Welcome to Real Talk English — where you learn English the way people actually speak in America 🇺🇸
No textbook language. No boring grammar.
Just real conversations, real expressions, and real-life situations.
Perfect for:
✔ Everyday speaking
✔ Work communication
✔ Understanding Americans
English + Myanmar explanations included to make learning easier.
Let’s talk real English. 💬
Real Talk English လက်တွေ့သုံးစကား
#Shopping အတွက် စကားပြောမှာ Get to the point ဖြစ်ဖို့ အဓိကအရေးပါတဲ့ ဒီ Verb တွေ လေ့လာကြပါစို့😍
1. Try on➡️ စမ်းဝတ်သည်
Can I try this on?
ဒါလေး စမ်းဝတ်ကြည့်လို့ရမလား။
2. Pay for➡️ ငွေပေးချေသည်
I’ll pay for it.
ဒါအတွက် ကျွန်တော် ငွေပေးမယ်။
3. Check out➡️ ငွေရှင်းသည်
I’m ready to check out.
ငွေရှင်းဖို့ အဆင်သင့်ဖြစ်ပြီ။
4. Pick out➡️ ရွေးချယ်သည်
Help me pick out a shirt.
Shirt တစ်ထည် ရွေးပေးပါ။
5. Look around➡️ လျှောက်ပတ်ကြည့်သည်
I’m just looking around.
ဒီတိုင်း လျှောက်ကြည့်နေတာပါ။
✅Store ဝန်ထမ်းက “Can I help you?” လို့မေးရင်
“I’m just looking around, thanks.”
လို့ပြောတာ အရမ်း natural ဖြစ်ပါတယ်။
6. Run out of➡️ ကုန်သွားသည်
We’re running out of milk.
နို့ကုန်တော့မယ်။
7. Stock up on➡️ အများကြီးဝယ်စုထားသည်
We need to stock up on groceries.
အစားအသောက်တွေ အများကြီးဝယ်စုထားဖို့လိုတယ်။
8. Put back➡️ ပြန်ထားသည်
I changed my mind, so I put it back.
စိတ်ပြောင်းသွားလို့ အဲဒါကို ပြန်ထားလိုက်တယ်။
9. Ring up➡️ (cashier) ငွေတွက်ပေးသည် / ငွေရှင်းပေးသည်
The cashier rang me up.
Cashier က ကျွန်တော့်ပစ္စည်းတွေ ငွေတွက်ပေးတယ်။
10. Return it➡️ ပြန်အပ်သည် / ပြန်ပေးသည်
It doesn’t fit, so I’m going to return it.
Size မတော်လို့ ပြန်အပ်မယ်။
5 days ago | [YT] | 4
View 0 replies
Real Talk English လက်တွေ့သုံးစကား
အလုပ်အတွက် မသိမဖြစ် သိကိုသိရမည့် verb လေးတွေကို အပိုင်သာလုပ်ထားကြတော့နော်။🤗
1. Clock in
➡️ အလုပ်ဝင်ချိန် မှတ်သည်
I clock in at 8 every morning.
မနက်တိုင်း ၈ နာရီမှာ အလုပ်ဝင်ချိန်မှတ်တယ်။
2. Clock out
➡️ အလုပ်ဆင်းချိန် မှတ်သည်
I usually clock out at 5.
ပုံမှန်အားဖြင့် ၅ နာရီမှာ အလုပ်ဆင်းချိန်မှတ်တယ်။
3. Fill out
➡️ ဖောင်ဖြည့်သည်
Please fill out this form.
ဒီဖောင်လေး ဖြည့်ပေးပါ။
4. Turn in
➡️ တင်သွင်းသည် / အပ်သည်
Please turn in your report by Friday.
သောကြာနေ့မတိုင်ခင် report တင်ပေးပါ။
5. Hand in
➡️ တင်သွင်းသည် / အပ်သည်
I handed in my paperwork this morning.
ဒီမနက် paperwork တွေ တင်ပြီးပြီ။
💡 Turn in / Hand in နှစ်ခုလုံး သုံးလို့ရပေမယ့် hand in က တစ်ခုခုကို လူတစ်ယောက်ဆီ “အပ်လိုက်တယ်” ဆိုတဲ့ feeling ပိုရှိတတ်ပါတယ်။
6. Follow up
➡️ နောက်ဆက်တွဲလုပ်သည် / ပြန်ဆက်သွယ်သည်
I’ll follow up with the customer tomorrow.
မနက်ဖြန် customer ကို နောက်ဆက်တွဲ ပြန်ဆက်သွယ်မယ်။
7. Deal with
➡️ ကိုင်တွယ်ဖြေရှင်းသည်
I’ll deal with it first thing in the morning.
မနက်အလုပ်စတာနဲ့ အဲဒါကို အရင်ဆုံး ကိုင်တွယ်ဖြေရှင်းမယ်။
8. Set up
➡️ စီစဉ်သည် / တပ်ဆင်သည်
Can you set up a meeting for tomorrow?
