Hello, everybody! ☺
I'm Eea, your intuitive reader & also a healer. 🦄🫶🕊🧚♀️
You can enjoy my readings here in YouTube and can get personal reading in private at 09799304161 : Viber/ Telegram 🥰🍀🩷🩶💜
မိတ်ဆွေများအားလုံး မင်္ဂလာပါရှင်☺️🍀🕊
Personal Reading မေးမြန်းလိုပါက
09799304161- Viber & Telegram 🧚♀️
တို့မှဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်ရှင် 🥰🤩🩶🩷
Lunar Jupiter
မေတ္တာနှင့် သစ္စာ
🌿🌿🌿🌿🌿
🌼 မိတ်ဆွေရဲ့နှလုံးသားမှ ပေါက်ဖွားလာတဲ့ စိတ်ထားမျိုးကို “မေတ္တာ"
🌼 ပကတိသရုပ်ကို မဖုံးမအုပ်ဘဲ အရှိအတိုင်း ဖော်ထုတ်ပြောတာက “သစ္စာ”
“မေတ္တာ နဲ့ သစ္စာ" ဟာ အလွန်အစွမ်းထက်တဲ့ မန္တာန် ဖြစ်တယ်။
အန္တရာယ်ကင်း ပရိတ်တရားတော် တွေဟာ အများအားဖြင့် မေတ္တာနဲ့သစ္စာ စွမ်းအားကို အသုံးပြုထားတာဖြစ်တယ်။ ။
#ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသ
9 hours ago | [YT] | 125
View 2 replies
Lunar Jupiter
💦လောကဓံမုန်တိုင်းဆိုတာ လောကထဲမှာရှိနေတဲ့ သူတိုင်းကို တိုက်ခတ်စမြဲပဲလေ...။
🌼သူတော်ကောင်းရယ် သူယုတ်မာရယ်
ရွေးချယ်နေတာမှ မဟုတ်တာပဲ။
🌼တရားရှိသူ မရှိသူရယ်လို့ ကြည့်နေတာမှ မဟုတ်ဘဲ...။
🌼လောကထဲရှိနေတဲ့ လူမှန်သမျှ လောကဓံဒဏ် ခံကြရတာချည်းပဲ...။
🦋ဒါပေမယ့် လောကဓံမုန်တိုင်းဒဏ် ခံကြရတဲ့နေရာမှာတော့ တရားရှိတဲ့လူ နဲ့ တရားမရှိတဲ့လူ မတူနိုင်ပါဘူး...။
🦋တရားရှိတဲ့လူတွေကတော့
တရားတည်းဟူသော အကာအကွယ်အောက်မှာ ထောက်တည်ရာရကြပေမယ့်
🦋တရားကင်းနေတဲ့သူများမှာတော့
အကာအကွယ်မဲ့ကြတယ်။
လောကဓံမုန်တိုင်း အောက်မှာ
လွင့်ချင်ရာ လွင့်တတ်ကြတယ်...။
#တိပိဋကယောဆရာတော်ဘုရားကြီး
🙏🙏🙏
#crd
1 week ago | [YT] | 293
View 4 replies
Lunar Jupiter
နှစ်သစ်အတွက် New Year Tarot Spread လေးကိုမေးခဲ့တဲ့ ညီမလေးရဲ့ Heartfelt Feedback လေးပါ။✨🍀
မိတ်ဆွေများအားလုံး ဘေးရန်ကင်းကွာကျန်းမာကြပါစေရှင်🌿💜🌷🦄
#LunarJupiter #intuitivehealer
1 week ago | [YT] | 60
View 0 replies
Lunar Jupiter
