Hello,
You can call me PK.
I was born in MYANMAR ( Burma ).
Currently I live in USA.
I trying to share my knowledge and create new content.
If you want to do marketing of your product contact me anytime.
My E-mail is " phyotintaungkyaw@gmail.com "


PK Burmese

She said YES! 💍❤️

1 year ago | [YT] | 8

PK Burmese

✅အမေရိကန် Visa (5) ခု

1. DV - လက်ရှိအချိန် 2 Oct - 5 Novအထိ ဖောင်တင်လို့ရနေပါသေးတယ် ... အကယ်၍ မိတ်ဆွေက Diversity Visa Lottery ပေါက်ခဲ့ပါက အမေရိကန်မှာ တရားဝင်နေထိုင်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်

2. F-1 ( Student Visa) - အမေရိကားကို ကျောင်းတက်တဲ့ Visa နဲ့လဲ တရားဝင် လာရောက် ပြီးကျောင်းတက်နေထိုင်ခွင့်ရရှိနိုင်ပါတယ်

3. B-1/B-2 (Tourist/Business Visa) - ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ အလည်ပတ်နဲ့ ဖြစ်စေ အလုပ်ကိစ္စကြောင့်ဖြစ်စေ လာရောက်လို့ရတဲ့ Visa အမျိုးစားတစ်ခုဖြစ်ပါတယ် ... အများဆုံး၆လ အထိ နေထိုင်ခွင့်ရှိတဲ့ Visa အမျိုးအစားပါ

4. H-1B ( Skilled Worker Visa) - တရားဝင် အလုပ်နဲ့ လာရောက်လုပ်ကိုင်လို့ရတဲ့ Visa ပါ ... ဒါပေမယ့် မလွယ်ကူပါဘူး ... (3) နှစ်ကနေ အများဆုံး (6) နှစ်အထိ နေထိုင်လို့ရတဲ့ Visa အမျိုးအစားဖြစ်ပါတယ် ... Professional skilled worker တွေကိုဘဲ ခေါ်တာဖြစ်ပါတယ် ... Company အကြီးတွေက
အလုပ်သမားတွေကို Sponsor ပေးပြီး ခေါ်တဲ့သဘောမျိုးပါ

5. K-1 (Fiance' Visa) - သမီးရည်းစားချစ်သူတွေကို တရားဝင် ခေါ်လို့ရတဲ့ Visa တစ်ခုပါ ... နိုင်ငံထဲရောက်ပြီး ရက်ပေါင်း ၉၀ အတွင်းမှာ လက်ထပ်ရမှာဖြစ်ပါတယ် ... ခေါ်တဲ့သူကတော့ အမေရိကန် နိုင်ငံသူ/သား ဖြစ်ဖို့နဲ့ အခွန်ပုံမှန်ဆောင်ထားတဲ့သူဖြစ်ရပါမယ် ...

✅နံပါတ် (၂) နဲ့ (၃) ကတော့ အများဆုံး
အမေရိကထဲကို လာရောက်ကြတာပါ ....

အားလုံးဘဲ ကံကောင်းကြပါစေ 🤗

ပုံ - Chicago downtown တစ်နေရာ 😛

1 year ago | [YT] | 11

PK Burmese

✅DV တင်ကြစို့

လိုအပ်သည်များမှာ
1. အမည်
2. male or Female
3. မွေးနေ့
4. မွေးဖွားရာမြို့
5. မွေးဖွားရာနိုင်ငံ
6. DV ကံစမ်းခွင့်ရှိတဲ့နိုင်ငံသားဖြစ်ရမည် (မြန်မာနိုင်ငံသားတိုင်းရပါတယ်)
7. ဓါတ်ပုံ
8. Mailing လိပ်စာ
9. လက်ရှိနေတဲ့နိုင်ငံ
10. ဖုန်းနံပါတ် (လက်ရှိကိုင်ထားတဲ့နံပါတ်)
11. ကိုယ်သုံးနေတဲ့ Email
12. ပညာအရည်အချင်း
13. အိမ်ထောင်ရှိ/မရှိ
14. ကလေးရှိ / မရှိ

1 year ago | [YT] | 14

PK Burmese

✅ DV PHOTO

🚨DV Form တင်တော့မယ်ဆိုရင်
ဓါတ်ပုံက အရမ်းကို အရေးကြီးပါတယ် ...