မနက်ဖြန်အတွက် meeting စီစဉ်ပေးလို့ရမလား။
9. Wrap up
➡️ အဆုံးသတ်သည်
Let’s wrap up the meeting.
Meeting ကို အဆုံးသတ်လိုက်ရအောင်။
10. Back up
➡️ Backup လုပ်သည် / မိတ္တူသိမ်းထားသည်
Make sure you back up the files.
Files တွေကို backup လုပ်ထားဖို့ သေချာလုပ်ပါ။
1 week ago | [YT] | 3
View 0 replies
Real Talk English လက်တွေ့သုံးစကား
ဒီလို အရမ်းအသုံးဝင်းတဲ့ Verb + Phrase Chunks တွေကို အပိုင်သာလေ့လာထားရင် စကားပြောမှာ ထိထိမိမိပိုပြီးပြောနိုင်မှာပါ။ ဒါတွေဟာ နေ့စဉ်စကားတွေပါ အမြဲပါတဲ့ အသုံးတွေဖြစ်ပါတယ်။
➡️Come face to face with မျက်နှာချင်းဆိုင် တွေ့/ရင်ဆိုင်သည်
I came face to face with a difficult situation.
ခက်ခဲတဲ့အခြေအနေတစ်ခုနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ရတယ်။
➡️Run into မမျှော်လင့်ဘဲ တွေ့မိသည်
I ran into an old friend yesterday.
မနေ့က သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့တယ်။
➡️Come across မတော်တဆ တွေ့မိသည်
I came across an interesting video online.
အွန်လိုင်းမှာ စိတ်ဝင်စားစရာဗီဒီယိုတစ်ခု မတော်တဆတွေ့ခဲ့တယ်။
➡️End up နောက်ဆုံးတော့ … ဖြစ်သွားသည်
We ended up staying home.
နောက်ဆုံးတော့ အိမ်မှာပဲ နေဖြစ်သွားတယ်။
➡️Figure out နားလည်အောင်လုပ်သည် / အဖြေရှာသည်
I’ll figure it out.
ငါ အဖြေရှာလိုက်မယ်။
➡️Find out သိလာသည်
I just found out about it.
အဲဒီအကြောင်း အခုမှ သိလာတာ။
➡️Point out ထောက်ပြသည်
She pointed out a mistake.
သူမက အမှားတစ်ခုကို ထောက်ပြခဲ့တယ်။
➡️Turn out နောက်ဆုံးတော့ … ဖြစ်လာသည်
It turned out fine.
နောက်ဆုံးတော့ အဆင်ပြေသွားတယ်။
➡️Carry on ဆက်လုပ်သည်
Please carry on.
ဆက်လုပ်ပါ။
➡️Go ahead ဆက်လုပ်ပါ / လုပ်လိုက်ပါ
Go ahead. I’m listening.
ပြောပါ၊ ငါနားထောင်နေတယ်။
1 week ago | [YT] | 6
View 0 replies
Real Talk English လက်တွေ့သုံးစကား
That is my personal opinion based on my own experience.
My thought: The best way to improve English speaking is to
🗣️use it every day နေ့တိုင်းပြော
🕺talk to people, တစ်ယောက်တည်းပြောနေမယ့်အစား စကားပြောဖော်ရှာပြီး ပြောပါ
🎧record yourself, ကိုယ့်ပြောတဲ့အသံ record လုပ်ပြီး ပြန်နားထောင်ပါ
✅don’t be afraid of making mistakes. မှားမှာ မကြောက်ပါနဲ့၊ ပြောပါ
🩷Every time you speak, you get a little better.
နဲနဲ နဲနဲပြောရင်း ပြောပြောလာပါလိမ့်မယ်။
If you really want to speak English fluently, don’t just follow formulas or memorize phrases. As long as you depend on those things without actually speaking, you won’t be able to use English naturally. It’s like learning martial arts — you can’t defend yourself by just remembering forms or steps. You need to practice so you can act and react instantly without stopping to think.
The same goes for speaking English: you have to train your mouth and mind to speak automatically, without translating or hesitating. The more you practice real conversation, the more your English will flow naturally.
