လူထုအတွက် သတင်းအချက်အလက်။လူထုအနာဂတ် သတင်းအချက်အလက်။
ဒို့ပြည်-Doh Pyay
နတ်တလင်းတောင်ညိုဆည်တဝိုက်ကို စစ်တပ်ကဗုံးကြဲနေ ကနေဦး ၂ ဦးသေဆုံးပြီး သံဃာတော်တွေနဲ့ ထိခိုက်ဒဏ်ရာရသူများ (Breaking News)အောက်တိုဘာ ၁၇၊ ၂၀၂၅။ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်ကနေ စတင်ပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့နယ်၊ တောင်ညိုဆည် တဝိုက်ကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီး (၃) စီးနဲ့ လှည်ပတ်ဗုံးကြဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဗုံးကြဲခံနေရတဲ့နေရာတွေကတော့ တောင်ညို သင်္ဘောချည်တိုင်ဘုန်းကြီးကျောင်း၊ ကြက်ညိုရွာ၊ ဆည်ဘောင်ရှင်းလင်းဆောင်၊ ထန်းတောရွာ တို့ဖြစ်တယ်လို့ သိရပါတယ်။"ကြက်ညိုရွာနှစ်လုံး၊ ဆည်ဘောင်ကရှင်းလင်းဆောင် နှစ်လုံး လေးလုံးချသွားပါပြီ။ စက်လက်နဲ့လည်း ပစ်နေပြီ။ ဘုန်းကြီကျောင်းကိုကြဲတာ ပြည်သူငါးယောက်ခန့်ထိတယ် ဘုန်ကြီးလည်းပါတယ်။ ပြည်သူနှစ်ယောက်သေတယ်လို့ကြားထားပါတယ်" လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ အမျိုးသမီးတဦး ကပြောပါတယ်။စက်တပ်လေထီးတွေဟာ ပြည်ခရိုင်၊ ရွှေတောင်လေယာဉ်ကွင်းကနေ ပျံတက်နေတာဖြစ်ပြီး အသွားအပြန် (၅) စီးထက်မနည်း အချိန်းအပြောင်းအလဲလုပ် ကာ ကျေးရွာတွေထဲကို ကြဲနေတာဖြစ်တယ်လို့ သိရပါတယ်။"ထန်းတောရွာထိပ်ဘက်၂လုံးချသွားတယ် သွားလိုက်ပြန်လိုက်နဲ့ဆော်နေပါတယ်" လို့ ဖြစ်စဉ်ကိုသိရှိထားသူက ပြောပါတယ်။ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်ကလည်း နတ်တလင်းမြို့နယ် မကျီးပင်ရွာ ကို စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြင် ယမန်နေ့က ပေါင်းတည်မြို့နယ်ထဲကို လေထီးနဲ့ အပြင် လေယာဉ်နဲ့ပါ စစ်သားတွေကိုအင်အားဖြည့် လာချသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။#Breaking News#ဒို့ပြည်ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ) Website- dohpyay.com/Telegram- t.me/dohpyayTiktok- www.tiktok.com/@dohpyay#ပဲခူးတိုင်းအနောက်ခြမ်း #နတ်တလင်းမြို့နယ် #တောင်ညိုဆည် #စက်တပ်လေထီး #လေကြောင်းအန္တရာယ် #လူထု #သတိပြုပါ
51 minutes ago | [YT] | 0
View 0 replies
ပါတီ ၃၇ နှစ်ပြည့်မှာ လူ့ဘောင်သစ်လူငယ် က လူငယ်နိုင်ငံရေးစကားဝိုင်း ပြုလုပ်၁၆ ရက်၊ အောက်တိုဘာလ၊ ၂၀၂၅ခုနှစ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS ပါတီတည်ထောင်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားနဲ့ " ကလိမ်ခြုံရွေးကောက်ပွဲ နဲ့ လူငယ်ထုတာဝန်" ဆိုတဲ့ခေါင်းစဥ်နဲ့ လူငယ်နိုင်ငံရေးစကားဝိုင်း တခုကို လူ့ဘောင်သစ်လူငယ်က ပြုလုပ်ခဲ့ပါတယ်။အဲဒီအခမ်းအနားကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့က နယ်စပ်ဒေသတနေရာ မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။အခမ်းအနားနဲ့ စကားဝိုင်းကို လူငယ်နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ပြီး အခမ်းအနားဂုဏ်ပြုတာ၊ စစ်အုပ်စုရဲ့ ကလိမ်ခြုံရွေးကောက်ပွဲအပေါ် အမြင်သဘောထား ၊ လူငယ်ထုကြုံတွေ နေရတဲ့ အခက်အခဲတွေကို အပြန်အလှန်မျှဝေဆွေးနွေးခဲ့ကြတယ်လို့ လူ့ဘောင်သစ်လူငယ်-YNS သတင်းနဲ့ပြန်ကြားရေး ဆီက သိရပါတယ်။ #ဒို့ပြည်ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ) Website- dohpyay.com/Telegram- t.me/dohpyayTiktok- www.tiktok.com/@dohpyay#လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ #လူ့ဘောင်လူငယ် #နှစ်ပတ်လည် #နိုင်ငံရေးပါတီ #စကားဝိုင်း #လူငယ်
20 hours ago | [YT] | 10
လက်ပံတန်းတိုက်ပွဲ စစ်ကော်မရှင်တပ်သား ၁၅ ဦးထက်မနည်းသေပြီး သုံ့ပန်း ၁၀ ဦးထက်မနည်းဖမ်းဆီးခံရအောက်တိုဘာ ၁၆၊ ၂၀၂၅။ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၅) ဦးထက်မနည်း သေဆုံးကာ၊ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို (၁၀) ဦးထက်မနည်းကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ဒါ့အပြင် လက်နက်အစုံ (၁၉) လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်တွေအထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ဒီတိုက်ပွဲကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှု အောက်ရှိ၊ ဗျူဟာ (၂၂) ဦးဆောင်မှုနဲ့ အမှတ် (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ လက်ပံတန်းရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အမှတ် (၃၈၀၃) တပ်ရင်း၊ ပူးပေါင်း စစ်ကြောင်းမှ အောက်တိုဘာလ (၁၅) ရက်၊ မနက် (၁၀) နာရီအချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။#ဒို့ပြည်ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ) Website- dohpyay.com/Telegram- t.me/dohpyayTiktok- www.tiktok.com/@dohpyay#ပဲခူးတိုင်း #သာယာဝတီ #လက်ပံတန်း #ပကဖ #စစ်သုံ့ပန်း #လက်နက်ခဲယမ်း #PDF
22 hours ago | [YT] | 14
ပေါင်းတည်၊ ရေဆည်ကြီးရွာ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရလို့ သေဆုံး၊ ဇနီးဖြစ်သူ လက်ပြတ်ဒဏ်ရာနဲ့ ဆေးရုံတင်ထားရအောက်တိုဘာ ၁၅၊ ၂၀၂၅။ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ရေဆည်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းမြင့် ကို အမည်မသိလူတစုက လာရောက်ပစ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။အောက်တိုဘာလ ၁၃ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်က ပေါင်းတည်အရှေ့ဘက် (၅) မိုင်ခန့်အကွာမှာရှိတဲ့ ရေဆည်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်(အသက် ၆၀ နှစ်) ကို ဆိုင်ကယ်(၂) စီးနဲ့ အမျိုးသား(၄) ဦးက လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ဦးဝင်မြင့်မှာ သေဆုံးခဲ့ကာ အမျိုးသမီးဖြစ်သူကတော့ လက်ပြတ်ရှဒဏ်ရာရသွားတဲ့အတွက် ရန်ကုန်ဆေးရုံကိုပို့ဆောင် ပေးထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။"ကြားသိရတာကတော့ သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်ခတ်တယ်။ ဝင်းမြင့်က ပွဲချင်းပြီးသေတယ်။ မိန်းမက လက်ပြတ်တယ်။ သူကအရင်က ကြံ့ခိုင်ရေးအမာခံတဦးပါပဲ။ အဲဒီဖြစ်ပြီးတော့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ရွာသားတဦးကို ဖမ်းထားတယ်" လို့ မြို့ခံတဦး က ပြောပါတယ်။ပစ်ခတ်မှုဖြစ်ပြီး (၂) နာရီခန့်အကြာမှ စစ်တပ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကြကာ ရွာသားတွေကို တနေရာတည်းနေခိုင်းပြီး လက်ကိုင်ဖုန်းတွေကိုလည်း သိမ်းဆည်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။"မသင်္ကာလို့ဖမ်းထားတဲ့ သူနှစ်ယောက်က တယောက်က အုပ်ချုပ်ရေးမှူးဟောင်း တယောက်က အဲအချိန်မှာ ဖုန်းဆက်တဲ့သူ" လို့ မြို့ခံတဦးက ပြောပါတယ်ဒီပစ်ခတ်မှုကိုတော့ ဘယ်သူတွေက ပြုလုပ်တယ်ဆိုတာ မသိရေသးသလို တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လာတာလည်း မရှိသေးပါဘူး။#ဒို့ပြည်ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ) Website- dohpyay.com/Telegram- t.me/dohpyayTiktok- www.tiktok.com/@dohpyay#ပဲခူးတိုင်း #ပေါင်းတည် #ရေဆည်ကြီးရွာ #အုပ်ချုပ်ရေးမှူး #မှုခင်းသတင်း
2 days ago | [YT] | 14
View 1 reply