ဒီတော့ မှန်ကန်တဲ့ ပုံဖြစ်ဖို့ ဒီနေ့မှာတော့
ဆောင်ရန် ရှောင်ရန်လေးတွေ
ပြောပြပေးမှာဖြစ်ပါတယ် ...

1. ပုံက Color နဲ့ပုံဖြစ်ရပါမယ် ( Black & White မရပါ)
2. ၂လက်မ ပတ်လည်ပုံဖြစ်ရပါမယ်... Background ကတော့ အဖြူရောင်ပါ ( အသေးစိတ်ကိုတော့ ပုံ-၁ နဲ့ ပုံ-၂ မှာပြသထားပေးပါတယ် )
3. DV form မတင်ခင် ၆လ အတွင်းက ရိုက်ထားတဲ့ ပုံဖြစ်ဖို့လိုအပ်ပါတယ်
4. ရှေ့တည့်တည့်က နေ မျက်နှာကို ကြည်လင်စွာ ရိုက်ထားတဲ့ပုံ ဖြစ်ရပါမယ်
5. ဓါတ်ပုံရိုက်တဲ့အခါ မျက်နှာဟာပုံမှန်အနေထားနေရမှာဖြစ်ပြီး မျက်လုံးဖွင့်ထားရပါမယ်
6. ပုံမှန်နေ့စဉ် ဝတ်ဆင်တဲ့အဝတ်စားနဲ့ရိုက်လဲ အဆင်ပြေပါတယ်
7. ခေါင်းပေါင်း/ဦးထုပ် တွေဝတ်ဆင်ခြင်းရှောင်ကြဉ်ပါ
8. မျက်နှာပေါ်တွင် ဆံပင်တွေ ကျနေခြင်း ရှောင်ကြဉ်ပါ
9. နားတွင် နားကြပ်တပ်ထားခြင်းများရှောင်ကြဉ်ပါ
10. မျက်မှန်တပ်ခြင်းရှောင်ကြဉ်ပါ
11. မျက်နှာကိုရှင်းလင်းစွာထားပြီး မျက်လုံးက Camera ကို တည့်တည့်ကြည့်ပါ
12. နမူနာပုံကိုတော့ ပုံ-၃ တွင်ကြည့်ရှူနိုင်ပါတယ်

1 year ago | [YT] | 8

PK Burmese

DV အကြောင်း

American နိုင်ငံကို လာဖို့အတွက်
အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့
Diversity Visa ဆိုတာကို ဒီနေ့ မှာ ကျွန်တော်
သိသလောက် Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်

နားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့
DV ဆိုတာက ထီထိုးသလိုပါဘဲ
ဒါပေမယ့်သူက အခမဲ့ ကိုယ်တိုင် တင်လို့ရတာဖြစ်ပါတယ် .... နှစ်စဉ်လူထောင်ပေါင်းများစွာကလူတွေဟာ
American နိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရဖို့ Green Card ရဖို့ ဒီ DV ကို ကံစမ်းကြတာဖြစ်ပါတယ် ... အကယ်၍ DV သာပေါက်ခဲ့မယ်ဆိုရင်တော့
သင်တို့ရဲ့ American Dream ဟာ အကောင်ထည်ဖော်လာပီဖြစ်ပါတယ်

ဒီ DV ကိုကံစမ်းဖို့အတွက် သင့်မှာ
ဓါတ်ပုံရယ်
၁၀ တန်းအောင်ထားတာရယ်
အလုပ်ကိုင်အတွေ့ကြုံတစ်ချို့ ရှိရင်ကို
ကံစမ်းခွင့်ရှိပီဖြစ်ပါတယ် .... အရေးကြီးတာတစ်ခုက
DV ကံစမ်းတာဟာ အခမဲ့ဖြစ်တာဖြစ်လို့
ပိုက်ဆံလိမ်ညာတောင်းတဲ့သူတွေကိုတော့
သတိထားစေချင်ပါတယ်
DV ကို တင်လို့ရမဲ့ရက်ကတော့
Oct လဆန်းကနေ Nov လဆန်းဖြစ်တဲ့အတွက် အရမ်းကို နီးကပ်နေပါပြီ

