြီး အသင့်စောင့်နေတဲ့ မြွေနဂါးတို့လက်တွင်း ကျဆင်းရမှာ အသေအချာ။ဒီလို ဒုက္ခတွေရောက်နေတဲ့အထဲမှာတောင် နွယ်ကြိုးပေါ်မှာ တည်နေတဲ့ပျားအုံထဲက တစက်စက်ကျနေတဲ့သုခပျားရည်ကို အရသာခံဖို့ကြိုးစားနေကြတယ်...တဲ့။ဒီပုံပြင်ကို ပါဝင်တဲ့ဖန်တီးမှုတွေထဲမှာ မူကွဲတချို့ရှိပါတယ်။တချို့မူတွေမှာ ချောက်ထဲကျတယ်။ ရေတွင်းပျက်ကြီးထဲကျတယ်.အစရှိသည်ဖြင့်ပေါ့.။ (၃)ထိုင်ဝမ် မဟာယာနမိတ်ဆွေဒကာလေး ကျန့်ကျင့်ဝေက ပုံပန်းချီ ဒီပုံကိုပေးပြတော့ဆရာ့ဆီက နားထောင်ခဲ့ရတာကို သူ့ကို ပြန်ပြောင်းပြောပြမိပါတယ်။သူတို့ပြောပြတဲ့ ပုံပြင်လာယူဆချက်များကိုလည်း နားထောင်ကြည့်ပါတယ်။ဆိုလိုချက်က ကွဲလွဲမှုသိပ်မရှိလှပါဘူး။ (၄)ဒီပုံပြင်ကိုဘာသာအယူဝါဒအရ လိုရာယူပြီး ဟောပြောကြတာတွေကိုအစုံကြားဖူးပါတယ်။ သရော်စာတွေတောင် ရှိခဲ့ဖူးပါတယ်။ဖန်ဆင်းရှင်ကိုလက်ခံတဲ့(Theist)ဓမ္မဆရာတချို့ ဒီပုံပြင်ကိုအသုံးပြုရာမှာ အကြောက်တရားကိုအခြေခံပြီး ယုံကြည်မှု(Faith)ကို တည်ဆောက်ကြတယ်။တည်ဆောက်တဲ့ပုံစံက ဒီလို။ချောက်ထဲကျနေပြီး ဒုက္ခရောက်နေသူကို ကယ်တင်ရှင်က တွေ့တော့ အပေါ်ကနေ အသံပေးတယ်။ မကြောက်နဲ့ အသင့်ကို ငါကယ်မယ်၊မကယ်ခင် ကြိုတင်ပြီး ငါ့ကိုတော့ ယုံရမယ်။ ယုံတယ်မဟုတ်လား...ဆိုတော့ချောက်ထဲကအသင်လူသားက ယုံပါတယ်လို့ဖြေတယ်။ဒီအခါမှာ ကယ်တင်ရှင်က ငါ့ကိုယုံရင် နွယ်ကိုကိုင်ထားတဲ့လက်ကို မကိုင်တော့နဲ့၊ လွှတ်ချလိုက်လို့ ပြောတယ်။ လူသားကလည်း ပြန်ဖြေတယ်။လွှတ်ချလိုက်ရင် သေမှာပေါ့၊အောက်မှာ မြွေနဂါးတွေ စောင့်နေတယ်လို့ ဖြေတော့ အပေါ်က ကယ်တင်ရှင်ကငါ့မှာ ကောင်းချီးပေးဖို့ တန်ခိုးတော်အနန္တရှိတယ်။အဲ့ဒါကိုယုံရင် ငါပြောတဲ့အတိုင်း လွှတ်ချလိုက်လို့သာပြောတယ်။တကယ်လည်း လွှတ်ချလိုက်ရော.....................................................တကယ်ပဲ ကယ်တင်ခံရမလား...