Global Peace Dhamma Channel

🌿Welcome to Global Peace DhammaChannel🕊
A sanctuary for the mind, a refuge for the heart.
Here, we share authentic Theravāda Buddhist teachings to guide you toward inner peace, mindfulness, and liberation from mental suffering. Our content includes:
🪷 Dhamma Talks – Practical wisdom from the Pali Canon for modern life
🧘‍♀️ Guided Meditations – Cultivate calm, clarity, and compassion
📿 Daily Reflections – Short teachings to inspire mindfulness each day
🌏 Peaceful Living – Apply the Dhamma in everyday situations Rooted in the timeless truths of the Buddha, this channel is dedicated to sharing the light of the Dhamma with all beings—free of charge, from the heart.
📌 Subscribe to support this mission and receive new teachings weekly
🕊 Global Peace begins within. #Dhamma #Buddhism #Meditation #Mindfulness #Theravāda #Peace
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော

တရားဓမ္မများကို နာယူကြည်ညိုကာ

ကမ္ဘာသူ ကမ္ဘာသားအားလုံး စစ်မှန်တဲ့
စိတ်ငြိမ်းအေးချမ်းသာခြင်းတွေ
တရားထူးမြတ်တွေ ရကြပါစေ.... ....



Global Peace Dhamma Channel

#တန်ဆောင်မုန်း လပြည့်နေ့

တန်ဆောင်မုန်း လပြည့်နေ့ဟာ
သီတင်းကျွတ်လပြည့်နေ့ လို
ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်ပါတယ်။
တန်ဆောင်မုန်း လပြည့်နေ့မှာ ကျင်းပလေ့ ရှိတဲ့ တန်ဆောင်တိုင်ပွဲတော်ဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်ပါတယ်။
ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော
နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်ပါတယ်။
တန်ဆောင်မုန်း လပြည့်နေ့ဟာ
မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။

#သာမညဖလ အခါတော်နေ့

ထီးနန်းရယူ ပိုင်ဆိုင်လိုမှုတည်း ဟူသော
အလို လောဘကြောင့် ဆရာမိုက်၏ တိုက်တွန်းမှုဖြင့် မိမိ၏ မွေးဖခင်ရင်းကို သတ်မိမှားသူ အဇာတသတ်မင်းသည် မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရကာ
စားမဝင် အိပ်မပျော် ဖြစ်ခဲ့ရပါတယ်။
တန်ဆောင်မုန်း လပြည့်ည၏ အေးချမ်း သာယာကြည်လင်မှုကို မြင်တွေ့ရသော အခါ ယခုလို နေ့မျိုးမှာ အဘယ်သို့သော ရဟန်း သာမဏေ၊
အဘယ်သို့သော ဗြဟ္မဏတို့ထံ ဆည်းကပ်ရလျှင် ကောင်းမည်နည်းဟု တွေးတောမိကာ မင်းချင်းတို့အား ဖွင့်ဟ တိုင်ပင်မိပါတယ်။

မင်းချင်းတို့ကလည်း မင်း လိုလိုက်
မင်းကြိုက် ဆောင်တတ်သော
အခွင့်အရေး သမားများ ပီပီ
မိမိတို့ ကိုးကွယ် ဆည်းကပ်သည့်
မိစ္ဆာဒိဋ္ဌိ ဆရာကြီး ခြောက်ဦးတို့အား အသီးသီး
ညွှန်ပြကြရာ အဇာတသတ်မင်းက နားမဝင်ချေ။

အဲဒီအချိန်မှာ ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့
ဆေးဆရာ ဇီဝကကမူ မည်သို့မျှ
မလျှောက်တင်ဘဲ နှုတ်ဆိတ်၍ နေတာကို
အဇာတသတ်မင်းကြီး မြင်တွေ့ရသော အခါ ဆရာ ဇီဝက အဘယ်ကြောင့် ဆိတ်ဆိတ်နေပါသနည်းဟု မေးတော်မူပါတယ်။
အခွင့်ကောင်းကို စောင့်မျှော်နေသူ
ဆရာ ဇီဝကသည် မြတ်စွာဘုရားရှင်၏
ဂုဏ်တော်များကို ချီးမွမ်းကာ ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော်မူသော အကျွန်ုပ်၏ ဆရာ ဘုရားရှင်သည် ကျွန်တော်မျိုး၏ သရက်ဥယျာဉ်၌ များစွာသော ရဟန်း ပရိသတ် ခြံရံကာ သီတင်းသုံးလျက် ရှိပါကြောင်း၊ ဘုရားရှင်အား အရှင်မင်းကြီး ဆည်း ကပ်ရပါမူ အရှင်မင်းကြီး၏ စိတ်တော်သည် ကြည်လင် အေးချမ်း လာပါလိမ့်မည်ဟု လျှောက်တင်ပါတယ်။

