မြန်မာနှင့်ပက်သက်သော အသိပညာ၊ ဗဟုသုတ၊ သမိုင်း၊ ပထဝီ၊ နိုင်ငံရေး၊ အနုပညာ၊ အတတ်ပညာ၊ ယဥ်ကျေးမှု စသည့် အကြောင်းအရာများနှင့် မြန်မာတို့အတွက် အကျိုးရှိမည့် အကြောင်းအရာများကို ဘာသာပြန်ဖော်ပြပေးမည့် ချန်နယ်ဖြစ်သည်။ နှစ်သက်သဘောကျပါက like, subscribe and share ပေးခြင်းဖြင့် အားပေးနိုင်ပါသည်။
ကျွန်ုပ်တို့ချန်နယ်မှတင်ဆက်သည့် ဗီဒီယိုတိုင်းတွင် ဗီဒီယိုပါအကြောင်းအရာနှင့်သက်ဆိုင်သည့် အကိုးအကားများ၊ စာအုပ်အညွှန်းများ၊ ရှင်းလင်းချက်များကို video description တွင် တက်နိုင်သလောက် ဖော်ပြနိုင်ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။ ၄င်းတို့မှာ မြန်မာတို့အတွက် အကျိုးရှိစေမည့် သမိုင်း၊ ပထ၀ီ၊ နိုင်ငံရေး၊ ပညာရေး၊ အထွေထွေဗဟုသုတ၊ အနုပညာ၊ ယဥ်ကျေးမှု စသည့် အကြောင်းအရာတို့ ဖြစ်သည်။ စိတ်၀င်စားပါက video description တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
This is a channel that will present knowledge, information, history, geography, politics, arts, skills, culture, and other topics related to Myanmar, as well as content beneficial to the Burmese people. If you like and enjoy it, you can support us by liking, subscribing, and sharing.
Project History
မိတ်ဆွေတို့ရေ...
ကျနော်တို့ ချန်နယ်မှာ အပတ်စဥ် စနေနေ့တိုင်း တင်ဆက်ပေးနေတဲ့ နိုင်ငံတကာက ထင်ရှားကျော်ကြားတဲ့ စာရေးဆရာကြီးများရဲ့ ၀တ္ထုတိုများကို ဖတ်ပြမည့် အစီအစဥ်ကို စတင်နေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။ မြန်မာဘာသာပြန်မရှိသေးသည့် ၀တ္ထုတိုများကို နားဆင်လိုသည်ဖြစ်စေ၊ စာအုပ်၀ယ်ဖတ်ရန်အဆင်မပြေခြင်းကြောင့်ဖြစ်စေ၊ နိုင်ငံတကာမှ တန်ဖိုးကြီး ဂန္ထ၀င်စာပေ၊ ခေတ်ပေါ်စာအုပ်များကို အပတ်စဥ် စနေနေ့တိုင်း လာရောက်နားသောတဆင်နိုင်ပါကြောင်း အသိပေးအပ်ပါသည် ခင်ဗျာ။
https://youtu.be/MRUlP5HRoQQ?si=f5dZb...
3 weeks ago (edited) | [YT] | 40
View 0 replies
Project History
🔔 သမိုင်းကို အမှန်တကယ် ပြောင်းလဲစေခဲ့တဲ့ ဇာတ်လမ်း! 🔔 စ-ဆုံး
🤔 ကမ္ဘာ့အကြီးဆုံး အင်ပါယာကို ထူထောင်နိုင်စေခဲ့တဲ့ "နောက်ကွယ်က အကြောင်းအရင်း" ကို သိချင်ပါသလား?
ကျွန်တော်တို့ရဲ့ ဗီဒီယိုအသစ်မှာ ဗြိတိသျှ စက်မှုတော်လှန်ရေး (Industrial Revolution) အကြောင်းကို အပြည့်အစုံ ဖော်ထုတ်တင်ဆက်ထားပါတယ်။ 🏭🚂
ဘာတွေသိရမလဲ?
ဂျိမ်းစ်ဝပ်ရဲ့ ရေနွေးငွေ့စက် က ကမ္ဘာကြီးကို ဘယ်လို စတင်လည်ပတ်စေခဲ့သလဲ။
လက်မှုပညာရှင်တွေ ဘဝ ဘယ်လိုပျက်သုဉ်းပြီး စက်ရုံတွေ ဘယ်လိုကြီးစိုးလာလဲ။
ကလေးလုပ်သားတွေနဲ့ မြို့ပြ ဆိုးကျိုးတွေရဲ့ အမှောင်ဘက်ခြမ်း။
ဒီသမိုင်းဟာ ခေတ်သစ် ကမ္ဘာကြီးရဲ့ အခြေခံအုတ်မြစ်ပါ။ သမိုင်း၊ စီးပွားရေးနဲ့ နည်းပညာကို စိတ်ဝင်စားသူတိုင်း မဖြစ်မနေကြည့်သင့် တဲ့ ဗီဒီယိုပါ။
အခုပဲ နှိပ်ကြည့်ပြီး သမိုင်းတစ်ခေတ်ကို လေ့လာလိုက်ပါ! 👇
https://youtu.be/HEAdd6V7l-Q
#ဗြိတိသျှစက်မှုတော်လှန်ရေး #သမိုင်း #IndustrialRevolution #နေမဝင်အင်ပါယာ
1 month ago (edited) | [YT] | 26
View 0 replies
Project History
ပြောတော့ ငါတို့အဘပု နိင်နေပြီဆို !
မြန်မာ့တပ်မတော်ကြီး ရောင်နီသန်းလာပြီဆို !
ပေးလိုက်ရသော နေရာတွေ စခန်းတွေ တခုပြီးတခုပြန်သိမ်းနေပြီဆို !
၄ နစ်ကျော်မှာ ကချင်နဲ့ ရခိုင်တွေ သိမ်းလိုက်သောမြို့မပြောနဲ့အုန်း !!! စစ်အထိုင်စခန်းသက်သက်ဘဲ ၉၀၀ ကျော်ရှိတယ် ။
ခုနင်တို့အဘပုတပ် မြန်မာ့တပ်မတော်ကြီးက ကချင်တွေရခိုင်တွေဆီကနေ မြို့ မပြောနဲ့ အုန်း စခန်း စခန်းလောက်အရင်ပြောကြည့် ?
စခန်းပေါင်း ၉၀၀ ကျော်ကနေ ဘယ် နစ်ခု လောက်များ ပြန်ယူပြီးကြပြီလဲ ?
