Hip-Hop/Rap artist from Myanmar (Burma) representing Westside.


Yan - ရန်

"မကြွေတဲ့ကြယ်" သီချင်းထွက်ပါပြီ ⭐

နှစ်လပြည့်ရက်လည်မှာ ထုတ်မလို့ ရည်ရွယ်ထားပေမယ့် ပြင်ဆင်နေရင်း အချိန်ကျော်သွားလို့ အခု ဒီဇင်ဘာလ ၁၈ ရက်မှာ ထုတ်ဖြစ်သွားတာပါ။ YouTube မှာတော့ ၂၃ ရက်နေ့ တင်ပါမယ်။ ခံစားချက်အချို့တစ်ဝက်ကို သီချင်းထဲ ထည့်ရေးပြီးဆိုထုတ်လိုက်ရတဲ့အတွက် ရင်ဖွင့်လိုက်သလို နည်းနည်းတော့ ပေါ့သွားပါတယ်။ စကားလုံးတစ်လုံးချင်းကို ဂရုတစိုက်နဲ့ နားထောင်ပေးကျလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မကြွေတဲ့ကြယ်ကို ကြယ်ကြီး ကြားနိုင်မယ်ထင်ပါတယ် 💫


Listen here: found.ee/Ma_Kway_Tae_Kyal

2 weeks ago | [YT] | 478

Yan - ရန်

"မကြွေတဲ့ကြယ်" သီချင်းကို ကျွန်တော့်ညီ​လေး Lil Cado ရဲ့သုံးလပြည့်ရက်လည် ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်သွားပါမယ်။ YouTube မှာတော့ ဒီဇင်ဘာ ၂၃ ရက်နေ့မှ Official Audio ဗီဒီယိုတက်လာမှာပါ။

ဒါကတော့ သီချင်းရဲ့ artwork ဖြစ်ပါတယ်။ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးပဲ artwork ကို ပြင်ဆင်ထားတာပါ။ မိုင်လိုကိုယ်တိုင် ရိုက်ယူထားတဲ့အလှဆုံးကောင်းကင်ပုံကို နောက်ခံထားထားပြီး လရဲ့အပေါ်အမြင့်မှာတောင် ကြယ်ကိုတင်ပေးထားတာဖြစ်ပါတယ်။ အောက်ဆုံးက "I miss you lil bro" ကိုတော့ ကျွန်တော့်လက်ရေးနဲ့ ကိုယ်တိုင်ရေးသားထားပြီး သူကြားနိုင်မယ်ဆိုရင် ကိုယ်တိုင်ပြောချင်တဲ့စကားမို့ ထည့်သွင်းထားတာပါ။ သီချင်းအတီးအချိန်နဲ့ sample ဖျက်တာကိုတော့ S Lynn​ က အကောင်းဆုံး အားဖြည့်ပေးထားပါတယ်။ အရာရာကို ပြန်လွမ်းဆွတ်ထင်ဟပ်ရအောင် ကိုယ့်သီချင်းကို sample ပြန်ဖျက်သုံးပြီး ထည့်တီးပလိုက်တဲ့အိုင်ဒီယာက သူ့ဆီကလာတာပါ။

ကြယ်တွေမှာ ကြွေတတ်တဲ့သဘာဝရှိပေမယ့်လည်း ဒီကြယ်တစ်ပွင့်ကတော့ ကျွန်တော်တို့ရဲ့နှလုံးသား၊ မှတ်ဉာဏ်နဲ့ အမှတ်တရတွေထဲမှာ ဘယ်တော့မှကြွေသွားမှာမဟုတ်ပါဘူး။ အဲအတွေးနဲ့ပဲ "မကြွေတဲ့ကြယ်" ဆိုတဲ့ နာမည်ကို ပေးဖြစ်တာပါ။ နောက်ပြီး Lil Cado (ဝင့်ထက်ကြယ်) ရဲ့နောက်ဆုံးနာမည်စာလုံးကိုလည်း မြင်မိသူတိုင်း၊ နားထောင်မိသူတိုင်း အမှတ်ရသွားအောင်လို့လည်း ရည်ရွယ်ပါတယ်။ မျှော်မဆုံးတဲ့ကောင်းကင်ထက်မှာ ဘယ်တော့မှမကြွေမယ့် ကြယ်တစ်ပွင့်ကတော့ ညတွေဘယ်လောက်နက်နက် အမြဲလင်းလက်နေမှာပါ။ ဒီကမ္ဘာကြီးမှာမရှိတော့တာ သုံးလတောင်ရှိပြီတဲ့လား big star ကြယ်ကြီးရာ ⭐

I miss you lil bro.