ဆေးဆရာ ဇီဝက၏ အကျိုးသင့် လျှောက်ထား
တင်ပြမှုကို အဇာတသတ် မင်းကြီး ကြားရသောအခါ ဝမ်းသာအားရ ဖြစ်တော်မူ၍ ဆင်မြင်းဗိုလ်ပါ ခြံရံလျက် ကြီးကျယ် ခမ်းနားလှသော အစီအစဉ်ဖြင့်
ညတွင်းချင်းပင် ဆရာ ဇီဝက၏ ဥယျာဉ်တော်သို့ ကြွချီတော်မူခဲ့ပါတယ်။

ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံး
နေတော်မူသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရသော အခါ အဇာတသတ် မင်းကြီးက မေးမြန်း
လျှောက်ထားသဖြင့် မြတ်စွာ ဘုရားရှင်သည်
သာမညဖလ သုတ်တော်ကို ဟောကြားတော်မူသည်မှာ ခဝဲပန်း လှိုင်လှိုင်ပွင့်သော တန်ဆောင်မုန်း လပြည့် ညချမ်းပင် ဖြစ်ပါတယ်။

ထိုသို့ ဘုရားရှင်က တန်ဆောင်မုန်း လပြည့်နေ့မှာ သာမည ဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင် မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟု သတ်မှတ် ခေါ်ဝေါ်ကြခြင်းပင် ဖြစ်ပါတယ်။

အားလုံးသော ဓမ္မမိတ်ဆွေများ တရားအသိရင်ဝယ်ရှိကာ ကိုယ်စီတရားကိန်းကြပါစေ.........။

တရားနာယူရန် :https://youtu.be/s24HPhg7p0E?si=wNHhN...

3 weeks ago (edited) | [YT] | 134

Global Peace Dhamma Channel

တရားနာယူရန် Link: https://youtu.be/rrMGeAT8lEc?si=Zq6i4...

1 month ago | [YT] | 203

Global Peace Dhamma Channel

ကုသိုလ်ကောင်းမှု ပြည့်စုံသူသည်
သေမည်ကို မကြောက်။

သေခြင်းကို တည်ငြိမ်အေးချမ်းစွာ
ရင်ဆိုင်နိုင်သည် ။

ထို့ကြောင့် ကုသိုလ်ကောင်းမှုကို
ပြုနေခြင်းသည်ပင်လျှင်
သေခြင်းအတွက် အကောင်းဆုံး
ပြင်ဆင်နေခြင်းပင်ဖြစ်သည်။

တစ်နည်းအားဖြင့်
အသေကောင်းအောင်
ကြိုးစားနေခြင်းပင် ဖြစ်သည်။

အရှင်ဥတ္တမ (သစ္စာရွှေစည်)
တရားနာယူရန် Link :
https://youtu.be/_AAwZ1xkoww?si=TsnLT...

1 month ago (edited) | [YT] | 196

Global Peace Dhamma Channel

#တော်သလင်း_လပြည့်နေ့ ( သို့ ) #ဂရုဓမ္မ_အခါတော်နေ့
°°°°°°°°°°°🌷°°°°°°°°°°

#မြန်မာတို့ရဲ့ လ ( ၁၂ ) လကို ဘာသာရေးဆိုင်ရာ နေ့ထူး နေ့မြတ်များနဲ့ ထူးခြားစွာ သတ်မှတ်ထားကြရာမှာ တော်သလင်းလရဲ့ လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ အဖြစ် သတ်မှတ်ချက်ဟာလည်း တစ်ခု အပါအ၀င်ပဲ ဖြစ်ပါတယ်။

#ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲက "ကုရုဓမ္မဇာတက " ကို အကြောင်းပြုပြီး တော်သလင်း လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့လို့ သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။ မူရင်း စကားမှာ “ ကုရုဓမ္မ ” ဖြစ်ပြီး နောက်ပိုင်း ဝေါဟာရ အပြောင်းအလဲ တစ်ခုအနေနဲ့
“ ဂရုဓမ္မ ” လို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။

