⚽️ ဘောလုံးချစ်သူများ မင်္ဂလာပါ! ❤️ Football by မိုးဇက်
YouTube Channel မှ နွေးထွေးစွာ ကြိုဆိုပါတယ်။

ဒီချန်နယ်မှာဆိုရင်....
⚽️ နောက်ဆုံးရ ဘောလုံးသတင်းများ
⚽️ ဘောလုံးပွဲစဉ်တွေရဲ့ သုံးသပ်ချက်နဲ့ ထင်မြင်ချက်ဆောင်းပါးများ
⚽️ ကစားသမားတွေ၊ နည်းပြတွေရဲ့ ထူးခြားဆန်းသစ်တဲ့အကြောင်းအရာများ
⚽️ ဘောလုံးလောကထဲက သမိုင်းကြောင်းနဲ့မှတ်တမ်းများ စတဲ့
ဘောလုံးနဲ့ပတ်သက်တဲ့ အကြောင်းအရာပေါင်းစုံကို
စုံစုံလင်လင်တင်ဆက်ပေးသွားမှာပါ။

မိတ်ဆွေက ကမ္ဘာ့ဘောလုံးအကြောင်း သိကောင်းစရာအစုံအလင်ကို
လက်မလွှတ်တမ်းအားပေးချင်တယ်ဆိုရင် အခုပဲ ချန်နယ်ကို
Subscribe လုပ်လိုက်ပါ။ 🔔 ခေါင်းလောင်းလေးနှိပ်ထားဖို့လည်း မမေ့ပါနဲ့နော်။


Football by MoeZ

"အာဆင်ဝင်းဂါးက ကျနော်နဲ့ကစားဟန်မတူတဲ့
တခြားတိုက်စစ်မှူးမျိုးလိုချင်နေတာကြောင့်ပဲ
အာဆင်နယ်ကထွက်ခွာဖို့ဖြစ်လာခဲ့တာပါ။

အာဆင်နယ်မှာ ကျနော်ဆက်ရှိဖို့မလိုတော့ချိန်မှာ
ချဲလ်ဆီးလို အသင်းကြီးတစ်သင်းကို
ပြောင်းခွင့်ရခဲ့လို့ တကယ်ဝမ်းသာမိပါတယ်။

ချဲလ်ဆီးမှာ မြန်မြန်ဆန်ဆန်အထိုင်ကျခဲ့သလို
ဒီအသင်းနဲ့ အချိန်အကြာကြီးရှိခဲ့တယ်လို့တောင်
ခံစားမိပါတယ်။ ကစားသမားအချင်းချင်းလည်း
အတော်လေးနားလည်မှုရှိခဲ့ပါတယ်။

အသင်းနဲ့အက်ဖ်အေဖလားရခဲ့ပြီး ပွဲတချို့လည်း
ကစားခွင့်ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့
၂၀၁၈ကမ္ဘာ့ဖလားမှာပါ ကစားခွင့်ရခဲ့ပါတယ်။
အဲဒါက ကျနော့အတွက်အကောင်းဆုံးအရာပါပဲ"

ဂျရူးဟာ အာဆင်နယ်မှာ အက်ဖ်အေဖလား
၃ကြိမ်ရခဲ့ပြီး ၂၀၁၈မှာတော့ လန်ဒန်မြို့ခံပြိုင်ဘက်
ချဲလ်ဆီးကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။

