Khun Sharing channel မှ အားလုံးကိုကြိုဆိုပါရစေနော်)
မြတ်ဗုဒ္ဓနဲ့ ထင်ရှားကျော်ကြားသောသူများ၏ ဩဝါဒများ audio အသံများ / စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အကြောင်းများ ကို နေ့စဉ် တင်ဆက်ပေးသွားမှာဖြစ်ပါသောကြောင့်
အဲဒါဆိုရင်အခု channel လေးကို Subscride လုပ်ထားပေးပါအုံးနော် ဒီchannel လေးမှ အတွေးကောင်းများကိုရမှာအသေအချာပါ အားလုံးဘဲကောင်းသောနေ့လေးနဲ့ပျော်ရွှင်စရာဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏
တရားနာရခြင်း အကျိုးတရား (၅)ပါး
၁။ မကြားဖူးသည်များကိုကြားနာရခြင်း။
၂။ ကြားဖူးသည်များကို ရှင်းလင်းစွာနားလည်ခြင်း။
၃။ ယုံမှားသံသယ ကင်းရှင်းခြင်း။
၄။ အယူမှန်ကိုရခြင်း။
၅။ သဒ္ဓါ ပညာတိုးပွား၍ စိတ်ကြည်လင်ခြင်း။
(ပဉ္စက အင်္ဂုတ္တိုရ်)
#ပါချုပ်ဆရာတော်
#ပါမောက္ခချုပ်ဆရာတော်နန္ဒမာလာဘိဝသ
#ပါမောက္ခချုပ်ဆရာတော်
#ပဌာန်းဒေသနာတော်
#တရားတော်
#dhamma
#ဓမ္မတေး
#ဘာသာရေး အကြောင်း
#ဗုဒ္ဓဘာသာ အကြောင်း
#တရားထိုင်နည်း
အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်
Khun sharing
https://youtu.be/d-uClxmUH-U?si=CWPx4...
1 month ago | [YT] | 12
View 1 reply
Khun sharing
https://youtu.be/Kc20ccmzmfc?si=grvSa...
2 months ago | [YT] | 11
View 0 replies
Khun sharing
https://youtu.be/1dTOWp1hLEM?si=TiyMQ...
2 months ago | [YT] | 8
View 0 replies
Khun sharing
https://youtu.be/Sot589bOCnE?si=zkaeQ...
3 months ago | [YT] | 18
View 1 reply
Khun sharing
https://youtu.be/_lLWkmxxzr4?si=lzFIJ...
8 months ago | [YT] | 14
View 0 replies
Khun sharing
စိတ်ကိုပြင်လေ အထက်တန်းရောက်လေ...
စိတ်ကိုပြင်လေ အသိဉာဏ်တွေကြွယ်ဝလာလေ...
စိတ်ကိုပြင်လေ မိမိဘဝ တန်ဖိုးရှိလာလေ...
စိတ်ကိုပြင်လေ စိုးရိမ်မှုတွေနည်းလာလေ...
စိတ်ကိုပြင်လေ စဉ်းစားတတ်လေလေ...
ဆင်ခြင်တတ်လေလေ၊သိမ်မွေ့လာလေလေ...
ဒီလိုဖြစ်လာတာ...
