MyanWell Tele Health Care

Welcome to MyanWell Tele Health Care!

Your trusted source for accessible, reliable, and culturally relevant health information. At MyanWell, we are committed to improving the health and well-being of our community through virtual care, expert insights, and easy-to-understand content.

📌 What you’ll find on our channel:

Telehealth tips and tutorials

Health education videos

Mental health and wellness guidance

Updates on healthcare services and technology

Whether you're looking to manage chronic conditions, understand symptoms, or stay updated on the latest in digital health, MyanWell is here to support you—anytime, anywhere.

🩺 Empowering healthier lives through digital care. Subscribe now and join our growing health-conscious community!

#telemedicine #teleconsultation #healtheducation #medicine #medicaleducation


MyanWell Tele Health Care

😖စားသောက်ဆိုင်မှာ/ထမင်းစားဝိုင်းမှာ အစာနင်တဲ့သူကို အရေးပေါ်အသက်ကယ်လိုက်နိုင်တဲ့ Video ကို ကြည့်ဖူးကြမှာပါ။
🧑‍⚕️အဲ့ဒီအသက်ကယ်နည်းကို Heimlich Maneuver လို့ခေါ်ပါတယ်။ဒီပိုစ့်လေးမှာ မင်မင်တို့က အချိန်ခနပေးဖတ်ရုံနဲ့ အရေးပေါ်အသက်ကယ်နိုင်မယ့် Heimlich Maneuver အကြောင်းပြောပြပေးသွားမှာပါ။
🤢အစာနင်တဲ့အခါ(သို့မဟုတ်)ပစ္စည်းတစ်ခုခုကအသက်ရှုလမ်းကြောင်းမှာ ပိတ်ဆို့မိတဲ့အခါမှာ ကျွန်တော်တို့ ခန္တာကိုယ်မှာ အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
🤔Heimlich Maneuver ဆိုတာဘာလဲ ???
-အားသုံးပြီး ဖိလိုက်တဲ့အခါမှာ diaphragm ကြွက်သားမှတစ်ဆင့် အဆုတ်နှင့်လေပြွန်တွေကနေ ပြန်တွန်းထုတ်လိုက်တဲ့သဘောမျိုးပါ။
အစာနင်တဲ့သူတစ်ယောက်တွေ့ရင် အရင်ဦးဆုံး
-စိတ်ငြိမ်ငြိမ်ထားပါ
-ချောင်းဆိုးနိုင်၊စကားပြောနိုင်လားကြည့်ပါ
(ပြောနိုင်ပါက လုပ်ဆောင်ရန်မလိုသေးဘဲ စောင့်ကြည့်ပါ)
⚠️အကယ်၍
-ချောင်းမဆိုးနိုင်၊စကား‌မပြောနိုင်ရင်
-အသက်ရှုလမ်းကြောင်းပိတ်ဆို့သံထွက်နေရင်
-လည်ပင်းကိုဆုပ်ကိုင်နေတာမျိုးတွေ့ရင်
-နှုတ်ခမ်း၊လက်သည်း‌ခြေသည်း၊မျက်နှာတို့ပြာနှမ်းလာတာတွေ့ရင်Heimlich Maneuver လုပ်ဖို့လိုပါတယ်။
🧑‍⚕️လုပ်ဆောင်နည်းကတော့ (အသက်တစ်နှစ်အထက်လူနာများအတွက်သာ)
-လူနာနောက်မှာရပ်ပြီး ခါးအပေါ်မှတစ်ဆင့်သိုင်းဖက်လိုက်ပါ (ကလေးငယ်အတွက်ဆို နောက်တွင်ဒူးထောက်ရပ်ပါ)
-ချက်နှင့်ရင်ညွှန့်ကြားအလယ်တွင် လက်သီးဆုပ်တစ်ခုကိုပြုလုပ်ပြီး လက်မကို အတွင်းဘက်ထားပါ။
-ကျန်လက်တစ်ဖက်ဖြင့် လက်သီးဆုပ်ကိုမြဲမြဲဆုပ်ကိုင်ပါ
-အားအပြည့်ဖြင့် အတွင်းဖက်သို့ဖိပြီး အပေါ်ဘက်ကိုမ၍ဆွဲပါ
(Inward and Upward)
-မရမချင်း ထပ်ဆွဲပါ
🚑တကယ်လို့ လုပ်နေစဉ်မှာပဲ အောက်ဆီဂျင်ပြတ်၍ သတိလစ်သွားခဲ့ရင်
-လူနာကိုလှဲချပြီး ပိတ်ဆို့ပစ္စည်းမြင်ရပါက ဖယ်ရှားပါ
-အရေးပေါ်အသက်ကယ်နည်း CPR လုပ်ပါ
-အကူအညီတောင်းပါ (နီးစပ်ရာဆေးရုံ၊လူနာတင်ကား)
🫄ကိုယ်ဝန်ဆောင်မိခင်များ၊အဝလွန်လူနာတွေမှာဆိုရင်တော့ ဝမ်းဗိုက်အစား ရင်ညွှန့်အရိုးပြား(နံရိုးနှစ်ဖက်အလယ်ရှိအရိုး)ပေါ်မှ ဖိဆွဲပါ။
Heimlich Maneuver ဟာ ဝမ်းဗိုက်ကိုအားနဲ့ဖိတာဖြစ်တဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေထိခိုက်မှုရှိနိုင်တာမို့ လုပ်ဆောင်မှုအောင်မြင်ခဲ့ရင်တောင် နီးစပ်ရာ ဆေးရုံဆေးခန်းမှာပြသင့်ပါတယ်။
ဒီလောက်ဆို ကိုယ့်ပတ်ဝန်းကျင်မှာ မတော်တဆကြုံလာခဲ့ရင် အသက်ကယ်ဖို့အဆင်ပြေပြီနော်။
💙ကျွန်မတို့ MyanWell channel ကနေ‌ နေ့စဉ်ကျန်းမာရေးဗဟုသုတတွေ ပုံမှန်တင်‌ပေးနေပါတယ်ရှင့်။
မိမိသိရှိလိုတဲ့ ကျန်းမာရေးအကြောင်း၊ရောဂါအကြောင်းတွေကို ကွန်မန့်မှာ မန့်သွားခဲ့လို့ရပါတယ်နော်။
🩺
-နိုင်ငံရပ်ခြားမှာ ဆေးခန်းပြဖို့အဆင်မပြေသူတွေ
-နိုင်ငံခြားမှာ ဆေးရုံပြချင်သူတွေ
-သောက်လက်စဆေးဝါးများကို မှာယူချင်သူတွေ
-အိမ်ကနေ အင်တာနက်မှတဆင့် ဆေးခန်းပြချင်သူ၊တိုင်ပင်ဆွေးနွေးချင်သူတွေအတွက် ကျွန်မတို့ MyanWell Tele Health Care ကနေ စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေပါပြီရှင့်။
Disclaimer: This post is intended only for public health education.

1 year ago | [YT] | 0