မစားရဝ ခမန်း လေကျယ် တတ်သော မအလ မြန်မာ့တပ်မတော်ကြီး၏စစ်လော်ဘီတွေ 😁😁
ဟော ဟော မင်းတို့ အဘပုတပ်ကြီး နိင်နေပြီလို့ နေ့မနား ညမနား အော်နေတဲ့ ၁ လ အတွင်းမှာဘဲ
ကချင်ပြည် ပူတာအိုဒေသမှာ စခန်း ၄ ခု ။
ကချင်ပြည် ဗန်မော်ဂွင်မှာ စခန်း ၃ ခု ။
ကချင်ပြည် ဖားကန့်နယ်မှာ ပူပူနွေးနွေး စခန်း ၃ ခု ။
စုစုပေါင်း စခန်း ၁၀ ခုကြီးတောင် မသွားပြန်ပြီ 😁😁
နေပူတော် ၊ ဖွဘုတ် ၊ တယ်လယ် မှာ စစ်လော်ဘီတွေ နိင်နေပြီး ကချင် ရခိုင်မှာ အဘပုတပ် စစ်ရှူံးနေပါတယ်လို့ တခါတလေ ပြောကြည့်ကြပါလား မအလ စစ်လော်ဘီတို့ ရင်ထဲပေါ့သွားတာပေါ့ 😁😁😁
1 month ago | [YT] | 103
View 14 replies
Project History
ကိုယ်နဲ့ ပစ္စုပ္ပန်ကမ္မဝါဒီတချို့နဲ့ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်လောက်က လိုင်းပေါ်မှာ တည်ဖူးတယ်။ ရန်ဖြစ်တာ စကားရိုင်းဆိုတာတော့ မဟုတ်ဘူး။ ကိုယ်တွေက လှောင်ပြောင်သရော်တာမျိုးပါ။
ဒီလိုနဲ့ပဲ ကြာတော့လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။
လွန်ခဲ့တဲ့ ၄၊၅ နှစ်လောက်ကစပြီး ထေရဘုန်းကြီးအများစုရဲ့ ဖရိုဖရဲနိုင်တဲ့ အပြုအမူတွေ အပြောအဆိုတွေကို အတော်ပဲ စိတ်ကုန်လာတယ်။
နောက်တခုကတော့ ကိုယ်တွေ သမားရိုးကျ သိမြင်နေရသလောက် ကတော့ လူဟာ လူ့ကိစ္စဗာဟီရတွေနဲ့ ရှုပ်နေပေမယ့် တနေ့နေ့တချိန်ချိန်မှာတော့ အချိန်ပေးပြီး ဘာသာရေး အလုပ်တွေလုပ်ရမယ်။ သမထ ဝိပဿနာတွေပေါ့။
ဒါပေမယ့် တကယ်တမ်း ကြည့်လိုက်တော့ လူတွေကိုသာ အသေမဦးခင် ဉာဏ်ဦးရမယ် ဘာညာတွေ ပြောဟောနေကြတဲ့ ဘုန်းကြီးတွေဟာ ကျောင်းအကြီးကြီးတွေ၊ ပိုက်ဆံကို အထပ်လိုက်ဆိုတာ တောဘုန်းကြီး ငပေါအဆင့်ပဲကိုင်တာ တကယ်ငထောဘုန်းကြီးတွေဟာ အထုပ်လိုက် ကိုင်တာ။ ဘဏ်အကောင့်ထဲ လည်း အများကြီး ၊ ကားဆိုလည်း အကောင်းစား အိုင်ဖုန်းဆိုလည်း သူတို့ ကိုင်ရမှ။ ဒါတွေပဲ မြင်နေရတယ်။ သူတေယ်ကောင်းဘုန်းကြီးတွေ ရှိပါသေးတယ် ဆိုတာမျိုး တော့ ပြောကြတာပေါ့။
ဒါပေမယ့် တကယ်တမ်း စဥ်းစားကြည့်တော့ တရားတဲ့၊ တရားဟောတယ်တဲ့၊ တရားကျင့်တယ်တဲ့၊ တရားနာတယ်တဲ့။
"တရား'' ဆိုတဲ့ စကားလုံးဟာ တရားတာ၊ မျှတတာကို ဆိုလိုတာ ဖြစ်ပါတယ်။
အဲ့ဒီ တရားကို ဖြန့်ဝေသူ၊ ဟောကြားသူတွေ ကြည့်လိုက်တော့ တရားတဲ့ အပြု၊ အပြော၊ စိတ် ဘယ်နေရာမှ မတွေ့ရတာများလာတယ်။
တရက်တော့ ပစ္စုပ္ပန်ကမ္မဝါဒနဲ့ ပတ်သက်တဲ့ Video လေးတွေ တွေ့တော့ ဟိုးတုန်းက ကိုယ်တွေ ငယ်သေးတော့ လှောင်ပြောင်ခဲ့တာ သတိရမိတယ်။
အင်း ငါက သူတို့ ဘယ်လို အယူအဆတွေရှိတယ် မလေ့လာရသေးဘဲ ငါသိထားတာတွေနဲ့ မတူတာနဲ့ပဲ တိုက်ခိုက်နေတာပေါ့။ ဒါဆို ရှက်စရာကောင်းတယ် ဆိုပြီး Youtube မှာ ရှာဖွေတယ် နားထောင်တယ်။
ဆရာတော်ဦးဉာဏ ရဲ့ ပစ္စုပ္ပန်ကမ္မဝါဒဆိုတာ ဘာလဲ တဖြည်းဖြည်း သိလာရတယ်။
ပစ္စုပ္ပန်ကမ္မဝါဒ ဆိုတာ ဘုရားဟောမဟုတ်တဲ့ အဋ္ဌကထာကျမ်းတွေ၊ အဘိဓမ္မာကျမ်းတွေရဲ့ စိတ်ကူးယဥ် အယူအဆတွေကို ပယ်ပြီး ဗုဒ္ဓရဲ့ သုတ္တန်ဒေသနာတွေကိုပဲ ယူတာမှန်း သိလာတယ်။
နောက်တခုကတော့ သူသိတဲ့တရားကို လူတွေ သိလာလေ လောကလူ့ဘောင်အတွက် အကျိုးရှိလေလေ ဆိုပြီး နှစ်ပေါင်းများစွာ ထောင်ကျခံရလည်း မဆုတ်မနစ်ဆက်ပြီး ဟောပြောနေစဲ။
သူ့ကို လှူဖို့တခွန်းမဟ၊ ဟောနေရရင် ရပြီ လူတယောက် အရိယသစ္စာကို သိရင် တယောက်ရမယ် နှစ်ယောက်သိရင် နှစ်ယောက်ရမယ် သဘောထားပြီး အရိယသစ္စာတရားတွေ ဖြန့်ဝေနေတုန်းပဲ။
ကြည်ညိုစရာ လေးစားစရာ ဂုဏ်တွေနဲ့ပြည့်နေတဲ့ တခေတ်မှတခါ ပေါ်လာတဲ့ပုဂ္ဂိုလ်တွေထဲမှာ ပါပါတယ်။
Wynn Thu Han
1 month ago | [YT] | 35
View 0 replies
Project History