10 months ago | [YT] | 4
View 0 replies
Real Talk English လက်တွေ့သုံးစကား
စာကလေးကတော့ အမြီးနုတ်ပြီးပြီ၊ ဒီတစ်ခါ ခေါင်းနုတ်လိုက်ကြရအောင်။
တစ်ယောက်ထဲအတွက် ကုန်ငွေကို ဇောင်းပေးပြောပြပေးသွားပါမယ်။
တကယ်တော့ Take Home ပိုက်ပိုက်ကြီးကို မြင်သာမြင်ရ မကြင်ရပါ။အိမ်တောင်မရောက်သေးဘူး၊ အိမ်ဝမှာ ပြူတစ်ပြူတစ်နဲ့ ဝိုင်းဖဲ့ဖို့စောင့်နေကြတဲ့သူတွေက
(၁) နေစရာ အတွက်ကုန်ငွေ
(မြန်မာပြည်လို ဘုန်းကြီးကျောင်း စရိတ်ငြိမ်း သွားနေလို့မရဘူးနော်)
ဒီနေရာမှာ အိမ်ပိုင်ရှိပြီးသားသူတွေ အတွက်မဟုတ်ပါ။ ကျွန်တော်တို့လို အိမ်ငှား roommate သမားတွေ နေစရာအတွက် ကုန်ကျမှုကိုပြောတာပါ။
တစ်ယောက်အခန်းတစ်ခန်း၊ ရေ မီး စရိတ်အပါ၊ ဒီLA မှာ ခု $900 လောက်ဖြစ်နေပါပြီ၊ မိသားစုတစ်စုအတွက် နှစ်ခန်းပါအိမ် $2000-$2500ရှိပါတယ်။
အခန်းမဟုတ်ပဲ အိမ်နဲ့နေတဲ့သူတွေက မီတာခ၊ သုံးရေခ၊ ဟင်းချက် နဲ့ အပူအတွက် gas ခ၊ ဒါတွေအတွက် ပိုက်ဆံထပ်ကုန်ရပါမယ်။
(၂) စားစရာအတွက်ကုန်ငွေ
သိတဲ့အတိုင်း ဈေးတွေက တစ်နိုင်ငံထဲမဟုတ်၊ နေရာတကာမှာ တရိတ်ရိတ်နဲ့တက်နေတာ၊ ဥပမာ လွန်ခဲ့တဲ့ ၁၀နှစ်က ထီတစ်စောင် $1၊ ပြီးတော $2၊ ခု $5။ လွန်ခဲ့တဲ့ ၆ နှစ်က ကြက်တစ်ကောင် $11 ၊ လွန်ခဲ့တဲ့ ၃ နှစ်အထိ $13 ၊ ဟောခုတော $18။ ဒါကြောင့် စားစရိတ် တစ်ယောက်ထဲအတွက်တောင် $400 လောက်ကုန်
မယ်။ ဒါတောင် မြန်မာတွေက အိမ်မှာချက်စားကြလို့၊ ကြက်ဥကြော်တလှည့်၊ ခေါက်ဆွဲထုပ်တစ်လှည့် ငြားနေအုံးမှာ။ အစားအသောက် channel တွေကြည့်ပြီး သွားရည်ကျ၊ ထချက်ဖို့တော့မကြံနဲ့၊
(၃) Utilities လို့ခေါ်တဲ့ လျှပ်စစ်မီး၊ ချက်ဖို့ပြုတ်ဖို့ Gas၊ သုံးရေ ချိုးရေ၊ အမှိုက်ပစ်ခ၊
တစ်ယောက်တည်း roommate / room sharing နေလည်း ခုနောက်ပိုင်း မီးနဲ့ gas ဖိုးတော့ပေးရတယ်။ ပျှမ်းမျှ တစ်လ $100 (cost sharing)
တစ်အိမ်လုံးငှားနေတဲ့သူကတော့ ရေ၊မီး၊ gas ဖိုးကိုယ်သုံးရင်သုံးသလောက်ပေးရမယ်၊ တစ်လ ပျှမ်းမျှ $150၊ (အမှိုက်သိမ်းခကိုတော့ အိမ်ပိုင်ရှင်က ပေးပေးတာများတယ်)
(၄) WiFi
ကိုယ်ယူတဲ့ provider နဲ့ speed အပေါ်မူတည်ပြီး ဈေးကွာမယ်။ ပျှမ်းမျှ $60 ထားလိုက်ပါ။ ခုကျွန်တော်ယူတဲ့ WiFi ဒီလကစပြီး $90 ကျော်သွားပြီ။
(၅) Phone
ကိုယ်ယူထားတဲ့ plan၊ သုံးနေတဲ့ ဖုန်း contract ရှိမရှိအပေါ်
မူတည်ပြီး ဈေးကွာတယ်၊ ဘာ contractမှမရှိလည်း အနဲဆုံးတော့ $50။
(၆) Car Insurance ကား အာမခံ
ကိုယ့် driving record ၊ ကားအမျိုးအစာ၊ coverage level ၊ zip code အပေါ်မူတည်ပြီး ပေးရမယ်။ အနဲဆုံးတော့ $100
LA မှာနေရင်တော့ ကားမရှိရင် ကားသွားမယ်။🤣
(၇) ကားဆီဖိုး
တစ်လ $100 အနည်းတက အနည်းဆုံး၊
ဒါ အလုပ်သွား အလုပ်ပြန်အတွက် အနဲဆုံးပြောတာနော်၊ ကိုယ့်ကားက ပါဝါကြီး၊ အလုပ်ကဝေး၊ traffic ကလည်းရှိဆို သေပြီ၊ တပါတ် အနဲဆုံး $50။
ပြီးရင် ဈေးထွက်မဝယ်နဲ့၊ ဘယ်မှမသွားနဲ့တော့ပေါ့။ သွားချင်ရင် ခြေကျင်လျှောက်🥹😁
(၈) ကား registration renewal
တစ်လ $10 (ကားအဟောင်းတောင် တစ်နှစ် $၁၂၀လောက်ရှိတယ်)
(၉) အထွေထွေ $50
ကဲဒါတွေက မဖြစ်မနေ မကုန်လို့ကို မဖြစ်တဲ့ဟာတွေ
(LA မှာနေတဲ့ ကားရှိသူ တစ်ယောက်စာ)
နေစရာ အတွက်ကုန်ငွေ -$900
အစား-$350
Utility- $100
WiFi- $60
Phone- $50
Car insurance- $100
ကားဆီ- $100
Car annual registration- $10
Miscellaneous- $50
စုစုပေါင်း စာကလေးခေါင်းနုတ်- $1720
တစ်နာရီ $၂၀ ရသူ full time လုပ် နာရီစားတစ်
ယောက်ရဲ့ တစ်လ အသားတင် ပျှမ်းမျှ ဝင်ငွေ အခွန်နုတ်ပြီး $2016
($၂၀၁၆ ကျန်တာ ပထမ post မှာ ရှင်ပြထားပါတယ်)
$2016-1720 = $296.00
ကဲ အရပ်ကတို့ရေ😲 $၂၉၆ ပဲကျန်တော့တယ်။
…….ကိုယ့်ဒေါသနဲ့ကိုယ် ထပ်အနုတ်ခံချင်ရင်.....
