KY CHANNEL မှ မြတ်ဗုဒ္ဓဓမ္မ၊ထင်ရှားကျော်ကြားသောဆရာတော်ကြီးများ၏တရားတော်များနှင့်သုတ၊ရသ၊
သိမှတ်ဖွယ်အမျိုးမျိုးနဲ့စံပြုလောက်ဖွယ်စရာ၊ လူပုဂ္ဂိုလ်အကြောင်းကိုအပါတ်စဉ်တင်ဆက်ပေးမှာဖြစ်ပါတယ်။
KY CHANNEL မှတင်တဲ့ video တိုင်း၊ကြည့်ရှု့ဖို့၊အနီရောင်၊ subscriber ကိုနှိပ်ထားပြီး၊ဘေးကခေါင်းလောင်းလေးကိုလည်း၊နိုပ်ထားပေးပါလို့၊ဖိတ်ခေါပါတယ်။
လာရောက်အားပေးတဲ့ပရိသတ်တစ်ယောက်ချင်းစီကိုလည်းအထူး ကျေးဇူးတင်ပါတယ်ခင်ဗျား။
KY Channel
မစ္စတာချတ်ထရီ ……ဘာလို့ တာကေးရု ကို သန့်ဇင် နဲ့ တည်ပေးတာလဲ?
*********
မေး - ဥက္ကဌကြီး ချတ်ထရီ ခင်ဗျား…… သန့်ဇင် နဲ့ တာကေးရု က Level ချင်း အရမ်းကို ကွာသေးတယ်လို့ တော်တော်များများက မြင်ကြပါတယ်။
အဲဒီလို ကွာဟလွန်းတဲ့ ဖိုက်တာ နှစ်ယောက် ကို ဘယ်လိုစဉ်းစားပြီး ပွဲတည်ပေးလိုက်တာလဲ။ အထူးသဖြင့် Kickboxing ခေါင်းစဉ်အောက်မှာ ပိုလို့တောင် ကွာဟချက်ကြီးလွန်းနေလို့ပါ။
ဖြေ - ပထမဆုံး အနေနဲ့ ပြောချင်တာက တာကေးရု ကိုယ်တိုင်က အန္တရာယ်များလွန်းတဲ့ ပြိုင်ဘက်နဲ့ပဲ တည်ပေးဖို့ တောင်းဆိုခဲ့တာပါ။ အထူးသဖြင့် သူ့ထိုးတဲ့ စတိုင်က တိုက်စစ်ဖွင့်ပြီး ရန်လိုမှု ရှိတဲ့ ပုံစံနဲ့ ကစားပါတယ်။
သန့်ဇင် က မျိုးဆက်သစ် တက်လူ ဖြစ်သလို ၊ အတွေ့ကြုံလဲ အများကြီး မရှိပေမယ့် ၊ ထိုးချက် ကန်ချက်တိုင်းကို တိတိကျကျ ထုတ်သုံးပြထားပါတယ်။ ဒါ့ကြောင့် ဒီတွဲဆိုင်းက ထိုးသတ်ပုံ စတိုင်အားဖြင့် နှစ်ယောက်စလုံး အတွက် ကိုက်ညီတယ်လို့ ပြောနိုင်ပါတယ် ဘာလို့လဲ ဆိုတော့ နှစ်ယောက် စလုံး ကစားပုံက ဆင်တူတယ်လေ။
ဒီပွဲဟာ Kickboxing အောက်မှာ ဖြစ်နေလို့ တာကေးရု အနေနဲ့ သူ့ရဲ့ ဂုဏ်ဒြပ်ကို အထိခိုက်မရှိအောင် ကာကွယ်ပြရမှာပါ။ သန့်ဇင် အတွက်တော့ အားလုံးက သတိထားမိသွားစေလောက်တဲ့ ကျော်ကြားမှုမျိုးတောင် ရသွားနိုင်ပါတယ်။
ဒါကြောင့် ဒီပွဲဟာ စောင့်ကြည့်ချင်စရာကောင်းတဲ့ တွဲဆိုင်းကောင်း တစ်ခု ဖြစ်နေတာပါ။
#ONEChampionship #onefridayfights81 #ThantZin #CageFight
1 year ago | [YT] | 40
View 0 replies
KY Channel
ဘဝမှာ သင့်ကို ငွေရှာပေးနိုင်တာ (၃)ခုရှိပါ
တယ်။
ခွန်အား၊ အတွေ့အကြုံနဲ့ ပညာပါ။
ခွန်အားဆိုတာ ကန့်သတ်ချက်ရှိပါတယ်။
အတွေ့အကြုံနဲ့ ပညာကတော့ အကန့်အသတ်
မရှိ သိမ်းဆည်းလို့ရပါတယ်။
ငယ်ရွယ်စဉ်မှာ ခွန်အားကသာ ငွေရှာပေး
နိုင်ပေမဲ့ အသက်တဖြည်းဖြည်းကြီးလာတဲ့အခါ
အတွေ့အကြုံနဲ့ ပညာကသာ ငွေရှာပေးမှာ
ဖြစ်ပါတယ်။
သင်အသက်ကြီးလာတဲ့အခါ ခွန်အားနဲ့
