Arakha Thar Lay (အာရက္ခသားလေး)

တော်လှန်သတင်းများနှင့် ဘောမတသိုက်။


Arakha Thar Lay (အာရက္ခသားလေး)

မင်းအောင်လှိုင် ရုရှားအသွားအပြန်မှာ
လေယာဥ်ပျက်ကျ သေနိုင်သလား...?

6 months ago | [YT] | 0

Arakha Thar Lay (အာရက္ခသားလေး)

တော်လှန်ရေး အင်အားစုတွေက ပါရာမော်တာ (စက်တပ်လေထီး) အသုံးပြုလာ နိုင်သလား....?

6 months ago (edited) | [YT] | 1

Arakha Thar Lay (အာရက္ခသားလေး)

အကယ်ဒမီဆု နှင့် ဘောမအနုပညာသည်များ



၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲ ပြီးဆုံးတဲ့ နောက်မှာတော့ ဘော မတဲ့အနုပညာသည်များက ရှိသွားတာများပါတယ်
မင်းအောင်အလိုကျ လုပ်ပေးနေတဲ့ ပြည်သူဖက်မျက်နှာမမူဘဲ စစ်အာဏာရှင် အလိုကျ လုပ်ဆောင်နေတဲ့ ဘောမ အနုပညာရှင်တွေ တော့ ဒီနှစ် ကုန်ရင် တော်လှန်ရေး အပြောင်းလဲ က မျှော်လင့်မထားတဲ့ အရာတွေနဲ့ ပြည့်နက်လာပြီးအခုချိန်မှာ အဖြူအမဲ မျက်နှာ ဖုံးတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ကွာကျလာနေတယ်



အာဏာသိမ်း မင်းအောင်လှိုင်က နေ့စဉ်ရက်ဆက် အပြစ်မဲ့ ပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်နေတာတွေက အများပြည်သူက မမြင်ချင်အဆုံး တွေ့မြင်နေတယ်...


အဲဒါတွေကို လျစ်လျူရှုပြီး ပြည်သူတွေရဲ့ နှလုံးသားကို စုံကန်ပြီး ဘောမခဲ့ အနုပညာသည် တွေရဲ့လုပ်ရပ်တွေက သိပ်မကြာခင် ပြည်သူတွေရဲ့ ကျိန်စာကို မအလ နဲ့ အထပ်တည်းခံစားလာရမည် ဆိုတာကို မြေကြီး လက်ခတ်မလွဲ အောင်သေချာနေပါပြီ...



စစ်အာဏာရှင်ကို ၁၉၆၂ ခုနှစ်က နေ အခုချိန်ထိ တွန်းလှန်နေရတုန်းဘဲ....ငါတို့ အဖိုးလက်ထက် လောက်ကတည်းက တွန်းလာခဲ့တာ ၂၀၁၀ ခုနှစ်မှာ ဒီမိုကရေစီ အတုယောင်ကို ပုံပြီး တိုင်းပြည်ပေါ်ကို ဂုတ်သွေးစုပ် အမြတ်ထုတ်လာခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေက
တိုင်းပြည်ကို ခေတ် အဆက်ဆက် အုပ်ချုပ်နိုင်အောင် ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံ ဥပဒေကို အကြောင်းပြပြီး ဘောင်းဘီဝတ်တဲ့ အကောင်တွေက ပုဆိုးလှဲ ပြီး သမ္မတ ကတက်လုပ်လိုက်သေးတယ်....လူယှတ်မာကြီး သန်းရွှေက အပြစ်မရှိတဲ့ သူတော်ကောင်းတွေလို ထွက်သွားခဲ့တယ်.... စစ်အာဏာရှင် ခေတ်အဆက်ဆက် မှာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘက်စုံ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စာပေ၊ ရုပ်ရှင်၊ ဂီတ အစရှိတဲ့ ဟာမှန်သမျှက ဘက်စုံထိုးကျလာခဲ့ တာဟာအခုချိန်ထိဘဲ...