ဒါကြောင့်မို့ စိတ်ကိုလွှတ်မထားပဲ ပြုပြင်ကြပါ
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
1 year ago | [YT] | 1,626
View 18 replies
Khun sharing
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သနေရုံနဲ့
မင်္ဂလာရှိလာမှာ မဟုတ်ဘူး။
လောဘ၊ မောဟ၊ ဒေါသစတဲ့
ကိလေသာအဆိုးတရားတွေ မဖြစ်အောင်၊
လျော့နည်းအောင် ကြိုးစားနေတဲ့အချိန်ဟာ…
▪️သုနက္ခတ္တံ - ကောင်းသောနက္ခတ်ပါပဲ၊
▪️သုမင်္ဂလံ - မင်္ဂလာအရှိဆုံး အချိန်ပါပဲ။
စိတ်ဆိုးစိတ်တိုနေတဲ့ အချိန်ဟာ… မင်္ဂလာ မရှိဘူး။
စိတ်မဆိုးဘူး မေတ္တာထားပြီး
တစ်ယောက်နဲ့တစ်ယောက်
သင့်သင့်မြတ်မြတ်ရှိနေတယ်ဆိုရင်
မင်္ဂလာရှိတဲ့အချိန်ပါပဲ။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🌼ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ🌼
1 year ago | [YT] | 824
View 19 replies
Khun sharing
🌼စိတ်ကောင်းရှိဖို့ ပထမတဲ့..🌼
ဘဝမှာ ကောင်းတာတွေ ဖြစ်ဖို့ စိတ်ကောင်းရှိဖို့က အင်မတန် အရေးကြီး တယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဘုရား တရားတော်နဲ့ အညီပဲ။ဒီစကားလုံးလေးက အလွန်ထိရောက်တဲ့ စကားလုံးပဲ။အိမ်တိုင်း အိမ်တိုင်းမှာ ရေးထားဖို့ ကောင်းတယ်။
မိသားစုတွေ"စိတ်ကောင်းရှိဖို့ ပထမ"၊ ဒို့အိမ်မှာထမင်းစားရဖို့က ပထမ မဟုတ်ဘူး။
စိတ်ကောင်းရှိဖို့က ပထမ ဒီလိုရေးမှ ဖြစ်မှာ။
စိတ်ကောင်းရှိမှ ကျန်တာတွေ အခြေအနေ ကောင်းလိမ့်မယ်။
စိတ်ကောင်းမရှိဘူးဆိုရင် ကျန်တာတွေ အခြေ အနေ ကောင်းဖို့ သိပ်မရှိဘူး။
စိတ်ကောင်းလို့ ဆိုသည်မှာကောင်းတဲ့ အရာတွေနဲ့တွဲဖက်မှ စိတ်ကောင်း၊မကောင်းတာတွေနဲ့ တွဲ ဖက် ရင် စိတ်ယုတ်မာ။
စိတ်ကောင်းဆိုတာ ဘယ်ကျမှ စိတ်ကောင်း အစစ် ဖြစ်သလဲဆိုလို့ရှိရင် ကိလေသာတွေလုံးဝ ကုန်သွားပြီး ဝိသုဒ္ဓ စိတ္တ လုံးဝ ဖြူစင်တဲ့စိတ်။
ဝိမုတ္တ စိတ္တ လုံးဝ ကိလေသာတွေကလွတ်သွားပြီ ဆိုတဲ့စိတ်မျိုးကျတော့မှ တကယ့်စိတ် ကောင်း လို့ ခေါ်ရမှာဖြစ်တယ်။
အဲဒီလို စိတ်ကောင်းရှိဖို့ တို့တတွေ ကြိုးစား အားထုတ်ကြရမှာ ဖြစ်တယ်။
ဒါကြောင့်မို့ ဘဝမှာ ကောင်းတာတွေ ဖြစ်ဖို့ စိတ်ကောင်းရှိဖို့က အင်မတန် အရေးကြီး တယ်။
စိတ်ကောင်းရှိမှ ပြောတာ ကောင်းနိုင်မယ်။
စိတ်ကောင်း မရှိဘူးဆိုရင် အပြောနဲ့ အလုပ်ဟာလည်း လွဲမှားနိုင်တယ်လို့ မှတ်ယူကြရမှာ ဖြစ်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
1 year ago (edited) | [YT] | 1,563
View 31 replies
Khun sharing
တကယ်ကြောက်စရာကောင်းတာက...
ရုပ်ခန္ဓာမှာ စွဲကပ်တဲ့ ရောဂါမဟုတ်ဘူး..
စိတ်မှာ စွဲကပ်တဲ့ရောဂါက...
ကြောက်စရာကောင်းတာ...
ဒီတော့ ကိုယ့်သန္တာန်မှာ...
လောဘ ဒေါသ မောဟ နည်းအောင် ...
ဂရုစိုက်ဖို့လိုတယ်...
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
1 year ago | [YT] | 2,239
View 38 replies
Khun sharing
သံသရာမှာ ကောင်းကျိုးပေးတဲ့အချိန် ရှိသလို မကောင်းကျိုးပေးတဲ့ အချိန်လည်း
ရှိပါတယ်။
အချိန် ၂-မျိုးလုံးကို အသိပညာနဲ့ စောင့် ကြည့်ရမှာ ဖြစ်ပါတယ်။
ကောင်းကျိုးပေးတဲ့ အချိန်မှာ ဘဝမမေ့ဖို့၊
မကောင်းကျိုးပေးတဲ့ အချိန်မှာ
စိတ်ဓာတ်မကျဖို့ လိုပါ တယ်။
အရာခပ်သိမ်းဟာ ထာဝရဆိုတာ မရှိဘူး၊
တစ်ခဏသာ ဖြစ်တယ်လို့
ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်ပါ၊
စိတ်တည်ငြိမ်မှုကို ရနိုင်ပါတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
1 year ago | [YT] | 866
View 17 replies
Load more