ဝင်ငွေရှာလို့ မရတော့ပါဘူး။ ငတ်ပါမယ်။
အသက်အရွယ်နဲ့ မျှတဲ့ ပညာနဲ့ အတွေ့အကြုံရှိ
တဲ့အခါ သင့်အတွက် ငွေမရှားပါဘူး။
တချို့ အသက်ကြီးတာတောင် ပိုက်ဆံမရှိတာ
ဟာ ပညာနဲ့ အတွေ့အကြုံမရှိလို့ပါ။
လစာနည်းလို့ စိတ်မညစ်ပါနဲ့။
အတွေ့အကြုံနဲ့ပညာရတယ်လို့မှတ်ပါ။
နောက်လိုက်ကောင်းဖြစ်ပါစေ။
အတွေ့အကြုံကောင်းတွေယူပါ။
တနေ့သင် ခေါင်းဆောင်ဖြစ်တဲ့အခါ
လူတွေက လေးစားတာခံရတဲ့အပြင်
ဝင်ငွေပါကောင်းပါလိမ့်မယ်
Crd#စာပေ
#KY Channel
1 year ago | [YT] | 5
View 0 replies
KY Channel
" သင်ခန်းစာ ယူပါ "
အလုပ်တွေ အဆင်မပြေတဲ့အချိန် !!
ငွေကြေး အဆင်မပြေတဲ့အချိန် !!
မိသားစုရေး အဆင်မပြေတဲ့အချိန် !!
အချစ်ရေး အဆင်မပြေတဲ့အချိန် !!
စတဲ့အခက်အခဲများစွာ ရင်ဆိုင်ရတဲ့အချိန်မှာ -
ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင်ထိ -
လူတိုင်း စိတ်ညစ်ဖူးကြပါလိမ့်မယ် !!
ဘာကိုမှ မတွေးနိုင်ဘဲ -
စိတ်ထဲမှာ ဒီအကြောင်းတွေပဲ -
အက်ကြောင်း ထပ်နေပါလိမ့်မယ် !!
ဖြေရှင်းနိုင်မည့် နည်းလမ်းထက် -
သင့်စိတ်ဓာတ်ကို ကျစေမည့် -
ဖိအားတွေကသာ နေရာယူထားပြီး ၊
အတွေးကို လွန်ကဲစေမိမှာပါ !!
ဒီချိန်မှာ သင်တွေးရမှာက
ဒိလို အခက်အခဲတိုင်းဟာ လူတိုင်းမှာလည်း -
ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ !!
သင် အသက်ရှင်နေသမျှ ကာလပတ်လုံး -
အခက်ခဲ ဒုက္ခပြဿနာ ပေါင်းစုံက -
တစ်ခု မဟုတ် တစ်ခု ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ !!
ဖြစ်လာတဲ့ ပြဿနာတိုင်းကို -
ခေါင်းအေးအေးနဲ့ အချိန်ပေးစဉ်းစားပါ !!
ဘယ်အရာကိုမှ တွေးကြောက် မနေပါနဲ့ !!
လူတိုင်းက အကြောင်းအမျိုးမျိုးကြောင့် -
ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတာပါ !!
သင် တစ်ယောက်တည်း -
မဟုတ်ဘူးဆိုတာ သိထားလိုက်ပါ !!
ဘယ်လိုအခက်အခဲ ရှိနေပါစေ -
ရင်ဆိုင်ပါ !!
တွေဝေနေခြင်းက -
သင့်အတွက် ရှုံးနိမ့်ခြင်းပါပဲ !!
အခက်ခဲ ဒုက္ခ ပြဿနာတွေကို -
တွေးကြောက်ရမှာထက် ၊
သင့်ရဲ့ အတွေးနဲ့ စိတ်ဓာတ်တွေ -
ကျ မသွားဖို့သာ အရေးကြီးပါတယ် !!
ဆာလောင်နေတဲ့ဗိုက် !
ငွေမရှိတဲ့ ပိုက်ဆံအိတ်နဲ့ !
ကျိုးပဲ့နေတဲ့ နှလုံးသားဟာ -----
ဘဝရဲ့ အကောင်းဆုံး
သင်ခန်းစာတွေကို သင်ကြားပေးနိုင်ပါတယ် !!
#credit
2 years ago | [YT] | 1
View 1 reply
KY Channel
“လောကမှာ ဘယ်အရာမဆို
မနေတတ်တဲ့သူကပဲ ပင်ပန်းတာ
နေတတ်တဲ့သူက အသက်သာဆုံးပဲ”။
2 years ago | [YT] | 0
View 0 replies