ဆိုင်း ဇာတ် ဟာသ မြန်မာသံစဥ်ခေတ်ပေါ် ခေတ်ဟောင်း
SLA Myanmar Music Song
လူသားများ မဖူးရတဲ့ စေတီထူး ၃ဆူဆိုတာရှိပါတယ်...(၁) စူဠာမဏိစေတီတော်၊(၂) ဒုဿစေတီတော်၊(၃) မဟေသရစေတီတော် တို့ဖြစ်ကြတယ်။(၁) စူဠာမဏိစေတီတော်ဆိုတာ တာဝတိ ံသာနတ်ပြည်မှာ သိကြားမင်းတည်ထားတဲ့ စေတီဖြစ်တယ်။သိဒ္ဓတ္ထမင်းသားဟာ ကဏ္ဍကမြင်းကိုစီးပြီး မောင်ဆန်နှင့် အတူတောထွက်ကြရာမှာ အနော်မာမြစ်ကိုရောက်သောအခါကဏ္ဍကမြင်းနှင့် မောင်ဆန်ကို ပြန်လွှတ်၍ အလောင်းတော်သည် ဆံတော်ကိုဖြတ်ပြီးသော် " ငါသည် အကယ်စင်စစ် ဘုရားဖြစ်မည်ဆိုပါက ဤ ဆံတော်သည် ကောင်းကင်၌ တည်စေသတည်း၊ အကယ်၍ ဘုရားမဖြစ်ပါက မြေ၌ကျစေသတည်း "ဟု အဓိဋ္ဌာန်ပြု၍ ကောင်းကင်သို့ မြှောက်ပစ်လိုက်ရာ မကိုဋ်နှင့် တကွသော ဆံထုံးတော်သည် အထက်သို့ တစ်ယူဇနာတိုင်တိုင် တက်၍ ကောင်းကင်၌ တည်၏။ထိုအခါသိကြားမင်းသည် ဆံတော်ကိုမြင်၍ ရတနာ ပန်းတောင်းဖြင့် ခံယူပြီးလျှင် မိမိနေရာ တာဝတိ ံသာ နတ်ပြည်၌ စူဠာမဏိစေတီတော်ကို တည်ထားကိုးကွယ်လေ၏။(၂) ဒုဿစေတီတော်ကတော့ သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်ဟာ ဆံတော်ကိုပယ်ပြီးနောက် ယခုငါဝတ်ထားတဲ့အဝတ်တွေဟာ ရဟန်းများနှင့် မလျောက်ပတ်ဘူး။ သူတို့ကိုလည်းပယ်စွန့်မှ တော်မယ်လို့ ကြံစည်တော်မူသတဲ့၊ အဲဒီအခါ ကဿဖဘုရားရှင်လက်ထက်တော်က မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ဃဋိကာရဗြဟ္မာကြီးဟာ ကမ္ဘာဦးက နိမိတ်အဖြစ် ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်းကြာတစ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိန်းသိမ်းထားရာက အလောင်းတော်ထံ လာရောက် ကပ်လှူသတဲ့။အလောင်းတော်က ထို ပရိက္ခရာကို ဆင်မြန်းပြီး ဝတ်လဲတော်ကို မြှောက်ပစ်လိုက်တယ်။ ဒီဝတ်လဲတော်ကို ဗြဟ္မာမင်းကဆောင်ယူပြီး ၊ သုဒ္ဓါဝါသဗြဟ္မာဘုံမှာ စေတီတည်ထားတယ် ။ ဒီစေတီဟာ ၁၂ - ယူဇနာမြင့်တယ်လို့ ဗုဒ္ဓဝံသအဋ္ဌကထာ ၃၃၃ -မှာ ဆိုပါတယ်။(၃) မဟေသရစေတီတော်ကတော့ ဟိမဝန္တာတောင်အတွင်းမှာ မန္ဒာဂီရိအမည်ရှိတဲ့ တောင်မှာ မဟေသရအမည်ရှိတဲ့ တန်ခိုးကြီးသော နတ်တစ်ပါးရှိတယ်။ အခါတစ်ပါး ဘုရားရှင်သည် ဟိမဝန္တာအရပ် နံ့သာတောကြွပြီး နေ့သန့်သတဲ့၊ ဒီအခါ မဟေသရနတ်မင်းက လာရောက်ပြီး ဘုရားရှင်နှင့် ယှဉ်ပြိုင် ကစားလိုပါတယ်လို့လျှောက်သတဲ့။ဒီအခါ ဘုရားရှင်က ဒီနတ်ဘီလူးဟာ တန်ခိုးကြီးသူဖြစ်တယ်။ သာသနာတော်ကို ကြည်ညိုလာလျှင် များစွာ အကျိုးရှိလိမ့်မယ်။ဒါကြောင့် သူ့အလိုကိုလိုက်ဦးမှလို့ " အချင်းနတ်မင်းငါနှင့် ဘယ်လိုကစားချင်သလဲလို့ " မေးသတဲ့။မဟေသရနတ်က