"မဖတ်ပါရစေနဲ့ ဟောလိုကဗျာ" (ကဗျာခံစားမှု)အောက်တိုဘာ ၁၄၊ ၂၀၂၅။ ကဗျာ။ ကဗျာဆိုတဲ့ အနုပညာပစ္စည်းတစ်ခုကို ဘယ်အချိန်မှာ ကျနော်နှစ်သက်စွဲလမ်းခဲ့တာလဲ စဥ်းစားမိတိုင်းအဖြေဟာ တိတိကျကျမရှိ။ ဒါပေမယ့် က ကဇွန်းပင်ရေမှာရွှင် ခ ခရေကုံး မလေးပြုံး ဂ ဂနိုင်စုံတောမြိုင် လို့ တတွတ်တွတ်ရွတ်ဆိုခဲ့ရတဲ့အရသာဟာ ချိုမြိန်ကြောင်းကိုတော့ ကျနော်သတိထားမိ။ မြန်မာကဗျာစနစ်ဟာ ကာရန်စနစ်။ အသံများကို ချိတ်ဆက်ဆော့ကစားပြတာ သတိထားမိ။ အက္ခရာစာပေမထွန်းကားမပေါ်သေးခင်က မှတ်သားစေလိုသည်များကို လက်ဆင့်ကမ်းသည့်အခါ အသံစနစ်ဖြင့် လက်ဆင့်ကမ်းခဲ့လေတော့ မှတ်မိလွယ်စေရန်ရှေးလူတို့တီထွင်ခဲ့လေသလား စဥ်းစားမိ။ ကဗျာဆိုတဲ့အရာကို ထိတွေ့နှစ်ခြိုက်ရင်း ကျောင်းသင်ခန်းစာပြင်ပကဗျာတွေဖတ်ဖြစ်လာတယ်။ ၉၀ အလွန် ခေတ်ပေါ်ကဗျာ အားကောင်းမောင်းသန်ကာလမှသည်၊ ဒီကနေ့ ကွန်တမ်ပရီ ခေတ်ပြိုင်ကဗျာများထိ။ ကဗျာရေးနည်းတက္ကနိတွေဘယ်လိုပြောင်းပြောင်း ကဗျာရေးသူဟာ သူဖြတ်သန်းရာ လူမှုဘဝရဲ့ကောင်း ၄ပါး ဆိုး၄ပါး လောကဓံကို တို့ထိလျှက်။ တခါတရံ သတင်းသမားတစ်ယောက်လို။ တခါတရံ သမိုင်းဆရာလို။ တခါတရံသမိုင်းဆရာတွေချန်ထားတဲ့ဖြစ်စဥ်ဖြစ်ရပ်တွေကို။ ကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာ အားကောင်းသောခေတ်အခါ။ အချို့ကဗျာကောင်းကောင်းလေးတွေဟာ အွန်လိုင်းထက်မှာ။ သိတ်မကြာသေးခင်ကာလတစ်ခုမှာ၊ အွန်လိုင်းထက်ကနေ ကဗျာတစ်ပုဒ်ဖတ်ခဲ့ရ။ အဲဒီကဗျာမျိုးတွေ(ကဗျာထဲက အဖြစ်အပျက်တွေ) ကျနော်နောက်ထပ်မဖတ်ပါရစေနဲ့လို့ ဘုရားတိုင်းဘုရားတိုင်းဆီမှာ ဆုတောင်းနေမိတာ အမှန်ပါ။ ခင်ဗျားဆိုရင်ကော ဘယ်လိုပြောချင်မလဲ။ "စစ်တွင်းက အညာရှုခင်း"မီးလောင်ပြီးစ အိမ်ထဲမှာသူတို့ နံနက်စာ စားနေကြတယ်။ပြာဖြစ်သွားတဲ့ အရာတွေကိုနားလည်ကြသလား၊အိမ်မရှိတော့ဘူး၊ နံနက်စာလည်း မရှိတော့ဘူး၊ဒါပေမဲ့ ငါက ဒီမှာရှိနေတုန်း။မျက်ဝန်းထဲ ထိုးဖောက်ဝင်နေတဲ့ ဇွန်းဟာပေါင် ၅၀၀ မလေးလံဘူး။ပေါက်ကွဲမှုကြောင့် အိမ်နီးနားကမိသားစုတွေလည်း မရှိကြတော့ဘူး။သူတို့ ဘယ်ရောက်သွားကြသလဲ။ညီအကိုမောင်နှမတွေ၊ အမေတွေနှင့် အဖေတွေ၊လယ်ကွင်းပြင်တလျှောက် ပုရွက်ဆိတ်လို သွားနေကြလား။သူတို့အနူးညံ့ဆုံး ဝမ်းနည်းနေကြလား။နွမ်းလျနေတဲ့ ဖိနပ်စုတ်တွေ၊အဝတ်အစားအပြဲတွေ မျောလွင့်ဆောင်းရဲ့တောင်တန်းတွေပေါ်မှာ…တစ္ဆေတစ်ကောင်လို။မင်းနာမည်ကို ပြန်သတိရဖို့ ကြိုးစားမိတယ်၊သူတို့အသက်ရှင်ခဲ့တဲ့ နေရာတစ်ခုအဖြစ်ငါ့မျက်လုံးထဲမှာ အရိပ်တွေ ပြန်လည်ကွယ်ဝှက်နေတယ်။ကျောင်းခေါင်းလောင်းသံတွေကတစ်ခါတစ်ရံ လေထဲမှာ ငြိမ့်ငြိမ့်နဲ့ ထွက်လာတယ်။ငါ့လက်ထဲက ဇွန်းပြုတ်ကျနေသလို ခံစားရတယ်။ဒါပေမယ့် ငါ မတက်ပြေးဘူး။ ငါ မဖွင့်ကြည့်ဘူး။ငါ အဲဒီမီးလောင်နေတဲ့အိမ်ထဲမှာပဲ နေနေရတယ်။နံနက်စာ လုံးဝမရှိတော့တဲ့ နံနက်ခင်းမှာ။ကန္တာရမိုးစက်၂၀၂၅ ကဗျာကျန်းမာပါစေရေးသားသူ-ဟိုဆေး #ဒို့ပြည်ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ) Website- dohpyay.com/Telegram- t.me/dohpyayTiktok- www.tiktok.com/@dohpyay#ကဗျာ #ကဗျာခံစားမှု #အက်ဆေး #အညာ #လူမှုဘဝ #ဆောင်းပါး
3 days ago | [YT] | 14
"ထောင်ထဲမှာ တယောက်ကို တပေခွဲပတ်လည် နေရတယ်။ ဒီလိုနေရာမှာပဲ နိုင်ကျဉ်းမိခင်နဲ့ ကလေးငယ်တွေက နေရတာမျိုး ဖြစ်ပါတယ်။" (အင်တာဗျူး)အောက်တိုဘာ ၁၃၊ ၂၀၂၅။မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာ ရှိနေတဲ့ နိုင်ကျဉ်းမိခင်တွေနဲ့ ကလေးတွေ၊ နိုင်ငံရေးအကျဉ်းသူတွေ ဘယ်လိုဖြတ်သန်းနေရလဲ။ သူတို့တွေအတွက် ဘာတွေလိုအပ်နေလဲ။ ထောင်အာဏာပိုင်တွေက ဘယ်လိုညှင်းပမ်းနှိပ်စက်နေလဲ။ စတဲ့အခြေအနေတွေကို နိုင်ငံရေးအကျဉ်းသူများအဖွဲ့ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်း ကို အလွတ်တမ်းသတင်းစာဆရာခက်ငြိမ်း က တွေ့ဆုံမေးမြန်းထားပါတယ်။🟥မေး-နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အရင်ပြောပြပါအုံးခင်ဗျာ။လက်ရှိမှာ အကျဉ်းထောင်(၄၀) ကျော်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝင်စာပါဆယ်ပို့ပေးတာမျိုး၊ အရေးပေါ်ဆေးဝါးပို့ပေးတာ ဒါမျိုးလုပ်ဆောင်နေတယ်။ လက်ရှိမှာ နိုင်ငံရေးအကျဉ်းသူတွေက ၅၀၀၀ ကျော်ဆိုပေမဲ့ ၆၀၀၀ ကျော်ဝန်းကျင်ရှိတယ် အဲဒီအထဲမှာမှ စစ်ကြောရေးစခန်းတွေမှာ ရဲဘက်စခန်းတွေမှာ အချုပ်တွေထဲမှာဖမ်းဆီးခံနေရတာတွေလည်းရှိတယ်။ ပြီးတဲ့အခါနိုင်ငံရေးပုဒ်မ မဟုတ်ဘဲနဲ့ တခြားပြစ်မှုအမှုတွေနဲ့ အဖမ်းခံနေရသူတွေလည်းရှိနေတယ်။လက်ရှိမှာတော့ WOPP က အကျဉ်းထောင်ထဲမှာအကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နိုင်ငံရေးအကျဉ်းသားတွေ ဆေးဝါးလုံလုံလောက်မရရှိအောင် လုပ်ဆောင်နေတာတွေကို ရတဲ့နည်းနဲ့ အသံတွေထုတ်ပေးနေတာတွေတော့ ရှိပါတယ်။🟥မေး-ထောင်ဝင်စာတွေ့တဲ့အခါ ပါဆယ်ပို့တဲ့အခါ ဘယ်လိုအခက်ခဲတွေ ကြုံတွေ့နေရလဲ။ ထောင်အာဏာပိုင်တွေက ဘာတွေကို တင်းကျပ်မှုတွေလုပ်နေလဲ။အဓိကကတော့ သူတို့မသိတဲ့ဆေးဆိုအပို့မခံတာမျိုး။ ပါဆယ်ဆိုရင် ဘယ်နှစ်မျိုးပဲဆိုပြီး လက်မခံတာမျိုး ဒါမျိုးဆိုရင် နိုင်ငံရေးအကျဉ်းသူတွေက မိသားစုကပေးပို့နိုင်တဲ့ပါဆယ်ရှိရင် သူတို့အနေနဲ့အဆင်ပြေတယ်။ ဒါပေမဲ့ မိသားစုဝေးတဲ့နေရာမှာ မလာနိုင်သူဆိုရင် နိုင်ငံရေးအကျဉ်းသားတွေဆို ပါဆယ်အခက်ခဲကြုံတယ်ဒါဆို ထောင်မှာ ကြွေးတဲ့ထမင်းဟင်းကိုပဲ အဓိက စားသုံးရတာဖြစ်တယ်။🟥မေး-နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းသားအခွင့်အရေး အမျိုးသမီးအခွင့်ရေးတွေနဲ့ပတ်သက်ပြီး ထင်ထင်ရှားရှားကျူးလွန်ဖိနှိပ်ခံရတာ ဘာတွေများ ပြန်ကြားရလဲ။လတ်တလောမှာဆိုရင် ကျိုက်မရောထောင်၊ ဒိုက်ဦးထောင်တွေမှာ နိုင်ငံရေးအကျဉ်းသူတွေကို ရိုက်နှက်တာမျိုးရှိတယ်။ ဒီနှစ်ထဲမှာ ဒိိုက်ဦးထောင်က အမျိုးသမီးအဆောင်က နိုင်ငံရေးအကျဉ်းသူတွေကို အမျိုးသားအဆောင်ဘက်မှာ တိုက်ပိတ်အရေးယူတာမျိုးအထိ ညှင်းပမ်းနှိပ်စက်တာမျိုးအထိရှိနေတယ်။ ပြီးတဲ့အခါမှာ အကြောင်းမရှိဘဲ နောက်အမှုကပ်တာ အကြောင်းမရှိဘဲပြစ်ဒဏ်တိုက်ထဲမှာထားတာမျိုးတွေ ဒါမျိုးနဲ့တော့ နိုင်ငံရေးအကျဉ်းသူတွေကို ဖြိုခွဲတာမျိုးတွေ လုပ်နေတာ ရှိပါတယ်။🟥မေး- ကျနော်တို့ကြားတာလည်းရှိတယ် အမျိုးသမီးထောင်ဝန်ထမ်းတွေက နိုင်ကျဉ်းသူတွေကို သူတို့ရဲ့ ကိုယ်ရေးကိုယ်တာတွေ ခိုင်းစေတယ်လို့ သိရတယ်။ အဲလိုကြားမိလား။ဒါကတော့ ကျမတို့ကိုယ်တိုင်လည်း နေလာတဲ့အချိန်မှာ အခြားအမှုတွေကိုခိုင်းတာပေါ့နော် နိုင်ကျဉ်းအမှုတွေကို ခိုင်းလို့ရမလားဆိုပြီး ခိုင်းတာ။ ဒါပေမဲ့ ကျမတို့ နိုင်ငံရေးအကျဉ်းသူတွေက လုပ်ဆောင်တာမျိုးမရှိဘူး ဒါမျိုးအတွက်လည်း ထောင်ထဲမှာ တိုက်ပွဲဝင်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွတ်ပြီး ဆန္ဒပြတာမျိုးအထိ လုပ်တာမျိုးရှိတယ်။🟥မေး-ထောင်ဗူးဝတွေမှာ လွတ်မြောက်သူတွေကို ပုဒ်မတပ်ဖမ်းတာတွေ ရှိတယ် အဲအခြေအနေက ဘယ်လိုရှိပါသလဲ။ ရှိပါတယ်။ ပြန်လည်ဖမ်းတယ်ဆိုတာက နိုင်ငံရေးအကျဉ်းသူတွေက အပြင်ရောက်ရင်လည်း ပြန်လည်ပြီးတော့ နိုင်ငံ့အရေးကိုပဲ ဆက်လက်လုပ်မှာကိုစိုးရိမ်အားကြီးလို့ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဖမ်းပြီး နောက်အမှုကပ်တာမျိုးလုပ်တာ ဖြစ်တယ်။လတ်တလောမှာဆိုရင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် သေဆုံးမှုကိုလည်း သိကြမယ်၊ သူဆို ၅၀၅ ပုဒ်မ နဲ့လွတ်ခါနီး နိုင်ငံရေးအကျဉ်းသူတယောက် ကျောင်းသူလေးတယောက် ဒါပေမဲ့ ဘာဖြစ်လည်းဆိုတော့ ကျန်းမာရေးလည်း စစ်ကြောရေးစခန်းတွေမှာ ဆိုးဆိုးဝါးဝါးခံခဲ့ရတာတွေရှိတယ်။ ဒါကို ကျမတို့ရှိစဉ်ကလည်း ဒိုက်ဦးထောင်မှာ ညီမတို့နဲ့ ရှိစဉ်က အတူတူနေခဲ့ရတယ် ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကို ပြန်ပို့တဲ့အခါမှာ လွှဲပေးမှာ ဆေးကုပေးမှာဆိုပြီး ကျမတို့ဆီက ခေါ်ထုတ်သွားပြီးတော့ အင်းစိန်ထောင်ကို ရောက်တဲ့အခါမှာ တခြားပုဒ်မတွေတပ်ပြီး ဖမ်းလိုက်တာပေါ့။ မဝတ်ရည်အောင်သည် လွတ်ရက်စေ့မယ့် နိုင်ငံရေးအကျဉ်းသူတယောက် လွတ်ခါနီးနိုင်ကျဉ်းသူတယောက်ဖြစ်တယ် ဒါကို စကစ မသေသေအောင် ညှင်းပမ်းနှိပ်စက်သတ်လိုက်တာ ဖြစ်ပါတယ်။ 🟥မေး-လက်ရှိမှာ နိုင်ငံရေးအကျဉ်းသူတွေအတွက် လုပ်ဆောင်ပေးရတာမှာ အဖွဲ့အနေနဲ့ ဘာအခက်များရှိနေလဲ။အခက်ခဲကတော့ ကျမတို့ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသူဖြစ်တယ် လွတ်လာတာလည်း သိပ်မကြာသေးဘူး ဖွဲ့စည်းထားတာလည်း သိပ်မကြာသေးဘူးကိုယ်တိုင်လည်း အဖွဲ့အစည်းအတွေ့အကြုံမရှိဘူး။ ခဲရာခဲဆစ်နဲ့ဆို ဒီမှာလည်း တရားမဝင်နေထိုင်ကြရတယ် ပြည်တွင်းမလုံခြုံမှုတွေနဲ့ ရင်ဆိုင်ရတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာကအစ ကျမတို့အနေနဲ့ ပြိုလဲခဲ့ရတာတွေရှိတယ်။ စိတ်ပိုင်းဆိုင်ရာပြိုလဲခဲ့တာတွေရှိတယ်။ အဓိကက အထဲက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ကူနိုင်ရေးဆိုတာမျိုးနဲ့ ဒါကို ဖွဲ့စည်းထားတာဖြစ်လို့ နည်းမျိုးစုံအခက်ခဲကြားကနေ ရအောင်လုပ်ဆောင်နေတာဖြစ်တယ်။🟥မေး-ဖွဲ့စည်းခဲ့တဲ့အချိန်အတွင်းမှာ ဘယ်လောက်ထိကူညီနိုင်ခဲ့ပြီလဲ။ နိုင်ကျဉ်းဘယ်နှစ်ဦးထိကူနိုင်ခဲ့လဲ။တနှစ်ပြည့်မှာ အကျဉ်းသူ ထောင် ၄၀ မှာရှိတဲ့ နိုင်ကျဉ်းသူ ၆၅၀ ဝန်းကျင်ဦးရေ ကူနိုင်တယ်။ ဆေးဝါးတွေပို့ဆောင်ပေးနိုင်တယ်။ အကျဉ်းထောင်အသီးသီးမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ် ၁၂၅ ဦးဝန်းကျင်ရှိတယ်။ နိုင်ကျဉ်းမိခင်တွေကို ပါဆယ်ပို့တာ လိုအပ်တဲ့ နို့မှုန့်တွေပို့ဆောင်ပေးတာလုပ်တယ်။ ပြီးတော့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသူတွေ HIV, TV ရောဂါတွေစွဲကပ်ခံနေရတာမျိုးတွေရှိတယ်။ ထောင်ကလွတ်လာရင်လည်း အဲလိုခံစားရတဲ့ နိုင်ကျဉ်းသူတွေကို ဆေးဝါးထောက်ပံ့တာ ကျန်းမာရေးကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးတာတွေ ရှိနေတယ်။ 🟥မေး- ဆရာမဖြေသွားတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာက ကိုယ်ဝန်ဆောင်နဲ့ ကလေးပေါ့နော် သူတို့ကဘယ်လိုနေရလဲ ကလေးနဲ့အတူတူနေရလဲ ဘယ်အရွယ်တွေတွေ့ရလဲ။အဓိကကတော့ ခင်ပွန်းမတွေ့လို့ ဖမ်းတဲ့အချိန်မှာ ကိုယ်ဝန်ပါလာတဲ့ ကိုယ်ဝန်သယ်တွေပါတာပေါ့ ဖမ်းဆီးတာမျိုး ဓါးစားခံအဖြစ် ဖမ်းပြီးထောင်ထဲထည့်တာ အဲအချိန်မှာ နိုင်ငံရေးအကျဉ်းသူတွေက မွေးဖွားလာပြီး ပြန်လည်ပို့ဖို့ ကျတော့လည်း အပြင်မှာကလည်း အမျိုးသားကိုလိုက်ဖမ်းနေတာဖြစ်တော့ ဒီ မွေးလာပြီဆို ထောင်ထဲမှာပဲ ချို့ချို့တဲ့တဲ့ မွေးဖွားရတယ်။ တချို့ကိုယ်ဝန်သည်တွေဆို မိသားစုနဲ့အဆက်သွယ်မရတာမျိုး ပါဆယ်အခက်ခဲရှိတာထိ ကြုံရတဲ့အခါ ကလေးတွေရဲ့ နို့ထွက်တဲ့မိခင်ရှိသလို နို့မထွက်တဲ့မိခင် လည်းရှိတော့ နို့မှု့န်ကို အားပြုပြီးသောက်သုံးရတဲ့လသားမိခင်မျိုးရှိတယ် ဒါမျိုးဆိုရင် တော်တော်ကြီးကြီး ခက်ခက်ခဲခဲ မွေးရတယ် ခက်ခက်ခဲခဲကို နေထိုင်ရတဲ့ အခက်ခဲကာလကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ 🟥မေး-အကျဉ်းထောင်ဆိုတာ လူကြီးတွေတောင်ကြမ်းကြမ်းတမ်းတမ်းဖြတ်ရတယ် အနည်းဆုံးကျန်းမာရေးထိခိုက်တယ်ပေါ့ လသားနှစ်သားကလေးတွေအတွက် သီးသန့်နေရေပေးထားလား သူတို့အတွက် သီးသန့်လုပ်ဆောင်တာရှိလားကလေးတွေအတွက် မိခင်တွေအတွက် သီးသန့်နေရာမရှိပါဘူး။ သူတို့က ကိုယ်ဝန်သယ်မို့ သီးသန့်ထားတာမရှိဘူး တခြားအမှုတွေနဲ့ ရောထားတာရှိတယ်။ ပြီးတော့ ကျမတို့က ထောင်ထဲမှာ တယောက်ကို တပေခွဲပတ်လည် နေရတယ်။ ဒီလိုနေရာမှာပဲ နိုင်ကျဉ်းမိခင်နဲ့ ကလေးငယ်တွေက နေရတာမျိုး ဖြစ်ပါတယ်။🟥မေး-ကလေးငယ်တွေအတွက် ကျန်းမာရေးအရ အသက်အန္တရာယ် စိုးရိမ်မှုက ဘယ်လိုအဆင့်ကို သတ်မှတ်လို့ရမလဲ။တချို့ဆိုထောင်ထဲမှာပဲ ကိုယ်ဝန်ပျက်ကျတာမျိုးရှိတယ်။ သူတို့ကကိုယ်ဝန်သယ်ဆိုပြီး ညှာတာနေတာမဟုတ်ဘူး။ စစ်ကြောရေးတွေမှာ ရိုက်နှက်တဲ့ဒဏ်တွေ ဒါကြောင့် ကျမတို့ အင်းစိန်ထောင်မှာဆိုမျက်စိရှေ့မှာတင် မွေးပြီးပြီးချင်း လသားလေးတွေ သေဆုံးခဲ့ရတာကို မြင်ခဲ့ရတာရှိတယ်။ သက်ကြီးပိုင်းတွေဆိုလည်း ကိုဗစ်လိုကာလမှာ တကယ်ကိုယ့်မျက်စိရှေ့မှာတင် သေဆုံးသွားတဲ့ အမေအရွယ်တွေလည်းရှိတယ် အဓိက ဆေးဝါးမလုံလောက်တာနဲ့ ဆေးဝါးကုသမမှုမပေးတာကြောင့်ပါ။🟥မေး-WOPP အနေနဲ့ တခြားသော နိုင်ကျဉ်းအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်တာရှိလား။ ရှိပါတယ်။ အကျဉ်းထောင်တွေအတွက် ထုတ်ပြန်ချက်တွေထုတ်တော့မယ်ဆိုရင် ပူးပေါင်းရေးသား ထုတ်ပြန်တာမျိုးတွေရှိတယ်။ လက်လှမ်းမီသလောက်လည်း နိုင်ကျဉ်းအရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေလုပ်တယ်။ နိုင်ငံတကာနဲ့ချိတ်ဆက်တာမျိုး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာမျိုးတွေ လုပ်နေပါတယ်🟥မေး-နိုင်ငံရေးအကျဉ်းသားတွေရဲ့ အပြင်မှာကျန်ရစ်တဲ့ မိသားစုတွေအခြေအနေက ဘယ်လိုရှိနေလဲ သူတို့ကိုရော ကူညီတာရှိလား။လက်ရှိမှာတော့ ရအောင်လည်းချိတ်တယ်။ မိသားစုတွေနဲ့ချိတ်ဆက်လာပြီဆို ကိုယ်တွေလည်းအကျဉ်းထောင်ကိုရောက်တဲ့အခါ မိသားစုနဲ့ မတွေ့ရတဲ့ခံစားချက်ကိုနားလည်တယ်။ ကျမတို့လွတ်လာအောင်မျှော်လင့်နေတဲ့ မိသားစုတွေလည်း ရှိနေတယ်လေ။ ဒါကြောင့် ကျမတို့ကတော့ တတ်နိုင်သမျှ မိသားစုကချိတ်ဆက်လာပြီဆို အဲဒီချိတ်ဆက်မှုကို ကြိုးစားတယ်။ ကူညီမှုမှာလည်း မိသားစုရော အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေရော အတူတူသုံးနိုင်အောင် ဒါမျိုးအတွက် တတ်နိုင်သလောက်ပံ့ပိုးပေးနေတာရှိတယ်။ ဒီလိုမျိုးပံ့ပိုးပေးမှုမှာ ကျမတို့အနေနဲ့ အမြဲတမ်းတော့ မပံ့ပိုးနိုင်ဘူး။ အခုလိုကာလတွေမှာ ခက်ခက်ခဲခဲ ရင်ဆိုင်နေကြရချိန် ကျမတို့ကိုယ်တိုင်လည်း ဒီကူညီနိုင်ရေး ရံပုံငွေရှာတာ။ ထုတ်ကုန်တွေရောင်းတာမျိုး ဒါမျိုးတွေနဲ့ နှောင်ကြိုးမဲ့ ကူညီပေးမှုတွေကို ထိထိရောက်ရောက်နဲ့ လုပ်ဆောင်နေနိုင်တာပေါ့။🟥မေး-ဒီအင်တာဗျူးမှာ ကျနော်တို့ဘက်က မမေးမိတာ ဆရာမတို့ဘက်က ဖြည့်စွတ်ပြောလိုတာ ဘာများရှိအုံးမလဲခင်ဗျာ။နိုင်ငံရေးအကျဉ်းသူတွေလွတ်မြောက်ရေး နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကို WOPP က ကြိုးစားသွားမယ်။ ရတဲ့နည်းမျိုးနဲ့ အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရတဲ့နည်းနဲ့ ဖော်ထုတ်သွားမယ်။ နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားတွေကိုယ်စား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။🟥ဟုတ်ကဲ့အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ဒို့ပြည် သတင်းဌာနက အထူးကျေးဇူးတင်ပါတယ်။#ဒို့ပြည်ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ) Website- dohpyay.com/Telegram- t.me/dohpyayTiktok- www.tiktok.com/@dohpyay#နိုင်ငံရေးအကျဉ်းသူ/သား #အကျဉ်းထောင် #လူ့အခွင့်အရေး #အမျိုးသမီးအခွင့်အရေး #ကလေးသူငယ်အခွင့်အရေး #ဖိနှိပ်မှု #WOPP #နိုင်ငံရေးအကျဉ်းသူများအဖွဲ့ #အရေးပေါ်အကူညီ
3 days ago | [YT] | 12
ပေါက်ခေါင်း၊ ဘော်ဒါ မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ ဒဏ်ရာရသူတွေရှိအောက်တိုဘာ ၁၃၊ ၂၀၂၅။ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါအထိုင်စခန်းကနေ လူအချိန်အပြောင်းလုပ် ပြန်လာတဲ့ အင်အား(၄၄) ဦး ပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် ဆီက သိရပါတယ်။အောက်တိုဘာ ၁၁ ရက်နေ့ ည ၈ နာရီခန့်က တောင်လည်ကျေးရွာအနီး အရပ်အခေါ် (ဂွေးပင်ကုန်း) နေရာအနီး မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူရှိပြီး ထမ်းစင်တွေနဲ့ ပြန်သယ်သွားကြရတယ်လို့ သိရပါတယ်။"ထိခိုက်ဒဏ်ရာရတာကိုတော့ ကျနော့်တို့ လိုက်နေတယ် သတင်းပျောက်နေဆဲပဲ။ နယ်မြေအခြေအနေကတော့ ခြေလျင်လှုပ်ရှားမှုတွေရှိတယ်။ ပြည်သူတွေ လေကြောင်းအန္တရာယ်သတိထားဖို့တော့လိုတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင်တပ်ရင်း(၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ဒို့ပြည် ကို ပြောပါတယ်။တိုက်ခိုက်ခဲ့တဲ့ မိုင်းအမျိုးအစားကိုတော့ လုံခြုံရေးနဲ့ စစ်ရေးအရ ထုတ်ဖော် ပြောဆိုတာမျိုး မလုပ်နိုင်သေးဘူး လို့ ဆက်ပြောပါတယ်။တိုက်ခိုက်မှုအပြီး ယမန်နေ့ အောက်တိုဘာ ၁၂ ရက်နေ့က အဲဒီနေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်ရာမှာ စစ်တပ်ကကျန်ခဲ့တဲ့ စစ်သုံးကျောပိုးအိတ်တစ်လုံး၊ MAကျည်ဘောက်(၁)ခု၊ BA (100) ဗုံးသီး (၁) လုံး၊ 5.56 ကျည် (၇၀) တောင့်၊ power bank (၁) လုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ဒီတိုက်ခိုက်မှုကိုတော့ ပဲခူးတိုင်း ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ်(၂) ၃၆၀၂ တပ်ရင်း တပ်ခွဲ (၃) ရဲဘော်တွေက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။အလားတူ အောက်တိုဘာလ ၈ ရက်နေ့က ချင်းလည်ဂိတ်ကနေ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၄ ရက်နေ့ ကလည်း တောင်လည်ကျေးရွာအထိုင်စခန်းကနေ ထွက်လာတဲ့ ခြေလျှင်စစ်ကြောင်းကို အုတ်ဖိုကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။#ဒို့ပြည်ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ) Website- dohpyay.com/Telegram- t.me/dohpyayTiktok- www.tiktok.com/@dohpyay#ပြည်ခရိုင် #ပေါက်ခေါင်း #ဘော်ဒါ #ပဲခူးရိုးမ #အုတ်တွင်းလမ်း #အထိုင်စခန်း #တိုက်ပွဲ #ပဲခူးတိုင်း
4 days ago | [YT] | 23
