တိတ်ဆိတ်နေရသူများရဲ့ အသံ
MNO NEWS
25 JANUARY 2026ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းမှ စစ်သားများဟာ ပြည်သူအိမ်များမှ ပစ္စည်းများခိုးယူနေစဥ် PDF များကသွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက် နေ့လည် ၁၁ နာရီခန့်တွင်ကံစုရွာထဲမှာ စစ်သားများကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သားများက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ထွက်ပြေးသွားတဲ့စစ်သားများရဲ့ ပစ္စည်းများကို PDF တပ်များက သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ Phoenix DF အဖွဲ့က ဖော်ပြထားပါတယ်။အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ Phoenix DFတပ်ဖွဲ့မှ ရဲဘော်များကဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
10 hours ago | [YT] | 148
View 0 replies
25 JANUARY 2026ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရွေးကောက်ပွဲ လုပ်တဲ့ နေရာ ၆ ခုကို ဖြူးမြို့နယ်ပကဖ အဖွဲ့က ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ မီးပွိုင့်၊ရဲစခန်းနဲ့ အ.ထ.က ၃ ကျောင်းရှေ့တို့မှာ ဖြူး ပကဖ အဖွဲ့ဝင်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် ဖြူးမြို့နယ်၊ညောင်ပင်သာမြို့ရှိ ဘောလုံးကွင်း၊သစ်စက်နဲ့ အ.ထ.က ကျောင်းရှေ့တို့မှာလည်း ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ ဖြူးမြို့နယ်ရှိ ပြည်သူများကို မဲလာမပေးပါက ထောင် ၃ နှစ်ချမယ်လို့ စစ်တပ်က ခြိမ်းခြောက်ထားတဲ့အတွက် စစ်တပ်ကိုသတိပေးတဲ့အနေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။မိုင်းခွဲတိုက်ခိုက်မှုများကို ဖြူးမြို့နယ် ပကဖ အဖွဲ့မှ ရဲဘော်များက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
11 hours ago | [YT] | 117
25 JANUARY 2026မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ လယ်သစ်ရွာမှာရွေးကောက်ပွဲလုပ်မဲ့ မဲရုံကို PDF များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ လယ်သစ်ရွာမှာရွေးကောက်ပွဲလုပ်မဲ့ မဲရုံကို PDF များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ မနက်အစောပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး မဲရုံပျက်စီးသွားသဖြင့် လယ်သစ်ရွာမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် နေ့လည်ပိုင်းမှာ မြင်းခြံမြို့ပေါ်ရှိ ကြံခိုင်ရေးပါတီရုံးကိုလည်း PDF များကဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုများကို မည်သည့် PDF တပ်ဖွဲ့များက ပြုလုပ်ခဲ့လဲဆိုတာMNO NEWS အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ မြင်းခြံမြို့ပေါ်မှာလည်း မဲပေးသူနည်းပါးခဲ့ပြီး မြို့ထဲမှာ ပျူစောထီးနဲ့ စစ်တပ်တို့က ကားဖြင့် လှည့်လည်ပြီး စစ်ဆေးမှုများပြုလုပ်နေတယ်လို့ သိရပါတယ်။
12 hours ago | [YT] | 108
25 JANUARY 2026မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အင်ပင်ရွာအနီးရှိ စစ်တပ်ဂိတ်ကို ရှော့တိုက်ဒုံး၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ရုပ်သံကို COBRA ONE တပ်ဖွဲ့က ဇန်နဝါရီလ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၆နာရီခန့်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်မှုများရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။ည ၈ နာရီခန့်မှာ စစ်တပ်ဘက်က အင်ပင်ရွာပြင်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို COBRA ONE တပ်ဖွဲ့နဲ့အောင်မြေပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
12 hours ago | [YT] | 36