ရွာသူသားငယ်များကဲ့သို့ တူတူပုန်းတမ်း ကစားချင်ပါတယ်လို့ လျှောက်ထားတော့ ဘုရားရှင်က ဒါဖြင့် သင်က ဦးစွာပုန်းပါ၊ ငါကဖော်ပါ့မယ်လို့ ပြောသတဲ့၊ ဒီလိုဆိုလျှင် မျက်စိကိုပိတ်ထားပါ။ ကျွန်ုပ် ပုန်းကွယ်ပါမည် လျှောက်ထားပြီး မဟေသရနတ်မင်းဟာ သူကိုယ်ကို ကွယ်ကာ မြေကြီးအတွင်း ပျောက်ကွယ်စေပြီးမှ ဖော်ပါလို့ အသံပြုလိုက်သတဲ့။ဘုရားရှင်လည်း သူပုန်းနေတဲ့ မြေလွှာကိုယူ လက်ဝဲလက်ဝါးပေါ်တင်ပြီးမှ အခြားမြေလွှာများကို ယက်ချကာ အချင်း မဟေသရ ထလော့လို့ဆိုသတဲ့။ဒီအခါ မဟေသရက အမှန်မှာ ရှင်ကြီးဂေါတမဟာ ငါ့ကိုမမြင်ဘဲ ရမ်းပြောတာ ဖြစ်မယ်လို့ အကြံဖြစ်ပြီး မထဘဲ နေသေးသတဲ့၊ဒီအခါဘုရားရှင်က အချင်း မဟေသရ ဒီလိုမကြံနှင့်၊ ငါဟာ သင်ရဲ့ ကိုယ်ခန္ဓာကိုမျှမက ဝမ်းတွင်းက အူခွေများထိအောင် မြင်တယ်လို့ မိန့်တော်မူမှ ပုန်းရာက ထပြီး အရှင်ဂေါတမ အရှင်ဟာ အမှန်တကယ် တန်ခိုးကြီးပါတယ်၊ သို့သော်အရှင်ပုန်းပါဦး၊အရှင့်ကို ကျွန်ုပ် ရှာပါဦးမယ်လို့ ပြောသတဲ့၊ မြတ်စွာဘုရားက ငါပုန်းရမည်ဆိုသော် သင်၏မျက်လုံးများကို လက်နှင့် ဖုံးအုပ်ထားပါလို့ မိန့်တော်မူပြီး ကိုယ်တော်ကို ပရမာဏုမြူမျှလောက် ဖန်ဆင်းပြီး နတ်မင်းရဲ့ မျက်စိနှစ်ဖက်ကြားမှာ ပုန်းတော်မူပြီး ကောင်းကင်က အသံပေးလိုက်တယ်။မဟေသရနတ်လည်း မျက်နှာကိုဖွင့်၊ ထက်ဝန်းကျင်ကြည့်သော်လည်း ဘုရားရှင်ကို မမြင်ဘူးတဲ့၊ ဒါကြောင့် ရေမြေတောတောင် သမုဒ္ဒရာမကျန်အောင် ဘယ်လိုရှာဖွေလို့မျှ မတွေ့တော့မှ ဘုရားရှင်ကို ပန်းပေးရသတဲ့၊ အဲဒီအခါမှ ဘုရားရှင်က မဟေသရနတ်မင်းရဲ့ မျက်မှောက်အကြားက ဆင်းသက်တော်မူလာသတဲ့။ဘုရားရှင်ရဲ့ တန်ခိုးတော်များမြင်ရမှ မဟေသရနတ်မင်းဟာ ဘုရားရှင်အားကြည်ညိုကာ ဘုရားရှင်ထံ သရဏဂုံယူကာ ဥပသကာအဖြစ်ခံယူပြီးနောက်၊ မြတ်စွာဘုရားရှင်ဟာ လူသားဖြစ်သော်လည်း လူတို့စားသော ဆွမ်းကွမ်းများနှင့် မတန်ဘူး။ ဒါကြောင့် မန္ဒာဂိရီတောင်မှာ အမြဲ သီတင်းသုံးပါ။ နတ်ဆွမ်းကွမ်းများကို အမြဲဆက်ကပ်ပါမယ်လို့ လျှောက်ထားသတဲ့ ၊ ဘုရားရှင်က ခွင့်မပေးတဲ့အတွက် ဘုရားရှင်ရဲ့ ရုပ်ပွားသဏ္ဍာန်တော်ကို ကိုးကွယ်ခွင့်ပေးတော်မူပါလို့ လျှောက်ထားသတဲ့၊ ဘုရားရှင်က အခွင့်ပေးတဲ့အခါ မန္ဒာဂီရိတောင်မှာ ရတနာခုနှစ်ပါးတို့နှင့် ဆန်းကြယ်တဲ့ ကျောင်းတော်ကြီးကို ဆောက်တယ်။ထိုကျောင်းတော်ကြီးအတွင်းမှာ ဂန္ဓကုဋီတိုက်ကို ဖန်းဆင်းတယ်။ ဂန္ဓကုဋီတိုက်အတွင်းမှာ လက္ခဏာတော်ကြီးငယ်တို့ဖြင့် တင့်တယ်တဲ့ ဘုရားရှင်ရဲ့ ရုပ်တုတော်ကို ပြုလုပ်ပြီး မျောက်မင်းတစ်ကောင်ကို အခြံအရံနှင့်တကွ ကျောင်းပရိဘောဂကို ပြုပြင် ဆောင်ရွက်ဖို့ အပ်နှံထားသတဲ့။ ဒါက မဟေသရစေတီတော်ပါ။စေတီဆိုတာ ဓာတုစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ၊ ဓမ္မစေတီ ရယ်လို့ ၄ဆူရှိတယ်။ စေတီလို့ဆိုလိုက်လျှင် ရွှေတိဂုံစေတီလို စေတီကိုပဲ မြင်တတ်တယ်၊ အမှန်ကတော့ မဟာမြတ်မုနိလို ရုပ်ပွားတော်ဟာလည်း စေတီပါပဲ။ အခုစေတီသုံးမျိုးမှာ မဟေသရစေတီဟာ ရုပ်ပွားတော်စေတီဖြစ်ပါတယ်။.(ထီးချိုင့်မြို့ တည်တောဆရာတော်)#Crd
2 years ago | [YT] | 8
View 0 replies
2022ခုနှစ်မှာဆီစျေးနှုန်းမြင်ပြီးကားတစ်စီးမူးလဲ
3 years ago | [YT] | 3
ရွှေစကားကြီး သုံးခွန်း၁ ။ မြစ်ကြီးလည်း မခမ်းစေနဲ့၂ ။ သစ်ပင်ကြီးလည်း မလဲစေနဲ့၃ ။ ထုံးအိုးကြီးလည်း မကွဲစေနဲ့ ကြားတော့ ကြားဖူး၏ သို့သော် ....တွင်တွင် ကျယ်ကျယ် သိသူတော့ ရှား၏ မြစ်ကြီးလည်း မခမ်းစေနဲ့ =================မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ ကြည်လင်အေးမြတဲ့ တသွင်သွင်စီဆင်းနေတဲ့ မြစ်ကြီးနဲ့တူတဲ့ ... မေတ္တာတရားများ လူသားတွေမှာ မခမ်းခြောက်ပါစေနဲ့ .. လို့. ဆိုလိုခြင်းဖြစ်၏ ၊လူသား အချင်းချင်း ဆွေမျိုး မိတ်သင်္ဂဟအချင်းချင်း မေတ္တာထားပြီး နေထိုင်ကြမယ် ..အားလုံးသော သတ္တဝါအနန္တ အပေါ်မှာလည်း မေတ္တာစမ်းရေများ မခမ်းခြောက်အောင် အမြဲပွားများပြီး နေထိုင်ကြရပါမယ် ...မြစ်အတွင်းမှာ စီးဆင်းနေတဲ့ စမ်းရေသည်ကြည်လင် အေးမြတဲ့ သဘောရှိသလို သတ္တဝါအားလုံးအပေါမှာ ပွားများနေတဲ့ မေတ္တာ ဆိုတာလည်း ကြည်လင်အေးမြလှ၏ ၊မေတ္တာ ပွားများသူရဲ့ သန္တာန်မှာ မေတ္တာဓာတ်တွေဝင်ရောက်လာပြီဆိုယင် အဲ့ဒီပုဂ္ဂိုလ်ရဲ့ နှလုံးသားဟာလဲ တခြားအချိန်မှာ ဖြစ်နေတဲ့ နှလုံးသားနဲ့မတူတော့ဘဲ ကြည်လင်လာ၏ ...ဘုရားရှင်က ... စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ .. လို့မိန့်၏စိတ်ကြည်လင်လာပြီဆိုယင် ရုပ်လဲကြည်လင်လာ၏ ... အထူးသဖြင့် မေတ္တာ အမြဲပွားများနေတဲ့ပုဂ္ဂိုလ် ရဲ့. မျတ်နှာဟာ သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူတော့ပါဘူး ၊ သတိထားကြည့်ယင် ကွာခြားနေတာ တွေ့ရပါလိမ့်မယ် ....ဘာကြောင့်လဲဆိုတော့ မေတ္တာ ဆိုတဲ့ အကြည်ဓာတ်ကလေးက. သူ့သန္တာန်မှာ ကိန်းဝပ်နေလို့ပါဘဲ ။ သစ်ပင်ကြီးလည်း မလဲစေနဲ့ ==================သစ်ပင်ကြီးဆိုတာ ... ဘုရား တရား သံဃာ လို့ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါး ကို ဆိုလိုခြင်းဖြစ်၏ ။ပကတိ သစ်ပင်ကြီးသည် ... အကိုင်းအခတ် ဝေဝေစာစာလည်း ရှိတယ် ၊ ပင်စည်ကလဲ ပြန့်ပွား အရိပ်အာဝါသ လည်း ကောင်းနေမယ်ဆိုယင် ...