"ဘူးလက် အရူးကွက် နင်းမယ်" (#သရော်စာ)အောက်တိုဘာ ၁၃၊ ၂၀၂၅။ "ဟယ်လို ဆာဇေ။ မင်္ဂလာရှိသော သီတင်းကျွတ်ဖြစ်ပါစေဗျိူ့" "အသာလုပ်ပါ မောင်မှတ်ရာ။ သီတင်းကျွတ်ပြီဟေ့ဆိုကတည်းက မင်္ဂလာကတော့ ရှိပြီးသားပဲလကွ။ မနက်ကတောင် မောင်ရှေ့ကိုတည့်တည့် ဘာဆိုလားပဲ သီချင်းသံကြားလိုက်ရသေး" "ပြောလို့သာပြောရတာပါ ဆာဇေရာ။ မအလရဲ့စခတွေက သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲလုပ်ကြတဲ့ ချောင်းဦးမြို့နယ်ထဲမှာ ဗုံးသီးချပြီး လူမဆန်တဲ့လုပ်ရပ်လုပ်ကြသေးဆိုပဲဗျ" "အေးလကွာ လူ ၂၀ ကျော်လောက်သေတယ်၊ ၄၀ ကျော်လောက်ဒါဏ်ရာရတယ်လို့ဖတ်ရတာပဲဟ" "အေးဗျာ မအလရဲ့စခတွေဟာ ဘာသာတရားတွေ၊ ဓလေ့ထုံးတမ်းတွေဘာမှနားလည်တာမဟုတ်ဘူးဗျနော။ အထက်အမိန့်အရဆိုရင် ကိုယ့်အမေကိုယ့်နှမတောင်အဝှာပြုဆိုပြုမယ့်ဟာစားတွေ။ အဲဒီတော့ တလရ သမားတွေအနေနဲ့ တတ်နိူင်သမျှသတိထားမှတော်ကာကျမယ် ထင်တယ်နော်" "ဒါနဲ့ မောင်မှတ်ရေ၊ ဘူးကြီးအကြောင်းရော ဖတ်ပြီးပြီလားဟ" "ဘူးလက်လှဆွေလား ဆာဇေ။ ကျနော့်အထင်အရတော့ ဘူးလက်ရဲ့မထူးတဲ့အကွက်ပါဗျာ။ ကြံ့ဖွတ်ထဲမှာ ကသောင်းကနင်းအကွက်တွေပေါ်နေတာလေဗျာ။ မအလ အာဏာအရူးကောင်ကြီး ထိုးထည့်လိုက်တဲ့ အကောင်ကြီးကြီးတွေက ကြံ့ဖွတ်မှာ ပါဝါအပြည့်မကဘူး လျှံကျနေပြီလေ။ ရောက်လာကတည်းက စရိတ် အပြည့်အစုံ ပါးစပ်မှာငုံလာပြီးသား။ ပြီးတော့ အဲဒီကောင်ကြီးတွေအတွက် ပါတီမှာနေရာကချပေးပြီးသား။ ဒီတော့ ဘူးလက်က နေရာမရမယ့်အတူတူမထူးဘူးဆိုပြီး၊ ဘီလူးကြီး မအလကိုအရူးကီးနဲ့ထချတဲ့သဘောပါပဲ" "အံမယ် ဆရာမှတ်ရဲ့အရမ်းသုံးသပ်ချက်က သဘောကျစရာအကောင်းသားပဲ" "ဟော ဆာဇေကတော့လုပ်ပြီ။ ကျနော့်အထင်ပြောတာပါဗျ။ အခုတော့ ဘူးလက် ဘယ်မှာ ဒူးဖက်နေလဲ မသိပေါင်ဗျာ ဟဲဟဲ။ အမှန်တော့ အုပ်ကြီးခီရင်မှာတာဝန်ရှိတယ်ဗျ။ ကိုယ့်ပါတီက အထင်ကရတကောင်ပျောက်သွားတဲ့ကိစ္စကိုလေ။ ဘူးလက်လှဆွေလည်း ဟိုဘက်ရက်ကပဲ DASSK ကို အောက်လုံးတွေသုံးပြီး အောက်တန်းစားဆန်ဆန်ပုတ်ခတ်စော်ကား နေသေးတာလေ" "ဘာလဲဟ မောင်မှတ်ရ၊ဘူးလက်က သူ့အဖေကိုခင်ဗျားတို့ သိလားဘာညာမေးတဲ့ဟာလား" "ဟုတ်ပ ဆာဇေရာ၊ ဘူးလက်ရူးချက်ကတော့၊ သူ့အဖေကိုသူတောင်သေချာမသိဘူး။ တခြားလိုက်မေးနေရတယ်" "အေးကွ ဘူးလက်ရဲ့ ပတ်မကြီးယီးနဲ့ထိုးတဲ့အကွက်က၊ မအလကြီးသောက်ခွက်ပါထိသွားသဟ။ NLDကို မဲစရင်းမှားလို့ အာဏာသိမ်းရပါတယ် ဘာညာလုပ်ထားတာလေ" "အခုလည်း ပီ ၃ လုံးမယ်တော် သသခ တစ်ပေါက်တော့ ထလာပြန်ပြီဆာဇေ။နိူင်ငံရေးနဲ့ပတ်သက်ပြီး DASSK ရဲ့ ခြေတစ်မှုံစာတောင်မလုပ်ခဲ့ဘူးပဲ၊ စော်စော်ကားကားတွေပြောလာပြန်ပြီ။ နိူင်ငံရေးအကျဥ်းသားမဟုတ်ဘူး။ အကျင့်ပျက်ခြစားလို့အကျဥ်းကျခံရတာပါတို့ဘာတို့ လုပ်လာပြန်ပြီ" "ဟုတ်ပ မောင်မှတ်ရေ။ ငါကြားခဲ့ဖူးတဲ့တရားတစ်ပုဒ်သတိရတယ်။ တခါက ဘုရင့်ဥယျဥ်တခုမှာ အကျင့်စရဏနဲ့ပြည့်စုံတဲ့ ရသေ့တပါးနေသတဲ့။ တနေ့မှာ ဘုရင့် ပြည့်တန်ဆာမတစ်ယောက် ရာထူးပြုတ်ပြီး ဥယျဥ်ဘက်လာသပေါ့။ သစ်ပင်အောက်မှာတရားကျင့်နေတဲ့ရသေ့ကိုတွေ့တော့၊ သူအလုပ်ပြုတ်တာ ဒင်းကြောင့်ဆိုပြီး ရသေ့ကို ဆဲဆို တံထွေးတွေနဲ့ထွေးပေါ့လေ။ အားရတော့ပြန်တာပေါ့။ နန်းတော်ရောက်အလုပ်ပြန်ရ။ တဆင့်စကားနဲ့ရသေ့ကြီးကိုစော်ကားကြတာ တမြို့လုံးကုန်ရောတဲ့။ တမြို့လုံးစုံမှ ပန်းမိုး၊ ရွှေငွေမိုး၊ ပြီးတော့လက်နက်မိုးရွာ မြို့ပျက်ဆိုတာလေ" "အေးဗျာ ဘူးလက်ပြီးရင်တော့ အရပ်ထဲကလူတွေပြောတဲ့ ပိပိပြား အလှည့်ထင်ပါရဲ့"ရေးသားသူ-ဇေယျတုသရုပ်ဖော်ကာတွန်း-ညိုမြ#ဒို့ပြည်#သရော်စာ #ကာတွန်း #ဘူးလက်လှဆွေ #နိုင်ငံရေးပါတီ ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ) Website- dohpyay.com/Telegram- t.me/dohpyayTiktok- www.tiktok.com/@dohpyay
4 days ago | [YT] | 10
ဝက်ထီးကန် ရဲကျောင်းမှာ ထွက်ပြေးသူတွေကို ရဲတပ်သား ၃၀၀ ကျော်က (၁) ယောက် (၅) ချက်နှုန်းနဲ့ အပြင်းအထန်ရိုက်နှက် အပြစ်ပေးခိုင်းအောက်တိုဘာ ၁၂၊ ၂၀၂၅။ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန် အမှတ်(၂) ရဲသင်တန်းကျောင်း မှာ ထွက်ပြေးသူတွေကို အချက်ပေါင်းထောင်နဲ့ချီအောင် အပြင်းအထန်ရိုက်နှက် ညှင်းပမ်းတယ်လို့ အဲဒီသင်တန်းကျောင်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့သူ ရဲတပ်သားက ပြောပါတယ်။အခုလိုရိုက်နှက်မှုတွေကို ကိုယ်တိုင်တွေ့ကြုံလာခဲ့ရတဲ့ ရဲတပ်သား ကိုဖြိုးသီဟဇော်က ဒို့ပြည် ကို ပြောဆိုခဲ့တာဖြစ်ပြီး သူကတော့ စက်တင်ဘာ ၁၂ ရက်နေ့က ဝက်ထီးကန်ရဲသင်တန်းကျောင်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။"ရိုက်တာကတော့တော်တော်ရိုက်တာ၊ ကျနော်တို့ ထဲက ကောင်လေးနှစ်ယောက်က ထွက်ပြေးတာမှာ ပြန်မိတယ်။ မိတော့ စံပြဆိုပြီးရိုက်တာ သူတို့လည်း ရိုက်တယ်။ တယောက်ကို ဆယ်လေ့းကိုးချက်ရိုက်တယ်။ အပတ်စဉ်တူရဲတပ်သား ၃၀၃ ဦးရှိတာကို ၃၀၁ ယောက်က လူစေ့ တယောက်ကို ၅ ချက်ရိုက်တယ် မရိုက်တော့လည်း ကျနော်တို့ကို သူတို့ကပြန်ရိုက်တယ် နွားကြိမ်လုံးနဲ့ ဘယ်ခြေထောက်က ပြေးတာလဲဆိုပြီး အဲခြေထောက်တွေကို ရိုက်ခိုင်းတာ ရိုက်ဖို့ငြင်းဆန်ရင် သူတို့က ကျနော်တို့ကိုရိုက်သေးတယ်" လို့ ကိုဖြိုးသီဟဇော် က ပြောပါတယ်။ ဝက်ထီးကန်ရဲကျောင်းမှာ မြို့လယ်ကောင် အထက်တန်းကျောင်းရှေ့က သင်တန်းကျောင်း(မြို့ကျောင်း) နဲ့ ဆေးဖြတ်စခန်းလို့ခေါ်တဲ့ နေရာက တောကျောင်း ဆိုပြီး (၂) ကျောင်းရှိကာ မြို့ကျောင်း ခွဲ ၅ ခွဲမှာ သင်တန်းသား ၃ ထောင်ကျော်နဲ့ တောကျောင်းမှာ ၁၅၀၀ ကျော် ၂ ကျောင်းပေါင်း ရဲတပ်သား ၅ ထောင်နီးပါးရှိိနေတယ်လို့ သိရပါတယ်။"ရှမ်းမြောက်၊ ရှေ့တွေက များတယ်။ တချို့လည်း စိတ်ပါတယ်။ တချို့လည်းအစွဲခံရတယ်။ အတော်များများကတော့ အဆွဲခံရတာတွေပဲ ရှမ်းတောင် လားရှိုး" လို့ ကိုဖြိုးသီဟဇော် က ပြောပါတယ်။သင်တန်းသားအများစုမှာ ပေါ်တာဆွဲခံရတာနဲ့ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီး အပို့ခံရတာဖြစ်ပြီး မှတ်ပုံတင်နဲ့ အထောက်အထားလိုမျိုးတွေကို သိမ်းဆည်းထားပြီး မိသားစုတွေနဲ့ အဆက်သွယ်ဖြတ်ထားရှိတယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ သင်တန်းဆင်းရဲတပ်သားတွေကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ ရခိုင်ရှေ့တန်းတွေကို ပို့ဆောင်နေပြီး မြို့တွင်း လုံခြုံရေးအတွက် အသုံးပြုမှုနည်းပါးတယ်လို့ သိရပါတယ်။#ဒို့ပြည်ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ) Website- dohpyay.com/Telegram- t.me/dohpyayTiktok- www.tiktok.com/@dohpyay#ပြည်မြို့နယ် #ရဲသင်တန်းကျောင်း #ဝက်ထီးကန် #ဧည့်စာရင်းစစ် #စစ်မှုထမ်း #ပေါ်တာဆွဲ #လူငယ် #ကလေးသူငယ်အခွင့်အရေး #လူထု #သတိပြုပါ #ပဲခူးတိုင်း
5 days ago | [YT] | 18
ပေါင်းတလည်ပြည်သူ့စစ်ခေါင်းဆောင် ဦးလှမြင့် ကို ဖမ်းဆီးစစ်ဆေးချိန် ထွက်ပြေးလို့ အသေပစ်ဖမ်းဆီးအောက်တိုဘာ ၁၀၊ ၂၀၂၅။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ခွေးရဲအုပ်စု၊ ချင်ရုပ်ကုန်းရွာက ပြည်သူ့စစ်ခေါင်းဆောင်ဦးလှမြင့်ကို စစ်ဆေးစရာရှိတဲ့အတွက် ဖမ်းဆီးလာစဉ် ထွက်ပြေးသွားတဲ့အတွက် အသေပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင်တပ်ရင်း(၂) က သတင်းထုတ်ပြန်ပါတယ်။အဲဒီထုတ်ပြန်ချက်ကို ယနေ့အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဝန်တင်ဆိပ်ကျေးရွာအနီးမှာ ပြည်ခရိုင်တပ်ရင်း(၂) (၃၆၀၂) တပ်ရင်းနဲ့ ပြည်ခရိုင်တပ်ရင်း(၁) (၃၆၀၁) တပ်ရင်း ရဲဘော်တွေက ဖမ်းဆီးခဲ့ကြတာဖြစ်ကာ ထွက်ပြေးတဲ့အတွက် လိုက်လံဖမ်းဆီးချိန် ပစ်ခတ်ရာ နေရာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။"ရှင်းလင်းတာကတော့ ခေါ်ဆောင်လာချိန် ခုခံလို့ရှင်းလင်းတာပေါ့နော်။ အလောင်းကိုတော့ လူသားဖြစ်တဲ့အတွက် လူ့ဂုဏ်သိက္ခာနဲ့အညီ သင်္ဂြုဟ်ပေးပါတယ်" လို့ ပြည်ခရိုင်တပ်ရင်း(၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ဒို့ပြည်ကို ပြောပါတယ်။ပစ်ခတ်မှုမှာ ဦးလှမြင့်ဆီက ခဲသီးထည့်ပစ်ခတ်ရတဲ့ CO2 Gas သုံး ပစ္စတို(၁) လက်၊ ဆိုင်ကယ်(၁) စီး နဲ့ လက်ကိုင်ဖုန်း (၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။"ကျတော်တို့ လှမြင့်ဆီကသိမ်းဆည်းရမိတဲ့ဖုန်းကနေတဆင့် ပေါင်းတလည်နယ်မြေနဲ့ ဝက်ထီးကန်နယ်မြေက ရပ်ကွက်ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စာရင်းတွေရရှိထားပါပြီ စစ်ကောင်စီရဲ့ဒေါက်တိုင်မှန်သမျှ စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကို ဝိုင်းဝန်းကူညီသူမှန်သမျှကို စုံစမ်းပြီးထိရောက်စွာအရေးယူသွားပါမယ်။" လို့ ရဲဘော် Red Star က ပြောပါတယ်။ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး အနိုင်ကျင့်နေတဲ့ ပြည်သူ့သစ္စာဖောက် တွေရဲ့ နေရပ်နဲ့သွားလာလှုပ်ရှားမှုတွေကို သတင်းပေးရင်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကြပါလို့ သူက ဆက်ပြောပါတယ်။ဦးလှမြင့်ဟာ ပေါင်းတလည်မှာ နာမည်ကြီး ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်ပြီး ဧည့်စာရင်းစစ် ပေါ်တာဆွဲတာ၊ ဒေသခံလူငယ်တွေရဲ့စာရင်းပြုစုပြီး ရဲစခန်းကိုပေးပို့တာတွေကို သူနဲ့သူ့အဖွဲ့က အဓိကလုပ်ဆောင်ကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။လက်ရှိမှာတော့ အခင်းဖြစ်ပွားသွားရာအနီး ဝန်တင်ဆိပ်ကျေးရွာက သားအဖ(၂) ဦးကို စစ်တပ်ကဖမ်းဆီးစစ်ဆေးနေသလို ကျေးရွာအတွင်း ကင်းလှည့်တာ ပိတ်ဆို့ရှာဖွေတာတွေကို ပြုလုပ်နေကြတယ်လို့ သိရပါတယ်။#ဒို့ပြည်ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ) Website- dohpyay.com/Telegram- t.me/dohpyayTiktok- www.tiktok.com/@dohpyay#ပြည်မြို့နယ် #ပေါင်းတလည် #ခွေးရဲ #ပြည်သူ့စစ် #အုပ်ချုပ်ရေး #လူထု #သတိပြုပါ #ပဲခူးတိုင်း
1 week ago | [YT] | 30
Load more
ဒို့ပြည်-Doh Pyay