25 JANUARY 2026မကွေးတိုင်း၊မြိုင်မြိုနယ်တွင်ရိက္ခာ ရှာထွက်လာတဲ့ စစ်သားများနဲ့ မြိုင်ပကဖ အဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပကဖ အဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ပြီး ပကဖ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ဇန်နဝါရီလ (၂၂) ရက်နေ့က ကန်နီ ပျူစောထီးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ပါတယ်။သေဆုံးသွားတဲ့ပျူစောထီးများရဲ့လက်နက်ကို ပကဖရဲဘော်တွေက သွားယူစဥ် စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ပကဖ အဖွဲ့ဝင်များကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ပျူစောထီးများ ထိခိုက်သေဆုံးမှုနဲ့ ပတ်သတ်ပြီး MNO NEWS အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။လက်ရှိတွင် ကန်နီရွာရှိ စစ်တပ်နဲ့ ပျူစောထီးများဟာ စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ်လာသဖြင့် ပြည်သူများ သတိထားနေထိုင်ကြဖို့ မြိုင် ပကဖက ထုတ်ပြန်ထားပါတယ်။
13 hours ago | [YT] | 32
25 JANUARY 2026ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသူမိန်ရွာမှာရွေးကောက်ပွဲလုပ်ဖို့အတွက် လုံခြုံရေးယူပေးနေတဲ့စစ်သားများကို ပဲခူးခရိုင် ပကဖ အဖွဲ့က ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဇန်နဝါရီလ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်မှုများရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။တိုက်ခိုက်မှုအပြီးတွင် PDF ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကို ပဲခူးခရိုင် ပကဖ လက်နက်ကြီးတပ်ဖွဲ့နဲ့ KNLA တပ်ရင်း ၇မှ ရဲဘော်များက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
15 hours ago | [YT] | 137
View 1 reply
25 JANUARY 2026ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင်အထွက်ကို စစ်တပ်က ပိတ်ဆို့ထားပြီးရွေးကောက်ပွဲလုပ်နေပေမယ့် PDF တပ်များက စစ်တပ်ရှိရာနေရာများကို လက်နက်ကြီးများနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ဒီကနေ့ မနက်ပိုင်းမှာ ဖားကန့်မြို့ပေါ်ရပ်ကွက် ၄ ခုမှာ ရွေးကောက်ပွဲအတွက်မဲရုံများဖွင့်လှစ်ထားပြီး စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ဖားကန့်မြို့ အဝင်ပန်းတင်တံတား နဲ့ ဖားကန့်မြို့လယ်ခေါင်ရှိ ကျောက်စိမ်းတောင်တံတားနေရာတို့ကို စစ်တပ်က ပိတ်ဆို့ထားတာပါ။ဇန်နဝါရီလ ၂၄ ရက်နေ့ညပိုင်းကစပြီး ဒီကနေ့မနက်ပိုင်းအထိ PDF တပ်နဲ့ စစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုများရှိတယ်လို့ သိရပါတယ်။ ဖားကန့်မြို့ရှိ ပြည်သူများအနေနဲ့ မဲရုံများအနားကို သွားလာခြင်းမပြုဘဲ နေအိမ်များမှာဘဲ သတိထားနေထိုင်ကြဖို့ PDF များက သတိပေးထားပါတယ်။
18 hours ago | [YT] | 113
25 JANUARY 2026ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များရှိတဲ့ နေရာကို စစ်တပ်က ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျောက်ဖြူမြို့နယ်၊မူရွင်းရွာ စာသင်ကျောင်းရှိ စစ်ဘေးရှောင်များနေတဲ့နေရာကို စစ်တပ်က အသေခံဒရုန်း ၂ စီး ဖြင့် ဗုံးကြဲခဲ့တာပါ။တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းလည်း ပျက်စီးသွားခဲ့ပါတယ်။ ဇန်နဝါရီလ ၂၂ ရက်ကလည်း ဇင်ချောင်းကုန်ဘွေရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ကျောက်ဖြူမြို့နယ်ရှိ ပြည်သူများအနေဖြင့် စစ်တပ် ရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကို သတိထားပြီးနေထိုင်ကြဖို့ AA က သတိပေးထားပါတယ်။
21 hours ago | [YT] | 59