မြန်မာရုပ်ရှင်တွေက ကမ္ဘာကို မကျော်လွှားနိုင်ရခြင်းက စစ်အာဏာရဲ့ ထိန်းချုပ်မှုကြောင့် ဆင်ဆာစနစ် တွေကို ဖွဲ့စည်းတယ် အမှန်ကို အမှန် ရိုက်လို့ မရဘူး...အဲကြောင့် လူပိန်း အကြိုက် ပေါကားတွေက အရှိန်ထိုး ထွက်လာခဲ့တာ ဟာဒုနဲ့ဒေး...



ပြောစရာတွေက ကုန်မှာ မဟုတ်ဘူး...

6 months ago | [YT] | 1

Arakha Thar Lay (အာရက္ခသားလေး)

မင်းအောင်လှိုင် နှင့် တရုတ်ဆက်ဆံရေး....
အားဏာသိမ်း (၄) နှစ်ပြည့် (၈) ကြိမ်မြောက်သက်တမ်းတိုး....

တရုတ်နှင့် မင်းအောင်လှိုင်ဆက် ဆံရေးက ခိုင်မြဲနေတဲ့ အနေအထားဟာ အခုထိ ကောင်းကောင်းရှိနေသေးတယ်...
နိုင်ငံရေးသမား နှင့် တော်လှန်ရေး အင်အားစုတွေက တရုတ်နဲ့ မင်းအောင်လှိုင် ဆက်ဆံ နေမှု တရုတ်က စစ်လက်နက် များထောက်ပံ့ နေမှုကို စစ်တပ် ကျရှုံး သွားလို့မဖြစ်ဘူး....စစ်တပ်မရှိရင် နိုင်ငံက တစ်စစီ ပြိုကွဲသွား မယ် ဆိုပြီး အစစ အရာရာ ထောက်ပံ့ နေတယ်လို့ ပြောကြတယ်...

မင်းအောင်လှိုင် ကစစ်ရှုံး နေပြီ တရုတ် အနေ နဲ့အမြင်မှန်ရသင့်ပြီ ဘက်ပြောင်းသင့်ပြီလို့ အဲလို တွေးကြတယ်...

တရုတ်က မင်းအောင်လှိုင် အရှုံးကြီး ရှုံးနေတာကို သိတယ်...လုံးဝကြီးကို သိတယ်...သိသိကြီးနဲ့ကို မင်းအောင်လှိုင်ကို စစ်တပ် မကျရှုံးအောင် တမင်ထောက်ပံ့ နေတာ....

ဘာကြောင့် လဲ....? ဘာကြောင့်လဲ....?

တရုတ်နိုင်ငံက မြန်မာနိုင်ငံ စစ်အာဏာရှင် စနစ်ပျောက်ကွယ်သွားပြီတော့ မြန်မာနိုင်ငံရဲ့ အေးချမ်းသာယာတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိသွားမှာကို အသေ ကြောက်ကြတယ်...
အကြောင်းရင်းက တော့ စစ်အာဏာရှင် စနစ်မှာ တရုတ်(တယှတ်) ပေါက်ဖော်ကြီး (ပေါက်ပြီး ရှိသမျှကို အကုန်ဖော်ယူတဲ့ လူမျိုး) အဲလို တရုတ်တွေက စစ်အာဏာရှင် စနစ်မှာ လိုသမျှကို သူတို့ သဘော အတိုင်း ကြိုက်သလိုတူးယူ ဖော်ယူနိုင်တယ်....