နတ်တလင်းတောင်ညိုဆည်တဝိုက်ကို စစ်တပ်ကဗုံးကြဲနေ ကနေဦး ၂ ဦးသေဆုံးပြီး သံဃာတော်တွေနဲ့ ထိခိုက်ဒဏ်ရာရသူများ (Breaking News)
အောက်တိုဘာ ၁၇၊ ၂၀၂၅။
ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်ကနေ စတင်ပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ နတ္တလင်းမြို့နယ်၊ တောင်ညိုဆည် တဝိုက်ကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီး (၃) စီးနဲ့ လှည်ပတ်ဗုံးကြဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗုံးကြဲခံနေရတဲ့နေရာတွေကတော့ တောင်ညို သင်္ဘောချည်တိုင်ဘုန်းကြီးကျောင်း၊ ကြက်ညိုရွာ၊ ဆည်ဘောင်ရှင်းလင်းဆောင်၊ ထန်းတောရွာ တို့ဖြစ်တယ်လို့ သိရပါတယ်။
"ကြက်ညိုရွာနှစ်လုံး၊ ဆည်ဘောင်ကရှင်းလင်းဆောင် နှစ်လုံး လေးလုံးချသွားပါပြီ။ စက်လက်နဲ့လည်း ပစ်နေပြီ။ ဘုန်းကြီကျောင်းကိုကြဲတာ ပြည်သူငါးယောက်ခန့်ထိတယ် ဘုန်ကြီးလည်းပါတယ်။ ပြည်သူနှစ်ယောက်သေတယ်လို့ကြားထားပါတယ်" လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ အမျိုးသမီးတဦး ကပြောပါတယ်။
စက်တပ်လေထီးတွေဟာ ပြည်ခရိုင်၊ ရွှေတောင်လေယာဉ်ကွင်းကနေ ပျံတက်နေတာဖြစ်ပြီး အသွားအပြန် (၅) စီးထက်မနည်း အချိန်းအပြောင်းအလဲလုပ် ကာ ကျေးရွာတွေထဲကို ကြဲနေတာဖြစ်တယ်လို့ သိရပါတယ်။
"ထန်းတောရွာထိပ်ဘက်၂လုံးချသွားတယ် သွားလိုက်ပြန်လိုက်နဲ့ဆော်နေပါတယ်" လို့ ဖြစ်စဉ်ကိုသိရှိထားသူက ပြောပါတယ်။
ယမန်နေ့ အောက်တိုဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲခန့်ကလည်း နတ်တလင်းမြို့နယ် မကျီးပင်ရွာ ကို စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ယမန်နေ့က ပေါင်းတည်မြို့နယ်ထဲကို လေထီးနဲ့ အပြင် လေယာဉ်နဲ့ပါ စစ်သားတွေကိုအင်အားဖြည့် လာချသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Breaking News
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- dohpyay.com/
Telegram- t.me/dohpyay
Tiktok- www.tiktok.com/@dohpyay
#ပဲခူးတိုင်းအနောက်ခြမ်း #နတ်တလင်းမြို့နယ် #တောင်ညိုဆည် #စက်တပ်လေထီး #လေကြောင်းအန္တရာယ် #လူထု #သတိပြုပါ
51 minutes ago | [YT] | 0
View 0 replies
ဒို့ပြည်-Doh Pyay
ပါတီ ၃၇ နှစ်ပြည့်မှာ လူ့ဘောင်သစ်လူငယ် က လူငယ်နိုင်ငံရေးစကားဝိုင်း ပြုလုပ်
၁၆ ရက်၊ အောက်တိုဘာလ၊ ၂၀၂၅ခုနှစ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS ပါတီတည်ထောင်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားနဲ့ " ကလိမ်ခြုံရွေးကောက်ပွဲ နဲ့ လူငယ်ထုတာဝန်" ဆိုတဲ့ခေါင်းစဥ်နဲ့ လူငယ်နိုင်ငံရေးစကားဝိုင်း တခုကို လူ့ဘောင်သစ်လူငယ်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကိုတော့ အောက်တိုဘာလ ၁၄ ရက်နေ့က နယ်စပ်ဒေသတနေရာ မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အခမ်းအနားနဲ့ စကားဝိုင်းကို လူငယ်နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ပြီး အခမ်းအနားဂုဏ်ပြုတာ၊ စစ်အုပ်စုရဲ့ ကလိမ်ခြုံရွေးကောက်ပွဲအပေါ် အမြင်သဘောထား ၊ လူငယ်ထုကြုံတွေ နေရတဲ့ အခက်အခဲတွေကို အပြန်အလှန်မျှဝေဆွေးနွေးခဲ့ကြတယ်လို့ လူ့ဘောင်သစ်လူငယ်-YNS သတင်းနဲ့ပြန်ကြားရေး ဆီက သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- dohpyay.com/
Telegram- t.me/dohpyay
Tiktok- www.tiktok.com/@dohpyay
#လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ #လူ့ဘောင်လူငယ် #နှစ်ပတ်လည် #နိုင်ငံရေးပါတီ #စကားဝိုင်း #လူငယ်
20 hours ago | [YT] | 10
View 0 replies
ဒို့ပြည်-Doh Pyay
လက်ပံတန်းတိုက်ပွဲ စစ်ကော်မရှင်တပ်သား ၁၅ ဦးထက်မနည်းသေပြီး သုံ့ပန်း ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ
အောက်တိုဘာ ၁၆၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၅) ဦးထက်မနည်း သေဆုံးကာ၊ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို (၁၀) ဦးထက်မနည်းကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်နက်အစုံ (၁၉) လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်တွေအထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှု အောက်ရှိ၊ ဗျူဟာ (၂၂) ဦးဆောင်မှုနဲ့ အမှတ် (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ လက်ပံတန်းရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အမှတ် (၃၈၀၃) တပ်ရင်း၊ ပူးပေါင်း စစ်ကြောင်းမှ အောက်တိုဘာလ (၁၅) ရက်၊ မနက် (၁၀) နာရီအချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- dohpyay.com/
Telegram- t.me/dohpyay
Tiktok- www.tiktok.com/@dohpyay
#ပဲခူးတိုင်း #သာယာဝတီ #လက်ပံတန်း #ပကဖ #စစ်သုံ့ပန်း #လက်နက်ခဲယမ်း #PDF
22 hours ago | [YT] | 14
View 0 replies
ဒို့ပြည်-Doh Pyay
ပေါင်းတည်၊ ရေဆည်ကြီးရွာ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရလို့ သေဆုံး၊ ဇနီးဖြစ်သူ လက်ပြတ်ဒဏ်ရာနဲ့ ဆေးရုံတင်ထားရ
အောက်တိုဘာ ၁၅၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ရေဆည်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းမြင့် ကို အမည်မသိလူတစုက လာရောက်ပစ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်က ပေါင်းတည်အရှေ့ဘက် (၅) မိုင်ခန့်အကွာမှာရှိတဲ့ ရေဆည်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်(အသက် ၆၀ နှစ်) ကို ဆိုင်ကယ်(၂) စီးနဲ့ အမျိုးသား(၄) ဦးက လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ဦးဝင်မြင့်မှာ သေဆုံးခဲ့ကာ အမျိုးသမီးဖြစ်သူကတော့ လက်ပြတ်ရှဒဏ်ရာရသွားတဲ့အတွက် ရန်ကုန်ဆေးရုံကိုပို့ဆောင် ပေးထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
"ကြားသိရတာကတော့ သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်ခတ်တယ်။ ဝင်းမြင့်က ပွဲချင်းပြီးသေတယ်။ မိန်းမက လက်ပြတ်တယ်။ သူကအရင်က ကြံ့ခိုင်ရေးအမာခံတဦးပါပဲ။ အဲဒီဖြစ်ပြီးတော့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ရွာသားတဦးကို ဖမ်းထားတယ်" လို့ မြို့ခံတဦး က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး (၂) နာရီခန့်အကြာမှ စစ်တပ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကြကာ ရွာသားတွေကို တနေရာတည်းနေခိုင်းပြီး လက်ကိုင်ဖုန်းတွေကိုလည်း သိမ်းဆည်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
"မသင်္ကာလို့ဖမ်းထားတဲ့ သူနှစ်ယောက်က တယောက်က အုပ်ချုပ်ရေးမှူးဟောင်း တယောက်က အဲအချိန်မှာ ဖုန်းဆက်တဲ့သူ" လို့ မြို့ခံတဦးက ပြောပါတယ်
ဒီပစ်ခတ်မှုကိုတော့ ဘယ်သူတွေက ပြုလုပ်တယ်ဆိုတာ မသိရေသးသလို တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လာတာလည်း မရှိသေးပါဘူး။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- dohpyay.com/
Telegram- t.me/dohpyay
Tiktok- www.tiktok.com/@dohpyay
#ပဲခူးတိုင်း #ပေါင်းတည် #ရေဆည်ကြီးရွာ #အုပ်ချုပ်ရေးမှူး #မှုခင်းသတင်း
2 days ago | [YT] | 14
View 1 reply
ဒို့ပြည်-Doh Pyay
"မဖတ်ပါရစေနဲ့ ဟောလိုကဗျာ" (ကဗျာခံစားမှု)
အောက်တိုဘာ ၁၄၊ ၂၀၂၅။
ကဗျာ။ ကဗျာဆိုတဲ့ အနုပညာပစ္စည်းတစ်ခုကို ဘယ်အချိန်မှာ ကျနော်နှစ်သက်စွဲလမ်းခဲ့တာလဲ စဥ်းစားမိတိုင်းအဖြေဟာ တိတိကျကျမရှိ။ ဒါပေမယ့် က ကဇွန်းပင်ရေမှာရွှင် ခ ခရေကုံး မလေးပြုံး ဂ ဂနိုင်စုံတောမြိုင် လို့ တတွတ်တွတ်ရွတ်ဆိုခဲ့ရတဲ့အရသာဟာ ချိုမြိန်ကြောင်းကိုတော့ ကျနော်သတိထားမိ။ မြန်မာကဗျာစနစ်ဟာ ကာရန်စနစ်။ အသံများကို ချိတ်ဆက်ဆော့ကစားပြတာ သတိထားမိ။ အက္ခရာစာပေမထွန်းကားမပေါ်သေးခင်က မှတ်သားစေလိုသည်များကို လက်ဆင့်ကမ်းသည့်အခါ အသံစနစ်ဖြင့် လက်ဆင့်ကမ်းခဲ့လေတော့ မှတ်မိလွယ်စေရန်ရှေးလူတို့တီထွင်ခဲ့လေသလား စဥ်းစားမိ။
ကဗျာဆိုတဲ့အရာကို ထိတွေ့နှစ်ခြိုက်ရင်း ကျောင်းသင်ခန်းစာပြင်ပကဗျာတွေဖတ်ဖြစ်လာတယ်။ ၉၀ အလွန် ခေတ်ပေါ်ကဗျာ အားကောင်းမောင်းသန်ကာလမှသည်၊ ဒီကနေ့ ကွန်တမ်ပရီ ခေတ်ပြိုင်ကဗျာများထိ။ ကဗျာရေးနည်းတက္ကနိတွေဘယ်လိုပြောင်းပြောင်း ကဗျာရေးသူဟာ သူဖြတ်သန်းရာ လူမှုဘဝရဲ့ကောင်း ၄ပါး ဆိုး၄ပါး လောကဓံကို တို့ထိလျှက်။ တခါတရံ သတင်းသမားတစ်ယောက်လို။ တခါတရံ သမိုင်းဆရာလို။ တခါတရံသမိုင်းဆရာတွေချန်ထားတဲ့ဖြစ်စဥ်ဖြစ်ရပ်တွေကို။
ကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာ အားကောင်းသောခေတ်အခါ။ အချို့ကဗျာကောင်းကောင်းလေးတွေဟာ အွန်လိုင်းထက်မှာ။