25 JANUARY 2026စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမှာရှိတဲ့ စစ်တပ်ဂိတ်ကို Yae Nagar အဖွဲ့ က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၇ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးကာ ၃ ဦး ထိခိုက်သွားတယ်လို့ ဖော်ပြထားပါတယ်။စစ်သားများ ထိခိုက်သေဆုံးမှုနဲ့ ပတ်သတ်ပြီး MNO NEWS အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။တိုက်ခိုက်မှုကို Yae Nagar အဖွဲ့နဲ့ မုံရွာခရိုင် ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
21 hours ago | [YT] | 116
24 JANUARY 2026မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ကျေးရွာများကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်စီးနေတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Ayar Daung တပ်ဖွဲ့မှ ထုတ်ပြန်ပါတယ်။ဇန်နဝါရီလ ၂၃ ရက်နေ့၊နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် ကြိုးတန်းရွာကို မီးရှို့ဖျက်စီးပြီးထွက်လာတဲ့စစ်ကြောင်းကို PDF များကတိုက်ခိုက်ရာ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲအတွင်း စစ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ Ayar Daung တပ်ဖွဲ့မှ ဖော်ပြထားပါတယ်။တိုက်ခိုက်မှုကို Ayar Daung တပ်ဖွဲ့နဲ့အတူမဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
1 day ago | [YT] | 165
Load more
MNO NEWS
25 JANUARY 2026
ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်၊ တောင်ညို
ရဲစခန်းမှ စစ်သားများဟာ ပြည်သူအိမ်
များမှ ပစ္စည်းများခိုးယူနေစဥ် PDF များက
သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက် နေ့လည် ၁၁ နာရီခန့်တွင်
ကံစုရွာထဲမှာ စစ်သားများကို တိုက်ခိုက်
ခဲ့တာဖြစ်ပြီး စစ်သားများက ထွက်ပြေး
သွားတယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့စစ်သားများရဲ့ ပစ္စည်း
များကို PDF တပ်များက သိမ်းဆည်းရရှိ
ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁
၊ တပ်ခွဲ ၂ Phoenix DF အဖွဲ့က ဖော်ပြ
ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်
တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ Phoenix DF
တပ်ဖွဲ့မှ ရဲဘော်များကဆောင်ရွက်ခဲ့တာ
ဖြစ်ပါတယ်။
10 hours ago | [YT] | 148
View 0 replies
MNO NEWS
25 JANUARY 2026
ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရွေးကောက်ပွဲ လုပ်တဲ့
နေရာ ၆ ခုကို ဖြူးမြို့နယ်ပကဖ အဖွဲ့က
ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့
ပါတယ်။
ဒီကနေ့ မနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ မီးပွိုင့်၊ရဲစခန်းနဲ့ အ.ထ.က ၃ ကျောင်းရှေ့တို့မှာ
ဖြူး ပကဖ အဖွဲ့ဝင်တွေက မိုင်းခွဲတိုက်ခိုက်
ခဲ့တာပါ။
ဒါ့အပြင် ဖြူးမြို့နယ်၊ညောင်ပင်သာမြို့ရှိ
ဘောလုံးကွင်း၊သစ်စက်နဲ့ အ.ထ.က ကျောင်း
ရှေ့တို့မှာလည်း ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ပြီး
ပြည်သူများ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဖော်ပြ
ထားပါတယ်။
ဖြူးမြို့နယ်ရှိ ပြည်သူများကို မဲလာမပေး
ပါက ထောင် ၃ နှစ်ချမယ်လို့ စစ်တပ်က
ခြိမ်းခြောက်ထားတဲ့အတွက် စစ်တပ်ကို
သတိပေးတဲ့အနေနဲ့ မိုင်းခွဲတိုက်ခိုက်
ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုများကို ဖြူးမြို့နယ်
ပကဖ အဖွဲ့မှ ရဲဘော်များက
ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
11 hours ago | [YT] | 117
View 0 replies
MNO NEWS
25 JANUARY 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ လယ်သစ်
ရွာမှာရွေးကောက်ပွဲလုပ်မဲ့ မဲရုံကို PDF များ
က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ လယ်သစ်
ရွာမှာရွေးကောက်ပွဲလုပ်မဲ့ မဲရုံကို PDF များ
က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ မနက်အစောပိုင်းက တိုက်ခိုက်
