ရန်ကုန်မြို့နဲ့ တခြားစိတ်ဝင်စားစရာအကြောင်းအရာများကို ခံစားမျှဝေရာ


Yangon Rangoon

#ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄ ခုနှစ်၊ မေလ) စတင်ဖို့အတွက် ဗြိတိသျှ စစ်သင်္ဘောအုပ်စုကြီးဟာ ရန်ကုန်မြစ်ထဲကို ဝင်ရောက်လာပါတယ်။ ​#အချိန် ၁၈၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့ ​စစ်ကြောင်းခေါင်းဆောင်များဖြစ်တဲ့ #ကြည်းတပ်ဗိုလ်ချုပ်ကြီး ဆာ အာချီဘောလ် ကမ့်ဘဲလ် (Sir Archibald Campbell) နှင့် ရေတပ်ဗိုလ် ဖရက်ဒရစ် မာရီယတ် (Frederick Marryat) တို့ ဦးဆောင်သည်။ ​စစ်အင်အား: စစ်သား ၁၀,၀၀၀ ကျော် (ဗြိတိသျှစစ်သား ၅,၀၀၀ နှင့် အိန္ဒိယဆစ်ပါသား ၅,၀၀၀ ကျော်) ပါဝင်သည်။ ​ဝင်ရောက်လာပုံ: ပင်လယ်ရေကြောင်းမှတစ်ဆင့် ရန်ကုန်ဆိပ်ကမ်းကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မြန်မာဘက်က ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ပါဘူး။ ​#ရန်ကုန်မြို့ က #မြစ်ကမ်းနားမှာ တည်ရှိတဲ့အတွက်​ကြောင့် #စစ်သင်္ဘောတွေဟာ မြစ်ကြောင်းအတိုင်း အလွယ်တကူ ဆန်တက်နိုင်ခဲ့ပါတယ်။ သို့သော် မြန်မာဘက်က "မီးရှို့ဖျက်ဆီး မြေလှန်စစ်ဆင်ရေး" (scorched earth policy) ကို ကျင့်သုံးခဲ့တဲ့အတွက် ဗြိတိသျှတပ်များ မြို့ထဲရောက်တဲ့အခါ မြို့သူမြို့သားတွေ ထွက်ခွာသွားပြီး မြို့က ဗလာနတ္တိ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ "ရန်ကုန်ကို ပထမဆုံး မြင်ရတဲ့ အင်္ဂလိပ်တို့ရဲ့ အမြင်" ​ဗြိတိသျှစစ်သည်တွေဟာ သူတို့ မထင်မှတ်ထားတဲ့ မြင်ကွင်း၊ အထူးသဖြင့် ရွှေတိဂုံစေတီတော်ကြီး ကို မြင်တွေ့ရတဲ့ အပေါ်မှာ အံ့သြမှင်သက်တဲ့ ခံစားချက်မျိုး ရှိခဲ့ကြပါတယ်။ ​ရန်ကုန်မြို့ကို အဝေးကနေ မြင်ရတဲ့အခါ ရွှေရောင်တောက်ပနေတဲ့ ရွှေတိဂုံစေတီတော် ဟာ ကြီးကျယ်ခမ်းနားတဲ့ ဗိသုကာလက်ရာ အဖြစ် မိုးကောင်းကင်အောက်မှာ ထိုးထွက်နေတာကို အထူးအလေးပေး ဖော်ပြခဲ့ကြပါတယ်။ ဒါဟာ ဗြိတိသျှတို့အတွက် လုံးဝ အသစ်အဆန်းနဲ့ ဆန်းကြယ်တဲ့ မြင်ကွင်းဖြစ်ခဲ့ပြီး တချို့က "အရှေ့တိုင်းရဲ့ အံ့ဖွယ်" လို့တောင် တင်စားခဲ့ကြပါတယ်။ ​ထိုစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်လေး ဂျိုးဇက် မိုး (Lieutenant Joseph Moore) လို ပန်းချီဆရာတွေဟာ ရွှေရောင်စေတီတွေ၊ တင့်တယ်တဲ့ဘုရားကျောင်းတွေနဲ့ လှပတဲ့ရှုခင်းတွေကို ရေးဆွဲ မှတ်တမ်းတင်ခဲ့ပါတယ်။ JOSEPH MOORE သည် ၁၈၂၄ မှ ၁၈၂၆ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် ပါဝင်ခဲ့သော ဗြိတိသျှ တပ်မှ အရာရှိတစ်ဦး ဖြစ်ပြီး၊ သူကိုယ်တိုင် ပန်းချီဆွဲ/ပုံကြမ်းထုတ်ခဲ့သော ရန်ကုန်မြို့ မြင်ကွင်းများကို စုစည်းကာ "Eighteen Views taken at & near Rangoon" (ရန်ကုန်နှင့် အနီးတစ်ဝိုက်မှ မြင်ကွင်း ၁၈ ခု)ဆိုတဲ့ စာအုပ်ထုတ်​ဝေခဲ့ပါတယ်။ ထိုမှတ်တမ်းများနဲ့ ပန်းချီကားများအရ ဗြိတိသျှတို့က ပထမဆုံးအကြိမ်မှတ်တမ်းတင်ခဲ့တဲ့ ​ရွှေတိဂုံနဲ့ရန်ကုန်ကို အောက်ပါအတိုင်း တွေ့မြင်ခဲ့ကြရပါတယ်
ဗီဒီယိုထဲမှာ တပုံချင်းစီရဲ့အဓိပ္ပါယ်ကို ဖော်ပြထားပါတယ်။