အဲ့ဒီ သစ်ပင်ကြီးရဲ့. အရိပ်မှာ သတ္တဝါ ခိုနားနေနိုင်၏ ၊ ထို သစ်ပင်ရဲ့. အရိပ်အောက် ဝင်လိုက်တာနဲ့တပြိုင်နက်ထဲ.. ကိုယ်စိတ်နှစ်ပါး အေးချမ်းမှုကိုခံစားရသလိုပါဘဲ ....ရတနာသုံးပါး ဆိုတဲ့ အရိပ်ဟာလည်း ဝင်ရောက် ခိုနားတဲ့ သတ္တဝါ တိုင်းကို .. ကိုယ်စိတ်နှစ်ပါး အေးမြမှုကို အပြည့်အဝ ပေးနိုင်၏ ။ဝင်ရောက် ခိုနားတဲ့ သူတိုင်းဟာ ရတနာသုံးပါး ရဲ့အရိပ်ကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းသွားတာခြည်းပါဘဲ ။ဒါကြောင့် ရှေးလူကြီး သူမများက ... မိမိကို အရိပ်အာဝါသပေးနေတဲ့ သစ်ပင်ကြီးကို ခုတ်လဲ မမိပါစေနဲ့ လိုပြေားဆိုကြခြင်းဖြစ်၏ ....ထို့အတူပါဘဲ မိမိတို့ နားခိုရာ အားထားရာကိုးကွယ်ရာ ဖြစ်တဲ့ ရတနာသုံးပါး အရိပ်ကိုလဲမပစ်ပယ်ရဘူး မမေ့ရဘူး .. ဘာကြောင့်လဲရတနာသုံးပါး ရဲ့. ဂုဏ်ကျေးဇူးဟာ သိပ်ပြီးတော့ကြီးမားလို့ပါဘဲ ...သစ်ပင်ကြီးရဲ့ အရိပ်ဟာ အေးမြသလို ရတနာသုံးပါး ၏ အရိပ်ဟာလည်း ပစ္စုပ္ပန် ဘဝ သာမက. တမလွန်ဘဝ အတွက်ပါ ငြိမ်းအေးမှုကိုပေး၏ ...ဒါကြောင့် ... ရတနာသုံးပါး လို့ ခေါ်ဆိုရတဲ့သစ်ပင်ကြီးကို မမေ့ပါနဲ့. အမြဲသတိရပြီး ကိုးကွယ်ဆည်းကပ်ရမည် ဟု ဆိုလို၏ ။ ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ===================ထုံးအိုးကြီးဆိုတာ .... ရှေးက မိဘ ဘိုးဘွား တွေရဲ့အစဉ်အလာ လုပ်ထုံး လုပ်နည်းကို ပြေားတာပါဘဲမိဘ ဘိုးဘွား တွေရဲ့. ယဉ်ကျေးမှု အစဉ်အလာကောင်းများ ၊ မိဘ ဘိုးဘွား တွေ ပြုခဲ့တဲ့ဘာသာရေး သာသနာရေး အစဉ်အလာကောင်းမြတ်တဲ့ ထုံးတမ်းစဉ်လာတွေ အဆုံးအမတွေ အကျင့်စာရိတ္တတွေ အားလုံးကို မဖျတ်စီးရဘူး မမေ့ပျောက်ရဘူး အစဉ်လာကို ထိန်းသိမ်းပြီး ဆတ်လက်ဆေင်ရွက်ရမယ် ...`` ဒါကိုဘဲ ထုံးအိုးကြီး မကွဲစေနဲ့ ´´ ဟုပြေားဆိုခြင်းဖြစ်၏ ။ဒါကြောင့် ဗုဒ္ဓဘာသာ သူတော်စဉ် ပုဂ္ဂိုလ် များရှေးက ဆုံးမခဲ့တဲ့ `` စကားကြီး ´´ သုံးခွန်း၏အဓိပ္ပါယ် ကို နားလည်နိုင်ပါစေ ...နားလည်သည်အားလျှော်စွာ ကျင့်သုံးနိုင်ပါစေ ....ကျင့်သုံးနိုင်သည်အလျှောက် ဘာသာ သာသနာကို ထိမ်းသိမ်း စောင့်ရှောက် နိုင်ကြပါစေ ...သုခီအတ်တာနံ ပရိဟရန်တုမိမိကိုယ်ကို ချမ်းသာအောင် ဆောင်ရွက်နိုင်ပါစေ..။#CreditOriginalUploader
3 years ago | [YT] | 5
https://m.youtube.com/watch?v=K91fk6Q...
3 years ago | [YT] | 2
View 1 reply
#သင်္ကြန်လဲရောက်ပြီ #ပိတောက်တွေလဲပွင့်ပြီ ချစ်သူရေမင်းဘယ်ရောက်နေလဲ ကိုယ့်ဘဝ #ရှာပုံတော်မင်းသားကြီး ဖြစ်နေရပါပြီကွာ
3 years ago | [YT] | 8
SLA Myanmar Music Song
လူသားများ မဖူးရတဲ့
စေတီထူး ၃ဆူ
ဆိုတာရှိပါတယ်...