။မြွေနဂါး ကိုက်လို့ပဲ သေမလား..။ဘယ်လိုဖြစ်မလဲ....စဉ်းစားကြည့်ပေါ့။ဒီအထဲမှာဆက်တွေးဖို့ကောင်းတာက လွှတ်ချလိုက်ဆိုတဲ့ စကားကိုဇင်ကျင့်စဉ်မှာ ဆရာလုပ်သူက ခွက်ကိုင်လာတဲ့တပည့်ကို ခွက်ကိုလွှတ်ချခိုင်းခြင်း၊ ဥပါဒါနပစ္စယာ ဘဝေါ အနုလုံသဘောရဲ့ ဆန့်ကျင်ဖက် ပဋိလုံသဘောဖြင့်ရှုမြင်ခြင်း၊ ဉာဏ်စဉ်ထဲက သင်္ခါရုပေက္ခာဉာဏ်ရှုထောင့်နဲ့ကြည့်ခြင်း စသဖြင့်လေ့လာကြည့်ဖို့ပါပဲ။ (၅)ပုံပြင်နဲ့ပတ်သက်လို့ဘေးမျိုးစုံနဲ့ဒုက္ခရောက်နေရတဲ့ လူ့ဘဝကိုပုံဖော်ရာမှာရှုထောင့်ပေါင်းစုံက ကြည့်ရင်အတော်အတန် ပြည့်စုံနေတယ်လို့ ခံယူမိပါတယ်။ဒီအထဲက အချို့ဖြစ်ရပ်ကို ပုံဖော်ကြည့်ရင်ဘာမှန်းမသိတဲ့ မောဟအမှောင်လောကထဲမှာယောင်ချာချာဖြစ်နေတဲ့ အတိတ်ဘဝ။ကျားဆိုတဲ့ မရဏဘေးက အစဉ်လိုက်လာလို့ပြေးထွက်ခဲ့သော်လည်း နွယ်ကြိုးပေါ်အသက်ရှင်နေရတဲ့ ပစ္စပ္ပန်ဘဝ။မရေရာတဲ့အနာဂတ်အတွက်သေချာနေတာက သေခြင်းတရားပါပဲ။ဒီလိုအခြေအနေမျိုးမှာတောင်သုခပျားရည်ကို အရသာခံဖို့ကြိုးစားနေတဲ့ လူသားဘဝပါပဲ။တကယ်တော့ လူ့ဘဝဆိုတာဟာဖြစ်တည်နေရတဲ့အချိန်ကာလကို တွက်ဆကြည့်ရင်ခဏတာပါပဲ။သုခချမ်းသာကို ရှာဖွေဖို့ကြိုးစားရင်းလောဘအမော၊ ဒေါသအမော၊ မောဟအမောအမောအဟိုက် အတိုက်ပေါင်းစုံနဲ့ကြုံပြီးတစ်ချို့ဆိုရင်ပျားရည်နဲ့တူတဲ့ချမ်းသာကိုတောင် လက်လွှတ်ခဲ့ရတာ အကြိမ်များလှပါပြီ။အကယ်၍ပျားရည်ကို အရသာခံရင်းမရဏာနုဿတိဘာဝနာပွားများနေမယ်ဆိုရင်ဒီပန်းချီလာပုံပြင်ကို ဖန်တီးတဲ့ပုဂ္ဂိုလ် ကျေနပ်နေမလားမသိဘူး။ကျေနပ်လောက်မယ်လို့ ထင်ပါတယ်။အရှင်ထေရာသဘ
1 year ago | [YT] | 17
View 2 replies
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိသဗ္ဗရသံ ဓမ္မရသော ဇိနာတိသဗ္ဗရတိံ ဓမ္မရတိ ဇိနာတိတဏုက္ခယော သဗ္ဗဒုက္ခံ ဇိနာတိအလှူတကာတို့ထက်တရားအလှူက အမြတ်ဆုံးဖြစ်၏အရသာတကာတို့ထက် တရားအရသာက အမြတ်ဆုံးဖြစ်၏အပျော်တကာတို့ထက်တရားအပျော်က အမြတ်ဆုံးဖြစ်၏ရှိရှိသမျှဆင်းရဲခြင်းကို တဏှာကုန်းခန်းနိဗ္ဗာနန်းက လွှမ်းမိုးအောင်နိူင်၏🙏🙏🙏