6 months ago (edited) | [YT] | 92

Yangon Rangoon

Rangoon ကနေ Yangon ဟု ပြောင်းလဲလာသည့် ခေတ်စနစ်အလိုက် တဖြည်းဖြည်းချင်း မြေမျက်နာသွင်ပြင်၊ ဝန်းကျင်အနေအထား၊ ဓလေ့ထုံးတမ်း တို့ ပြောင်းလဲလာပုံများကို လက်လှမ်းမှီသမျှ ပုံဟောင်း၊ ပုံသစ်များကို စုစည်းပြီး "အတိတ်ကရန်ကုန်ကိုမှတ်မိသေးလား" ဗီဒီယိုအသစ်တင်ထားပါတယ်။ မူရင်းဓါတ်ပုံစုဆောင်းရိုက်ကူးပုံဖော်သူတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

6 months ago | [YT] | 167

Yangon Rangoon

ဟိုးတုန်းက ရန်ကုန်ဓါတ်ပုံအဟောင်းလေးတွေမှာ မြင်ရတတ်တဲ့ ယာဥ်ထိန်းပုလိပ်နဲ့ ကျောက်ထီးလေးတွေအကြောင်းရယ်၊ စိန့်ဂျွန်းကျောင်းကစပြီး မြန်မာတွေဘောလုံးအားကစားကို နှစ်သက်လာကြပုံအကြောင်းအရာနှစ်ခုစုစည်းပြီး ဗီဒီယိုအသစ်လေးတင်ထားပါတယ်။

6 months ago | [YT] | 102

Yangon Rangoon

ကန်တော်ကလေးမှ စိတ်ဝင်စားစရာအကြောင်းအရာများကို ဒုတိယပိုင်းစုစည်းတင်ပေးထားပါတယ်။

7 months ago | [YT] | 57

Yangon Rangoon

ဂျပန်ခေတ် ရန်ကုန်မြို့လည်က အထိမ်းအမှတ်ကျောက်တိုင်နှင့် ဓါတ်ပုံအကြောင်းစုံ သမိုင်းအဖုံဖုံ