စစ်ရှုံးနေသည့် စကမတပ်
တကယ်တမ်းကြ တကယ်ရှုံးတာ စစ်တပ်
လားရှိုးကို ပြန်ပေးပြီး မြို့အများကြီး
MNDAA ကယူသွားတယ်
နောင်ချို ကျောက်မဲ သီပေါ မိုးကုတ်
မိုးမိတ် TNLA က ပြန်ပေးရမယ်ဆိုတာ
လွန်ခဲ့တဲ့ တစ်နှစ်ကျော်ထဲက သတင်းထွက်တာ
လားရှိုးလို ပြန်ပေးရင် စစ်တပ်သိက္ခာကျလို့
ဟန်ပြတိုက်ပေးဖို့ စစ်တပ်က တောင်းဆိုခဲ့ရတယ်
ဒါ့ကြောင့် ရွေးကောက်ပွဲမတိုင်ခင်ထိ
နောင်ချို ကျောက်မဲ သီပေါဟန်ပြတိုက်ပြပြီး
ခုလိုဖြစ်လာတာပါ ခုဆို TNLA သိမ်းတာ
၁၂မြို့ ၅မြို့ပြန်ပေးတယ် ကျန်တဲ့ ၇မြို့
TNLA ဆီပါသွားပြီ မူဆယ် ၁၀၅မိုင်ဂိတ်လည်း
ညီနောင်သုံးဖော်ကို ပေးလိုက်ရတယ်
တကယ်တမ်းတိုက်ရရင် စစ်တပ်မနိုင်ပါဘူး
KIA AA ဘက်တွေမှာကြည့်ရင် တွေ့မှာပါ
တရုတ်ဖိအားရှိလို့ တော်လှန်တပ်တွေ
ပါးပါးနပ်နပ်နဲ့ လုပ်စားသွားတာပါ
တော်လှန်ရေးဆက်ဖို့ နယ်စပ်ပိတ်လို့မဖြစ်လို့
အခြေအနေအရ ကစားသွားတာဖြစ်ပါတယ်
ခုလည်း MNDAA ရော TNLA ရော
ဘာယူနီဖောင်းတွေ လဲဝတ်မလဲမသိရပါ
တကယ်တမ်း စစ်ရှုံးနေတာ စစ်တပ်ပါ
ဒါကို ဘောမတွေကတဆင့် အောင်ပွဲရတာလို
စစ်တပ်က ဂျင်းထည့်ဖို့ ကြိုးစားနေတာ
တကယ်တမ်း မြို့တွေပေးလိုက်ရတာ စစ်တပ်ပါ
MNDAA က
ချင်းရွှေဟော် လောက်ကိုင် ကုန်းကြမ်း
မော်ထိုက် ဖောင်းဆိုင် မုံးကိုး ကြူကုတ်
ကွမ်းလုံ တာမိုးညဲ သိန္နီ လားရှိုး
မြို့ ၁၀ မြို့သိမ်းပြီး တစ်မြို့ပဲ ပြန်ပေးတာ
TNLA က
မန်တုံ မိုးမိတ် မိုင်းလုံ မိုင်းငေါ့
နောင်ချို ကျောက်မဲ နမ့်ဆန် နမ်ခမ်း
နမ္မတူ ကွတ်ခိုင် မိုးကုတ် သီပေါ
မြို့ ၁၂မြို့သိမ်း ၅မြို့ပဲ စစ်တပ်က
ပြန်ရတာ ကျန်တဲ့မြို့ အကုန်ပါသွားပြီ
ဒါကို စစ်တပ်က သူတို့အနိုင်ရတာလို
ဂျင်းထည့်နေတာ
စစ်တပ်အနေနဲ့ တရုတ်ကို ဖင်ခံဖားထားလို့
ဒီ ၆မြို့ကို ပြန်ရတာပါ တကယ်တိုက်ရရင်
ညီနောင်သုံးဖော်ကို စစ်တပ်မယှဉ်နိုင်တာ
၁၀၂၇ လှိုင်းတွေမှာ တွေ့ခဲ့ကြပြီးပြီ
ခုလည်း KIA နဲ့ AA တိုက်ပွဲတွေမှာ
စစ်တပ်က ဘယ်မြို့မှ ပြန်ရအောင်
မတိုက်နိုင်တော့ပါဘူး MNDAA နဲ့ TNLA က
ဘာယူနီဖောင်း ပြောင်းဝတ်မလဲ မသိရဘူး
MDY PDF KIA AA တဆိပ်ပြောင်းလိုက်ရုံပါ
တကယ့်ဖ!င်ချခံလိုက်ရတာ စစ်တပ်ပါ😂
1 month ago | [YT] | 179
View 16 replies
Project History
ငါနဲ့မတူငါ့ရန်သူဆိုတာ စစ်ခွေးတပ်မှ စစ်စစ်. Love react ပေးတာတောင် ကြောက်နေကြတာ. ဒါတောင် ဒီမိုကရေစီဖော်ဆောင်ပေးဦးမှာတဲ့. ဘောမတွေပဲယုံလိမ့်မယ်
ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်ဝေဖန်တဲ့ Post တွေမှာ အသည်းပေးသဖြင့် ရုပ်ရှင်ဒါရိုက်တာ ၂ ဦး စစ်ကောင်စီထပ်ဖမ်း
BBM-နိုဝင်ဘာ၁
သတင်း-ဦးထွန်း
ရွေးကောက်ပွဲဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင်ကို ဝေဖန်တဲ့ Post တွေမှာ အသည်းသွားပေးတဲ့ ရုပ်ရှင်ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ အောင်ချမ်းလူ တို့ကို စစ်ကောင်စီက အောက်တိုဘာလ ၂၉ ရက်နေ့က နေအိမ်တွေမှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် သတင်းတွေက မနေ့က ဖော်ပြပါတယ်။
Khit Thit Media နဲ့ လူပုဂ္ဂိုလ်များက ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာတင်တဲ့ ပို့စ်တွေအောက်မှာ အသည်းသွားပေးကြတာကြောင့် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ဆိုပါတယ်။
ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ဟာ ခေတ်သစ်မီဒီယာနဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ ပို့စ်အောက်မှာ အသည်းသွားပေးလို့ အဖမ်းခံရတာဖြစ်ပြီး ဒါရိုက်တာ အောင်ချမ်းလူ ကတော့ အဆိုတော် ရန်ရန်ချမ်းရဲ့ ပို့စ်အောက်မှာ အသည်းသွားပေးတာနဲ့ ပို့စ်တစ်ခုတင်လို့ ဖမ်းရတာဖြစ်ကြောင်း ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒါရိုက်တာ အောင်ချမ်းလူ တင်ထားတဲ့ Post ဟာ ၂၀၂၁ ခုနှစ်ကတည်းက တင်ထားတဲ့ပို့ဖြစ်နေတာကိုတွေ့ရပြီး အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း အဲဒီဝါဒဖြန့်ရုပ်ရှင်ကို ဝေဖန်တယ်လို့ဆိုကာ ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ချိရေး ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ရုပ်ရှင်နဲ့ ပတ်သက်ပြီး ရုပ်ရှင်ဒါရိုက်တာ ၃ ဦး နဲ့ သရုပ်ဆောင်၂ ဦး၊ စုစုပေါင်း အနုပညာ ရှင် ၅ ဦး ဖမ်းဆီးခံထားရတဲ့အပြင် အရပ်သားပြည်သူ ၆၀ နီးပါးလည်း ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
1 month ago | [YT] | 36
View 4 replies
Project History
ကပစ ၁၆ အနီး အထိ AA ရောက်ရှိ၊ တိုက်ပွဲပြင်းထန်၊ ကပစ ၁၆ ကျရင် စစ်တပ်ရဲ့ ယမ်းထုတ်လုပ်မှု ပြတ်တောက်နိုင်
အောက်တိုဘာ ၃၀ - ၂၀၂၅
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အတွင်း စစ်တပ် နဲ့ AA ပူးပေါင်း တပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေရာမှာ လက်ရှိမှာတော့ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ - ၁၆) အနီး အထိ AA တပ်တွေ ရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန် နေဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်တပ် ကနေ အောက်တိုဘာ ၂၄ ရက်နေ့က စတင်ကာ ကပစ - ၁၆ အနီးရှိ ကာကင်း စခန်းကုန်း တွေကို ပြန်လည် သိမ်းယူနိုင်ဖို့ ထိုးစစ် ဆင်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“AA ဘက်က စစ်တပ်ရဲ့ ၆၆၆ ပွိုင့်ကုန်းကို ထိန်းချုပ်လိုက်ပြီး အဲဒီနောက်ပိုင်း ကပစ - ၁၆ ယမ်းချက်စက်ရုံကို ထိုးစစ်ဆင်လာတာပေါ့။ အဲဒီစက်ရုံကိုသာ AA က ထိန်းနိုင် မယ် ဆိုရင် စစ်တပ်အတွက် လိုအပ်တဲ့ ပင်မ ယမ်းထုတ်လုပ်မှုကို ဖြတ်တောက် နိုင်သွား မှာပါ။ ဒါကြောင့် ဒီနေရာကို မပေးရဖို့ အတွက် အစိုးရတပ်က လေကြောင်း ကရော၊ မြေပြင်ကနေပါ အပြင်းအထန် ကာကွယ်နေပြီး တန်ပြန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်။ ဒါကြောင့် အခုအချိန်အထိ တိုက်ပွဲ ပြင်းထန်နေတုန်းပဲ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
AA အနေနဲ့ ကပစ - ၁၆ (ယမ်းချက်စက်ရုံ) အနီးက စစ်တပ်ရဲ့ ၆၆၆ ပွိုင့်ကုန်းနဲ့ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ပန်းတောင်းမြို့နယ် အတွင်းရှိ ကပစ - ၅၊ ၆၊ ၉၊ ၁၆ တပ်တွေနဲ့ သိပ်မဝေးလှတဲ့ ပုဂံကွဲရွာကို ထိန်းချုပ် လိုက်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
“အစိုးရတပ်ဘက်က နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးတဲ့ နောက်ပိုင်း တိုက်ပွဲ ဧရိယာတွေ ကျယ်ပြန့်လာချိန်မှာ ကပစ တပ်တွေရဲ့ လုံခြုံရေးပိုင်းကို ပိုပြီး အလေးထား လုပ်ဆောင် လာတာ တွေ့ရတယ်။ လက်ရှိလည်း AA ရဲ့ စစ်ရေးဖိအားနဲ့ နီးကပ်နေတဲ့ ရခိုင်ရိုးမ အစပ်က ကပစ တပ်တွေမှာ ခြေလျင်အင်အားတွေ ဖြည့်တင်းတာ၊ တပ်ပတ်လည်ကို လုံခြုံရေး စနစ်တကျ ပြင်ဆင် လုပ်ဆောင် ထားတာတွေ တွေ့ရတယ်။ အခု စစ်ရေး အခြေအနေက ၂၇ မိုင် ချောင်းခွနဲ့ မသုံလမ်းပိုင်း ဖလိုးချောင်းဖျား တဝိုက်မှာ နေ့တိုင်း တိုက်ပွဲဖြစ်နေတာတွေ ရှိတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ AA ရဲ့ ထိုးစစ်နဲ့ ရင်ဆိုင်နေရတဲ့ ကပစ - ၅၊ ၆၊ ၁၄၊ ၁၆ စက်ရုံတွေဟာ အစိုးရတပ်ရဲ့ စစ်လက်နက် ခဲယမ်းနဲ့ လေကြောင်း ဗုံးထုတ်လုပ်ရေး အတွက် အရေးပါတဲ့ ပင်မ အထောက်အကူပြု တပ်တွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ကပစ - ၉ ဟာလည်း စစ်တပ်ရဲ့ တိုက်စွမ်းအားကို ပင်မ အားဖြည့်ပေးနေတဲ့ လက်နက်ငယ်ကျည် ထုတ်လုပ်ရေးတပ် ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်ရေးလမ်းကြောင်းမှာ ရခိုင်ရိုးမကနေ ဥသျှစ်ပင်ရှိ ကပစ စက်ရုံတွေဘက်ကို ဦးတည်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်တပ်က လက်ရှိမှာ ညောင်ကျိုး၊ လေသာတောင်တဝိုက် ပြန်လည်စိုးမိုးမှု ရယူနိုင်ဖို့ စစ်ကူပေးနေရတဲ့ အပြင် ကပစ စက်ရုံတွေ မဆုံးရှုံးရစေရေး အတွက် ကိုလည်း အင်အား ဖြည့်တင်းနေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မကွေးတိုင်းအစပ် အမ်း - ပဒါန်း လမ်းပိုင်းရှိ နတ်ရေကန် ဗျူဟာစခန်း ကိုလည်း AA က ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ လက်ရှိ ကပစ - ၁၄ အနီးတဝိုက် အထိ ရောက်ရှိနေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
Crd - VOM
---------------------------
THN Public Media
1 month ago | [YT] | 100
View 14 replies
Project History
ဖြူးနားတောင် ရောက်နေပြီနော
အလှည့်ကျ မနွဲ့စတမ်း
*****
ပြည်တွင်းကအနုပညာသမားများသို့
ပေးစာ
မင်းတို့ကို ငါ တခွန်းပဲမေးချင်တာပါ။
ငါ့တို့ပြည်သူတွေရဲ့ ရွာတွေ စ-စ်တပ်ကမီးရှို့လို့ပြာကျသွားခဲ့တာတွေက
မဟုတ်တာကို AI နဲ့လုပ်ပြီး
ပြာမကျတာကို ပြာကျတယ်
တိုက်ပွဲမဖြစ်တာကို တိုက်ပွဲဖြစ်တယ်လို့
ဟန်ဆောင်လိမ်လည်ပြောနေတာလို့ စ-စ်တ-ပ်ကပြောပြထားတဲ့အတိုင်း တကယ်ထင်နေကြတာလား။
လာခဲ့စမ်းပါကွာ
ဖြူးတဝိုက် ညောင်လေးပင်တဝိုက် ပုဇွန်မြောင်းတဝိုက်
မင်းတို့နဲ့နီးနီးလေးက ပြည်သူတွေဘဝတွေကို မျက်မြင်ဖြစ်အောင်လိုက်ပြချင်တယ်။
အမြန်လမ်းဟောင်းပေါ်အထိထွက်ကြိုပေးလို့ရတယ်။
မင်းတို့လာရမှာကြောက်နေရင် ငါ့မက်ဆင်ဂျာကနေ
အခြေအနေလေးတွေမေးလို့ရပါတယ်။
အပိုစကားတွေ မပါ
အရှိတရားတွေကို ဘက်မလိုက်စတမ်း
ချစ်ခြင်းမုန်းခြင်းမပါ
အမှန်အတိုင်း ကိုယ်ချင်းစာစိတ်နည်းနည်းလေးဝင်သွားအောင် ငါ ပြောပြချင်တယ်။
ကိုပေါက်နဲ့ဆက်သွယ်တာမိသွားလို့
“အဖမ်းခံရရင် ဘယ်လိုလုပ်မလဲတို့”
“ငတ်နေရင်ဘယ်သူက လာကျွေးမှာလဲ နင်တို့ကျွေးထားမှာလားတ်ို့”
“နီးရာဓား ကြောက်ရတယ်လေတို့”
“နှစ်ဘက်လုံးကြောက်နေရတာတို့”
“အနုပညာသမားကဘယ်အစိုးရဖြစ်ဖြစ်ပူးပေါင်းရမှာပဲတို့”
စ-စ်တပ်က
-ရုပ်ရှင်အကြောင်း ဘာမှမတတ်တဲ့ကောင်တွေ
-ဇာတ်ညွှန်းဆိုတာ စကားတွေကိုတောင့်တောင့်ကြီးရပ်ပြီး
ပြောရတဲ့အရာလို့လောက်ပဲသိထားတဲ့ကောင်တွေ
-ဒီနေ့အချိန်ထိ ပြဇာတ်ထဲက လူတွေရပ်သလို အတန်းလိုက်ရပ်ဖို့၊နေရာချတာလောက်ပဲသိတဲ့ကောင်တွေ
ချပေးတဲ့ ဒိုင်ယာလော့ကို လိုက်ပြောနေကြရတဲ့မင်းတို့
တွေရဲ့ ခေါင်းတွေထဲမှာ အာဏာသိမ်းထားတာကြီးက
အမှန်တရားလို့ ထင်နေတာလား။
အခုလို စကမရွေးကောက်ပွဲအတွက်
ရှေ့ထွက်ရပ်ပြလိုက်တာဟာ
အာဏာသိမ်းတဲ့နေ့ကစလို့ ဒီနေ့အထိဗုံ-းကျဲ သ-တ်ဖြ-တ်
မီ-း ရှိ-ု့နေတာတွေ အကုန်လုံးဟာ မှန်တယ် ထောက်ခံတယ် ဆက်လုပ်ပါ ကျနော် ကျမတို့အတူတူရှိနေပါတယ်လို့
တရားဝင် ခိုးထုတ်ခိုးထည်နဲ့ ချပြလိုက်တာပဲ။
NLD မဲဆွယ်တော့လဲ မင်းတို့တွေပဲ
ဘတ်စကားကြီးအပေါ်မှာ
ငါတို့တွေ အနားလာကပ်မှာစိုးလို့ ကြောက်နေကြတာ။
ပင်နီတိုက်ပုံတွေကြား တရုန်းရုန်းနဲ့ ကြည့်လိုက်ရင်
မင်းတို့တွေပဲ။
စကမ မဲဆွယ်တော့လဲ မင်းတို့တွေပဲ
အဘ အဘ နဲ့မင်းတို့ပဲ စင်မြင့်တွေအပေါ်မှာ။