#ဒီ ဂရုဓမ္မဆိုတဲ့ ဝေါဟာရကိုပဲ တိုက်ရိုက်ပြောမယ် ဆိုရင်တော့ #ဂရု က ရိုရိုသေသေ , လေးလေးစားစား၊ မြတ်မြတ်နိုးနိုး၊ #ဓမ္မ ဆိုတာက လိုက်နာကျင့်သုံး ထိန်းသိမ်းသင့်တဲ့ တရားဓမ္မလို့ အဓိပ္ပါယ်ပြောနိုင်တာ ဖြစ်ပါတယ်။ အဋ္ဌကထာများမှာတော့ “ကုရုတိုင်းသား” တို့ ကျင့်သုံးတဲ့ တရားဖြစ်တဲ့ အတွက် "ကုရုဓမ္မ" လို့ ဆိုခြင်းဖြစ်ကြောင်း ဖွင့်ဆို ရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ ကုရုဓမ္မ ( ခ ) ဂရုဓမ္မ ဆိုတာ ပဉ္စသီလ ( ခ ) ငါးပါးသီလကို ဆိုခြင်းပဲဖြစ်ပါတယ်။

#အတိတ် ဘ၀တစ်ခုမှာ ဘုရားလောင်းဟာ ဣန္ဒပတ္တနဂိုရ်ပြည်ရဲ့ ကောရဗျဘုရင် အဖြစ် အုပ်ချုပ်စဉ်အခါက တိုင်းပြည် တစ်ပြည်လုံးကို ငါးပါးသီလ စောင့်ထိန်းဖို့ ညွှန်ကြားပြီး သီလတရားနဲ့ ပြည့်စုံစေပါတယ်။ တစ်တိုင်းပြည်လုံး ပဉ္စသီလကို လုံခြုံအောင် စောင့်ထိန်းကြတဲ့ အတွက် အဲဒီ တိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကောက်ပဲသီးနှံနဲ့ ဆန်ရေစပါး ပေါများကာ တိုင်းသူ ပြည်သားတွေဟာ အေးအေးချမ်းချမ်း ငြိမ်းချမ်းတည်ငြိမ်တဲ့ အပြင် သီလလုံခြုံကြတဲ့ အတွက် အသက်ရှည်ပြီး၊ ရောဂါဘယများလည်း ကင်းဝေးကြပါတယ်။

#အဲဒီအချိန်မှာ တစ်ဘက်မှာရှိတဲ့ ကာလိင်္ဂမင်း အုပ်ချုပ်တဲ့ ဒန္တပူရပြည်မှာတော့ မိုးခေါင်ရေရှား ဖြစ်ကာ ဆန်ရေစပါး ရှားပါပြီး တိုင်းသူ ပြည်သားတွေဟာလည်း ဒုက္ခအမျိုးမျိုးကြုံနေရပါတယ်။ ဒီတော့ ကလိင်္ဂမင်းဟာ ကောရဗျမင်းရဲ့ တိုင်းပြည်အခြေအနေကို စုံစမ်းပြီး ကောရဗျမင်း ကျင့်သုံးတဲ့ ကုရုဓမ္မကို လိုက်နာကျင့်သုံးစေကာ မိမိတိုင်းသူပြည်သားတွေကိုလည်း သီလနဲ့ ပြည့်စုံစေပါတယ်။ ဒီလို ကုရုဓမ္မကို ကျင့်သုံးတဲ့ အတွက် ကလိင်္ဂမင်းရဲ့ တိုင်းပြည်မှာလည်း မိုးလေ၀သ မှန်ကန်ကာ တိုင်းပြည်လည်း ငြိမ်းချမ်းသာယာ လာခဲ့ပါတယ်။ ဒါဟာ ကုရုဓမ္မ ခေါ် ငါးပါးသီလကို လုံခြုံစောင့်ထိန်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါက ကုရုဓမ္မဇာတ်တော်ရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