Wait for it here: found.ee/yanwestsid3

3 weeks ago | [YT] | 505

Yan - ရန်

"မကြွေတဲ့ကြယ်" သီချင်းအချောပြီးပါပြီ။

ဒီပုံတွေရှိမှန်းလည်း ကျွန်တော် သိတာမကြာသေးပါဘူး၊ ကျွန်တော့်တယ်လီဂရမ်ဂရုကို လွန်ခဲ့တဲ့တစ်ပါတ်က fan တစ်ယောက် ပို့ပေးတော့မှ သိခဲ့တာပါ။

အမြဲတစ်ပူးတတွဲရှိခဲ့ပေမယ့် ဓာတ်ပုံ၊ ဗီဒီယိုတွေက နှစ်ယောက်ကြား ရှားခဲ့ပါတယ်။ ဒါပေမယ့် ပတ်သက်မှုနဲ့ ဆက်ဆံရေးကတော့ အရမ်းခိုင်မာလွန်းပါတယ်။

"မကြွေတဲ့ကြယ်" ကို သီချင်းအချော streaming ပလက်ဖောင်းတွေမှာ အရင်တင်ပေးသွားပါမယ်။ ဗီဒီယိုနဲ့အတူထုတ်ဖို့ ရည်ရွယ်ထားတာမို့ YouTube မှာတော့ အချောသတ်အကုန်ပြီးစီးမှ ထုတ်သွားပါမယ်။

သတိရပါတယ် ညီ​လေး ကြယ်ကြီးရေ ⭐

2 months ago | [YT] | 590

Yan - ရန်

ကျွန်တော့်စိတ်ထဲ ခံစားလာရတာလေးတစ်ခု ပြောချင်တယ်။ စောက်ထာမကျတာလေးတွေပေါ့ဗျာ။ အဓိကကတော့ ကျွန်တော့်ညီလေး ကြယ်ကြီး aka Lil Cado ဆုံးသွားပြီးနောက် အတော်လေးသတိထားမိလာတဲ့ ကိစ္စပါ။ ပြောရင် ခင်ဗျားတို့ယုံမှာမဟုတ်ဘူး၊ ကျွန်တော် သူ့အကြောင်းကို နေ့တိုင်းတွေးတယ်၊ လွမ်းဆွတ်တယ်၊ နှမျောတမ်းတတယ်၊ အဲစိတ်ကအချိန်ကြာရင် ပျောက်သွားမှာပါဆိုပြီး ဖြေသိမ့်လည်း ပိုပြီးသာတိုးလာတယ်။

ကျွန်တော့်မှာ အသက် ၁၉၊ ၂၀ တည်းက သူငယ်ချင်းတွေတစ်ယောက်ပြီး တစ်ယောက်ဆုံးပါးတာ၊ ထောင်ကျတာ၊ ကျန်းမာရေးဆိုးရွားတာတွေနဲ့ ယိုင်နဲ့နဲ့အသိုက်အမြုံလေးကနေ အားလုံးတစ်စစီ သေကွဲရှင်ကွဲတွေဖြစ်ကုန်ဖူးကျတဲ့ စိတ်ဒဏ်ရာက အရင်ကတည်းကရှိတယ်။ အခုကျ ကိုယ့်ညီလေးတစ်ယောက်လို ယုံကြည်ပြီးလေးစားရတဲ့ အနုပ​ညာသမားလူငယ်တစ်ယောက်က လောကကြီးထဲက ထွက်သွားတဲ့အပေါ် စိတ်က ဘယ်လိုမှယူကျုံးမရဘူး၊ ဝမ်းနည်းတဲ့နောက်က ဒေါသပါအလိုလိုကပ်ပါလာတယ်။ ပိုဆိုးတာက ဘာလဲဆိုတော့ ကြယ်ကြီး ဆုံးသွားတာ တစ်လတောင်မပြည့်သေးပါဘူး၊ လူတွေက လောကကြီးမှာ သူမရှိခဲ့သလို၊ သူ့အနုပညာတွေမချန်ထားခဲ့သလို၊ လူထုအပေါ်မလွှမ်းခြုံခဲ့သလို၊ ဘာအမှတ်တရတစ်စိုးတစေ့မှ မရှိတော့သလို၊ လုံးဝကြီးမမွေးဖွားခဲ့သလိုလို မေ့မေ့ပျောက်ပျောက်တွေ အကုန်ဖြစ်ကုန်ကြတယ်။