😇မန်ဘာကြေး Wholesale Memberships $55
ဒီမှာ Sam’s Club နဲ့ Costco တို့လို Wholesale တွေမှာ မန်ဘာ membership ကြေး တစ်နှစ်ကို $50-$120 ရှိတယ်၊ ဘယ်လို membership မျိုးလဲအပေါ် မူတည်ပြီး ကြေးကွာတာပေါ့၊ ပျှမ်းမျှ $55၊ ဘာဖြစ်လို့ တစ်နှစ် $55 မန်ဘာကြေးပေးနေတာလည်း။ ဥပမာ- ကားဆီဈေးသက်သာတယ်။ ပြား၇၀ လောက် အပြင်ဆိုင်တွေနဲ့ကွာတယ်။ တစ်ပတ် ၁၀ ဂါလံဆို လေးပါတ်ဆို $28 ကိုယ်က သက်သာနေပြီ။ တစ်နှစ်ဆို တွက်သာကြည့်တော့။ $336 သက်သာနေပြီ။ ဒါကြောင့် မန်ဘာကြေးပေးကြတာ။ တစ်လ $4။
😆ရုပ်ရှင်/အားကစားလိုင်းStreaming / Entertainment Subscriptions
$10-20 ကြားရှိတယ်။ ကျွန်တော်ကတော ဘာမှမယူတော့ဘူး။ တစ်လ- $15
😉Delivery Memberships လူတော်တော်များများက Amazon Prime မန်ဘာယူထားကြတယ်။ ပစ္စည်းမှာရင် Prime မန်ဘာဆို ပို့ခ delivery service fee ပေးစရာမလိုဘူး၊ တစ်လ $15 လောက်။
😋အစားမှာစား/ အပြင်မှာထွက်စား Dining Out / Takeout
ကိုယ့်ဒေါသနဲ့ကိုယ်။ ကျွန်တော်တို့ကတော့ တစ်နှစ် ၁ ခါ ၂ ခါလောက်။ $???
😎ပါတီ၊ အလှူ၊ မွေးနေ့၊
အိမ်မှာဘဲ ကုတ်နေလို့မရဘူး၊ အပြင်လောကထွက်၊ အားတဲ့အချိန် သူငယ်ချင်းတွေနဲ့တွေ့၊ Community Vibe ရှိဖို့လိုတယ်။ တချို့တွေ့ဘူးတယ်၊ ဘယ်ဆိုဘယ်မှမသွား🤣
တစ်လ $၁၀ လောက်ပေါ့၊ လတိုင်းကုန်မှာမဟုတ်ဘူးနော်၊ ဒါပေမယ့် တစ်နှစ်ဆို $100 လောက်က အသာလေး၊ ဒါကြောင့် တစ်လ $10 လို ပြောတာပါ။
🏋🏼♂️ဂျင် 😁Gym Membership / Fitness
ကျန်းမာရေး လိုက်စားသူပဲဖြစ်ဖြစ်၊ ပျော်လို့ပဲသွားသွား ပိုက်ဆံတော့ပေးရမယ်။
$20 ပဲထားပေးလိုက်ပါ။
🚙ဟိုသွားဒီသွား Travel / Vacation Fund
U.S. မှာနေပြီး တခြား states တွေမပြောနဲ့ ကိုယ်နေတဲ့ California LA က Hollywood တောင်မရောက်ဘူးဘူးဖြစ်နေမယ်။ U.S. passport ကြီးကိုင်ပြီး ဖော်ရှိုးအတွက်ပဲဖြစ်နေဦးမယ်။ ဒါကြောင့် မိတ်ဆွေ Vacation ယူပြီး ခရီသွားဖို့ကလည်း တစ်လ $50 လောက်လည်းစုမှ။
🩷တကိုယ်ရေ ကျန်းမာရေးအတွက်လည်း Personal Care (ဒေါသအလျှောက်ပေါ့) လှချင်ပချင်တယ်ဆို ကုန်ပေါ့။ ကျွန်တော်ကတော့ ကိုယ့်ဆံပင်ကိုယ်ညှပ်တာ၊ ကတုံးကေပေါ့😆
🐥Gifts / Holidays ပွဲတွေကလည်း ပေါပါဘိ၊ Fun ချင်သူများ၊ ကုန်ရအုံးမှာပေါ့။
Social Media အတွက်
Vlogs ချင်ရင် လစဉ် editing applications ဖိုး၊ iCloud ဒါမှမဟုတ် storage ဖိုး (ခေတ်အလိုက်ပေါ့😉)
🦮အိမ်မွေး Pet Expenses
မပြောတော့ဘူး၊
အစာ Food၊ ဆရာဝန်ပြ vet၊ အမွေးညှပ် ရေချိုး လှလှပြင် grooming၊ နဲ့ insurance အတွက် တစ်လ $50 လောက်ပဲသုံးရင် ခင်ဗျား pet လူတောမတိုးနိုင်လောက်ဘူး၊ ဒါတောင် မိတ်ဆွေသွားစရာရှိလို့ pet ကို ဟိုတယ်သွားထားရင်......