💐“သည်းခံခြင်းဟာ နှစ်ဦးလုံးအတွက်အကောင်းဆုံး”✨🤝🏻
🌿သည်းခံခြင်းဟာ သိကြားမင်းကြီးပြောသလို နှစ်ဦးလုံးအတွက် ကောင်းတယ်။ ကိုယ့်အတွက်တင် မဟုတ်ဘူး။
သူ့အတွက်လည်း ကောင်းတယ်။
🌿ဘာကြောင့် သူ့အတွက်ကောင်းသလဲလို့ဆိုရင် ကိုယ့်ကို စော်ကားနေတဲ့ ပုဂ္ဂိုလ်ကို တုံ့ပြန်လိုက်မယ် ဆိုလို့ရှိရင် ပိုပြီးတော့ သူက ဒေါသထွက်လာတယ်။
🌿ကိုယ်က တုံ့ပြန်သည့်အတွက်ကြောင့် ဒေါသတွေ ပိုထွက်လာမယ်၊ ဒေါသထွက်ရင် သူက ပြန်တုံ့ပြန်မယ်၊ တုံ့ပြန်မှုတွေဟာ ပိုပြီးတော့ ပြင်းထန်လာမယ်။
🌿ဒီဖက်က တစ်ချက်ခေါက်ရင် ဟိုဖက်က နှစ်ချက်ခေါက်မယ်။
ဟိုဖက်က နှစ်ချက်ခေါက်ရင် ဒီဖက်က
လေးချက်ခေါက်မယ်ဆိုပြီးတော့ တိုးတိုးလာမှာပဲ ဖြစ်တယ်။
🌿တစ်ဖက်က လုပ်တာကို မတုံ့ပြန်ဘဲနဲ့ နေလိုက်လို့ရှိရင် တုံ့ပြန်မှု မရသည့်အတွက်ကြောင့် ဟိုတစ်ဖက်က တဖြည်းဖြည်းနဲ့ ငြိမ်းအေးသွားတာပဲ။
ဒီအဓိပ္ပါယ်ကို ဆိုလိုတယ်နော်။ ငြိမ်းအေးသွားတယ်။
🌿အဲဒါလိုပဲ သည်းခံမှုဆိုတာ အင်မတန်မှ အရေးကြီးတယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတယ်။
#ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
1 week ago | [YT] | 209
View 2 replies
Lunar Jupiter
ဓမ္မအမြင်နဲ့နှစ်သစ်ကူးနည်း
🪻🌿🪻🌿🪻🌿🪻🌿🪻
နှစ်သစ် ကူးတိုင်းကူးတိုင်း
လူတွေဟာ ...
နှစ်ဟောင်းထက် လာမယ့်နှစ်က
ပိုကောင်းလာလိမ့်မယ်လို့
စိတ်ထဲ မျှော်လင့်ကြတယ်။
သို့သော်......
*သဒ္ဓါ၊သီလ၊သုတ၊စာဂ၊ပညာ * ဆိုတဲ့ အရေးပါတဲ့ အခြေအနေ
ကောင်းတွေ မဖန်တီးနိုင်ဘူးဆိုရင်-
လူတွေရဲ့မျှော်လင့်ချက်ဟာ ဖြစ်လာမှာ မဟုတ်ဘူး။
ပိုကောင်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူး ။
နှစ်သစ်အခါ သမယမှာ-
ပိုပြီးကောင်းလာစေချင်လို့ရှိရင် ...
* ပိုပြီး သဒ္ဓါတရားတွေ~
ကောင်းလာ အောင် ...
* ပိုပြီး သီလ(ကိုယ်ကျင့်တရား)တွေ ~
လုံခြုံလာအောင်...
*ပိုပြီး သုတတွေ~
ပြည့်စုံလာအောင်...
* ပိုပြီး စာဂ(စွန့်လွှတ်မှု)တွေ~
ခိုင်မာလာအောင်...
* ပိုပြီး ပညာ(အသိဥာဏ်)တွေ~
ကြွယ်ဝလာအောင်...
ကြိုးစားဖြည့်ဆည်း လုပ်ဖို့လိုတယ် ။
အဲဒီအကြောင်းတရားတွေ ပြည့်စုံမှသာလျှင်...
မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့ ချမ်းသာသုခတွေ
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ ဆိုတဲ့
ဆုတောင်းတွေ တောင်းဆိုမှုတွေဟာ တစ်လုံးတစ်ဝကြီး ဖြစ်လာမှာပါ ။
အေး - နှစ်သစ်ကူးတာသက်သက်နဲ့တော့
ကောင်းကျိုးချမ်းသာတွေ ရလာမှာ မဟုတ်ဘူး တဲ့ ။
လောကမှာ " အသစ်အသစ် "ဆိုတာ
ရှည်တဲ့ကာလ အပိုင်းကလေးတစ်ခုကိုကြည့်ပြီးတော့
အဟောင်းကုန်ပြီးရင် အသစ်ကူးတယ် လို့ ဒီလို ပြောကြတာ ။
☸️ ဓမ္မအမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင်-
စက္ကန့်ပိုင်းအတိုင်း အသစ်ကူးနေတာပါ။
အဟောင်းကုန်ပြီးရင် အသစ်ကို
ပြောင်းနေတာပါ။
ဒီလကုန်ရင် နောက်လရောက်တာလည်း
လအသစ် ကူးနေတာပါပဲ။
ဒီနေ့ကုန်လို့ နောက်တစ်ရက် ရောက်လာတာဟာ
ရက်အသစ် ကူးနေတာပါ။
ဒီနာရီကုန်လို့ နောက်နာရီဆိုတာလည်း
နာရီအသစ်ကူးနေတာပါ။
နောက်ဆုံး...
ဒီစက္ကန့်လေးကုန်သွားလို့~
နောက်စက္ကန့်လေးဆိုတာလည်း ကူးနေတာပါပဲ။
နေ့စဉ်နဲ့အမျှ
" အသစ် အသစ် "တွေချည်းပါပဲ။
အဲ့သလို ...
အဟောင်းအဟောင်းတွေ ချုပ်သွားပြီး
အသစ် အသစ်တွေပေါ်လာနေတယ် ဆိုတာ...
လောကရဲ့ မတည်မြဲတဲ့၊
ရပ်တည် မနေတဲ့ ၊
အစဉ်ထာဝရ ရွှေ့ပြောင်းနေတဲ့ သဘာဝတရားကြီးမျှသာ ဖြစ်ပါတယ် ။
တကယ်စဉ်းစားကြည့်မယ် ဆိုလို့ရှိရင်...
အသစ်ကို မျှော်တာဟာ-
တဏှာလောဘရဲ့
သွေးဆောင်မှုတစ်ခုသာ ဖြစ်တယ် ။
အသစ်ကို မျှော်ခြင်းသည်
တဏှာမကင်းသူတို့ရဲ့
အတွေး တစ်ခုမျှသာ ဖြစ်တယ်။
နေ့စဉ်နဲ့အမျှ ကြည့်လေ...။
နေကြီးထွက်လာပြီးတော့ ဝင်သွားလို့ရှိရင်
မနက်ဖြန်ခါ နေ အသစ်ပေါ့။
အဲဒီလို ...
နေ့တွေ၊လတွေ အသစ်အသစ် ပြောင်းနေတဲ့
အချိန်ကိုတော့ အသစ်လို့ မထင်ကြဘူး။
နည်းနည်းလေးကြာလာတဲ့အခါကျတော့
လပေါင်း ၁၂လ၊ ရက်ပေါင်း ၃၆၅ရက်
ကြာညောင်းလာတဲ့အခါကျတော့မှ
နှစ်ဟောင်းကုန်လို့ နှစ်သစ် ရောက်လာပြီလို့
လူတွေက သတိထားမိလာတာပါ ။
🧘♀️ဝိပဿနာဥာဏ်နဲ့
ဆက်စပ်သုံးသပ်မယ် ဆိုလို့ရှိရင်...
စက္ကန့်ပိုင်းတိုင်းမှာ အသစ်အသစ်
ပြောင်းနေတယ်လို့ သိလာနိုင်တယ် ။
အဲဒီတော့ အသစ်ပြောင်းတာတွေကို
မျှော်လင့်ရင်းသာနေမယ် ဆိုရင်...
တဏှာလောဘရဲ့အမြင်နဲ့
မျှော်လင့်နေတာသာ ဖြစ်တယ်၊
ကောင်းကျိုးတရားတွေ ဖြစ်မလာနိုင်ပါဘူး။
ဒါကြောင့် -
အသစ်ကို မျှော်တာကို ရုတ်သိမ်းလိုက်တယ်၊
တရားအမြင်နဲ့ကြည့်လိုက်မယ်ဆိုရင်-
အသစ်ရော၊အဟောင်းရော အတူတူပါပဲ။
အသစ်သက်သက် မမျှော်တော့ပါနဲ့ ။
ဒါကြောင့်-
မြတ်စွာဘုရားက ..