7 months ago | [YT] | 58

Yangon Rangoon

တခါကရန်ကုန်ထောင်ကြီးဝန်းကျင်မှာဆိုတဲ့အကြောင်းလေး တင်ပေးထားပါတယ်

7 months ago | [YT] | 40

Yangon Rangoon

"ဓါတ်ပုံ​တွေက​ပြောတဲ့ ရန်ကုန်မြို့သမိုင်း" အ​ကြောင်းအသစ်တင်​​ပေးထားပါတယ်။

7 months ago | [YT] | 44

Yangon Rangoon

ရှေးက ကုက္ကိုင်း

ကုက္ကိုင်းချိုင့်ဝှမ်း၊ ကုက္ကိုင်း​တောင်ကြား၊ ကုက္ကိုင်းရွာ စတဲ့ ၁၉၅၂ ​လောက်က ဓါတ်ပုံ​ဟောင်း​​လေးတွေ​တွေ့မိ​တော့ ရုတ်တရတ် က​လောလိုလို ​​တောင်​ပေါ်​ဒေသ​လေးတစ်ခုလိုလို ခံစားမှု​ပေးတယ်။ တောင်ကုန်းအမြင့်လေး​တွေဝိုင်းထားပြီး ​မြေနိမ့်ချိုင့်ဝှမ်း​လေးထဲ ဟိုတစ်စုဒီတစ်စု အိမ်​စုကလေး​တွေရယ်၊ စိမ်းစိမ်းစိုစိုစိုက်ခင်း​တွေရယ်တွေ့ရတာ ရန်ကုန်နှင့်ပင်မတူ။ အ​နောက်ဘက်ကုန်းမြင့်​ပေါ်က ​ရွှေတိဂုံ​ဘုရားကိုသာမမြင်ရရင် ရန်ကုန်မဟုတ်​ဘူးလို့​တောင် ငြင်းမိလိမ့်မယ်။ ဒီ​တော့မှ ​​ပဲခူးရိုးမ​တောင်တန်းဟာ ​မြောက်ဘက်ပုပ္ပါး​တောင်က​နေ ​တောင်ဘက်သိင်္ဂုတ္တရကုန်း​တော်ထိရှည်လျားတယ်၊ တောင်ပူစာ​လေး​တွေအဖြစ်နဲ့ ရန်ကုန်မြို့တွင်း ဖြာဆင်းသွားတယ်ဆိုတဲ့ ​မြေမျက်နှာပြင်အ​နေအထားကို ပြန်သတိရမိသွားတယ်။ ဒါ့​ကြောင့် ရန်ကုန်မှာ သိင်္ဂုတ္တရကုန်းကိုဝိုင်းရံ​နေတဲ့ ကုန်း ၉၉ ကုန်းရှိတယ်၊ အနိမ့်အမြင့်​လေး​တွေနဲ့ မြေပြန့်ချည်းသက်သက်ဟုတ်မ​နေဘူးလို့ လူကြီး​တွေ​ပြောဖူးတာ​။ ကျွန်​တော်လက်လှမ်းမှီ ဖတ်ရသ​လောက် စုစည်း​ကြည့်နေတာ ကုန်း​ ၈၀ ​နီးပါး​တော့ရလာပြီ။ ပိုလည်းစိတ်ဝင်စားစရာ​ကောင်းလာတယ်။ ဒီ​​နေ့​တော့ ​ရှေးကကုက္ကိုင်းရွာ၊ ကုက္ကိုင်းရပ်နဲ့ ရန်ကုန်မှာ သိင်္ဂုတ္တရကုန်းပြီးလျှင် ဒုတိယအမြင့်ဆုံးလို့ဆိုတဲ့ ​မောင့်ပုလဲဆင့်ကုန်း Mount Pleasant အ​ကြောင်း ဓါတ်ပုံ​လေး​တွေနဲ့ စုစည်းရသ​လောက်​ ဗဟုသုတဖလှယ်ကြတာ​ပေါ့​နော်။

7 months ago | [YT] | 94

Yangon Rangoon

ယခင် ရေပတ်လည်ဝိုင်းနေတဲ့ ဆူးလေရေလည်စေတီကနေ အင်္ဂလိပ်ခေတ်မြို့သစ်ပြန်တည်တော့ ရေအိုင်တွေချိုင့်ခွက်တွေကို မြို့မြောက်ဘက်တောင်ကုန်းတွေဖြို မြေတွေသယ်ယူ အထပ်ထပ်ဖို့ပြုပြင်ရင်း မြို့လည်ခေါင် အဖြစ်ပြုပြင်ယူတယ်။ ယခင်ဆူးစေတီအနီးက ကျောင်းကန်ဇရပ်တို့ကို စုစည်းစေကာ ယခုသရက်တောကျောင်းတိုက်မြေနေရာဆီ ရွှေ့ပြောင်းစေခဲ့တယ်။ ထိုအချိန်ကစလို့ ဆူးလေအနီးမှာ မြို့ပြအဆောက်အဦးတွေ ရုံးကန္နားတွေ အစားထိုးဆောက်လုပ်ခဲ့ကြတာ ယခုမြို့တော်ခန်းမအပါအဝင်ပါပဲ။ မြို့တော်ခန်းမ မဆောက်လုပ်ခင် ရီပွန်ခန်းမဆိုတဲ့အထင်ကရအဆောက်အဦးကြီးရှိခဲ့ချိန်က အကြောင်းအရာများနဲ့ မြန်မာဆန်ဆန်ယနေ့မြို့တော်ခန်းမဆိုပြီး ဖြစ်ပေါ်လာပုံကို Yangon Rangoon page မှာရေသားထားတဲ့အတိုင်း ဓာတ်ပုံအဟောင်းများနဲ့စုစည်းထားပါတယ်။ ပထမဗီဒီယိုမှာ လိုအပ်တာလေးရှိသွားလို့ ခဏနေပြန်တင်ပါမယ်။
Have a nice day!

3 years ago | [YT] | 12