😆ကျောင်းတက်ရင် ကျောင်းစရိတ်မပါသေး
😆မြန်မာတွေပြောသလို ခြေစောင့်လက်စောင့် Emergency Fund / Savings ဘယ်မလဲ၊ ဝုန်းဒိုင်းဆိုသုံးဖို့။
😆ကလေးရှိရင် ကလေး အသုံးစရိတ်
😆 တခြား ဘာညာသာတကာ နေကြာကွာစိတွေကရှိသေး။
😆မြန်မာပြည် ပိုက်ဆံပို့တာမပါ
ကျန်တာ လိုတာ ကုန်ဖို့ရှိတာတွေ U.S. က ဆရာကြီးတွေ ဆက်ရေးပေးပါ
10 months ago | [YT] | 5
View 1 reply
Real Talk English လက်တွေ့သုံးစကား
မိုးရွာပြီကို လွယ်လွယ်ကူကူနဲ့ ဘယ်လိုပြောကြမလဲ
"မိုးရွာပြီ"
ဒါကို ဒီမှာ
“The rain is coming down” လို့ပြောကြပါတယ်။
စာဆန်ဆန်ပြောရင်တော့
👉 The rain is falling from the sky.
💬 ဥပမာလေးတွေ ကြည့်ကြရအောင်
• “The rain is really coming down!” → It’s raining hard. မိုးအရမ်းရွာနေတယ်။
ဒီနေရာမှာ အမေရိကန်တွေက ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့အတိုင်း It’s raining Heavily. Heavily ကို မသုံးပဲ Hard ကို သုံးပြီးပြောကြပါတယ်။
• “The rain’s coming down softly.” → It’s raining lightly. မိုးက မသဲပါဘူး။
• “Finally, the rain’s coming down.” → It finally started raining after a dry time.
မျှော်လိုက်ရတာ၊ ခုတော့ မိုးရွာပြီဟေ့!!
Tip:🩷🩷🩷
Come down…
“coming down” ကို
• “The snow’s coming down.”
နှင်းကျပြီ။
• “The leaves are coming down.”
အရွက်တွေကြွေပြီ။
• “The prices are coming down.”
ဈေးတွေကျသွားပြီ။
ပြောချင်တာက👉 prices are dropping.
The rain’s coming down. Don’t be late for work and don’t forget your coffee — you’re gonna need it!
အသုံးဝင်တဲ့ အမေရိကန်စကားပြောတွေကို မျှဝေပေးသွားပါမယ်။
Let’s grow together.
