JAME - National Politic

🎓 National Politic သည် မြန်မာနိုင်ငံရေး၊ သမိုင်းနှင့် ပညာရေးဆိုင်ရာအကြောင်းအရာများကို
နားလည်လွယ်အောင် သင်ကြားဖော်ပြပေးသော ပညာရေး Channel ဖြစ်ပါတယ်။

📚 အဓိကအကြောင်းအရာများ:
- ဖက်ဒရယ်စနစ် (Federal System)
- ဒီမိုကရေစီ (Democracy)
- အမျိုးသားနိုင်ငံရေး (National Politics)
- အမျိုးသားနေပေါ်ပေါက်လာပုံ
- ပင်လုံစာချုပ်နှင့် ညီညွတ်ရေး
- မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်း

🎯 ရည်ရွယ်ချက်:
ပြည်သူများအတွက် နိုင်ငံရေးသိမြင်မှုတိုးတက်စေဖို့၊
သိမှန်သိကျွမ်းအောင် သင်ကြားပေးဖို့ ဖြစ်ပါသည်။

#NationalPolitic #မြန်မာနိုင်ငံရေး #MyanmarEducation #Democracy #FederalSystem #CivicEducation #PoliticalScience

( Smart - Citizen ) တွေ ဖြစ်စေဖို့
- Education Channel


JAME - National Politic

ပညာရေးကို နိုင်ငံရေး၏ သားကောင်မလုပ်သင့်

မကြာသေးမီက NUG ပညာရေးဝန်ကြီး ဆိုသော ဒေါ်ဂျာထွယ်ပန်၏ အင်တာဗျူးဖြေကြားချက်များသည် စိတ်ဝင်စားဖွယ်ကောင်းသလို မေးခွန်းများစွာကိုလည်း ထပ်မံပေါ်ပေါက်စေခဲ့သည်။ အထူးသဖြင့် “ကျောင်းမတက်နဲ့၊ ကျောင်းထွက်” ဟူသော လှုံ့ဆော်မှုများသည် NUG ၏ မူဝါဒများနှင့် ကိုက်ညီသလား ဟူသော မေးခွန်းအပေါ် “မကိုက်ညီပါဘူး” ဟု ကိုယ်တိုင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒီအဖြေသည် အလွန်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် NUG ၏ ပညာရေးမူဝါဒ၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ စံတန်ဖိုးများနှင့် ဒီမိုကရေစီ၏ အခြေခံသဘောတရားများတွင် “အားလုံးပါဝင်ရေး”၊ “ရွေးချယ်ခွင့်” နှင့် “ပညာသင်ယူခွင့်” တို့ကို အလေးထားဖော်ပြထားသောကြောင့် ဖြစ်သည်။ သို့သော်လည်း NUG လှုံ့ဆော်နေသော ကျောင်းသားကျောင်းသူများကို CDM လုပ်ခိုင်းခြင်းဟာ ဒီမိုကရေစီစံချိန်စံနှုန်းနှင့် လုံးလုံးလွဲချော်ပြီဖြစ်ပါသည်။

ဒီမိုကရေစီဆိုသည်မှာ မိမိနှင့်အမြင်မတူသူ၏ ရွေးချယ်ခွင့်ကိုပင် လေးစားပေးနိုင်ခြင်းဖြစ်သည်။ ကျောင်းတက်ချင်သူကို ကျောင်းတက်ခွင့်ပေးရမည်။ မတက်ချင်သူကိုလည်း သူ့ဆန္ဒအတိုင်း ရွေးချယ်ခွင့်ရှိရမည်။ သို့သော် “ကျောင်းမတက်နဲ့၊ ကျောင်းထွက်” ဟူသော စကားလုံးများသည် ထိုသဘောတရားနှင့် ဆန့်ကျင်နေသည်ကို NUG ၏ ဝန်ကြီးဆိုသူ ကိုယ်တိုင် ဝန်ခံထားရသည်။

