Marcus Simplify မှ ကြိုဆိုပါတယ်ခင်ဗျာ။
ဒီ Channel မှာ သမိုင်း၊ လျှို့ဝှက်ဆန်းကြယ်မှုများ၊ မယုံနိုင်ဖွယ် ဖြစ်ရပ်မှန်များ၊ လူသားတွေရဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းများနဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ အဖြစ်အပျက်တွေကို ရှင်းလင်းလွယ်ကူပြီး စိတ်ဝင်စားဖွယ်ဖြစ်အောင် ဇာတ်လမ်းပြောပြတဲ့ ပုံစံနဲ့ ဖန်တီးတင်ဆက်ပေးနေပါတယ်ခင်ဗျ။
Video တစ်ပုဒ်ချင်းစီအတွက် သေချာစွာသုတေသနပြုလုပ်ခြင်း၊ ဇာတ်လမ်းဖွဲ့စည်းခြင်း၊ အသံတင်ဆက်ခြင်းနှင့် Editing များကို အချိန်ယူ ဖန်တီးထားပြီး ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို နားလည်လွယ်ကူစေရန် ရည်ရွယ်တင်ဆက်ထားပါတယ်ဗျာ
- သမိုင်းနောက်ကွယ်မှ စိတ်ဝင်စားဖွယ် အမှန်တရားများ
- ကမ္ဘာတစ်ဝှမ်းမှ ထူးဆန်းသော ဖြစ်ရပ်များ
- လူသိနည်းသော ဇာတ်လမ်းများ
- သိပ္ပံ၊ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို
Marcus Simplify နဲ့အတူ လေ့လာကြရအောင်
Join Marcus Simplify as we uncover the stories behind history, mystery, and the world around us.
Marcus Simplify
လာမယ့် တနင်္ဂနွေနေ့မှာ တင်ဆက်မယ့် Video အတွက် ခံစားမှုရသ စုံလင်အောင် ၊ ဗဟုသုတတွေလည်း တိုးပွားရလေအောင် သေသေချာချာလေး ပြင်ဆင်ဖန်တီးနေပါတယ်ဗျ
Sunday မှာ ဆုံကြမယ်ခင်ဗျာ
🥰🥰🥰
1 month ago | [YT] | 55
View 3 replies
Marcus Simplify
မင်္ဂလာပါ မိတ်ဆွေများခင်ဗျား
ဒီနေ့ည ၇ နာရီမှာ အချစ်နဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့ နိုင်ငံ ၇ နိုင်ငံအကြောင်းကို အကျဉ်းချုံး တင်ဆက်ပေးသွားပါမယ်နော်
Live ပြသပေးသွားမှာမို့ Noti ခေါင်းလောင်းလေးကို နှိပ်သွားပေးကြပါဦး 🥰🥰🥰
2 months ago | [YT] | 34
View 1 reply
Marcus Simplify
အချစ်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အပြည့်အဝပေးထားတဲ့ နိုင်ငံမှာ နေထိုင်ရရင် ဘယ်လိုနေမလဲ စဉ်းစားဖူးပါသလား? 🤔
ကမ္ဘာပေါ်မှာ လူသားတွေရဲ့ ရွေးချယ်ခွင့်၊ လွတ်လပ်စွာချစ်ခွင့်နဲ့ ဘဝနေထိုင်မှုပုံစံတွေကို ဘောင်ခတ်မထားဘဲ အမြင့်မားဆုံး လွတ်လပ်ခွင့်ပေးထားတဲ့ နိုင်ငံတွေ ရှိပါတယ်။
ဥပမာ - ကလေးမွေးရင် မိဘနှစ်ပါးစလုံးကို အလုပ်နားခွင့် ရက်ပေါင်း (၄၈၀) အထိပေးတဲ့ နိုင်ငံ... လိင်တူချစ်သူကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့တဲ့ နိုင်ငံ မျိုးတွေပေါ့။