ချဲလ်ဆီးမှာတော့ နောက်ထပ် အက်ဖ်အေဖလားတွေ
ထပ်ရခဲ့သလို ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်တို့လို
အထင်ကရဆုဖလားတွေလည်း ရယူနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး ဂျရူးရဲ့ကစားသမားဘဝအကြောင်းကို
ဗီဒီယိုလေးနဲ့ ပြန်လေ့လာချင်တယ်ဆိုရင်တော့
အောက်ကလင့်ခ်လေးမှာ သွားကြည့်နိုင်ပါတယ်။ 👇

https://youtu.be/-dZCcgo6veM

Photo Credit

#OlivierGiroud #Arsenal #Chelsea #PremierLeague

1 day ago |[YT] | 498

Football by MoeZ

လွန်ခဲ့တဲ့နှစ် ၂၀က ဒီနေ့လိုနေ့မျိုးမှာ
ဂျွန်တယ်ရီတစ်ယောက် နောက်ခံလူ
အဖြစ်ကနေ ဂိုးသမားအဖြစ်
ဘဝပြောင်းခဲ့ရပါတယ်။

ပွဲအစမှာတင် ဂိုးသမားပီတာချက်ဟာ
ရီးဒင်းတိုက်စစ်မှူးစတီဖင်ဟန့်နဲ့
ထိခိုက်မိခဲ့လို့ အရန်ဂိုးသမား
ကူဒီစီနီနဲ့ လူစားလဲခဲ့ရပါတယ်။

ဒီလိုနဲ့ ပွဲပြီးခါနီးမှာ ကူဒီစီနီဟာလည်း
ရီးဒင်းနောက်ခံလူဆွန်ကိုနဲ့ထိခိုက်မိလို့
သတိလစ်ခဲ့တာကြောင့် ကွင်းထဲက
ထွက်ခွာရဖို့ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ ချဲလ်ဆီးအနေနဲ့ လူစားလဲမှု
၃ကြိမ်စလုံးလုပ်ထားပြီးဖြစ်တာကြောင့်
နည်းပြဖြစ်တဲ့မော်ရင်ဟိုဟာ ဂျွန်တယ်ရီကို
ဂိုးသမားအဖြစ် တာဝန်ပေးခဲ့ရပါတော့တယ်။

"ကျနော်လည်း ဂိုးမပေးရအောင်လုပ်နိုင်တယ်ဆိုတာ
လူတွေကို သတိပေးခဲ့တာပါ။ ဂိုးမပေးရအောင်
၁၀၀ရာခိုင်နှုန်းလုပ်နိုင်ခဲ့တဲ့ အနည်းငယ်သော
ဂိုးသမားတွေထဲမှာ ကျနော်လည်း အပါအဝင်
ဖြစ်ခဲ့တာမို့ ဒီအတွက် ကျေနပ်ဝမ်းသာမိပါတယ်"

တစ်ချိန်က ပရီးမီးယားလိဂ်ပွဲတွေရဲ့ အမှတ်ရစရာ
အခိုက်အတန့်လေးတစ်ခုပေါ့။ ဒီပွဲကို မှတ်မှတ်ရရ
ကြည့်လိုက်ရသူတွေလည်း ရှိတယ်မဟုတ်လား။

#Photo Credit

#JohnTerry #Chelsea #PremierLeague

2 days ago |[YT] | 507

Football by MoeZ

နွားဖြစ်ချင်နေတဲ့ ကောင်လေးဟာလန်း

"ကျနော် နွားတွေကို တကယ်သဘောကျမိတယ်။
သူတို့နေထိုင်ဖြတ်သန်းတဲ့ပုံစံ၊ လောကကြီးနဲ့
အရာအားလုံးကို သူတို့ရှုမြင်တဲ့ပုံစံကိုရောပေါ့။

သူတို့က တနေကုန်လှဲလျောင်းပြီး အေးဆေးနေမယ်၊
အပြင်ထွက်ပြီး မြက်စားမယ်၊ ဘယ်ကိစ္စကိုမှလည်း
စိတ်ဖိစီးခံပြီး ခေါင်းထဲထည့်မနေကြဘူး။

ကျနော်တို့လူသားတွေအနေနဲ့ နွားတွေဆီကနေ
အတုယူသင်ယူစရာတွေ အများကြီးရှိမယ်ထင်တယ်"