တစ်ဖက်တွင် “ငြိမ်းချမ်းရေးကို ဗဟိုပြုတဲ့ ပညာရေး” ဟု ပြောဆိုနေကြသော်လည်း အခြားတစ်ဖက်တွင် ပညာရေးကို နိုင်ငံရေးတိုက်ပွဲအတွင်း ဆွဲသွင်းထားသည့် အခြေအနေများကို မြင်တွေ့နေရသည်။ သူကိုယ်တိုင်ကလည်း “နိုင်ငံရေးတိုက်ပွဲတွေထဲမှာ ပညာရေးကိုပါ ဆွဲခေါ်ခံရတဲ့ကိစ္စ” ဟု ဆိုထားသည်။ ထိုသို့ဆွဲခေါ်ခဲ့ကြသူများမှာ သူတို့ပင်ဖြစ်သည်။ လူအများ မေးခွန်းထုတ်နေသည်မှာ ထိုအခြေအနေအတွက် မည်သူက တာဝန်ယူမည်နည်း ဆိုခြင်းဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတွင် ပညာသင်ကြားရမည့် အရွယ်ကလေးများစွာသည် နှစ်ပေါင်းများစွာ စာသင်ခန်းနှင့် ဝေးကွာနေကြရသည်။ အချို့မှာ ပုံမှန်ပညာရေးလမ်းကြောင်းမှ ထွက်ခွာသွားရပြီး အနာဂတ်အခွင့်အလမ်းများကို ဆုံးရှုံးနေရသည်။ ထိုအကျိုးဆက်များအတွက် မည်သူက တာဝန်ခံမည်နည်း ဆိုသည့် မေးခွန်းမှာ ယနေ့အထိ အဖြေမရသေးပေ။

ပညာရေးသည် နိုင်ငံရေးထက် ပို၍ ရေရှည်အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ နိုင်ငံရေးအမြင် မည်သို့ပင် ကွဲပြားစေကာမူ ကလေးများ၏ ပညာသင်ယူခွင့်ကို မထိခိုက်စေသင့်ပေ။ ပညာရေးကို နိုင်ငံရေး၏ သားကောင်အဖြစ် အသုံးမချဘဲ ကလေးများ၏ အနာဂတ်ကို ဦးစားပေးစဉ်းစားကြရန် လိုအပ်နေပြီ ဖြစ်သည်။

ဒီမိုကရေစီကို အမှန်တကယ် တန်ဖိုးထားသည်ဆိုလျှင် လူတိုင်း၏ ရွေးချယ်ခွင့်ကို လေးစားရမည်။ ပညာသင်ယူခွင့်ကို ကာကွယ်ပေးရမည်။ ကျောင်းတက်ချင်သော ကလေးများကို လွတ်လပ်စွာ ပညာသင်ကြားခွင့်ပေးခြင်းသာလျှင် “အားလုံးပါဝင်ရေး” နှင့် “ဒီမိုကရေစီပညာရေး” ဆိုသော စကားလုံးများကို အဓိပ္ပာယ်ရှိစေမည့် လက်တွေ့လုပ်ဆောင်ချက် ဖြစ်ပေသည်။