(၁) စူဠာမဏိစေတီတော်၊
(၂) ဒုဿစေတီတော်၊
(၃) မဟေသရစေတီတော် တို့ဖြစ်ကြတယ်။
(၁) စူဠာမဏိစေတီတော်ဆိုတာ
တာဝတိ ံသာနတ်ပြည်မှာ သိကြားမင်းတည်ထားတဲ့ စေတီဖြစ်တယ်။
သိဒ္ဓတ္ထမင်းသားဟာ ကဏ္ဍကမြင်းကိုစီးပြီး မောင်ဆန်နှင့် အတူတောထွက်ကြရာမှာ အနော်မာမြစ်ကိုရောက်သောအခါ
ကဏ္ဍကမြင်းနှင့် မောင်ဆန်ကို ပြန်လွှတ်၍ အလောင်းတော်သည် ဆံတော်ကိုဖြတ်ပြီးသော် " ငါသည် အကယ်စင်စစ်
ဘုရားဖြစ်မည်ဆိုပါက ဤ ဆံတော်သည် ကောင်းကင်၌ တည်စေသတည်း၊ အကယ်၍ ဘုရားမဖြစ်ပါက မြေ၌ကျစေသတည်း "
ဟု အဓိဋ္ဌာန်ပြု၍ ကောင်းကင်သို့ မြှောက်ပစ်လိုက်ရာ မကိုဋ်နှင့် တကွသော ဆံထုံးတော်သည် အထက်သို့ တစ်ယူဇနာတိုင်တိုင်
တက်၍ ကောင်းကင်၌ တည်၏။
ထိုအခါသိကြားမင်းသည် ဆံတော်ကိုမြင်၍ ရတနာ ပန်းတောင်းဖြင့် ခံယူပြီးလျှင် မိမိနေရာ တာဝတိ ံသာ နတ်ပြည်၌ စူဠာမဏိ
စေတီတော်ကို တည်ထားကိုးကွယ်လေ၏။
(၂) ဒုဿစေတီတော်ကတော့
သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်ဟာ ဆံတော်ကိုပယ်ပြီးနောက် ယခုငါဝတ်ထားတဲ့အဝတ်တွေဟာ ရဟန်းများနှင့် မလျောက်ပတ်ဘူး။ သူတို့ကိုလည်းပယ်စွန့်မှ တော်မယ်လို့ ကြံစည်တော်မူသတဲ့၊ အဲဒီအခါ ကဿဖဘုရားရှင်လက်ထက်တော်က မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ဃဋိကာရဗြဟ္မာကြီးဟာ ကမ္ဘာဦးက နိမိတ်အဖြစ် ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်းကြာတစ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိန်းသိမ်းထားရာက အလောင်းတော်ထံ လာရောက် ကပ်လှူသတဲ့။
အလောင်းတော်က ထို ပရိက္ခရာကို ဆင်မြန်းပြီး ဝတ်လဲတော်ကို မြှောက်ပစ်လိုက်တယ်။ ဒီဝတ်လဲတော်ကို ဗြဟ္မာမင်းကဆောင်ယူပြီး ၊ သုဒ္ဓါဝါသဗြဟ္မာဘုံမှာ စေတီတည်ထားတယ် ။ ဒီစေတီဟာ ၁၂ - ယူဇနာမြင့်တယ်လို့ ဗုဒ္ဓဝံသအဋ္ဌကထာ ၃၃၃ -
မှာ ဆိုပါတယ်။
(၃) မဟေသရစေတီတော်ကတော့
ဟိမဝန္တာတောင်အတွင်းမှာ မန္ဒာဂီရိအမည်ရှိတဲ့ တောင်မှာ မဟေသရအမည်ရှိတဲ့ တန်ခိုး
ကြီးသော နတ်တစ်ပါးရှိတယ်။ အခါတစ်ပါး ဘုရားရှင်သည် ဟိမဝန္တာအရပ် နံ့သာတောကြွပြီး နေ့သန့်သတဲ့၊ ဒီအခါ မဟေသရနတ်မင်းက လာရောက်ပြီး ဘုရားရှင်နှင့် ယှဉ်ပြိုင် ကစားလိုပါတယ်လို့လျှောက်သတဲ့။
ဒီအခါ ဘုရားရှင်က ဒီနတ်ဘီလူးဟာ တန်ခိုးကြီးသူဖြစ်တယ်။ သာသနာတော်ကို ကြည်ညိုလာလျှင် များစွာ အကျိုးရှိလိမ့်မယ်။
ဒါကြောင့် သူ့အလိုကိုလိုက်ဦးမှလို့ " အချင်းနတ်မင်းငါနှင့် ဘယ်လိုကစားချင်သလဲလို့ " မေးသတဲ့။
မဟေသရနတ်က ရွာသူသားငယ်များကဲ့သို့ တူတူပုန်းတမ်း ကစားချင်ပါတယ်လို့ လျှောက်ထားတော့ ဘုရားရှင်က ဒါဖြင့် သင်က ဦးစွာပုန်းပါ၊ ငါကဖော်ပါ့မယ်လို့ ပြောသတဲ့၊ ဒီလိုဆိုလျှင် မျက်စိကိုပိတ်ထားပါ။ ကျွန်ုပ် ပုန်းကွယ်ပါမည် လျှောက်ထားပြီး