ဒီလို အချစ်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အတန်ဖိုးထားဆုံး ကမ္ဘာ့ထိပ်တန်း (၇) နိုင်ငံအကြောင်းကို စိတ်ဝင်စားစရာ အချက်အလက်တွေနဲ့တကွ သေချာစုစည်းပြီး ဗီဒီယိုအသစ် တင်ဆက်ပေးသွားဖို့ ရှိပါတယ်။
ဒီ (၇) နိုင်ငံထဲမှာ ဘယ်နိုင်ငံက နံပါတ် (၁) နေရာမှာ ရှိနေမယ်လို့ ထင်ပါသလဲ? မှန်အောင် ခန့်မှန်းနိုင်မလားဆိုတာ အောက်က Comment မှာ ဝင်ရောက်ဆွေးနွေးသွားပေးကြပါဦး 👇
📅 ဒီလ ၃၁ ရက်နေ့မှာ ဗီဒီယိုအသစ် ထွက်လာမှာမို့ စောင့်မျှော်ကြည့်ရှုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။
2 months ago (edited) | [YT] | 55
View 6 replies
Marcus Simplify
အလင်းရောင် လုံးဝမရှိတဲ့ မြေအောက်အမှောင်ထုထဲမှာ ခင်ဗျားသာ တစ်ယောက်တည်း ပိတ်မိသွားခဲ့ရင်............
ဒီနေ့ည ၇ နာရီတိတိမှာ... "မြေအောက်ကမ္ဘာက ထိတ်လန့်ဖွယ် ရှာဖွေတွေ့ရှိမှု (၇) ခု" ခေါင်းစဉ်နဲ့ ဗီဒီယိုအသစ် တင်ဆက်သွားပါ့မယ်ခင်ဗျ
ဗီဒီယို မကြည့်ခင် ဘယ်အပိုင်းက စိတ်ဝင်စားရာအကောင်းဆုံးဖြစ်မလဲဆိုတာ အရင် ရွေးပေးခဲ့ပါဦးနော် 👇
2 months ago | [YT] | 52
View 9 replies
Marcus Simplify
Marcus Simplify ပရိသတ်ကြီးအတွက် လာမယ့် ဗီဒီယိုအသစ်တွေရဲ့ Quality ကို အရင်ကထက် အများကြီး ပိုမိုက်သွားအောင် အဆင့်မြှင့်တင်နေပါတယ်ခင်ဗျာ။
ပရိသတ်ကြီးကို ဇာတ်လမ်းထဲ ပိုစီးမျောသွားစေဖို့အတွက် ဇာတ်လမ်းသွား ပုံစံသစ်တွေအပြင်၊ Editing အပိုင်းနဲ့ Sound Design အပိုင်းတွေမှာ ရုပ်ရှင်ဆန်ဆန် ခံစားမှုမျိုး ရအောင် အချိန်ပိုယူပြီး အသေးစိတ် အားစိုက် ဖန်တီးနေပါတယ်ဗျ။
အရင်ကထက် ပိုမိုက်တဲ့ ဖန်တီးတင်ဆက်မှုမျာနဲ့အတူ မကြာခင် ပြန်လာခဲ့ပါမယ်ဗျာ။ စောင့်မျှော်ပေးကြပါဦး! 🎬🥰👏
3 months ago | [YT] | 57
View 4 replies
Marcus Simplify
ဒီအပတ် Marcus Simplify ရဲ့ Sunday Special မှာတော့ ပရိသတ်ကြီးကို တကယ့် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခုကို တင်ဆက်ပေးတော့မှာပါ။
သာမန်လုပ်ရိုးလုပ်စဉ်တွေကနေ ခွဲထွက်ပြီး၊ အာလူးပေါ်စာရေးတာ၊ သာမန်ရေရိုးရိုးလေးကို သေမင်းတမန်ဒီဇိုင်းနဲ့ ရောင်းတာ၊ လေသန့်ကို ဗူးထဲထည့်ရောင်းတာတွေကနေ ဒေါ်လာသန်းနဲ့ချီ အမြတ်ရနေကြတဲ့ "ကမ္ဘာပေါ်က အထူးဆန်းဆုံး စီးပွားရေးလုပ်ငန်း (၇) ခု" အကြောင်းကို အချက်အလက် (Data) အတိအကျနဲ့ ဖော်ထုတ်တင်ဆက်ပေးထားပါတယ်။
ဒီစီးပွားရေးလုပ်ငန်းတွေက ဘယ်လောက်တောင် ရူးကြောင်ကြောင်နိုင်လဲ? ဘယ်လို မားကတ်တင်း (Marketing) တွေသုံးပြီး အောင်မြင်သွားတာလဲ?