Photo Credit

#Haaland #ManchesterCityFC #PremierLeague

3 days ago |[YT] | 106

Football by MoeZ

ပီအက်စ်ဂျီအသင်းဟာ ကွင်းထဲအထိလာအားပေးတဲ့
သူတို့ရဲ့ပရိသတ်တွေကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ဖို့
နောက်ထပ်ဝန်ဆောင်မှုတစ်ရပ် ပေးလိုက်ပါတယ်။

အဲဒါကတော့ Parc des Princes ကွင်းထဲက
သန့်စင်ခန်းတွေမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို
အခမဲ့ထုတ်ယူနိုင်မယ့်စက်တွေ တပ်ဆင်ခဲ့တာပါ။

ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။

အမျိုးသမီးပရိသတ်တွေအနေနဲ့ ကမ္ဘာ့လူဦးရေ
တစ်ဝက်လောက်ရင်ဆိုင်ဖြတ်သန်းနေရတဲ့
ကိစ္စတစ်ခုကို ကွင်းထဲရောက်မှ ဘယ်လိုမျိုး
ဖြေရှင်းရမလဲဆိုပြီး ဗျာများနေစရာမလိုဘဲ ပွဲတိုင်းကို
သက်သောင့်သက်သာကြည့်ရှုအားပေးနိုင်ဖို့ပါပဲ။

ဒီစီမံကိန်းကိုတာဝန်ယူထားတဲ့ Stephanie de Buck ကတော့
ပရိသတ်တွေရဲ့တုံ့ပြန်မှု အရမ်းကောင်းတယ်လို့ဆိုပါတယ်။

အခုလိုဝန်ဆောင်မှုပေးတာမျိုးက ပီအက်စ်ဂျီတစ်သင်းတည်း
လုပ်တာမဟုတ်ဘဲ ပဲရစ်အက်ဖ်စီ၊ အော်ဇေးနဲ့ ထရိုယက်စ်
အသင်းတွေဟာလည်း ဒီလိုအစီအစဉ်မျိုးကို အသီးသီး
လုပ်ဆောင်ထားကြပြီးဖြစ်ပါတယ်။

Photo Credit

#PSG #ParisFC #Auxerre #Troyes

3 days ago |[YT] | 173

Football by MoeZ

"ကျနော့အိမ်ထောင်ရေးမပြိုကွဲအောင်
အရာအားလုံး အကုန်လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ကျနော်သိလိုက်ရတဲ့သင်ခန်းစာက
ထွက်သွားဖို့ဆုံးဖြတ်ပြီးသား လူတစ်ယောက်ကို
ကိုယ်နဲ့အတူဆက်ရှိနေဖို့ ဘယ်လိုမှ
အတင်းအကျပ်လုပ်ယူလို့မရဘူး ဆိုတာပါပဲ။

၂၀၁၅ခုနှစ်မှာ ကျနော့ဇနီးက ဒီအိမ်ထောင်ရေးကို
ဆက်မသွားချင်တော့ဘူးလို့ လာပြောခဲ့တယ်။
အဲဒီအချိန်မှာ အရင်လိုပြန်ဖြစ်မယ်လို့ယုံကြည်ပြီး
သူစိတ်လည်လာအောင်လုပ်ဖို့ပဲတွေးခဲ့မိတယ်။

ရက်ပေါင်း ၄၀အတွင်း ကိုယ့်လက်တွဲဖော်
စိတ်ပြန်လည်လာအောင်လုပ်နည်း လို စာအုပ်မျိုး
ဖတ်ပြီး အဲဒီအတိုင်း နှစ်ခေါက်တောင်လုပ်ခဲ့သေးတယ်။

လက်ဆောင်တွေပေးတယ်။ စာတွေရေးတယ်။
အံ့အားသင့်စရာအခိုက်အတန့်တွေ ဖန်တီးပေးတယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ သူက
'ကျမ ဆက်မနေချင်တော့ဘူး' ဆိုတဲ့
စကားတစ်ခွန်းကိုပဲ ထပ်ခါတလဲလဲပြောခဲ့တယ်။

