ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီးတရားတော်များနှင့် အခြားနာမည်ကြီးဆရာတော်ကြီးများ၏ တရားတော်များ ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော ဓမ္မသုတ စာပေများ အခြားဗဟုသုတ ရဖွယ်များကို တင်ဆက်ပေးသွားပါမည်။
တရားနာရခြင်း အကျိုး ၅ပါး
၁။ မကြားဖူးသည်များကို ကြားနားရခြင်း ၊
၂။ ကြားဖူးသည်များကို ရှင်းလင်းစွာ နားလည်ခြင်း ၊
၃။ ယုံမှား သံသယ ကင်းရှင်းခြင်း ၊
၄။ အယူမှန်ကို ရခြင်း ၊
၅။ သဒ္ဓါပညာ တိုးပွား၍ စိတ်ကြည်လင်ခြင်း ။
Thank you for watching my videos.
You can subscribe to receive daily presentations of sacred teachings, including prayers and blessings for every place you go, as well as sermons delivered by revered senior monks.
© 2025 Dhamma Oo Yin – May all beings be happy and free from suffering.
Dhamma Oo Yin
အမွေဆက်ခံမယ့်သူအား ကူညီရှာဖွေပေးခြင်း
******************************
"အတိတ်ကိုပြန်လည် တမ်းတ ရှာဖွေခြင်း"
ကျွန်တော့်အဖေမဆုံးပါးမှီပြောခဲ့ပါသည် ဟိုးလွန်ခဲ့သောနှစ်(၄၀)ကျော်အခါက ရှမ်းပြည်နယ်မြို့လေးတစ်မြို့မှာ ရှေ့တန်းတပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်အခါက ၄င်းမြို့လေးမှာ အိမ်ထောင်ကျခဲ့ဘူးပါသည်။ အိမ်ထောင်ကျခဲ့ပြီးနောက် မိန်းကလေးတစ်ဦးမွေးဖွားခဲ့ပါသည်။ ၄င်းမိန်းကလေး ကြီးပြင်းလာပြီးနောက် သူ့အဖေရှိရာ မကွေးမြို့သို့လာရောက်ရှာဖွေစဉ်က သူမသည်မြန်မာနိုင်ငံဆရာဝန်အသင်းတွင် ပညာသင်ကြားနေပြီး ၄င်းရဲ့မိဘအုပ်ထိန်းသူနေရာတွင် မိခင်အမည်မှန်နှင့် ဖခင်နေရာတွင်
ဦးလှဝင်းကျော် သာထည့်ထားပါကြောင်းကို လွန်ခဲ့သော နှစ်(၂၀)ကျော်ခန့်က မကွေးသို့ လာရောက်ခဲ့စဉ်ပြောခဲ့ပါသည်။
ဖခင်ကြီးဆုံးပါးသွားပြီဖြစ်သော်လည်း ၄င်းဖအေတူ မအေကွဲရဲ့အကိုဖြစ်သူ မျိုးသီဟကျော်(ခ) နေမျိုးကျော်(ခ) ကျော်ကြီးကျန်ပါသေးကြောင်း။
ယခုအချိန်တွင် ကျွန်တော့်မှာ တစ်ယောက်တည်းသာကျန်ရှိပါတော့သည်။ သို့ဖြစ်ပါ၍ အမွေဆက်ခံမည့်သူ မရှိပါသဖြင့် ညီမလေး လာရောက်ဆက်သွယ်ပေးပါ။
၄င်းနှင့်ဆက်သွယ်ရန်
အမှတ်(၁၂၀)၊ ရန်မျိုးလုံ(၄)လမ်း၊ အောင်မဂ်လာရပ်ကွက်၊ မကွေးမြို့။
ဖုန်း-၀၉ ၄၄၃၈၃၈၁၁၃၊ ၀၉ ၉၇၆၁၇၅၆၇၂ သို့ ဆက်သွယ်နိုင်ပါကြောင်း။
"ကျွန်တော့်ညီမလေးအား သိပ်တွေ့ချင်ပါကြောင်း" အားလုံးကူညီပေးကြပါ။
#လူပျောက်ရှာဖွေခြင်၂၄၊ ၁၁၊ ၂၀၂၅
4 days ago | [YT] | 5
View 0 replies