မဟေသရနတ်မင်းဟာ သူကိုယ်ကို ကွယ်ကာ မြေကြီးအတွင်း ပျောက်ကွယ်စေပြီးမှ ဖော်ပါလို့ အသံပြုလိုက်သတဲ့။
ဘုရားရှင်လည်း သူပုန်းနေတဲ့ မြေလွှာကိုယူ လက်ဝဲလက်ဝါးပေါ်တင်ပြီးမှ အခြားမြေလွှာများကို ယက်ချကာ အချင်း မဟေသရ ထလော့လို့ဆိုသတဲ့။
ဒီအခါ မဟေသရက အမှန်မှာ ရှင်ကြီးဂေါတမဟာ ငါ့ကိုမမြင်ဘဲ ရမ်းပြောတာ ဖြစ်မယ်လို့ အကြံဖြစ်ပြီး မထဘဲ နေသေးသတဲ့၊
ဒီအခါဘုရားရှင်က အချင်း မဟေသရ ဒီလိုမကြံနှင့်၊ ငါဟာ သင်ရဲ့ ကိုယ်ခန္ဓာကိုမျှမက ဝမ်းတွင်းက အူခွေများထိအောင် မြင်တယ်လို့ မိန့်တော်မူမှ ပုန်းရာက ထပြီး အရှင်ဂေါတမ အရှင်ဟာ အမှန်တကယ် တန်ခိုးကြီးပါတယ်၊ သို့သော်အရှင်ပုန်းပါဦး၊အရှင့်ကို ကျွန်ုပ် ရှာပါဦးမယ်လို့ ပြောသတဲ့၊ မြတ်စွာဘုရားက ငါပုန်းရမည်ဆိုသော် သင်၏မျက်လုံးများကို လက်နှင့် ဖုံးအုပ်ထားပါလို့ မိန့်တော်မူပြီး ကိုယ်တော်ကို ပရမာဏုမြူမျှလောက် ဖန်ဆင်းပြီး နတ်မင်းရဲ့ မျက်စိနှစ်ဖက်ကြားမှာ ပုန်းတော်မူပြီး ကောင်းကင်က အသံပေးလိုက်တယ်။
မဟေသရနတ်လည်း မျက်နှာကိုဖွင့်၊ ထက်ဝန်းကျင်ကြည့်သော်လည်း ဘုရားရှင်ကို မမြင်ဘူးတဲ့၊ ဒါကြောင့် ရေမြေတောတောင် သမုဒ္ဒရာမကျန်အောင် ဘယ်လိုရှာဖွေလို့မျှ မတွေ့တော့မှ ဘုရားရှင်ကို ပန်းပေးရသတဲ့၊ အဲဒီအခါမှ ဘုရားရှင်က မဟေသရနတ်မင်းရဲ့ မျက်မှောက်အကြားက ဆင်းသက်တော်မူလာသတဲ့။
ဘုရားရှင်ရဲ့ တန်ခိုးတော်များမြင်ရမှ မဟေသရနတ်မင်းဟာ ဘုရားရှင်အားကြည်ညိုကာ ဘုရားရှင်ထံ သရဏဂုံယူကာ ဥပသကာအဖြစ်ခံယူပြီးနောက်၊ မြတ်စွာဘုရားရှင်ဟာ လူသားဖြစ်သော်လည်း လူတို့စားသော ဆွမ်းကွမ်းများနှင့် မတန်ဘူး။ ဒါကြောင့် မန္ဒာဂိရီတောင်မှာ အမြဲ သီတင်းသုံးပါ။ နတ်ဆွမ်းကွမ်းများကို အမြဲဆက်ကပ်ပါမယ်လို့ လျှောက်ထားသတဲ့ ၊ ဘုရားရှင်က ခွင့်မပေးတဲ့အတွက် ဘုရားရှင်ရဲ့ ရုပ်ပွားသဏ္ဍာန်တော်ကို ကိုးကွယ်ခွင့်ပေးတော်မူပါလို့ လျှောက်ထားသတဲ့၊ ဘုရားရှင်က အခွင့်ပေးတဲ့အခါ မန္ဒာဂီရိတောင်မှာ ရတနာခုနှစ်ပါးတို့နှင့် ဆန်းကြယ်တဲ့ ကျောင်းတော်ကြီးကို ဆောက်တယ်။
ထိုကျောင်းတော်ကြီးအတွင်းမှာ ဂန္ဓကုဋီတိုက်ကို ဖန်းဆင်းတယ်။ ဂန္ဓကုဋီတိုက်အတွင်းမှာ လက္ခဏာတော်ကြီးငယ်တို့ဖြင့် တင့်တယ်တဲ့ ဘုရားရှင်ရဲ့ ရုပ်တုတော်ကို ပြုလုပ်ပြီး မျောက်မင်းတစ်ကောင်ကို အခြံအရံနှင့်တကွ ကျောင်းပရိဘောဂကို ပြုပြင် ဆောင်ရွက်ဖို့ အပ်နှံထားသတဲ့။ ဒါက မဟေသရစေတီတော်ပါ။
စေတီဆိုတာ ဓာတုစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ၊ ဓမ္မစေတီ ရယ်လို့ ၄ဆူရှိတယ်။ စေတီလို့ဆိုလိုက်လျှင် ရွှေတိဂုံစေတီလို စေတီကိုပဲ မြင်တတ်တယ်၊ အမှန်ကတော့ မဟာမြတ်မုနိလို ရုပ်ပွားတော်ဟာလည်း စေတီပါပဲ။ အခုစေတီသုံးမျိုးမှာ မဟေသရစေတီဟာ ရုပ်ပွားတော်စေတီဖြစ်ပါတယ်။
.