1 year ago | [YT] | 10
View 0 replies
MinGaLarPar - မင်္ဂလာပါ Dhamma Channel
ဘဝပုံပြင်
(၁)
(ဘ၀ဆိုတာ)
အမှောင်တောမှာ မျက်စိလယ်၊
ကျားဆိုးကြီးနဲ့ တိုးနေတယ်။
သူ့ဝမ်းစာရယ် ဖြည့်ဖို့များ၊
ကိုယ့်ကို ဖမ်းမယ်တအား။
ကြောက်အားပိုလို့ ပြေးထွက်တယ်၊
လမ်းက မမြင်တယ်။
လွတ်နိုင်မယ် ထင်ရာပြေး၊
ရောက်တော့ ချောက်ကမ်းဘေး။
မထိန်းနိုင်တဲ့ အရှိန်ရယ်၊
ကျပေါ့ ချောက်ထဲဝယ်။
ကယ်တင်ရှင် နွယ်ပင်လေး၊
လက်နဲ့ဖမ်းမိသေး။
ကျားလက်လွတ်လို့ မသက်သာ၊
နွယ်က မ.ခိုင်ပါ။
ကြွက်အမွှာ နွယ်ကိုဖြတ်၊
ကျတော့မယ် နရက်။
အောက်ကို ကြည့်တော့ ကြောက်စဖွယ်၊
မြွေနဂါးတို့ စောင့်နေတယ်။
နွယ်ပင်ငယ် မပြတ်ရေး၊
ကြွက်ကို ခြောက်ရသေး။
နွယ်ပင်ကပ်တဲ့ ပျားအုံမယ်၊
ပျားရည် အနည်းငယ်။
နွယ်ပင်ရယ် လှုပ်လေတော့၊
ပျားစက် ကျလေရော့။
ဒုက္ခပင်လယ် အန္တရာယ်၊
လွတ်ဖို့ ဘယ်မလွယ်။
ပျားစက်ငယ်ကို ငံ့မြော်သေး၊
ဘဝပုံပြင်လေး။
(အပျင်းပြေ ရစနာ ကဗျာ)
(၂)
(ဧဝံ မေ သုတံ ဆရာနန္ဒာသိန်းဇံ)
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မှာ
မဟာဓမ္မာစရိယတန်း ကျောင်းသားဘဝ ပညာသင်ယူဆဲကာလက
ဆရာနန္ဒာသိန်းဇံရဲ့ စာသင်ခန်းထဲမှာ ဒီပုံဝတ္ထုကို စတင်ကြားဖူးခဲ့ပါတယ်။
လူ့ဘဝဆိုတာ ဒုက္ခတွေ များပြားလှတာကို
ပုံပမာပြုရရင် ဒီလိုပုံစံ ဖြစ်နေတာတဲ့။
ဘဝဆိုတာရလာတဲ့အချိန်ကစပြီး
ကျားဆိုးကဲ့သို့ ဖမ်းစားတတ်တဲ့ အန္တရာယ်မျိုးစုံက
ထပ်ကြပ်မကွာ လိုက်ခြင်းကို ခံနေရတယ်။
ကျားလက်က လွတ်အောင်ပြေးနိုင်သေးပေမယ့်
ချောက်ထဲကျနေလို့ နွယ်ပင်ကို ဖက်တွယ်ထားရတဲ့ လက်ရှိဘဝအခြေအနေ။
လက်ရှိအားကိုးရာ နွယ်ပင်ကိုလည်း
နေ့နဲ့ည ကြွက်နှစ်ကောင်က
အချိန်နဲ့အမျှ ကိုက်ဖြတ်နေကြတယ်။
ဒီနွယ်ကြိုးပြတ်ရင်တော့