ဖိုးမောင်

4 weeks ago | [YT] | 380

JAME - National Politic

❝ ဝန်ထမ်းလစာတိုးမြှင့်ရေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် အဂတိလျှော့ချရေး❞
=========
◾️ နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်ရေးယန္တရားကို ထိရောက်စွာ လည်ပတ်စေတဲ့ အဓိက အင်အားက နိုင်ငံဝန်ထမ်းတွေပါ။ နိုင်ငံဝန်ထမ်းဆိုတာ သန်း ၅၀ ကျော်ရဲ့ ဝန်ကို ထမ်းထားရတဲ့ လူတွေလိုပြောလိုရတယ်။ တနည်းအားဖြင့် သန်း ၅၀ ကျော်ရဲ့ ဝန်ကို ထမ်းနေရတဲ့ ဝန်ထမ်းတွေရဲ့ လူနေမှုဘဝ အဆင်ပြေမှုနဲ့ လုပ်ငန်းစွမ်းဆောင်ရည်က အစိုးရရဲ့ အုပ်ချုပ်မှု အရည်အသွေးကို တိုက်ရိုက်သက်ရောက်စေတဲ့ စနစ်တစ်ခုလိုပြောရင်လည်း မမှားဘူး။
____
◾️ လက်ရှိ ဝန်ထမ်းတွေရဲ့ အခြေခံလစာ တိုးမြှင့်ရေးဆိုတာက လိုအပ်ချက်တစ်ရပ် ဖြစ်ပေမယ့် နိုင်ငံတော်မှာလည်း ဘဏ္ဍာငွေ ကန့်သက်ချက်လည်း ရှိကောင်းရှိနေနိုင်တယ်။ ဒါပေမယ့် ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးဖို လိုအပ်တဲ့ ဘတ်ဂျက်ငွေထက် တစ်ချို ဝန်ကြီးဌာနတွေနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ ဖြစ်နေတဲ့ အဂတိယိုပေါက်တွေက ပိုများနေတာမျိုးလည်း ရှိနိုင်တယ်။ဝန်ထမ်းတွေကို လစာတိုးမြှင့်နိုင်မယ့် ဘတ်ဂျက်ရှာဖွေ ရေးမှာ…နိုင်ငံတော်ဆီအပြည့်အဝ မစီးဆင်းတဲ့ ဒီလိုယိုပေါက်တွေကို ပိတ်ဆိုနိုင်ရင်ကို ထိုက်သင့်သလောက် ရှာဖွေနိုင်လိမ့်မယ်လိုလည်း မြင်ရတယ်။ တကယ်တော့…ဝန်ထမ်း လစာတိုးမြှင့်ရေးနဲ့ အဂတိတိုက်ဖျက်ရေးဆိုတာ အပြန်အလှန် ဆက်စပ်နေတဲ့ မူဝါဒ နှစ်ရပ်လိုတောင် ပြောလိုရမယ်။ တစ်ခုအောင်မြင်ရင် နောက်တစ်ခုကို အထောက်အကူပြု တဲ့ ဆက်စပ်မူဝါဒနှစ်ရပ်လိုပြောလိုရတယ်။
____
◾️ ဒီနေရာမှာ အရေးကြီးဆုံးက ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးပဲ။ အခု အစိုးရသစ် လက်ထက်မှာ ဒီဂျစ်တယ်ဝန်ကြီးဌာနကြီးတောင် ဖွဲထားပြီးပြီ။ ဒါပေမယ့် ပြည်သူနဲ့ နေ့စဉ်ထိတွေ့ရတဲ့ ဌာနတွေကို ဒစ်ဂျစ်တယ်စနစ်ထဲ ဘယ်လောက်ထည့်နိုင်ပြီလဲ ဆိုတဲ့ မေးခွန်းက ပိုအရေးကြီးတယ်။ ဒီ ၅ နှစ်အတွင်းမှာ တစ်ဝက်လောက် ပြောင်းနိုင်ရင်တောင် မဆိုးသေးဘူး။ ဥပမာ- ပတ်စ်ပိုလျှောက်မလား။ ယာဉ်သက်တမ်းတိုးမလား၊ မှတ်ပုံတင် လုပ်မလား။ ယာဉ်စည်းကမ်းဖောက်ဖျက်မိလို ဒဏ်ကြေးဆောင်မလား။  ဒီဝန်ဆောင်မှု တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ Website ၊ Mobile Application ကတဆင့် လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ လုပ်ငန်းစဉ်တွေ၊ ငွေပေးချေမှုတွေကို လုပ်နိုင်ရင်….အဂတိက သိသိသာသာ ကျဆင်းသွားလိမ့်မယ်။ ခုလက်ရှိ နာမည်ကြီးနေတဲ့ ပွဲစားယဉ်ကျေးမှုလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။
____
◾️ မြန်မာနိုင်ငံမှာတော့ "ဒီစာရွက်လိုသေးတယ်"၊ "ဒီအခန်းကို အရင်ဝင်"၊ "ဒီလူကို အရင်တွေ့" ဆိုတဲ့ အဆင့်တွေက အဂတိဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်နေတယ်။ တစ်ခါတစ်လေ လုပ်ထုံးလုပ်နည်းထက် လက်ဖက်ရည်ယဉ်ကျေးမှုက ပိုအလုပ်ဖြစ်နေ သေးတယ်။ ပြည်သူနဲ့ ထိတွေ့မှု များရတဲ့ ဝန်ကြီးဌာနတွေမှာ ဒစ်ဂျစ်တယ်စနစ် အသွင် မပြောင်းနိုင်သရွေ့ အဂတိကင်းရှင်းပပျောက်ဖိုဆိုတာ…စာရွက်ပေါ်က မူဝါဒကြီး သပ်သပ် ဖြစ်နေဦးမှာပဲ။
____
◾️ တကယ်တော့ အဂတိဆိုတာ လူတစ်ဦးချင်းစီရဲ့ ကိုယ့်ကျင့်တရား ပြဿနာတင် မဟုတ်ဘူး။ မပြုပြင်ဘဲနေကြတဲ့ စနစ်ရဲ့ ပြဿနာလည်း ဖြစ်တယ်။ ဝန်ထမ်းနဲ့ ပြည်သူ တိုက်ရိုက်ထိတွေ့ရတဲ့ အဆင့်များလေလေ...ညှိနှိင်းဖို အခွင့်အရေး များလေလေပဲ။ အဂတိကို လျှော့ချချင်ရင် ပွင့်လင်းမြင်သာပြီး ရိုးရှင်းတဲ့စနစ်ကို ပြင်ရမယ်။ စနစ်ပြင်ဖိုအတွက်လည်း ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးကို မဖြစ်မနေ သွားသင့် တယ်။  ဘယ်ရှုထောင့်ကကြည့်ကြည့်…ဝန်ထမ်းလစာတိုးမြှင့်ရေး၊ ဒစ်ဂျစ်တယ် အစိုးရ တည်ဆောက်ရေးနဲ့ အဂတိလျှော့ချရေးဆိုတာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ အကြောင်း အရာလို ပြောလိုရတယ်။ အဂတိလျော့ရင် ဘဏ္ဍာငွေ ပိုကျန်မယ်။ ဘဏ္ဍာငွေ ပိုကျန်ရင် ဝန်ထမ်းလစာ တိုးနိုင်မယ်။ ဒစ်ဂျစ်တယ်စနစ် ပိုကောင်းရင် အဂတိလည်း ပိုလျော့မယ်။
____
တကယ်တော့…သန့်ရှင်းတဲ့အစိုးရ၊ အဂတိကင်းတဲ့ အစိုးရတစ်ရပ်ဖြစ်ဖို ဆိုတာ… ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးမှုဖြစ်တဲ့ လမ်း/တံတားတွေ ဘယ်လောက်ဆောက်နိုင်တယ်ဆို တာထက် ရုံးတစ်ရုံးထဲ ဝင်ပြီး အလုပ်တစ်ခုကို ငွေမပေးဘဲ၊ မျက်နှာမလိုက်ဘဲ၊ အချိန်မဆွဲ ဘဲ ပြီးမြောက်နိုင်တဲ့ စနစ်ကို တည်ဆောက်နိုင်ဖိုက ပိုအရေးကြီးတယ်။ အဲ့ဒီလို စနစ်တစ်ခု တည်ဆောက်နိုင်ပြီဆိုရင် ဒစ်ဂျစ်တယ်အစိုးရ၊ အဂတိလျှော့ချရေးနဲ့ ဝန်ထမ်းဘဝမြှင့်တင်ရေးဆိုတဲ့ မူဝါဒသုံးရပ်ဟာ အပြိုင်အဆိုင် မဟုတ်တော့ဘဲ အပြန်အလှန် အားဖြည့်ပေးတဲ့ ဖွံဖြိုးတိုးတက်ရေးမဏ္ဍိုင်သုံးရပ် ဖြစ်လာလိမ့်မယ်လို သုံးသပ်မိတယ်။