(ထီးချိုင့်မြို့ တည်တောဆရာတော်)
#Crd
2 years ago | [YT] | 8
View 0 replies
SLA Myanmar Music Song
2022ခုနှစ်မှာဆီစျေးနှုန်းမြင်ပြီးကားတစ်စီးမူးလဲ
3 years ago | [YT] | 3
View 0 replies
SLA Myanmar Music Song
ရွှေစကားကြီး သုံးခွန်း
၁ ။ မြစ်ကြီးလည်း မခမ်းစေနဲ့
၂ ။ သစ်ပင်ကြီးလည်း မလဲစေနဲ့
၃ ။ ထုံးအိုးကြီးလည်း မကွဲစေနဲ့
ကြားတော့ ကြားဖူး၏ သို့သော် ....
တွင်တွင် ကျယ်ကျယ် သိသူတော့ ရှား၏
မြစ်ကြီးလည်း မခမ်းစေနဲ့
=================
မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ ကြည်လင်
အေးမြတဲ့ တသွင်သွင်စီဆင်းနေတဲ့ မြစ်ကြီးနဲ့
တူတဲ့ ... မေတ္တာတရားများ လူသားတွေမှာ မခမ်း
ခြောက်ပါစေနဲ့ .. လို့. ဆိုလိုခြင်းဖြစ်၏ ၊
လူသား အချင်းချင်း ဆွေမျိုး မိတ်သင်္ဂဟအချင်း
ချင်း မေတ္တာထားပြီး နေထိုင်ကြမယ် ..
အားလုံးသော သတ္တဝါအနန္တ အပေါ်မှာလည်း
မေတ္တာစမ်းရေများ မခမ်းခြောက်အောင် အမြဲပွား
များပြီး နေထိုင်ကြရပါမယ် ...
မြစ်အတွင်းမှာ စီးဆင်းနေတဲ့ စမ်းရေသည်
ကြည်လင် အေးမြတဲ့ သဘောရှိသလို သတ္တဝါ
အားလုံးအပေါမှာ ပွားများနေတဲ့ မေတ္တာ ဆိုတာ
လည်း ကြည်လင်အေးမြလှ၏ ၊
မေတ္တာ ပွားများသူရဲ့ သန္တာန်မှာ မေတ္တာဓာတ်တွေ
ဝင်ရောက်လာပြီဆိုယင် အဲ့ဒီပုဂ္ဂိုလ်ရဲ့ နှလုံးသား
ဟာလဲ တခြားအချိန်မှာ ဖြစ်နေတဲ့ နှလုံးသားနဲ့
မတူတော့ဘဲ ကြည်လင်လာ၏ ...
ဘုရားရှင်က ... စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ .. လို့မိန့်၏
စိတ်ကြည်လင်လာပြီဆိုယင် ရုပ်လဲကြည်လင်လာ
၏ ... အထူးသဖြင့် မေတ္တာ အမြဲပွားများနေတဲ့
ပုဂ္ဂိုလ် ရဲ့. မျတ်နှာဟာ သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူ
တော့ပါဘူး ၊ သတိထားကြည့်ယင် ကွာခြားနေတာ တွေ့ရပါလိမ့်မယ် ....
ဘာကြောင့်လဲဆိုတော့ မေတ္တာ ဆိုတဲ့ အကြည်
ဓာတ်ကလေးက. သူ့သန္တာန်မှာ ကိန်းဝပ်နေလို့
ပါဘဲ ။
သစ်ပင်ကြီးလည်း မလဲစေနဲ့
==================
သစ်ပင်ကြီးဆိုတာ ... ဘုရား တရား သံဃာ လို့
ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါး ကို ဆိုလိုခြင်းဖြစ်၏ ။
ပကတိ သစ်ပင်ကြီးသည် ... အကိုင်းအခတ် ဝေဝေ
စာစာလည်း ရှိတယ် ၊ ပင်စည်ကလဲ ပြန့်ပွား အရိပ်
အာဝါသ လည်း ကောင်းနေမယ်ဆိုယင် ...
