Doctor turned Singer.
Phyu Phyu Kyaw Thein from Myanmar (Burma)


One & Only Diva

🎤 ဖြူဖြူကျော်သိန်း အမေရိကားကိုလာမည်။

🔥 Wow ဘယ်မှာလဲ ?

🎙️နယူးယောက်စီးတီးမှာပါ။
🎸 သီဆိုဖျော်ဖြေကြမှာက သူတယောက်ထဲမဟုတ်ဘူးနော် အမေရိကားမှာ ကြိုရောက်နေတယ့် သူနဲ့ခေတ်ပြိုင် နာမည်ကြီးအဆိုတော် R ဇာနည်နဲ့

🔥 wow wow wow 🔥
🎸 ဒါက သူတို့နှစ်ယောက်ရဲ့ ဂီတသက်တမ်းတလျှောက် ပြည်တွင်းပြည်ပမှာ ပထမဆုံးသော စုံတွဲပေါင်းစပ် သီဆိုဖျော်ဖြေမှု ( First Duet Concert) ပေါ့။ နယူးယောက်သားတွေ ကံကောင်းလိုက်တာလို့ပြောရတော့မယ်။

🔊ဟုတ်ကဲ့ ဘယ်မှာလုပ်မှာလဲ?
🚉 သွားရေးလာရေး အလွန်လွယ်ကူတဲ့ Long Island City က LaGuardia Community College မှာ ကျင်းပပြုလုပ်မှာပါ။

🔈လက်မှတ်တွေ ဘယ်လိုဝယ်ရမလဲ?
🎤ဟုတ်ကဲ့ လက်မှတ် စတင်ရောင်းချမည့် နေ့ရက်အချိန်နဲ့ ဈေးနှုန်းတွေကို ထပ်မံကြေငြာပေးပါ့မယ်။ လက်မှတ်တွေကို Online ကနေ အလွယ်တကူ ဝယ်လို့ရသလို သတ်မှတ်ထားတဲ့ Ticket Agent တွေဆီကနေလဲ ဖုန်းဆက်ဝယ်ယူလို့ရမှာပါ။

🎤Save the date ကရော?
🔊ဟုတ်ကဲ့ စက်တင်ဘာ ၁၂ ရက် , စနေနေ့ပါ

🎶 စကားမစပ် ဘယ်မြို့တွေမှာလုပ်ဦးမှာလဲ?
ဒီတခေါက်တော့ ဒီမြို့မှာ ဒီတပွဲပဲလုပ်ဖြစ်မှာပါ။🎶

🎸🎹 အားလုံးပဲ Ready နော် 🎹🎸

🎸 ⭐ ONE NIGHT • ONE STAGE • TWO CONTEMPORARY SINGERS

🔥 New York City မှာကျင်းပ
မယ့် မလွတ်သင့်တဲ့ First Duet Concert

#FirstDuetConcert
#TwoContemporarySingers
#NewYorkCity
#NYCBC
#SaveTheDate
#Rzarni
#PhyuPhyuKyawThein
#LaGuardia

3 weeks ago (edited) | [YT] | 745

One & Only Diva

ငါ့ရဲ့အသည်းထဲက ... အတွင်းကြေ 😍

လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က ဖြူဖြူကျော်သိန်း
မဖြူကို အဲ့ဒီပုံစံလေးနဲ့ စကြွေခဲ့ရတာ 😍

အသားညိုညို၊ ဆံပင်တိုတို၊ အတိုကို ကောက်ပစ်သေးတာ 😁 (တခါတလေ ခေါင်းမှာ အရောင်တလက်လက်ထနေတဲ့ ရွှေမှုံငွေမှုံလေးတွေ ဖြူးထားသေးတယ်) ၊ နားကွင်းကြီးကြီး ၊ နှုတ်ခမ်းနီရဲရဲ ၊ ထူးထူးဆန်းဆန်းအဝတ်အစားတွေနဲ့ Rock ဆန်ဆန် ကောင်မလေးတစ်ယောက်ပေါ့ ။