(နရီမိုး)

4 weeks ago | [YT] | 237

JAME - National Politic

အလင်းဝင်လိုသော PDF လူငယ်များ ဖော်ပြပါဖုန်းနံပါတ်များကို ဆက်သွယ်၍ အလင်းဝင်ရောက်နိုင်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန််းကော်မတီ ထုတ်ပြန်...

မှိုင်းဝေ

1 month ago | [YT] | 166

JAME - National Politic

ငါးနှစ်တာကာလအတွင်း ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံဖွံဖြိုးတိုးတက် ရေးတိုအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

မိမိတိုနိုင်ငံ၏စီးပွားရေးမှာ ခေတ်အဆက်ဆက်တွင် အားနည်းချက်များရှိခဲ့သည်ကို မှတ်တမ်း များအရသိရှိနိုင်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများအားနည်းခဲ့ပြီး ပြည်တွင်း သယံဇာတ များကို ထုတ်ယူသုံးစွဲခြင်းများဖြင့် နိုင်ငံ့စီးပွားရေးကို ဆောင်ရွက်ခဲ့ သည်ကိုတွေ့ရကြောင်း၊ မိမိတို အနေဖြင့် နိုင်ငံတော်တာဝန်ကို တာဝန်ယူ ဆောင်ရွက်မည့် ငါးနှစ်တာကာလအတွင်း ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံဖွံဖြိုးတိုးတက် ရေးတိုအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများ၊ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါသည်။

ဖိုးမောင်

1 month ago | [YT] | 435

JAME - National Politic

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သောပစ္စည်းများ ကလေးမြို့သို့ ရောက်ရှိ