သိတ်မကြာသေးခင်ကာလတစ်ခုမှာ၊ အွန်လိုင်းထက်ကနေ ကဗျာတစ်ပုဒ်ဖတ်ခဲ့ရ။ အဲဒီကဗျာမျိုးတွေ(ကဗျာထဲက အဖြစ်အပျက်တွေ) ကျနော်နောက်ထပ်မဖတ်ပါရစေနဲ့လို့ ဘုရားတိုင်းဘုရားတိုင်းဆီမှာ ဆုတောင်းနေမိတာ အမှန်ပါ။
ခင်ဗျားဆိုရင်ကော ဘယ်လိုပြောချင်မလဲ။
"စစ်တွင်းက အညာရှုခင်း"
မီးလောင်ပြီးစ အိမ်ထဲမှာ
သူတို့ နံနက်စာ စားနေကြတယ်။
ပြာဖြစ်သွားတဲ့ အရာတွေကို
နားလည်ကြသလား၊
အိမ်မရှိတော့ဘူး၊ နံနက်စာလည်း မရှိတော့ဘူး၊
ဒါပေမဲ့ ငါက ဒီမှာရှိနေတုန်း။
မျက်ဝန်းထဲ ထိုးဖောက်ဝင်နေတဲ့ ဇွန်းဟာ
ပေါင် ၅၀၀ မလေးလံဘူး။
ပေါက်ကွဲမှုကြောင့် အိမ်နီးနားက
မိသားစုတွေလည်း မရှိကြတော့ဘူး။
သူတို့ ဘယ်ရောက်သွားကြသလဲ။
ညီအကိုမောင်နှမတွေ၊ အမေတွေနှင့် အဖေတွေ၊
လယ်ကွင်းပြင်တလျှောက် ပုရွက်ဆိတ်လို သွားနေကြလား။
သူတို့အနူးညံ့ဆုံး ဝမ်းနည်းနေကြလား။
နွမ်းလျနေတဲ့ ဖိနပ်စုတ်တွေ၊
အဝတ်အစားအပြဲတွေ မျောလွင့်
ဆောင်းရဲ့တောင်တန်းတွေပေါ်မှာ…တစ္ဆေတစ်ကောင်လို။
မင်းနာမည်ကို ပြန်သတိရဖို့ ကြိုးစားမိတယ်၊
သူတို့အသက်ရှင်ခဲ့တဲ့ နေရာတစ်ခုအဖြစ်
ငါ့မျက်လုံးထဲမှာ အရိပ်တွေ ပြန်လည်ကွယ်ဝှက်နေတယ်။
ကျောင်းခေါင်းလောင်းသံတွေက
တစ်ခါတစ်ရံ လေထဲမှာ ငြိမ့်ငြိမ့်နဲ့ ထွက်လာတယ်။
ငါ့လက်ထဲက ဇွန်းပြုတ်ကျနေသလို ခံစားရတယ်။
ဒါပေမယ့် ငါ မတက်ပြေးဘူး။ ငါ မဖွင့်ကြည့်ဘူး။
ငါ အဲဒီမီးလောင်နေတဲ့အိမ်ထဲမှာပဲ နေနေရတယ်။
နံနက်စာ လုံးဝမရှိတော့တဲ့ နံနက်ခင်းမှာ။
ကန္တာရမိုးစက်
၂၀၂၅
ကဗျာကျန်းမာပါစေ
ရေးသားသူ-ဟိုဆေး
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- dohpyay.com/
Telegram- t.me/dohpyay
Tiktok- www.tiktok.com/@dohpyay
#ကဗျာ #ကဗျာခံစားမှု #အက်ဆေး #အညာ #လူမှုဘဝ #ဆောင်းပါး
3 days ago | [YT] | 14
View 0 replies
ဒို့ပြည်-Doh Pyay
"ထောင်ထဲမှာ တယောက်ကို တပေခွဲပတ်လည် နေရတယ်။ ဒီလိုနေရာမှာပဲ နိုင်ကျဉ်းမိခင်နဲ့ ကလေးငယ်တွေက နေရတာမျိုး ဖြစ်ပါတယ်။" (အင်တာဗျူး)
အောက်တိုဘာ ၁၃၊ ၂၀၂၅။
မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာ ရှိနေတဲ့ နိုင်ကျဉ်းမိခင်တွေနဲ့ ကလေးတွေ၊ နိုင်ငံရေးအကျဉ်းသူတွေ ဘယ်လိုဖြတ်သန်းနေရလဲ။ သူတို့တွေအတွက် ဘာတွေလိုအပ်နေလဲ။ ထောင်အာဏာပိုင်တွေက ဘယ်လိုညှင်းပမ်းနှိပ်စက်နေလဲ။ စတဲ့အခြေအနေတွေကို နိုင်ငံရေးအကျဉ်းသူများအဖွဲ့ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်း ကို အလွတ်တမ်းသတင်းစာဆရာခက်ငြိမ်း က တွေ့ဆုံမေးမြန်းထားပါတယ်။
🟥မေး-နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အရင်ပြောပြပါအုံးခင်ဗျာ။
လက်ရှိမှာ အကျဉ်းထောင်(၄၀) ကျော်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝင်စာပါဆယ်ပို့ပေးတာမျိုး၊ အရေးပေါ်ဆေးဝါးပို့ပေးတာ ဒါမျိုးလုပ်ဆောင်နေတယ်။ လက်ရှိမှာ နိုင်ငံရေးအကျဉ်းသူတွေက ၅၀၀၀ ကျော်ဆိုပေမဲ့ ၆၀၀၀ ကျော်ဝန်းကျင်ရှိတယ် အဲဒီအထဲမှာမှ စစ်ကြောရေးစခန်းတွေမှာ ရဲဘက်စခန်းတွေမှာ အချုပ်တွေထဲမှာဖမ်းဆီးခံနေရတာတွေလည်းရှိတယ်။ ပြီးတဲ့အခါနိုင်ငံရေးပုဒ်မ မဟုတ်ဘဲနဲ့ တခြားပြစ်မှုအမှုတွေနဲ့ အဖမ်းခံနေရသူတွေလည်းရှိနေတယ်။
လက်ရှိမှာတော့ WOPP က အကျဉ်းထောင်ထဲမှာအကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နိုင်ငံရေးအကျဉ်းသားတွေ ဆေးဝါးလုံလုံလောက်မရရှိအောင် လုပ်ဆောင်နေတာတွေကို ရတဲ့နည်းနဲ့ အသံတွေထုတ်ပေးနေတာတွေတော့ ရှိပါတယ်။
🟥မေး-ထောင်ဝင်စာတွေ့တဲ့အခါ ပါဆယ်ပို့တဲ့အခါ ဘယ်လိုအခက်ခဲတွေ ကြုံတွေ့နေရလဲ။ ထောင်အာဏာပိုင်တွေက ဘာတွေကို တင်းကျပ်မှုတွေလုပ်နေလဲ။
အဓိကကတော့ သူတို့မသိတဲ့ဆေးဆိုအပို့မခံတာမျိုး။ ပါဆယ်ဆိုရင် ဘယ်နှစ်မျိုးပဲဆိုပြီး လက်မခံတာမျိုး ဒါမျိုးဆိုရင် နိုင်ငံရေးအကျဉ်းသူတွေက မိသားစုကပေးပို့နိုင်တဲ့ပါဆယ်ရှိရင် သူတို့အနေနဲ့အဆင်ပြေတယ်။ ဒါပေမဲ့ မိသားစုဝေးတဲ့နေရာမှာ မလာနိုင်သူဆိုရင် နိုင်ငံရေးအကျဉ်းသားတွေဆို ပါဆယ်အခက်ခဲကြုံတယ်ဒါဆို ထောင်မှာ ကြွေးတဲ့ထမင်းဟင်းကိုပဲ အဓိက စားသုံးရတာဖြစ်တယ်။
🟥မေး-နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းသားအခွင့်အရေး အမျိုးသမီးအခွင့်ရေးတွေနဲ့ပတ်သက်ပြီး ထင်ထင်ရှားရှားကျူးလွန်ဖိနှိပ်ခံရတာ ဘာတွေများ ပြန်ကြားရလဲ။
လတ်တလောမှာဆိုရင် ကျိုက်မရောထောင်၊ ဒိုက်ဦးထောင်တွေမှာ နိုင်ငံရေးအကျဉ်းသူတွေကို ရိုက်နှက်တာမျိုးရှိတယ်။ ဒီနှစ်ထဲမှာ ဒိိုက်ဦးထောင်က အမျိုးသမီးအဆောင်က နိုင်ငံရေးအကျဉ်းသူတွေကို အမျိုးသားအဆောင်ဘက်မှာ တိုက်ပိတ်အရေးယူတာမျိုးအထိ ညှင်းပမ်းနှိပ်စက်တာမျိုးအထိရှိနေတယ်။ ပြီးတဲ့အခါမှာ အကြောင်းမရှိဘဲ နောက်အမှုကပ်တာ အကြောင်းမရှိဘဲပြစ်ဒဏ်တိုက်ထဲမှာထားတာမျိုးတွေ ဒါမျိုးနဲ့တော့ နိုင်ငံရေးအကျဉ်းသူတွေကို ဖြိုခွဲတာမျိုးတွေ လုပ်နေတာ ရှိပါတယ်။
🟥မေး- ကျနော်တို့ကြားတာလည်းရှိတယ် အမျိုးသမီးထောင်ဝန်ထမ်းတွေက နိုင်ကျဉ်းသူတွေကို သူတို့ရဲ့ ကိုယ်ရေးကိုယ်တာတွေ ခိုင်းစေတယ်လို့ သိရတယ်။ အဲလိုကြားမိလား။
ဒါကတော့ ကျမတို့ကိုယ်တိုင်လည်း နေလာတဲ့အချိန်မှာ အခြားအမှုတွေကိုခိုင်းတာပေါ့နော် နိုင်ကျဉ်းအမှုတွေကို ခိုင်းလို့ရမလားဆိုပြီး ခိုင်းတာ။ ဒါပေမဲ့ ကျမတို့ နိုင်ငံရေးအကျဉ်းသူတွေက လုပ်ဆောင်တာမျိုးမရှိဘူး ဒါမျိုးအတွက်လည်း ထောင်ထဲမှာ တိုက်ပွဲဝင်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွတ်ပြီး ဆန္ဒပြတာမျိုးအထိ လုပ်တာမျိုးရှိတယ်။
🟥မေး-ထောင်ဗူးဝတွေမှာ လွတ်မြောက်သူတွေကို ပုဒ်မတပ်ဖမ်းတာတွေ ရှိတယ် အဲအခြေအနေက ဘယ်လိုရှိပါသလဲ။
ရှိပါတယ်။ ပြန်လည်ဖမ်းတယ်ဆိုတာက နိုင်ငံရေးအကျဉ်းသူတွေက အပြင်ရောက်ရင်လည်း ပြန်လည်ပြီးတော့ နိုင်ငံ့အရေးကိုပဲ ဆက်လက်လုပ်မှာကိုစိုးရိမ်အားကြီးလို့ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဖမ်းပြီး နောက်အမှုကပ်တာမျိုးလုပ်တာ ဖြစ်တယ်။
လတ်တလောမှာဆိုရင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် သေဆုံးမှုကိုလည်း သိကြမယ်၊ သူဆို ၅၀၅ ပုဒ်မ နဲ့လွတ်ခါနီး နိုင်ငံရေးအကျဉ်းသူတယောက် ကျောင်းသူလေးတယောက် ဒါပေမဲ့ ဘာဖြစ်လည်းဆိုတော့ ကျန်းမာရေးလည်း စစ်ကြောရေးစခန်းတွေမှာ ဆိုးဆိုးဝါးဝါးခံခဲ့ရတာတွေရှိတယ်။ ဒါကို ကျမတို့ရှိစဉ်ကလည်း ဒိုက်ဦးထောင်မှာ ညီမတို့နဲ့ ရှိစဉ်က အတူတူနေခဲ့ရတယ် ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကို ပြန်ပို့တဲ့အခါမှာ လွှဲပေးမှာ ဆေးကုပေးမှာဆိုပြီး ကျမတို့ဆီက ခေါ်ထုတ်သွားပြီးတော့ အင်းစိန်ထောင်ကို ရောက်တဲ့အခါမှာ တခြားပုဒ်မတွေတပ်ပြီး ဖမ်းလိုက်တာပေါ့။ မဝတ်ရည်အောင်သည် လွတ်ရက်စေ့မယ့် နိုင်ငံရေးအကျဉ်းသူတယောက် လွတ်ခါနီးနိုင်ကျဉ်းသူတယောက်ဖြစ်တယ် ဒါကို စကစ မသေသေအောင် ညှင်းပမ်းနှိပ်စက်သတ်လိုက်တာ ဖြစ်ပါတယ်။
🟥မေး-လက်ရှိမှာ နိုင်ငံရေးအကျဉ်းသူတွေအတွက် လုပ်ဆောင်ပေးရတာမှာ အဖွဲ့အနေနဲ့ ဘာအခက်များရှိနေလဲ။
အခက်ခဲကတော့ ကျမတို့ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသူဖြစ်တယ် လွတ်လာတာလည်း သိပ်မကြာသေးဘူး ဖွဲ့စည်းထားတာလည်း သိပ်မကြာသေးဘူးကိုယ်တိုင်လည်း အဖွဲ့အစည်းအတွေ့အကြုံမရှိဘူး။ ခဲရာခဲဆစ်နဲ့ဆို ဒီမှာလည်း တရားမဝင်နေထိုင်ကြရတယ် ပြည်တွင်းမလုံခြုံမှုတွေနဲ့ ရင်ဆိုင်ရတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာကအစ ကျမတို့အနေနဲ့ ပြိုလဲခဲ့ရတာတွေရှိတယ်။ စိတ်ပိုင်းဆိုင်ရာပြိုလဲခဲ့တာတွေရှိတယ်။ အဓိကက အထဲက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ကူနိုင်ရေးဆိုတာမျိုးနဲ့ ဒါကို ဖွဲ့စည်းထားတာဖြစ်လို့ နည်းမျိုးစုံအခက်ခဲကြားကနေ ရအောင်လုပ်ဆောင်နေတာဖြစ်တယ်။
🟥မေး-ဖွဲ့စည်းခဲ့တဲ့အချိန်အတွင်းမှာ ဘယ်လောက်ထိကူညီနိုင်ခဲ့ပြီလဲ။ နိုင်ကျဉ်းဘယ်နှစ်ဦးထိကူနိုင်ခဲ့လဲ။
တနှစ်ပြည့်မှာ အကျဉ်းသူ ထောင် ၄၀ မှာရှိတဲ့ နိုင်ကျဉ်းသူ ၆၅၀ ဝန်းကျင်ဦးရေ ကူနိုင်တယ်။ ဆေးဝါးတွေပို့ဆောင်ပေးနိုင်တယ်။ အကျဉ်းထောင်အသီးသီးမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ် ၁၂၅ ဦးဝန်းကျင်ရှိတယ်။ နိုင်ကျဉ်းမိခင်တွေကို ပါဆယ်ပို့တာ လိုအပ်တဲ့ နို့မှုန့်တွေပို့ဆောင်ပေးတာလုပ်တယ်။ ပြီးတော့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသူတွေ HIV, TV ရောဂါတွေစွဲကပ်ခံနေရတာမျိုးတွေရှိတယ်။ ထောင်ကလွတ်လာရင်လည်း အဲလိုခံစားရတဲ့ နိုင်ကျဉ်းသူတွေကို ဆေးဝါးထောက်ပံ့တာ ကျန်းမာရေးကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးတာတွေ ရှိနေတယ်။
🟥မေး- ဆရာမဖြေသွားတဲ့အထဲမှာ စိတ်ဝင်စားစရာကောင်းတာက ကိုယ်ဝန်ဆောင်နဲ့ ကလေးပေါ့နော် သူတို့ကဘယ်လိုနေရလဲ ကလေးနဲ့အတူတူနေရလဲ ဘယ်အရွယ်တွေတွေ့ရလဲ။