မဖြူ ဘယ်လိုစိတ်ကူးနဲ့များ အဲ့ဒီပုံစံနဲ့ မြန်မာ့ဂီ​တလောကထဲကို ဝင်ရဲခဲ့တာလဲ မသိဘူး။ ဆေးကျောင်းကိုလည်း အဲ့ဒီဆံပင်နဲ့ တက်ခဲ့တာ 😁။

နောက်ပြီး အင်တာဗျူးတစ်ခုမှာ ဖြေဖူးတယ်။ ပထမဆုံးအခွေမှာ လူကြီးသူမတွေက (ဒီပုံစံနဲ့ အဆင်ပြေပါ့မလား၊ ဆံပင်ရှည်တဲ့အထိစောင့်ပါဦးလား၊ သရုပ်ဆောင်တဲ့အခါ ရယ်ပါလား၊ ပြုံးပါလားဆိုပြီး) စိုးရိမ်စိတ်နဲ့ ဝိုင်းတားကြလို့ MV အပိုင်းမှာ သိပ်အားမရခဲ့ဘူးတဲ့ (သူအားမရတာတောင် တို့အတွက် အမြင်ဆန်းပြီး အရမ်းမိုက်နေပြီ 😁)။ ဒါပေမဲ့ ပထမဆုံးအခွေမှာတင် ပရိတ်သတ်က ရင်ဖွင့်လက်ခံအားပေးတဲ့အတွက် ဒုတိယအခွေမှာ ဘာမှထည့်မစဥ်းစားတော့ဘဲ လုပ်ချင်တာတွေလုပ်ရင်း ပိုပြီးထင်တိုင်းကြဲတော့တာတဲ့ ။ အဲ့ဒါကြောင့်လည်း ဒီနေ့ဒီချိန်ထိ အများနဲ့မတူ တမူထူးခြားနေတဲ့ ဖြူဖြူကျော်သိန်း ဖြစ်လာရတာပေါ့ ။ 👑❤️

- ပုံအဟောင်းလေးတွေကို Ai နဲ့ ပြင်ထားခြင်း ဖြစ်ပါသည်။

4 weeks ago | [YT] | 693

One & Only Diva

(၆)နှစ်အကြာမှာ Comeback Album အနေနဲ့လာမဲ့ ဖြူဖြူကျော်သိန်းရဲ့ တစ်ကိုယ်တော် တေးစီးရီး ဩဂုတ်လ (၂၈)ရက်နေ့တွင် ထွက်မည် 🤩❤️💿

Wow တကယ့်ကို Surprise ပါပဲနော်...😱
"ငါ ဆက်ရှိနေဦးမှာ" လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် တေးစီးရီးကို အခုလာမဲ့ August လ (၂၈)ရက်နေ့မှာ ထွက်ရှိမှာဖြစ်တယ်ဆိုပြီး ဖြူဖြူရဲ့ Facebook Postလေးကနေ ကြေညာလိုက်ပါပြီနော်။

ဒီအခွေထဲမှာ ဖြူဖြူကိုယ်တိုင်ရေးစပ်ထားတဲ့ တေးသီချင်းတွေပဲ ပါမယ်လို့လည်း အကြမ်းဖျင်း သိရပါတယ်။ ဒီအခွေဟာ ဖြူဖြူနဲ့ Cobraတို့ရဲ့ နောက်ဆုံး အတွဲခွေ ဖြစ်တဲ့ "သဝန်တိုတာအရမ်းချစ်လို့" Album ထွက်အပြီး
6နှစ်ကျော်အကြာမှာမှ တစ်ကိုယ်တော်အနေနဲ့ ပထမဆုံး ပြန်လည်ထွက်ရှိတဲ့ အခွေလည်းဖြစ်ပါတယ်။

ကဲ... နိုင်ငံကျော်တေးသံရှင် Diva ကြီးဖြူ့ဖြူ့ရဲ့ မိမိုက်နေတဲ့ အမိုက်စား သီချင်းသစ်တွေ နားထောင်ရဖို့ August 28ရက်နေ့ကို အမြန်ဆုံး ရောက်ချင်ပါပြီနော်...။

