C7

"မေ့လျော့ခံ မေတ္တာ" Official Poster

အမေဆိုတာ အချစ်ဆုံးပုဂ္ဂိုလ်လို့အမြဲပြောနေခဲ့ကြပေမယ့်… ငါတို့အမှန်တကယ် ဂရုစိုက်ဖြစ်ကြရဲ့လား…

ပျောက်ကွယ်သွားမှ တန်ဖိုးကို သိခဲ့ရတဲ့ နောင်တမျက်ရည်တွေနဲ့အတူ... မိသားစုဆိုတဲ့အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေမယ့်ဇာတ်လမ်း…

အမျိုးအစား - Family Drama (Miniseries)
ဒါရိုက်တာ - ယမထာချို
ဇာတ်လမ်း / ဇာတ်ညွှန်း - ဆုလဲ့ယဉ်
သရုပ်ဆောင်များ - ဘုန်းမြတ်မင်းသန့်၊ အေဒီဦး၊ သက်ဦးမောင်မောင်၊ အောင်ဟိန်းခန့်၊ အဲဗရာမိုးဦး၊ ရတီနန္ဒာ နှင့် ဝါရင့်အနုပညာရှင်တို့ကပါဝင်အားဖြည့်ထားပါတယ်။

"မေ့လျော့ခံ မေတ္တာ" miniseries ကို စက်တင်ဘာ ၂၅ ရက်နေ့မှစပြီး အပတ်စဉ်သောကြာ၊စနေ ည(၇)နာရီတိုင်း Cloud Seven Youtube Channel မှာ ပြသသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ကြနဲ့နော်

#cloudseven #productionsandentertainment #c7 #miniseries #မေ့လျော့ခံမေတ္တာ

5 days ago | [YT] | 280

C7

❝ ရင်ခုန်သံခြေရာ ❞ Official Poster

"အတိတ်က အထင်လွဲမှုတွေနဲ့ ပြန်စမယ့်... ရုံးခန်းထဲက အချစ်ဇာတ်လမ်း" 💼❤️
အတိတ်မှာ လမ်းခွဲခဲ့ကြဖူးပေမဲ့... အပြိုင်အဆိုင် ပြင်းထန်တဲ့ လုပ်ငန်းခွင်အောက်မှာ အထက်လူကြီးနဲ့ လက်အောက်ငယ်သားအဖြစ် မမျှော်လင့်ဘဲ ပြန်တွေ့ကြတဲ့အခါ...
သူတို့နှစ်ယောက်ရဲ့ ရင်ထဲက အမှန်တကယ် တန်ဖိုးရှိတဲ့ အချစ်စစ်ကို ပြန်လည်ရှာဖွေတွေ့ရှိသွားနိုင်ပါ့မလား...?

အမျိုးအစား - Drama, Romance (Mini Series)

ဒါရိုက်တာ - သက်ညီညီ

ဇာတ်လမ်း / ဇာတ်ညွှန်း - Leon Ye

သရုပ်ဆောင်များ - ခန့်အုပ်စိုး၊ ယု၊ နန်းဦးလှိုင်၊ ရတီနန္ဒာ၊ အဲဗရာမိုးဦး နှင့် အနုပညာရှင်များစွာ

ရုံးတွင်း အလွဲပေါင်းစုံနဲ့အတူ ရင်ခုန်စရာ ချစ်ဇာတ်လမ်းလေးကို ဆွဲဆောင်မှုအပြည့်နဲ့ ရိုက်ကူးတင်ဆက်ထားသည့် ❝ ရင်ခုန်သံခြေရာ ❞ ရုပ်သံဇာတ်လမ်းတွဲကို Cloud Seven YouTube Channel မှာ မကြာမီ ပြသသွားတော့မှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးဖို့ မမေ့နဲ့နော်...

4 weeks ago | [YT] | 229

C7

မတော်တဆတွေ့ရှိခဲ့တဲ့ ကျောင်းသားကဒ်လေးကို ကောက်တွေ့မိရာမှဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်….