အဓိကကတော့ ခင်ပွန်းမတွေ့လို့ ဖမ်းတဲ့အချိန်မှာ ကိုယ်ဝန်ပါလာတဲ့ ကိုယ်ဝန်သယ်တွေပါတာပေါ့ ဖမ်းဆီးတာမျိုး ဓါးစားခံအဖြစ် ဖမ်းပြီးထောင်ထဲထည့်တာ အဲအချိန်မှာ နိုင်ငံရေးအကျဉ်းသူတွေက မွေးဖွားလာပြီး ပြန်လည်ပို့ဖို့ ကျတော့လည်း အပြင်မှာကလည်း အမျိုးသားကိုလိုက်ဖမ်းနေတာဖြစ်တော့ ဒီ မွေးလာပြီဆို ထောင်ထဲမှာပဲ ချို့ချို့တဲ့တဲ့ မွေးဖွားရတယ်။ တချို့ကိုယ်ဝန်သည်တွေဆို မိသားစုနဲ့အဆက်သွယ်မရတာမျိုး ပါဆယ်အခက်ခဲရှိတာထိ ကြုံရတဲ့အခါ ကလေးတွေရဲ့ နို့ထွက်တဲ့မိခင်ရှိသလို နို့မထွက်တဲ့မိခင် လည်းရှိတော့ နို့မှု့န်ကို အားပြုပြီးသောက်သုံးရတဲ့လသားမိခင်မျိုးရှိတယ် ဒါမျိုးဆိုရင် တော်တော်ကြီးကြီး ခက်ခက်ခဲခဲ မွေးရတယ် ခက်ခက်ခဲခဲကို နေထိုင်ရတဲ့ အခက်ခဲကာလကို ကြုံတွေ့နေရတာဖြစ်ပါတယ်။
🟥မေး-အကျဉ်းထောင်ဆိုတာ လူကြီးတွေတောင်ကြမ်းကြမ်းတမ်းတမ်းဖြတ်ရတယ် အနည်းဆုံးကျန်းမာရေးထိခိုက်တယ်ပေါ့ လသားနှစ်သားကလေးတွေအတွက် သီးသန့်နေရေပေးထားလား သူတို့အတွက် သီးသန့်လုပ်ဆောင်တာရှိလား
ကလေးတွေအတွက် မိခင်တွေအတွက် သီးသန့်နေရာမရှိပါဘူး။ သူတို့က ကိုယ်ဝန်သယ်မို့ သီးသန့်ထားတာမရှိဘူး တခြားအမှုတွေနဲ့ ရောထားတာရှိတယ်။ ပြီးတော့ ကျမတို့က ထောင်ထဲမှာ တယောက်ကို တပေခွဲပတ်လည် နေရတယ်။ ဒီလိုနေရာမှာပဲ နိုင်ကျဉ်းမိခင်နဲ့ ကလေးငယ်တွေက နေရတာမျိုး ဖြစ်ပါတယ်။
🟥မေး-ကလေးငယ်တွေအတွက် ကျန်းမာရေးအရ အသက်အန္တရာယ် စိုးရိမ်မှုက ဘယ်လိုအဆင့်ကို သတ်မှတ်လို့ရမလဲ။
တချို့ဆိုထောင်ထဲမှာပဲ ကိုယ်ဝန်ပျက်ကျတာမျိုးရှိတယ်။ သူတို့ကကိုယ်ဝန်သယ်ဆိုပြီး ညှာတာနေတာမဟုတ်ဘူး။ စစ်ကြောရေးတွေမှာ ရိုက်နှက်တဲ့ဒဏ်တွေ ဒါကြောင့် ကျမတို့ အင်းစိန်ထောင်မှာဆိုမျက်စိရှေ့မှာတင် မွေးပြီးပြီးချင်း လသားလေးတွေ သေဆုံးခဲ့ရတာကို မြင်ခဲ့ရတာရှိတယ်။ သက်ကြီးပိုင်းတွေဆိုလည်း ကိုဗစ်လိုကာလမှာ တကယ်ကိုယ့်မျက်စိရှေ့မှာတင် သေဆုံးသွားတဲ့ အမေအရွယ်တွေလည်းရှိတယ် အဓိက ဆေးဝါးမလုံလောက်တာနဲ့ ဆေးဝါးကုသမမှုမပေးတာကြောင့်ပါ။
🟥မေး-WOPP အနေနဲ့ တခြားသော နိုင်ကျဉ်းအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်တာရှိလား။
ရှိပါတယ်။ အကျဉ်းထောင်တွေအတွက် ထုတ်ပြန်ချက်တွေထုတ်တော့မယ်ဆိုရင် ပူးပေါင်းရေးသား ထုတ်ပြန်တာမျိုးတွေရှိတယ်။ လက်လှမ်းမီသလောက်လည်း နိုင်ကျဉ်းအရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေလုပ်တယ်။ နိုင်ငံတကာနဲ့ချိတ်ဆက်တာမျိုး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာမျိုးတွေ လုပ်နေပါတယ်
🟥မေး-နိုင်ငံရေးအကျဉ်းသားတွေရဲ့ အပြင်မှာကျန်ရစ်တဲ့ မိသားစုတွေအခြေအနေက ဘယ်လိုရှိနေလဲ သူတို့ကိုရော ကူညီတာရှိလား။
လက်ရှိမှာတော့ ရအောင်လည်းချိတ်တယ်။ မိသားစုတွေနဲ့ချိတ်ဆက်လာပြီဆို ကိုယ်တွေလည်းအကျဉ်းထောင်ကိုရောက်တဲ့အခါ မိသားစုနဲ့ မတွေ့ရတဲ့ခံစားချက်ကိုနားလည်တယ်။ ကျမတို့လွတ်လာအောင်မျှော်လင့်နေတဲ့ မိသားစုတွေလည်း ရှိနေတယ်လေ။ ဒါကြောင့် ကျမတို့ကတော့ တတ်နိုင်သမျှ မိသားစုကချိတ်ဆက်လာပြီဆို အဲဒီချိတ်ဆက်မှုကို ကြိုးစားတယ်။ ကူညီမှုမှာလည်း မိသားစုရော အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေရော အတူတူသုံးနိုင်အောင် ဒါမျိုးအတွက် တတ်နိုင်သလောက်ပံ့ပိုးပေးနေတာရှိတယ်။ ဒီလိုမျိုးပံ့ပိုးပေးမှုမှာ ကျမတို့အနေနဲ့ အမြဲတမ်းတော့ မပံ့ပိုးနိုင်ဘူး။ အခုလိုကာလတွေမှာ ခက်ခက်ခဲခဲ ရင်ဆိုင်နေကြရချိန် ကျမတို့ကိုယ်တိုင်လည်း ဒီကူညီနိုင်ရေး ရံပုံငွေရှာတာ။ ထုတ်ကုန်တွေရောင်းတာမျိုး ဒါမျိုးတွေနဲ့ နှောင်ကြိုးမဲ့ ကူညီပေးမှုတွေကို ထိထိရောက်ရောက်နဲ့ လုပ်ဆောင်နေနိုင်တာပေါ့။
🟥မေး-ဒီအင်တာဗျူးမှာ ကျနော်တို့ဘက်က မမေးမိတာ ဆရာမတို့ဘက်က ဖြည့်စွတ်ပြောလိုတာ ဘာများရှိအုံးမလဲခင်ဗျာ။
နိုင်ငံရေးအကျဉ်းသူတွေလွတ်မြောက်ရေး နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကို WOPP က ကြိုးစားသွားမယ်။ ရတဲ့နည်းမျိုးနဲ့ အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရတဲ့နည်းနဲ့ ဖော်ထုတ်သွားမယ်။ နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားတွေကိုယ်စား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
🟥ဟုတ်ကဲ့အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ဒို့ပြည် သတင်းဌာနက အထူးကျေးဇူးတင်ပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- dohpyay.com/
Telegram- t.me/dohpyay
Tiktok- www.tiktok.com/@dohpyay
#နိုင်ငံရေးအကျဉ်းသူ/သား #အကျဉ်းထောင် #လူ့အခွင့်အရေး #အမျိုးသမီးအခွင့်အရေး #ကလေးသူငယ်အခွင့်အရေး #ဖိနှိပ်မှု #WOPP #နိုင်ငံရေးအကျဉ်းသူများအဖွဲ့ #အရေးပေါ်အကူညီ
3 days ago | [YT] | 12
View 0 replies
ဒို့ပြည်-Doh Pyay
ပေါက်ခေါင်း၊ ဘော်ဒါ မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ ဒဏ်ရာရသူတွေရှိ
အောက်တိုဘာ ၁၃၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါအထိုင်စခန်းကနေ လူအချိန်အပြောင်းလုပ် ပြန်လာတဲ့ အင်အား(၄၄) ဦး ပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် ဆီက သိရပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ ည ၈ နာရီခန့်က တောင်လည်ကျေးရွာအနီး အရပ်အခေါ် (ဂွေးပင်ကုန်း) နေရာအနီး မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူရှိပြီး ထမ်းစင်တွေနဲ့ ပြန်သယ်သွားကြရတယ်လို့ သိရပါတယ်။
"ထိခိုက်ဒဏ်ရာရတာကိုတော့ ကျနော့်တို့ လိုက်နေတယ် သတင်းပျောက်နေဆဲပဲ။ နယ်မြေအခြေအနေကတော့ ခြေလျင်လှုပ်ရှားမှုတွေရှိတယ်။ ပြည်သူတွေ လေကြောင်းအန္တရာယ်သတိထားဖို့တော့လိုတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင်တပ်ရင်း(၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ဒို့ပြည် ကို ပြောပါတယ်။
တိုက်ခိုက်ခဲ့တဲ့ မိုင်းအမျိုးအစားကိုတော့ လုံခြုံရေးနဲ့ စစ်ရေးအရ ထုတ်ဖော် ပြောဆိုတာမျိုး မလုပ်နိုင်သေးဘူး လို့ ဆက်ပြောပါတယ်။
တိုက်ခိုက်မှုအပြီး ယမန်နေ့ အောက်တိုဘာ ၁၂ ရက်နေ့က အဲဒီနေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်ရာမှာ စစ်တပ်ကကျန်ခဲ့တဲ့ စစ်သုံးကျောပိုးအိတ်တစ်လုံး၊ MAကျည်ဘောက်(၁)ခု၊ BA (100) ဗုံးသီး (၁) လုံး၊ 5.56 ကျည် (၇၀) တောင့်၊ power bank (၁) လုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ပဲခူးတိုင်း ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ်(၂) ၃၆၀၂ တပ်ရင်း တပ်ခွဲ (၃) ရဲဘော်တွေက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာလ ၈ ရက်နေ့က ချင်းလည်ဂိတ်ကနေ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၄ ရက်နေ့ ကလည်း တောင်လည်ကျေးရွာအထိုင်စခန်းကနေ ထွက်လာတဲ့ ခြေလျှင်စစ်ကြောင်းကို အုတ်ဖိုကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- dohpyay.com/
Telegram- t.me/dohpyay
Tiktok- www.tiktok.com/@dohpyay
#ပြည်ခရိုင် #ပေါက်ခေါင်း #ဘော်ဒါ #ပဲခူးရိုးမ #အုတ်တွင်းလမ်း #အထိုင်စခန်း #တိုက်ပွဲ #ပဲခူးတိုင်း
4 days ago | [YT] | 23
View 0 replies
ဒို့ပြည်-Doh Pyay
"ဘူးလက် အရူးကွက် နင်းမယ်" (#သရော်စာ)
အောက်တိုဘာ ၁၃၊ ၂၀၂၅။
"ဟယ်လို ဆာဇေ။ မင်္ဂလာရှိသော သီတင်းကျွတ်ဖြစ်ပါစေဗျိူ့"
"အသာလုပ်ပါ မောင်မှတ်ရာ။ သီတင်းကျွတ်ပြီဟေ့ဆိုကတည်းက မင်္ဂလာကတော့ ရှိပြီးသားပဲလကွ။ မနက်ကတောင် မောင်ရှေ့ကိုတည့်တည့် ဘာဆိုလားပဲ သီချင်းသံကြားလိုက်ရသေး"
"ပြောလို့သာပြောရတာပါ ဆာဇေရာ။ မအလရဲ့စခတွေက သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲလုပ်ကြတဲ့ ချောင်းဦးမြို့နယ်ထဲမှာ ဗုံးသီးချပြီး လူမဆန်တဲ့လုပ်ရပ်လုပ်ကြသေးဆိုပဲဗျ"
"အေးလကွာ လူ ၂၀ ကျော်လောက်သေတယ်၊ ၄၀ ကျော်လောက်ဒါဏ်ရာရတယ်လို့ဖတ်ရတာပဲဟ"
"အေးဗျာ မအလရဲ့စခတွေဟာ ဘာသာတရားတွေ၊ ဓလေ့ထုံးတမ်းတွေဘာမှနားလည်တာမဟုတ်ဘူးဗျနော။ အထက်အမိန့်အရဆိုရင် ကိုယ့်အမေကိုယ့်နှမတောင်အဝှာပြုဆိုပြုမယ့်ဟာစားတွေ။ အဲဒီတော့ တလရ သမားတွေအနေနဲ့ တတ်နိူင်သမျှသတိထားမှတော်ကာကျမယ် ထင်တယ်နော်"
"ဒါနဲ့ မောင်မှတ်ရေ၊ ဘူးကြီးအကြောင်းရော ဖတ်ပြီးပြီလားဟ"
"ဘူးလက်လှဆွေလား ဆာဇေ။ ကျနော့်အထင်အရတော့ ဘူးလက်ရဲ့မထူးတဲ့အကွက်ပါဗျာ။ ကြံ့ဖွတ်ထဲမှာ ကသောင်းကနင်းအကွက်တွေပေါ်နေတာလေဗျာ။ မအလ အာဏာအရူးကောင်ကြီး ထိုးထည့်လိုက်တဲ့ အကောင်ကြီးကြီးတွေက ကြံ့ဖွတ်မှာ ပါဝါအပြည့်မကဘူး လျှံကျနေပြီလေ။ ရောက်လာကတည်းက စရိတ် အပြည့်အစုံ ပါးစပ်မှာငုံလာပြီးသား။ ပြီးတော့ အဲဒီကောင်ကြီးတွေအတွက် ပါတီမှာနေရာကချပေးပြီးသား။ ဒီတော့ ဘူးလက်က နေရာမရမယ့်အတူတူမထူးဘူးဆိုပြီး၊ ဘီလူးကြီး မအလကိုအရူးကီးနဲ့ထချတဲ့သဘောပါပဲ"