ကျေးဇူးပါခင်ဗျာ
10 months ago | [YT] | 8
View 0 replies
Real Talk English လက်တွေ့သုံးစကား
U.S. ဆိုတဲ့ ခေါင်းစဉ်ကြီးကိုတပ်ပြီး ပြောနေမယ့်အစား ကိုယ်နေတဲ့နေရာ ကိုယ့်ပတ်ဝန်းကျင်မှာ ဒါလေးတွေရှိပါတယ်လို့ ပြောပြီး ဗဟုသုတတွေ မျှဝေပေးရင် ကောင်းတာဘဲဖြစ်ဖြစ် ဆိုးတာဘဲဖြစ်ဖြစ် သိမ်းကျုံးပြီး "အော် U.S. က သူတို့အကုန်လုံး ဒီလိုပါဘဲလား" လို့ မမှတ်ယူတော့ဘူးပေါ့။
မိတ်ဆွေတစ်ယောက်မေးဘူးတယ် U.S. မှာလည်း ဖုန်ရှိတာဘဲလားတဲ့🤣 ပြန်တော့ဖြေလိုက်ပါတယ်၊ ဒီLA မှာတော့ နေ့တိုင်း အိမ်မှာ ဖုန်စုပ်ရတယ်လို့။ အဲဒီလိုတွေ အထင်ကြီးတာ။
ကိုယ်တွေလည်း ငယ်ငယ်က ရုပ်ရှင် ဗီဒီယိုတွေထဲ တွေ့ဘူးတာက အော် သူတို့ဆီက လယ်သမားတွေက ကားတွေနဲ့ဟ၊ ကိုယ်တွေကတော့ နွားနဲ့လယ်ထွန်နေတဲ့ခေတ်ကပေါ့။ ဝေဘန် ဆန်းစစ်မှု ဗဟုသုတအားနည်းခဲ့တဲ့ အစွဲတွေ။ ဟော သူငယ်ချင်းတစ်ယောက်ရဲ့အမေကပြောဘူးတယ်၊ "U.S. ရောက်လို့မှ မချမ်းသာရင် ဘယ်သူချမ်းသာမလဲ"တဲ့၊ အထင်ကြီးပုံပြောပါတယ်။ ကြီးလဲ ကြီးလောက်စရာလေ၊ တရားဝင် အလုပ်မလုပ် cash ယူလုပ်ပြီး အခွန်ပေးစရာမလို၊ ကျန်တာတွေမဖြတ် ရလာတဲ့ပိုက်ဆံကို လိုင်းပေါ်တက်ကြွားတော့ ထင်ပြီပေါ့။ ဒီကသိနေသူတွေအဖို့ကတော့ ပြုံးရီစရာ၊ မြန်မာကသူတွေကတော့ မျက်တောင်မွှေးစူးတာပေါ့၊ အော်သူတို့ပဲပျော်နေတယ်လို့ထင်ကုန်ရော။
လွန်ခဲ့တဲ့ ၇ နှစ်လောက်က တစ်ယောက်ကပြောဘူးတယ် "မင်းအဖေနဲ့အမေကို နတ်ပြည်ခေါ်လေ"တဲ့။ ဒီရောက်နေတဲ့သူတွေက ဒူးနှန့်တာနဲ့ ပိုက်ဆံဒလဟောဝင်နေတယ်လို့ ထင်ကြတာ။ ဒါက ကိုယ်တွေ့ ။ ကိုယ်တွေ U.S. လာခွင့်ရတော့ ကိုယ့်သူငယ်ချင်းတွေကအစ ကိုယ်အပါပေါ့ U.S. က အေးတယ်ပေါ့၊ ရုပ်ရှင်တော်တော်များများမှာ နှင်းတွေကျတာ New Year နာမည်ကြီးတဲ့ နယူးယော့မှာ နှင်းတွေကျနေတာတွေတွေ့တော့ ဒါပေါ့ သိပ်အေးတယ်ထင်ခဲ့တယ်။ သူငယ်ချင်းတွေကလည်း အနွေးထည်တွေလက်ဆောင်ပေးကြတယ်။ ကိုယ်သွားမယ့်နေရာကဘာလဲ ဘယ်လိုလဲဆိုတာ မသိခဲ့ဘူးပေါ့။ ဒါနဲ့ LA လေဆိပ်ရောက်ပြီး ခြေချခဲ့တာ ခုလိုရာသီ August လကုန်ကာနီး အရမ်းပူတဲ့အချိန်ပေါ့၊ လေယာဉ်ပေါ်ကမဆင်းခင် အနွေထည်အထူကြီးတွေ အဆင်သင့်ဝတ်ထား၊ ကျွန်တော့်အမျိုးသမီးဆိုရင် နှင်းတောထဲဝတ်တဲ့ အနွေးထည်ကြီးကိုဝတ်ပြီး immigration ဖြတ်၊ အဲဒီမှာစတွေ့တော့တယ်၊ ပူတာကိုတော့ သတိထားမိတယ် ဒါပေမယ့် luggage က လက်နှစ်ဖက်စလုံးပြည့်နေတော့ အနွေးထည်က မချွတ်ဖြစ်လိုက်ပဲ immigration ဖြတ်တော့ အဲဒီက officer ကမေးပါလေရော “Are you cold?” တဲ့၊🤣 ဒါပေါ့လေ၊ မေးစရာမကောင်းဘူးလား။ ဒါ ဒီရောက်ရောက်ချင်း ပထမဦးဆုံး ကြားရတဲ့ အမေရိကန် အင်္ဂလိပ်ပေါ့။
ပြောရဦးမယ်၊ ကိုတွေမြန်မာမှာနေတုန်းက U.S.ကအမျိုးက ပိုက်ဆံပို့ရင် $၁၀၀ လောက်ဘဲပို့လို့ တမျိုးထင်ခဲ့ဘူးတယ်။ ကိုတွက်တာကြည့်လိုက်၊ 🤔😁😂
၁ နာရီ $၈၊ တစ်နေ့ ၈ နာရီလုပ် ၈×၈ = 64 ဒေါ်လာပေါ့၊ တစ်လ ရက် ၃၀၊ (၆၄×၃၀ = 1,920ဒေါ်လာ၊ စားစရိတ်ဘယ်လောက်ကုန်မလဲ၊ မြန်မာကဈေးနဲ့တွက်၊ အားပါးပါး အများကြီးရတာပဲ၊ ဒါနဲ့တောင် $၁၀၀ ဘဲလွဲသလားပေါ့။ ဘာမှာမသိခဲ့ ဗဟုသုတမဲ့တော့ သူများအပြစ်မြင်ခဲ့သေးတယ်။ ဖြစ်ပုံ။