ခဲ့တာဖြစ်ပြီး မဲရုံပျက်စီးသွားသဖြင့်
လယ်သစ်ရွာမှာ ရွေးကောက်ပွဲမလုပ်
နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် နေ့လည်ပိုင်းမှာ မြင်းခြံမြို့ပေါ်ရှိ
ကြံခိုင်ရေးပါတီရုံးကိုလည်း PDF များက
ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကို မည်သည့်
PDF တပ်ဖွဲ့များက ပြုလုပ်ခဲ့လဲဆိုတာ
MNO NEWS အနေနဲ့ သီးခြားအတည်
ပြုနိုင်ခြင်း မရှိသေးပါ။ မြင်းခြံမြို့ပေါ်မှာလည်း မဲပေးသူနည်းပါးခဲ့
ပြီး မြို့ထဲမှာ ပျူစောထီးနဲ့ စစ်တပ်တို့က
ကားဖြင့် လှည့်လည်ပြီး စစ်ဆေးမှုများပြု
လုပ်နေတယ်လို့ သိရပါတယ်။
12 hours ago | [YT] | 108
View 0 replies
MNO NEWS
25 JANUARY 2026
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အင်ပင်ရွာအနီး
ရှိ စစ်တပ်ဂိတ်ကို ရှော့တိုက်ဒုံး၄ လုံးဖြင့်
ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ရုပ်သံကို COBRA ONE
တပ်ဖွဲ့က ဇန်နဝါရီလ ၂၅ရက်နေ့မှာ ထုတ်ပြန်
ပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၆နာရီခန့်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်မှုများရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ည ၈ နာရီခန့်မှာ စစ်တပ်ဘက်က အင်ပင်ရွာပြင်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို COBRA ONE တပ်ဖွဲ့နဲ့အောင်မြေပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
12 hours ago | [YT] | 36
View 0 replies
MNO NEWS
25 JANUARY 2026
မကွေးတိုင်း၊မြိုင်မြိုနယ်တွင်ရိက္ခာ ရှာထွက်
လာတဲ့ စစ်သားများနဲ့ မြိုင်ပကဖ အဖွဲ့ဝင်များ
တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပကဖ အဖွဲ့ဝင် ၃ ဦး
ကျဆုံးခဲ့ပြီး ပကဖ ၁ ဦးကို စစ်တပ်က ဖမ်းဆီး
သွားပါတယ်။
ဇန်နဝါရီလ (၂၂) ရက်နေ့က ကန်နီ ပျူစော
ထီးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး
ပျူစောထီး ၂ ဦးသေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ပျူစောထီးများရဲ့
လက်နက်ကို ပကဖရဲဘော်တွေက
သွားယူစဥ် စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်
ပကဖ အဖွဲ့ဝင်များကျဆုံးခဲ့တာဖြစ်တယ်
လို့ သိရပါတယ်။
ပျူစောထီးများ ထိခိုက်သေဆုံးမှုနဲ့
ပတ်သတ်ပြီး MNO NEWS အနေနဲ့
သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
လက်ရှိတွင် ကန်နီရွာရှိ စစ်တပ်နဲ့ ပျူစောထီး
များဟာ စစ်ရေးလှုပ်ရှားမှုများပိုမိုပြုလုပ်လာ
သဖြင့် ပြည်သူများ သတိထားနေထိုင်ကြဖို့
မြိုင် ပကဖက ထုတ်ပြန်ထားပါတယ်။
13 hours ago | [YT] | 32
View 0 replies
MNO NEWS
25 JANUARY 2026
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသူမိန်ရွာမှာ
ရွေးကောက်ပွဲလုပ်ဖို့အတွက် လုံခြုံရေး
ယူပေးနေတဲ့စစ်သားများကို ပဲခူးခရိုင်
ပကဖ အဖွဲ့က ရှော့တိုက်ဒုံးများနဲ့ ပစ်
ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့တာ
ဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်မှုများရှိ
နိုင်တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအပြီးတွင် PDF ရဲဘော်များ
အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့
ပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပဲခူးခရိုင် ပကဖ
လက်နက်ကြီးတပ်ဖွဲ့နဲ့ KNLA တပ်ရင်း ၇
မှ ရဲဘော်များက ပူးပေါင်းဆောင်ရွက်
ခဲ့တာဖြစ်ပါတယ်။
15 hours ago | [YT] | 137
View 1 reply
MNO NEWS
25 JANUARY 2026
ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင်အထွက်
ကို စစ်တပ်က ပိတ်ဆို့ထားပြီးရွေးကောက်ပွဲ
လုပ်နေပေမယ့် PDF တပ်များက စစ်တပ်ရှိရာ
နေရာများကို လက်နက်ကြီးများနဲ့ တိုက်ခိုက်ခဲ့
ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ဖားကန့်မြို့ပေါ်
ရပ်ကွက် ၄ ခုမှာ ရွေးကောက်ပွဲအတွက်
မဲရုံများဖွင့်လှစ်ထားပြီး စစ်တပ်က လုံခြုံ
ရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက
ဖားကန့်မြို့ အဝင်ပန်းတင်တံတား နဲ့
ဖားကန့်မြို့လယ်ခေါင်ရှိ ကျောက်စိမ်း
တောင်တံတားနေရာတို့ကို စစ်တပ်က ပိတ်
ဆို့ထားတာပါ။
ဇန်နဝါရီလ ၂၄ ရက်နေ့ညပိုင်းကစပြီး
ဒီကနေ့မနက်ပိုင်းအထိ PDF တပ်နဲ့
စစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှုများ
ရှိခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုများ
ရှိတယ်လို့ သိရပါတယ်။
ဖားကန့်မြို့ရှိ ပြည်သူများအနေနဲ့ မဲရုံများ
အနားကို သွားလာခြင်းမပြုဘဲ နေအိမ်များ
မှာဘဲ သတိထားနေထိုင်ကြဖို့ PDF များက
သတိပေးထားပါတယ်။
18 hours ago | [YT] | 113
View 0 replies
MNO NEWS
25 JANUARY 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ စစ်ဘေး
ရှောင်များရှိတဲ့ နေရာကို စစ်တပ်က ဆက်
တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AA က
ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျောက်ဖြူမြို့
နယ်၊မူရွင်းရွာ စာသင်ကျောင်းရှိ စစ်ဘေး
ရှောင်များနေတဲ့နေရာကို စစ်တပ်က အသေ
ခံဒရုန်း ၂ စီး ဖြင့် ဗုံးကြဲခဲ့တာပါ။
တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
ကာ ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာ
ရရှိခဲ့ပြီး စာသင်ကျောင်းလည်း ပျက်စီး
သွားခဲ့ပါတယ်။
ဇန်နဝါရီလ ၂၂ ရက်ကလည်း ဇင်ချောင်း
ကုန်ဘွေရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲ
သဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်ရှိ ပြည်သူများအနေဖြင့်
စစ်တပ် ရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကို
သတိထားပြီးနေထိုင်ကြဖို့ AA က သတိပေး
ထားပါတယ်။
21 hours ago | [YT] | 59
View 0 replies
MNO NEWS
25 JANUARY 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-
မန္တလေး လမ်းမှာရှိတဲ့ စစ်တပ်ဂိတ်ကို
Yae Nagar အဖွဲ့ က ဒရုန်းဖြင့် ဗုံးကြဲ
တိုက်ခိုက်ခဲ့ပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ
၄၇ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး
စစ်သား ၂ ဦး သေဆုံးကာ ၃ ဦး ထိခိုက်
သွားတယ်လို့ ဖော်ပြထားပါတယ်။
စစ်သားများ ထိခိုက်သေဆုံးမှုနဲ့ ပတ်သတ်
ပြီး MNO NEWS အနေနဲ့ သီးခြား အတည်
ပြုနိုင်ခြင်း မရှိသေးပါ။
တိုက်ခိုက်မှုကို Yae Nagar အဖွဲ့နဲ့ မုံရွာခရိုင်
ပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့တို့က ပူးပေါင်း
လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
21 hours ago | [YT] | 116
View 0 replies
MNO NEWS
24 JANUARY 2026
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ကျေးရွာ
များကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်စီး
နေတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့
ကြောင်း Ayar Daung တပ်ဖွဲ့မှ ထုတ်ပြန်
ပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့၊နံနက် ၆ နာရီ ၂၅
မိနစ်ခန့်တွင် ကြိုးတန်းရွာကို မီးရှို့ဖျက်စီး
ပြီးထွက်လာတဲ့စစ်ကြောင်းကို PDF များက
တိုက်ခိုက်ရာ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့
ပါတယ်။
တိုက်ပွဲအတွင်း စစ်သားများ ထိခိုက်သေဆုံး
မှု ရှိခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်
သေးဘူးလို့ Ayar Daung တပ်ဖွဲ့မှ ဖော်ပြ
ထားပါတယ်။
တိုက်ခိုက်မှုကို Ayar Daung တပ်ဖွဲ့နဲ့အတူ
မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်
ခဲ့တာ ဖြစ်ပါတယ်။
1 day ago | [YT] | 165
View 1 reply
Load more