⏰ ဒီညမှာ Live လွှင့်ပေးသွားမှာမို့ အခုပဲ Notification Bell 🔔 လေး နှိပ်ထားပေးကြပါဦး။ အတူတူ ဝင်ကြည့်ရင်း Live Chat မှာ ဆွေးနွေးကြမယ်နော်! 👇
သန်းချီ အမြတ်ရနေတဲ့ ကမ္ဘာပေါ်က အထူးဆန်းဆုံး စီးပွားရေးလုပ်ငန်း ၇ ခု | 7 Weirdest Businesses
https://youtu.be/sJ9Abk5i948
#MarcusSimplify #SundaySpecial #BusinessIdeas #MillionaireMindset #MyanmarKnowledge
3 months ago | [YT] | 20
View 1 reply
Marcus Simplify
မင်္ဂလာပါ ချစ်သော မိတ်ဆွေများခင်ဗျား
ကျွန်တော့်ရဲ့ Marcus Simplify Channel မှ တင်ဆက်တဲ့ပုံစံ နည်းနည်းပြောင်းလဲထားပါတယ်ဗျာ...
အရင်က တစ်နေ့တစ်ပုဒ်တင်တဲ့ ဗဟုသုတအပိုင်းတွေက ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်ဖြစ်နေတာမို့ .....
ဒီတစ်ပတ်က စပြီး Series လိုက် တင်ဆက်သွားပါမယ်ဗျ
ပုံမှန်တင်နေကျ Sunday Special အစီအစဉ်ကတော့ အရင်အတိုင်းပဲ ဆက်လက်ပြီး တင်ဆက်သွားမှာမို့ ဆက်လက်အားပေးကြည့်ရှုကြပါဦးနော် 🥰
Video ဖန်တီးပုံကိုလည်း ဒီထက်ပိုကောင်းအောင် ကြိုးစားနေတာမို့ လတ်တလော အမှားအယွင်းလေးများကိုလည်း သည်းခံပြီး ကြည့်ရှုပေးကြပါဦးနော် 🙏🙏🙏
3 months ago (edited) | [YT] | 43
View 0 replies
Marcus Simplify
ကမ္ဘာကြီးသာ ရုတ်တရက် ပျက်စီးသွားခဲ့ရင် သင် ဘယ်မှာသွားပုန်းမလဲ? 😱
နျူကလီးယားစစ်ပွဲ ဒါမှမဟုတ် ဧရာမ သဘာဝဘေးအန္တရာယ်ကြီးတွေ ကျရောက်လာခဲ့ရင်တောင် လူသားတွေ လုံခြုံစွာ ရှင်သန်နိုင်ဖို့ ကြိုတင်ပြင်ဆင် တည်ဆောက်ထားတဲ့ ကမ္ဘာ့လုံခြုံရေးအမြင့်ဆုံး နေရာ (၇) ခုကို Marcus Simplify ကနေ ဒီတစ်ပတ်ရဲ့ Sunday Special အဖြစ် တင်ဆက်ပေးတော့မှာပါ။
ဒုံးကျည်စခန်းဟောင်းတွေကို ပြောင်းလဲထားတဲ့ ဇိမ်ခံမြေအောက်ကွန်ဒိုတွေကနေ ကျောက်တောင်ကြီးတွေကို ဖောက်လုပ်ထားတဲ့ လျှို့ဝှက်စခန်းကြီးတွေအထိ... ဘယ်သူတွေက ဘယ်လိုရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ထားတာလဲ?
