Khit Thit Mandalay News

Explore the political currents shaping our present and future. We deliver timely news, expert commentary, and insightful discussions on the policies, leaders, and movements impacting societies worldwide. Stay ahead with informed political insights.


Khit Thit Mandalay News

ဒေါက်တာစိုးသူရဇော်ကို PDFတပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ် အဖြစ် NUG က တာဝန်ပေးအပ်




NUG အစိုးရ ကာကွယ်‌ရေးဝန်ကြီးဌာန PDFတပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ် အဖြစ် မန္တလေး PDFခေါင်းဆောင် ဒေါက်တာစိုးသူရဇော်အား ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါသတင်းကို ဒေါက်တာစိုးသူရဇော်က အတည်ပြုပေးခဲ့ပြီး “ ဒု စစ်ဦးစီးအရာရှိချုပ်ရဲ့ တာဝန်တွေကို အပြည့်အဝထမ်းဆောင်မယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) Mandalay People’s Defence Force ရဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်ဟာ မန္တလေးတိုင်း၊မိုးကုတ်မြို့ဇာတိဖြစ်ပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်အတွင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲမှာလဲ ဦးဆောင်ပါဝင်ခဲ့ပါတယ်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းတဲ့အချိန်မှာ သွားဆရာဝန်အဖြစ် မိုးကုတ်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းနေတဲ့ ဒေါက်တာစိုးသူရဇော်ဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မှာဝင်ပါခဲ့ပြီးနောက် Mdy-PDF တပ်ဖွဲ့နဲ့အတူ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေပါတယ်။

4 months ago | [YT] | 17

Khit Thit Mandalay News

ကျေးဇူးပြုပြီး ဒီ Post လေးမြင်ရင် ကျော်မသွားကြပါနဲ့နော် Vote လုပ်သွားကြဖို့ မေတ္တာရပ်ခံလိုပါတယ် ၊
Khit Thit သတင်းဌာနက သတင်းတွေကို ဘယ်နိုင်ငံတွေကနေကြည့်နေကြပါသလဲ

8 months ago | [YT] | 6

Khit Thit Mandalay News

Khit Thit သတင်းဌာနက သတင်းတွေကို ဘယ်နိုင်ငံတွေကနေကြည်နေကြလဲရွေးပေးကြပါဦး ပရိတ်သတ်ကြီး

8 months ago | [YT] | 5