လူ့အဖွဲ့အစည်းရဲ့ သဘောသဘာဝကို ကျွန်တော်အနက်ကျကျ နားလည်ပြီးသား။ ဘယ်သူတွေဘာဖြစ်ဖြစ်၊ မိုးတွေပြို၊ မြေတွေလှုပ်ပြီး မုန်တိုင်းတွေတိုက်ပစေ လူတွေက အဆင်ပြေသလိုအသက်ရှင် ရှေ့ဆက်ရွေ့သွားကျမှာ၊ ဒါကနိယာမ။ ကျွန်တော့်စိတ်ထဲ စောက်ရမ်းဒေါသထွက်တာက ရင်းနှီးတဲ့ပတ်ဝန်းကျင်ကလူတွေ၊ အပေါင်းအသင်းမိတ်ဆွေတွေ၊ သူငယ်ချင်းတွေထဲက ဘယ်တစ်ယောက်မှ "ငါကြယ်ကြီးကို လွမ်းလိုက်တာကွာ၊ ကျွန်တော်ကြယ်ကြီးကိုတော့ သတိရတယ်ဗျာ" ဆိုပြီး တစ်ခါမှတစ်ယောက်မှ လာစကားမဟဖူးဘူး။ အဲအကြောင်းနဲ့ပတ်သက်ရင် စာလည်းမပို့၊ ဖုန်းလည်းမဆက်၊ လူချင်းတွေ့ရင်တောင် မပြောကြဘူး။ ကျွန်တော့်ဘက်က သတိရကြောင်းစပြောမိမှ ဖာသိဖာသာ ပြန်ပြောပေးတာလောက်ပဲ ရှိတယ်။ အတည်တစ်ယောက်မှကို အဲလိုမလာတာပါ လုံးဝဥသုန်။ မင်းတို့မှာ ခံစားတတ်တဲ့နှလုံးသားတွေ မရှိကြဘူးလားကွာ၊ ကြယ်ကြီးကို ရှိနေသေးတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေကြတာလား။ နိုး ပြန်မရတော့​ဘူး၊ မရှိတော့ဘူးနော်။

အဲဒီအပေါ်မှာလည်း ကြယ်ကြီးအမြင်ကို ပိုပြီးကျွန်တော် တော်တော်လေးနားလည်သွားတယ်။ မင်းချစ်တဲ့ခင်တဲ့သူတွေက မင်းကိုတကယ်မချစ်ကျပါလားကွာ ဆိုတာပေါ့ (ဆွေမျိုးမိသားစုမပါ) ကျွန်တော်ဆို ကြွေသွားခဲ့တဲ့သူငယ်ချင်းတွေကို အခုထိလွမ်းတုန်း ဆယ်စုနှစ်တစ်စုရှိပြီ။ ကြယ်ကြီးကိုကျ သေသွားတာတောင် သူချစ်တဲ့သူတွေက ပေါ့ပေါ့ပါးပါးပဲ၊ လုပ်စရာရှိတာလေးတွေ အေးဆေးဆက်လုပ်၊ အရင်လိုပဲ၊ သူတို့ရဲ့မျက်လုံးမှာ၊ မျက်နှာမှာ၊ စကားလုံးတွေအပေါ်မှာ အတိုင်းသား ကျွန်တော် မြင်ရ ခံစားရတယ်။ အရမ်းကြီး စိတ်မထိခိုက်ပေးနိုင်ကြပါလားဆိုတာပေါ့။ တကယ်က တစ်သသဖြစ်နေရမှာလေ၊ လချီ နှစ်ချီ သက်ဆုံးတိုင်သည်ထိ။