ဒီနေ့ည ၇ နာရီတိတိမှာ ကျွန်တော်တို့ အတူတူ လေ့လာကြည့်လိုက်ကြရအောင်နော်
မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ Noti Bell 🔔 လေးကို နှိပ်ထားဖို့ မမေ့ပါနဲ့ခင်ဗျာ
#MarcusSimplify #Mystery #DoomsdayBunker #ComingSoon
3 months ago | [YT] | 52
View 7 replies
Marcus Simplify
ကိုယ့်အသံနဲ့ကိုယ် ပြောကြည့် တင်ကြည့်တယ်
ပြန်နားထောင်ကြည့်တော့ ဘယ်လိုမှ အဆင်ပြေမနေသေးဘူး
ကိုယ့်ကိုကိုယ် Confidence လည်း မရှိသေးဘူး ဖြစ်နေတယ်
ဒါပေမယ့်
သေချာလေ့ကျင့်ပြင်ဆင်ပြီး ယုံကြည်မှုရှိလာတဲ့နေ့ကျရင် ကိုယ်ပိုင်အသံနဲ့ပဲ အားလုံးကို တင်ဆက်ဖန်တီးသွားပါမယ်ဗျ
လောလောဆယ်တော့ AI အသံနဲ့ပဲ သည်းခံပြီး ကြည့်ရှူပေးကြပါဦးနော်
သေချာတာကတော့ ကျနော့် Subscribers တွေအတွက် ထူးခြားဆန်းပြားတဲ့ ဗဟုသုတတွေကို အသေအချာ လေ့လာပြင်ဆင်ပြီးမှ ဖန်တီးတင်ဆက်ပေးသွားမယ်ဆိုတာကိုတော့ အကြွင်းမဲ့ ယုံကြည်ပေးပါ 🥰🥰🥰
3 months ago (edited) | [YT] | 44
View 14 replies
Marcus Simplify
ကမ္ဘာ့အအေးဆုံး အန္တာတိကတိုက်မှာ မီးခိုးတွေ မှုတ်ထုတ်နေတဲ့ "ဧရာမ ရေခဲမျှော်စင်ကြီးတွေ" ရှိတယ်ဆိုတာ သင်ယုံပါသလား။
မျက်စိတစ်ဆုံး ရေခဲပြင်ကြီးအောက်မှာ ပုန်းကွယ်နေတဲ့ Mount Erebus မီးတောင်ကြီးနဲ့ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ် ရေခဲဂူတွေအကြောင်းကို လေ့လာကြရအောင်။
ပိုပြီး အံ့သြစရာကောင်းတာက... အဲဒီ ရေခဲဂူတွေထဲမှာ သိပ္ပံပညာရှင်တွေက ထူးဆန်းတဲ့ DNA တွေကို ရှာဖွေတွေ့ရှိခဲ့တာပါပဲ။
အေးခဲနေတဲ့ ရေခဲကမ္ဘာနဲ့ ပူပြင်းတဲ့ မီးတောင်အပူချိန်တို့ ပေါင်းစပ်နေတဲ့ ဒီလိုနေရာမျိုးမှာ ဘယ်လို သက်ရှိတွေ ရှင်သန်နေနိုင်မယ်လို့ ထင်လဲ? 🤔 Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး။
ဗီဒီယိုအပြည့်အစုံကို Marcus Simplify မှာ မကြာခင် တင်ဆက်ပေးတော့မှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။
#MarcusSimplify #MountErebus #Antarctica #Mystery
3 months ago | [YT] | 47
View 0 replies
Load more