" အယမန္တိမာ ဇာတိ၊နတ္ထိ ဒါနိ ပုနဗ္ဘဝေါ"
ငါ့ဘဝဟာ ဒါ နောက်ဆုံးပဲ ၊
နောက်ထပ် မရှိတော့ဘူးလို့ ...မိန့်တော်မူပါတယ် ။
အသစ်ကို မမျှော်တော့ဘူး ဆိုလို့ရှိရင်-
ဒါဟာ သံသရာမှာ ဒုက္ခတွေ ချုပ်ငြိမ်းသွားခြင်းသာ ဖြစ်ပါတယ်။
အသစ်မျှော်နေသေးသမျှ
သံသရာထဲမှာ ဒုက္ခတွေနဲ့ ဆုံကြ၊
ကြုံကြရဦးမှာ ဖြစ်ပါတယ် ။
ဒါကြောင့်
*တဏှာရဲ့မျှော်လင့်ချက်မျိုးနဲ့
အသစ်သက်သက် မျှော်နေတာ မဖြစ်ဘဲနဲ့
မိမိတို့ရရှိလာတဲ့ နှစ်သစ်ကာလအခါသမယမှာ...
* မဖြစ်သေးတဲ့ သဒ္ဓါတရားတွေ~
ဖြစ်လာအောင် ...
* မဖြစ်သေးတဲ့ ကိုယ်ကျင့်တရားတွေ~
ကြီးထွားလာအောင်...
*မဖြစ်သေးတဲ့ သုတတွေ~
ရရှိလာအောင်...
* မဖြစ်သေးတဲ့ စာဂတရားတွေ~
များပြားလာအောင်..
* မဖြစ်သေးတဲ့ ပညာတရားတွေ~
ကြွယ်၀လာအောင်...
အကြောင်းကောင်းတွေ
အသစ်သစ်ဖြစ်လာ ပြည့်စုံလာအောင်...
အချိန်တိုင်း သတိ၊ဥာဏ်ထားပြီး
ကြိုးစားဖြည့်ဆည်းနေကြခြင်းသည် သာလျှင် ....
တကယ့်အစစ်အမှန် ဖြစ်တယ် ဆိုတာ ယုံကြည်ပြီး -
အားလုံးသော တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် ...
နှစ်သစ်ကူးပြီးစ ~နှစ်ဦးအခါ သမယမှာ
ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားဓမ္မကို
လိုက်နာကျင့်သုံးနိုင်ကြပါစေ လို့
ဓမ္မလက်ဆောင်ပေးတဲ့အနေနဲ့
ဒီတရားကို ဟောကြားအပ်ပါတယ် ။
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
2 weeks ago | [YT] | 277
View 12 replies
Lunar Jupiter
🔥ငါ ခံစားနေရတဲ့ အပူတွေ များလှချည်လား။
🔥ငါ့လောက် ပူလောင်တဲ့သူ ရှိရော ရှိပါဦးမလား။
🔥ငါ့ကျမှပဲ ဒီလို အဆိုးတွေချည်းတွေ့နေရပါလား ။
🔥ဒီကမ္ဘာပေါ်မှာ ငါ့ အပူက
အပူဆုံးပါလားသူများတွေ
ငါ့လောက် ပူမယ် မထင်ဘူး ။
ဒီလို အတွေးတွေနဲ့ စိတ်ပမ်းလူနွမ်းဖြစ်နေခဲ့တာ။
စိတ်ညစ်တာတွေ ပြေအောင်
တရားစာအုပ်တွေ လိုက်ဖတ်လိုက်တယ် ။
ဟာ ___
ဘုရားရှင်လည်း အဆဲခံရတာပါပဲလား ။
ဘုရားရှင်လည်း လူတောထဲမှာအရှက်ခွဲ ခံရတာပါလား ။
ဘုရားရှင်လည်း ဝေဖန်ခံရတာပါပဲလား။
ဘုရားရှင်လည်း ဝေဠုဝ ရွာမှာ