စိတ်ကူးယဉ်ဆန်ပြီး ကံကြမ္မာကို ယုံကြည်တဲ့ ကောင်မလေးနဲ့…

အေးဆေးတည်ငြိမ်ပြီး ခပ်တည်တည်နေတတ်တဲ့ ကောင်လေး…

သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက ပုံပြင်တစ်ပုဒ်အနေနဲ့ပဲအဆုံးသတ်သွားမလား ..လက်တွေ့မှာရောခံစားချက်တွေက ထပ်တူကျနိုင်ပါ့မလား…

"မတော်တဆ…တမင်သက်သက်" series 🎬
📝 ဇာတ်လမ်း/ဇာတ်ညွှန်း - Leon Ye
🎬 ဒါရိုက်တာ - ယမထာချို
🌟 သရုပ်ဆောင်များ - ဘုန်းမြတ်မင်းသန့်၊ရွှေသော်၊ဆုပြည့်မေ၊လီမွန်၊ရတီနန္ဒာနှင့် အခြားအနုပညာရှင်များစွာ...


Cloud Seven Productions & Entertainment မှ စီစဉ်ရိုက်ကူးထားသည့် "မတော်ဆ…တမင်
သက်သက်" ဇာတ်လမ်းတွဲကို 𝐂𝐥𝐨𝐮𝐝 𝐒𝐞𝐯𝐞𝐧 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 & 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 YouTube Channel မှာမကြာမှီစတင်ပြသပေးသွားတော့မှာမလို့ စောင့်မျှော်အားပေးကြပါဦးနော်..

#cloudseven
#productionsandentertainment
#C7
#မတော်တဆတမင်သက်သက်
#miniseries
#newseries
#မြန်မာဇာတ်လမ်းတွဲ
#ဆုပြည့်မေ #ဘုန်းမြတ်မင်းသန့် #လီမွန် #ရွှေသော် #ရတီနန္ဒာ

1 month ago | [YT] | 254

C7

ချစ်ခြင်း၊ မုန်းခြင်း၊ နာကျင်ခြင်းတွေနဲ့ ဘဝကို ဖြတ်သန်းရင်း အမှန်တရားကို ရှာဖွေနေတဲ့ လူငယ်တစ်ယောက်...
ငွေကြေးအခက်အခဲတစ်ခုကို ဖြေရှင်းဖို့ ကြိုးစားရင်း မထင်မှတ်ထားတဲ့ ဘဝအလှည့်အပြောင်းတွေကြား ရောက်ရှိသွားတဲ့ သူမ...

လှိုင်းတံပိုးထန်တဲ့ လောကဓံကြားက သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေက ထပ်တူကျသွားနိုင်ပါ့မလား...

"𝐓𝐡𝐞 𝐓𝐞𝐧 𝐌𝐨𝐧𝐭𝐡𝐬" mini series 🎬
📝 ဇာတ်လမ်း/ဇာတ်ညွှန်း - Leon Ye
🎬 ဒါရိုက်တာ - သက်ညီညီ
🌟 သရုပ်ဆောင်များ - ဖြိုးဟန်ကျော်၊ မေရတီခန့်၊ Lemon၊ သန့်ဇင်၊ Evra၊ ယမထာချို နှင့် ကလေးသရုပ်ဆောင် လာဘ်သုခ။


Cloud Seven Productions & Entertainment မှ စီစဉ်ရိုက်ကူးထားသည့် "𝐓𝐡𝐞 𝐓𝐞𝐧 𝐌𝐨𝐧𝐭𝐡𝐬" mini series ကို 𝐂𝐥𝐨𝐮𝐝 𝐒𝐞𝐯𝐞𝐧 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 & 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐦𝐞𝐧𝐭 YouTube Channel မှာမကြာမှီစတင်ပြသပေးသွားတော့မှာမို့ စောင့်မျှော်အားပေးကြပါဦးနော်..

2 months ago | [YT] | 1,528