အဲ့ဒီ သစ်ပင်ကြီးရဲ့. အရိပ်မှာ သတ္တဝါ ခိုနားနေနိုင်
၏ ၊ ထို သစ်ပင်ရဲ့. အရိပ်အောက် ဝင်လိုက်တာနဲ့
တပြိုင်နက်ထဲ.. ကိုယ်စိတ်နှစ်ပါး အေးချမ်းမှုကို
ခံစားရသလိုပါဘဲ ....
ရတနာသုံးပါး ဆိုတဲ့ အရိပ်ဟာလည်း
ဝင်ရောက် ခိုနားတဲ့ သတ္တဝါ တိုင်းကို .. ကိုယ်စိတ်
နှစ်ပါး အေးမြမှုကို အပြည့်အဝ ပေးနိုင်၏ ။
ဝင်ရောက် ခိုနားတဲ့ သူတိုင်းဟာ ရတနာသုံးပါး ရဲ့
အရိပ်ကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းသွားတာ
ခြည်းပါဘဲ ။
ဒါကြောင့်
ရှေးလူကြီး သူမများက ... မိမိကို အရိပ်အာဝါသ
ပေးနေတဲ့ သစ်ပင်ကြီးကို ခုတ်လဲ မမိပါစေနဲ့ လို
ပြေားဆိုကြခြင်းဖြစ်၏ ....
ထို့အတူပါဘဲ မိမိတို့ နားခိုရာ အားထားရာ
ကိုးကွယ်ရာ ဖြစ်တဲ့ ရတနာသုံးပါး အရိပ်ကိုလဲ
မပစ်ပယ်ရဘူး မမေ့ရဘူး .. ဘာကြောင့်လဲ
ရတနာသုံးပါး ရဲ့. ဂုဏ်ကျေးဇူးဟာ သိပ်ပြီးတော့
ကြီးမားလို့ပါဘဲ ...
သစ်ပင်ကြီးရဲ့ အရိပ်ဟာ အေးမြသလို
ရတနာသုံးပါး ၏ အရိပ်ဟာလည်း ပစ္စုပ္ပန် ဘဝ သာမက. တမလွန်ဘဝ အတွက်ပါ ငြိမ်းအေးမှုကို
ပေး၏ ...
ဒါကြောင့် ... ရတနာသုံးပါး လို့ ခေါ်ဆိုရတဲ့
သစ်ပင်ကြီးကို မမေ့ပါနဲ့. အမြဲသတိရပြီး ကိုး
ကွယ်ဆည်းကပ်ရမည် ဟု ဆိုလို၏ ။
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့
===================
ထုံးအိုးကြီးဆိုတာ .... ရှေးက မိဘ ဘိုးဘွား တွေရဲ့
အစဉ်အလာ လုပ်ထုံး လုပ်နည်းကို ပြေားတာပါဘဲ
မိဘ ဘိုးဘွား တွေရဲ့. ယဉ်ကျေးမှု အစဉ်အလာ
ကောင်းများ ၊ မိဘ ဘိုးဘွား တွေ ပြုခဲ့တဲ့
ဘာသာရေး သာသနာရေး အစဉ်အလာ
ကောင်းမြတ်တဲ့ ထုံးတမ်းစဉ်လာတွေ အဆုံးအမ
တွေ အကျင့်စာရိတ္တတွေ အားလုံးကို မဖျတ်စီး
ရဘူး မမေ့ပျောက်ရဘူး အစဉ်လာကို ထိန်းသိမ်း
ပြီး ဆတ်လက်ဆေင်ရွက်ရမယ် ...
`` ဒါကိုဘဲ ထုံးအိုးကြီး မကွဲစေနဲ့ ´´ ဟု
ပြေားဆိုခြင်းဖြစ်၏ ။
ဒါကြောင့် ဗုဒ္ဓဘာသာ သူတော်စဉ် ပုဂ္ဂိုလ် များ
ရှေးက ဆုံးမခဲ့တဲ့ `` စကားကြီး ´´ သုံးခွန်း၏
အဓိပ္ပါယ် ကို နားလည်နိုင်ပါစေ ...
နားလည်သည်အားလျှော်စွာ ကျင့်သုံးနိုင်ပါစေ ....
ကျင့်သုံးနိုင်သည်အလျှောက် ဘာသာ သာသနာ
ကို ထိမ်းသိမ်း စောင့်ရှောက် နိုင်ကြပါစေ ...
သုခီအတ်တာနံ ပရိဟရန်တု
မိမိကိုယ်ကို ချမ်းသာအောင် ဆောင်ရွက်နိုင်ပါစေ..။
#CreditOriginalUploader
3 years ago | [YT] | 5
View 0 replies
SLA Myanmar Music Song
https://m.youtube.com/watch?v=K91fk6Q...
3 years ago | [YT] | 2
View 1 reply
SLA Myanmar Music Song
#သင်္ကြန်လဲရောက်ပြီ #ပိတောက်တွေလဲပွင့်ပြီ ချစ်သူရေမင်းဘယ်ရောက်နေလဲ ကိုယ့်ဘဝ #ရှာပုံတော်မင်းသားကြီး ဖြစ်နေရပါပြီကွာ
3 years ago | [YT] | 8
View 0 replies