တကယ်လို့ ဒီမိုကရေစီ စနစ်သာ မြန်မာ ပြည်မှာ ထွန်းကားသွားရင် အများပြည်သူတင်မြှောက်တဲ့ ပြည် သူ့ထောက်ခံတဲ့ သမ္မတကို အာဏာပိုင်တဲ့ ပြည်သူတွေက အချိန်မရွေး ဆန့်ကျင့် နိုင်၍ တရုတ်ရဲ့ အကြံ ဆိုးတွေလည်း ထင်သလောက်အောင် မြင်နိုင်မှု မရနိုင်မည်ကို အရမ်းဆိုးရိမ်နေ၏...
(ဥပမာ... မြန်မာနိုင်ငံက ထွက်တဲ့ ကုန်ကြမ်း ကျောက်၊ သံ၊ ပတ္တမြား၊ ရေနံ အစရှိ တဲ့ ကုန်စည်များကို
မင်းအောင်လှိုင်လို စစ်အာဏာရှင် လက်ထက်မှာ တရုတ်ကို ကုန်ကြမ်းချည်း မတင်သွင်းတော့ ဘဲ
ကုန်ချော ထုတ်နိုင်အောင် ပြည်သူတင်မြောက်ထားတဲ့ ဒီမိုကရေစီ အစိုးရကို အများပြည်သူက တောင်းဆိုလာ ခဲ့သော် အစိုးရအနေဖြင့် ပြည်သူတောင်းဆို ချက်ကို မလုပ်ပေးနိုင်လျှင် အချိန်မရွေး ပြုတ်ကျ နိုင်၍...ပြည်သူ ၏လိုအပ်ချက် ကိုဆောင်ရွက်ပေးရမည်ဖြစ်ပေသည်။

သို့ရာတွင် မြန်မာပြည်က ကုန်ကြမ်းတွေ မရတော့ တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အနည်းနဲ့ အများ ထိခိုက် နိုင်သလို မြန်မာပြည်က အရင်လို ကုန်ကြမ်းတွေမရဘဲ ကုန်ချောတွေသာ တင်သွင်း ရမည်ဖြစ်သောကြောင့် တရုတ်ဟာ ဝင်ငွေထက် ထွက်ငွေက ပိုများလာနိုင်သလို မြန်မာနိုင်ငံ၏ စီးပွားရေး ပြည်ပ ဝင်ငွေ (GNP) တိုးတက်လာနိုင်၍....ပြည်တွင်း ကုန်ချောထုတ်လုပ်နိုင်ရန် စက်ရုံများတိုးလာပြီး...ပြည်တွင်းပြည်ပတွင် မြန်မာ လုပ်သားများလည်း အလုံးအရင်းရှိနေသလို.....
သီးခြားလွတ်လပ်သော ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်လာခဲ့ ရင် မြန်မာနိုင်ငံ ဟာ (၁၀) စုနှစ်တစ်ခု အတွင်း စီးပွားရေးပြန်လည်ဦးမော့လာနိုင်ပြီး နိုင်ငံတကာနဲ့ ယှဉ်ပြိုင်လာနိုင်ပေမည်။

မင်းအောင်လှိုင်ကို တရုတ်ထောက်ပံ့နေတဲ့ အကြောင်းရင်း ကမြန်မာနိုင်ငံ ဒီမိုကရေစီရ ရှိသွားမှာကို လုံးဝ လိုအပ်ချက်မရှိသည်ကို ခေတ် အဆက်ဆက် ကခိုးလာခဲ့ သော သူခိုးကြီးအာဏာရှင်များနှင့် တရုတ်တို့ ၏ကြံစဉ် ယှတ်မာမှုများကို အနည်းနဲ့ အများ တွေးတောနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်....

NUG အနေဖြင့်လည်း တရုတ်ယုံကြည်လာ အောင် သက်သေသာဓက ပြနေစရာမလို ဘဲ အဓိက စစ်အနိုင် တိုက်ခြင်းကို သာ ဦးစားပေးဆောင်ရွက်သင့်၏...
စစ် အနိင်ရရင် သူ့ဘာသာ ဦးညွှတ် လာပါလိမ့်မယ် အခုလောလောဆယ် စစ်အနိုင်တိုက်ခြင်းကို အာရုံစိုက်ပြီး တကယ်လို့ တရုတ်လုံခြုံရေး တပ်တွေ မြန်မာမြေထဲ ဝင်လာခဲ့မယ်ဆိုရင်တောင်
ဆီးရီးယားလို အကုန်အပြတ်တိုက်မှ တော်လှန်ရေးအခန်း ကဏ္ဍ ပြီးဆုံးလိမ့်မယ်...