ကျွန်တော် discussion နဲ့ debate လုပ်တဲ့ တယ်လီဂရန်ဂရုထဲမှာ ကြယ်ကြီးသီချင်းလေးတွေကို အခုမှစသိတဲ့လူတွေ၊ ဟိုအရင်ကတည်းက သိကျတဲ့လူတွေ၊ တွဲမြင်ကြတဲ့သူတွေက Lil Cado ကို သတိရကြောင်း၊ လွမ်းကြောင်း အပါတ်တိုင်းနီးပါး နှစ်ယောက် သုံးယောက်လောက် အနည်းဆုံးလာလာပြောတယ်။ ပီတိတော့ဖြစ်ရပေမယ့် အခုပုံစံက မျက်နှာသိလူရင်းတွေထက် Fan တွေကမှ ပိုစစ်မှန်သလိုဖြစ်နေတယ်။

ဒါကျွန်တော်တော်တော်လေး လေ့လာမိတာ၊ အထင်းကြီးမြင်ရတာ၊ ရင်ထဲကိုက အကြင်နာမဲ့လူတွေရဲ့ အေးစက်မှုတွေကို ကြယ်ကြီးလိုမျိုး အတိုင်းသားကြီးတိုက်ရိုက် ခံစားရတဲ့ တကယ့်အစစ်အမှန် feeling တွေပဲ။ အဲလိုတွေပြောလို့ "သူငါ့ကိုပြောနေတာများလား" လို့ ထင်ရင်တော့ "အေး မင်းကိုဒဲ့ပြောတာပဲ" ငါက။ ဘာလို့လဲဆိုတော့ တကယ်ကြေကွဲတဲ့စိတ်၊ ချစ်တဲ့စိတ်နဲ့ ပူဆွေးလောင်မြိုက်ရတဲ့ စိတ်ရှိတဲ့လူမျိုးက ဒီစာကိုဖတ်ပြီး ဘယ်တော့မှ ကိုယ့်ကိုယ်ကို အဲလိုမေးခွန်းပြန်ထုတ်မှာမဟုတ်လို့ပဲ။ ဖတ်ပြီးရင်တောင် ရင်ဘတ်ချင်းတူလို့ ငါနဲ့အတူ လူတုလူယောင်တွေကို အတိုင်းထက်အလွန် ဒေါသလိုက်ထွက်နေမိမှာ။

ဒီစာရေးတာ ဘယ်သူ့ကိုမှ မရည်ရွယ်သလို ဘယ်သူ့ကိုမှလည်း ချွင်းချက်မထားဘူး။ ငါ့ညီလေးမရှိတော့တဲ့နောက် လူတွေရဲ့နှလုံးသားမဲ့တဲ့ ပြုမူဆက်ဆံပုံတွေကို အရိုးရှင်းဆုံးလေး မြင်လို့ပြောတာပဲ။ မကျေနပ်ရင် အဲတာ ကိုယ့်ကိစ္စနဲ့ကိုပဲ၊ ငါလည်း မတတ်နိုင်ဘူး။ မင်းရင်မင်းပြန်လှစ်ကြည့်ဖို့ သင့်ပြီ။

2 months ago (edited) | [YT] | 602

Yan - ရန်

မနက်ဖြန် ည ၁၀:၁၅ အချိန်မှာ ကျွန်တော့် stream စပါမယ်။ ဒီလထဲမှာ stream တစ်ခုပဲရှိတာကြောင့် အခုလာမယ့် live ဟာ စက်တင်ဘာလရဲ့ နောက်ဆုံးဖြစ်သွားပါလိမ့်မယ်။