"အံမယ် ဆရာမှတ်ရဲ့အရမ်းသုံးသပ်ချက်က သဘောကျစရာအကောင်းသားပဲ"
"ဟော ဆာဇေကတော့လုပ်ပြီ။ ကျနော့်အထင်ပြောတာပါဗျ။ အခုတော့ ဘူးလက် ဘယ်မှာ ဒူးဖက်နေလဲ မသိပေါင်ဗျာ ဟဲဟဲ။ အမှန်တော့ အုပ်ကြီးခီရင်မှာတာဝန်ရှိတယ်ဗျ။ ကိုယ့်ပါတီက အထင်ကရတကောင်ပျောက်သွားတဲ့ကိစ္စကိုလေ။ ဘူးလက်လှဆွေလည်း ဟိုဘက်ရက်ကပဲ DASSK ကို အောက်လုံးတွေသုံးပြီး အောက်တန်းစားဆန်ဆန်ပုတ်ခတ်စော်ကား နေသေးတာလေ"
"ဘာလဲဟ မောင်မှတ်ရ၊ဘူးလက်က သူ့အဖေကိုခင်ဗျားတို့ သိလားဘာညာမေးတဲ့ဟာလား"
"ဟုတ်ပ ဆာဇေရာ၊ ဘူးလက်ရူးချက်ကတော့၊ သူ့အဖေကိုသူတောင်သေချာမသိဘူး။ တခြားလိုက်မေးနေရတယ်"
"အေးကွ ဘူးလက်ရဲ့ ပတ်မကြီးယီးနဲ့ထိုးတဲ့အကွက်က၊ မအလကြီးသောက်ခွက်ပါထိသွားသဟ။ NLDကို မဲစရင်းမှားလို့ အာဏာသိမ်းရပါတယ် ဘာညာလုပ်ထားတာလေ"
"အခုလည်း ပီ ၃ လုံးမယ်တော် သသခ တစ်ပေါက်တော့ ထလာပြန်ပြီဆာဇေ။နိူင်ငံရေးနဲ့ပတ်သက်ပြီး DASSK ရဲ့ ခြေတစ်မှုံစာတောင်မလုပ်ခဲ့ဘူးပဲ၊ စော်စော်ကားကားတွေပြောလာပြန်ပြီ။ နိူင်ငံရေးအကျဥ်းသားမဟုတ်ဘူး။ အကျင့်ပျက်ခြစားလို့အကျဥ်းကျခံရတာပါတို့ဘာတို့ လုပ်လာပြန်ပြီ"
"ဟုတ်ပ မောင်မှတ်ရေ။ ငါကြားခဲ့ဖူးတဲ့တရားတစ်ပုဒ်သတိရတယ်။ တခါက ဘုရင့်ဥယျဥ်တခုမှာ အကျင့်စရဏနဲ့ပြည့်စုံတဲ့ ရသေ့တပါးနေသတဲ့။ တနေ့မှာ ဘုရင့် ပြည့်တန်ဆာမတစ်ယောက် ရာထူးပြုတ်ပြီး ဥယျဥ်ဘက်လာသပေါ့။ သစ်ပင်အောက်မှာတရားကျင့်နေတဲ့ရသေ့ကိုတွေ့တော့၊ သူအလုပ်ပြုတ်တာ ဒင်းကြောင့်ဆိုပြီး ရသေ့ကို ဆဲဆို တံထွေးတွေနဲ့ထွေးပေါ့လေ။ အားရတော့ပြန်တာပေါ့။ နန်းတော်ရောက်အလုပ်ပြန်ရ။ တဆင့်စကားနဲ့ရသေ့ကြီးကိုစော်ကားကြတာ တမြို့လုံးကုန်ရောတဲ့။ တမြို့လုံးစုံမှ ပန်းမိုး၊ ရွှေငွေမိုး၊ ပြီးတော့လက်နက်မိုးရွာ မြို့ပျက်ဆိုတာလေ"
"အေးဗျာ ဘူးလက်ပြီးရင်တော့ အရပ်ထဲကလူတွေပြောတဲ့ ပိပိပြား အလှည့်ထင်ပါရဲ့"
ရေးသားသူ-ဇေယျတု
သရုပ်ဖော်ကာတွန်း-ညိုမြ
#ဒို့ပြည်
#သရော်စာ #ကာတွန်း #ဘူးလက်လှဆွေ #နိုင်ငံရေးပါတီ
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- dohpyay.com/
Telegram- t.me/dohpyay
Tiktok- www.tiktok.com/@dohpyay
4 days ago | [YT] | 10
View 0 replies
ဒို့ပြည်-Doh Pyay
ဝက်ထီးကန် ရဲကျောင်းမှာ ထွက်ပြေးသူတွေကို ရဲတပ်သား ၃၀၀ ကျော်က (၁) ယောက် (၅) ချက်နှုန်းနဲ့ အပြင်းအထန်ရိုက်နှက် အပြစ်ပေးခိုင်း
အောက်တိုဘာ ၁၂၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန် အမှတ်(၂) ရဲသင်တန်းကျောင်း မှာ ထွက်ပြေးသူတွေကို အချက်ပေါင်းထောင်နဲ့ချီအောင် အပြင်းအထန်ရိုက်နှက် ညှင်းပမ်းတယ်လို့ အဲဒီသင်တန်းကျောင်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့သူ ရဲတပ်သားက ပြောပါတယ်။
အခုလိုရိုက်နှက်မှုတွေကို ကိုယ်တိုင်တွေ့ကြုံလာခဲ့ရတဲ့ ရဲတပ်သား ကိုဖြိုးသီဟဇော်က ဒို့ပြည် ကို ပြောဆိုခဲ့တာဖြစ်ပြီး သူကတော့ စက်တင်ဘာ ၁၂ ရက်နေ့က ဝက်ထီးကန်ရဲသင်တန်းကျောင်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
"ရိုက်တာကတော့တော်တော်ရိုက်တာ၊ ကျနော်တို့ ထဲက ကောင်လေးနှစ်ယောက်က ထွက်ပြေးတာမှာ ပြန်မိတယ်။ မိတော့ စံပြဆိုပြီးရိုက်တာ သူတို့လည်း ရိုက်တယ်။ တယောက်ကို ဆယ်လေ့းကိုးချက်ရိုက်တယ်။ အပတ်စဉ်တူရဲတပ်သား ၃၀၃ ဦးရှိတာကို ၃၀၁ ယောက်က လူစေ့ တယောက်ကို ၅ ချက်ရိုက်တယ် မရိုက်တော့လည်း ကျနော်တို့ကို သူတို့ကပြန်ရိုက်တယ် နွားကြိမ်လုံးနဲ့ ဘယ်ခြေထောက်က ပြေးတာလဲဆိုပြီး အဲခြေထောက်တွေကို ရိုက်ခိုင်းတာ ရိုက်ဖို့ငြင်းဆန်ရင် သူတို့က ကျနော်တို့ကိုရိုက်သေးတယ်" လို့ ကိုဖြိုးသီဟဇော် က ပြောပါတယ်။
ဝက်ထီးကန်ရဲကျောင်းမှာ မြို့လယ်ကောင် အထက်တန်းကျောင်းရှေ့က သင်တန်းကျောင်း(မြို့ကျောင်း) နဲ့ ဆေးဖြတ်စခန်းလို့ခေါ်တဲ့ နေရာက တောကျောင်း ဆိုပြီး (၂) ကျောင်းရှိကာ မြို့ကျောင်း ခွဲ ၅ ခွဲမှာ သင်တန်းသား ၃ ထောင်ကျော်နဲ့ တောကျောင်းမှာ ၁၅၀၀ ကျော် ၂ ကျောင်းပေါင်း ရဲတပ်သား ၅ ထောင်နီးပါးရှိိနေတယ်လို့ သိရပါတယ်။
"ရှမ်းမြောက်၊ ရှေ့တွေက များတယ်။ တချို့လည်း စိတ်ပါတယ်။ တချို့လည်းအစွဲခံရတယ်။ အတော်များများကတော့ အဆွဲခံရတာတွေပဲ ရှမ်းတောင် လားရှိုး" လို့ ကိုဖြိုးသီဟဇော် က ပြောပါတယ်။
သင်တန်းသားအများစုမှာ ပေါ်တာဆွဲခံရတာနဲ့ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီး အပို့ခံရတာဖြစ်ပြီး မှတ်ပုံတင်နဲ့ အထောက်အထားလိုမျိုးတွေကို သိမ်းဆည်းထားပြီး မိသားစုတွေနဲ့ အဆက်သွယ်ဖြတ်ထားရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သင်တန်းဆင်းရဲတပ်သားတွေကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ ရခိုင်ရှေ့တန်းတွေကို ပို့ဆောင်နေပြီး မြို့တွင်း လုံခြုံရေးအတွက် အသုံးပြုမှုနည်းပါးတယ်လို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- dohpyay.com/
Telegram- t.me/dohpyay
Tiktok- www.tiktok.com/@dohpyay
#ပြည်မြို့နယ် #ရဲသင်တန်းကျောင်း #ဝက်ထီးကန် #ဧည့်စာရင်းစစ် #စစ်မှုထမ်း #ပေါ်တာဆွဲ #လူငယ် #ကလေးသူငယ်အခွင့်အရေး #လူထု #သတိပြုပါ #ပဲခူးတိုင်း
5 days ago | [YT] | 18
View 1 reply
ဒို့ပြည်-Doh Pyay
ပေါင်းတလည်ပြည်သူ့စစ်ခေါင်းဆောင် ဦးလှမြင့် ကို ဖမ်းဆီးစစ်ဆေးချိန် ထွက်ပြေးလို့ အသေပစ်ဖမ်းဆီး
အောက်တိုဘာ ၁၀၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ခွေးရဲအုပ်စု၊ ချင်ရုပ်ကုန်းရွာက ပြည်သူ့စစ်ခေါင်းဆောင်ဦးလှမြင့်ကို စစ်ဆေးစရာရှိတဲ့အတွက် ဖမ်းဆီးလာစဉ် ထွက်ပြေးသွားတဲ့အတွက် အသေပစ်ခတ် ဖမ်းဆီးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်ခရိုင်တပ်ရင်း(၂) က သတင်းထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်ကို ယနေ့အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဝန်တင်ဆိပ်ကျေးရွာအနီးမှာ ပြည်ခရိုင်တပ်ရင်း(၂) (၃၆၀၂) တပ်ရင်းနဲ့ ပြည်ခရိုင်တပ်ရင်း(၁) (၃၆၀၁) တပ်ရင်း ရဲဘော်တွေက ဖမ်းဆီးခဲ့ကြတာဖြစ်ကာ ထွက်ပြေးတဲ့အတွက် လိုက်လံဖမ်းဆီးချိန် ပစ်ခတ်ရာ နေရာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
"ရှင်းလင်းတာကတော့ ခေါ်ဆောင်လာချိန် ခုခံလို့ရှင်းလင်းတာပေါ့နော်။ အလောင်းကိုတော့ လူသားဖြစ်တဲ့အတွက် လူ့ဂုဏ်သိက္ခာနဲ့အညီ သင်္ဂြုဟ်ပေးပါတယ်" လို့ ပြည်ခရိုင်တပ်ရင်း(၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ဒို့ပြည်ကို ပြောပါတယ်။
ပစ်ခတ်မှုမှာ ဦးလှမြင့်ဆီက ခဲသီးထည့်ပစ်ခတ်ရတဲ့ CO2 Gas သုံး ပစ္စတို(၁) လက်၊ ဆိုင်ကယ်(၁) စီး နဲ့ လက်ကိုင်ဖုန်း (၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
"ကျတော်တို့ လှမြင့်ဆီကသိမ်းဆည်းရမိတဲ့ဖုန်းကနေတဆင့် ပေါင်းတလည်နယ်မြေနဲ့ ဝက်ထီးကန်နယ်မြေက ရပ်ကွက်ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စာရင်းတွေရရှိထားပါပြီ စစ်ကောင်စီရဲ့ဒေါက်တိုင်မှန်သမျှ စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကို ဝိုင်းဝန်းကူညီသူမှန်သမျှကို စုံစမ်းပြီးထိရောက်စွာအရေးယူသွားပါမယ်။" လို့ ရဲဘော် Red Star က ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး အနိုင်ကျင့်နေတဲ့ ပြည်သူ့သစ္စာဖောက် တွေရဲ့ နေရပ်နဲ့သွားလာလှုပ်ရှားမှုတွေကို သတင်းပေးရင်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကြပါလို့ သူက ဆက်ပြောပါတယ်။
ဦးလှမြင့်ဟာ ပေါင်းတလည်မှာ နာမည်ကြီး ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်ပြီး ဧည့်စာရင်းစစ် ပေါ်တာဆွဲတာ၊ ဒေသခံလူငယ်တွေရဲ့စာရင်းပြုစုပြီး ရဲစခန်းကိုပေးပို့တာတွေကို သူနဲ့သူ့အဖွဲ့က အဓိကလုပ်ဆောင်ကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ အခင်းဖြစ်ပွားသွားရာအနီး ဝန်တင်ဆိပ်ကျေးရွာက သားအဖ(၂) ဦးကို စစ်တပ်ကဖမ်းဆီးစစ်ဆေးနေသလို ကျေးရွာအတွင်း ကင်းလှည့်တာ ပိတ်ဆို့ရှာဖွေတာတွေကို ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
#ဒို့ပြည်
ဒီချန်နယ်တွေကလည်း သတင်းနဲ့ ရုပ်သံတွေကို ဖတ်ရှု့နိုင်ပါတယ်။
YouTube- youtube.com/@Doh-Pyaynews ( YouTube ကိုလည်း Subscribe လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် )
Website- dohpyay.com/
Telegram- t.me/dohpyay
Tiktok- www.tiktok.com/@dohpyay
#ပြည်မြို့နယ် #ပေါင်းတလည် #ခွေးရဲ #ပြည်သူ့စစ် #အုပ်ချုပ်ရေး #လူထု #သတိပြုပါ #ပဲခူးတိုင်း
1 week ago | [YT] | 30
View 0 replies
Load more