တော်လှန်ရေးပြီးဆုံးသွားခဲ့ရင် တောင် မှ တော်လှန်ရေးကို အနှောက်အယှက်ပေးခဲ့သော နိုင်ငံများ (ဥပမာ...တရုတ်) ကို ခပ်ခွာခွာ ပေါင်းသင်း သင့်၏...
တရုတ်နဲ့ ပေါင်းသင်းလို့ တိုင်းပြည် တိုးတက်စရာထက် ဆုတ်ယှတ်စရာက ပိုများ၏...
သာရာပေါင်းတဲ့ တရုတ်က...မသာရင် ဘယ်တော့မှ မပေါင်းဘူး....


လေးစားလျက် (အာရက္ခသားလေး)

7 months ago (edited) | [YT] | 3

Arakha Thar Lay (အာရက္ခသားလေး)

အာဏာသိမ်း (၄) နှစ်ပြည့်...

(၁.၂.၂၀၂၁)...(၁.၂.၂၀၂၅)....
စစ်ကောင်စီရဲ့ ယှတ်မာမှုကို လည်း အထူးခံခဲ့ရပြီး ပါပြီ...

အခုချိန်မှာဆိုရင် စခန်းသိမ်း၊ မြို့သိမ်း၊ တိုင်းစစ်ဌာနချုပ်ထိ တက်သိမ်းလာခဲ့ပြီ...
အရင်တစ်ချိန်က သေရဲတဲ့ကောင် ထွက်ခဲ့ဆိုတဲ့ စကားကို ပြောင်းပြန်ပြောနိုင်ခဲ့ပြီ...

မသေချင်ရင် လက်နက်ချ အလံဖြူထောင်
သေနတ်မဖောက်ခင် အလင်းဝင် အသက်ကို အာမခံပေးမယ် ဆိုပြီး မင်းအောင်လှိုင်ကိုယ့်စား နှစ်သိမ့်ပေးနေရပြီလေ...

စစ်အာဏာရှင် ရဲ့အနိုင်ကျင့် စော်ကားမှုကို ငါတို့ မျိုးဆက်က နောက်ဆုံးဘဲ ဆိုတာကို
ကမ္ဘာကြီးကို သက်သေပြဖို့ တစ်ရက် ထက်တစ်ရက် နီးလာလေပြီ...

7 months ago (edited) | [YT] | 10

Arakha Thar Lay (အာရက္ခသားလေး)

မနေ့က ဇန်နဝါရီ လ (၂၉) ရက်နေ့ ဦးကိုနီ လုပ်ကြံ ခံရသောနေ့ (၈) နှစ်တောင် ရှိခဲ့ပါပြီ...
မြန်မာ နိုင်ငံအတွက် အလွန်တန်းဖိုးကြီးတဲ့ လူတစ်ဦးကို ဆုံးရှုံးလိုက်ရတာက တကယ့်ကို အကြီးမားဆုံး ဆုံးရှုံးခြင်းဘဲ...

ဦးကိုနီလုပ်ကြံ တဲ့လက်ချက်က မင်းအောင်လှိုင်စစ်တပ်က လက်ချက်ဘဲ ပညာတက်တွေကို အသေကြောက်ကြတာတော့ မင်းအောင်လှိုင်လို ဖက်ဆစ်တပ် ထုံးစံဆို တာ မလွဲဧကန်ပါ....

7 months ago | [YT] | 8

Arakha Thar Lay (အာရက္ခသားလေး)

ပဲခူး၊ မကွေး၊ ဧရာဝတီ....AA စစ်ချီလာပြီ....

7 months ago | [YT] | 9

Arakha Thar Lay (အာရက္ခသားလေး)

မအလ ကတော့ ထပ်ပြီး ညစ်ပတ်နေပြန်ပြီ

7 months ago | [YT] | 1

Arakha Thar Lay (အာရက္ခသားလေး)

အမ်းကတော့ အပြတ်အသတ်ကို အမ်းလိုက်ပြီးပြီ၊ ဒီတစ်ကြိမ်တော့ ဂွ ကျဖို့ပဲ ကျန်တော့တယ် ဘဘရယ် 🤣🤣🤣

8 months ago | [YT] | 2

Arakha Thar Lay (အာရက္ခသားလေး)

လူကြီးမင်းတို့ ဘယ် Army ကို ထောက်ခံအားပေးကြပါသလဲ???

8 months ago | [YT] | 2