Dhamma Oo Yin
မိုက်နေပါလျက်
မိုက်မှန်းမသိရင်
ဘယ်တော့မှ
ကောင်းမလာနိုင်တော့ပါဘူး…
3 months ago | [YT] | 28
View 0 replies
Dhamma Oo Yin
လုံးစုံများစွာ သတ္တဝါ
သက်ရှည် ကျန်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒ ပြည့်ပါစေ။
🪷🪷🪷
#နတ်လူသာဓုခေါ်စေသော်
#DhammaOoYin
5 months ago (edited) | [YT] | 60
View 0 replies
Dhamma Oo Yin
ဒီကနေ့ (၂၂.၃.၂၀၂၅)ခုနှစ်ဟာဆိုရင်
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ သက်တော်(၈၅)နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာဖြစ်သလို စာရေးသူရဲ့ အသက်(၃၀)ပြည့် မွေးနေ့လဲဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းဟောကြားထားခဲ့သလိုပဲ လောကမှာအမြင့်ဆုံးဒါနကုသိုလ်ဖြစ်တဲ့ နေ့စဉ်သံဃဒါန ထာဝရဆွမ်းပဒေသာပင်ကို စိုက်ထူလှူတန်းခဲ့ပါတယ်။ ဤဒါနကုသိုလ် အစုစုတို့ကို အခြားသူများလဲ ထပ်တူရရှိစေရန် အမျှပေးဝေပါတယ်။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် …
#နတ်လူသာဓုခေါ်စေသော်
#DhammaOoYin
8 months ago (edited) | [YT] | 30
View 0 replies
Dhamma Oo Yin
ကုန်းတိုက်သောစကားဆိုတာ ငါးပါးသီလထဲမှာ ဘယ်သီလနဲ့ သက်ဆိုင်သလဲဆိုတာသိပါသလား ?
(အဖြေကို ကွန့်မန့်မှာရေးပေးထားပါတယ်)
9 months ago | [YT] | 20
View 3 replies
Dhamma Oo Yin
ပါချုပ်ဆရာတော်ဘုရားကြီးဆိုတာနဲ့ ဘယ်ဆရာတော်ကြီးကိုပဲ မျက်စိထဲမြင်မိလဲ။
🙏🙏🙏🙏🙏
9 months ago | [YT] | 33
View 6 replies
Dhamma Oo Yin
မြန်မာနိုင်ငံမှာ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာက ...
9 months ago | [YT] | 10
View 0 replies
Dhamma Oo Yin
ဘယ်ဆရာတော်ဘုရားရဲ့တရားတော်တွေကို အများဆုံး နာဖြစ်လဲ?
9 months ago | [YT] | 14
View 6 replies
Dhamma Oo Yin
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
အခုလို အဖက်ဖက်မှကူညီပေးပါသော @tayarchitkhin မှဘုန်းဘုန်းနဲ့ @ooyinhmuevlog မှကိုနော်ထူးအောင်တို့ကို ကျေးဇူး အရမ်းတင်ပါတယ်။
ဆရာတော် သက်တော်ရာကျော်ရှည်ပြီး ဘာသာ သာသနာအကျိုးကို ဒီထက်မကထမ်းပိုးနိုင်ပါစေဘုရား။
🙏🙏🙏🙏🙏
9 months ago | [YT] | 9
View 3 replies
Dhamma Oo Yin
Happy New Year လို့ သောက်စားပျော်ပါးပြီး လျှောက်အော်နေတာထက် ဒီက တရားတစ်ပုဒ်လောက်နာတာ ပိုပြီးအကျိုးများပါတယ်။
🙏🙏🙏🙏🙏
#NewYear
11 months ago | [YT] | 3
View 0 replies
Load more