တချိန်ကျရင် ဂုဏ်ပြုမှတ်တမ်းတွေကိုင်ပြီး မျက်ရည်ခြူ
ဒိုင်ယာလော့တွေနဲ့ ဒရမ်မာstory တွေ ကိုယ်စီထမ်းပြီး
အရှက်မရှိလာကြအုံးမယ် အကွက်တွေလည်း ငါမြင်ထားပါတယ်။
ငါတို့ကတော့ မင်းတို့တွေအပေါ် ချစ်ခြင်း မုန်းခြင်း
မရှိတာကြာပါပြီ။
အခုလည်း ချစ်ခြင်းမုန်းခြင်းမရှိပါဘူး။
အဆင်ပြေသလိုနေကြပါစေလေ။
သူတို့လည်း ငဒူ ငအ တွေမှအဟုတ်တာ
ထောက်ပို့မှတ်တမ်းတွေ ကိုယ်စီစုထားကြမှာပါလို့
ဖြည့်တွေးပေးထားတာ ကြာလှပါပြီ။
မင်းတို့က ပိုလည်ကြပါတယ်။
နှစ်သီးစားနှစ်ဘက်ချွန်တွေပဲ။
ငါတို့ကသာ ငအတွေပါ။
မင်းတို့က အလုပ်မပျက် အထိုင်မပျက် အပျော်မပျက်
ဘဝမပျက် သာသာယာယာလမ်းကိုရေံးတတ်ကြတာ။
😜🤣🤪
ငါတို့ကလည်း မင်းတို့လို လုပ်လို့ရတာသိတာပေါ့ကွာ။
မသိဘဲနေပါ့မလား။
ငါတို့က ရှက်လို့ကို မလုပ်ခဲ့တာ။
ပြန်ကြားရေးက လူကြီးတွေ ငါ့မိန်းမကနေတဆင့် ငါ့လာညှိကြတာပဲ။
ပွဲစားမန်နေဂျာတွေ
ပရိုကျူဆာတွေ
ငါလက်မခံခဲ့ဘူး။
ခါးခါးသီးသီးငြင်းခဲ့တာ။
မင်းတို့လို လူပုံအလည်မတ်တပ်ရပ် ကားခေါင်မိုးပေါ်တက်မိုက်ကိုင်ပြီး လည်ပင်းကျောထောင်ပြီး အသံတွေဝင်အောင်လည်း ရဲရဲတောက်တော်လှန်ရေးမိန့်ခွန်းတွေပြောခဲ့တာရှ်ိလား ရှာကြည့်လိုက်။
စောက်ပိုတွေငါတို့မလုပ်ချင်ဘူး။
ဘယ်ကောင် ဘယ်ကောက်မတွေ ဇ မရှိဘူးဆိုတာလည်းသိတယ်။
စောက်ပိုတွေ လုပ်နေကြပြန်ပြီဆိုတာလည်း ငါကကြိုသိနေတယ်။
ဒီနေ့ ဒီအချိန် ဒီလိုအခါမျိုးမှာ မင်းတို့တွေ အနေအထိုင်တတ်ရင်ကို ငါတို့ကကျေးဇူးတင်တာမျိုး။
ငါတို့ဘက်က အနုပညာသမားအချင်းချင်းဆုံရင်ပြောဖြစ်ကြပါတယ်။
ဘယ်သူ ဘယ်လိုနေနေတာလေးတော့ ဘဝင်ကျတယ်ကွာတို့ ဘာတို့ပေါ့။
ရှာကြံပြီးကျေးဇူးတင်နေတာမျိုး။
တချို့ကတော့ ခါးခါးသီးသီး လက်မခံကြတဲ့သူတွေကိုလည်း မဆန့်ကျင်ပါဘူး။
သူ့အနာနဲ့ သူကိုး။
တလရအတွက် ကိုယ်လုပ်သလိုမလုပ်နိုင်တာ
မပါဝင်နိုင်တာတွေကို နားလည်ပေးထားပါတယ်။
မင်းတို့ကြောက်နေမှာပဲလေ လို့ဖြည့်တွေးပေးထားခဲ့ကြတာ။ကြိတ်ပြီးထောက်ပို့လုပ်နေရင်ကို တော်ပါပြီလေလို့
ငါတ်ို့က တချို့တွေလာလာမေးရင်တောင် ဖြစ်နိုင်ခြေတွေပြောပြပေးတယ်။
ကိုယ်မမြင်တာပဲရှိမှာ လုပ်နေမှာပဲလေလို့တွေးပေးခဲ့တာ။
အဖမ်းခံရမှာ မင်းတို့ကြောက်သလို ငါလည်းကြောက်တယ်
စီးပွါးပျက်မှာ မင်းတို့ကြောက်သလို ငါလည်းကြောက်တယ်
မိသားစုနဲ့ကွဲမှာမင်းတို့ကြောက်သလိုငါလည်းကြောက်တယ်။
ဒီလိုအခြေအနေမှာ ပြည်သူနဲ့အတူတူမရပ်တည်ပဲ
ငါ့ အဖမ်းမခံရဖို့
ငါ့စီးပွါးမပျက်ဖို့
ငါမသေဖို့လောက်ပဲတွေးပြီး ကိုယ့်တကိုယ်စာပဲကြည့်ဖို့
ငါတို့ စိတ်တွေအဆင်သင့်ဖြစ်မနေဘူး။
ငါတို့ မင်းတို့အောင်မြင်လာတာ
တနိုင်ငံလုံးကပြည်သူတွေက
အားပေးလို့ ဖြစ်လာကြတာ မဟုတ်ဘူးလား။
မင်းတို့ကို စစ်သားမိသားစုတွေ၊ဘောမတွေ၊ကြံ့ဖွတ်တွေ၊မဘသတွေကပဲ အားပေးခဲ့ကြတာမဟုတ်ဘူး။
မင်းတို့ကိုအားပေးခဲ့တဲ့အမာခံတွေထဲမှာ
စကစမီးရှိ့လို့ နေစရာအရှိတော့တဲ့ အညာသူအညာသားမိသားစုတွေအများကြီးပါတယ်။
တောထဲမှာ လေယာဉ်ဗုံးလာကျဲလို့ေ-သသွားတဲ့ ကလေးလေးတွေရဲ့မိဘတွေပါတယ်၊
တောထဲမှာ ခြေပြတ်သွားတဲ့ရဲဘော်တွေပါတယ်။
မျက်လုံးထွက်သွားတဲ့ကျောင်းဆရာတွေပါတယ်။
ကြိုးပေးခံလိုက်ရတဲ့ ရဲဘော်ရဲဘက်တွေပါတယ်။
သစ်ပင်မှာ အရှင်လတ်လတ်စကစက မီးရှို့သ-တ်လို့ေ-သသွားခဲ့တဲ့ ညီလေးတွေပါတယ်။
အများကြီးပဲ။
တကယ့်ကို အများကြီး။
ငါတို့က တလရလုပ်လို့
ထူးကဲပြီးနာမည်ထူထောင်စရာမလိုဘူး။
နဂိုကတည်းက
အောင်မြင်ပြီးသားအနုပညာသမားတွေများတယ်။
တော်လှန်ရေးလပ်တာ
မျှော်လင့်ချက်တော့ရှိတယ်။
တခြားတော့ မဟုတ်ဘူး။