#ဒီဇာတ်တော်ကို အကြောင်းပြုပြီး မြန်မာဗုဒ္ဓဘာသာများဟာလည်း ဆန်ရေစပါး စိုက်ပျိုးရာဖြစ်တဲ့ မိုး
ရာသီရဲ့ တော်သလင်းလမှာ မိုးလေ၀သ မှန်ကန်စေဖို့နဲ့ ဗုဒ္ဓဘာသာတွေ အနေနဲ့ ဂရုဓမ္မ ခေါ် ငါးပါးသီလကို အလေးထားပြီး စောင့်ထိန်းစေဖို့ တော်သလင်း လပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ အဖြစ် နေ့ထူးနေ့မြတ် တစ်ခု သတ်မှတ်ကြခြင်း ဖြစ်နိုင်ပါတယ်။

#ဒီနေရာမှာ အဓိက အရေးကြီးဆုံး တရားက ဂရုဓမ္မ တရားပဲ ဖြစ်ပါတယ်။ ငါးပါးသီလရဲ့ အစွမ်းထက်မြက်မှုပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အနည်းဆုံး -
- သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တာ
- သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တာ
- အိမ်ထောင်ရေး ဖောက်ပြန်မှုများမှ
ရှောင်ကြဉ်တာ
- လိမ်ညာပြောဆိုတာတွေမှ ရှောင်ကြဉ်တာ
- အရက်သေစာ မူးယစ်ဆေးဝါး
သောက်စားသုံးစွဲတာတွေမှ
ရှောင်ကြဉ်တာတွေကို ပျောက်ပျက်မှု မရှိအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြမယ် ဆိုရင် တစ်ဦးချင်းရဲ့စိတ်အစဉ်မှာ ငြိမ်းချမ်းနေပြီး အချင်းချင်း နှိပ်စက်ခြင်းတွေ ကင်းနေကြမှာ ဖြစ်ပါတယ်။

#တစ်ဦးချင်းရဲ့ စိတ်အစဉ်မှာ သီလတွေနဲ့ ထိန်းသိမ်းလို့ ငြိမ်းနေကြမယ် ဆိုရင် အဲဒီနိုင်ငံ ၊ အဲဒီ လူမျိုးတွေကို။ စောင့်ရှောက်ကြတဲ့ နတ်ဒေ၀တာတွေဟာလည်း စောင့်ရှောက်မှု အားကောင်းပြီး အဆိုးတွေ မဖြစ်အောင် မစကြမှာ ဖြစ်ပါတယ်။ သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များရဲ့ အစောင့်အရှောက်ကို ခံကြရတဲ့ တိုင်းပြည်ဟာ မိုးလေ၀သ ရာသီဥတုမှ အစ ကောင်းမွန် မှန်ကန်ပြီး ရာသီဥတု မှန်တဲ့ အတွက် စိုက်ပျိုးရတဲ့ သီးနှံစပါးဟာလည်း ဖွံ့ဖြိုး တိုးတက်ကာ စား၀တ်နေရေးမှ အစ အစစ အရာရာ ငြိမ်းချမ်းသာယာ နေကြမှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံဖြစ်တဲ့ ဂရုဓမ္မ ခေါ် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်း နေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

#ဆိုလိုတာက အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောရှိတဲ့ အတွက် အကြောင်းကောင်းရင်
အကျိုးလည်းကောင်းမှာ ဖြစ်လို့ အကျိုးပေး ကောင်းချင်သူတွေ အနေနဲ့ အကြောင်းကောင်းအောင် လုပ်ကြဖို့နဲ့ တစ်ဦးချင်းရဲ့ အကြောင်းတွေ ကောင်းနေရင် တစ်ဦးချင်းရဲ့ အကျိုးလည်း ကောင်းနေပြီး အကြောင်းကောင်းသူ တစ်ဦးချင်း ပေါင်းထားတဲ့ အများဟာလည်း အကျိုးကောင်းတဲ့ အစုအဖွဲ့
ဖြစ်လာမှာ ဖြစ်ကာ အစုအဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ တိုးတက်ဝပြောနေမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းကောင်း ဆိုတဲ့ ဂရုဓမ္မလို တရားများကို ကြိုးစား ကျင့်ကြံနေထိုင်ခြင်းဖြင့် အကျိုးကောင်းအောင် အားထုတ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။ ဂရုဓမ္မ ခေါ် ငါးပါးသီလကို အခြေခံ အဆင့်အနေနဲ့ တည်တံ့အောင် ကြိုးစားပြီး အမြတ်ဆုံးပန်းတိုင်ကို လှမ်းကိုင်နိုင်အောင် အားထုတ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