စိတ်ကတော့ မကြည်ပါဘူး၊ ဒါပေမယ့် အားလုံးနဲ့ ပြန်ဆုံတဲ့အခါ အထိုက်အလျောက်တော့ စိတ်ပေါ့သွားမှာပါ။ အားလုံးကြိုသိပြီး noti ဖွင့်ထားလို့ရအောင် ကျွန်တော့် viewer တွေကို အသိပေးတာ​ဖြစ်ပါတယ်၊ အခုပဲ schedule ဆွဲမှာပါ။ မနက်ဖြန်ညတော့ ကျွန်တော်တို့ ပြန်တွေ့ကြမယ်ဗျာ၊ အရင်လိုပဲ မေးကြ၊ မြန်းကြ၊ စကားပြောရယ်မောကြနဲ့ အချိန်အကြာကြီး တော်ကီပစ်ပြီးမှ အိပ်ကျတာပေါ့။

ဝေဖန်ချင်တဲ့သူ၊ ဆဲချင်တဲ့သူ၊ ဖောင်းထုချင်တဲ့သူ၊ လူသစ်​​ဖြစ်ဖြစ်၊ လူဟောင်းဖြစ်ဖြစ် အကုန်လုံး ဝင်သာလာခဲ့ကျဗျာ၊ ကြိုဆိုတယ်။ မေးသမျှမေးခွန်းတွေနဲ့ ဆွေးနွေးချင်သမျှ အကြောင်းအရာတိုင်းကို ကျွန်တော့်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြန်လည်ဖြေကြားဆွေးနွေး​ပေးသွားပါမယ်။

See yall tmrw. I love yall 🤍

Wait the stream here: youtube.com/live/xwzr-7OPT7c?si=gb4-SbDOPB0c3iXz

3 months ago (edited) | [YT] | 182

Yan - ရန်

ခင်ဗျားတို့ စဥ်းစားကြည့်ပါဦး၊ ကိုယ်ချစ်ခင်ရတဲ့၊ ရင်းနှီးတဲ့၊ အမြဲအမှတ်တရတွေအတူ လုပ်ခဲ့ကြတဲ့ လူတစ်ယောက်က ရုတ်တရတ်ကြီး ဒီလောကမှာမရှိတော့ဘူးဆိုတာ wtf feeling ကြီးလေဗျာ။ အခုချိန်ထိရှိနေသေးသလိုပဲ ခံစားရတယ်။ ငါတို့အမြဲလက်လက်ပြီးခေါ်တာ big star တို့၊ big red တို့ အခုထပ်ခေါ်ဖို့ မင်းကဘယ်မှာများလဲကွာ ကြယ်ကြီး big star ရာ။

ကျွန်တော် stream တွေမလုပ်ဖြစ်ပဲ ပျောက်နေတာ တောင်ငူရောက်နေလို့ပါ။ ဒီလထဲမှာတော့ စိတ်အဆင်ပြေရင် stream တစ်ခုထပ်ရှိပါဦးမယ်၊ မပြောတတ်သေးပါဘူးဗျာ။

You actually didnt have violent heart. All you got was curious, sensitive, soulful and very big heart (the biggest one) Thats why you feel everything. I still feel like I just lost my own lil brother, cos I think of you as one. You do know that.

3 months ago | [YT] | 1,128

Yan - ရန်

ပုံမတင်တာကြာလို့ဗျာ 😄 နောက်ဆို အားလုံးနဲ့ အဆက်အသွယ် အရမ်းမပြတ်အောင် လုပ်မိသမျှ activity ပို့စ်တွေ ရသလိုတင်ပေးသွားပါမယ်။

တကယ်က ကျွန်တော့်မှာ ပရိသတ်ဆိုတာမရှိပါဘူး။ အားပေးသူဆိုတာပဲ ရှိတာပါ။ ကျွန်တော့်သီချင်းနားထောင်ပေးသူတွေ၊ ညကြီးသန်ခေါင်ထိ လွှင့်တဲ့ stream တိုင်း ဝင်ကြည့်ပေးသူတွေ၊ ဗဟုသုတနဲ့ အကြောင်းကိစ္စအမျိုးမျိုး လာမေးကြတဲ့ လူငယ်တွေ၊ မြန်မာပြည်တစ်ဝှမ်းလုံးက ဌာနဆိုင်ရာတွေမှာ တာဝန်ရှိသူတွေ အဲလူတွေကိုလည်း ပရိသတ်လို့ သဘောမထားပါဘူး၊ အားပေးသူလို့ပဲ စိတ်ထဲမှာအမြဲမှတ်ယူပါတယ်။