တစ်ဝါတွင်းလုံး ဆွမ်း မစားရလို့ဂျုံနဲ့ပဲ ဆွမ်းကိစ္စ ပြီးတာပါပဲလား ။
ဘုရားရှင်လည်း
လူသေအလောင်းက အဝတ်ကိုခွါပြီးဝတ်ရုံရတာပါပဲလား
ဘုရားရှင်လည်း ဒေဝဒတ်
ရန်ရှာတာကို ခံရတာပါပဲလား
နောက်ထပ် တရားစာအုပ်တစ်အုပ်ကိုထပ်ပြီးဖတ်ကြည့်လိုက်တယ် ။
ငါပူတယ် ဆိုတဲ့ အပူက
ပဋာစာရီ ရဲ့ ခြေဖျားတောင် မမှီပါလား ။
ဘုရားအလောင်းတော် ဝိသယှ သူဋ္ဌေးကြီးလည်း ဆင်းရဲသွားလို့ မိန်းမကို မြတ်ရိတ်ပြီးကျွေးဖူးတယ် တဲ့လား။
တစ်ရာ့တစ်ပါးသော ပြည့်ရှင်မင်းကြီးတစ်နိုင်ငံလုံး ကုန်အောင် လှူမယ်ဆိုတဲ့ ပဒေသရာဇ် မင်းကြီးလည်းဆင်း
ရဲသွားလိုက်တာ
သေခါနီးတော့ ဇီးဖြူ သီး တစ်ခြမ်းပဲလှူ စရာ ရှိတော့တယ် တဲ့ ။
သြော် ….
ငါ့ကိုယ် ငါ ပူလောင်လှချည်ရဲ့ ဆိုပြီး
နှလုံးသွင်းထားတာ ။
ရှက်ဖို့ကောင်း လိုက်တာ
ဇာတ်တော်တွေထဲက
တရားထူး ရသွားသူတွေဟာ
အကြီးစား ဒုက္ခသည်တွေ ချည်းပါလား ။
🌼ဒုက္ခအကြောင်း မသိဘဲ
🌼တရားထူး ရတဲ့သူ
🌼တစ်ယောက်မှ မတွေ့မိဘူး ။
အင်း ..
အရင်း စစ်လိုက်တော့
ခန္ဓာ ရထားလို့ကိုး ။
ခန္ဓာ ရသူတိုင်း
မကင်းနိုင်တဲ့ ဒုက္ခတွေပါလား။
အသိတစ်ခု လင်းလက်သွားပြီ။
လာခဲ့စမ်း လောကဓံ
” လောကဓံ ကို ဒေါကန် မနေတော့ဘူး ”
ဒုက္ခ ဆိုတာ
တရားထူး ရမဲ့သူတွေရဲ့
အရင်း အနှီးဆိုတာ
ကောင်းကောင်း သိလိုက်ပါပြီ
ဒုက္ခသစ္စာကို
သံဝေဂ ဉာဏ် နဲ့ ပေါင်းပြီး
မဂ္ဂသစ္စာ ဆိုက်အောင် လုပ်ပြကြရမယ် ။
#မဟာဗောဓိမြိုင်ဆရာတော်ကြီး
🙏🏻🙏🏻🙏🏻
#ကောင်းမှုတစ်ခုနေ့စဉ်ပြု
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
2 weeks ago | [YT] | 389
View 11 replies
Lunar Jupiter
Special Message for Today ✨🕊️
🌟ကိုယ့်ဘဝထဲကို ကောင်းမွန်တဲ့အရာတွေ ပြောင်းလဲရောက်ရှိလာပါတော့မယ်။🌟
🪽ပိုကောင်းတဲ့အရာတွေဖြစ်လာဖို့အတွက် ပြောင်းလဲခြင်းကိုစတင်ဖို့ တုံ့ဆိုင်းမနေဘဲ အခုကစပြီး ပြောင်းလဲဖို့အတွက် ပြင်ဆင်ပါတော့နော် 🍀🦋
#LunarJupiter
3 weeks ago | [YT] | 379
View 35 replies
Lunar Jupiter
တစ်နှစ်စာအချစ်ရေး အတွက် Package လေးပါ🌷✨