ဒီက collageမှာ science ဘာသာယူတော့ California ကအပင်တွေအကြောင်းနဲ့ ဥတု၊ တောမီး အကြောင်း ဒါပဲသင်တယ်။ တစ်နိုင်ငံလုံးကအကြောင်း သင်ရိုးမရှိဘူး၊ သိလည်းသိစရာမလိုဘူး၊ ကိုယ်နေတဲ့နေရာမကြောင်း အရင်လေ့လာရမယ် မဟုတ်လား။
ဒီCalifornia ကလူတွေက In-N-Out burger 🍔 အကြောင်းပြောရင် New York ကလူတွေ အဲဒီ burger နာမည်ကြီးတာ သိပ်မသိသလိုပေါ့။
ဒါကြောင့် အခုကျွန်တော်တို့ U.S. ယူအက်စ် ခေါင်းစဉ်တပ်ပြီး အွန်လိုင်းက အွန်နေကြတဲ့ ကိုကိုမမ ဦးဦးဒေါ်ဒေါ်များ တစ်ခုခုကိုမျှဝေရင် ကိုယ်နေတဲ့နေရာကအကြောင်းလေးပါလို့ ထည့်ပြောစေချင်ပါတယ်။
U.S. မှာရှိတဲ့ ပြည်နယ်တွေအကုန်လုံး တူနေတယ်လို့မထင်လိုက်ပါနဲ့၊ အဲ တူတာတစ်ခုတော့ ရှိတယ်၊ အဲဒါ
👉 Human rights & the freedom of democracy ✨ပါဘဲ။
အကြမ်းဖျင်း မတူတာတွေကိုသိထားရင် "U.S.က သူတွေကတော့ကွာ" လို့ မထင်တော့ဘူးပေါ့နော်🤗
(၁) California မှာနွေ၊ ဒါမေယ့် Alaska နွေမှာတော့ နှင်းတွေ့ရမယ်၊ ဟော New York မှာတော့ humidity ဖြစ်နေလိမ့်မယ်။
(၂) ဟော LA လော့အိမ်ဂျယ်လိစ် မှာ မနက် ၉ နာရီ good morning ဆိုပေမယ့် နယူးယော့မှာ မွန်းတည့်နေပြီး good afternoon ဖြစ်သွားပြီ။
(၃) ခု LA မှာ အိပ်ခန်းတစ်ခန်းပါ အိမ်/apartment ငှားရင် $၂၀၀၀ လောက်ရှိပေမယ့် အိုကလာဟိုးမားက Tulsa မှာတော့ $၆၅၀-$၇၀၀ လောက်ပဲရှိတယ်။
(၄) Marijuana ဆေးခြောက်ခေါ်ရမှာပေါ့၊ CA မှာ တရားဝင်သုံးလို့ရပေမယ့် Texas ကြတော့ တရားမဝင်ဘူး။
(၅) NYC မှာ public transportation ကောင်းကောင်းရှိတော့ တချို့ ကျွန်တော့သူငယ်ချင်းတွေဆို ကားမောင်းလိုင်စင်တောင် မဖြေကြဘူး၊ ဟော LA ကတော့ ကိုယ့်ကားကိုယ်မောင်း။
(၆) gasoline ဈေးကြည့်လိုက်ဦး၊ ခု LA မှာ $၄-၅ ဖြစ်နေပြီ၊ ဒါပေမယ့် Texas မှာတော့ ထန်ကုန် $၃.၅ လောက်ပေါ့။
(၇) California က ကလေးတွေက ငလျင်အကြောင်းလေ့လာ၊ Texas တော့ လေဆင်နှာမောင်းအကြောင်းနဲ့ Florida ကတော့ ဟာရီကိန်းကို မသိမဖြစ်ပေါ့။
(၈) ဒီLAမှာ တစ်နာရီကို $၁၇ အနဲဆုံးရပေမယ် တခြားပြည်နယ်တွေကတော့ $၁၁ လောက်ဘဲရမယ်၊ ( $၁၇ ဆိုတော့ ဖတ်နေရင်းနဲ့တွက်မနေနဲ့အုံးနော်၊ ကုန်ကျစရိတ်များလို့ လုပ်ခကိုမြင့်ပေးထားရတာ၊ တန်းညှိပြီး $၁၁ ပဲပေးမယ်ဆိုရင် သေပြီပေါ့။
(၉) အနောက်ကမ်းရိုတန်း LA ကနေ အရှေ့ကမ်းရိုးတန်း သူတို့ပြောတဲ့ east coast ကို လေယာဉ်စီးတာ ၅ နာရီကနေ ၆ နာရီလောက်ကြာတယ်။ မြန်မာကနေ မလေးရှားသွားတာ ၂နာရီခွဲဘဲကြာတယ်၊ တွက်သာကြည့်၊ ဘယ်လောက်ကြီးသလဲဆိုတာ။
(၁၀) အိမ်ဈေးကြည့်အုံး၊ LA California မှာ ၁၉၆၀ ခုနှစ်လောက်ကဆောက်တဲ့အိမ်ကို $၈ သိန်းကနေ $၁ မီလီယမ်ပေးဝယ်ရမယ်၊ ဒါပေမယ့် Texas/Arizona မှာ ၂၀၀၀ ခုနှစ်အကျော်ကဆောက်ထားတဲ့အိမ်တောင် ထန်ကုန် $၄ သိန်း။
(၁၁) US size က မြန်မာထက် ၁၇ ဆကြီးပါတယ်။ ဒီတော့ တစ်နေရာနဲ့တစ်နေရာ lifestyle လည်းမတူ၊ culture လည်းကွာ၊ education ၊ healthcare ၊ rules ၊ weather အားလုံးလိုလိုကွဲနေတော့ သိမ်းကျုံးပြီး U.S. လို့ ခေါင်းစဉ်တပ်ပြီး မပြောနဲ့တော့နော်။
11 months ago | [YT] | 39
View 3 replies
Real Talk English လက်တွေ့သုံးစကား
Out of these 9 things, which ones have you done today?