ဒီလိုနဲ့ DV တင်ပီးတော့ ပေါက်ပီဆိုရင်တော့
Congratulation ပါ ... စာရွက်စာတမ်းတွေပြင်ဆင်ရမယ်
ဆေးစစ်ရမယ်
အင်တာဗျူးဝင်ရမယ်
ဒါတွေအကုန်ဖြတ်ကျော်ပြီးပီဆိုရင်တော့
သင်တို့ရဲ့ American အိမ်မက်တွေကို
စတင်လို့ရပါပြီ

ဒီလို DV ပေါက်ဖို့အတွက်လဲ
ကိုယ့်ဘက်က အသေးစိတ်မှားနိုင်တာကအစ
သေချာစစ်ဆေးဖို့လိုအပ်ပါတယ်
1. တရားဝင် အစိုးရ Website ကနေဘဲ ဝင်လျောက်ပါ
2. အခကြေးငွေယူပြီး ပြုလုပ်ပေးမည်ဆိုသောလူလိမ်များကို သတိထားပါ
3. ကိုယ်တင်သွင်းသော အချက်လက်တွေမှန်အောင်စစ်ဆေးပါ
4. မလျောက်ထားခင် ပညာအရည်ချင်းစာရွက်စာတမ်း ကိုယ်ပိုင် စာရွက်စာတမ်းတွေထဲက အချက်တွေနဲ့ ကိုက်ညီမှုရှိအောင် သတိထားပါ

DV တင်ထားပီးရင်တော့
100% ပေါက်မယ်လို့ အာမ မခံပေမယ့်
ကျွန်တော်တို့ရဲ့ အချက်လက်တွေ မှန်ကန်မယ်
DV မှာ တင်ရမဲ့ ဓါတ်ပုံဟာ သေချာမှန်ကန်မယ်
ဆိုရင်တော့ DV ပေါက်ဖို့အတွက် အခွင့်လမ်းတွေရှိပါတယ် ... ကိုယ့်ဘက်က နှစ်စဉ် DV တင်ဖို့ဘဲလိုအပ်ပါတယ် ... တစ်နှစ်မှတခါဘဲ တင်ခွင့်ရတဲ့အတွက်
American မှာ အမြဲတမ်းနေထိုင်ခွင့်ရဖို့
သိပ်မကြာခင်မှာ ကံစမ်းလို့ရတော့မဲ့
DV Form ကို ကံစမ်းကြပါလို့
ဒီကနေဘဲ အားလုံးကို သိသလောက်လေး
Sharing လုပ်ပေးရင်း မျှဝေလိုက်ရပါတယ်

အားလုံးဘဲ Good Luck 😉

1 year ago | [YT] | 23

PK Burmese

🇸🇬 Bye Bye Singapore 🇸🇬

Singapore နိုင်ငံက ကျွန်တော့်ကို
အများကြီး ပြောင်းလဲပေးခဲ့တယ် ....

ကျွန်တော့်အတွက်တော့ပြောစရာ
အတွေ့ကြုံတွေ မကုန်နိုင်ပေမယ့်
အချက်(5)ချက်လောက်ဘဲ
အမှတ်တရအနေနဲ့ မျှဝေပါရစေ ....

မိတ်ဆွေတို့ရဲ့ အတွေ့ကြုံတွေလဲ
မျှဝေပေးခဲ့လို့ရပါတယ် ....

၁.ပိုက်ဆံကဘယ်လောက်အရေးပါလဲဆိုတာကို
သင်ပေးခဲ့တယ်

၂.တစ်ယောက်တည်း ကိုယ့်ဘဝကို ထိန်းကျောင်းဖို့နဲ့
ဘဝတက်လမ်းရှာဖွေဖို့ အသိမြင်တွေပေးခဲ့တယ်

၃.ပင်ပန်းမှု နဲ့ ဒုက္ခ ဆိုတာဘာလဲ နဖူးတွေ့ ဒူးတွေ့ကြုံရပီးတော့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို
တတ်မြောက်ခဲ့တယ်