စစ်အာဏာရှင်မရှိရင် ငါတို့အားလုံး ဒီထက်ပိုပြီးပြည်သူ့ဘဝလုံခြုံမယ်၊အနာဂတ်အေးမယ်။
ကိုယ်နှစ်သက်တဲ့အနုပညာတွေကို ဖိနှိတ်မှုကင်းကင်းနဲ့
လွတ်လွတ်လပ်လပ်ဖန်တီးနိုင်မှာဆိုတဲ့ မျှော်လင့်ချက်။
အဓိကမျှော်လင့်ချက်က “ပြည်သူ့ဘဝအနာဂတ်အေးဖို့”
မင်းတို့ငါတို့အနုပညာတွေကို သူတို့အောက်မှာ ဘယ်တုန်းကများ လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရခဲ့လို့လဲ။
ပြန်စဉ်စားကြည့်စမ်းပါ။
မင်းတို့မျက်လုံးတွေကန်းသွားကြပြီလား
မင်းတို့နားတွေပင်းသွားကြပြီလား
မင်းတို့နှလုံးသားတွေ အမှိုက်ပုံဖြစ်သွားကြပြီလား
မင်းတို့ဦးနှောက်တွေချေးဖြစ်သွားကြပြီလား
ဒါဆိုရင်တော့ ငါမပြောတော့ဘူး။
စ-စ်တပ်ဟာ မင်းတို့ရဲ့ အားနည်းချက်တွေအကုန်လုံးကို
ကိုင်ထားတယ်ဆိုတာမမေ့နဲ့။
စင်ပေါ်တင်ပေးနေတာလည်း အကောင်းမထင်နဲ့။
ပွဲထုတ်နေလို့ ဘဝင်မမြင့်နဲ့။
မင်းတို့ မင်းတို့က သူတို့ရဲ့အာဏာတည်မြဲရေးမှာ
ထုတ်သုံးနေတဲ့ စစ်တုရင်ခုံပေါ်က နယ်ရုပ်တွေပဲ။
ဘုရင်ကြီးနဲ့ဘုရင်မ ကိုကာကွယ်ဖို့ နယ်ရုပ်တွေ ဘယ်လောက်ထိုးကျွေးရမလဲ သူတို့ကမှု့နေမှာမဟုတ်ဘူး။
သုံးစားမရရင် ဖြစ်ဖြစ်
အံမဝင်တော့ရင်ဖြစ်ဖြစ်
ထိုးကျွေးမယ် ကန်ထုတ်မယ် ရှင်းပစ်မယ်။
ရှေ့က မိန်းမနှစ်ယောက် နမူနာရှိတယ်။
မင်းတို့တွေက သူတို့နဲ့ပူးပေါင်းပေးခဲ့လ်ို့ဆိုပြီး လုံခြုံရေးအပြည့်ပေးလိမ့်မယ်လို့မထင်နဲ့။
သူတို့ ခေါင်းဆောင်တွေတောင် ဂျန်ပါကြီးတကားကားနဲ့ သွားနေရတာ မင်းတို့အမြင်ပဲ။
ငါတို့ဘက်ကို မင်းတိုက လတ်တလောအခြေအနေအရ အထင်သေးနေတာလား။
ဒါမှမဟုတ်
ပြည်သူကို ဂရုမစိုက်တာလား။
ငါတို့က ချစ်ခြင်း မုန်းခြင်းမရှိပေမယ့် ပြည်သူကမင်းတို့ကို
အသည်းစွဲအောင်မှတ်သွားကြပြီ။
ငါက အခုအချိန်ထိ တချို့အနုပညာသမားတွေကို
လက်ကျန်သံယောဇဉ်နဲ့ စည်းရုံးရေးလုပ်နေမိတာ။
ငါတို့သွားတဲ့မူက
“တော်လှန်ရင်း စည်းရုံး၊စည်းရုံးရင်း တော်လှန်”။
ရန်သူကိုတောင်မိတ်ဆွေဖွဲ့ရသေးတာ။
တချို့ကိုယ့်လူတွေက ရန်သူမှမဟုတ်သေးတာ။
ကိုယ်ဘက်ပါအောင်စည်းရုံးမယ်ပေါ့။
နောက်ဆုံးထောက်ပို့ပဲ လုပ်လုပ်ပေါ့လေဆိုတဲ့ အတွေးနဲ့။
ငါအမြဲပြောနေကျစကားရှိပါတယ်။
မသောက်မိသော မိုးခါးရေဇာတ်ကားထဲက ဒိုင်ယာလော့ဒ်
“ကိုယ့်ဆုံးဖြတ်ချက်က ကိုယ့်အနာဂတ်ပဲ”ဆိုတာ။
လောကမှာ
“ဘယ်အရာမှ ပုံသေမရှိဘူး”ဆိုတာ မင်းတို့သိပါတယ်။
ပြည်သူ့ဒုက္ခကို ကိုယ့်ဒုက္ခလို့ မတွေးတတ်သ၍
ပရိသတ်အပူကို ကိုယ့်အပူလို့ မမျှဝေတတ်သ၍
ကိုယ့်ဒါဏ်ရာကိုပဲ အနာလို့ထင်နေသ၍
အရိပ်ထဲမှာရပ်နေပြီး နေက မပူပါဘူးလို့တွေးနေသ၍
မင်းတို့ လူ မဟုတ်ဘူး ။
ငါအရင်က မင်းတို့ကို မျှတွေးပေးခဲ့တယ်။
အခုပြည်သူက ငါ့လို မျှတွေးပေးမှာမဟုတ်တော့ဘူး။
သူတို့က ငါတို့ထက်မင်းတို့ကို ပိုနာသွားကြပြီ။
နောက်လူတွေရော အခုလူတွေရော
မင်းတို့ကို ငါတို့ကအများကြီးမတောင်းဆိုပါဘူး။
ပြတ်ပြတ်သားသားရပ်ရမယ့်အချိန်တော့ရောက်လာခဲ့ပြီ။
မရပ်နိုင်သေးရင်တောင်
“နှာစေးပေးနေရင်ကို ရပါပြီ”
ပေါ်တင်ကြီးတွေတော့ ဇွတ်မ မ ကြနဲ့ကွာ။
ကိုပေါက်
ခေတ္တလူ့ပြည်
1 month ago | [YT] | 189
View 27 replies
Project History
ဝမ်းစာအရ အနုပညာအလုပ်တွေ ဆက်လုပ်ရပါတယ်ဆိုပြီး မျက်_ရည်_ခံ_ထိုး_ခဲ့ကြတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဟာ အချိန်တန်တော့လည်း စစ်တပ်ရဲ့ ဝါဒဖြန့် ချိရေးတပ်သားတွေ ဖြစ်လာခဲ့ကြတယ်
ဥပမာ တခု ပြောပြမယ်နော့် လူတယောက်ဟာ ဒေါ_သ_ထွက်လို့ လူ_သ_တ်_မိရင် လူတယောက်ပဲ t-ay တယ် အဲဒီရဲ့အကျိုးဆက်ကို သူ့မိသားစုတွေကတော့ ခံစားရမှာဖြစ်တယ်