စမေးတဲ့အချိန်ကစပြီး ၁နှစ်အတွင်းကို ကြည့်ပေးမှာဖြစ်ပါတယ်။🌹🌟
အချစ်ရေးမဟုတ်ဘဲ အလုပ်အကိုင်၊ စီးပွားရေး၊ ကျန်းမာရေး စသည်ကိုလည်း Package ထဲကအတိုင်း တစ်နှစ်စာ ကြည့်နိုင်ပါတယ်ရှင်။ ✨🦄
Personal Reading မေးမြန်းလိုပါက
💘 09799304161- Viber & Telegram 💘
တို့မှဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်ရှင်။
💜💙❤️🧡💛💚🖤🩶🤎🤍🩷🩵💙🪬
#LunarJupiter
#intuitivehealer
3 weeks ago | [YT] | 88
View 0 replies
Lunar Jupiter
"တစ်လှမ်းလျှောက်ရင်တစ်လှမ်းနီးမယ်"
🦄🪽🦄🪽🦄🪽🦄🪽🦄🪽🦄🪽
💐မြတ်စွာဘုရားက လမ်းညွှန်ထားတာကတော့ အစအဆုံး လမ်းညွှန်တာပဲ။
ရောက်တဲ့သူ ရောက်သွားတယ်။
မရောက်တဲ့သူ မရောက်ဘူး။
🌼ဒါနဲ့ပတ်သက်ပြီး ပုဏ္ဏားကြီးတယောက်က မြတ်စွာဘုရားကိုမေးတဲ့ မေးခွန်းတခုရှိတယ်။
"အရှင်ဘုရားက...
နိဗ္ဗာန်ရောက်ကြောင်းတရားကိုလည်းဟောတယ်၊
နိဗ္ဗာန်ဆိုတာကိုလည်း ဟောတယ်၊
ဒါဆိုရင် အားလုံး နိဗ္ဗာန်ရောက်ကြရဲ့လား" တဲ့ ၊
မေးပုံကနော်...
💐မြတ်စွာဘုရားက... ငါပြောမယ်တဲ့...
မင်းက ရာဇဂြိုလ်ပြည် နေတာဆိုတော့
ရာဇဂြိုလ်လမ်း ကောင်းကောင်းသိမှာပေါ့ တဲ့..
သိပါတယ် တဲ့၊
💐ဒါဆို ရာဇဂြိုလ်မြို့ကြီးလည်းရှိတယ်၊
မင်းကလည်းပဲ ဘယ်ကနေ သွားဆိုပြီး
လမ်းညွှန်လိုက်တယ်။
အဲဒီလို လမ်းညွှန်တဲ့အထဲမှာ
မင်းပြောတဲ့အတိုင်း သွားတဲ့သူက ရောက်တယ်။
နောက်တယောက်က နောက်ပြန်လျှောက်ပြီး သွားရင် ရောက်ပါ့မလားတဲ့။
မရောက်ပါဘူး တဲ့။
💐အဲ..ဒါဆိုရင် ရာဇဂြိုလ်ပြည်လည်း ရှိတယ်။ သွားရာလမ်းလည်း ရှိနေလျက်နဲ့
ဘာလို့အဲဒီလူ မရောက်တာလဲ...ဆိုတော့...
သူနဲ့မဆိုင်ပါဘူးတဲ့။
သူ မသွားလို့ မရောက်ရတာပါတဲ့။
💐အဲဒီတော့ မြတ်စွာဘုရားက...
ဟုတ်တယ်.. အဲဒီအတိုင်းပဲတဲ့။
ငါဟောတဲ့တရားလဲ ငါနဲ့မဆိုင်ဘူးတဲ့။
ကျင့်တဲ့သူနဲ့သာ ဆိုင်တယ် တဲ့။
💐ငါက လမ်းချပေးတာပဲ။
သွားတဲ့သူမှ ရောက်မယ်လေ။
💐သွားတဲ့သူတောင်မှ တ၀က်တပျက်နဲ့ ရပ်နေရင် ဘယ်ရောက်မလဲ။
💐ခရီးက တခါတလေ ရှည်ချင်ရှည်မယ်ပေါ့။
💐ဘာဖြစ်လို့လဲဆိုတော့..