P.S - ဒီပိုစတာပုံလေးက ပုံဟောင်းလေးတွေနဲ့လုပ်ထားတဲ့ Fan made Poster လေးပါ။ အခွေ Title နဲ့ Release Date ကိုပဲ သိရသေးတာမို့ Official Poster တွေ ထွက်လာမဲ့ရက်ကို စောင့်မျှော်နေဆဲပါ။ 😍

1 month ago | [YT] | 894

One & Only Diva

2012 အာဇာနည်နေ့

အာဇာနည်ဗိမာန်သို့ လာရောက် ဂါရပြုသည့်
(၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ နှင့် အနုပညာရှင်များ။ (19 Jul, 2012)

Photo Credit to Eleven Media Group

1 month ago | [YT] | 568

One & Only Diva

1998 ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ
မြန်မာတစ်နိုင်ငံလုံး Top 17 နဲ့ အောင်မြင်ခဲ့တဲ့
ဖြူဖြူကျော်သိန်း 🏆

အဲ့ဒီခေတ်တုန်းက
မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ ဆိုတဲ့ 5D ခေတ်ပါ။ မမဖြူဟာ မြန်မာစာကလွဲလို့ ကျန်တဲ့ (၄)ဘာသာဂုဏ်ထူးနဲ့
TTC ကမာရွတ်ကနေ အောင်မြင်ခဲ့တာပါ။ 🏆

2006 ခုနှစ်မှာတော့ ဆေးတက္ကသိုလ်(၁) ရန်ကုန်ကနေ
ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပါတယ်။ 💉👩‍⚕🩺

အစ်မဖြစ်သူ ညိုညိုကျော်သိန်းကလည်း
1991 ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ
The Whole Burma First နဲ့အောင်မြင်ခဲ့ပြီး 🥇🏆
နှလုံးအထူးကု ခွဲစိတ်ဆရာဝန်မကြီး ဖြစ်ခဲ့တာပါ။ 🩺👩‍⚕

နောက်ပြီး ဆွေမျိုးအသိုင်းအဝိုင်းကလည်း
ပညာရေးကို အားပေးတဲ့ ကျောင်းဆရာ၊ဆရာမတွေနဲ့ ဆရာဝန်တွေချည်းပဲ။ အဲ့လိုဆရာဝန်အသိုင်းအဝိုင်းမှာ မဖြူတစ်ယောက်တည်း ထူးပြီး အနုပညာရှင်ဖြစ်လာခဲ့တာ။ ❤️

ပုံကတော့
မျက်မှန်နဲ့ ဝက်ခြံနဲ့ စာဂျပိုးမလေး ဖြူဖြူပါ 😍

1 month ago (edited) | [YT] | 721

One & Only Diva

"သွားနှင့်ဦး ကြယ်လေးရယ်...
ရောင်နီရောက်မလာခင် နင်ကြွေနှင့်တယ်..."

Rest in power Raymond 💪
၅ နှစ်ရှိပြီ။

အနုပညာကို ထိုက်ထိုက်တန်တန် မြတ်နိုးတန်ဖိုးထားတတ်တဲ့ နေရာမျိုးမှာ ပြန်လည်မွေးဖွားပါစေလို့သာ.....

2 months ago | [YT] | 365

One & Only Diva

Happy Birthday ပါ အမေစု ❤️🌹

ကျန်းမာသက်ရှည်ပါစေ၊
အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ 🌹

2 months ago | [YT] | 1,182

One & Only Diva

ဖြူဖြူကျော်သိန်းမဆန်တော့တဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းလို့ ကြားလိုက်တာနဲ့
အားကောင်းတဲ့အသံအပြင် ဖက်ရှင်၊ ဖျော်ဖြေတင်ဆက်မှုနဲ့ ခံစားသက်ဝင်မှု စတဲ့အရာတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဖြူဖြူကျော်သိန်းရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဖျော်ဖြေတင်ဆက်မှုတွေဟာ မြန်မာပြည်ရဲ့လေဒီဂါဂါလို့ တင်စားရလောက်တဲ့အထိ ခမ်းနားကြီးကျယ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီဖြူဖြူကျော်သိန်းကြီးဟာ 2021 နောက်ပိုင်းမှာ ပုံစံတစ်မျိုးပြောင်းသွားခဲ့ပါပြီ။