#ဒါကြောင့် အကျင့်တရားတွေ အားနည်းပြီး သီလတရားတွေ လျော့ရဲလာတဲ့ ဒီနေ့လို ခေတ်မှာ အများ မိုးခါးရေ သောက်လို့ ကိုယ်လည်း လိုက်သောက်တဲ့ ပုံစံမျိုး မဖြစ်စေကြဘဲအများမလုပ်နိုင်တဲ့ အလုပ်ကို တစ်ဦးချင်း အရင်ကြိုးစား လုပ်ကိုင်ရင်း အများအား ဖြစ်လာအောင် အားထုတ်တဲ့ အနေနဲ့ လူပဲဖြစ်ဖြစ် ၊ ရဟန်းပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အခြေခံအဆင့် သီလများကို လုံခြုံအောင် စောင့်ထိန်းကြဖို့၊ လူတွေအနေနဲ့ တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မ တရားတွေ ထွန်းကားလာအောင် နေ့စဉ် စောင့်ထိန်းရမယ့် ငါးပါးသီလကို လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားကြဖို့၊ ဒီလို တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မတွေ ထွန်းကားလာမယ် ဆိုရင် အဲဒီသူ ၊ အဲဒီမိသားစု ၊ အဲဒီလူမျိုး၊ အဲဒီတိုင်းပြည်ဟာ အမှန်တကယ် ငြိမ်းချမ်းသာယာ ဝပြောလာမှာ ဖြစ်လို့ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီဂရုဓမ္မကိုတော့ အတတ်နိုင်ဆုံး လုံခြုံကြစေဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။

#သေချာတာကတော့ ဂရုဓမ္မတရားတွေ များများထွန်းကားလေ ကမ္ဘာလောကကြီး ငြိမ်းချမ်းလေ ဖြစ်မယ် ဆိုတာ အသေအချာပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း ဂရုဓမ္မ အခါတော်နေ့ရဲ့ ထူးခြားမှု တစ်ခုအဖြစ် အသိပေး တင်ပြရင်း ဗုဒ္ဓဘာသာတွေအတွက် အနည်းဆုံး အခြေခံ ဖြစ်တဲ့ ငါးပါးသီလကို လုံခြုံအောင် ကျင့်သုံးကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

2 months ago | [YT] | 110

Global Peace Dhamma Channel

တရားစခန်းပွဲ ဖွင့်ပါမည်
*********************
(25-7-25,မှ 31-7-25,ထိ)

ပြင်ဦးလွင်မြို့နယ်၊
ပြင်စာ၊ရွှေချောင်းရွာ၊
သစ္စာရွှေစည်ကျောင်းတိုက်၌
(25-7-25)နေ့ ညနေ(၃)နာရီမှ စ၍
(31-7-25)နေ့ နံနက်(၇)နာရီထိ
(၉)ကြိမ်မြောက်
(၅)ရက်တရားစခန်း ဖွင့်ပါမည်။
လာရောက်အားထုတ်နိုင်ပါသည်။

(25-7-25)ရက်နေ့ညနေ(၃)နာရီ
အရောက်လာရပါမည်။
အတက်အဆင်းနည်းနည်းရှိပါသည်။
အသက်(၇၀)နှစ်အောက်ဖြစ်ပြီး
ကျန်းမာရေးကောင်းမွန်သူ
ဖြစ်ရပါမည်။
မိမိကျရာ နေရာတွင်သာ
ကျေနပ်စွာနေနိုင်ရပါမည်။
စခန်းပွဲရက်အတွင်း
မိမိနှင့်တကွ
အားထုတ်ဖော်ယောဂီများ
ထိရောက်စွာ-ချမ်းသာစွာ-
အားထုတ်နိုင်ရန်အတွက်
(၁)ဖုန်းလိုင်း(လုံးဝ)မသုံးရပါ။
(၂)မဖြစ်မနေကိစ္စမှလွဲ၍
စကားမပြောရပါ။
(၃)တရားထိုင်ချိန်တိုင်း
မပျက်မကွက်ထိုင်ကြရပါမည်။
ဤ(၃)ချက်ကိုလိုက်နာနိုင်မှ
စာရင်းပေးကြပါရန်
မေတ္တာရပ်ခံပါသည်။
ဤ(၃)ချက်ကို
အထူးတင်းကြပ်ပါမည်။
ဤ(၃)ချက်ကိုလိုက်နာနိုင်ကြောင်း
ဝန်ခံနိုင်မှသာ လက်ခံပါမည်။
တရားစခန်းဝင်မည့်သူကိုယ်တိုင်
စာရင်းပေးရပါမည်။
ကိုယ်စားမပေးရပါ။