ဒါက တကယ့်ကိုရက်စက်တဲ့ထိုးနှက်ချက်ပါပဲ။
ခရစ်ယာန်တစ်ယောက်အနေနဲ့ ကွာရှင်းဖို့ဆိုတာ
ကျနော့အစီအစဉ်တွေထဲမှာ လုံးဝမရှိခဲ့ဘူး။

အိမ်ထောင်ရေးဆိုတာ ထာဝရတည်မြဲရမယ်လို့
ကျမ်းစာထဲမှာဆိုထားပေမယ့် တစ်ဖက်လူက
ဆက်မသွားချင်တော့တဲ့အခါ ခင်ဗျားဘာတတ်နိုင်မှာလဲ။

ကျနော် အဆုံးအထိတိုက်ပွဲဝင်ခဲ့ပေမယ့်
နောက်ဆုံးကျမှ အဓိကအချက်ကို သိခဲ့ရတယ်။

ချစ်ခြင်းမေတ္တာဆိုတာ အတင်းအကျပ်လုပ်ယူလို့မရဘူး။
အချစ်ဆိုတာ နေ့ရက်တိုင်းမှာ ကိုယ်တိုင်ကြိုးစားပြီး
တည်ဆောက်ယူရတဲ့ရွေးချယ်မှုတစ်ခုပါပဲ။

တကယ်လို့များ လူတစ်ယောက်က ခင်ဗျားကို
မရွေးချယ်တော့ဘူးဆိုရင် ခင်ဗျားအနေနဲ့လည်း
သူ့ကို စွန့်လွှတ်လိုက်ရတော့မှာပေါ့"

(ကာကာ)

Photo Credit

#Kaka #Brazil #ACMilan #RealMadrid

3 days ago |[YT] | 1,329

Football by MoeZ

"ကျနော်နောင်တရမိတဲ့ကိစ္စတွေ အများကြီးရှိပါတယ်။
ကလေးဘဝတုန်းက အင်္ဂလိပ်စာ မသင်ခဲ့မိတာလည်း
တစ်ခုအပါအဝင်ပေါ့။ အနည်းဆုံးတော့ အင်္ဂလိပ်စာကို
လေ့လာထားဖို့ အချိန်တွေရှိခဲ့သားနဲ့ မလုပ်ခဲ့မိဘူး။
အဲဒါအတွက် တကယ်ကို နောင်တရမိတယ်။

တကယ်ကို အရေးပါပြီး ထူးချွန်ထက်မြက်တဲ့
ပုဂ္ဂိုလ်တွေနဲ့ အတူရှိနေချိန်၊ စကားပြောဆိုဆွေးနွေးလို့ရမယ့်
အခြေအနေမျိုးတွေ ကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်
ဘာမှနားမလည်တဲ့သူတစ်ယောက်လို ခံစားခဲ့ရဖူးတယ်။

အဲဒီလိုအချိန်မျိုးဆို ကျွန်တော် အမြဲတွေးမိတယ်။
'ငါ ငတုံးပဲ၊ အချိန်တွေဖြုန်းခဲ့မိတယ်' ဆိုပြီးတော့ပေါ့။

ငယ်ရွယ်ချိန်မှာတော့ ဒါကို သတိမထားမိကြဘူးလေ။
အခုတော့ ပညာတတ်ဖို့လိုတယ်၊ သင်ယူဖို့လိုတယ်၊
ဒီအတွက်လည်း ပြင်ဆင်ထားရမယ်လို့
ကျနော့ကလေးတွေကို ပြောပြထားတယ်။

ဒါကိုကောင်းကောင်းအသုံးချဖို့ ကျနော့ကလေးတွေကို
အမြဲတမ်းဆုံးမတယ်။ အခုသူတို့ကြုံရတဲ့အခြေအနေက
ကျနော့တုန်းကနဲ့ မတူတော့ဘူးလေ"