1 year ago | [YT] | 6
View 1 reply
Real Talk English လက်တွေ့သုံးစကား
Speaking 3
✅I am doing the right things.
ငါ မဟုတ်တာ လုပ်နေတာမဟုတ်ဘူး။
✅I am here when you need me.
မင်းလိုအပ်တဲ့အချိန် ငါရှိနေမယ်။
✅Do you want me to take care of it?
မင်းငါ့ကို ဒါကို တာဝန်ယူလုပ်စေချင်တာလား။
✅Do you want me to stand here?
မင်းငါ့ကို ဒီနေရာမှာ ရပ်နေစေချင်တာလား။
✅Want me to call her now or later?
သူမကို ခုခေါ်စေချင်တာလား၊ နောက်မှလား။
✅I wake up at 4 for work.
အလုပ်သွားဖို့ မနက် ၄နာရီထတယ်။
✅He is not a morning person.
သူက မနက်စောစောထတဲ့သူ မဟုတ်ဘူး။
✅I am skipping the party today.
ဒီနေ့တော့ party မသွားတော့ဘူး။
✅The coffee is expensive.
ကော်ဖီက ဈေးကြီးလိုက်တာ။
✅It's been raining all week.
မိုးက တပါတ်လုံးကို ရွာနေတာ။
1 year ago | [YT] | 4
View 0 replies
Real Talk English လက်တွေ့သုံးစကား
Speaking သူတို့ပြောသလို...
✅I am off tomorrow.
ငါမနက်ဖြန် အလုပ်မလာဘူးနော်။
✅Please don’t make me worry.
ငါကို စိုးရိမ်စရာဖြစ်အောင် မလုပ်ပါနဲ့နော်။
✅The cost of living is high.
နေထိုင်စားသောက်စရိတ်တွေကတော့ မြင့်တယ်ဟေ့။
✅If you can, please tell me.
ဖြစ်နိုင်ရင်၊ ငါကိုပြောပြပါလား။
✅Let me know if you need anything else.
တခြားလိုတာရှိရင် ငါ့ကိုပြောနော်။
✅I get off work at 5 pm.
ညနေ ၅နာရီ ငါအလုပ်ဆင်းတယ်။
✅Anything else?
တခြားဘာရှိအုံးမလဲ။
✅Proof of income
ဝင်ငွေအထောက်အထား။
✅Household bills
မီး bill၊ ရေ bill၊ gas bill ။ (electricity, water, gas)
✅Power will be out from 5pm to 7 pm.
ညနေ ၅နာရီကနေ ၇နာရီအထိ မီးပြတ်မယ်။
✅She cries like it’s the end of the world when she can’t have candy.
သူမ သကြားလုံးမစားရလို့ ငိုတာကလည်း ခုဘဲ ကမ္ဘာပျက်တော့မယ့်ပုံလိုလို။
✅I'll do laundry tomorrow.
ငါ မနက်ဖြန် အဝတ်လျှော်မယ်။
✅My watch stopped working.
ငါနာရီတော့ ရပ်သွားပြီ။
✅ I need to get my watch fixed.
ငါ့နာရီတော့ ပြင်ရတော့မယ်။
✅Text me later.
ငါ့ကိုနောက်မှ စာပို့ဟေ့။
✅I respect him.
ငါ သူ့ကိုလေးစားတယ်။
✅He's a real guy.
သူက တကယ်ရိုးသားတဲ့သူဘဲ။
✅Always appreciate your willingness to work so hard.
မင်းရဲ့ အလုပ်ကြိုးစားချင်တဲ့စိတ်ကို အမြဲတမ်း အသိအမှတ်ပြုပါတယ်။
1 year ago | [YT] | 2
View 0 replies
Load more