ဉာဏ်စွမ်းအား သတိစွမ်းအားဆိုတာက
တစ်ဦးနဲ့တစ်ဦး တူတာ မဟုတ်ဘူးလေ။
💐မတူတာကို သွားပြီးတော့
သူက တစ်မိနစ်နဲ့ရောက်တယ်။
ငါလည်း တစ်မိနစ်နဲ့ရောက်ရမယ်လို့ ဒီလိုလုပ်လို့မရဘူးလေ။
💐သတိစွမ်းအားတွေ၊ ဉာဏ်စွမ်းအားတွေနဲ့ သွားကြရတဲ့အခါ ...
🌼စွမ်းအား ထက်ပြီးသား
ပုဂ္ဂိုလ်ဆိုရင် မြန်မြန်ရောက်တယ်။
🍁စွမ်းအား ညံ့နေရင် မရောက်ဘူးလို့ ဒီလိုဆိုလိုတယ်ပေါ့။
🌷သို့သော် သွားနေရင်တော့ ရောက်လာမှာပဲ။ ရပ်တော့ မနေနဲ့ပေါ့။
🌷ဒီဘ၀မှာ ဒီလောက်ပေါက်တယ်၊
နောက်ဘ၀ကျတော့ ဒီထက် ပိုပေါက်သွားမှာပေါ့။
🌷အကယ်၍ မသွားဘူး၊ သို့မဟုတ်
နောက်ပြန်လျှောက်နေရင်တော့
ဝေးသထက် ဝေးမှာပဲ။
🌷သတ္တဝါတွေဆိုတာက
နောက်ပြန် လျှောက်တာက များတယ်။
ကျောခိုင်းပြီးတော့ လျှောက်ကြည့်ပါလား၊
ဘယ်ရောက်မလဲ။
🌷မျက်နှာမူဖို့က အင်မတန် အရေးကြီးတာနော်၊ မြတ်စွာဘုရားရဲ့တရားတော်ကို မျက်နှာမူပြီးတော့ လုပ်နေတာက ကျင့်နေတာပဲ။
🌷အဲဒီတော့.. ကျင့်နေရင်
တစ်လှမ်းလျှောက်ရင် တစ်လှမ်းနီးတာပဲ။
နှစ်လှမ်းလျှောက်ရင် နှစ်လှမ်းနီးတာပဲ။
🌷နောက်ပြန်ဆုတ်ရင်တော့
တစ်လှမ်းဆုတ်ရင် တစ်လှမ်း ဝေးသွားမှာပဲ။
#အဂ္ဂမဟာပဏ္ဍိတ
#ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်
#အရှင်နန္ဒမာလာဘိဝံသ_PhD
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
4 weeks ago | [YT] | 379
View 14 replies
Lunar Jupiter
✨🍀ဒီပုံလေးကို ဝင်ငွေတိုးစေဖို့၊ လာဘ်ရွှင်စေဖို့ ရည်ရွယ်ပြီး Phone ရဲ့ Wallpaper မှာ ယုံယုံကြည်ကြည်ဆောင်ထားပါ။
🤩တိုက်တိုက်ဆိုင်ဆိုင် မနေ့က ဒီပုံလေး Wallpaper ထားလိုက်ပြီးတာနဲ့ Angel Number အရင်တွေ့တယ်။ နောက်မကြာခင် မိနစ်ပိုင်းမှာပဲ သိန်းနဲ့ချီတဲ့ငွေတွေဝင်လာပါတယ်။😍☘️
🌿💜အိကိုယ်တိုင်ဆောင်ထားပြီး လက်တွေ့အကျိုးထူးလို့ ပြန်မျှဝေလိုက်ရပါတယ်။ ☺️
#LunarJupiter
1 month ago | [YT] | 422
View 37 replies
Load more