Welcome to Aye Say Original!
We bring you engaging content on various topics, from current events to personal stories. If you enjoy our episodes, please like, react, and subscribe. Your support helps us create more content you love. Hit the notification bell to stay updated!
နားဆင်ရ ပါ၀င်ဆွေးနွေးရ ငြင်းခုံရ လွယ်တဲ့ အစီအစဉ်များအား ပေါ့ပါးစွာ တင်ဆက်ထားပါတယ်။
နားဆင်သူတွေ အတွက် အကျိုးတစုံတရာပြုမယ်လို့ မျှော်လင့်ပါတယ်။
Like, React & Subscribe လုပ်သွားခြင်း၊ မိတ်ဆွေသစ် များ အား မိတ်ဆက်ပေးခြင်းဖြင့် အားပေးကူညီသွားနိုင်ပါတယ်။
Thank you for being part of Aye Say Original!
For Business & Comment: ayesay.studio@falconbreeze.com
Aye Say Original
ရင်ကလေးအေးသွားဖို့ တစ်ရက်ကို ၅ မိနစ်ပဲ အချိန်ပေးပါ။
စိတ်ပင်ပန်းမှု၊ ဖိစီးမှုအများစုဟာ ကိုယ့်အတွေးတွေကနေ လာတာပါ။ စိတ်မချမ်းသာရင် ကိုယ်မကျန်းမာပါဘူး။ စိတ်ထောင်းရင် ကိုယ်ကြေပါတယ်။ ဒါကြောင့် မေတ္တာ စေတနာကြီးမားတဲ့ ဆရာကြီး ဆရာမကြီးတွေ နေထိုင်ပြသခဲ့တဲ့ အဖိုးတန်တဲ့ ဘဝနေထိုင်နည်းလမ်းတွေ၊ စိတ်ထားရေး မင်္ဂလာတွေကို ဒီ "ရင်အေးရာ" Podcast လေးကနေ တဆင့် နေ့စဉ် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ပြဿနာအများစုဟာလည်း မှန်ကန်တဲ့ အတွေးလေးတစ်ခုပြောင်းလိုက်တာနဲ့တင် ဖြေရှင်းပြီးသားဖြစ်သွားနိုင်ပါတယ်။ အစစအရာရာ ပူလောင်စရာတွေများလှတဲ့ ဒီကမ္ဘာလောကကြီးမှာခဏလေးပဲဖြစ်ဖြစ် ရင်ကလေး အေးသွားဖို့ "ရင်အေးရာ" ဆိုတဲ့ Podcast လေးကို ဖန်တီးဖြစ်ပါတယ်။
Aye Say Original ရဲ့ YouTube, Facebook, Spotify, Apple Podcast စတဲ့ Channel များကနေ နေ့စဉ်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာကို အရင်းခံတဲ့ နေ့စဉ်ဘဝများကို "ရင်အေးရာ" Podcast လေးနားထောင်ပြီး ကိုယ်စိတ်နှလုံး အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။
#AyeSayStudio #AyeSayOriginal #Podcast #YinAyeYar #DailyPodcast
6 months ago (edited) | [YT] | 11
View 0 replies
Aye Say Original
"ပိုးစုန်းကြူးသည် အလင်းရောင် သေးသော်လည်း ကိုယ်ပိုင်အရောင်ဖြစ်သဖြင့် အချိန်မရွေး တောက်ပနိုင်သည်။ လမှာမူကား အရောင်ငှားဖြစ်၍ ဆန်းရ၊ ဆုတ်ရ၊ ကွယ်ရ နှင့်ရှိ၏။"
- မင်းသုဝဏ် -
#minthuwun
#podcast #stories
#myanmar #burma
#ambient #sounddesign
#music #films #books #art
#mirrorlessmemories
#dearbaphay
#ဘဖေမှဘဖေသို့
1 year ago | [YT] | 44
View 0 replies
Aye Say Original
ဓားသွေးတဲ့ အဖိုးအိုတစ်ယောက်ရဲ့ ငယ်ဘဝ ညတွေအကြောင်းကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ လင်းခဲ့တဲ့ ညတွေအကြောင်းပြန်တွေးမိပါတယ်။ ကျွန်တော်တို့မှာ ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပခဲ့တဲ့ညတွေ မရှိတော့တာ ဘယ်လောက်ကြာပြီလဲ။ ကျန်တော်တို့မှာ လွတ်လပ်တဲ့ညတွေ မရှိတော့တာ ဘယ်လောက်ကြာပြီလဲ။ ကျွန်တော်တို့မှာ လှပတဲ့ညတွေ၊ လုံခြုံတဲ့ညတွေမရှိတော့တာ ဘယ်လောက်ကြာပြီလဲ။
ဒီ Podcast ဟာ ကိုယ့်အိမ်မှာကိုယ်နေပြီး ကိုယ့်အိမ်ကိုယ်ပြန်လွမ်းနေရတဲ့အကြောင်းဖြစ်ပါတယ်။
Link 🔗
beacons.ai/mgtn
#podcast #stories
#myanmar #burma
#ambient #sounddesign
#music #films #books #art
#mirrorlessmemories