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အဆောက်အအုံဆိုင်ရာပစ္စည်းများ၊ စက်ယန္တရားများနှင့် အခြေခံအသုံးအဆောင်ပစ္စည်းများသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပစ္စည်းများကို ချင်းပြည်နယ်အတွင်းရှိ ဒေသများသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပြီး လမ်း၊ တံတား၊ အစိုးရအဆောက်အအုံများနှင့် ပြည်သူများ၏ လူနေမှုဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

လက်ရှိတွင် သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ချင်းပြည်နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုးမောင်

1 month ago | [YT] | 500

JAME - National Politic

ဖလမ်းမြို့ ပြန်လည်အသက်ဝင်လာပြီ... စစ်ဘေးရှောင်ပြည်သူများကို နွေးထွေးစွာ ကြိုဆို

ကာလအတန်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည့် ဖလမ်းမြို့မှ ဒေသခံပြည်သူများသည် ယခုအခါ မိမိတို့၏ နေအိမ်များ၊ ရပ်ကွက်များနှင့် မွေးရပ်မြေသို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့ ပြန်လည်တည်ငြိမ်လာပြီးနောက် စောဦးစွာ ရောက်ရှိကာ တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများကလည်း ပြန်လည်ရောက်ရှိလာကြသည့် ပြည်သူများအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။

မိသားစုများ ပြန်လည်ဆုံစည်းကြခြင်း၊ ရပ်ရွာများ ပြန်လည်စည်ကားလာခြင်းနှင့် လူမှုဘဝများ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခြင်းတို့ကြောင့် ဖလမ်းမြို့တွင် မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည်ထွန်းလင်းလာနေပြီ ဖြစ်သည်။

ဒေသခံပြည်သူများကလည်း မိမိတို့၏ မြို့ကို ပြန်လည်ထူထောင်ဖွံ့ဖြိုးစေရေးအတွက် အားလုံးလက်တွဲပူးပေါင်း ဆောင်ရွက်သွားကြမည်ဟု ဆိုကြသည်။

ဖိုးမောင်

1 month ago | [YT] | 661

JAME - National Politic

ရုတ်တရက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ရပ်တည်ချက်တွေပြောင်းလာ

ASEAN အဖွဲ့ဝင်နိုင်ငံတွေ တဖြုတ်ဖြုတ်လာနေပါတယ်။ မြန်မာအရေးအပေါ် "ရုတ်တရက်" ကြီး ရပ်တည်ချက်ပြောင်းသွားတယ်လို့ မြင်ရနိုင်ပေမယ့်၊ မူဝါဒပြောင်းသွားပြီလို့တော့ တစ်ထစ်ချပြောမရသေးပါဘူး။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံအနေဖြင့် ASEAN ၏ ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေသည့် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်များကို အပြုသဘောဖြင့် ကြိုဆိုပါသည်။ အပြန်အလှန် လေးစားမှု၊ အချုပ်အခြာအာဏာနှင့် မဝင်ရောက်စွက်ဖက်ရေး အခြေခံမူများအပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အပြန်အလှန် လေးစားမှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံအရေးကို အကျိုးရှိစွာ ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်းမျှော်လင့်မိပါတယ်။

ဖိုးမောင်

1 month ago | [YT] | 93

JAME - National Politic

ချင်းပြည်နယ် ထန်တလန်မြို့ကို တပ်မတော်က အလုံးစုံးသိမ်းပိုက်ထိန်းချုပ်..
..

ဖိုးမောင်

1 month ago | [YT] | 751

JAME - National Politic

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စခန်းကို လေယာဉ်နဲ့ ဗုံးကြဲခံထားရလို့
ဒဏ်ရာရနေတဲ့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ က ဗျူဟာမှူး စောဂျိမ်း..
ရထားတဲ့ ပြင်းထန်ဒဏ်ရာကြောင့် မနေ့က ညနေပိုင်းလောက် က Game Over...

အချင်းချင်းသတင်းပေးပြီး
ဇတ်တူသားစားနေကြပြီဆိုတာ
မင်းသိမသွားခဲ့ပေမယ့်
မင်းရဲ့ညီငယ် တွေသိစေချင်လိုက်တာ စောဂျိမ်းရာ။

ဖိုးမောင်

1 month ago | [YT] | 158

JAME - National Politic

မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရိုပြော

မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မကြာမီ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရိုက ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ပိုမိုနားလည်ရန်နှင့် ပဋိပက္ခများအတွက် အဖြေရှာနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားပြီး လာဇာရိုအား မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ထားကြောင်း သိရသည်။

1 month ago | [YT] | 28