စင်ပေါ်တက်လာရင်
မိုးပေါ်ကနေ ကြိုးတွေနဲ့ ဆင်းမလာတော့ဘူး။
အတောင်ပံကြီးနဲ့ ထွက်မလာတော့ဘူး။
လေးဘက်ထောက်ပြီး တွားမသွားတော့ဘူး။
ခြေထောက်မိုးပေါ်ထောင်ပြီး မဆိုတော့ဘူး။
အိပ်ပြီး မဆိုတော့ဘူး။
Performance အမိုက်စားတွေ မလုပ်တော့ဘူး။
Dancer Groups တွေ မပါတော့ဘူး။
မျက်လုံးအမဲ နှုတ်ခမ်းအမဲကြီးတွေ မဆိုးတော့ဘူး။
မျက်တောင်အရှည်ကြီးတွေ မတပ်တော့ဘူး။
မျက်နှာဖုံးတွေ မတပ်တော့ဘူး။
အချွန်အတက် ဆံပင်ပုံစံတွေ မလုပ်တော့ဘူး။
ထူးထူးဆန်းဆန်းအဝတ်အစားကြီးတွေ မဝတ်တော့ဘူး။
မျက်နှာကြီးမဲ့ရွဲ့မသွားတော့ဘူး။
စင်ပေါ်မှာ ပြေးလွှားခုန်ပေါက်မနေတော့ဘူး။
ဒါပေမဲ့ အသံနဲ့ Mood ကတော့ အားကောင်းနေဆဲပါ။
ခုနောက်ပိုင်း ဖျော်ဖြေတင်ဆက်မှုတွေမှာ
ဖြူဖြူကျော်သိန်းအစစ်နဲ့မတူစွာ အရမ်းတည်ငြိမ်နေခဲ့ပါပြီ။

ဒီလိုတွေ ဘာ့ကြောင့်ပြောင်းလဲသွားရတာလဲ ?

ဖြူဖြူဟာ ဒီလမ်းကိုရွေးချယ်လိုက်တဲ့အတွက် အရင်က အခြွေအရံအများကြီးနဲ့ နေခဲ့ရတဲ့ဘဝကနေ ခုဆို တစ်ယောက်တည်း ရုန်းကန်နေရပါပြီ။ အရင်လို မိတ်ကပ်ဆံပင် တီထွင်ပေးမဲ့သူတွေ အနားမှာ မရှိတော့ဘူး။ ထူးထူးဆန်းဆန်းအဝတ်အစားအသစ်ကြီးတွေချုပ်ပေးမယ့် ဒီဇိုင်နာတွေ မရှိတော့ဘူး။ ဒါကြောင့် ကိုယ့်အထုပ်ကိုယ်ဆွဲ၊ ကိုယ့်အလှကိုယ်ပြင်ပြီး ဂစ်တာတစ်လက်နဲ့ ကမ္ဘာပတ်နေရပါတယ်။ ဖျော်ဖြေတင်ဆက်ဖို့ အဝတ်အစား အသစ်တွေမချုပ်နိုင်တော့တဲ့ဘဝမှာ အဟောင်းလေးတွေပြန်ဝတ်ပြီး ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို သီချင်းတွေကို ကိုယ်တိုင်တီးခတ်သီဆိုတဲ့ ဖြူဖြူကျော်သိန်းအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ ဖြူဖြူကျော်သိန်းရဲ့ပွဲတွေဟာ အရင်လို အံ့သြမှင်သက်မှုတွေနဲ့ကြည့်ရှုရတဲ့ပွဲတွေမဟုတ်တော့ဘဲ နှလုံးသားတွေကို ဖြုတ်ယူနိုင်ဆုံးသီချင်းတွေကို မျက်ရည်နဲ့ကြည့်ရစေတဲ့ပွဲတွေဖြစ်နေခဲ့ပါပြီ။