ပင်လယ်ထဲကျပြီး
အသင့်စောင့်နေတဲ့ မြွေနဂါးတို့လက်တွင်း
ကျဆင်းရမှာ အသေအချာ။
ဒီလို ဒုက္ခတွေရောက်နေတဲ့အထဲမှာတောင်
နွယ်ကြိုးပေါ်မှာ တည်နေတဲ့ပျားအုံထဲက
တစက်စက်ကျနေတဲ့
သုခပျားရည်ကို အရသာခံဖို့
ကြိုးစားနေကြတယ်...တဲ့။
ဒီပုံပြင်ကို ပါဝင်တဲ့ဖန်တီးမှုတွေထဲမှာ မူကွဲတချို့ရှိပါတယ်။
တချို့မူတွေမှာ ချောက်ထဲကျတယ်။ ရေတွင်းပျက်ကြီးထဲကျတယ်.အစရှိသည်ဖြင့်ပေါ့.။
(၃)
ထိုင်ဝမ် မဟာယာနမိတ်ဆွေဒကာလေး ကျန့်ကျင့်ဝေက
ပုံပန်းချီ ဒီပုံကိုပေးပြတော့
ဆရာ့ဆီက နားထောင်ခဲ့ရတာကို သူ့ကို ပြန်ပြောင်းပြောပြမိပါတယ်။
သူတို့ပြောပြတဲ့ ပုံပြင်လာယူဆချက်များကိုလည်း နားထောင်ကြည့်ပါတယ်။
ဆိုလိုချက်က ကွဲလွဲမှုသိပ်မရှိလှပါဘူး။
(၄)
ဒီပုံပြင်ကို
ဘာသာအယူဝါဒအရ လိုရာယူပြီး ဟောပြောကြတာတွေကို
အစုံကြားဖူးပါတယ်။ သရော်စာတွေတောင် ရှိခဲ့ဖူးပါတယ်။
ဖန်ဆင်းရှင်ကိုလက်ခံတဲ့(Theist)ဓမ္မဆရာတချို့ ဒီပုံပြင်ကိုအသုံးပြုရာမှာ
အကြောက်တရားကိုအခြေခံပြီး ယုံကြည်မှု(Faith)ကို တည်ဆောက်ကြတယ်။
တည်ဆောက်တဲ့ပုံစံက ဒီလို။
ချောက်ထဲကျနေပြီး ဒုက္ခရောက်နေသူကို
ကယ်တင်ရှင်က တွေ့တော့
အပေါ်ကနေ အသံပေးတယ်။
မကြောက်နဲ့ အသင့်ကို ငါကယ်မယ်၊
မကယ်ခင် ကြိုတင်ပြီး ငါ့ကိုတော့ ယုံရမယ်။
ယုံတယ်မဟုတ်လား...ဆိုတော့
ချောက်ထဲကအသင်လူသားက ယုံပါတယ်လို့ဖြေတယ်။
ဒီအခါမှာ ကယ်တင်ရှင်က
ငါ့ကိုယုံရင် နွယ်ကိုကိုင်ထားတဲ့လက်ကို မကိုင်တော့နဲ့၊ လွှတ်ချလိုက်လို့ ပြောတယ်။
လူသားကလည်း ပြန်ဖြေတယ်။
လွှတ်ချလိုက်ရင် သေမှာပေါ့၊
အောက်မှာ မြွေနဂါးတွေ စောင့်နေတယ်လို့ ဖြေတော့
အပေါ်က ကယ်တင်ရှင်က
ငါ့မှာ ကောင်းချီးပေးဖို့ တန်ခိုးတော်အနန္တရှိတယ်။
အဲ့ဒါကိုယုံရင် ငါပြောတဲ့အတိုင်း လွှတ်ချလိုက်လို့သာပြောတယ်။
တကယ်လည်း လွှတ်ချလိုက်ရော...
..................................................