Photo Credit

#Messi #English #Learning #Education

4 days ago |[YT] | 487

Football by MoeZ

တန်းတက်အသင်းများရဲ့ပဲ့ကိုင်ရှင်

စကော့ပါကားဟာ လွန်ခဲ့တဲ့ ၆နှစ်အတွင်းမှာ
မတူညီတဲ့ကလပ်အသင်း ၃သင်းကို
ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို
တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ် (၂၀၁၉/၂၀၂၀)
ဘုန်းမောက် (၂၀၂၁/၂၀၂၂)
ဘန်လေ (၂၀၂၄/၂၀၂၅)

ဒီနေ့ကတော့ စကော့ပါကားရဲ့မွေးနေ့ဖြစ်ပါတယ်။

Photo Credit

#ScottParker #Fulham #Bournemouth #Burnley #PremierLeague

4 days ago |[YT] | 312

Football by MoeZ

မနှစ်က ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းကို
တန်းဆင်းခဲ့ရတဲ့ လက်စတာစီးတီးကတော့
ဒုက္ခနွံထဲကနေ ရုန်းမထွက်နိုင်သေးပါဘူး။

အိမ်ကွင်းမှာ ပီတာဘရော့ကို ၃-၁နဲ့
ရှုံးခဲ့တဲ့နောက် လိဂ်ဝမ်းမှာ အဆင့်-၁၇အထိ
ရောက်သွားခဲ့ပြီး ရာသီအဖွင့် ၈ပွဲမှာ ၂ပွဲပဲ
နိုင်ထားတာမို့ ရလဒ်တွေဆိုးနေပါတယ်။

ပီတာဘရော့နဲ့ပွဲမှာဆိုရင် ပထမပိုင်းမှာတင်
၃-၀နဲ့ရှုံးနေခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့်ပဲ
ပရိသတ်တွေဟာ ဒုတိယပိုင်းမစခင်မှာတင်
ကွင်းထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ပရီးမီးယားလိဂ်
ချန်ပီယံဆုကို အံ့အားသင့်ဖွယ်ရာ ရယူနိုင်ခဲ့တဲ့
အသင်းတစ်သင်းက ဒီလောက်အထိ
ကျဆင်းသွားခဲ့တာ မယုံနိုင်စရာပါပဲ။

လက်ရှိအင်္ဂလန်တတိယတန်းလိဂ်ဖြစ်တဲ့
လိဂ်ဝမ်းမှာရုန်းကန်နေရတဲ့လက်စတာအနေနဲ့
လိဂ်တူးဆိုတဲ့ စတုတ္ထတန်းအထိသာ
တန်းဆင်းခဲ့ရမယ်ဆိုရင် အင်္ဂလိပ်ဘောလုံးလောကရဲ့
အဆိုးရွားဆုံးဒရမ်မာဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာပါ။

Photo Credit

#LeicesterCityFC #LeagueOne #PremierLeague

4 days ago |[YT] | 331

Football by MoeZ

ကင်စလေကိုးမန်းရဲ့ အင်စတာဂရမ်အကောင့်ကတော့
ရော်နယ်ဒိုပရိသတ်တွေရဲ့ ဒေါသပေါက်ကွဲရာ
နေရာသစ်တစ်ခုဖြစ်လာခဲ့ပါတယ်။

အဲလ်နာဆာနဲ့ အဲလ်ဒီရီယာတို့ကစားခဲ့တဲ့ပွဲမှာ
ရော်နယ်ဒိုဟာ ကွင်းလယ်ဘက် မီတာ ၅၀လောက်
အကွာအဝေးကနေပြေးတက်လာပြီး သူ့ကိုပေးဖို့
ကိုးမန်းဆီက ဘောလုံးတောင်းခဲ့တာပါ။