ကျွန်တော်က အနုပညာရှင်မဟုတ်ပါဘူး၊ အနုပညာသမားပါ။ အဲအတွက်လည်း အားပေးသူပဲရှိတာပါ၊ ပရိသတ်ဆိုတာ မရှိပါဘူး။ အဲဒါကြောင့် Stream တွေတိုင်းမှာ အမြဲမေးကြတဲ့ ကျွန်တော့် official တယ်လီဂရမ်ချန်နယ်ကိုပါ အောက်မှာ ထည့်ရေးပေးလိုက်ပါမယ် ⬇⬇

t.me/yanwestsidee

အောက်ကတော့ discussion သီးသန့်နဲ့ အမေးအဖြေကဏ္ဍအတွက် group ပါ (ဘယ်သူမဆို debate လုပ်နိုင်ပြီး topic မရွေး လာရောက်ဆွေးနွေးနိုင်ပါတယ်)

t.me/yanwestsideegp

အဓိကက ကျွန်တော့်ကိုအားပေးသူတွေကို တစ်စုတစည်းတည်း community လေးတစ်ခုလို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်​ကြောင့်ပါ။ (link ဝင်မရရင် search box မှာ yanwestsidee လို့ရှာလိုက်ရင် ရပါလိမ့်မယ်) I'll see you theree 👋

3 months ago | [YT] | 60

Yan - ရန်

"Crushout" သီချင်းထွက်ပါပြီ 🌪

၃၀ ရက်နေ့တော့ YouTube မှာ Offical Audio ကို Visualization တင်ပေးသွားပါမယ်။ ၃၁ ကျရင် live stream ပါမယ်။

လောလောဆယ်တော့ အောက်က link မှာဝင်နားထောင်နိုင်ပါတယ်။

Listen here: found.ee/Crashout_Yan

4 months ago | [YT] | 74

Yan - ရန်

"Crashout" သီချင်းရဲ့ cover art အချောပါ 🌪

ရေးဆွဲသူဒီဇိုင်နာ နှစ်ယောက်ကတော့ ကိုဖိုးခွားနဲ့ Shinnya Hosea Sevyn တို့ ဖြစ်ပြီး cover font နဲ့ illustration တို့ကို အသီးသီးတာဝန်ယူထားကြပါတယ်။

ဒီနေ့ ကြာသာပတေးညမှာ live stream စောင့်နေကြသူတွေကို ဆောရီးပါ။ မတတ်ဖြစ်ခဲ့တာ တကယ်တောင်းပန်ပါတယ်။ မနက်ဖြန် သောကြာနေ့ ည ၉ ခွဲလောက်မှာ ဆုံကြမယ်ဗျာ wait for my live schedule (သီချင်းလည်း အဆင်သင့်ဖြစ်နေပါပြီ) 🥶

ဒီလထဲမှာပဲ Crashout သီချင်းထွက်ပါမယ်။

ကဲ အားလုံးပဲ Your boy Yan is signing out. See yall at tmrw live stream 👋

4 months ago | [YT] | 65

Yan - ရန်

"Crushout" cover art စုစုပေါင်း ၆၀ ရာခိုင်နှုန်းပြီးစီး။ ဒါကတော့ ရေးဆွဲသူဒီဇိုင်နာတစ်ယောက်ရဲ့ လုပ်ကိုင်ဆဲ Work In Progress ပဲ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့အတူ တင်ပေးချင်တာမို့ သီချင်းအစောမထွက်နိုင်သေးတာပါ။

ဒါနဲ့ မနက်ဖြန် ညနေ ၄ နာရီဝန်းကျင်မှာ Crashout သီချင်းရဲ့ တီးခတ်မှုတွေကို တစ်ပိုင်းတစ်စပြသဖို့ YouTube မှာ live လွှင့်ပါမယ် 📱

ဖုန်းစောက်စုတ်နဲ့ YouTube မှာ live လွှင့်နေတာ ဝင်ကြည့်ပေးသူတိုင်းကိုလည်း တကယ် appreciate ဖြစ်ပါတယ်။ I love everyone who tune the fuck in. Every single support means a great deal to me. Expect the dope musics!

See yall tmrw 🐘

5 months ago | [YT] | 39