ဒါပေမဲ့ ဖြူဖြူကျော်သိန်းဟာ သူဒီလိုဘဝရောက်သွားလို့ ကံဆိုးသွားပြီလို့ လုံးဝမခံယူခဲ့ပါဘူး။ အရင်ကလို ရှိုးပွဲတွေဆက်တိုက်နဲ့ လက်မလည်သီချင်းသည်ဘဝကနေ အခုကိုယ်တိုင်တီးခတ်နိုင်ဖို့၊ လိုအပ်နေသေးတဲ့ ဂီတပညာရပ်တွေသင်ယူဖို့ အချိန်လေးတွေပိုလာတယ်လို့ အကောင်းဘက်ကပဲ တွေးနေခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းဆိုတဲ့ ရသအပြည့်အဝကို အရှင်လတ်လတ်မကြည့်ဘူး၊ မမြင်ဘူးလိုက်တဲ့ Gen Z တွေကတော့ အရင်ကဖြူဖြူကျော်သိန်းကို ပြန်မြင်ခွင့်ရပါစေလို့ပဲ ဆုတောင်းနေရပါတယ်။

One & Only Diva

5 months ago | [YT] | 426

One & Only Diva

ဖြူဖြူကျော်သိန်းရဲ့ တစ်ကားတည်းသောရုပ်ရှင်
"ဘော်ဒီဂတ်" ကို ပြန်လည်ကြည့်ရှုနိုင်ပါပြီ။

( သူထူးစံ၊ ဖြူဖြူကျော်သိန်း၊ ဟန်နီထွန်း)
https://youtu.be/YdrmnyBJDXY?si=w2SSv...

2007 မှာ ရိုက်ကူးခဲ့ပြီး 2012 မှ ထွက်ခဲ့တာပါ။ မူရင်းကတော့ Kevin Costner နဲ့ Whitney Houston တို့ရဲ့ The Bodyguard ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာဦးပီတာရဲ့ မြန်မာ Remake ပါ။ အဆိုတော်ကောင်မလေးတစ်ယောက်နဲ့ သက်တော်စောင့်တို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး သူထူးစံနဲ့ ဖြူဖြူကျော်သိန်းတို့ အထူးသရုပ်ဆောင်ပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ The Bodyguard အပေါ်ပဲ မူတည်ထားပါတယ်။ ထိုခေတ်က ဗွီဒီယိုခေတ်ဆိုတော့ ရုံတင်ရုပ်ရှင်ကားကြီးမဟုတ်ခဲ့ပါဘူး။

ဒီကားမှာ ဖြူဖြူ့ရဲ့ သီချင်းတွေချည်း ဇာတ်ဝင်တေးအဖြစ် အသုံးပြုခဲ့ပါတယ်။ ဖြူဖြူ့အတွက် အမှတ်တရအဖြစ်ဆုံးက ဝတ်စုံတွေလို့လည်းဆိုခဲ့ပါတယ်။ ဖြူဖြူဟာ ထိုရုပ်ရှင်အတွက် ရရှိတဲ့အနုပညာကြေးကို အဝတ်ချည်းပဲ အစုံ ၃၀ လောက်ချုပ်ပစ်ခဲ့ပြီး ရတဲ့ပိုက်ဆံနဲ့မလောက်လို့ အိမ်ကတောင် စိုက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

6 months ago | [YT] | 183

One & Only Diva

ချင်းတောင်တန်းပေါ်က
ဖြူဖြူကျော်သိန်းရဲ့ ငယ်ဘဝအမှတ်တရများ

Phyu Phyu in Chin Community Germany ပွဲမှာ
ပြသသွားတဲ့ (၁၉၈၉)ခုနှစ် ဖြူဖြူ (၈)နှစ်သမီးတုန်းက ပုံရိပ်လေးတွေပါ။

ဘယ်သူက ထင်မှာလဲ
ဒီလိုနုနယ်တဲ့ ချစ်စရာဘေဘီလေးက
တစ်နေ့မှာ အမှန်တရားအတွက် ရပ်တည်ချက်မှန်ကန်တဲ့ နိုင်ငံကျော်အဆိုတော်ကြီးတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာ ။

ဘေဘီဖြူလေးက
ငယ်ငယ်ကတည်းက စတိုင်လ်အပြည့်နော်။ ❤️

6 months ago | [YT] | 639