တကယ်ပဲ ကယ်တင်ခံရမလား...။
မြွေနဂါး ကိုက်လို့ပဲ သေမလား..။
ဘယ်လိုဖြစ်မလဲ....စဉ်းစားကြည့်ပေါ့။
ဒီအထဲမှာ
ဆက်တွေးဖို့ကောင်းတာက လွှတ်ချလိုက်ဆိုတဲ့ စကားကို
ဇင်ကျင့်စဉ်မှာ ဆရာလုပ်သူက ခွက်ကိုင်လာတဲ့တပည့်ကို ခွက်ကိုလွှတ်ချခိုင်းခြင်း၊ ဥပါဒါနပစ္စယာ ဘဝေါ အနုလုံသဘောရဲ့ ဆန့်ကျင်ဖက် ပဋိလုံသဘောဖြင့်ရှုမြင်ခြင်း၊ ဉာဏ်စဉ်ထဲက သင်္ခါရုပေက္ခာဉာဏ်ရှုထောင့်နဲ့ကြည့်ခြင်း စသဖြင့်
လေ့လာကြည့်ဖို့ပါပဲ။
(၅)
ပုံပြင်နဲ့ပတ်သက်လို့
ဘေးမျိုးစုံနဲ့ဒုက္ခရောက်နေရတဲ့ လူ့ဘဝကိုပုံဖော်ရာမှာ
ရှုထောင့်ပေါင်းစုံက ကြည့်ရင်
အတော်အတန် ပြည့်စုံနေတယ်လို့ ခံယူမိပါတယ်။
ဒီအထဲက အချို့ဖြစ်ရပ်ကို ပုံဖော်ကြည့်ရင်
ဘာမှန်းမသိတဲ့ မောဟအမှောင်လောကထဲမှာ
ယောင်ချာချာဖြစ်နေတဲ့ အတိတ်ဘဝ။
ကျားဆိုတဲ့ မရဏဘေးက အစဉ်လိုက်လာလို့
ပြေးထွက်ခဲ့သော်လည်း နွယ်ကြိုးပေါ်အသက်ရှင်နေရတဲ့ ပစ္စပ္ပန်ဘဝ။
မရေရာတဲ့အနာဂတ်အတွက်
သေချာနေတာက သေခြင်းတရားပါပဲ။
ဒီလိုအခြေအနေမျိုးမှာတောင်
သုခပျားရည်ကို အရသာခံဖို့
ကြိုးစားနေတဲ့ လူသားဘဝပါပဲ။
တကယ်တော့ လူ့ဘဝဆိုတာဟာ
ဖြစ်တည်နေရတဲ့အချိန်ကာလကို တွက်ဆကြည့်ရင်
ခဏတာပါပဲ။
သုခချမ်းသာကို ရှာဖွေဖို့ကြိုးစားရင်း
လောဘအမော၊ ဒေါသအမော၊ မောဟအမော
အမောအဟိုက် အတိုက်ပေါင်းစုံနဲ့ကြုံပြီး
တစ်ချို့ဆိုရင်
ပျားရည်နဲ့တူတဲ့ချမ်းသာကိုတောင် လက်လွှတ်ခဲ့ရတာ အကြိမ်များလှပါပြီ။
အကယ်၍
ပျားရည်ကို အရသာခံရင်း
မရဏာနုဿတိဘာဝနာပွားများနေမယ်ဆိုရင်
ဒီပန်းချီလာပုံပြင်ကို ဖန်တီးတဲ့ပုဂ္ဂိုလ် ကျေနပ်နေမလားမသိဘူး။
ကျေနပ်လောက်မယ်လို့ ထင်ပါတယ်။
အရှင်ထေရာသဘ
1 year ago | [YT] | 17
View 2 replies
MinGaLarPar - မင်္ဂလာပါ Dhamma Channel
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
သဗ္ဗရသံ ဓမ္မရသော ဇိနာတိ
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ
တဏုက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ
အလှူတကာတို့ထက်
တရားအလှူက အမြတ်ဆုံးဖြစ်၏
အရသာတကာတို့ထက်
တရားအရသာက အမြတ်ဆုံးဖြစ်၏
အပျော်တကာတို့ထက်
တရားအပျော်က အမြတ်ဆုံးဖြစ်၏
ရှိရှိသမျှဆင်းရဲခြင်းကို တဏှာကုန်းခန်း
နိဗ္ဗာနန်းက လွှမ်းမိုးအောင်နိူင်၏🙏🙏🙏
1 year ago | [YT] | 10
View 0 replies