#ayesayoriginal
#dearbaphay
#ဘဖေမှဘဖေသို့
1 year ago (edited) | [YT] | 8
View 0 replies
Aye Say Original
"အမြဲထာဝရ နေရမယ်လို့ သဘောထားပြီး သင်ယူလေ့လာပါ
နောက်နေ့မှာ သေရတော့မယ်လို့ သဘောထားပြီး အသက်ရှင်နေထိုင်ပါ"
- ဂန္ဓီ -
#gandhi
#podcast #stories
#myanmar #burma
#ambient #sounddesign
#music #films #books #art
#mirrorlessmemories
#dearbaphay
#ဘဖေမှဘဖေသို့
1 year ago | [YT] | 39
View 4 replies
Aye Say Original
"ဘဖေမှ ဘဖေသို့" Podcast ရဲ့ ပထမဆုံး Episode ကတော့ ကျွန်တော်တို့ရဲ့ သက်တမ်းကုန်ဆုံးရက်တွေအကြောင်း ဖြစ်ပါတယ်။ ဂီတပရော်ဖက်ဆာတစ်ယောက်ရဲ့ ဘဝနေဝင်ချိန်အကြောင်းကို ရန်ကင်းက ညနေခင်း Ambient အသံနဲ့အတူ နားထောင်ကြည့်ပါ။
Link 🔗
beacons.ai/mgtn
#podcast #stories
#myanmar #burma
#ambient #sounddesign
#music #films #books #art
#mirrorlessmemories
#ayesayoriginal
#dearbaphay
#ဘဖေမှဘဖေသို့
1 year ago (edited) | [YT] | 7
View 0 replies
Aye Say Original
ဘာမဆိုသိဖို့ အင်မတန်လွယ်ကူတဲ့ ဒီလို Ai ခေတ်ကြီးထဲမှာ အဖြေတိတိကျကျမရသေးတဲ့ မေးခွန်းတွေ အများကြီးရှိနေပါသေးတယ်။
နတ်တွေမှာနာရီရှိလား၊ လက်ဖက်ရည်ဖိုးဘယ်ကစ၊ ဝူခန်းတို့ ပါကျဲတို့က ဘယ်နိုင်ငံကိုသွားကြတာလဲ၊ စနေ တနင်္ဂနွေက ဘာလို့ပိတ်ရက်ဖြစ်နေတာလဲ၊ မန္တလေးတစ်ပြတို့ ယူဇနာတို့က ဘယ်လောက်ဝေးလဲ၊ အူကြောင်ကျားဆိုတာ ဘာကောင်လဲ၊ ထိပ်ပြောင်တဲ့သူတွေက မျက်နှာကိုဘယ်အထိသစ်လဲ၊ အမှတ်သည်းခြေဆိုတော့ သည်းခြေထဲမှာ မှတ်ဉာဏ်ရှိနေတာလား၊ ကမ္ဘာပေါ်မှာ ပထမဆုံးလာဘ်ထိုးတဲ့သူက ဘယ်သူလဲ၊ ဇော်ဂျီဖိုဝင်သား၊ ကာလနဂါး စတဲ့ Ai ဖြေလို့မရတဲ့ မေးခွန်းတွေအကြောင်း ပျော်ပျော်ရွင်ရွင် ဆွေးနွေးထားတဲ့ Podcast ဖြစ်ပါတယ်။
I Don't Know Podcast ကို Monday, Wednesday, Friday ည ၇ နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
Super Sunday ည ၇ နာရီမှာလည်း အထူးစပယ်ရှယ် Podcast ရှိပါဦးမယ်။
အပိုင်းအသစ်တွေမလွတ်သွားအောင် Subscribe လုပ်ထားပေးပါဦးနော်။
(I Don't Know Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)
1 year ago (edited) | [YT] | 16
View 2 replies
Aye Say Original
Podcast တွေဟာ Data သုံးစွဲမှုအလွန်သက်သာပါတယ်။
၁ နာရီစာ သာမာန်အရည်အသွေးနဲ့ Video တစ်ခုကိုကြည့်မယ်ဆိုရင် 700 MB ကနေ 900 MB လောက်ကုန်ကျပါတယ်။ Full HD အရည်အသွေးနဲ့ ကြည့်မယ်ဆိုရင်တော့ 1500 MB ကနေ 2000 MB ကုန်ကျပါတယ်။ အသံအရည်အသွေးအကောင်းဆုံး ၁ နာရီစာ Podcast တစ်ခုမှာတော့ Internet Data အများဆုံး 70 MB သာကုန်ကျပါတယ်။
ဒါ့ကြောင့် Data တွေဈေးအလွန်ကြီးလာတဲ့ ဒီကာလမှာ ဖန်တီးသူတွေအတွက်သာမက နားထောင်မယ့် ပရိတ်သတ်တွေအတွက်လည်း အလွန်အကျိူးရှိပါတယ်။
#Podcast #AyeSayStudio
2 years ago | [YT] | 6
View 0 replies
Aye Say Original
Do you have an idea for a podcast? Or perhaps you want to re-purpose your blog content to create a broadcast-quality podcast?
Here at Aye Say Studio, we specialize in the on-site recording and post-production of high-fidelity podcasts that make you sound natural and professional.
#Podcast #AyeSayStudio
2 years ago (edited) | [YT] | 1
View 0 replies