၄.ပျော်ရွှင်မှုနဲ့ အပျော်အပါး ကွဲကွဲပြားပြားသိရှိခဲ့တယ်

၅. ကြိုးစားမှုသာ မှန်ကန်ခဲ့ရင် ပိုကောင်းတဲ့ ရလဒ်တွေက ကိုယ့်ကို စောင့်မျှော်နေတယ်ဆိုတာ
ကျွန်တော့်လက်တွေ့ပါ

စင်ကာပူမှာကျွန်တော် အချိန် ၆နှစ် ခွဲ ဝန်းကျင်လောက်နေခဲ့ပေမယ့်
ကျွန်တော့်ရဲ့ အတွေးမြင်တွေ အသိဉာဏ်တွေ
အများကြီးကို ပြောင်းလဲစေခဲ့တာတော့ အမှန်ပါဘဲ ...

သူများတွေအတွက်တော့ လွယ်ကူနိုင်မယ်ထင်ပေမယ့်
ကျွန်တော့်အတွက်ကတော့
အများကြီး ရုန်းကန်ခဲ့ရတယ်ဆိုတာ
လူနည်းစု လောက်သာ သိရှိခဲ့တယ် ...
ဒါပေမယ့်
ကျွန်တော့်ရဲ့ ခံယူချက်ကတော့ အမြဲတမ်း
💪🏼💪🏼💪🏼 " ရှေ့သို့ " 💪🏼💪🏼💪🏼

Be Strong! Never give up!

1 year ago | [YT] | 46

PK Burmese

Singapore နိုင်ငံအကြောင်း Knowledge တွေ
Sharing လုပ်ပေးရမလား?

2 years ago | [YT] | 7

PK Burmese

ဆင်းရဲမှာ ကြောက်တဲ့အခါ
ပိုကြိုးစားပါ

လူတွေနှိမ်မှာ ကြောက်တဲ့အခါ
ပိုကြိုးစားပါ

စိတ်ဓါတ်ကျတဲ့အခါ
ခဏတာ အနားယူပြီး
အရင်ကထက်ပိုကြိုးစားပါ

3 years ago | [YT] | 33

PK Burmese

✅အစကတော့ ကိုယ်သိထား တက်ထားတာတဲ့
Singapore Knowledge တွေကို
မျှဝေရင်းနဲ့မှ Online ကနေ အခုဆို Video တွေတင်တိုင်း ပိုက်ဆံဝင်နေပြီဖြစ်လို့
အားလုံးလဲ ကျွန်တော့်လို Online ကနေ
ပိုက်ဆံတွေ ရှာနိုင်အောင်
ကျွန်တော်သိထားသလောက်ကို
ကျွန်တော် နောက်ပိုင်းတင်မဲ့
Video တွေကနေတစ်ဆင့်
ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်

ကျွန်တော့်ရဲ့ PK Burmese Facebook Page & Youtube Channel မှာတော့
Facebook Page Link
www.facebook.com/profile.php?id=100063647797266&mi…

YouTube Channel Link
youtube.com/@PKBurmese

✅Singapore Knowledge တွေကို
(2) နှစ်ဝန်းကျင် Sharing လုပ်ပေးခဲ့ပြီးပါပြီ ...

✅ထူးခြားတဲ့ လူတွေ , သတင်းတွေအကြောင်းလဲ
(7) လလောက် မျှဝေပေးခဲ့ပြီးပါပြီ

✅အခုနောက်ပိုင်း တင်မဲ့ Video အကြောင်းအရာတွေကတော့ Online ကနေ Video တွေတင်ရင်း
ဒေါ်လာတွေ ရှာနိုင်ဖို့ အတွက် သိထားတာတွေ တက်ထားတာတွေအကုန် Video တွေကနေတစ်ဆင့် ပြောပြပေးသွားမှာဖြစ်လို့
PK Burmese Facebook Page နဲ့ Youtube Channel ကို ဆက်လက် စောင့်ကြည့်ရင်း
အပိုဝင်ငွေတွေ ရှာနိုင်မယ်လို့
မျှော်လင့်ပါတယ် .... 🤗

3 years ago | [YT] | 10

PK Burmese

တစ်နှစ်အတွင်းမှာ Subscriber 5,772 ယောက်တိုးခဲ့တယ် ... တစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ် ... 😊😊😊

Video အများကြီးထက်လာအုံးမယ်

#PKBurmese
#singapore

4 years ago | [YT] | 30