ဒါပေမဲ့ ကိုးမန်းက ရော်နယ်ဒိုကိုဘောလုံးမပေးဘဲ
သူ့ဘာသာကန်ပြီး ဂိုးသွင်းသွားခဲ့တာကြောင့်
ရော်နယ်ဒိုရဲ့ပရိသတ်တွေက ကိုးမန်းရဲ့
အင်စတာဂရမ်အကောင့်မှာ ပေါက်ကွဲခဲ့ကြတာပါ။

အဲဒီက ကွန်းမန့်တချို့က ဒီလိုပါ။

"ရော်နယ်ဒိုကို ဘောလုံးပေးလေ။ နောက်ထပ်ဘရူနို
မလုပ်နဲ့။ ဒီလူ ဂိုး ၁၀၀၀ပြည့်အောင်သွင်းပါစေလား"

"ရော်နယ်ဒိုကို ဘောလုံးပေးလိုက်လေ။ မင်းကိုယ်မင်း
ဘာထင်နေလဲ။ အခုချက်ချင်း ဘောလုံးပေးလိုက်"

"အဲဒီဂိုးက မင်းနဲ့မထိုက်တန်ဘူး။ အဲဒါရော်နယ်ဒိုရဲ့ဂိုး"

"ရော်နယ်ဒိုကို ဘာလို့ဘောလုံးမပေးတာလဲ။
မင်းဘာကောင်ဖြစ်ဖြစ် ငါတို့ဂရုမစိုက်ဘူး။
ငါတို့လိုချင်တာ သူ ဂိုး ၁၀၀၀ပြည့်ဖို့ပဲ"

ရော်နယ်ဒိုပရိသတ်တွေ အားပေးကြမ်းချက်က
ကြောက်စရာ လန့်စရာပါပဲဗျာ။

Photo Credit

#CristianoRonaldo #AlNassr #SaudiProLeague

5 days ago |[YT] | 231

Football by MoeZ

၂၀၀၉ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ
ရှုံးနိမ့်ပြီးပြီးချင်းမှာပဲ၊ တဲဗက်ဇ်တစ်ယောက်
မန်ယူကနေ မန်စီးတီးကို ပြောင်းရွှေ့မယ့်ကိစ္စ
အတည်ဖြစ်သွားခဲ့ပါတယ်။

နာကျင်စရာ ရှုံးပွဲကြောင့် သရဲနီပရိသတ်တွေ
အရှိုက်အထိုးခံထားရတုန်း ညတွင်းချင်းဆိုသလိုပဲ၊
'အပါချီ' လို့ နာမည်ပြောင်ပေးထားကြတဲ့
တဲဗက်ဇ်ဟာ ပြိုင်ဘက်ဆီ ဘက်ပြောင်းသွားခဲ့တာပါ။

အဲဒီအချိန်တုန်းက မန်ယူပရိသတ်တွေ တဲဗက်ဇ်ကို
ဘယ်လောက်တောင် ဒေါသထွက်ခဲ့ကြလဲဆိုရင်
အမှိုက်ကားတစ်စီးကို ငှားပြီး ကားပေါ်မှာ
“မင်းတို့ဆီက တဲဗက်ဇ်ဂျာစီတွေကို
အမှိုက်ပုံးထဲသာ လွှင့်ပစ်လိုက်ပါ” ဆိုတဲ့
စာတန်းချိတ်ဆွဲကာ မြို့ထဲပတ်မောင်းခဲ့ကြပါတယ်။

ပြီးတော့ တဲဗက်ဇ်ရဲ့ ကျောနံပါတ် ၃၂ ပါတဲ့
မန်ယူဂျာစီတွေကို အမှိုက်ကားနဲ့လိုက်သိမ်းခဲ့ကြတာပါ။

ဒီဖြစ်ရပ်ကို သိလိုက်၊ မီလိုက်တဲ့သူတွေရှိကြလား။

Photo Credit

#CarlosTevez #ManUtd #ManCity #PremierLeague

5 days ago |[YT] | 159