မှတ်ချက်။ ။
(18- 7- 25)ရက်မှ စ၍
__________________
အောက်ပါဖုန်းနံပတ်ကို
ဆက်သွယ် စာရင်းပေးသွင်း
နိုင်ပါသည်။
စာရင်းပေးသည့်အခါ
တယောက်ချင်းစီ၏
အသက်/
မှတ်ပုံတင်နံပတ်/
နေရပ်လိပ်စာ/
ဖုန်းနံပတ်-တို့ကို
ထည့်သွင်းပေးပါ။
အိပ်ယာလိပ်/ခြင်ထောင်
ယူဆောင်ခဲ့ပါ။

ဦးဣဿရိယ
09752906899
__________

4 months ago | [YT] | 155

Global Peace Dhamma Channel

🌸သတ္တဝါတွေကို ချမ်းသာစေချင်တာ။
ဘယ်သတ္တဝါကိုမှ ချန်မထားခဲ့ဘူး။

🌸ချစ်တဲ့လူတွေကိုမှ ချမ်းသာစေချင်တာ မဟုတ်ဘူး။

🌸မုန်းတဲ့လူတွေကိုလည်း ချမ်းသာစေချင်တာ။

🌸မေတ္တာရဲ့ သဘောက ဘက်လိုက်တယ်ဆိုတာ မရှိဘူး။

သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ


တရားတော် နာယူရန် Link:

https://youtu.be/otmflVP9bpY?si=dzf5h...

5 months ago (edited) | [YT] | 932

Global Peace Dhamma Channel

သေခြင်းကလူတွေဆီကို လာနေတာ မဟုတ်ဘူး

လူတွေက သေခြင်းဆီကို သွားနေကြတာ

ဘယ်သေမင်းကမှ လာပြီး သတ်မှာ မဟုတ်ဘူး
ကိုယ်တိုင် သွားပြီးတော့ကို အသတ်ခံကြရမှာ

သတ်ဖို့လာနေတာ မဟုတ်ဘူး သေဖို့ သွားနေကြတာ

ဒီခရီးမှာ သေခြင်းက ဘယ်နားက စောင့်နေလဲ ဆိုတာတော့ ဘယ်သူမှ အသေအချာ မသိနိုင်ဘူး အသေအချာ သိနိုင်တာကတော့

- ဒီခရီးကို အရပ်အနား မရှိ အမြဲသွားနေရတယ် ဆိုတာရယ် တစ်ချိန်ထက် တစ်ချိန် ပို နီးနီးလာတယ် ဆိုတာရယ်
ဒီ နှစ်ချက်ပါပဲ

( ၁ ) အချိန်တိုင်း သွားနေတယ်
( ၂ ) ပို နီးနီး လာတယ်

#အချိန်တိုင်း_သွားနေတယ်_ဆိုတာကို

မြတ်စွာဘုရားက
တောင်ကျမြစ်တစ်စင်းနှင့်
ဥပမာပေးတယ်
နဒီပဗ္ဗ တေယျူ ပမံ ဇီဝိတံ မနုဿာနံ

လူတွေရဲ့အသက်ဆိုတာ တောင်ကျမြစ်နှင့်တူတယ် တဲ့

တောင်ကျမြစ် ဆိုတော့ ရိုးရိုးမြစ်တွေလို အေးအေးဆေးဆေးစီးနေတာ မဟုတ်ဘူး

အရှိန်အဟုန်နဲ့ မြန်မြန်ဆန်ဆန် စီးနေတာ

စဉ်းစားကြည့်

ပင်လယ်ဆီကိုသွားနေတဲ့သူ့ရဲ့ ခရီးဟာ တစ်စက္ကန့်လောက်တောင် ရပ်နားလို့မရဘူး အချိန်တိုင်း စီးနေရတယ်

လူတွေရဲ့ အသက်ကလည်း ဒီတိုင်းပဲ သေခြင်းဆီကိုသွားနေရတဲ့ ဒီခရီးကို ရပ်ထားလို့မရဘူး

အချိန်တိုင်း သွားနေရတဲ့ တောင်ကျမြစ်တွေလိုပဲ

#ပို_နီးနီးလာတယ်_ဆိုတာကိုတော့

မြတ်စွာဘုရားက သားသတ် ရုံသွား နွားမများနဲ့ ဥပမာပေးတယ် ဂေါဝဇ္ဈူပမံ ဇီဝိတံ မနုဿာနံ -လူတွေရဲ့အသက် ဆိုတာ
သားသတ်ရုံဆီကို အဆွဲခံရတဲ့ နွားမများနဲ့တူတယ် တဲ့

အဲ့ဒီနွားမတွေရဲ့
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဟာ အသတ်ခံရခြင်းနှင့် ပိုပို နီးလာတယ်

အဲ့လိုပဲ

လူတွေရဲ့ အသက်ကလည်း တစ်ချိန်ထက် တစ်ချိန် သေခြင်းနဲ့ ပိုပို နီးလာတယ်

- မနှစ်ကထက် ဒီနှစ် ပိုနီးလာတယ်
- အရင်လကထက် ဒီလ ပိုနီးလာတယ်
- မနေ့ကထက် ဒီနေ့ ပိုနီးလာတယ်
- ခုနကထက် အခု ပိုနီးလာတယ်

သိပ်မကြာခင်
ဒီလူတွေအားလုံး သေကြရမှာ ဒီလူတွေအကုန်လုံး ပျောက်သွားကြမှာ နောက်လူတွေနဲ့ အစားထိုးထိုးနေတော့
လောကက ပုံမပျက် သွားနေတယ်လို့
ထင်ကြရတာ

တကယ်တော့ လောကက ပုံမပျက် သွားနေတာ မဟုတ်ဘူး ပုံပျက် ပန်းပျက် သွားနေတာ

🙏သစ္စာရွှေစည်ဆရာတော်🙏

တရားတော်နာယူရန် Link:

https://youtu.be/DRIJrGlg-EA?si=NTLel...

6 months ago (edited) | [YT] | 803

Global Peace Dhamma Channel

🌸သေခါနီးတန်ရင် ကိုယ်ရဲ့
အိပ်နေကျ နေရာလေးက ကိုယ့်ရဲ့
သေရမယ့် နေရာလေး ဖြစ်သွားတတ်တယ်။

🌸ပစ္စည်း ဥစ္စာ ကုန်ခမ်းသွားတာကို မြင်နိုင်တယ်

🌸ဉာတိဆွေမျိုး ဝေးသွားတာကို မြင်နိုင်တယ်

🌸ဒါပေမယ့် ကိုယ်ရဲ့ ကံကြမ္မာ ကုန်ခမ်းသွားတာကိုတော့
မသိမမြင်နိုင်ဘူး ။

🌸ထို့ကြောင့် နေ့စဉ် ကုသိုလ်တစ်ခုစီ
လုပ်ထားဖို့ မပေါ့ဆပါနဲ့။

🌸အသက်ရှိနေစဉ် မာနထောင်လို့ရတယ်။

🌸သေခါနီးဆိုက်ရောက်လို့
ခုတင်ပေါ်လဲလိုက်တာနဲ့
မာနဆိုတာ အာလကားပါလားလို့ သိပါလိမ့်မယ်။

ဒါပေမယ့် ပြုပြင်ဖို့ အချိန် ရလိမ့်မယ် မဟုတ်တော့ဘူး။

🌸ထို့ကြောင့် အချိန်ရှိတုန်းလေ
ပြုပြင်သင့်တာတွေကို ပြုပြင်ပါ။
ကုသိုလ်ဆိုတာ သေပြီးမှ လုပ်ရတဲ့ အရာ မဟုတ်ဘူး။
အသက်ရှိနေစဉ် လုပ်ထားရတဲ့ အရာပါ။
တရားနာယူရန် Link:

https://youtu.be/7ejmfbbjq8E?si=_tGNs...

7 months ago (edited) | [YT] | 444

Global Peace Dhamma Channel

တရားတော် နာယူရန် link :

https://youtu.be/BYcsvdWnmdA?si=6FXZU...

7 months ago (edited) | [YT] | 264