Drama Town From JZent

Chinese Short Drama ဘာသာပြန်ချန်နယ်


Drama Town From JZent

ဒီတခါတော့ Telegram မှာ ခုတလော တွေ့နေရတဲ့ ဒီစာနဲ့ ပက်သက်ပြီး ပြောပြပါမယ်
ခုနောက်ပိုင်း ကျားဖြန့်တွေက ပုံစံ အမျိုးမျိုးနဲ့ လူတွေကို phone call / message and social media တွေကနေတဆင့် ပြန်လည် ချဉ်းကပ်လာပါတယ်

ခုထပ်ပြီး social app အနေနဲ့ ကော Ton ရဲ့ Base app အဖြစ် Mining တွေပါ လွတ်လပ်စွာ အသုံးပြုလို့ ရတဲ့ Telegram မှာ ဒီလို စာမျိုးတွေနဲ့ထပ်ပြီး ချဉ်းကပ်လာပါတယ် telegram mining ခေတ်စားလာတာနဲ့ အညီ လူတော်တော်များများဟာ telegram နဲ့ချိတ်ဆက်ပီး crypto wallet ‌အတော်များများနဲ့ ချိတ်ဆက်ထားကျသလို Mining အတွက် ရင်းနီးထားတဲ့ Telegram star and Ton စသဖြင့် အနည်းအများရှိကျပါတယ်

ပုံပါ စာလိုမျိုး အောက်က Link ကို နှိပ်လိုက်ရင် Telegram ကို code ပို့ပါလိမ့်မယ် အဲ့မှာ ပို့တဲ့ code ကို ထည့်ပေးရင် $ 1000 ဆိုတဲ့ မက်လုံးကြောင့် မိမိရဲ့ Telegram အကောင့် ပါသွားနိုင်ပါတယ်

ဒါကြောင့် အစစ အရာရာ သတိပြုနိုင်အောင် ဒီလို စာမျိုး တွေတွေ့ရင် ဘာမှ မနှိပ်ပဲ ကျော်သွားလိုက်ပါလို့
စေတနာဖြင့် ပြောပြ လိုက်ပါတယ်

1 year ago | [YT] | 3