ဒါမယ့် လူတယောက်ဟာ အကြ_မ်းဖက်သမားတွေရဲ့ လက်ကိုင်တု_တ်အဖြစ် သူရဲ့ပုံရိပ်နဲ့ နာမည်ကျော်ကြားမှုတွေကို အသုံးချပြီး တိုင်းပြည်ကို အ_ဆိပ်_ခတ်_တဲ့အခါ လူ_အ_သက်_အများကြီးကို ဆုံး_ရှုံး_စေ_တာထက်ပိုတဲ့ နောက်မျိုးဆက်တွေအထိ သမိုင်းအမှားတွေကို လက်ဆင့်ကမ်းမိစေတယ်
အကြ_မ်းဖက်သမားကို တရားမျှတမှုဘက်သားအဖြစ်ပုံဖော်တာဟာ အကြ_မ်းဖက်သမားတွေရဲ့ အကြ_မ်းဖက်မှုတွေက တရားဝင်ဖြစ်လာပြီး လုပ်သင့်လို့ လုပ်တာဆိုပြီး ဝါဒဖြန့်ပေးတဲ့အခါ အကြ_မ်းဖက်မှုကို ခံစားနေရတဲ့လူထုမှာ ၂ ခါမက ထိ_ခိုက်_ခံစားရစေ_တယ်
အကြ_မ်းဖက်မှုကို တရားမျှတမှုဖြစ်သလိုမျိုး ခဗျားတို့တွေက ဝါဒဖြန့်ပေးတဲ့အခါ ခဗျားတို့ကိုယ်တိုင်လည်း အကြ_မ်းဖက်အုပ်စုနဲ့အတူ လူထုကို သွယ်ဝှိုက် အကြ_မ်းဖက်တာပဲဖြစ်တယ်
ဒါတွေအားလုံးဟာ အရပ်ဖက် ရာ_ဇာ_ဝတ်မှု ကျူး_လွန်_တာထက်ပိုပြီး ပြစ်_မှု_ကြီးတဲ့ စစ်_ရာ_ဇာ_ဝတ်မှုတွေထဲ ပါဝင်ခြင်းဖြစ်တယ်ဆိုတာကို အကြ_မ်းဖက်_စစ်တပ်ရဲ့ ဝါဒဖြန့်ရုပ်_သံ_အစီအစဥ်တွေမှာ ပါဝင်နေကြတဲ့ သရုပ်ဆောင်တယောက်ခြင်းစီတိုင်းကို ပြောလိုပါတယ်
ကျနော်တို့ ကျမတို့ မသိလို့ပါ မ_လွန်_ဆန်_နိုင်လို့ပါဆိုတဲ့ ဆင်_ခြင်_တွေနဲ့တော့ စစ်တပ်နဲ့တဘက်တည်းရပ်ပြီး ခဗျားတို့ ကျူး_လွန်_ခဲ့_တဲ့ စစ်_ရာ_ဇာ_ဝတ်မှုတွေကနေ ကင်းလွတ်ခွင့်ရမယ်လို့ မထင်ပါနဲ့ လက်ရှိကာလမှာရော နောက်တချိန်မှာရော ခဗျားတို့တွေဟာ စစ်_ရာ_ဇာ_ဝတ်မှု ကျူး_လွန်_နေတဲ့ စစ်_ရေးပ_စ်မှတ်_တွေပဲဖြစ်တယ်
Credit Yebaw Che
1 month ago (edited) | [YT] | 36
View 23 replies
Project History
ဝမ်းစာအရ အနုပညာအလုပ်တွေ ဆက်လုပ်ရပါတယ်ဆိုပြီး မျက်_ရည်_ခံ_ထိုး_ခဲ့ကြတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဟာ အချိန်တန်တော့လည်း စစ်တပ်ရဲ့ ဝါဒဖြန့် ချိရေးတပ်သားတွေ ဖြစ်လာခဲ့ကြတယ်
ဥပမာ တခု ပြောပြမယ်နော့် လူတယောက်ဟာ ဒေါ_သ_ထွက်လို့ လူ_သ_တ်_မိရင် လူတယောက်ပဲ t-ay တယ် အဲဒီရဲ့အကျိုးဆက်ကို သူ့မိသားစုတွေကတော့ ခံစားရမှာဖြစ်တယ်
ဒါမယ့် လူတယောက်ဟာ အကြ_မ်းဖက်သမားတွေရဲ့ လက်ကိုင်တု_တ်အဖြစ် သူရဲ့ပုံရိပ်နဲ့ နာမည်ကျော်ကြားမှုတွေကို အသုံးချပြီး တိုင်းပြည်ကို အ_ဆိပ်_ခတ်_တဲ့အခါ လူ_အ_သက်_အများကြီးကို ဆုံး_ရှုံး_စေ_တာထက်ပိုတဲ့ နောက်မျိုးဆက်တွေအထိ သမိုင်းအမှားတွေကို လက်ဆင့်ကမ်းမိစေတယ်
အကြ_မ်းဖက်သမားကို တရားမျှတမှုဘက်သားအဖြစ်ပုံဖော်တာဟာ အကြ_မ်းဖက်သမားတွေရဲ့ အကြ_မ်းဖက်မှုတွေက တရားဝင်ဖြစ်လာပြီး လုပ်သင့်လို့ လုပ်တာဆိုပြီး ဝါဒဖြန့်ပေးတဲ့အခါ အကြ_မ်းဖက်မှုကို ခံစားနေရတဲ့လူထုမှာ ၂ ခါမက ထိ_ခိုက်_ခံစားရစေ_တယ်
အကြ_မ်းဖက်မှုကို တရားမျှတမှုဖြစ်သလိုမျိုး ခဗျားတို့တွေက ဝါဒဖြန့်ပေးတဲ့အခါ ခဗျားတို့ကိုယ်တိုင်လည်း အကြ_မ်းဖက်အုပ်စုနဲ့အတူ လူထုကို သွယ်ဝှိုက် အကြ_မ်းဖက်တာပဲဖြစ်တယ်
ဒါတွေအားလုံးဟာ အရပ်ဖက် ရာ_ဇာ_ဝတ်မှု ကျူး_လွန်_တာထက်ပိုပြီး ပြစ်_မှု_ကြီးတဲ့ စစ်_ရာ_ဇာ_ဝတ်မှုတွေထဲ ပါဝင်ခြင်းဖြစ်တယ်ဆိုတာကို အကြ_မ်းဖက်_စစ်တပ်ရဲ့ ဝါဒဖြန့်ရုပ်_သံ_အစီအစဥ်တွေမှာ ပါဝင်နေကြတဲ့ သရုပ်ဆောင်တယောက်ခြင်းစီတိုင်းကို ပြောလိုပါတယ်
ကျနော်တို့ ကျမတို့ မသိလို့ပါ မ_လွန်_ဆန်_နိုင်လို့ပါဆိုတဲ့ ဆင်_ခြင်_တွေနဲ့တော့ စစ်တပ်နဲ့တဘက်တည်းရပ်ပြီး ခဗျားတို့ ကျူး_လွန်_ခဲ့_တဲ့ စစ်_ရာ_ဇာ_ဝတ်မှုတွေကနေ ကင်းလွတ်ခွင့်ရမယ်လို့ မထင်ပါနဲ့ လက်ရှိကာလမှာရော နောက်တချိန်မှာရော ခဗျားတို့တွေဟာ စစ်_ရာ_ဇာ_ဝတ်မှု ကျူး_လွန်_နေတဲ့ စစ်_ရေးပ_စ်မှတ်_တွေပဲဖြစ်တယ်
Credit Yebaw Che
1 month ago | [YT] | 23
View 16 replies
Load more